ရှန်ယွဲ့၏ပင်မခန္ဓာကိုယ်သည် သေဆုံးသွားပြီဖြစ်သော်လည်း မမျှော်လင့်ဘဲ သည်ခန္ဓာကိုယ်ထဲတွင် ပြန်မွေးဖွားလာခဲ့သည်။ သူမသည် လုပ်ကြံသူတစ်ယောက်ဖြစ်စဥ်က ရရှိခဲ့သည့် အချိတ်အဆက်နှင့် အရင်းအနှီးများကို ကောင်းကောင်း အသုံးပြုနိုင်သေးသည်။
သို့သော် သူမသည် သတိထားရပေမည်။ နောက်ဆုံး လက်ရှိ၌ သူမသည် တစ်ဦိးတည်းသာဖြစ်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်နိုင်စွမ်းမရှိချေ။ သူမ ပြန်မွေးဖွားလာကြောင်း အဖွဲ့အစည်းကသာ သိသွားလျှင်...
ရှန်ယွဲ့သည် တစ်စုံတစ်ခုကို စဥ်းစားနေဆဲတွင် စာရွက်ကိုလုံးချေထားသည့်အလုံးတစ်ခုသည် သူကို ရုတ်တရက် လာထိသွားသည်။ ရှန်ယွဲ့သည် မျက်မှောင်ကျုံ့ကာ လှည့်ကြည့်လိုက်လေသည်။ သူမနှင့် သိပ်မဝေးလှသည့် နေရာတွင် ထိုင်နေကြသည့် အတန်းဖော်ကျောင်းသားအုပ်စုတစ်ခုသည် မုန်တီးသည့်အကြည့်ဖြင့် သူမကို ကြည့်နေလေသည်။
" ဟေ့ ရှန်ယွဲ့ နင် ဒီနေ့ အတန်းမတက်ခင်တုန်းက တန်းခွဲ ၃ က ကျောက်ရွေ့ကို ရိုက်တော့မလို့ဆို၊ ယွီဟောက်ကိုတောင် ဆဲဆိုလိုက်သေးတယ်တဲ့ ဟုတ်လား"
နားထင်တွင် အစင်းပုံစံဆံပင်နှင့် ကောင်လေးတစ်ယောက်က စဥ်းလဲသည့်မျက်လုံးများဖြင့် သူမကို ပြောလာလေသည်။
" ဟုတ်လို့လားကွာ၊ ဒီဝက်မက တီကောင်တစ်ကောင် မြင်တာတောင် ထအော်တဲ့သူမလား၊ သူ့မှာ အဲလောက် သတ္တိမရှိပါဘူး"
တစ်ချိန်က တီကောင်ကိုယူလာပြီး မူလပိုင်ရှင်ကို ခြောက်လန့်ရန် သူမ၏စားပွဲထဲထည့်ခဲ့ဖူးသည့် ကောင်လေးတစ်ယောက်က ပြောလိုက်လေသည်။
" ဧကန္တ အဲဒီဝက်မက အဆင့်တက်သွားပြီး အစွမ်းရှိတဲ့ စူပါဝက်မ ဖြစ်လာလို့လား"
ရှန်ယွဲ့ပြန်မပြောရခင်မှာပင် နောက်တစ်ယောက်က ဆက်ပြောလိုက်လေသည်။
ထို့နောက် ကောင်လေးတစ်သိုက်သည် သည်ကို့ယို့ကားယားနိုင်သည့် ရယ်စရာမကောင်းသော ဟာသကို အော်ရယ်နေကြလေသည်။ ခွေးများကပင် သည်ငတုံးဆယ်ကျော်သက်များကို ရွံ့ရှာပေလိမ့်မည်။ ရှန်ယွဲ့ သူတို့ကို ကြည့်ပင် မကြည့်ချေ။ သူမလုပ်ရမည့်အရာတွင်သာ အာရုံစိုက်နေလိုက်သည်။
စင်အောက်က ရယ်သံများသည် အလွန်ကျယ်နေသည်။ သင်္ချာဆရာမ လီရှောက် သည် တစ်ဖျစ်တောက်တောက် ပြောနေလေသည်။ ရယ်သံများသည် သူမ၏စာသင်သံကိုပင် လွှမ်းသွားရာ ဆက်သင်လို့မရတော့ချေ။ သူမသည် နောက်တန်းကို မျှော်လင့်ချက်မဲ့နေသည့် မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။
နောက်တန်းမှ ကောင်လေး ၇ယောက် ၈ယောက် သည် ပျော်ပျော်ရွှင်ရွှင် ရယ်မောနေကြလေသည်။ သူတို့သည် ဗိုက်နှိပ်ကာ ပုံကြီးချဲ့လုပ်ပြနေပြီး တစ်ဖက်ခြမ်းကို ခဏခဏ လက်ညိုးထိုးနေကြသည်။ လီရှောက်သည် လှမ်းကြည့်လိုက်ရာ အမှန်ပင် စာသင်ခန်း၏ အညံ့ဆုံးကျောင်းသူ ရှန်ယွဲ့ ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။
ရှန်ယွဲ့သည် နှုတ်ဆိတ်ကာ သူမ၏စာအုပ်ကို ဖတ်နေသော်လည်း လီရှောက်၏ဒေါသမီးများသည် တောက်လောင်နေဆဲ။
ရယ်မောကာ ဟာသလုပ်နေကြသူ ကျောင်းသားအချို့သည် အတန်းထဲက စုန်းပြူးလေးများဖြစ်လေသည်။ သူတို့မိသားစုများသည် အားလုံးမှာ အာဏာပါဝါရှိကြသည့် လူချမ်းသာ ဒုတိယမျိုးဆက် အမွေဆက်ခံသူများ ဖြစ်ကြသည်။ လီရှောက်သည် သူတို့ကို အပြစ်လုပ်လို့ မရသောလည်း မည်သူမဆို အနိုင်ကျင့်နိုင်သည့် သည်ဆင်းရဲသားကျောင်းသူကိုတော့ ပညာပေးဖို့ရာ ယုံကြည်ချက်ရှိသေးသည်။
"အဟမ်း အားလုံ တိတ်တိတ်နေကြ"
လီရှောက်သည် အသာအယာ ချောင်းဟန့်လိုက်ပြီး ထောင့်တွင် ထိုင်နေသည့် ရှန်ယွဲ့ကို စိုက်ကြည့်လိုက်လေသည်။ သူမသည်၏ ဒေါသကို ထွက်ပေါက်ရှာပြီး အထင်သေးကာ ပြောလိုက်လေသည်။
" ကြွက်ချေးတစ်ကောင်ကြောင့် ငါတို့အတန်းက ဒီလောက် ဖရိုဖရဲဖြစ်နေတာ၊ စာတောင် ဆက်သင်လို့မရတော့ဘူး"
သူမ၏အတန်းဖော်များသည် လီရှောက်၏အကြည့်နောက်လိုက်သွားရင်း ရှန်ယွဲ့ကို ကြည့်လိုက်ကြလေသည်။ အကြောင်းအရင်းကို သိသွားပြီး သူတို့သည် ကျိတ်ရယ်နေကြတော့သည်။ ရှန်ယွဲ့ကိုယ်တိုင်ကတော့ သူမ၏လက်စားချေရေးအစီအစဥ်ကို လေးလေးနက်နက်စဥ်းစားနေရာ သတိထားမိဟန်မတူချေ။
ရှန်ယွဲ့က ခေါင်းပင် မမော့သည်ကို မြင်လိုက်ရပြီးနောက် လီရှောက်သည် ပို၍ စိတ်ပျက်သွားလေသည်။
အကြိမ်တိုင်း ရှန်ယွဲ့က လေး,ငါးမှတ်ပဲ ရလို့ အတန်းရဲ့ ပျမ်းမျှရမှတ်ကို ဆွဲချနေတာလေ။ သူမကို နှစ်စဥ်ဘောနက်စ် မရအောင်လုပ်နေတာ။
" ငါ့သဘောကတော့ ဝက်နဲ့တူပြီး ဝက် IQပဲရှိတဲ့ တစ်ချို့မိန်းခလေးကျောင်းသူတွေကလေ ကျောင်းကိုလာပြီး ပိုက်ဆံမဖြုန်းသင့်ဘူး ဟုတ်တယ်မလား"
လီရှောက်သည် သူမ၏မျက်လုံးကို ဝေ့ကြည့်လိုက်ပြီး တမင်သက်သက် သရော်ကာ ပြောလိုက်လေသည်။
" ဟုတ်ပါတယ်__"
ကျောင်းသားအားလုံးးသည် ရှန်ယွဲ့ကို လှောင်ရယ်ရသည်ကို သဘောကျကြပြီး ပြန်ဖြေလိုက်ကြလေသည်။
အတန်းထဲက မူမမှန်သည့် လှုပ်ရှားမှုကို ကြားလိုက်ရပြီးနောက် ရှန်ယွဲ့သည် မော့ကြည့်လိုက်ရာ အတန်းထဲက လူအားလုံးက သူမကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ သူမသည် ဖြစ်ပျက်သမျှကို ချက်ချင်း နားလည်သွားတော့သည်။ မူလပိုင်ရှင်သည် ဤသို့သော ပစ်မှတ်ထားအနိုင်ကျင့်ခံရတိုင်း သူမသည် ခေါင်းကို ငုံံ့ကာ ငိုနေတတ်သည်။ သူမကို အလွယ်တကူ အနိုင်ကျင့်လို့ရသည်ကို သိသွားချိန်၌ သူတို့သည် သူမကို ပို၍ရက်ရက်စက်စက် အနိုင်ကျင့်လေသည်။
ရှန်ယွဲ့၏မျက်နှာထားသည် တည်ငြိမ်နေပြီး ဘက်ပေါင်းစုံက လာသည့်အကြည့်များကို လက်ခံလိုက်ကာ ပြန်မေးလိုက်လေသည်။
" ဆရာမလီ သမီးကို ပြောနေတာလား"
လီရှောက်သည် ပြန်ဖြေရကောင်းမလား မကောင်းလား မသိတော့ချေ။ သူမသည် ဒေါသတကြီး ပြောလိုက်လေသည်။
" နင့်မှာ နားရွက်တွေ မရှိတော့ဘူးလို့တောင် ထင်နေတာ၊ ရှန်ယွဲ့ ထွက်လာ၊ ဒီမေးခွန်းကို လာဖြေ၊ နင်မဖြေနိုင်ရင် ကျောင်းဆင်းတဲ့အထိ တံခါးနားမှာ ရပ်နေ"
မေးခွန်းတွေကို ဖြေရမယ်တဲ့လား။
အတန်းထဲက လူတိုင်းသည် ရှန်ယွဲ့မှာ အခြေခံ ဂဏန်းအပေါင်း အနှုတ်ကိုပင် နားမလည်သည့် သင်္ချာဉာဏ်ထိုင်းသူတစ်ယောက် ဖြစ်မှန်း သိကြသည်။
ထို့ကြောင့် လီရှောက်၏စကားမှာ ရှန်ယွဲ့ကို တမနက်လုံး မတ်တပ်ရပ်ခိုင်းပြီး သူမကို ပြန်ပြောသည့်အတွက် အပြစ်ပေးရန် တမင်အခွင့်အရေးရှာနေသည့် အဓိပ္ပါယ်မှန်း ရှင်းလင်းနေသည်။
" ရှန်ယွဲ့ မတ်တပ်ရပ်ပြီး အပြစ်ပေးခံလိုက် ၊ ရှန်ယွဲ့ မတ်တပ်ရပ်ပြီး အပြစ်ပေးခံလိုက်"
အစောပိုင်းက ကျယ်လောင်စွာအော်ရယ်နေကြသည့် ကောင်လေးများသည် ရှန်ယွဲ့က အပြစ်ပြောခံရသည် သာမက ကျောင်းဆင်းတဲ့အထိ အပြင်တွင် ရပ်ကာအပြစ်ပေးခံသည်ကို တွေ့သွားတော့သည်။ သူတို့အားလုံးသည် နှစ်ထောင်းအားရဖြစ်ကာ အားပေးနေကြလေသည်။
သူတို့၏အမြင်တွင် ရှန်ယွဲ့သည် စင်ပေါ်တက်ကာ မေးခွန်းဖြေရန်ပင်မလိုပေ။ သူမသည် ချက်ချင်းထွက်သွား ရတော့မည်။
ဆူပူမှုများကြားတွင် ရှန်ယွဲ့သည် တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်ပြီး စင်ရှိရာသို့ သဘာဝကျကျ လျှောက်သွားလိုက်လေသည်။ သူမသည် မြေဖြူတစ်ချောင်းကို ယူပြီး ကျောက်သင်ပုံးပေါ်က မေးခွန်းကို မော့ကြည့်လိုက်လေတော့သည်။
...
Zawgyi
ရွန္ယြဲ႕၏ပင္မခႏၶာကိုယ္သည္ ေသဆုံးသြားၿပီျဖစ္ေသာ္လည္း မေမွ်ာ္လင့္ဘဲ သည္ခႏၶာကိုယ္ထဲတြင္ ျပန္ေမြးဖြားလာခဲ့သည္။ သူမသည္ လုပ္ႀကံသူတစ္ေယာက္ျဖစ္စဥ္က ရရွိခဲ့သည္ အခ်ိတ္အဆက္ႏွင့္ အရင္းအႏွီးမ်ားကို ေကာင္းေကာင္း အသုံးျပဳႏိုင္ေသးသည္။
သို႔ေသာ္ သူမသည္ သတိထားရေပမည္။ ေနာက္ဆုံး လက္ရွိ၌ သူမသည္ တစ္ဦိးတည္းသာျဖစ္ၿပီး ကိုယ့္ကိုယ္ကို ကာကြယ္ႏိုင္စြမ္းမရွိေခ်။ သူမ ျပန္ေမြးဖြားလာေၾကာင္း အဖြဲ႕အစည္းကသာ သိသြားလွ်င္...
ရွန္ယြဲ႕သည္ တစ္စုံတစ္ခုကို စဥ္းစားေနဆဲတြင္ စာ႐ြက္ကိုလုံးေခ်ထားသည့္အလုံးတစ္ခုသည္ သူကို ႐ုတ္တရက္ လာထိသြားသည္။ ရွန္ယြဲ႕သည္ မ်က္ေမွာင္က်ဳံ႕ကာ လွည့္ၾကည့္လိုက္ေလသည္။ သူမႏွင့္ သိပ္မေဝးလွသည့္ ေနရာတြင္ ထိုင္ေနၾကသည့္ အတန္းေဖာ္ေက်ာင္းသားအုပ္စုတစ္ခုသည္ မုန္တီးသည့္အၾကည့္ျဖင့္ သူမကို ၾကည့္ေနေလသည္။
" ေဟ့ ရွန္ယြဲ႕ နင္ ဒီေန႔ အတန္းမတက္ခင္တုန္းက တန္းခြဲ ၃ က ေက်ာက္ေ႐ြ႕ကို ႐ိုက္ေတာ့မလို႔ဆို၊ ယြီေဟာက္ကိုေတာင္ ဆဲဆိုလိုက္ေသးတယ္တဲ့ ဟုတ္လား"
နားထင္တြင္ အစင္းပုံစံဆံပင္ႏွင့္ ေကာင္ေလးတစ္ေယာက္က စဥ္းလဲသည့္မ်က္လုံးမ်ားျဖင့္ သူမကို ေျပာလာေလသည္။
" ဟုတ္လို႔လားကြာ၊ ဒီဝက္မက တီေကာင္တစ္ေကာင္ ျမင္တာေတာင္ ထေအာ္တဲ့သူမလား၊ သူ႔မွာ အဲေလာက္ သတၱိမရွိပါဘူး"
တစ္ခ်ိန္က တီေကာင္ကိုယူလာၿပီး မူလပိုင္ရွင္ကို ေျခာက္လန္႔ရန္ သူမ၏စားပြဲထဲထည့္ခဲ့ဖူးသည့္ ေကာင္ေလးတစ္ေယာက္က ေျပာလိုက္ေလသည္။
" ဧကႏၲ အဲဒီဝက္မက အဆင့္တက္သြားၿပီး အစြမ္းရွိတဲ့ စူပါဝက္မ ျဖစ္လာလို႔လား"
ရွန္ယြဲ႕ျပန္မေျပာရခင္မွာပင္ ေနာက္တစ္ေယာက္က ဆက္ေျပာလိုက္ေလသည္။
ထို႔ေနာက္ ေကာင္ေလးတစ္သိုက္သည္ သည္ကို႔ယို႔ကားယားႏိုင္သည့္ ရယ္စရာမေကာင္းေသာ ဟာသကို ေအာ္ရယ္ေနၾကေလသည္။ ေခြးမ်ားကပင္ သည္ငတုံးဆယ္ေက်ာ္သက္မ်ားကို ႐ြံ႕ရွာေပလိမ့္မည္။ ရွန္ယြဲ႕ သူတို႔ကို ၾကည့္ပင္ မၾကည့္ေခ်။ သူမလုပ္ရမည့္အရာတြင္သာ အာ႐ုံစိုက္ေနလိုက္သည္။
စင္ေအာက္က ရယ္သံမ်ားသည္ အလြန္က်ယ္ေနသည္။ သခ်ၤာဆရာမ လီေရွာက္ သည္ တစ္ဖ်စ္ေတာက္ေတာက္ ေျပာေနေလသည္။ ရယ္သံမ်ားသည္ သူမ၏စာသင္သံကိုပင္ လႊမ္းသြားရာ ဆက္သင္လို႔မရေတာ့ေခ်။ သူမသည္ ေနာက္တန္းကို ေမွ်ာ္လင့္ခ်က္မဲ့ေနသည့္ မ်က္ႏွာထားျဖင့္ ၾကည့္လိုက္ေလသည္။
ေနာက္တန္းမွ ေကာင္ေလး ၇ေယာက္ ၈ေယာက္ သည္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ရယ္ေမာေနၾကေလသည္။ သူတို႔သည္ ဗိုက္ႏွိပ္ကာ ပုံႀကီးခ်ဲ႕လုပ္ျပေနၿပီး တစ္ဖက္ျခမ္းကို ခဏခဏ လက္ညိဳးထိုးေနၾကသည္။ လီေရွာက္သည္ လွမ္းၾကည့္လိုက္ရာ အမွန္ပင္ စာသင္ခန္း၏ အညံ့ဆုံးေက်ာင္းသူ ရွန္ယြဲ႕ ျဖစ္ေနသည္ကို ေတြ႕လိုက္ရေတာ့သည္။
ရွန္ယြဲ႕သည္ ႏႈတ္ဆိတ္ကာ သူမ၏စာအုပ္ကို ဖတ္ေနေသာ္လည္း လီေရွာက္၏ေဒါသမီးမ်ားသည္ ေတာက္ေလာင္ေနဆဲ။
ရယ္ေမာကာ ဟာသလုပ္ေနၾကသူ ေက်ာင္းသားအခ်ိဳ႕သည္ အတန္းထဲက စုန္းျပဴးေလးမ်ားျဖစ္ေလသည္။ သူတို႔မိသားစုမ်ားသည္ အားလုံးမွာ အာဏာပါဝါရွိၾကသည့္ လူခ်မ္းသာ ဒုတိယမ်ိဳးဆက္ အေမြဆက္ခံသူမ်ား ျဖစ္ၾကသည္။ လီေရွာက္သည္ သူတို႔ကို အျပစ္လုပ္လို႔ မရေသာလည္း မည္သူမဆို အႏိုင္က်င့္ႏိုင္သည့္ သည္ဆင္းရဲသားေက်ာင္းသူကိုေတာ့ ပညာေပးဖို႔ရာ ယုံၾကည္ခ်က္ရွိေသးသည္။
"အဟမ္း အားလုံ တိတ္တိတ္ေနၾက"
လီေရွာက္သည္ အသာအယာ ေခ်ာင္းဟန္႔လိုက္ၿပီး ေထာင့္တြင္ ထိုင္ေနသည့္ ရွန္ယြဲ႕ကို စိုက္ၾကည့္လိုက္ေလသည္။ သူမသည္၏ ေဒါသကို ထြက္ေပါက္ရွာၿပီး အထင္ေသးကာ ေျပာလိုက္ေလသည္။
" ႂကြက္ေခ်းတစ္ေကာင္ေၾကာင့္ ငါတို႔အတန္းက ဒီေလာက္ ဖ႐ိုဖရဲျဖစ္ေနတာ၊ စာေတာင္ ဆက္သင္လို႔မရေတာ့ဘူး"
သူမ၏အတန္းေဖာ္မ်ားသည္ လီေရွာက္၏အၾကည့္ေနာက္လိုက္သြားရင္း ရွန္ယြဲ႕ကို ၾကည့္လိုက္ၾကေလသည္။ အေၾကာင္းအရင္းကို သိသြားၿပီး သူတို႔သည္ က်ိတ္ရယ္ေနၾကေတာ့သည္။ ရွန္ယြဲ႕ကိုယ္တိုင္ကေတာ့ သူမ၏လက္စားေခ်ေရးအစီအစဥ္ကို ေလးေလးနက္နက္စဥ္းစားေနရာ သတိထားမိဟန္မတူေခ်။
ရွန္ယြဲ႕က ေခါင္းပင္ မေမာ့သည္ကို ျမင္လိုက္ရၿပီးေနာက္ လီေရွာက္သည္ ပို၍ စိတ္ပ်က္သြားေလသည္။
အႀကိမ္တိုင္း ရွန္ယြဲ႕က ေလး,ငါးမွတ္ပဲ ရလို႔ အတန္းရဲ႕ ပ်မ္းမွ်ရမွတ္ကို ဆြဲခ်ေနတာေလ။ သူမကို ႏွစ္စဥ္ေဘာနက္စ္ မရေအာင္လုပ္ေနတာ။
" ငါ့သေဘာကေတာ့ ဝက္နဲ႔တူၿပီး ဝက္ IQပဲရွိတဲ့ တစ္ခ်ိဳ႕မိန္းခေလးေက်ာင္းသူေတြကေလ ေက်ာင္းကိုလာၿပီး ပိုက္ဆံမျဖဳန္းသင့္ဘူး ဟုတ္တယ္မလား"
လီေရွာက္သည္ သူမ၏မ်က္လုံးကို ေဝ့ၾကည့္လိုက္ၿပီး တမင္သက္သက္ သေရာ္ကာ ေျပာလိုက္ေလသည္။
" ဟုတ္ပါတယ္__"
ေက်ာင္းသားအားလုံးးသည္ ရွန္ယြဲ႕ကို ေလွာင္ရယ္ရသည္ကို သေဘာက်ၾကၿပီး ျပန္ေျဖလိုက္ၾကေလသည္။
အတန္းထဲက မူမမွန္သည့္ လႈပ္ရွားမႈကို ၾကားလိုက္ရၿပီးေနာက္ ရွန္ယြဲ႕သည္ ေမာ့ၾကည့္လိုက္ရာ အတန္းထဲက လူအားလုံးက သူမကို ၾကည့္ေနသည္ကို ေတြ႕လိုက္ရေလသည္။ သူမသည္ ျဖစ္ပ်က္သမွ်ကို ခ်က္ခ်င္း နားလည္သြားေတာ့သည္။ မူလပိုင္ရွင္သည္ ဤသို႔ေသာ ပစ္မွတ္ထားအႏိုင္က်င့္ခံရတိုင္း သူမသည္ ေခါင္းကို ငုံံ့ကာ ငိုေနတတ္သည္။ သူမကို အလြယ္တကူ အႏိုင္က်င့္လို႔ရသည္ကို သိသြားခ်ိန္၌ သူတို႔သည္ သူမကို ပို၍ရက္ရက္စက္စက္ အႏိုင္က်င့္ေလသည္။
ရွန္ယြဲ႕၏မ်က္ႏွာထားသည္ တည္ၿငိမ္ေနၿပီး ဘက္ေပါင္းစုံက လာသည့္အၾကည့္မ်ားကို လက္ခံလိုက္ကာ ျပန္ေမးလိုက္ေလသည္။
" ဆရာမလီ သမီးကို ေျပာေနတာလား"
လီေရွာက္သည္ ျပန္ေျဖရေကာင္းမလား မေကာင္းလား မသိေတာ့ေခ်။ သူမသည္ ေဒါသတႀကီး ေျပာလိုက္ေလသည္။
" နင့္မွာ နား႐ြက္ေတြ မရွိေတာ့ဘူးလို႔ေတာင္ ထင္ေနတာ၊ ရွန္ယြဲ႕ ထြက္လာ၊ ဒီေမးခြန္းကို လာေျဖ၊ နင္မေျဖႏိုင္ရင္ ေက်ာင္းဆင္းတဲ့အထိ တံခါးနားမွာ ရပ္ေန"
ေမးခြန္းေတြကို ေျဖရမယ္တဲ့လား။
အတန္းထဲက လူတိုင္းသည္ ရွန္ယြဲ႕မွာ အေျခခံ ဂဏန္းအေပါင္း အႏႈတ္ကိုပင္ နားမလည္သည့္ သခ်ၤာဉာဏ္ထိုင္းသူတစ္ေယာက္ ျဖစ္မွန္း သိၾကသည္။
ထို႔ေၾကာင့္ လီေရွာက္၏စကားမွာ ရွန္ယြဲ႕ကို တမနက္လုံး မတ္တပ္ရပ္ခိုင္းၿပီး သူမကို ျပန္ေျပာသည့္အတြက္ အျပစ္ေပးရန္ တမင္အခြင့္အေရးရွာေနသည့္ အဓိပၸါယ္မွန္း ရွင္းလင္းေနသည္။
" ရွန္ယြဲ႕ မတ္တပ္ရပ္ၿပီး အျပစ္ေပးခံလိုက္ ၊ ရွန္ယြဲ႕ မတ္တပ္ရပ္ၿပီး အျပစ္ေပးခံလိုက္"
အေစာပိုင္းက က်ယ္ေလာင္စြာေအာ္ရယ္ေနၾကသည့္ ေကာင္ေလးမ်ားသည္ ရွန္ယြဲ႕က အျပစ္ေျပာခံရသည္ သာမက ေက်ာင္းဆင္းတဲ့အထိ အျပင္တြင္ ရပ္ကာအျပစ္ေပးခံသည္ကို ေတြ႕သြားေတာ့သည္။ သူတို႔အားလုံးသည္ ႏွစ္ေထာင္းအားရျဖစ္ကာ အားေပးေနၾကေလသည္။
သူတို႔၏အျမင္တြင္ ရွန္ယြဲ႕သည္ စင္ေပၚတက္ကာ ေမးခြန္းေျဖရန္ပင္မလိုေပ။ သူမသည္ ခ်က္ခ်င္းထြက္သြား ရေတာ့မည္။
ဆူပူမႈမ်ားၾကားတြင္ ရွန္ယြဲ႕သည္ တည္ၿငိမ္စြာ မတ္တပ္ရပ္လိုက္ၿပီး စင္ရွိရာသို႔ သဘာဝက်က် ေလွ်ာက္သြားလိုက္ေလသည္။ သူမသည္ ေျမျဖဴတစ္ေခ်ာင္းကို ယူၿပီး ေက်ာက္သင္ပုံးေပၚက ေမးခြန္းကို ေမာ့ၾကည့္လိုက္ေလေတာ့သည္။
...