Part - 20

3.2K 171 10
                                    

Unicode

" အဲ့ အဲ့ နာတယ် "

ဖန်စကို ဝမ်ရိပေါ်လည်း ဖြေးဖြေးချင်းနှုတ်လိုက်သည် ။
မျက်ရည်ဝဲနေ‌တဲ့ရှောင်းကျန့်ကို ကြည့်ကာ သူလည်းစိတ်မခိုင်တော့ ... ။

" ရပြီ ... ဖူးး နာသေးလား "

အံ့ဆွဲထဲက ဆေးဘူးကို ယူကာ ဒူးထောက်ထိုင်ချလိုက်တော့ ရှောင်းကျန့်က သူကို အူတူတူနဲ့ ကြည့်လာသည် ။

ဂွမ်းစနဲ့အရက်ပြန်ကို တို့ပေးလိုက်တော့ ရှောင်းကျန့်က နာကျဉ်သွားပုံရသည် ။ ပက်တီးကိုယူကာ စီးပေးလိုက်သည် ။

" ရပြီ ကျွန်တော်ကို အမြဲတမ်းပြန်ခံပြောနေတဲ့ခင်ဗျားက ဒီအဘွားကြီးနဲ့ကျမှ သောက်ပါးစပ်က ပိတ်နေတယ်နော် ... "

" ‌ပြန်မပြောရဲပါဘူး .... "

" ဘာလို့ .... ? "

" သူမက အာဏာကြီးတယ်လေ ...."

" ကျွန်တော်လည်း အာဏာကြီးတယ်လေ .... "

" မတူဘူး မင်းက ..... "

" ဟမ် ..... "

" ရိကျန့်တို့ကို သင်ပေးမယ်ဆရာကရော .... "

" ယွီပင်း လုပ်ပေးလိမ့်မယ် ...... "

" အော် .... အင်း "

ဘာမှပြောစရာမရှိတော့တဲ့အခြေအနေက နှစ်ယောက်သားကို ရှက်ကိုးရှက်ကန်း ဖြစ်စေသည် ။

" မနေ့ညက ဘယ်တုန်းက ပြန်ရောက်တာလဲ .... "

" ခင်ဗျားအိပ်ပျော်သွားတော့ သိပ်မကြာဘူးလေ ... ယွီပင်းရောက်လာတယ် .... "

" အော် ..... မင်းမျက်နှာက နီရဲနေသလို့ပဲ .... "

" ရဲလို့လား ... "

ရှောင်းကျန့်က ခေါင်းငြိမ့်ပြတော့ ဝမ်ရိပေါ်လည်း သူမျက်နှာကို ပွတ်သပ်လိုက္မိသည် ။

" သူဘာသာရဲတာနေမှာ .... "

" ဟမ် ဟုတ်လား ... "

" အဟမ်း ဒါနဲ့ မနေ့ညက ခင်ဗျားမေးတာလေ .... "

ရှောင်းကျန့်က မျက်လုံးပြူးလာကာ နားရွက်ဖျားလေးတွေက နီရဲလာကာ ရှက်သွားသည် ။

" ငါဘာမေးလို့လဲ ဘာမှမမေးဘူး "

" မေးပါတယ် ဟိုဟာလေ ခင်ဗျားကို ဘယ်သူမှ ... "

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )حيث تعيش القصص. اكتشف الآن