ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အ...

By Azure5549

124K 16.7K 177

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114 ( end )
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 9
Extra 10
Hello
IQ team က အသစ်ထပ်ပြန်တဲ့ bl ကောင်းလေးတစ်ပုဒ်ကို ညွှန်းချင်လို့ပါ

Extra 8

770 101 0
By Azure5549

Chapter 122
(Extra 8)

နောက်တစ်နေ့မနက်တွင် ကင်မရာများပြန်ပွင့်လာသည်။

ဝမ်မင်ယီက ကင်မရာမှတဆင့် နှုတ်ခွန်းဆက်သလိုက်ပြီး အိတ်ကိုသယ်ကာ အောက်ဆင်းရန်ပြင်လေသည်။

ပရိတ်သတ်များမှာ စိတ်ဓာတ်များပင် ကျသွားကြသည်။
[မင်မင်အိပ်နေတာရော နိုးလာတာရောမမြင်ရဘူး... ငါ့ဘဝလေးက ခက်ခဲလှပါတယ်...]

[ဟုတ်ပါ့ ဟုတ်ပါ့... ငါ့ကောကောနဲ့တိတိက တစ်ကုတည်းအတူအိပ်ကြတာမလား... ပရိုဂရမ်ကို TVမှာလွှင့်ရင် အဲ့အခန်းလေးထည့်ပေးကြပါနော်...]

[ကျေးဇူးပြုပြီးထည့်ပေးပါ VIPဝင်ဆိုဝင်ပါ့မယ်....]

[VVIPဝင်ဆိုလည်းဝင်မယ်... ငါပိုက်ဆံတွေအများကြီးသုံးမှာပါ...]

လူတိုင်းငိုကြွေးနေချိန်တွင် ဝမ်မင်ယီနှင့်စစ်ကျွင်းတောက်တို့က အခြားသူများနှင့် မနက်စာစားပြီး တောင်တက်ရန်ထွက်သွားလေတော့သည်။

တောင်တက်ရခြင်းမှာ ကိုယ်ကာယပိုင်းဆိုင်ရာ အလုပ်ဖြစ်သည်။ ကံကောင်းစွာဖြင့် ဤနေရာရှိတောင်မှာ ကြမ်းတမ်းခြင်းမရှိပဲ ကိုယ်ကာယအားထုတ်မှုမှလွဲ၍ အခြားအရာများကို စိတ်ပူရန်မလိုပေ။

ဝမ်မင်ယီနှင့်စစ်ကျွင်းတောက်တို့က စကားတပြောပြောနှင့် ရှေ့ဆုံးမှသွားကြသည်။ စုန့်ဟယ်နှင့် ကျန်းဖုန်းတို့ကလည်း သူတို့နှင့်အတူ တစ်ခွန်းစနှစ်ခွန်းစဝင်ပြောကြသည်။ များသောအားဖြင့် အချင်းချင်းပြောနေသည်သာဖြစ်သည်။

တောင်ပေါ်တက်ရန် တစ်ရက်ခွဲကြာလေသည်။ ညနေခင်းတွင် ပရိုဂရမ်အဖွဲ့ကတဲထိုးကာ နားရန်ပြောလေသည်။

စစ်ကျွင်းတောက်နှင့် ကျန်းဖုန်းနှင့်အတူ တဲထိုးသော်လည်း ဝမ်မင်ယီမှာ ဘာမှမလုပ်တတ်ပေ။

ကျန်းဖုန်းကရယ်လေသည်။
"မင်းပဲ လေလုံးထွားထားတာလေ အခုကြတော့ မလုပ်တတ်တော့ဘူးလား...."

"ငါ့ကော လုပ်လိမ့်မယ်...."
ဝမ်မင်ယီကဂရုမစိုက်ပေ။

"ငါ့ကော ကတော်တယ်လေ..."

"မင်းက မင်းကိုကိုနဲ့တစ်သက်လုံးနေမှာမလို့လား...."
ကျန်းဖုန်းကသရော်လိုက်သည်။

"ဟားဟား... နေမှာပေါ့ကွ...."
ဝမ်မင်ယီကပြောလိုက်သည်။

ကျန်းဖုန်းတွေးလိုက်သည်။
ဖက်ခ်... တကယ်ကြီးလားဟ... ဒီနှစ်ယောက်က ရည်းစားတွေလား... ဘာတွေဖြစ်နေတာလဲ...

သူဝမ်မင်ယီကိုကြည့်လိုက်ပြီး စစ်ကျွင်းတောက်မှာ ပန်းတစ်ပွင့်ဖြစ်ကာ ဝမ်မင်ယီလို နွားခြေရာခွက်ထဲတွင် ပေါက်နေသည်မှာ နှမျောစရာကောင်းသည်ဟု တွေးလိုက်လေသည်။

ဝမ်မင်ယီ၏ "နေမှာပေါ့..."ဟူသောစကားကြောင့် ပရိတ်သတ်များက အော်ဟစ်ကြလေတော့သည်။

[ငါဘာကြားလိုက်တာလဲ.... တစ်သက်လုံးမခွဲဘူးတဲ့လေ... ဘုရားရေ ဒါကအချစ်စစ်ပဲ..]

[ကျူးမားကတစ်သက်လုံးမခွဲဘူးတဲ့... အဲ့လိုမခွဲဘဲနေတာက လင်မယားတွေမှနေလို့ရတာလေ... ဒီနှစ်ယောက်တွဲနေတာသိသာနေပြီ...]

[ငါသေပြီ... ငါသေသွားပြီ... ဘယ်လောက်တောင် အမတဆန်တဲ့အချစ်လဲ... ငါ့ကိုမကယ်ကြပါနဲ့တော့... ဒီအချစ်အတွက် သေခွင့်ပြုပါတော့...]

[အား... ချိုလိုက်တာ... တကယ့်အတွဲပဲနေမှာ...အရမ်းချိုတယ်... အချစ်စစ်ပဲ...]

[ငယ်ကျွမ်းဆွေအတွဲဆိုတာ တကယ့်ကိုဇီးသီးစိမ်းနဲ့ ဝါးမြင်းလေးပါပဲ... ကောကောရေ မင်မင်နဲ့ကောကောကို သဘောတူပါတယ်နော်...]

[ကျန်းဖုန်းရဲ့ အကူအညီကိုကျေးဇူးတင်ပါတယ်... ကျန်းဖုန်းလေးလည်း မနာလိုမဖြစ်နဲ့နော်... နင့်မှာ စုန့်ဟယ်ရှိပါတယ်...]

[ကျန်းဖုန်းကလည်းတကယ့်ဟာသ... သူကအမြဲတမ်းဝမ်မင်ယီကိုသွားသွားစတာ... ဟိုကပြန်ပြောရင် ဘာမှကို ပြန်မပြောနိုင်ရှာဘူး... တကယ်ရယ်ရတာပဲ ဟားဟား....]

[ကောကောက အကုန်လုံးကိုလုပ်တတ်နေတာပဲ... တဲလည်းထိုးနိုင်တယ်.. ကောကောကအရာအားလုံးကိုလုပ်တတ်သလို မင်မင်နဲ့လည်းတွဲနေသေးတယ်... သူက မင်မင်ကိုဘာမှမလုပ်ခိုင်းဘဲ သူပဲချက်ပြုတ်တယ် ထုပ်ပိုးတယ်... အကုန်လုံးလုပ်ပေးတာ...]

[ငါ လိင်တူလက်ထပ်ခွင့်ပြုတဲ့ နိုင်ငံကိုအခုပဲပြောင်းပြီး သူတို့ရဲ့လက်ထပ်ပွဲကို တက်ချင်တယ်...]

[ဘာပဲဖြစ်ဖြစ် သူတို့ကတစ်သက်လုံးမခွဲဘူးဆိုတော့ နောက်ကြရင်လက်ထပ်ကြတော့မှာလေ... သူတို့လက်ထပ်ပြီးပြီလို့တောင် တွေးနေမိတယ်... ဟားဟား...]

[ဘုရားရေ... ငါဖြင့် ဒီနှစ်ရက်လုံးသေမလိုပဲ...ဒီအတွဲက အရမ်းမိုက်တာဟေ့...ငါ့ကိုသေအောင်သတ်နေကြတာ...]

[သူတို့က ယာယီဧည့်သည်တွေပဲလား... ငါတော့သူတို့ကို အမြဲတမ်းပါဝင်သူတွေဖြစ်စေချင်တယ်... ဒီအတွဲကအရမ်းမိုက်တယ်... ကျေးဇူးပြုပြီးစဉ်းစားပေးပါဦး...]

[အပေါ်ထပ်က အစ်မရေ... ဝမ်မင်ယီကလာချင်ပေမဲ့ ပရိုဂရမ်အဖွဲ့က တတ်နိုင်ပါ့မလားဆိုတာလေးကို ထည့်တွေးလိုက်ပါဦး...]

[နောက်တစ်ရက်နဲ နေ့တစ်ဝက်ပဲကျန်တော့တာပဲ... အရမ်းတိုတောင်းလွန်းတယ်...]

[CPပါဝါက အရမ်းမိုက်တယ်... အခုပဲသကြားလေးတွေကို တန်ဖိုးထားပြီး သေချာစားရအောင်ပါ...]

စစ်ကျွင်းတောက်နှင့် ကျန်းဖုန်းတို့က တဲထိုးပြီးသည်နှင့် အခြားလူများကိုလည်း ကူညီပေးလိုက်သည်။ ထို့နောက်တွင် အကုန်လုံးစုဝေးပြီး စားသောက်ကြ စကားပြောကြသည်

"ဂိမ်းဆော့ရအောင်...'
ကျန်းရှုရှုကပြောလိုက်သည်။
"Do or draeကစားကြမယ်..."

"ကောင်းပြီလေ..."
အကုန်လုံးသဘောတူကြလေသည်။

"သီချင်းသံအတိုင်း ပန်းပေးရမယ်... သီချင်းပိတ်လို့လက်ထဲမှာ ပန်းရှိနေသေးရင် အပြစ်ပေးခံရမယ်..."

"သဘောတူတယ်...."

သူတို့က ပေါင်မုန့်ကို ပန်းအဖြစ်သုံးကာ ဖုန်းဖြင့်သီချင်းဖွင့်ပြီး အချင်းချင်း ပေါင်မုန့်ကို လက်ဆင့်ကမ်းကြသည်။

ပထမဆုံးဂိမ်းအပြီးတွင် ကျန်းရှုရှုက ရည်ရွယ်ချက်ရှိရှိအရှုံးခံလိုက်သည်။ သူမက truthကိုရွေး၍ မေးခွန်းအချို့မေးကြသည်။

ဒုတိယအလှည့်တွင် ကျန်းဖုန်းက Dareကိုရွေးလိုက်သည်။

"ဒီထဲကလူတစ်ယောက်ကိုရွေးပြီး ငါမင်းကိုချစ်တယ်လို့ပြောပါ..."

ကျန်းဖုန်း "...."

ကျန်းဖုန်းက သူနှင့်စုန့်ဟယ်က CPတွဲပေးနေကြမှန်းသိသည်။ ထို့ကြောင့် စုန့်ဟယ်ကိုရွေးလျှင် ရှင်းရှင်းလင်းလင်းမပြောနိုင်ပေ။ ထို့ကြောင့် စစ်ကျွင်းတောက်ကိုရွေးလိုက်သည်။ ဝမ်မင်ယီအတွက်မူ သူ့ကော ကိုကျန်းဖုန်းကရွေးလိုက်၍ အတော်ကြီး မကျေမနပ်ဖြစ်နေသည်။

ထို့ကြောင့် စစ်ကျွင်းတောက်နားသွားကာ ခပ်တိုးတိုးပြောလေသည်။

"ကော.... သူကော ကို ချစ်တယ့်လို့ပြောတာကို မကြည့်နိုင်ဘူး..."

စစ်ကျွင်းတောက် "....."

ဝမ်မင်ယီက အတော်လေး သဘောမကျဖြစ်နေသည်။

"ငါ့ကော က မင်းလိုမျိုးကိုမကြိုက်ဘူးတဲ့သိလား..."

စစ်ကျွင်းတောက်က ရယ်လိုက်သည်။
"မင်းကို လူကောင်းကတ်ပေးလိုက်မယ်..."

ကျန်းဖုန်းက ပျော်ပျော်ကြီးကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကို.."

တတိယတစ်ခေါက်တွင် ဝမ်မင်ယီရှုံးသွားသည်။

သူက ဤနေရာတွင် နာမည်အကြီးဆုံးလူဖြစ်၍ မည်သူကမှ သူ့ကိုမမေးရဲပေ။

ထို့ကြောင့် ကျန်းဖုန်းကသာမေးလိုက်သည်။
"Truth or dare..."

"Dare..."

ဝမ်မင်ယီက သူ့ကိုကြည့်လိုက်သည်။
လုပ်စမ်းပါ... တစ်ယောက်ယောက်ကိုရွေးပြီး ချစ်တယ်လို့ပြောခိုင်းစမ်းပါ...

သို့သော် ကျန်းဖုန်းနှင့် သူက လုံးဝ စိတ်ချင်းဆက်မနေခဲ့ပေ။
"လူတစ်ယောက်ကို‌ရွေးပြီး သူ့ကိုချီထားပြီး အချစ်စိတ်အပြည့်နဲ့ မျက်လုံးချင်းဆုံအောင်ကြည့်ရမယ်..."

ဝမ်မင်ယီ : အိုကေပါ...

ဝမ်မင်ယီက စစ်ကျွင်းတောက်ကိုကြည့်လိုက်သည်။
"ထလိုက်တော့... ကျွန်တော် ကောကိုချီမယ်..."

စစ်ကျွင်းတောင် သံသယဖြင့်မေးလိုက်သည်။
"ချီနိုင်ပါ့မလား..."

"ဒါပေါ့..."

စစ်ကျွင်းတောက်က မယုံပေ။

သို့သော် မတ်တတ်သာရပ်ပေးလိုက်သည်။ ဝမ်မင်ယီက ကုန်းကာကွကာဖြင့် သူ့ကိုချီရန်ပြင်လေသည်။ ရလဒ်အနေဖြင့် သူမထိရသေးမီ စစ်ကျွင်းတောက်က သူ့ကိုချီလိုက်လေသည်။

ပရိတ်သတ်များမှာ ရူးခါသွားကြတော့သည်။

[အား.... မင်းသမီးပွေ့ချီနည်းကြီး....]

[ဘုရားရေ... ငါ့ကောကောက မင်မင်ကိုချီလိုက်တာများ ဆွေ့ခနဲပဲ...]

[ကြည့်ရတာ ကောကောက တိတိကိုဖက်နေကြနဲ့တူတယ်...]

[ငါဖြင့် ဘာပြော မလဲကို မသိတော့ဘူး... ဟား  ဟား ဟား....]

[ကောကောက တကယ့်ကို အလိုလိုက်တာပဲ... ဝမ်မင်ယီသူ့ကိုမချီနိုင်မှန်းသိတော့ သူကပဲမင်မင်ကိုဦးအောင်ချီလိုက်တယ်... ချိုလိုက်တာတအားပဲ...]

[ချိုလိုက်တာ ချိုလိုက်တာ... screenshotတွေ တစ်ပုံကြီးရိုက်မိနေပြီ...]

[မြန်မြန်လေးရိုက်ထားကြ...]

အခြားစတားများမှာလည်း ထိုမြင်ကွင်းကိုကြည့်၍ ကြောင်အသွားပြီးမှ ပြန်လည်သတိဝင်လာကြသည်။
"ဝမ်မင်ယီကမှ ချီရမယ့်လူမဟုတ်ဘူးလား...."

ဝမ်မင်ယီလည်း ကြောင်စီစီဖြစ်နေသည်
"ကျွန်တော်ကမှ ချီရမယ့်လူလေ.."

"ဘယ်သူလုပ်လုပ် အတူတူပဲလေ...."
စစ်ကျွင့်းတောက်က ပြောလေသည်။

ကျန်းဖုန်းက ချက်ချင်း ထပြောလာသည်။
"အတူတူပဲ အတူတူပဲရတယ်... ဒါပေမဲ့ ကျွန်တော်ပြောတာမဆုံးသေးဘူးလေ ကျွန်တော်ပြောတာက... လူတစ်ယောက်ကိုချီပြီး အချင်းချင်းချစ်စိတ်အပြည့်နဲ့ မျက်လုံးချင်းဆုံအောင် ကြည့်ဒါမှမဟုတ် လူတစ်ယောက်ချီတာခံပြီး အချင်းချင်းချစ်စိတ်အပြည့်နဲ့ မျက်လုံးချင်းဆုံအောင်ကြည့် လို့ ပြောချင်တာလေ.."

ဝမ်မင်ယီ : မင်းဒီလောက်တော်ကြောင်း ငါမသိခဲ့ပါလား...

အခြားလူများလည်း စတင်ပြောဆိုလာကြသည်။
"ဒါဆိုရင် ချစ်စိတ်အပြည့်နဲ့မျက်လုံးချင်းဆုံအောင် မကြည့်ရသေးဘူးနော်..."

ဝမ်မင်ယီ "....."

ဝမ်မင်ယီ စစ်ကျွင်းတောက်ကို မော့ကြည့်လိုက်ချိန်တွင် သူကလည်း သူ့ကိုကြည့်နေသည်။ အချင်းချင်းမျက်လုံးချင်းဆုံသွားသည်နှင့် ဝမ်မင်ယီမှာ မရယ်ဘဲမနေနိုင်တော့ချေ။

ပရိတ်သတ်များမှာ သူ့ကြောင့်ရယ်ချင်လာရသည်။

[မရယ်နဲ့ မင်မင်လေးရေ.. အချင်းချင်း ချစ်စိတ်အပြည့်နဲ့ကြည့်ကြလေ...]

[မင်မင် ဘာလို့ရယ်နေလဲမသိပေမဲ့... မာမားကတော့ မရယ်စေချင်ဘူးနော်...]

[ကောကောရဲ့ ချစ်စိတ်ပြည့်နေတဲ့ မျက်လုံးလေးတွေကို အလကားမဖြစ်စေနဲ့ အခုပဲမျက်လုံးချင်းဆုံအောင် ကြည့်ပစ်လိုက်... ကြည့်ပစ်လိုက်...]

သို့သော် ဝမ်မင်ယီမှာ ရယ်သာရယ်ချင်နေသည်။ အဆုံးတွင် ဝမ်မင်ယီက စစ်ကျွင်းတောက်ကိုဖက်ကာ ရင်ခွင်ထဲခေါင်းတင်လိုက်မိတော့သည်။

စစ်ကျွင်းတောက်က ကျန်းဖုန်းကိုကြည့်ပြီးပြောလိုက်သည်။
"တခြားဟာပဲခိုင်းပါတော့လား... သူက အရမ်းရယ်နေတော့ မျက်လုံးချင်းကိုဆုံအောင် မကြည့်နိုင်ဘူး...."

ကျန်းဖုန်းက ဘာပြောင်းရမလဲမသိတော့၍ "ထားလိုက်တော့...."ဟုသာ ပြောလိုက်တော့သည်။

"ညီမသိချင်တာရှိတယ်...."
ကျန်းရှုရှုက လက်မြှောက်လိုက်သည်။

ကျန်းဖုန်းက သူမကိုကြည့်လိုက်သည်။
"ဘာသိချင်တာလဲ...."

"ခုဏက နင် အစ်ကိုစစ်ကျွင်းတောက်ကိုချစ်တယ်လို့ပြောတော့ ဝမ်မင်ယီက နင်ကသူ့ကော ကြိုက်တဲ့လူမဟုတ်ဘူးလို့ ပြောတယ်လေ... ဒါဆို အစ်ကိုစစ်ကျွင်းတောင်က ဘယ်လိုလူကိုကြိုက်တာလဲ..."
ဝမ်မင်ယီက ထိုစကားကြောင့် ပြုံးပင် မပြုံးနိုင်တော့ဘဲ ချက်ချင်းခေါင်းထောင်လာပြီး မေးလေသည်။
"ဘယ်လိုလူမျိုးကိုကြိုက်တာလဲ...."

စစ်ကျွင်းတောက်က ဝမ်မင်ယီအတွက် တွင်းတူးပေးမိပြီဟုခံစားလိုက်ရသည်။ ဝမ်မင်ယီက တိုက်ရိုက်ကြီး come outလုပ်၍မရပေ။

သူဝမ်မင်ယီကို တင်းတင်းချီလိုက်ပြီး ပြောလေသည်။

"ကျွန်တော်က လိမ္မာ၊ ဉာဏ်ကောင်းပြီး ချစ်ဖို့ကောင်းတဲ့သူ၊ ချောမော၊ တည်ကြည်၊ အဆင့်ကောင်းပြီး ကျွန်တော့်စကားကိုနားထောင်တဲ့လူကို ကြိုက်တယ်..."

ဝမ်မင်ယီက သူ့လက်မောင်းကိုစိတ်ကျေနပ်စွာပုတ်လိုက်ပြီးပြောလိုက်သည်။
"ကျွန်တော့်ကိုချပေးတော့...."

စစ်ကျွင်းတောက်က ခါးကုန်းလိုက်ပြီး ချပေးလိုက်သည်။

ဝမ်မင်ယီက သူ့နေရာသူပြန်ထိုင်ပြီး truth or dareထပ်ဆော့လေသည်။

ဤတစ်ကြိမ်တွင် ပရိတ်သတ်များက စစ်ကျွင်းတောက်၏အဖြေကို ခန့်မှန်းနေကြသည်။
[ကောကောရဲ့အကြိုက်က မရိုးရှင်းဘူးနော် အား....]

[ငါတော့ မင်မင်က အကုန်လုံးနဲ့ကိုက်ညီတယ်လို့ထင်မိတယ်... မင်မင်ပဲဖြစ်ရမယ်...]

[ဖက်ခ်... ကောကောက မင်မင်ကိုကြည့်ပြီးပြောနေတာကို သတိထားမိလား...]

[ဘုရားရေ ငါတော့နောက်တစ်ခေါက်ပြန်ကြည့်ဖြစ်ဦးမှာပဲ.. ချိုလွန်းလို့.... ]

[မင်မင်ပဲဖြစ်ရမယ်... မင်မင်မှာ အဲ့လိုအချက်တွေအကုန်ရှိနေတယ်လေ.. ဒီတော့ ကောကောက မင်မင်ကိုတမင်ပြောတာပဲ... အကယ်၍ မင်မင်သာမဟုတ်ရင် သူကဘယ်လိုလုပ်ပြီး တစ်သက်လုံးမခွဲဘူးလို့ပြောမှာလဲ....]

[ဟုတ်တယ်.... လူအများစုက သူတို့သဘောကျတဲ့လူက သူတို့စကားကိုနားထောင်ရမယ်လို့ မပြောဘူးလေ... ကောကောကတော့ တခြားလူတွေနဲ့ကွာခြားတယ်... ဒီတော့ ငါလည်း ကောကောပြောတာပဲနားထောင်တော့မယ်...]

[ဘုရားရေ... အပေါ်ထပ်ကအစ်မတွေဆက်မပြောပါနဲ့တော့... ရှင်တို့ဆက်ပြောလေလေ သူတို့က တကယ့်အတွဲတွေလို့ ထင်လာမိလို့ပါ... ]

[အတွဲတွေ.. သူတို့က အတွဲတွေပဲလေ..]

[အဓိကအချက်က သူတို့က အရမ်းနီးစပ်ပြီး သဘာဝကျနေတာပဲ... ငါ့အသိအတွဲတွေတောင် သူတို့လောက် မနီးစပ်ကြဘူး...]

[အဲ့လိုတွေမပြောနဲ့တော့ ခိခိခိခိ...]

အင်တာနက်အသုံးပြုသူများက သကြားများစားပြီး ချိုရဲနေချိန်တွင် အခြားလူများကိုလည်း ဤအချိုပွဲများကို ဝေမျှပေးကြလေသည်။

ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်တို့ တဲထဲဝင်ချိန်တွင် လူတိုင်းက အော်ဟစ်နေကြပြီး တဲအထဲရှိ အခြေအနေကို မြင်ချင်နေကြသော်လည်း ကင်မရာမှာ ထပ်ပိတ်သွားပြန်သည်။

[ယီးပဲ... မင်မင်တို့အိပ်ချိန်တိုင်း ကင်မရာက သူ့အလိုလိုပိတ်သွားရတယ်... ငါ သူတို့နှစ်ယောက် အတူတူအိပ်တာလေးကို မြင်ချင်ရုံပါ.. ဘာလို့ဒီလောက်တောင်ခက်နေရတာလဲ...]

[ငါ့မှာပိုက်ဆံရှိရင် ပရိုဂရမ်အဖွဲ့ကို ပိုကောင်းတဲ့ ကင်မရာနဲ့လဲပေးပါတယ်...]

[ကျေးဇူးပြုပြီး ကင်မရာနောက်မှာ ဗွီဒီယိုရိုက်ထားပြီး VIPမှာတင်ပေးမယ်လို့ကတိပေးပါ.. ရှိသမျှပိုက်ဆံအကုန်သုံးပါ့မယ်...]

ဝမ်မင်ယီက တဲထဲတွင်လှဲနေပြီး sleepibg bagထဲတွင် ညပ်နေသည်။
"ကျွန်တော် sleeping bagနဲ့ တစ်ခါမှ မအိပ်ဖူးဘူး..."

"အခုအိပ်နေရပြီလေ...."

"နောက်ကြရင်လည်း အခုလို တောင်ပေါ်မှာ campingထွက်ရအောင်...."
ဝမ်မင်ယီက သူ့ကိုအကြံပြုလိုက်သည်။
"ယွင်ဖေးတို့ပါခေါ်လာရင် ပိုပျော်ဖိူ့ကောင်းမှာ..."

"ကောငိးပြီလေ...."
စစ်ကျွင်းတောက်က သူ့ကိုဖက်ပြီး နမ်းလိုက်သည်.

"ရိုက်ကူးရေးက မနက်ဖြန်ဆိုပြီးပြီနော်...."
ဝမ်မင်ယီကပြောလိုက်သည်။

"ဟုတ်ပါ့..."
စစ်ကျွင်းတောက်က ပြောလိုက်သည်။
"ဒါပေမဲ့ ကိုယ်တို့ နေခဲ့လို့ရပါသေးတယ်... ကိုယ်ခွင့်ဆယ်ရက်တောင်ယူထားတာ... မင်းအမေနဲ့ ကိုယ့်မိဘတွေကိုသွားတွေ့လို့ရတယ်လေ.. ပြီးမှ အိမ်ပြန်ကြတာပေါ့..."

ဝမ်မင်ယီက ကန့်ကွက်စရာမရှိ၍ စစ်ကျွင်းတောက်ကိုသာ နမ်းလိုက်သည်။
"ကောင်းသောညပါ..."

"ကောင်းသောညပါ...."

Continue Reading

You'll Also Like

172K 21.8K 58
အမြှောက်စာဇတ်ကောင်ထဲကို ကူးပြောင်းလာရင်သူမဘာလုပ်သင့်လဲ? သူမပထမဆုံးလုပ်မှာကတော့ မူလကိုယ်ဆီမှာတင်နေတဲ့အကြွေးတွေအကုန်လုံးကို ပျော်ပျော်ကြီး ပြန်ဆပ်မည်။ ...
343K 34.2K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *
51.2K 8.1K 35
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...
26.8K 1.5K 148
Description ကိုအထဲမှာ ထည့်ပေးထားပါတယ်ရှင့်။ဒီမှာရေးလိုက်တာနဲ့ တင်လို့မရလို့ပါရှင့်