Part - 26

3.1K 142 1
                                    

Unicode

ဝရန်တာအပြင်ဘက်မှာ စိတ်မသက်သာစွာ ထိုင်နေတဲ့
မြို့စားမင်းကို ယွီပင်းလည်း နားမလည် ။
မနက်ရောက်တော့ ရုတ်တရက်မူးမေ့လဲသွားတဲ့ မြို့စားမင်းကတော်က နိုးလာတော့ မနေ့ညက အဖြစ်အပျက်တွေကို
ဘာမှမမှတ်‌မိတော့ ။
ဆိုတော့ မြို့စားကတော်က သူဖွင့်ပြောခဲ့တာကို မမှတ်မိတော့ ။
မြို့စားဝမ်က အဲ့ကိစ္စနဲ့ပတ်သတ်ပြီး ကြေကွဲသွားပုံရသည်။
သူတို့မြို့စားမင်းက အချစ်ရေးမှာတော့ တော်တော်ညံ့တယ်ဟု ပြောရမယ် ။

" မြို့စားမင်း ... "

" အင်း ... ဘာလဲ .... "

" မနေ့ညက လွန်လွန်ကြူးကြူးတော့ မဖြစ်ကြဘူးမလား ... "

" နမ်းတာလောက်ပဲရှိတာ ဘာမှထပ်မလုပ်ဘူး ဟိုဟွာကိစ္စလည်း မလုပ်ဘူး "

ဒဲ့ဒိုးကြီး ပြောချလာတော့ လူပျိုလေးဖြစ်တဲ့ယွီပင်းလည်း
မျက်နှာပူသွားရတယ် ။ အဲ့လောက်ကြီးအထိ ပွင့်လင်းစရာမလိုပါဘူးလို့ ။

တကယ်တော့ မီးဖျက်တဲ့ကိစ္စက ရိဟွားနဲ့သူနဲ့ ပေါင်းကြံထားတဲ့ဇာတ်လမ်းဖြစ်တယ် ။ ရှောင်းကျန့်က အမှောင်ကြောက်တတ်တာသိသွားကြတော့ မိုးရွာမယ်ညမှာပဲ မြို့စားမင်းနဲ့‌မြို့စားကတော်နဲ့ကို အဆင့်တက်အောင်လုပ်ပေးလိုက်ကြသည် ။
အောင်မြင်သွားပေမယ့် မနက်ရောက်တော့ ဝမ်းသာရမလား ရယ်ရမလားပဲ ။ မြို့စားကတော်က မနေ့ညက အဖြစ်အပျက်တွေ အကုန်မေ့လိုက်တာကိုလေ ။

" သူရော .... "

" နိုးတော့နိုးလာပြီ ကလေးတွေနဲ့မနက်စာ စားနေကြတယ် "

" အင်း ကောင်းတာပေါ့ ... "

" ကျွန်တော့်တို့လည်း အောက်ဆင်းရအောင်လေ "

" မဆင်းဘူး ... "

အေးလေ ဘယ်လိုမျက်နှာနဲ့ဆင်းရမှာလဲ ။ သူက ဆရာကြီးစတိုင်နဲ့ရှောင်းကျန့်ကို ချစ်တာနဲ့ကြိုက်တာတောင် ဘယ်လိုခွဲခြားရမယ် ပြောပြလိုက်သေး ။ ဘယ်လောက်ပဲ ဟိုက မမှတ်မိနေပါစေ သူက အဲ့ကိစ္စတွေးတိုင်း ရှက်တယ် ။

" မြို့စားဝမ်က အငတ်နေမလို့လား ... "

" မင်းမှာ လက်ခြေမပါဘူးလား ..? ဟမ် ! အခန်းထဲလာပို့‌လေ ပြီးနေတာကို ... "

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Where stories live. Discover now