Part - 2

7K 361 5
                                    

Unicode

ဝမ်ရိပေါ် တွန်းဖယ်လွှတ်လိုက်ကာ

" ကပ်တာလည်းကပ်တာပေါ့ ယောင်္ကျားလေးချင်းကြီး မရှက်ဘူးလား မင်း! "

" မြို့စားဝမ်ကလည်း ကျွန်တော်တကယ်ပြောတာပါ "

" တကယ်လို့ မင်းသာ အဖေအရင်းဆို ဘာလို့ စွန့်ပစ်ခဲ့တာလဲ ဟမ် "

" အဲ့တာက ကျွန်တော်ရဲ့..... "

ပြောပြလို့မဖြစ်ပေ ။ တော်ကြာနေ မြို့စားဝမ်က သူအိမ်တော်ကို တစ်စစီလုပ်လိုက္မှဖြင့် ။

" ဘာလို့ပြောပြရမှာလဲ "

" သက်သေမရှိပဲနဲ့ မလာစမ်းပါနဲ့ သွား ပြန် ပြန် "

" မပြန်ဘူး "

" ဟ "

ရုပ်ကိုက မတည်မကျမျက်နှာနဲ့ ဆွဲဖက်လိုက်ရ မဟုတ်ဘူး ထိုးလိုက်ရလို့ ပြောတာ ။

" သက်သေရှိလား "

" မရှိဘူး "

" မရှိပဲနဲ့ကို "

ဝမ်ရိပေါ် အပြင်ဆွဲထုတ်ခိုင်းမယ်အလုပ်

" လာကြ...အု...ဘာ.... "

သူပါးစပ်ကို ညစ်တီးညစ်ပတ်လက်တွေနဲ့ လှမ်းပိတ်နေတာကြောင့် ဝမ်ရိပေါ် မနာတနာရုံလေး ကိုက်လိုက်သည် ။

" အာ့ နာတယ် ဘာလို့ကိုက်တာလဲ "

ရှောင်းကျန့်က နာသွားတဲ့လက်ကို ကြည့်ကာ ရှုံမဲ့သွားသည် ။

" မင်းကရော ညစ်တီးညစ်ပတ် လက်ကြီးနဲ့ ဘာလို့ပိတ်တာလဲ "

" ဘာလို့ ခင်ဗျားက ‌အော်တာလဲ "

" ဟ အော်ခေါ်တာလေ "

" ဘာလို့ခေါ်မှာလဲ "

" ...... "

" စကားတွေအများကြီးပြောရင် အမှားပါတတ်တယ် မြို့စားဝမ်ရဲ့ "

" ငါကို ဆရာလုပ်နေတာလား "

" မဟုတ်ပါဘူး "

ဝမ်ရိပေါ် ပြန်ပြောမယ်အလုပ် အပြင်ဘက်ကနေ

" ဖေဖေရေ သားတို့ ဗိုက်ဆာလှပြီ "

" ဟုတ်ထယ် ဖေဖေ "

ရှောင်းကျန့် အပြင်ဘက်က အသံပိစိလေးတွေကြောင့် ပြုံးလိုက်မိသည် ။ အသံလေးတွေတောင် ချစ်ဖို့ကောင်းနေတာ ရုပ်ဆို ဘယ်လောက်တောင် ချစ်ဖို့ကောင်းမလဲ ။ သူအတွေးတွေကို မြို့စားဝမ်က သူမျက်နှာရှေ့ကို လက်ဖျောက်တီးကာ ဖျက်လိုက်လေသည် ။

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now