Part - 8

3.8K 203 2
                                    

Unicode

" ဆန်ပြုတ် ပြုတ်ပေး "

" ဘာ .... မင်း ငါကို ခိုင်းတာများနေပြီနော် ..... "

" ဘာခိုင်းလို့လဲ နည်းနည်းပဲခိုင်းရသေးတာကို "

" အော် ...... "

မနက်ကတည်းက အင်္ကျီလဲခိုင်းတာ မျက်နှာသစ်တာကအစ ရှောင်းကျန့်ကိုပဲ လုပ်ခိုင်းသည် ။ ဒဏ်ရာဆိုတဲ့အချက်ကြောင့်နဲ့ပဲ ရှောင်းကျန့်က လိုက်လုပ်ပေးနေတာ ။ အခုတော့ လွန်နေပြီ ။

" မလုပ်ဘူးကွာ "

" မလုပ်နဲ့ပေါ့ ကျွန်‌တော့်သေသွားရင် ခင်ဗျားကို လာခြောက်မှာ "

" ခြောက်ရင် အီးနဲ့ပြန်ပန်းမှာ "

" ဟာ မထင်ရဘူးနော် "

" ဘာကိုလဲ "

" ခင်ဗျားက ဒီလောက်လှတာ အီးတော့မပါဘူးထင်ထားတာ "

" ဘာ ..... !! မင်းး! "

ရှောင်းကျန့် ဒေါသထွက်ကာ ရိုက်မယ်အလုပ် သူဒဏ်ရာကို ထုတ်ပြလာတာကြောင့် ငြိမ်နေလိုက်ရသည် ။ ဘာလို့ ဒဏ်ရာရလာတာလဲ မေးချင်ပေမယ့်လည်း မမေးရဲ ။

" ဗိုက်ဆာနေပြီလို့ တစ်ခုခုလုပ်ပေးစမ်းပါ "

" ခိုင်းတာကိုက ငါကမင်းအစေခံလား "

" အင်းး ဟုတ်မှာပေါ့ "

" လိ့ကိုဟုတ် "

" တအားဆဲတာ‌ပဲ တော် တော် မလုပ်ပေးလည်းနေ "

" အားယားနေလို့ လုပ်ပေးလိုက်မယ် "

မျက်စောင်းထိုးပြီး ဆောင့်အောင့်ကာ ထွက်သွားတဲ့လူကို ဝမ်ရိပေါ် ရယ်နေလိုက်သည် ။ တကယ်ကို ဘာလေးလဲကွာ ။

______________

" ဘယ်သွားမလို့လဲ "

အင်္ကျီလဲနေတဲ့သူနားကို ဝမ်ရိပေါ် လက်ပိုက်ကာ အနားသွားလိုက်သည် ။ ဗီရိုကို မှီလိုက်သည် ။ ရှောင်းကျန့်က သူကိုမြင်တော့ ရှောင်းကျန့်ခန္ဓာကိုယ်က တုန်တက်သွားသေး ။ သူ‌ေရာက်လာလို့ လန့်သွားတယ်ထင်ပါရဲ့ ။ ဝမ်ရိပေါ် သဘောကျစွာ တစ်ချက်ရယ်လိုက်သည် ။

" ဘယ်သွားမလိုလဲလို့ "

" စာရေးရုံး "

" အော် ...... အသက်ကြီးနေတဲ့လူကိုလည်း အလုပ်ခန့်ကြတာပဲလား "

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now