Part - 12

3.3K 175 0
                                    

Unicode

" သခင်လေးရှောင်း မသွားလို့မဖြစ်ပါဘူး "

" အဲ့ပွဲက ကျွန်တော်နဲ့မဆိုင်ဘူးလေ "

" သခင်ကြီးက သခင်လေးကို စေလွှတ်ခိုင်းလိုက်လို့ပါ "

အခုမှ Cနိုင်ငံက ပြန်လာခါစကို သူအဖေက ပါတီပွဲတစ်ခုကို တက်ခိုင်းသည် ။ ရှောင်းကျန့်က အဲ့လို့ပွဲ‌ေတွနဲ့ သိပ်မရင်းနှီးတာမို့ မသွားချင် ။

" မျက်နှာပြရုံပဲဆို ရလား "

" အင်း ရလောက်မယ် ဒီဟာလေးရော ပေးပေးပါတဲ့ "

ရှောင်းကျန့် ယူလိုက်ပြီး သက်ပျင်းချကာ ပါတီပွဲကျင်းပနေတဲ့ ဇာတ်ရုံထဲကို ဝင်လိုက်သည် ။ ကောင်မလေးတွေက သူကို လှည့်ကြည့်ကာ အထာပေးနေကြပေမယ့် ရှောင်းကျန့် ရှောင်လိုက်သည် ။ ရေမွှေးနံတွေကလည်း ရှုပ်ထွေးလွန်းတာကြောင့် မူးမေ့ချင်လာသည် ။

လူအံု‌ေနတဲ့ထဲမှာ မစ္စတာလင်းကို ရှာလိုက်သည် ။ တစ်ချို့မိန်းကလေးတွေက သူကို လာပွတ်သပ်နေကြသည်မို့ ရှောင်းကျန့်မှာ တွန်းထုတ်ရပေါင်းလည်း မနည်းတော့ ။

" မစ္စတာလင်း ...!! "

" လူငယ်လေးက ဘယ်သူလဲ "

" အာ ကျွန်တော့်က ရှောင်းကျန့် "

" မင်းကို ရှောင်းအိမ်တော်မှာ မမြင်ဖူးပါဘူး "

" အမ် အင်း ကျွန်တော် ဒါလေး ပေးစရာရှိလို့ "

လုံအောင်ထုတ်ထားတဲ့အဝတ်စုတ်ထုတ်လေးကို ရှောင်းကျန့် မြန်မြန်ပေးလိုက်သည် ။ ဘာအထုတ်လဲဆိုတာ သူစိတ်မဝင်စား ။ သူ ပြန်ချင်တာပဲသိသည်။
လူကြီးမင်းလင်းက အမြန်ယူလေသည် ။

" ကျွန်တော့် ပြန်တော့မယ် "

" နေပါအုံး လူငယ်လေးရဲ့ "

လူကြီးမင်းလင်းက သူပုခုံးကို ဖက်ထားလိုက်သည်မို့ ရှောင်းကျန့်မှာ ရုန်းရခက်ဖြစ်သွားသည် ။ လူတွေအများကြီး‌ေရှ့ အာရုံစိုက်ခံရမှာစိုးလို့ ငြိမ်နေလိုက်ရသည် ။

" ဦးလေး သမီးတွေနဲ့ မိတ်ဆက်ပေးမယ်လေ "

" အင်းး တော်ပြီ မအားသေးလို့ အရင်ပြန်နှင့်လိုက်တော့မယ် "

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Kde žijí příběhy. Začni objevovat