Part - 21

2.6K 134 9
                                    

Unicode

" ရိလုံး စာကောင်းကောင်း‌ေရးလေ ..... "

ရှောင်းကျန့် အော်လိုက်တော့ စာရွက်ပေါ်လျှောက်ခြစ်နေတဲ့ရိလုံးက ဆပ်ဖြီးဖြီးနဲ့ ကြည့်လာသည် .... ။
မျက်ခုံးပင့်ပြလိုက်တော့ နှုတ်ခမ်းဆူပြသည် ။

" ကောင်းကောင်းရေး ...... "

" ဟွန့် ..... "

" ဟိတ် ဘာတွေလုပ် .... "

" တီတီရှောင်းပိုင် ...... "

" ဟားဟား စောအော် ..... "

စောအော်က ရေးနေရင်းတန်းလန်းနဲ့ ရှောင်းပိုင်ဆီ ပြေးသွားသည် ။ ရှောင်းကျန့်လည်း အလိုမကျလျက် ဖြစ်သွားရသည် ။ စောအော်က ရှောင်းပိုင်ကို တွယ်တာနေတာကြီး သဘောမကျပါ ။

" စောအော်အတွက် ချိုချဉ်လုံးလေးတွေ ဝယ်လာတယ် "

" မစားရပါဘူး .....!! "

ဒီတစ်ခါတော့ ရှောင်းကျန့် သီးမခံနိုင်တော့ ။ 5နှစ်အရွယ်က‌ေလးကို ချိုချဉ် ကျွေးနေသည် ။ သွားပိုးစားကုန်မှဖြင့် ။

‌စောအော်က ငိုမဲ့မဲ့ဖြစ်သွားသည် ။ ရှောင်းပိုင်ကတော့ ရှောင်းကျန့်ကို‌ ကြည့်‌လာသည် ။

" နင်ကလေးတွေဆိုပြီး အာဏာပြချင်တာလား ... "

" အေး ဘာဖြစ်လဲ ပြတယ် ... "

" စောအော်က ကလေးပါ နင်ဒီလိုတွေ ဟိုဟာမစားနဲ့ ဒီဟာမစားနဲ့ဆိုပြီး ချုပ်ချယ်ပြနေရင် ကလေးက နောင်ကျရင် လိမ်မာပါတော့မလား "

" မင်းကလေးတွေလား ငါမွေးထားတဲ့သားမို့ ငါဘာသာချုပ်ချယ်ရုံမကလို့ အပြစ်ပေးတာဖြစ်ဖြစ် သူတို့ရဲ့ဖခင်ဖြစ်တဲ့ငါနဲ့ပဲဆိုင်တယ် ..... "

" ဟဲ့ .....!! "

ဆရာနဲ့ကလေးသုံးယောက်ကတော့ ကုတ်ကုတ်လေး ငြိမ်နေရသည် ။ ဆရာကလဲ စာပဲဆက်သင်ရမလိုလို ထပဲပြန်ရမလိုလို .... ။

" ပါးပါးကလဲ တီတီရှောင်းပိုင်ကို တအားမအော်ပါနဲ့ .. "

" တိတ် ....!! "

စောအော်က အအော်ခံရလိုက်ရတာမို့ တစ်ချက်တွန့်သွားကာ ရိကျန့်တို့အနား ပြေးသွားသည် ။ ပါးပါးမကောင်းဘူး ပါးပါးက သူကို အော်တယ် ဟွန့် .... ။

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now