Part - 23

2.5K 137 3
                                    

Unicode

ရှောင်းကျန့် ပြန်လာတော့ အိမ်တော်ကြီးက မှောင်ပြီး တိတ်ဆိတ်နေပြီဖြစ်သည် ။ လက်ကနာရီကို တစ်ချက်ကြည့်လိုက်သည် ။ ညဆယ့်တစ်နာရီပဲရှိသေးသည်မို့ စိတ်အေးသွားရသည် ။ ရိဟွား ပြောတာတော့ ဒီနေ့ ‌ဝမ်ရိပေါ်က အရေးကြီးကိစ္စရှိလို့ ညဉ့်နက်လောက်မှ ပြန်ရောက်လိမ့်မယ်တဲ့ ။ အဲ့‌ဒါကြောင့်လည်း သူ ခိုးထွက်ရဲတာလေ ။

အပေါ်ထပ်တက်မယ်အလုပ် မြို့စားဝမ်ရဲ့ရုံးခန်းက ပွင့်နေလျက္မို့ ထိတ်လန့်သွားရသည် ။ သူခိုးများ ဝင်တာလားမသိ ။ ဒါမှမဟုတ် မြို့စားဝမ် ပြန်ရောက်နေတာများလားမသိ ။

" ကျဲရိဟွားက မလိမ်လောက်ပါဘူး "

ခေါင်းကို တစ်ချက်ထုလိုက်ကာ အပေါ်ထပ်တက်ရန် ပြင်လိုက်ပေမယ့် ရုံးခန်းကိုပဲ သွားချင်စိတ်က ကြီးစိုးလာတာမို့ ရုံးခန်းဘက်ကို ဦးတည်လိုက်သည်။

" ဝမ်ရိပေါ် ပြန်ရောက်နေတာလား ... "

အသံတိုးတိုးလေးနဲ့ ခေါ်ကြည့်လိုက်ပေမယ့် ဘာမှပြန်မကြားရတာကြောင့် ရှောင်းကျန့်လည်း သူအထင်မှားတာဟု တွေးယူလိုက်ကာ ပြန်ထွက်မယ်အလုပ် ပြတင်းပေါက်နားမှာ မီးစသေးသေးလေး မြင်လိုက်ရတာမို့ ရှောင်းကျန့်လည်း အဲ့အနား တိုးကပ်သွားကြည့်လိုက်ည် ။

အမှောင်ထဲကနေ လက်ဆွဲခံလိုက်ရကာ ပြတင်းပေါက်အနားကို အားနဲ့ကပ်လိုက်သည်မို့ ရှောင်းကျန့်လည်း နာလည်းနာ ရင်လည်းတုန်သွားမိသည် ။ စီးကရက်အနံအပြင် အရက်အနံကြီးပါ ရနေတာမို့ နှာခေါင်းကို ပိတ်လိုက်သည် ။

" အဟက် "

ခပ်သဲ့သဲ့ရယ်သံက သေချာပေါက်ဝမ်ရိပေါ်ပင် .... ။

" မင်း..!! "

" လန့်သွားလား .... "

" အရက်တွေ သောက်ထားတာလား ... "

" အင်း .... "

သိပ်မကြာပေ ။ မီးက လင်းလာသည် ။ မြို့စားဝမ်ရဲ့ပုံစံက ဆံပင်တွေက နည်းနည်းဖွာနေပြီး မျက်နှာကလည်း မဲနေသလို့ပင် ။ ရှောင်းကျန့်လည်း ဘာမှပြောစရာမရှိတာကြောင့် အခန်းထဲက ထွက်သွားရန်သာပြင်လိုက်သည် ။ တံခါးအနားရောက်တော့ သော့ခတ်ထားတာကြောင့် ဝမ်ရိပေါ်ကို ကြည့်လိုက်မိသည် ။

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now