Part - 1

18.6K 446 10
                                    

Unicode

[ မှားဖျက်ချမိထားလို့ပါ အိုင်အမ်ရီရဲယီးဆောရီး ]

" ဒါက ဘာကြီးလည်းအေ "

ရေှာင်းကျန့်ရဲ့လက်ထပ်ပွဲမှာ တစ်ဖက်က သမီးရှင်ဘက်က လူတွေက ရုတ်တရက်ရောက်လာတဲ့စာရွက်ကို ကြည့်ကာ သွေးတက်သွားကြသည် ။သူတို့ရဲ့ သမက္ဖြစ်မယ့် ကောင်လေးက ကိုယ်ဝန်သည်ဖြစ်ဖူးခဲ့တယ်တဲ့ တစ်ခါမှ မကြားဖူးပေါင် ။

သမီးရှင်ရဲ့အဖေက ဒေါသတကြီးနဲ့

" ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဝန်ဆောင်တဲ့‌ယောင်္ကျားလေးနဲ့ ကျုပ်တို့သမီးနဲ့ သဘောမတူပေးနိုင်ပါဘူး "

" အို လက်ထပ်မယ့်နေ့မှာ ပွဲပျက်သွားရင် ကျွန်မတို့သမီးလေးက လူကြားထဲမှာ မျက်နှာဖော်ရဲပါအုံးမလားတော် အရှက်ရစရာကိစ္စဖြစ်သွားမှာပေါ့ "

ရှောင်းသခင်ကြီးက ကျန်းရန်ကို အရိပ်အယောင်အကဲအခတ်ပြလိုက်သည် ။

" ခင်ဗျားတို့ အဲ့ဒီအတွက် လုံးဝစိတ်မပူပါနဲ့ ကျွန်တော်က ယွီကို တာဝန်ယူလက်ထပ်ပေးပါမယ်ဗျ ပြီးကျ ကျွန်တော်တို့က လူငယ်ချင်းမေတ္တာမျှနေတာလည်း ကြာပါပြီ "

" ဟေ ... "

" ဟုတ်တယ် ပါး သမီးနဲ့အကိုကျန်းရန်က ချစ်ကြိုက်နေတာကြာပါပြီ "

သူမတို့လည်း တွေးဆဆဖြစ်သွားပေမယ့် သူမသမီးကို အရှက်မရစေချင်တာကြောင့် လက်ခံပေးလိုက်ရသည် ။

" အေးအေး ညည်းတို့သဘောပဲ လုပ်ချင်တာသာလုပ်ကြတော့ "

ယွီနဲ့ကျန်းရန်က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးမိသွားသည် ။

///

ခနအကြာကျ အပေါ်ထပ်က ရှောင်းသခင်ကြီးအခန်းထဲမှာတော့

" ရှောင်းကျန့် ....!! "

" သခင်ကြီး ကျွန်တော် ...... "

" တကယ်ပဲ မင်းက ကလေးတွေ မွေးခဲ့တာလား ...!! "

" ကျွန်တော် .... "

" အမှန်တိုင်းပြောလေ ...!! "

သူအဖေဖြစ်တဲ့ သခင်ကြီးရှောင်းရဲ့ အော်သံကြောင့် ရှောင်းကျန့် တုန်တက်သွားရသည် ။

|| ᴍʏ ʜᴜꜱʙᴀɴᴅ ɪꜱ ɢᴏʀɢᴇᴏᴜꜱ ᴍᴀɴ || ( ᴄᴏᴍᴘʟᴇᴛᴇ )Tahanan ng mga kuwento. Tumuklas ngayon