Unicode
အခန်း ၃
သူမသည်သူ့အားကွာရှင်းချင်ကာ သူမဗိုက်ထဲမှကလေးအား ဖျက်ချချင်ခဲ့သည်။
ဤအတောအတွင်း ဘာဖြစ်ခဲ့သနည်း...
သို့မဟုတ် သူ့အားလှည့်စားရန် သူမအတွက် နည်းလမ်းလား။
အန်းရှမှာ လူစားလဲခံရသည်ဟု မော့ယွီစန်းမတွေးခဲ့ပေ။
အဆုံးတွင် မော့ယွီစန်းသည် သူ့အားထိတ်လန့်စေခဲ့သည်။
သူ့အား ကွာရှင်းရန် ငြင်းဆန်နေခဲ့သော အမျိုးသမီးမှာ သူပြင်ဆင်ခဲ့ပြီးသော ကွာရှင်းစာချုပ်အား တကယ်လက်မှတ်ထိုးခဲ့သောကြောင့်ဖြစ်သည်။
ထို့နောက် သူမသည်သူနှင့်တကယ်ပင် ပုဂ္ဂလိဂဆေးရုံသို့ သွားခဲ့သည်။
“မစ္စမော့ရဲ့ ဖျက်ချရေးခွဲစိတ်မှုက အရမ်းအောင်မြင်ပါတယ်။ ဒါကိုလုပ်ဖို့ အကောင်းဆုံးအချိန် ကျော်လွန်ခဲ့ပေမယ့် ကံကောင်းတာက သူဆက်မလွယ်ထားလို့ မဟုတ်ရင်တော့ ကျွန်မတို့ ဆေးသောက်ပြီးဖျက်ချရတာမျိုးလုပ်ရမယ်”
မော့ယွီစန်းသည် သားဖွားမီးယပ်ဆရာဝန်အား နားထောင်ခဲ့သည်။ သူသည် ယခုမတိုင်မချင်း အစစ်အမှန်အဖြစ် မမြင်နိုင်သေးပေ။
ကလေးမှာ... ထိုကဲ့သို့... ပျက်စီးသွားသည်လား။
သူ၏စိတ်မှာ အနည်းငယ်တင်းကျပ်နေခဲ့သည်။
အန်းရှအား ကလေးဖျက်ချရန် ဆက်တိုက် တွန်းအားပေးနေသူမှာ သူဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေကာမူ အမျိုးသမီးမှာ သူ့ကလေးအား လွယ်ထားခဲ့ရသည်။
“ဆရာမ ဆရာမ၊ ကျွန်မခန္ဓာကိုယ်က တစ်ခုခုမှားလို့လား။ ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေဘူးလို့ ခံစားရတယ်... တစ်ကိုယ်လုံး အားနည်းနေပြီး ဗိုက်နာတယ်...”
မေ့ဆေးသက်ရောက်မှုပြီးနောက် အန်းရှမှာ အထူးသဖြင့် နာနေသော သူမဗိုက်ကြောင့် နေမကောင်းပေ။
ဤခံစားချက်မှာ သူမအားစိတ်တုန်လှုပ်စေခဲ့သည်။ မူလစာအုပ်တွင် မူလပိုင်ရှင်၏ခန္ဓာကိုယ်ဆိုးရွားသွားရသည့် အကြောင်းပြချက်မှာ သူမကလေးအားဆုံးရှုံးခဲ့ရသောကြောင့်ဖြစ်သည်ဟု သူမမှတ်မိနေခဲ့သည်။
ထို့ကြောင့် သူမ၏ခန္ဓာကိုယ်ထဲ အနည်းငယ်နာကျင်မှုရှိနေသရွေ့ အန်းရှမှာအထူးကြောက်ရွံ့နေခဲ့သည်။
သူမမည်မျှပင်ရုန်းကန်ပါစေ ဇာတ်ညွှန်းနတ်ဘုရားအား မလွတ်မြောက်နိုင်လိမ့်မည်ကို သူမကြောက်နေခဲ့သည်။
အန်းရှငိုတော့မည်ကို မြင်သောအခါ ဆရာဝန်မှာ သူ့ခေါင်းကိုခါကာ ညင်သာစွာဖျောင်းဖျခဲ့သည်။ “မစ္စမော့၊ ခင်ဗျားရဲ့ခန္ဓာကိုယ်တုံ့ပြန်မှုတွေက သာမန်ပဲမို့ စိတ်မပူပါနဲ့”
သူမမှာ အသက်၂၆နှစ် အမျိုးသမီးဖြစ်သည်မှာ ထင်ရှားသော်လည်း ဆရာဝန်မှာ အန်းရှ၏မိန်းမငယ်လေးအသက်ရှူသံကိုကြည့်ကာ မစ္စတာမော့သည် သူ၏ဇနီးအားကောင်းစွာ ထိန်းသိမ်းနိုင်သည်ဟု ခံစားနေမိခဲ့သည်။
သူသည် သူ၏ဇနီးအား အလွန်နှစ်သက်မြတ်နိုးသောကြောင့် သူ့ဇနီးမှာ ဤကဲ့သို့ရိုးသားသော ‘မိန်းကလေး’ အခြေအနေကို ထိန်းသိမ်းနိုင်ဆဲဖြစ်လိမ့်မည်။
“ဘာပဲဖြစ်ဖြစ်ခွဲစိတ်မှုက အရမ်းအောင်မြင်သွားပေမယ့် နောက်ပိုင်းထိန်းသိမ်းမှုတွေကို သတိထားပါ။ မဟုတ်ရင် ခင်ဗျားခန္ဓာကိုယ်ထဲမှာ ထိခိုက်မှုတစ်ချို့ရှိနေနိုင်တယ်...”
အန်းရှ စိတ်လှုပ်ရှားသွားခဲ့သည်။
ဆရာဝန်အား အမျိုးမျိုးသော ကြိုတင်သတိထားချက်များအား မေးပြီးနောက် သူမစိတ်မှာ တဖြည်းဖြည်းအနည်ကျသွားခဲ့သည်။
ကွာရှင်းပြီးနောက် သူမသည်ဤခက်ခက်ခဲခဲရထားသော ကျန်းမာသည့်ခန္ဓာကိုယ်အား အာရုံစိုက်ကာ ကောင်းစွာဂရုစိုက်ရမည်ဟု သူမစတင်ကြံစည်ခဲ့သည်။
“အိုး ဟုတ်ကဲ့ မစ္စတာမော့”
ဆရာဝန်မှာ သူ့ဇနီးဘေးတွင် တိတ်ဆိတ်စွာရပ်နေသော မော့ယွီစန်းအား သူ၏အာရုံကိုစိုက်လိုက်သည်။
သူ၏နာမည်ကြားမှသာ မော့ယွီစန်းသည် သူ၏စိတ်ပြန်လည်လာခဲ့သည်။
“ဟုတ်ကဲ့”
အန်းရှသည် သူ့အားကွာရှင်းရုံသာမက သူ့ကလေးကိုပါ ဖျက်ဆီးခဲ့သော အခြေအနေမှ သူစိတ်ပြန်မလည်နိုင်ခဲ့ပေ။
ဤအရာအားလုံးသည် သူ့အားစစ်မှန်ခြင်းမရှိဟု ခံစားမိစေရန် အလွန်လျင်မြန်စွာ ဖြစ်ပွားခဲ့သည်
“မစ္စတာမော့၊ ခင်ဗျားဇနီးနဲ့ တစ်လလောက် လိင်မဆက်ဆံပါနဲ့။ နောက်ပြီး တစ်လအတွင်း ခင်ဗျားဇနီးနဲ့ လိက်ဆက်ဆံရင်တောင် အကာအကွယ်သုံးပေးတာပိုကောင်းမယ်”
“…”
မော့ယွီစန်းသည် အန်းရှအား အေးစက်စွာစိုက်ကြည့်ကာ ပြောလိုက်သည်။ “နားလည်ပါတယ်”
ဆရာဝန်သည် ခေါင်းငြိမ့်ကာ VIP ဆေးရုံဝင်းထဲမှ ထွက်သွားခဲ့သည်။
နောက်ဆုံး၌ အန်းရှနှင့် မော့ယွီစန်းတို့သာ ဆေးရုံဝင်းထဲကျန်ခဲ့သည်။
ဤနေရာထဲရှိ အခြေအနေမှာ ဆရာဝန်ရှိနေသောအခါ အတော်စည်းချက်ညီနေခဲ့သည်။
ဆရာဝန်ထွက်သွားသည်နှင့် သူတို့မသိလိုက်ခင်တွင် အခြေအနေမှာ ကသိကအောက်ဖြစ်သွားခဲ့သည်။
“ဒါဆို မော့ မော့ယွီစန်း ကျ ကျွန်မ ပင်ပန်းတယ်။ ကျွန်မအိပ်ချင်တယ်...”
မော့ယွီစန်း၏နက်ရှိုင်းသည့်မျက်လုံးများမှာ ဤကဲ့သို့ရှုပ်ထွေးမှုနှင့် သူမအား ကြည့်နေသည်ကို ရင်ဆိုင်ရသောအခါ အန်းရှမှာ စိတ်လှုပ်ရှားကာ သူမ၏ခေါင်းကိုငုံ့ကာ အိပ်ရာပေါ် သူမခန္ဓာကိုယ်အား မြုပ်နှံထားခဲ့သည်။
မူလကသူသည် အန်းရှအား အဘယ်ကြောင့် ရုတ်တရက် သူမစိတ်ပြောင်းသွားခဲ့သည်ကို မေးချင်နေခဲ့သည်။ သူသည်သူမ၏ဖျော့တော့သော ပါးများကိုကြည့်ကာ စိတ်ထဲမေးခွန်းများကို မြိုချခဲ့သည်။
အဆုံးတွင် သူသည်စာကြောင်းတစ်ကြောင်းသာ ပြောနိုင်ခဲ့သည်။
“ကောင်းကောင်း အနားယူပါ”
စကားပြောပြီးနောက် သူသည်လည်း ဆေးရုံဝင်းထဲမှ ထွက်လာခဲ့သည်။
တံခါးပိတ်သံ
မူလက သူမ၏ခေါင်းအား စောင်ထဲမြုပ်ထားသော အန်းရှမှာ တံခါးပိတ်သံကြားပြီးနောက် သူမ၏ သေးငယ်သောခေါင်းအား ထုတ်လိုက်သည်။
မော့ယွီစန်းထွက်သွားပြီးနောက် သူမစိတ်သက်သာရာရခဲ့သည်။
အမျိုးသားဇာတ်ဆောင်၏ အရှိန်အဝါမှာ ကြီးမားသည် သို့မဟုတ် မူလပိုင်ရှင်မှာ အနာဂတ်တွင် အမျိုးသားနှင့် အမျိုးသမီးဇာတ်ဆောင်တို့မှ အသတ်ခံရသည်ကို သူမ သိသောကြောင့် သူမသည်တကယ်ပင် အမျိုးသားဇာတ်ဆောင်အား ကြောက်နေခဲ့သည်။
စိတ်သက်သာရာရသည့် သက်ပြင်းနှင့်အတူ အန်းရှမှာ သူဝမ်းဗိုက်အောက် စူးရှသည့်နာကျင်မှုကို ခံစားခဲ့ရသည်။ သူမထိုနေရာသို့ စောစောရောက်ခဲ့ပါက သူမသည်ကလေးအား ဖျက်ချစရာလိုလိမ့်မည်မဟုတ်ပေ။
ဤသည်မှာပုံမှန်တုံ့ပြန်မှုသာဖြစ်သည်ဟု ဆရာဝန်ပြောသော်လည်း သူမဗိုက်မှာ တကယ်နာနေခဲ့သည်...
မျက်မှောင်ကြုတ်ကာ အန်းရှမှာ ဆရာဝန်ထွက်သွားသောအခါ သူနာပြုမှချန်ထားခဲ့သော လတိလတ်ဆတ်ဆတ် ဆေးကြောထားသည့် ဆေးဘက်ဝင်အပင်ဆေးရည်အား တွေ့ခဲ့သည်။
အန်းရှသည် ဆေးဖက်ဝင်အပင်ဆေးရည်ခွက်အား ကိုင်ရန်သူမလက်ကိုမြှောက်လိုက်သည်။
ဤဆေးရည်အား သောက်လိုက်ခြင်းမှာ သူမခန္ဓာကိုယ်အား နာကျင်မှုလျော့နည်းစေမည်ကို သူမမျှော်လင့်နေချိန် သူမတွေ့ရှိခဲ့သည်မှာ... ခွက်ထဲမှ အဖြူရောင်ရေငွေ့မှာ ခရမ်းနီရောင်အဖြစ်ပြောင်းသွားခြင်းဖြစ်သည်။
ထို့နောက် ပန်းခရမ်းရောင်ရေငွေ့မှာ ပို၍တောက်ပလာသည်လား။
၎င်းသည် ကယောင်ကတမ်းပင်ဖြစ်မည်။ ခရမ်းနီရောင် အလင်းမှာ သူမ၏လက်ချောင်းများထိပ်မှ သူမခန္ဓာကိုယ်အတွင်း စီးဆင်းသွားခဲ့သည်။
“ဘာလို့ ဘာလဲ...” သရဲလား။
အန်းရှ၏စကားများမဆုံးခင် သူမထပ်မံလဲကျသွားခဲ့သည်။
ထို့နောက် သူမလက်ထဲမှခွက်သည်လည်း မြေပြင်ပေါ်ကျကာ ကျယ်လောင်သောအသံထွက်လာခဲ့သည်။
“မစ္စမော့ မူးလဲသွားခဲ့ပြီ။ အမြန် မစ္စတာမော့ကို အကြောင်းကြား”
Zawgyi
အခန္း ၃
သူမသည္သူ႕အားကြာရွင္းခ်င္ကာ သူမဗိုက္ထဲမွကေလးအား ဖ်က္ခ်ခ်င္ခဲ့သည္။
ဤအေတာအတြင္း ဘာျဖစ္ခဲ့သနည္း...
သို႔မဟုတ္ သူ႕အားလွည့္စားရန္ သူမအတြက္ နည္းလမ္းလား။
အန္းရွမွာ လူစားလဲခံရသည္ဟု ေမာ့ယြီစန္းမေတြးခဲ့ေပ။
အဆုံးတြင္ ေမာ့ယြီစန္းသည္ သူ႕အားထိတ္လန႔္ေစခဲ့သည္။
သူ႕အား ကြာရွင္းရန္ ျငင္းဆန္ေနခဲ့ေသာ အမ်ိဳးသမီးမွာ သူျပင္ဆင္ခဲ့ၿပီးေသာ ကြာရွင္းစာခ်ဳပ္အား တကယ္လက္မွတ္ထိုးခဲ့ေသာေၾကာင့္ျဖစ္သည္။
ထို႔ေနာက္ သူမသည္သူႏွင့္တကယ္ပင္ ပုဂၢလိဂေဆး႐ုံသို႔ သြားခဲ့သည္။
“မစၥေမာ့ရဲ႕ ဖ်က္ခ်ေရးခြဲစိတ္မႈက အရမ္းေအာင္ျမင္ပါတယ္။ ဒါကိုလုပ္ဖို႔ အေကာင္းဆုံးအခ်ိန္ ေက်ာ္လြန္ခဲ့ေပမယ့္ ကံေကာင္းတာက သူဆက္မလြယ္ထားလို႔ မဟုတ္ရင္ေတာ့ ကြၽန္မတို႔ ေဆးေသာက္ၿပီးဖ်က္ခ်ရတာမ်ိဳးလုပ္ရမယ္”
ေမာ့ယြီစန္းသည္ သားဖြားမီးယပ္ဆရာဝန္အား နားေထာင္ခဲ့သည္။ သူသည္ ယခုမတိုင္မခ်င္း အစစ္အမွန္အျဖစ္ မျမင္နိုင္ေသးေပ။
ကေလးမွာ... ထိုကဲ့သို႔... ပ်က္စီးသြားသည္လား။
သူ၏စိတ္မွာ အနည္းငယ္တင္းက်ပ္ေနခဲ့သည္။
အန္းရွအား ကေလးဖ်က္ခ်ရန္ ဆက္တိုက္ တြန္းအားေပးေနသူမွာ သူျဖစ္ေသာ္လည္း မည္သို႔ပင္ျဖစ္ေစကာမူ အမ်ိဳးသမီးမွာ သူ႕ကေလးအား လြယ္ထားခဲ့ရသည္။
“ဆရာမ ဆရာမ၊ ကြၽန္မခႏၶာကိုယ္က တစ္ခုခုမွားလို႔လား။ ႐ုပ္ပိုင္းဆိုင္ရာ အဆင္မေျပဘူးလို႔ ခံစားရတယ္... တစ္ကိုယ္လုံး အားနည္းေနၿပီး ဗိုက္နာတယ္...”
ေမ့ေဆးသက္ေရာက္မႈၿပီးေနာက္ အန္းရွမွာ အထူးသျဖင့္ နာေနေသာ သူမဗိုက္ေၾကာင့္ ေနမေကာင္းေပ။
ဤခံစားခ်က္မွာ သူမအားစိတ္တုန္လႈပ္ေစခဲ့သည္။ မူလစာအုပ္တြင္ မူလပိုင္ရွင္၏ခႏၶာကိုယ္ဆိုး႐ြားသြားရသည့္ အေၾကာင္းျပခ်က္မွာ သူမကေလးအားဆုံးရႈံးခဲ့ရေသာေၾကာင့္ျဖစ္သည္ဟု သူမမွတ္မိေနခဲ့သည္။
ထို႔ေၾကာင့္ သူမ၏ခႏၶာကိုယ္ထဲ အနည္းငယ္နာက်င္မႈရွိေနသေ႐ြ႕ အန္းရွမွာအထူးေၾကာက္႐ြံ႕ေနခဲ့သည္။
သူမမည္မွ်ပင္႐ုန္းကန္ပါေစ ဇာတ္ၫႊန္းနတ္ဘုရားအား မလြတ္ေျမာက္နိုင္လိမ့္မည္ကို သူမေၾကာက္ေနခဲ့သည္။
အန္းရွငိုေတာ့မည္ကို ျမင္ေသာအခါ ဆရာဝန္မွာ သူ႕ေခါင္းကိုခါကာ ညင္သာစြာေဖ်ာင္းဖ်ခဲ့သည္။ “မစၥေမာ့၊ ခင္ဗ်ားရဲ႕ခႏၶာကိုယ္တုံ႕ျပန္မႈေတြက သာမန္ပဲမို႔ စိတ္မပူပါနဲ႕”
သူမမွာ အသက္၂၆ႏွစ္ အမ်ိဳးသမီးျဖစ္သည္မွာ ထင္ရွားေသာ္လည္း ဆရာဝန္မွာ အန္းရွ၏မိန္းမငယ္ေလးအသက္ရႉသံကိုၾကည့္ကာ မစၥတာေမာ့သည္ သူ၏ဇနီးအားေကာင္းစြာ ထိန္းသိမ္းနိုင္သည္ဟု ခံစားေနမိခဲ့သည္။
သူသည္ သူ၏ဇနီးအား အလြန္ႏွစ္သက္ျမတ္နိုးေသာေၾကာင့္ သူ႕ဇနီးမွာ ဤကဲ့သို႔ရိုးသားေသာ ‘မိန္းကေလး’ အေျခအေနကို ထိန္းသိမ္းနိုင္ဆဲျဖစ္လိမ့္မည္။
“ဘာပဲျဖစ္ျဖစ္ခြဲစိတ္မႈက အရမ္းေအာင္ျမင္သြားေပမယ့္ ေနာက္ပိုင္းထိန္းသိမ္းမႈေတြကို သတိထားပါ။ မဟုတ္ရင္ ခင္ဗ်ားခႏၶာကိုယ္ထဲမွာ ထိခိုက္မႈတစ္ခ်ိဳ႕ရွိေနနိုင္တယ္...”
အန္းရွ စိတ္လႈပ္ရွားသြားခဲ့သည္။
ဆရာဝန္အား အမ်ိဳးမ်ိဳးေသာ ႀကိဳတင္သတိထားခ်က္မ်ားအား ေမးၿပီးေနာက္ သူမစိတ္မွာ တျဖည္းျဖည္းအနည္က်သြားခဲ့သည္။
ကြာရွင္းၿပီးေနာက္ သူမသည္ဤခက္ခက္ခဲခဲရထားေသာ က်န္းမာသည့္ခႏၶာကိုယ္အား အာ႐ုံစိုက္ကာ ေကာင္းစြာဂ႐ုစိုက္ရမည္ဟု သူမစတင္ႀကံစည္ခဲ့သည္။
“အိုး ဟုတ္ကဲ့ မစၥတာေမာ့”
ဆရာဝန္မွာ သူ႕ဇနီးေဘးတြင္ တိတ္ဆိတ္စြာရပ္ေနေသာ ေမာ့ယြီစန္းအား သူ၏အာ႐ုံကိုစိုက္လိုက္သည္။
သူ၏နာမည္ၾကားမွသာ ေမာ့ယြီစန္းသည္ သူ၏စိတ္ျပန္လည္လာခဲ့သည္။
“ဟုတ္ကဲ့”
အန္းရွသည္ သူ႕အားကြာရွင္း႐ုံသာမက သူ႕ကေလးကိုပါ ဖ်က္ဆီးခဲ့ေသာ အေျခအေနမွ သူစိတ္ျပန္မလည္နိုင္ခဲ့ေပ။
ဤအရာအားလုံးသည္ သူ႕အားစစ္မွန္ျခင္းမရွိဟု ခံစားမိေစရန္ အလြန္လ်င္ျမန္စြာ ျဖစ္ပြားခဲ့သည္
“မစၥတာေမာ့၊ ခင္ဗ်ားဇနီးနဲ႕ တစ္လေလာက္ လိင္မဆက္ဆံပါနဲ႕။ ေနာက္ၿပီး တစ္လအတြင္း ခင္ဗ်ားဇနီးနဲ႕ လိက္ဆက္ဆံရင္ေတာင္ အကာအကြယ္သုံးေပးတာပိုေကာင္းမယ္”
“…”
ေမာ့ယြီစန္းသည္ အန္းရွအား ေအးစက္စြာစိုက္ၾကည့္ကာ ေျပာလိုက္သည္။ “နားလည္ပါတယ္”
ဆရာဝန္သည္ ေခါင္းၿငိမ့္ကာ VIP ေဆး႐ုံဝင္းထဲမွ ထြက္သြားခဲ့သည္။
ေနာက္ဆုံး၌ အန္းရွႏွင့္ ေမာ့ယြီစန္းတို႔သာ ေဆး႐ုံဝင္းထဲက်န္ခဲ့သည္။
ဤေနရာထဲရွိ အေျခအေနမွာ ဆရာဝန္ရွိေနေသာအခါ အေတာ္စည္းခ်က္ညီေနခဲ့သည္။
ဆရာဝန္ထြက္သြားသည္ႏွင့္ သူတို႔မသိလိုက္ခင္တြင္ အေျခအေနမွာ ကသိကေအာက္ျဖစ္သြားခဲ့သည္။
“ဒါဆို ေမာ့ ေမာ့ယြီစန္း က် ကြၽန္မ ပင္ပန္းတယ္။ ကြၽန္မအိပ္ခ်င္တယ္...”
ေမာ့ယြီစန္း၏နက္ရွိုင္းသည့္မ်က္လုံးမ်ားမွာ ဤကဲ့သို႔ရႈပ္ေထြးမႈႏွင့္ သူမအား ၾကည့္ေနသည္ကို ရင္ဆိုင္ရေသာအခါ အန္းရွမွာ စိတ္လႈပ္ရွားကာ သူမ၏ေခါင္းကိုငုံ႕ကာ အိပ္ရာေပၚ သူမခႏၶာကိုယ္အား ျမဳပ္ႏွံထားခဲ့သည္။
မူလကသူသည္ အန္းရွအား အဘယ္ေၾကာင့္ ႐ုတ္တရက္ သူမစိတ္ေျပာင္းသြားခဲ့သည္ကို ေမးခ်င္ေနခဲ့သည္။ သူသည္သူမ၏ေဖ်ာ့ေတာ့ေသာ ပါးမ်ားကိုၾကည့္ကာ စိတ္ထဲေမးခြန္းမ်ားကို ၿမိဳခ်ခဲ့သည္။
အဆုံးတြင္ သူသည္စာေၾကာင္းတစ္ေၾကာင္းသာ ေျပာနိုင္ခဲ့သည္။
“ေကာင္းေကာင္း အနားယူပါ”
စကားေျပာၿပီးေနာက္ သူသည္လည္း ေဆး႐ုံဝင္းထဲမွ ထြက္လာခဲ့သည္။
တံခါးပိတ္သံ
မူလက သူမ၏ေခါင္းအား ေစာင္ထဲျမဳပ္ထားေသာ အန္းရွမွာ တံခါးပိတ္သံၾကားၿပီးေနာက္ သူမ၏ ေသးငယ္ေသာေခါင္းအား ထုတ္လိုက္သည္။
ေမာ့ယြီစန္းထြက္သြားၿပီးေနာက္ သူမစိတ္သက္သာရာရခဲ့သည္။
အမ်ိဳးသားဇာတ္ေဆာင္၏ အရွိန္အဝါမွာ ႀကီးမားသည္ သို႔မဟုတ္ မူလပိုင္ရွင္မွာ အနာဂတ္တြင္ အမ်ိဳးသားႏွင့္ အမ်ိဳးသမီးဇာတ္ေဆာင္တို႔မွ အသတ္ခံရသည္ကို သူမ သိေသာေၾကာင့္ သူမသည္တကယ္ပင္ အမ်ိဳးသားဇာတ္ေဆာင္အား ေၾကာက္ေနခဲ့သည္။
စိတ္သက္သာရာရသည့္ သက္ျပင္းႏွင့္အတူ အန္းရွမွာ သူဝမ္းဗိုက္ေအာက္ စူးရွသည့္နာက်င္မႈကို ခံစားခဲ့ရသည္။ သူမထိုေနရာသို႔ ေစာေစာေရာက္ခဲ့ပါက သူမသည္ကေလးအား ဖ်က္ခ်စရာလိုလိမ့္မည္မဟုတ္ေပ။
ဤသည္မွာပုံမွန္တုံ႕ျပန္မႈသာျဖစ္သည္ဟု ဆရာဝန္ေျပာေသာ္လည္း သူမဗိုက္မွာ တကယ္နာေနခဲ့သည္...
မ်က္ေမွာင္ၾကဳတ္ကာ အန္းရွမွာ ဆရာဝန္ထြက္သြားေသာအခါ သူနာျပဳမွခ်န္ထားခဲ့ေသာ လတိလတ္ဆတ္ဆတ္ ေဆးေၾကာထားသည့္ ေဆးဘက္ဝင္အပင္ေဆးရည္အား ေတြ႕ခဲ့သည္။
အန္းရွသည္ ေဆးဖက္ဝင္အပင္ေဆးရည္ခြက္အား ကိုင္ရန္သူမလက္ကိုျမႇောက္လိုက္သည္။
ဤေဆးရည္အား ေသာက္လိုက္ျခင္းမွာ သူမခႏၶာကိုယ္အား နာက်င္မႈေလ်ာ့နည္းေစမည္ကို သူမေမွ်ာ္လင့္ေနခ်ိန္ သူမေတြ႕ရွိခဲ့သည္မွာ... ခြက္ထဲမွ အျဖဴေရာင္ေရေငြ႕မွာ ခရမ္းနီေရာင္အျဖစ္ေျပာင္းသြားျခင္းျဖစ္သည္။
ထို႔ေနာက္ ပန္းခရမ္းေရာင္ေရေငြ႕မွာ ပို၍ေတာက္ပလာသည္လား။
၎သည္ ကေယာင္ကတမ္းပင္ျဖစ္မည္။ ခရမ္းနီေရာင္ အလင္းမွာ သူမ၏လက္ေခ်ာင္းမ်ားထိပ္မွ သူမခႏၶာကိုယ္အတြင္း စီးဆင္းသြားခဲ့သည္။
“ဘာလို႔ ဘာလဲ...” သရဲလား။
အန္းရွ၏စကားမ်ားမဆုံးခင္ သူမထပ္မံလဲက်သြားခဲ့သည္။
ထို႔ေနာက္ သူမလက္ထဲမွခြက္သည္လည္း ေျမျပင္ေပၚက်ကာ က်ယ္ေလာင္ေသာအသံထြက္လာခဲ့သည္။
“မစၥေမာ့ မူးလဲသြားခဲ့ၿပီ။ အျမန္ မစၥတာေမာ့ကို အေၾကာင္းၾကား”