Unicode
ရိဟွားလည်း ကလေးသုံးယောက်ကို ခေါ်ကာ ဝမ်အိမ်တော်ကို ပြန်လာလိုက်သည် ။ ဝင်ဝင်ချင်း အိမ်တော်ကြီးက တိတ်ဆိတ်နေသည် ။
" ဟယ် အစေခံတွေရော .... "
" ပါးပါး ...!! "
စောအော်က အပေါ်ထပ် ပြေးတက်ကာ ရှောင်းကျန့်ကို သွားရှာသည် ။ ရိကျန့်နဲ့ရိလုံးကလည်း ပြေးလိုက်သွားကြသည် ။
ခနအကြာကျ ရိလုံးက ပြန်ဆင်းလာသည် ။
" မားမား အပေါ်ထပ်မှာ ဘယ်သူမှမရှိဘူး ... "
" ဟယ် ဘယ်လို ..... "
ရှောင်းကျန့်လည်းမရှိ ။ သူမောင်လေးလည်း မရှိတာကြောင့် ရိဟွားလည်း ကြောင်သွားရသည် ။ ပြီးကျ အိမ်တော်တစ်ခုလုံးကလည်း ခြောက်ကပ်နေသည် ။ အစေခံမလေးတွေက ဘယ်ရောက်ကုန်ကြတာလဲ ... ။
" မားမား မြို့ချားဝမ်ရုံးခန်း ... "
" အော် .... အေး "
ဝမ်ရိပေါ်ရဲ့ အလုပ်ရုံးခန်းကို ဖွင့်လိုက်တော့ အရက်အနံတွေအပြင် စီးကရက်အလိပ်တွေကလည်း ဟိုရောက်ဒီရောက်ပင် ။ သူမောင်ကလည်း ကြမ်းပြင်ပေါ်မှာ လဲနေသည် ။
" ဟဲ့ အမူးကောင် ထထ "
မျက်နှာရှုံမဲ့ကာ တစ်ဖက်ကို လှည့်သွားသေးသည်။
သူမောင် ဒီလိုသောက်စားတာ တစ်ခါမှ သူမ မမြင်ဖူးပါ ။ အခုကျမှ ...." ဟဲ့ ဝမ်ရိပေါ် ရှောင်းကျန့် မရှိတော့ဘူး ထ ! ... "
" ဗျာ ...!? "
ရှောင်းကျန့် မရှိတော့ဘူးဆိုမှ ကုန်းရုန်းထလာတဲ့လူကို ရိဟွားလည်း နှုတ်ခမ်းမဲ့ရွဲ့ပြလိုက်သည် ။
"အမလေး အမလေး အရက်နံတွေလည်း ထောင်းလို့ပါလား အမောင်ဝမ်ရိပေါ်ရယ် ... အစေခံတွေရော ဘာလို့အိမ်သန့်ရှင်းရေး လာမလုပ်ကြသေးတာလဲ ... "
" ကျွန်တော် နှင်ထုတ်ထားတာ ... "
" ဟဲ့ ဘာလို့နှင်ထုတ်တာတုန်း ? "
" မသိဘူး မသိဘူး ခေါင်းကိုက်တယ် ... "
ခေါင်းကိုက်တယ်ဆိုပြီး ရေယူသောက်နေတဲ့ သူမောင်လေးကို သက်ပျင်းချကာ ကြည့်လိုက်သည် ။
![](https://img.wattpad.com/cover/341511544-288-k518623.jpg)