Part - 10

3.6K 188 3
                                    

Unicode

" ရိကျန့် ပြန်လာပြီလား "

" ဟုတ် ပါးပါး "

ရှောင်းကျန့် ရိကျန့်ဆီက လွယ်အိတ်ကိုယူလိုက်သည် ။
ရိကျန့်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ရင့်ကျက်သည်ဟု ဆိုရမည် ။ ဆိုးတာလည်း သိပ်မှမမြင်ရပဲ ။ နေရာတိုင်းမှာ စကားနားထောင်လွန်းသည် ။

" ပါးပါး သားဗိုက်ဆာပြီ "

" အင်း "

ညနေ့ခင်းလောက်တော့ ရှိနေပြီဖြစ်သည် ။ ဟိုသုံးယောက်ကလည်း ခုအချိန်ထိ ထွက်မလာကြသေးပေ ။
စိတ်အလိုမကျစွာ မျက်မှောင်ကုတ်ထားလိုက်သည် ။
ရိကျန့်လက်ကိုဆွဲကာ မီးဖိုချောင်ထဲ ခေါ်လာလိုက်သည် ။ အစေခံမလေးတွေကလည်း အစားအသောက်တွေကို ပြင်ဆင်ပေးထားကြသည် ။ ပန်းကန်ကလည်း 5ချပ်တောင် ထားရှိထားသည်မို့ ရှောင်းကျန့် သဘောပေါက်လိုက်ပြီဖြစ်သည် ။ သူက ဘာလို့စိတ်ဘဝင်ပုံစံမကျ ဖြစ်နေရတာလဲ ။ စိတ်ထဲမှာ တစ်ယောက်ယောက်ကို အမှုန်ကြိတ်ချင်တဲ့ပုံစံမျိုးဖြစ်သည် ။

" အော် ရိကျန့် ပြန်လာပြီလား ကျောင်းမှာ ပျော်ခဲ့ရဲ့လား တီတီကို ပြောပြပါအုံး "

ရှောင်းပိုင်နောက်မှာ မြို့စားမင်းဝမ်က စောအော်ကို
ချီလျက် ကပ်ပါလာသည် ။ ရှောင်းကျန့်လည်း ရိကျန့်ရဲ့ပန်းကန်ကိုသာ ပြင်ဆင်ပေးနေလိုက်သည် ။ ရိကျန့်က အသားသိပ်မစားပေ ။

" ပျော်စရာမကောင်းပါဘူး ဘယ်သူမှသားနဲ့မပေါင်းကြဘူး "

" အဲ့ ရိကျန့်လေးကို ပယ်ထားကြတာလား သူတို့က ဆိုးလိုက်တာ တီတီက အားရင် ကျောင်းထိလာပြီး ရိကျန့်ကို အဖော်ပြုပေးမယ် "

ရိကျန့်က သူအတွက် ပြင်ဆင်ပေးနေတဲ့ပါးကို တစ်ချက်ကြည့်ကာ ငြင်းသည် ။

" မလိုပါဘူး "

စောအော်က ဝမ်ရိပေါ်ကိုယ်ပေါ်ကဆင်းကာ

" ကိုကို ကျောင်းက တကယ်ပဲပျော်စရာမကောင်းတာလား "

" မဟုတ်ဘူး ညီလေးပါပါရင် ပိုပျော်ဖို့ကောင်းမှာ "

" ဟွန့် သားက ကျောင်းမတက်ချင်ဘူး "

စောအော်က ဒီလိုပြောတော့ ဝမ်ရိပေါ်က သူထိုင်ခုံနေရာမှာ နေရာယူကာ

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now