Scroll down for Zawgyi.
Unicode
သူတို့တွေ စကားပြောနေတုန်း ပေါ်လျန်က အခန်းထဲ ဝင်လာခဲ့သည်။
ပေါ်ယွီဟာ တံခါး၀ဘက်သို့ ကျောပေးထားသည်မို့ ပေါ်လျန်အား မမြင်။အမျိုးသမီးက ပေါ်လျန့်မျက်နှာကို တွေ့သောအခါ အေးစက်ခက်ထန်စွာ ဆိုသည်။
" ထွက်သွားစမ်း "
ရုတ်တရက် ပေါ်ယွီ လန့်ဖျပ်သွား၏။သူမအကြည့် လားရာအတိုင်း လှည့်ကြည့်လိုက်သော် ပေါ်လျန် ဖြစ်နေကြောင်း တွေ့ရသည်။
" ကော "
ပန်းသီးလေးတစ်ခြမ်းကို ကိုင်ထားတဲ့ ဖရဲသီးလေးဟာလည်း ချစ်စဖွယ် ခေါ်လိုက်၏။
" ရှူရှူ "
ပေါ်လျန်က အခန်းအတွင်းသို့ လမ်းလျှောက်လာကာ အမျိုးသမီးအား တင်တင်စီးစီး ငုံ့ကြည့်သည်။အစမှ အဆုံးထိ သူ့မျက်နှာအမူအရာဟာ မပြောင်းမလဲ။
" ချင်ရှန်း ၊ ခင်ဗျားရဲ့အခုစကားက အရင် ပြောခဲ့တာတွေနဲ့ တော်တော်လေး ရှေ့နောက်မညီဘူးနော် "
ချင်ရှန်းက ခပ်မဲ့မဲ့ပြုံး၏။
" ငါသာ ငါ့ရောဂါကို အကျယ်မချဲ့ရင် မင်းက သူ့ကို ငါနဲ့ တွေ့ဖို့ ခွင့်ပြုမတဲ့လား "
' သူ ' ဆိုသည်မှာ ပေါ်ယွီအား ရည်ညွှန်းခြင်း။
ပေါ်လျန်က သူမနှင့် အချီအချငြင်းခုံနေချင်စိတ်မရှိ ၊ သူ ပေါ်ယွီထံ ပြောလိုက်သည်။
" စကားပြောတာ တော်လောက်ပြီ။ အိမ်ပြန်ကြစို့ "
အမျိုးသမီးက စိတ်အလျင်လို အလောတကြီးဖြစ်သွားသည်။သူမက အားနည်းနေတဲ့ခန္ဓာကိုယ်ကိုပင် ဂရုမထားဘဲ အတင်းအဓမ္မ ကျားကန်ထလျက် ဒေါသတကြီး ဆိုလိုက်သည်။
" ပေါ်လျန် ၊ နင် လွန်လွန်းနေပြီ ! ငါက ငါ့သားနဲ့ စကားလေးနည်းနည်း ပြောရုံပါ !! နင် ကဖျက်ကယက် နှောင့်ယှက်နေရတာလဲ !!!??? "
အော်ဟစ်ပြီးသည်နှင့်တစ်ပြိုင်နက် ရုတ်ခြည်း ချင်ရှန်းရဲ့မျက်နှာဟာ ပျက်ယွင်းသွားခဲ့သည်။သူမက ရင်ဘတ်ကို ဆုတ်ကိုင် ချောင်းတဟွတ်ဟွတ် ဆိုးလိုက်သည်။ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း တုန်ယင်လို့။
ပေါ်ယွီက ကုတင်ဘေးရှိ ခလုတ်ကို ဆက်တိုက် နှိပ်လိုက်၏။ခဏအကြာ ဆရာဝန်တွေနှင့် သူနာပြုများက အပြေးအလွှား ဝင်လာကြသည်။
ပေါ်လျန်က ပေါ်ယွီ့ကို အခန်းအပြင်သို့ အားသုံးဆွဲခေါ်ခဲ့သည်။ထိတ်လန့်ကြောက်ရွံ့နေသော ဖရဲသီးလေးက ပေါ်ယွီ့အင်္ကျီအစွန်းစကို တင်းတင်းကြပ်ကြပ် ဆွဲဆုပ်ထား၏။ကလေးငယ်လေးက တိုးညှင်းစွာ မေးလိုက်သည်။
" တီတီက အဆင်ပြေလားဟင် ??? "
လူကြီးနှစ်ယောက်သည်ကား ဖရဲသီးလေးကို အာရုံမစိုက်အားကြချေ။
သူတို့သုံးဦးဟာ တံခါးပေါက်၀ဘေးက ခုံတန်းရှည်၌ ထိုင်နေကြသည်။ပေါ်ယွီ၏ နှုတ်ခမ်းအစုံကမူ ဖြူဖျော့ဖျော့။
" သူ ..... ဘာရောဂါလဲ ??? "
" ကောကို ပြောမပြဘူး။ ပေါ်ယွီ အခု သူနဲ့ တွေ့ကြည့်လိုက်တော့ မင်း သူ့ကို အပြစ်တင်နေတုန်းလား ??? "
အပြစ်တင်တာတဲ့လား ???
ပေါ်ယွီ့မျက်ဝန်းများက ဗလာသက်သက်ဖြစ်နေသည်။ သူ ဘယ်လိုလုပ် သူတို့တွေကို အပြစ်မတင်ဘဲနေမလဲ ???
သူ့အစ်ကိုကြီး သူ့အပေါ် ဘယ်လောက် ကောင်းပါစေ ၊ အမေတစ်ယောက်ရဲ့ဖြစ်တည်မှုအား အစားမထိုးနိုင်။အထူးသဖြင့် ငယ်ရွယ်နုနယ်လှတဲ့ ကလေးလေးအဖို့ သူ့မိဘတွေကို တစ်နှစ်ပတ်လုံး မမြင်မတွေ့ရခြင်းက နာကျင်ဝမ်းနည်းစရာပေ။
သို့လင့်ကစား သူ့ကို မွေးပေးခဲ့တဲ့အမေအား အခု တွေ့လိုက်ရသောအခါ ပေါ်ယွီ ထပ်မံ အပြစ်မတင်နိုင်တော့။
သူ့အမေကမူ သူမအတွက်သူမသာ စဉ်းစားနေဆဲပင်။
ဖရဲသီးလေးက ပေါ်လျန့်အင်္ကျီအစွန်းစလေးကို ဆွဲငင်ယူလိုက်၏။ကလေးလေးက တစ်ခုခု ပြောရန်ပြင်လိုက်သော်ငြား တစ်ဖက်သားရဲ့အေးစက်စက်အကြည့်များကြောင့် ကြောက်လန့်သွားရပြီး ဘေးတွင် အူတူတူလေး ရပ်နေမိသည်။
ရှူရှူက အရင်ကနဲ့ မတူတော့ဘူး ..............
ပေါ်လျန်က ၎င်းရေခဲနှယ်အကြည့်များကို မျက်တောင်မခတ်တမ်း ရုတ်သိမ်းလိုက်သည်။ဖရဲသီးလေးက စုန့်ရှီလင်ရဲ့မျိုးစိတ်လေးဆိုမှတော့ သူ ဒီကလေးလေးအား အပြည့်အဝ ချစ်ခင်မပေးနိုင်ပါချေ။
အဲဒါက အဲဒီလိုဆိုပေမယ့် ပေါ်ယွီကိုလည်း သူ့ခံစားချက်ပြောင်းလဲမှုများအား ရိပ်မိခွင့် မပြုနိုင်ပြန်။ သူ့ညီလေးက အဲဒီအရေးမပါတဲ့ ကိစ္စတွေဖြင့် စိတ်ညစ်စိတ်ရှုပ်ရန် မလိုပါလေ။
စုန့်ရှီလင်နှင့် စကားပြောခဲ့ကြသည်ကို အမှတ်ရရချင်း ပေါ်လျန့်မျက်ဝန်းတွေက မှုန်မှိုင်းသွားသည်။ဤတစ်ခေါက် ပေါ်ယွီ ပြန်လာကတည်းက သူ ပေါ်ယွီအား အိမ်ကထပ်မံထွက်သွားရန် လွှတ်ထားမည်မဟုတ်ပေ။သို့ဖြစ်ရာ စုန့်ရှီလင်နှင့် ဖရဲသီးလေးဆိုသည့် ပြသာနာနှစ်ရပ်ကို သူ တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းရမည်။
ပေါ်လျန့်မျက်လုံးထဲက မှောင်ရိပ်သမ်းနေသော အငွေ့အသက်များကို ပေါ်ယွီ သတိမထားမိ။
" ကျွန်တော် မပြန်ခင် အမေ့ရဲ့ခွဲစိတ်မှု ပြီးတဲ့အထိ စောင့်ပေးမှာမို့လို့ ဒီအတောအတွင်း ကောနဲ့အတူတူ ပိုအချိန်ဖြုန်းမယ် "
ပေါ်လျန် : " ငါနဲ့အတူ အချိန်ဖြုန်းမယ် ??? "
ပေါ်ယွီ ပြန်ဖြေဖို့အလုပ် လူနာခန်းကနေ ဆရာဝန် ထွက်လာသည်ကို တွေ့လိုက်ရာ ဆတ်ခနဲ ထရပ်လိုက်၏။
" ဒေါက်တာ ၊ သူ အဆင်ပြေရဲ့လား ??? "
ဆရာဝန်က မျက်လုံးများကို မှေးကျဉ်းလျက် ပေါ်ယွီအား အကဲခတ်နေသည်။ခေတ္တမျှ တုံ့ဆိုင်းစွာ မေးလိုက်သည်။
" အထဲကလူနာက ခင်ဗျားရဲ့ ...... ??? "
" အမေပါ "
ဆရာဝန်က ' သြော် ' ဟု အသံပြု၍ ဆက်ပြောသည်။
" လောလောဆယ် လူနာက စိတ်လှုပ်ရှားထိခိုက်လွယ်နေတယ်။ နောက်သုံးရက်နေရင် ခွဲစိတ်မှု လုပ်ရမယ်။ အဲဒါကြောင့် ဒီသုံးရက်မှာ လူနာရဲ့စိတ်ခံစားချက်ကို အတက်အကျ ပြင်းပြင်းထန်ထန် မဖြစ်ပါစေနဲ့ "
ပေါ်ယွီ အလေးအနက် ခေါင်းညိတ်လိုက်သည်။
" သူက ဘာရောဂါလဲဟင် ??? "
" တောင်းပန်ပါတယ်။ လူနာဖြစ်သူက သီးသန့် ကြိုတောင်းဆိုထားတာရှိလို့ ကျွန်တော်တို့ ထုတ်ပြောပြလို့ မရပါဘူး "
" ဒါဆို တခြားသတိထားရမယ့်အရာမျိုး ရှိသေးလား ??? "
ပေါ်ယွီ စိုးရိမ်နေ၏။
ဆရာဝန်က လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ကာ အေးအေးဆေးဆေး ဆိုသည်။
" လူနာရဲ့အတွင်းရေးမှူးက အသေးစိတ်ချမှတ်သွားပြီးပါပြီ "
ပေါ်ယွီဟာ တစ်ခွန်းစနှစ်ခွန်းစ ဆက်မေးမြန်းရန် ပြင်သည့်တိုင် သူ့ဘောင်းဘီစလေးကို ဆွဲလွဲလှုပ်ယမ်းနေတဲ့ ဖရဲသီးလေးက မျက်နှာလေး စူဖောင်းဖောင်းလုပ်ရင်း ကြားဖြတ်နှောင့်ယှက်လိုက်သည်။
" ပါးပါး ၊ သား ရှူးရှူးပေါက် "
ပေါ်လျန် : " သူ့ကို သန့်စင်ခန်း ခေါ်သွားပေးလိုက်လေ ၊ ကော ဒီမှာ ရှိတယ် "
ပေါ်ယွီမှာ ရွေးချယ်စရာမရှိဘဲ ရှူးပေါက်ချင်နေတဲ့ ဖရဲသီးလေးကို စင်္ကြန်လမ်းအဆုံးက သန့်စင်ခန်းဆီ ခပ်သွက်သွက် ခေါ်သွားပေးလိုက်၏။
ပေါ်လျန်က ဆရာဝန်အား ခေါင်းဆတ်ပြပြီး လူနာဆောင်သို့ ဦးတည်လျှောက်သွားလိုက်သည်။
မတ်တပ်ရပ်ရှူးလေးပေါက်နေသည့် ဖရဲသီးလေးက တလေးတနက် ဆိုသည်။
" ပါးပါး ၊ သား ဒက်ဒီ့ကို လွမ်းတယ် "
" သားဒက်ဒီက သား ရှူးပေါက်တုန်းတန်းလန်းကြီး သူ့ကို လွမ်းနေတာ သိရင် ပျော်နိုင်မယ် မထင်ဘူး "
ဖရဲသီးလေးက ဘောင်းဘီဇဇ်ကို တိတ်တိတ်လေး ပိတ်၍ အချီခံရန် ပေါ်ယွီဘက်သို့ လက်လေးဆန့်ပေးလိုက်သည်။ပေါ်ယွီက ဖရဲသီးလေးကို လက်အရင်ဆေးရန် အမူအရာပြလိုက်၏။
ပေါ်ယွီ : " ဖရဲသီးလေး အခုဆို မင်းမှာ ဘွားဘွားနှစ်ယောက် ရှိပြီနော် "
" စောစောက တီတီလား ??? အဲဒီတီတီက သားဘွားဘွားလား ??? "
ဖရဲသီးလေးက ရေစိုနေတဲ့ သူ့လက်လေးတွေကို ဘောင်းဘီနှင့်ပင် ပွတ်သုတ်ပစ်လျက် ပေါ်ယွီ့လက်အား ပျော်ရွှင်စွာ တွဲလိုက်သည်။ဤသည်က ကလေးလေးအတွက် စိတ်လုံခြုံမှုတစ်မျိုးပေ။
ပေါ်ယွီမှာ ဖရဲသီးလေးရဲ့ခိုးကြောင်ခိုး၀ှက် ညစ်ပတ်မှုလေးကို မသိဟန်ဆောင်ပေးလိုက်ပါသည်။
" ပါးပါးတို့ပြန်တဲ့အချိန်ကျ ဘွားဘွားကို တာတာ့လို့ နှုတ်ဆက်ဖို့ မမေ့နဲ့ ၊ ဟုတ်ပြီလား ??? "
" အဲဒီလိုဆို ......... ဒက်ဒီရဲ့မားမားက စိတ်ဆိုးမှာ မဟုတ်ဘူးလား "
" ဟင့်အင်းလေ ၊ သူက ဖရဲသီးလေးမှာ ဘွားဘွားနှစ်ယောက်ရှိတာကို သိပါတယ် "
ပေါ်ယွီ လူနာဆောင်စင်္ကြန်သို့ ရောက်သော် ပေါ်လျန်က မရှိတော့။ပေါ်လျန်ရဲ့လက်ထောက်က သတင်းစကားပါးရန် အနားကပ်လာသည်။
" ဥက္ကဋ္ဌက အောက်ထပ်မှာ သခင်လေးတို့ကို စောင့်နေပါတယ်။ သခင်လေး ကျေးဇူးပြုပြီး မစ္စချင်ကို မြန်မြန် နှုတ်ဆက်ပေးပါ "
ယင်းနောက် ၎င်းလက်ထောက်လေးက ဘေးတစ်ဖက်တွင် ထွက်ရပ်နေကာ တိတ်ဆိတ်နေ၏။
တံခါးသံ ချောက်ခနဲကြားလိုက်သည်မို့ ချင်ရှန်း မျက်လုံးဖွင့်လိုက်ရာ မျက်ဝန်းထဲ အံ့သြပျော်ရွှင်ခြင်းများ ပြည့်လျှမ်းသွားသည်။
" ...... သား မပြန်သေးဘူးပဲ ??? "
" ကျွန်တော် အခု အမေ့ကို လာနှုတ်ဆက်တာ "
ပေါ်ယွီ အနည်းငယ် ရှက်ကိုးရှက်ကန်း အခက်တွေ့သွား၏။
ချင်ရှန်း စိတ်ပျက်လက်ပျက်ဖြစ်စွာ ရေရွတ်လိုက်သည်။
" အဲဒီလိုလား "
ပေါ်ယွီက ဖရဲသီးလေးကို ညင်ညင်သာသာ ဖွဖွလေး အရိပ်အမြွက် ရှေ့တွန်းပို့လိုက်၏။
ဖရဲသီးလေးက ပေါ်ယွီအား မကျေမနပ် မှုန်ကုပ်ကုပ်လေး လှည့်ကြည့်ရင်း ရှေ့သို့ ခပ်သော့သော့လေး ပြေး၍ ချင်ရှန်းအိပ်ရာနားဆီ အရောက် ချိုသာကြည်မြိန်စွာ ဆိုလိုက်သည်။
" ဘွားဘွား ၊ သား ပါးပါးနဲ့အတူတူ အိမ်ပြန်တော့မယ်။ ဖရဲသီးလေးကို လွမ်းနေရမယ်နော် "
အမျိုးသမီး၏ မျက်စိများက ရဲရဲနီနေသည်။သူမက " ကောင်းပြီ " ၊ " ကောင်းပြီ " ဟုသာ အကြိမ်ကြိမ် ကတိပေးနေခဲ့ပြီး မဝံ့မရဲ ပြောလာခဲ့သည်။
" ဘွားဘွားက တို့ဖရဲသီးလေးကို ဆက်ဆက် လွမ်းနေပါ့မယ်ရှင် "
ပေါ်ယွီ : " အမေ ကိုယ့်ရောဂါကိုယ် ကောင်းကောင်းဂရုစိုက်ပါ။ ကျွန်တော်လည်း ဒီအတောအတွင်း မကြာခဏ လာတွေ့မှာပါ "
ချင်ရှန်းက ပေါ်ယွီအား တရိပ်တကြည့်ကြည့်။ထိုအခါ သူမက အသံဖျော့ဖျော့မျှ ဆိုလိုက်သည်။
" ဟုတ်ပါပြီ ၊ လိမ္မာလိုက်တဲ့ကလေးလေး "
အသက်နှစ်ဆယ့်ငါးနှစ်အရွယ် ပေါ်ယွီခမျာ မည်သို့မည်ပုံ တုံ့ပြန်ရမည်ကိုပင် စိတ်မကူးတတ်စွာဖြင့် ဖရဲသီးလေးလက်ဆွဲလျက် ထွက်လာခဲ့သည်။
ပေါ်ယွီတို့ လူနာဆောင်အပြင် ရောက်ကြသည်အထိ ဟိုလက်ထောက်လေးက တံခါးဝ၌ ရပ်ကျန်နေဆဲဖြစ်ကာ ပေါ်ယွီတို့နောက် ပါမလာချေ။
ဖရဲသီးလေးက ဟိုဟိုဒီဒီ လိုက်လံစူးစမ်းကြည့်ရှူနေရင်း ရုတ်ခြည်းဆိုသလို ပေါ်ယွီ့လက်ကို ခပ်ကြမ်းကြမ်း ဆွဲခါလှုပ်ယမ်းလိုက်သည်။
" ပါးပါး ၊ နောက် ဖရဲသီးလေးကို တခြားလူတွေဆီ တွန်းမထုတ်ပါနဲ့ "
ပေါ်ယွီ ခန္ဓာကိုယ်ယိုင်သွားပြီး လဲကျလုနီးနီးအခြေအနေကြောင့် တစ်ဖက်နံရံကို အလျင်အမြန် ထောက်ကိုင်လျက် အံ့သြနေသည်။
" ဟင် ၊ ဘာပြောတယ် ??? "
အခုခေတ်ကလေးတွေက ဒီလိုမျိုး အရွယ်နဲ့မလိုက် အကုန်လုံး စကားတတ်ကြတာလား ???
ဖရဲသီးလေးက သက်ပြင်းလေးကို ဟင်းခနဲ လေးလေးတွဲ့တွဲ့ချ၍ ပေါ်ယွီအား အပြစ်တင်ဟန်လေး စောင်းငဲ့ကြည့်သည်။ကလေးလေးက ပေါ်ယွီ့အနား ထပ်တိုးလိုက်ကာ ပေါ်ယွီ့လက်ကို ဖွဖွလေး လာထွေးဆုပ်သည်။
" ပါးပါး လမ်းလျှောက်တဲ့အချိန် ကြမ်းပြင်ကို သတိထားရမယ်လေ။ စိတ်မပျံ့လွင့်ရဘူး "
ပေါ်ယွီခမျာ ဇဝေဇဝါ မေးကြည့်လိုက်သည်။
" ဖရဲသီးလေး ၊ သားကို ဘယ်သူက အဲဒီစကားမျိုး ပြောတတ်ဖို့ သင်ပေးတာလဲ ??? "
ဖရဲသီးလေးက ခေါင်းလေးခါပြသည်။
" ပါးပါးက သားကို တခြားလူတွေဆီ တွန်းပို့တော့ သားက စိတ်မကောင်းဖြစ်မိလို့ပါ "
ပေါ်ယွီ တုန်တုန်ရီရီဖြင့် အိတ်ကပ်ထဲက စီးကရက်ဘူးကို ထုတ်လိုက်သည်။သူ စီးကရက်မီးညှိသည့် အဆင့်ကိုပင် မတက်လိုက်ရ ၊ ဖရဲသီးလေးရဲ့နောက်ထပ်စကားလေးများက လှုပ်ရှားလက်စ လက်တွေကို တားဆီးလိုက်၏။
" ပါးပါး ဆေးလိပ်တွေချည်း သောက်နေရင် ရုပ်ဆိုးလာလိမ့်မယ်နော်။ ဆေးလိပ်မသောက်ဘဲ ဖရဲသီးလေးနဲ့အတူတူ သကြားလုံးစားကြမယ်လေ "
သားအဖနှစ်ယောက် လေလေးတပေါပေါနှင့် ဆေးရုံရှေ့တွင် ရပ်ထားသော ရင်းနှီးနေနှင့်ပြီးသား ကားကို တွေ့သော် ကားထံ တက်ညီလက်ညီ လျှောက်သွားလိုက်ကြသည်။
Driver က ကားထဲကနေ ထွက်လာကာ ကားနောက်တံခါးကို တရိုတသေ ဖွင့်ပေးသည်။
ထိုအခိုက် အလုပ်စာရွက်စာတမ်းပုံထဲ ခေါင်းနစ်နေတဲ့ ပေါ်လျန်တစ်ယောက် ခေါင်းထူလာ၍ အနှီသားအဖတစ်တွေအား အစုံအဆန် အကဲခတ်လိုက်သည်။
" စကားပြောတာ ကြာသားပဲ "
" နှုတ်ဆက်စကားလေး နည်းနည်းပါးပါးပါ "
ပေါ်ယွီက ဖရဲသီးလေးကို ပေါင်ပေါ် ပွေ့တင်ပြီး ဟိုကလိဒီကလိ ကျီစယ်စနောက်နေ၏။
၎င်းအခြင်းအရာကို ဘေးက ထိုင်ကြည့်နေသော ပေါ်လျန့်မျက်လုံးတွေက နက်မှောင်လာသည့်အပြင် ခန္ဓာကိုယ်ပတ်ပတ်လည်မှ အေးစက်စက်အငွေ့အသက်များ ထုတ်လွှတ်ဖြန့်ကျက်နေပေသည်။
သူ ပေါ်ယွီကို ပြန်ခွင့်မပြုရင် ဒီကလေးကပါ စုန့်ရှီလင်ဆီ ပြန်မရောက်လောက်ဘူးပဲ ....
ဤအတွေးက ဝင်လာတော့ ပေါ်လျန် မျက်လွှာအသာချလျက် မျက်ဝန်းထဲက အေးစက်စိမ်းသက်မှုတို့ကို တစ်ဖန်ချုပ်တည်းလိုက်၏။
လက်ရှိ၌ ကိစ္စဝိစ္စတွေက ဖြစ်ပျက်ပြီးနှင့်ချေပြီ။စုန့်မိသားစုသားအဖနှင့် ပေါ်ယွီတို့ကြားက နှောင်ကြိုးကို တိခနဲ ဖြတ်တောက်ပစ်ရန် သူ အရက်စက်ဆုံးနှင့် အမြန်ဆန်ဆုံး နည်းလမ်းအား အသုံးပြရမည်သာ။
ဖရဲသီးလေးက တစ်မျိုးတစ်ဖုံ ထူးဆန်းနေသည့် ရှူရှူကို အယောင်ယောင်အမှားမှား သံသယဖြစ်စွာ လှမ်းကြည့်ကာ မျက်တောင်လေးတွေ တဖြတ်ဖြတ်ခတ်လိုက်သည်။ယင်းနောက် သူ့ပါးပါးနဲ့အတူ လက်ချောင်းဂိမ်းအား ပျော်ပျော်ရွှင်ရွှင် ဆက်လက် ရယ်မောဆော့ကစားနေသည်။
သတိမမူ ဂူမမြင်တဲ့ ပေါ်ယွီတစ်ယောက် တစ်ခုခု မှားယွင်းနေသော လေထုအနေအထားကြီးကို စိုးစဉ်းမျှ အာရုံမခံမိ။ဖရဲသီးလေးအပေါ် ပေါ်လျန့်ဆက်ဆံပုံက အများကြီး ပြောင်းလဲသွားသည်ကိုပင် မရိပ်စားမိခြင်း။
ကားက ဗီလာဝန်းသို့ ၀င်၀င်ချင်း ရုတ်ခြည်း ဘရိတ်ဆောင့်အုပ်လိုက်သည်။
ပေါ်ယွီက သူ့လက်မောင်းထဲက ဖရဲသီးလေးကို ပိုတင်းတင်းကြပ်ကြပ်လေး အလိုလို သိမ်းကျုံးပွေ့ဖက်လိုက်ပြီး ခေါင်းပြန်မတ်လိုက်၏။
" ဘာဖြစ်တာလဲ ??? "
ဒါရိုက်ဘာက အသံခပ်အက်အက်ဖြင့် ...
" အကြီးဆုံးသခင်လေး ၊ ဒုတိယသခင်လေး ၊ လူတစ်ယောက်က ဗြုန်းစားကြီး ကားရှေ့ပြေး၀င်တားလို့ပါ "
ဒါရိုက်ဘာ စကားဆုံးရုံရှိသေး အမျိုးသားတစ်ဦးက ကားနောက်ခန်းရဲ့မှန်တံခါးအား ခေါက်လာသည်။
ကားမှန်ပြတင်းမှ အပြင်ဘက်သို့ ကြည့်လိုက်လျှင် ချောမောခန့်ညားတဲ့ အမျိုးသားငယ်တစ်ယောက်က မတ်မတ်ရပ်နေ၏။အနှီအမျိုးသား၏ မျက်၀န်းထောင့်စွန်းတွေက အတန်ငယ် မြင့်တက်နေကာ မက်မွန်ပွင့်သဖွယ် မျက်လုံးများအတွင်းတွင် ဒေါသများက အလျှံအပယ် ပြည့်နှက်နေသည်။
ပေါ်ယွီ မမေးဘဲ မနေနိုင်ရှာ။
" ကော ၊ ဘယ်သူလဲ ??? "
ဤဗီလာ၀န်း၌ ပေါ်လာနိုင်သည် ၊ ပေါ်လျန့်ကားကို တားရဲသည် ၊ ဆိုလေရကား ဒီနှစ်ယောက်ကြား ပတ်သတ်ဆက်နွယ်မှုက အင်မတန် နီးကပ်နက်နဲသည်ဟု ယူဆနိုင်သည်။
ပေါ်လျန်က အရေးမစိုက်စွာ အမိန့်ပေးလိုက်၏။
" သူ့ကို ဂရုမစိုက်နဲ့ ၊ ဆက်သွား "
ဒါရိုက်ဘာက နာခံလိုက်သည်။သူတို့ ကားကို ရှေ့ဆက်မောင်းလိုက်သည်နှင့်တစ်ပြိုင်နက် ထိုအမျိုးသားဟာ ကားအနောက်ကနေ တစ်စုံတစ်ခုကို ဒေါသတကြီး အော်ဟစ်ရင်း ဇွဲမလျော့တမ်း ပြေးလိုက်လာသည်။
ပေါ်ယွီ မျက်မှောင်ကြုတ်သွားသည်။ဒီနေရာမှာ နေတဲ့လူတွေက လူကုံထံတွေ ဟုတ်ရင်ဟုတ် ၊ မဟုတ်ရင် အထက်တန်းလွှာကလူတွေချည်းဖြစ်၏။ယခုလို ဆူဆူညံညံ အသံတွေ ထွက်လာပါက ပေါ်လျန့်ဂုဏ်သတင်းအတွက် သေချာပေါက် ကောင်းကျိုးက ဗလာနတ္ထိပေ။
" မင်းတို့ ခဏစောင့်ဦး ၊ ငါ သူနဲ့ စကားဆင်းပြော ပြန်လာခဲ့မယ် "
သည်းခံစိတ်ကုန်ဆုံးနေပြီဖြစ်တဲ့ ပေါ်လျန်က ကားတံခါးဖွင့် အပြင်ထွက်သွားသည်။
ကားရှေ့တားတဲ့အမျိုးသားက ပေါ်လျန် ကားပေါ်က ဆင်းလာသည်ကို မြင်သောအခါ အလွန့်အလွန် ၀မ်းသာပီတိဖြာလျက် ချက်ချင်း အနားတိုးကပ်ရန်ပြင်သည်။ထိုလူ တစ်ခွန်းတလေ ဟဖို့အချိန်ပင် မရလိုက် ၊ ပေါ်လျန်က အဲဒီယောကျ်ားရဲ့ဝမ်းဗိုက်ပိုင်းအား ပြင်းပြင်းထန်ထန် ဆီးကန်ပစ်လိုက်မို့ ယင်းနာကျင်မှုက အမျိုးသားကို ခွေခေါက်ကွေးညွှတ်သွားစေ၏။
" ငါတို့အပေးအယူက အဆုံးသတ်ပြီ။ နောက်တစ်ကြိမ် ငါ့ကို လာမရှာနဲ့ "
ပေါ်လျန်က ရွံရှာမသတီသည့် အကြည့်တစ်ချက် ပေးကာ တန်းလှည့်ထွက်ပြန်ခဲ့သည်။
ဒင်းရဲ့မျက်နှာအစိတ်အပိုင်းတွေက တစ်စုံတစ်ယောက်နဲ့ ဆင်တူဆိုတဲ့ အချက်သာ မရှိခဲ့ဘူးဆိုရင် သူက ဒီလိုသိုက်တူးသမားလောဘအိုးကို သူ့လာရှုပ်ခွင့် ဘယ်ပေးခဲ့ပါ့မလဲ။
အဲဒီယောကျ်ားဟာ သူ လဲကျသွားစဉ်က တိတ်တဆိတ် ကောက်ယူခဲ့သော ကျောက်ခဲကို လက်မှာ ကိုင်၍ အလိုမကျစွာ ကမူးရှူးထိုး ပြေးလာသည်။
ပေါ်ယွီက ဖရဲသီးလေးကို သူ့ကိုယ်ထပ်မှ ဘေးချပြီး ကားတံခါးဖွင့် အောက်ဆင်းလိုက်၏။သူ အေးစက်စွာ ဆိုလိုက်သည်။
" မင်း ဘာလုပ်ချင်နေတာလဲ !!! "
ထိုလူရဲ့လှုပ်ရှားမှုတွေက တိခနဲ တုံ့ဆိုင်းသွားသည်။ကားထဲက ထွက်လာသည့် ပေါ်ယွီကို တွေ့တဲ့အချိန်တွင် သူ့မျက်နှာက မယုံကြည်နိုင်ခြင်း ၊ အံသြခြင်းတွေ အပြည့်နှင့်။
" ပေါ်လျန် ၊ မင်းက အသစ်မြင်လို့ အဟောင်းကို စွန့်ပစ်တယ်ပေါ့လေ !!! ဘာလဲ ၊ ဒီကောင့်ရုပ်ရည်က ငါ့ထက် သာနေလို့လား ???!!! "
ပေါ်လျန့်နဖူးက သွေးကြောများပင် ထောင်တက်လာသည်။
ဘော်ဒီဂတ်တွေဟာ အနောက်ဘက်ကနေ ပြေးထွက်လာလျက် ရမ်းကားကြမ်းတမ်းနေသည့် အမျိုးသားအား ဆွဲချုပ်ဖမ်းဆီးလိုက်ကြသည်။သူတို့က သခင်လေးနှစ်ဦးအား တောင်းတောင်းပန်ပန် ကြည့်ကာ ယင်းလူကို တရွတ်တိုက်အတင်းဆွဲခေါ်သွား၏။
အမျိုးသားက အဘယ်မှာ အသာတကြည် လက်ခံအရှုံးပေးလိမ့်မည်နည်း။သူက တွန်းထိုးရုန်းကန်အော်ဟစ်ရင်း ပေါ်လျန့်၏ အာရုံစိုက်မှုရအောင် ကြိုးပမ်းနေသည်။ပေါ်လျန်က သူတို့ရဲ့ဆက်ဆံရေးဟောင်းကို ထောက်ထားပြီး သူ့အား ဒီအတိုင်း သွားခွင့်ပြုလိုက်သည်ကကိုပင် ထိုလူ့၏ မဟာကံကောင်းမှုကြီးဖြစ်သည်။
ဘော်ဒီဂတ်က ၎င်းအမျိုးသားနားရွက်နားသို့ ခပ်တိုးတိုး ကပ်ခြိမ်းခြောက်လိုက်သည်။
" မင်း တွေ့တဲ့သူက ငါတို့ရဲ့ဒုတိယသခင်လေးနော် ၊ ဥက္ကဋ္ဌပေါ်ရဲ့ညီငယ်လေးလို့ ပြောတာ။ အခုတင် မင်း ဒုတိယသခင်လေးကို စော်ကားခဲ့တဲ့ပုံနဲ့ဆို ဥက္ကဋ္ဌပေါ်က မင်းကို လွယ်လွယ်ပေး လွှတ်ပေးတော့မှာ မဟုတ်ဘူး "
ထိုလူရဲ့ရုန်းရင်းဆန်ခတ်အမူအရာတွေအားလုံးက မျှော်လင့်ချက်ပျက်သုဉ်းခြင်းနှင့် ထိတ်လန့်ပြိုလဲကျခြင်းတို့ကြောင့် နှေးကွေးတောင့်ခဲကုန်သည်။
ဘယ်လိုလုပ်များ ဒီလောက် တိုက်တိုက်ဆိုင်ဆိုင် !!!!!!
.
.
.
.
.
Really Really Really Sorry for My Ultra-late Update , Dear Readers ... ❤❤❤
တကယ် တကယ် တကယ် အလုပ်တွေများနေတာပါ။ ကြွားရမယ်ဆိုရင် Second Assignment မှာ 250 ဖိုးဖြေတာ 236 ရခဲ့တယ် ဝူးဝါးဟားဟားဟား ... 😎😎😎
Zawgyi
သူတို႔ေတြ စကားေျပာေနတုန္း ေပၚလ်န္က အခန္းထဲ ဝင္လာခဲ့သည္။
ေပၚယြီဟာ တံခါး၀ဘက္သို႔ ေက်ာေပးထားသည္မို႔ ေပၚလ်န္အား မျမင္။အမ်ိဳးသမီးက ေပၚလ်န္႔မ်က္ႏွာကို ေတြ႕ေသာအခါ ေအးစက္ခက္ထန္စြာ ဆိုသည္။
" ထြက္သြားစမ္း "
႐ုတ္တရက္ ေပၚယြီ လန္႔ဖ်ပ္သြား၏။သူမအၾကည့္ လားရာအတိုင္း လွည့္ၾကည့္လိုက္ေသာ္ ေပၚလ်န္ ျဖစ္ေနေၾကာင္း ေတြ႕ရသည္။
" ေကာ "
ပန္းသီးေလးတစ္ျခမ္းကို ကိုင္ထားတဲ့ ဖရဲသီးေလးဟာလည္း ခ်စ္စဖြယ္ ေခၚလိုက္၏။
" ႐ွဴ႐ွဴ "
ေပၚလ်န္က အခန္းအတြင္းသို႔ လမ္းေလွ်ာက္လာကာ အမ်ိဳးသမီးအား တင္တင္စီးစီး ငုံ႔ၾကည့္သည္။အစမွ အဆုံးထိ သူ႕မ်က္ႏွာအမူအရာဟာ မေျပာင္းမလဲ။
" ခ်င္႐ွန္း ၊ ခင္ဗ်ားရဲ႕အခုစကားက အရင္ ေျပာခဲ့တာေတြနဲ႔ ေတာ္ေတာ္ေလး ေ႐ွ႕ေနာက္မညီဘူးေနာ္ "
ခ်င္႐ွန္းက ခပ္မဲ့မဲ့ျပဳံး၏။
" ငါသာ ငါ့ေရာဂါကို အက်ယ္မခ်ဲ႕ရင္ မင္းက သူ႕ကို ငါနဲ႔ ေတြ႕ဖို႔ ခြင့္ျပဳမတဲ့လား "
' သူ ' ဆိုသည္မွာ ေပၚယြီအား ရည္ၫႊန္းျခင္း။
ေပၚလ်န္က သူမႏွင့္ အခ်ီအခ်ျငင္းခုံေနခ်င္စိတ္မ႐ွိ ၊ သူ ေပၚယြီထံ ေျပာလိုက္သည္။
" စကားေျပာတာ ေတာ္ေလာက္ၿပီ။ အိမ္ျပန္ၾကစို႔ "
အမ်ိဳးသမီးက စိတ္အလ်င္လို အေလာတႀကီးျဖစ္သြားသည္။သူမက အားနည္းေနတဲ့ခႏၶာကိုယ္ကိုပင္ ဂ႐ုမထားဘဲ အတင္းအဓမၼ က်ားကန္ထလ်က္ ေဒါသတႀကီး ဆိုလိုက္သည္။
" ေပၚလ်န္ ၊ နင္ လြန္လြန္းေနၿပီ ! ငါက ငါ့သားနဲ႔ စကားေလးနည္းနည္း ေျပာ႐ုံပါ !! နင္ ကဖ်က္ကယက္ ေႏွာင့္ယွက္ေနရတာလဲ !!!??? "
ေအာ္ဟစ္ၿပီးသည္ႏွင့္တစ္ၿပိဳင္နက္ ႐ုတ္ျခည္း ခ်င္႐ွန္းရဲ႕မ်က္ႏွာဟာ ပ်က္ယြင္းသြားခဲ့သည္။သူမက ရင္ဘတ္ကို ဆုတ္ကိုင္ ေခ်ာင္းတဟြတ္ဟြတ္ ဆိုးလိုက္သည္။ခႏၶာကိုယ္တစ္ခုလုံးသည္လည္း တုန္ယင္လို႔။
ေပၚယြီက ကုတင္ေဘး႐ွိ ခလုတ္ကို ဆက္တိုက္ ႏွိပ္လိုက္၏။ခဏအၾကာ ဆရာဝန္ေတြႏွင့္ သူနာျပဳမ်ားက အေျပးအလႊား ဝင္လာၾကသည္။
ေပၚလ်န္က ေပၚယြီ႕ကို အခန္းအျပင္သို႔ အားသုံးဆြဲေခၚခဲ့သည္။ထိတ္လန္႔ေၾကာက္႐ြံ႕ေနေသာ ဖရဲသီးေလးက ေပၚယြီ႕အက်ႌအစြန္းစကို တင္းတင္းၾကပ္ၾကပ္ ဆြဲဆုပ္ထား၏။ကေလးငယ္ေလးက တိုးညႇင္းစြာ ေမးလိုက္သည္။
" တီတီက အဆင္ေျပလားဟင္ ??? "
လူႀကီးႏွစ္ေယာက္သည္ကား ဖရဲသီးေလးကို အာ႐ုံမစိုက္အားၾကေခ်။
သူတို႔သုံးဦးဟာ တံခါးေပါက္၀ေဘးက ခုံတန္း႐ွည္၌ ထိုင္ေနၾကသည္။ေပၚယြီ၏ ႏႈတ္ခမ္းအစုံကမူ ျဖဴေဖ်ာ့ေဖ်ာ့။
" သူ ..... ဘာေရာဂါလဲ ??? "
" ေကာကို ေျပာမျပဘူး။ ေပၚယြီ အခု သူနဲ႔ ေတြ႕ၾကည့္လိုက္ေတာ့ မင္း သူ႕ကို အျပစ္တင္ေနတုန္းလား ??? "
အျပစ္တင္တာတဲ့လား ???
ေပၚယြီ႕မ်က္ဝန္းမ်ားက ဗလာသက္သက္ျဖစ္ေနသည္။ သူ ဘယ္လိုလုပ္ သူတို႔ေတြကို အျပစ္မတင္ဘဲေနမလဲ ???
သူ႕အစ္ကိုႀကီး သူ႕အေပၚ ဘယ္ေလာက္ ေကာင္းပါေစ ၊ အေမတစ္ေယာက္ရဲ႕ျဖစ္တည္မႈအား အစားမထိုးႏိုင္။အထူးသျဖင့္ ငယ္႐ြယ္ႏုနယ္လွတဲ့ ကေလးေလးအဖို႔ သူ႕မိဘေတြကို တစ္ႏွစ္ပတ္လုံး မျမင္မေတြ႕ရျခင္းက နာက်င္ဝမ္းနည္းစရာေပ။
သို႔လင့္ကစား သူ႕ကို ေမြးေပးခဲ့တဲ့အေမအား အခု ေတြ႕လိုက္ရေသာအခါ ေပၚယြီ ထပ္မံ အျပစ္မတင္ႏိုင္ေတာ့။
သူ႕အေမကမူ သူမအတြက္သူမသာ စဥ္းစားေနဆဲပင္။
ဖရဲသီးေလးက ေပၚလ်န္႔အက်ႌအစြန္းစေလးကို ဆြဲငင္ယူလိုက္၏။ကေလးေလးက တစ္ခုခု ေျပာရန္ျပင္လိုက္ေသာ္ျငား တစ္ဖက္သားရဲ႕ေအးစက္စက္အၾကည့္မ်ားေၾကာင့္ ေၾကာက္လန္႔သြားရၿပီး ေဘးတြင္ အူတူတူေလး ရပ္ေနမိသည္။
႐ွဴ႐ွဴက အရင္ကနဲ႔ မတူေတာ့ဘူး ..............
ေပၚလ်န္က ၎ေရခဲႏွယ္အၾကည့္မ်ားကို မ်က္ေတာင္မခတ္တမ္း ႐ုတ္သိမ္းလိုက္သည္။ဖရဲသီးေလးက စုန္႔႐ွီလင္ရဲ႕မ်ိဳးစိတ္ေလးဆိုမွေတာ့ သူ ဒီကေလးေလးအား အျပည့္အဝ ခ်စ္ခင္မေပးႏိုင္ပါေခ်။
အဲဒါက အဲဒီလိုဆိုေပမယ့္ ေပၚယြီကိုလည္း သူ႕ခံစားခ်က္ေျပာင္းလဲမႈမ်ားအား ရိပ္မိခြင့္ မျပဳႏိုင္ျပန္။ သူ႕ညီေလးက အဲဒီအေရးမပါတဲ့ ကိစၥေတြျဖင့္ စိတ္ညစ္စိတ္႐ႈပ္ရန္ မလိုပါေလ။
စုန္႔႐ွီလင္ႏွင့္ စကားေျပာခဲ့ၾကသည္ကို အမွတ္ရရခ်င္း ေပၚလ်န္႔မ်က္ဝန္းေတြက မႈန္မိႈင္းသြားသည္။ဤတစ္ေခါက္ ေပၚယြီ ျပန္လာကတည္းက သူ ေပၚယြီအား အိမ္ကထပ္မံထြက္သြားရန္ လႊတ္ထားမည္မဟုတ္ေပ။သို႔ျဖစ္ရာ စုန္႔႐ွီလင္ႏွင့္ ဖရဲသီးေလးဆိုသည့္ ျပသာနာႏွစ္ရပ္ကို သူ တတ္ႏိုင္သမွ် အျမန္ဆုံး ေျဖ႐ွင္းရမည္။
ေပၚလ်န္႔မ်က္လုံးထဲက ေမွာင္ရိပ္သမ္းေနေသာ အေငြ႕အသက္မ်ားကို ေပၚယြီ သတိမထားမိ။
" ကြၽန္ေတာ္ မျပန္ခင္ အေမ့ရဲ႕ခြဲစိတ္မႈ ၿပီးတဲ့အထိ ေစာင့္ေပးမွာမို႔လို႔ ဒီအေတာအတြင္း ေကာနဲ႔အတူတူ ပိုအခ်ိန္ျဖဳန္းမယ္ "
ေပၚလ်န္ : " ငါနဲ႔အတူ အခ်ိန္ျဖဳန္းမယ္ ??? "
ေပၚယြီ ျပန္ေျဖဖို႔အလုပ္ လူနာခန္းကေန ဆရာဝန္ ထြက္လာသည္ကို ေတြ႕လိုက္ရာ ဆတ္ခနဲ ထရပ္လိုက္၏။
" ေဒါက္တာ ၊ သူ အဆင္ေျပရဲ႕လား ??? "
ဆရာဝန္က မ်က္လုံးမ်ားကို ေမွးက်ဥ္းလ်က္ ေပၚယြီအား အကဲခတ္ေနသည္။ေခတၱမွ် တုံ႔ဆိုင္းစြာ ေမးလိုက္သည္။
" အထဲကလူနာက ခင္ဗ်ားရဲ႕ ...... ??? "
" အေမပါ "
ဆရာဝန္က ' ေၾသာ္ ' ဟု အသံျပဳ၍ ဆက္ေျပာသည္။
" ေလာေလာဆယ္ လူနာက စိတ္လႈပ္႐ွားထိခိုက္လြယ္ေနတယ္။ ေနာက္သုံးရက္ေနရင္ ခြဲစိတ္မႈ လုပ္ရမယ္။ အဲဒါေၾကာင့္ ဒီသုံးရက္မွာ လူနာရဲ႕စိတ္ခံစားခ်က္ကို အတက္အက် ျပင္းျပင္းထန္ထန္ မျဖစ္ပါေစနဲ႔ "
ေပၚယြီ အေလးအနက္ ေခါင္းညိတ္လိုက္သည္။
" သူက ဘာေရာဂါလဲဟင္ ??? "
" ေတာင္းပန္ပါတယ္။ လူနာျဖစ္သူက သီးသန္႔ ႀကိဳေတာင္းဆိုထားတာ႐ွိလို႔ ကြၽန္ေတာ္တို႔ ထုတ္ေျပာျပလို႔ မရပါဘူး "
" ဒါဆို တျခားသတိထားရမယ့္အရာမ်ိဳး ႐ွိေသးလား ??? "
ေပၚယြီ စိုးရိမ္ေန၏။
ဆရာဝန္က လက္ႏွစ္ဖက္ကို အိတ္ကပ္ထဲ ထည့္ကာ ေအးေအးေဆးေဆး ဆိုသည္။
" လူနာရဲ႕အတြင္းေရးမႉးက အေသးစိတ္ခ်မွတ္သြားၿပီးပါၿပီ "
ေပၚယြီဟာ တစ္ခြန္းစႏွစ္ခြန္းစ ဆက္ေမးျမန္းရန္ ျပင္သည့္တိုင္ သူ႕ေဘာင္းဘီစေလးကို ဆြဲလြဲလႈပ္ယမ္းေနတဲ့ ဖရဲသီးေလးက မ်က္ႏွာေလး စူေဖာင္းေဖာင္းလုပ္ရင္း ၾကားျဖတ္ေႏွာင့္ယွက္လိုက္သည္။
" ပါးပါး ၊ သား ႐ွဴး႐ွဴးေပါက္ "
ေပၚလ်န္ : " သူ႕ကို သန္႔စင္ခန္း ေခၚသြားေပးလိုက္ေလ ၊ ေကာ ဒီမွာ ႐ွိတယ္ "
ေပၚယြီမွာ ေ႐ြးခ်ယ္စရာမ႐ွိဘဲ ႐ွဴးေပါက္ခ်င္ေနတဲ့ ဖရဲသီးေလးကို စႀကၤန္လမ္းအဆုံးက သန္႔စင္ခန္းဆီ ခပ္သြက္သြက္ ေခၚသြားေပးလိုက္၏။
ေပၚလ်န္က ဆရာဝန္အား ေခါင္းဆတ္ျပၿပီး လူနာေဆာင္သို႔ ဦးတည္ေလွ်ာက္သြားလိုက္သည္။
မတ္တပ္ရပ္႐ွဴးေလးေပါက္ေနသည့္ ဖရဲသီးေလးက တေလးတနက္ ဆိုသည္။
" ပါးပါး ၊ သား ဒက္ဒီ့ကို လြမ္းတယ္ "
" သားဒက္ဒီက သား ႐ွဴးေပါက္တုန္းတန္းလန္းႀကီး သူ႕ကို လြမ္းေနတာ သိရင္ ေပ်ာ္ႏိုင္မယ္ မထင္ဘူး "
ဖရဲသီးေလးက ေဘာင္းဘီဇဇ္ကို တိတ္တိတ္ေလး ပိတ္၍ အခ်ီခံရန္ ေပၚယြီဘက္သို႔ လက္ေလးဆန္႔ေပးလိုက္သည္။ေပၚယြီက ဖရဲသီးေလးကို လက္အရင္ေဆးရန္ အမူအရာျပလိုက္၏။
ေပၚယြီ : " ဖရဲသီးေလး အခုဆို မင္းမွာ ဘြားဘြားႏွစ္ေယာက္ ႐ွိၿပီေနာ္ "
" ေစာေစာက တီတီလား ??? အဲဒီတီတီက သားဘြားဘြားလား ??? "
ဖရဲသီးေလးက ေရစိုေနတဲ့ သူ႕လက္ေလးေတြကို ေဘာင္းဘီႏွင့္ပင္ ပြတ္သုတ္ပစ္လ်က္ ေပၚယြီ႕လက္အား ေပ်ာ္႐ႊင္စြာ တြဲလိုက္သည္။ဤသည္က ကေလးေလးအတြက္ စိတ္လုံျခဳံမႈတစ္မ်ိဳးေပ။
ေပၚယြီမွာ ဖရဲသီးေလးရဲ႕ခိုးေၾကာင္ခိုးဝွက္ ညစ္ပတ္မႈေလးကို မသိဟန္ေဆာင္ေပးလိုက္ပါသည္။
" ပါးပါးတို႔ျပန္တဲ့အခ်ိန္က် ဘြားဘြားကို တာတာ့လို႔ ႏႈတ္ဆက္ဖို႔ မေမ့နဲ႔ ၊ ဟုတ္ၿပီလား ??? "
" အဲဒီလိုဆို ......... ဒက္ဒီရဲ႕မားမားက စိတ္ဆိုးမွာ မဟုတ္ဘူးလား "
" ဟင့္အင္းေလ ၊ သူက ဖရဲသီးေလးမွာ ဘြားဘြားႏွစ္ေယာက္႐ွိတာကို သိပါတယ္ "
ေပၚယြီ လူနာေဆာင္စႀကၤန္သို႔ ေရာက္ေသာ္ ေပၚလ်န္က မ႐ွိေတာ့။ေပၚလ်န္ရဲ႕လက္ေထာက္က သတင္းစကားပါးရန္ အနားကပ္လာသည္။
" ဥကၠ႒က ေအာက္ထပ္မွာ သခင္ေလးတို႔ကို ေစာင့္ေနပါတယ္။ သခင္ေလး ေက်းဇူးျပဳၿပီး မစၥခ်င္ကို ျမန္ျမန္ ႏႈတ္ဆက္ေပးပါ "
ယင္းေနာက္ ၎လက္ေထာက္ေလးက ေဘးတစ္ဖက္တြင္ ထြက္ရပ္ေနကာ တိတ္ဆိတ္ေန၏။
တံခါးသံ ေခ်ာက္ခနဲၾကားလိုက္သည္မို႔ ခ်င္႐ွန္း မ်က္လုံးဖြင့္လိုက္ရာ မ်က္ဝန္းထဲ အံ့ၾသေပ်ာ္႐ႊင္ျခင္းမ်ား ျပည့္လွ်မ္းသြားသည္။
" ...... သား မျပန္ေသးဘူးပဲ ??? "
" ကြၽန္ေတာ္ အခု အေမ့ကို လာႏႈတ္ဆက္တာ "
ေပၚယြီ အနည္းငယ္ ႐ွက္ကိုး႐ွက္ကန္း အခက္ေတြ႕သြား၏။
ခ်င္႐ွန္း စိတ္ပ်က္လက္ပ်က္ျဖစ္စြာ ေရ႐ြတ္လိုက္သည္။
" အဲဒီလိုလား "
ေပၚယြီက ဖရဲသီးေလးကို ညင္ညင္သာသာ ဖြဖြေလး အရိပ္အႁမြက္ ေ႐ွ႕တြန္းပို႔လိုက္၏။
ဖရဲသီးေလးက ေပၚယြီအား မေက်မနပ္ မႈန္ကုပ္ကုပ္ေလး လွည့္ၾကည့္ရင္း ေ႐ွ႕သို႔ ခပ္ေသာ့ေသာ့ေလး ေျပး၍ ခ်င္႐ွန္းအိပ္ရာနားဆီ အေရာက္ ခ်ိဳသာၾကည္ၿမိန္စြာ ဆိုလိုက္သည္။
" ဘြားဘြား ၊ သား ပါးပါးနဲ႔အတူတူ အိမ္ျပန္ေတာ့မယ္။ ဖရဲသီးေလးကို လြမ္းေနရမယ္ေနာ္ "
အမ်ိဳးသမီး၏ မ်က္စိမ်ားက ရဲရဲနီေနသည္။သူမက " ေကာင္းၿပီ " ၊ " ေကာင္းၿပီ " ဟုသာ အႀကိမ္ႀကိမ္ ကတိေပးေနခဲ့ၿပီး မဝံ့မရဲ ေျပာလာခဲ့သည္။
" ဘြားဘြားက တို႔ဖရဲသီးေလးကို ဆက္ဆက္ လြမ္းေနပါ့မယ္႐ွင္ "
ေပၚယြီ : " အေမ ကိုယ့္ေရာဂါကိုယ္ ေကာင္းေကာင္းဂ႐ုစိုက္ပါ။ ကြၽန္ေတာ္လည္း ဒီအေတာအတြင္း မၾကာခဏ လာေတြ႕မွာပါ "
ခ်င္႐ွန္းက ေပၚယြီအား တရိပ္တၾကည့္ၾကည့္။ထိုအခါ သူမက အသံေဖ်ာ့ေဖ်ာ့မွ် ဆိုလိုက္သည္။
" ဟုတ္ပါၿပီ ၊ လိမၼာလိုက္တဲ့ကေလးေလး "
အသက္ႏွစ္ဆယ့္ငါးႏွစ္အ႐ြယ္ ေပၚယြီခမ်ာ မည္သို႔မည္ပုံ တုံ႔ျပန္ရမည္ကိုပင္ စိတ္မကူးတတ္စြာျဖင့္ ဖရဲသီးေလးလက္ဆြဲလ်က္ ထြက္လာခဲ့သည္။
ေပၚယြီတို႔ လူနာေဆာင္အျပင္ ေရာက္ၾကသည္အထိ ဟိုလက္ေထာက္ေလးက တံခါးဝ၌ ရပ္က်န္ေနဆဲျဖစ္ကာ ေပၚယြီတို႔ေနာက္ ပါမလာေခ်။
ဖရဲသီးေလးက ဟိုဟိုဒီဒီ လိုက္လံစူးစမ္းၾကည့္႐ွဴေနရင္း ႐ုတ္ျခည္းဆိုသလို ေပၚယြီ႕လက္ကို ခပ္ၾကမ္းၾကမ္း ဆြဲခါလႈပ္ယမ္းလိုက္သည္။
" ပါးပါး ၊ ေနာက္ ဖရဲသီးေလးကို တျခားလူေတြဆီ တြန္းမထုတ္ပါနဲ႔ "
ေပၚယြီ ခႏၶာကိုယ္ယိုင္သြားၿပီး လဲက်လုနီးနီးအေျခအေနေၾကာင့္ တစ္ဖက္နံရံကို အလ်င္အျမန္ ေထာက္ကိုင္လ်က္ အံ့ၾသေနသည္။
" ဟင္ ၊ ဘာေျပာတယ္ ??? "
အခုေခတ္ကေလးေတြက ဒီလိုမ်ိဳး အ႐ြယ္နဲ႔မလိုက္ အကုန္လုံး စကားတတ္ၾကတာလား ???
ဖရဲသီးေလးက သက္ျပင္းေလးကို ဟင္းခနဲ ေလးေလးတြဲ႕တြဲ႕ခ်၍ ေပၚယြီအား အျပစ္တင္ဟန္ေလး ေစာင္းငဲ့ၾကည့္သည္။ကေလးေလးက ေပၚယြီ႕အနား ထပ္တိုးလိုက္ကာ ေပၚယြီ႕လက္ကို ဖြဖြေလး လာေထြးဆုပ္သည္။
" ပါးပါး လမ္းေလွ်ာက္တဲ့အခ်ိန္ ၾကမ္းျပင္ကို သတိထားရမယ္ေလ။ စိတ္မပ်ံ႕လြင့္ရဘူး "
ေပၚယြီခမ်ာ ဇေဝဇဝါ ေမးၾကည့္လိုက္သည္။
" ဖရဲသီးေလး ၊ သားကို ဘယ္သူက အဲဒီစကားမ်ိဳး ေျပာတတ္ဖို႔ သင္ေပးတာလဲ ??? "
ဖရဲသီးေလးက ေခါင္းေလးခါျပသည္။
" ပါးပါးက သားကို တျခားလူေတြဆီ တြန္းပို႔ေတာ့ သားက စိတ္မေကာင္းျဖစ္မိလို႔ပါ "
ေပၚယြီ တုန္တုန္ရီရီျဖင့္ အိတ္ကပ္ထဲက စီးကရက္ဘူးကို ထုတ္လိုက္သည္။သူ စီးကရက္မီးညႇိသည့္ အဆင့္ကိုပင္ မတက္လိုက္ရ ၊ ဖရဲသီးေလးရဲ႕ေနာက္ထပ္စကားေလးမ်ားက လႈပ္႐ွားလက္စ လက္ေတြကို တားဆီးလိုက္၏။
" ပါးပါး ေဆးလိပ္ေတြခ်ည္း ေသာက္ေနရင္ ႐ုပ္ဆိုးလာလိမ့္မယ္ေနာ္။ ေဆးလိပ္မေသာက္ဘဲ ဖရဲသီးေလးနဲ႔အတူတူ သၾကားလုံးစားၾကမယ္ေလ "
သားအဖႏွစ္ေယာက္ ေလေလးတေပါေပါႏွင့္ ေဆး႐ုံေ႐ွ႕တြင္ ရပ္ထားေသာ ရင္းႏွီးေနႏွင့္ၿပီးသား ကားကို ေတြ႕ေသာ္ ကားထံ တက္ညီလက္ညီ ေလွ်ာက္သြားလိုက္ၾကသည္။
Driver က ကားထဲကေန ထြက္လာကာ ကားေနာက္တံခါးကို တ႐ိုတေသ ဖြင့္ေပးသည္။
ထိုအခိုက္ အလုပ္စာ႐ြက္စာတမ္းပုံထဲ ေခါင္းနစ္ေနတဲ့ ေပၚလ်န္တစ္ေယာက္ ေခါင္းထူလာ၍ အႏွီသားအဖတစ္ေတြအား အစုံအဆန္ အကဲခတ္လိုက္သည္။
" စကားေျပာတာ ၾကာသားပဲ "
" ႏႈတ္ဆက္စကားေလး နည္းနည္းပါးပါးပါ "
ေပၚယြီက ဖရဲသီးေလးကို ေပါင္ေပၚ ေပြ႕တင္ၿပီး ဟိုကလိဒီကလိ က်ီစယ္စေနာက္ေန၏။
၎အျခင္းအရာကို ေဘးက ထိုင္ၾကည့္ေနေသာ ေပၚလ်န္႔မ်က္လုံးေတြက နက္ေမွာင္လာသည့္အျပင္ ခႏၶာကိုယ္ပတ္ပတ္လည္မွ ေအးစက္စက္အေငြ႕အသက္မ်ား ထုတ္လႊတ္ျဖန္႔က်က္ေနေပသည္။
သူ ေပၚယြီကို ျပန္ခြင့္မျပဳရင္ ဒီကေလးကပါ စုန္႔႐ွီလင္ဆီ ျပန္မေရာက္ေလာက္ဘူးပဲ ....
ဤအေတြးက ဝင္လာေတာ့ ေပၚလ်န္ မ်က္လႊာအသာခ်လ်က္ မ်က္ဝန္းထဲက ေအးစက္စိမ္းသက္မႈတို႔ကို တစ္ဖန္ခ်ဳပ္တည္းလိုက္၏။
လက္႐ွိ၌ ကိစၥဝိစၥေတြက ျဖစ္ပ်က္ၿပီးႏွင့္ေခ်ၿပီ။စုန္႔မိသားစုသားအဖႏွင့္ ေပၚယြီတို႔ၾကားက ေႏွာင္ႀကိဳးကို တိခနဲ ျဖတ္ေတာက္ပစ္ရန္ သူ အရက္စက္ဆုံးႏွင့္ အျမန္ဆန္ဆုံး နည္းလမ္းအား အသုံးျပရမည္သာ။
ဖရဲသီးေလးက တစ္မ်ိဳးတစ္ဖုံ ထူးဆန္းေနသည့္ ႐ွဴ႐ွဴကို အေယာင္ေယာင္အမွားမွား သံသယျဖစ္စြာ လွမ္းၾကည့္ကာ မ်က္ေတာင္ေလးေတြ တျဖတ္ျဖတ္ခတ္လိုက္သည္။ယင္းေနာက္ သူ႕ပါးပါးနဲ႔အတူ လက္ေခ်ာင္းဂိမ္းအား ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ဆက္လက္ ရယ္ေမာေဆာ့ကစားေနသည္။
သတိမမူ ဂူမျမင္တဲ့ ေပၚယြီတစ္ေယာက္ တစ္ခုခု မွားယြင္းေနေသာ ေလထုအေနအထားႀကီးကို စိုးစဥ္းမွ် အာ႐ုံမခံမိ။ဖရဲသီးေလးအေပၚ ေပၚလ်န္႔ဆက္ဆံပုံက အမ်ားႀကီး ေျပာင္းလဲသြားသည္ကိုပင္ မရိပ္စားမိျခင္း။
ကားက ဗီလာဝန္းသို႔ ၀င္၀င္ခ်င္း ႐ုတ္ျခည္း ဘရိတ္ေဆာင့္အုပ္လိုက္သည္။
ေပၚယြီက သူ႕လက္ေမာင္းထဲက ဖရဲသီးေလးကို ပိုတင္းတင္းၾကပ္ၾကပ္ေလး အလိုလို သိမ္းက်ံဳးေပြ႕ဖက္လိုက္ၿပီး ေခါင္းျပန္မတ္လိုက္၏။
" ဘာျဖစ္တာလဲ ??? "
ဒါ႐ိုက္ဘာက အသံခပ္အက္အက္ျဖင့္ ...
" အႀကီးဆုံးသခင္ေလး ၊ ဒုတိယသခင္ေလး ၊ လူတစ္ေယာက္က ျဗဳန္းစားႀကီး ကားေ႐ွ႕ေျပး၀င္တားလို႔ပါ "
ဒါ႐ိုက္ဘာ စကားဆုံး႐ုံ႐ွိေသး အမ်ိဳးသားတစ္ဦးက ကားေနာက္ခန္းရဲ႕မွန္တံခါးအား ေခါက္လာသည္။
ကားမွန္ျပတင္းမွ အျပင္ဘက္သို႔ ၾကည့္လိုက္လွ်င္ ေခ်ာေမာခန္႔ညားတဲ့ အမ်ိဳးသားငယ္တစ္ေယာက္က မတ္မတ္ရပ္ေန၏။အႏွီအမ်ိဳးသား၏ မ်က္၀န္းေထာင့္စြန္းေတြက အတန္ငယ္ ျမင့္တက္ေနကာ မက္မြန္ပြင့္သဖြယ္ မ်က္လုံးမ်ားအတြင္းတြင္ ေဒါသမ်ားက အလွ်ံအပယ္ ျပည့္ႏွက္ေနသည္။
ေပၚယြီ မေမးဘဲ မေနႏိုင္႐ွာ။
" ေကာ ၊ ဘယ္သူလဲ ??? "
ဤဗီလာ၀န္း၌ ေပၚလာႏိုင္သည္ ၊ ေပၚလ်န္႔ကားကို တားရဲသည္ ၊ ဆိုေလရကား ဒီႏွစ္ေယာက္ၾကား ပတ္သတ္ဆက္ႏြယ္မႈက အင္မတန္ နီးကပ္နက္နဲသည္ဟု ယူဆႏိုင္သည္။
ေပၚလ်န္က အေရးမစိုက္စြာ အမိန္႔ေပးလိုက္၏။
" သူ႕ကို ဂ႐ုမစိုက္နဲ႔ ၊ ဆက္သြား "
ဒါ႐ိုက္ဘာက နာခံလိုက္သည္။သူတို႔ ကားကို ေ႐ွ႕ဆက္ေမာင္းလိုက္သည္ႏွင့္တစ္ၿပိဳင္နက္ ထိုအမ်ိဳးသားဟာ ကားအေနာက္ကေန တစ္စုံတစ္ခုကို ေဒါသတႀကီး ေအာ္ဟစ္ရင္း ဇြဲမေလ်ာ့တမ္း ေျပးလိုက္လာသည္။
ေပၚယြီ မ်က္ေမွာင္ၾကဳတ္သြားသည္။ဒီေနရာမွာ ေနတဲ့လူေတြက လူကုံထံေတြ ဟုတ္ရင္ဟုတ္ ၊ မဟုတ္ရင္ အထက္တန္းလႊာကလူေတြခ်ည္းျဖစ္၏။ယခုလို ဆူဆူညံညံ အသံေတြ ထြက္လာပါက ေပၚလ်န္႔ဂုဏ္သတင္းအတြက္ ေသခ်ာေပါက္ ေကာင္းက်ိဳးက ဗလာနတၳိေပ။
" မင္းတို႔ ခဏေစာင့္ဦး ၊ ငါ သူနဲ႔ စကားဆင္းေျပာ ျပန္လာခဲ့မယ္ "
သည္းခံစိတ္ကုန္ဆုံးေနၿပီျဖစ္တဲ့ ေပၚလ်န္က ကားတံခါးဖြင့္ အျပင္ထြက္သြားသည္။
ကားေ႐ွ႕တားတဲ့အမ်ိဳးသားက ေပၚလ်န္ ကားေပၚက ဆင္းလာသည္ကို ျမင္ေသာအခါ အလြန္႔အလြန္ ၀မ္းသာပီတိျဖာလ်က္ ခ်က္ခ်င္း အနားတိုးကပ္ရန္ျပင္သည္။ထိုလူ တစ္ခြန္းတေလ ဟဖို႔အခ်ိန္ပင္ မရလိုက္ ၊ ေပၚလ်န္က အဲဒီေယာက်္ားရဲ႕ဝမ္းဗိုက္ပိုင္းအား ျပင္းျပင္းထန္ထန္ ဆီးကန္ပစ္လိုက္မို႔ ယင္းနာက်င္မႈက အမ်ိဳးသားကို ေခြေခါက္ေကြးၫႊတ္သြားေစ၏။
" ငါတို႔အေပးအယူက အဆုံးသတ္ၿပီ။ ေနာက္တစ္ႀကိမ္ ငါ့ကို လာမ႐ွာနဲ႔ "
ေပၚလ်န္က ႐ြံ႐ွာမသတီသည့္ အၾကည့္တစ္ခ်က္ ေပးကာ တန္းလွည့္ထြက္ျပန္ခဲ့သည္။
ဒင္းရဲ႕မ်က္ႏွာအစိတ္အပိုင္းေတြက တစ္စုံတစ္ေယာက္နဲ႔ ဆင္တူဆိုတဲ့ အခ်က္သာ မ႐ွိခဲ့ဘူးဆိုရင္ သူက ဒီလိုသိုက္တူးသမားေလာဘအိုးကို သူ႕လာ႐ႈပ္ခြင့္ ဘယ္ေပးခဲ့ပါ့မလဲ။
အဲဒီေယာက်္ားဟာ သူ လဲက်သြားစဥ္က တိတ္တဆိတ္ ေကာက္ယူခဲ့ေသာ ေက်ာက္ခဲကို လက္မွာ ကိုင္၍ အလိုမက်စြာ ကမူး႐ွဴးထိုး ေျပးလာသည္။
ေပၚယြီက ဖရဲသီးေလးကို သူ႕ကိုယ္ထပ္မွ ေဘးခ်ၿပီး ကားတံခါးဖြင့္ ေအာက္ဆင္းလိုက္၏။သူ ေအးစက္စြာ ဆိုလိုက္သည္။
" မင္း ဘာလုပ္ခ်င္ေနတာလဲ !!! "
ထိုလူရဲ႕လႈပ္႐ွားမႈေတြက တိခနဲ တုံ႔ဆိုင္းသြားသည္။ကားထဲက ထြက္လာသည့္ ေပၚယြီကို ေတြ႕တဲ့အခ်ိန္တြင္ သူ႕မ်က္ႏွာက မယုံၾကည္ႏိုင္ျခင္း ၊ အံၾသျခင္းေတြ အျပည့္ႏွင့္။
" ေပၚလ်န္ ၊ မင္းက အသစ္ျမင္လို႔ အေဟာင္းကို စြန္႔ပစ္တယ္ေပါ့ေလ !!! ဘာလဲ ၊ ဒီေကာင့္႐ုပ္ရည္က ငါ့ထက္ သာေနလို႔လား ???!!! "
ေပၚလ်န္႔နဖူးက ေသြးေၾကာမ်ားပင္ ေထာင္တက္လာသည္။
ေဘာ္ဒီဂတ္ေတြဟာ အေနာက္ဘက္ကေန ေျပးထြက္လာလ်က္ ရမ္းကားၾကမ္းတမ္းေနသည့္ အမ်ိဳးသားအား ဆြဲခ်ဳပ္ဖမ္းဆီးလိုက္ၾကသည္။သူတို႔က သခင္ေလးႏွစ္ဦးအား ေတာင္းေတာင္းပန္ပန္ ၾကည့္ကာ ယင္းလူကို တ႐ြတ္တိုက္အတင္းဆြဲေခၚသြား၏။
အမ်ိဳးသားက အဘယ္မွာ အသာတၾကည္ လက္ခံအ႐ႈံးေပးလိမ့္မည္နည္း။သူက တြန္းထိုး႐ုန္းကန္ေအာ္ဟစ္ရင္း ေပၚလ်န္႔၏ အာ႐ုံစိုက္မႈရေအာင္ ႀကိဳးပမ္းေနသည္။ေပၚလ်န္က သူတို႔ရဲ႕ဆက္ဆံေရးေဟာင္းကို ေထာက္ထားၿပီး သူ႕အား ဒီအတိုင္း သြားခြင့္ျပဳလိုက္သည္ကကိုပင္ ထိုလူ႕၏ မဟာကံေကာင္းမႈႀကီးျဖစ္သည္။
ေဘာ္ဒီဂတ္က ၎အမ်ိဳးသားနား႐ြက္နားသို႔ ခပ္တိုးတိုး ကပ္ၿခိမ္းေျခာက္လိုက္သည္။
" မင္း ေတြ႕တဲ့သူက ငါတို႔ရဲ႕ဒုတိယသခင္ေလးေနာ္ ၊ ဥကၠ႒ေပၚရဲ႕ညီငယ္ေလးလို႔ ေျပာတာ။ အခုတင္ မင္း ဒုတိယသခင္ေလးကို ေစာ္ကားခဲ့တဲ့ပုံနဲ႔ဆို ဥကၠ႒ေပၚက မင္းကို လြယ္လြယ္ေပး လႊတ္ေပးေတာ့မွာ မဟုတ္ဘူး "
ထိုလူရဲ႕႐ုန္းရင္းဆန္ခတ္အမူအရာေတြအားလုံးက ေမွ်ာ္လင့္ခ်က္ပ်က္သုဥ္းျခင္းႏွင့္ ထိတ္လန္႔ၿပိဳလဲက်ျခင္းတို႔ေၾကာင့္ ေႏွးေကြးေတာင့္ခဲကုန္သည္။
ဘယ္လိုလုပ္မ်ား ဒီေလာက္ တိုက္တိုက္ဆိုင္ဆိုင္ !!!!!!
.
.
.
.
.
Really Really Really Sorry for My Ultra-late Update , Dear Readers ...❤❤❤
တကယ္ တကယ္ တကယ္ အလုပ္ေတြမ်ားေနတာပါ။ ႂကြားရမယ္ဆိုရင္ Second Assignment မွာ 250 ဖိုးေျဖတာ 236 ရခဲ့တယ္ ဝူးဝါးဟားဟားဟား ... 😎😎😎