38

898 138 1
                                    

Chapter - 38

" ကျွန်တော် ပြောချင်တာ က အဲဒီလိုမဟုတ်ပါဘူး... "

ဝမ်မင်ယီ ရှင်းပြလိုက်သည်။ 

" ဘာမှမဟုတ်ပဲနဲ့ ကော အပေါ် အမြဲတမ်း အခွင့်အရေး ယူနေလို့ မဖြစ်ဘူး လို့ ခံစားနေရတာ ၊ ကလေးတုန်းက မသိလို့ လုပ်ခဲ့မိရင်တောင် အခုက လူကြီးဖြစ်နေပြီလေ ၊ မလုပ်သင့်တော့ဘူး... "

သူ့ဦးနှောက် သေးသေးလေးနဲ့ ဘာတွေ စဉ်းစားနေလဲဆိုတာ စစ်ကျွင်းတောက် နားမလည်နိုင်ပေ။

" မင်း နဲ့ ကိုယ် ကြားမှာ အခွင်းအရေးယူတယ် ဆိုတာမျိုး လုံးဝမရှိဘူး။ တကယ်လို့ ကိုယ် ဒီနေ့သေသွားရင်တောင် ကိုယ့်အမွေတွေ အားလုံးနီးပါး ကို မင်းအတွက်ထားခဲ့ပေးမှာ မင်း နားလည်ရဲ့လား... "

ဝမ်မင်ယီ : "...."

ဝမ်မင်ယီ : "ကျွန်တော် နားမလည်ဘူး  ကော အသက် ငယ်ငယ်လေးရှိသေးတာ ကို ဘာကြောင့် ဒီလိုအရာတွေ စဉ်းစားနေရတာလဲ ... အမွေတွေ ပေးမှာ....
ကျွန်တော် က ကော အမွေတွေကို ဘာအတွက် လိုချင်ရမှာလဲ ..."

စစ်ကျင်းတောက် က သူ့ရဲ့ ထိတ်လန့်နေတဲ့ မျက်နှာကို ကြည့်ပြီး စိတ်ရှည်ရှည်ထားကာ ပြောလာခဲ့သည်။

" အဲ့ဒါကြောင့် ကိုယ် မလိုချင်ဘူး၊  မင်း နဲ့ ကိုယ့်ကြားမှာ ပြတ်ပြတ်သားသား ခွဲခြားတာတွေ ကို မရှိစေချင်ဘူး၊ ဟုတ်တယ် ၊ မင်း ကြီးပြင်းလာပြီး အရွယ်ရောက်လာပြီ၊ မင်း လွတ်လွတ်လပ်လပ်နေလို့ရတယ်၊ ဒါပေမယ့် အဲ့ဒီ့အဓိပ္ပါယ်က မင်း ကိုယ့်အပေါ် ဆက်ပြီး မှီခိုလို့မရဘူး၊ မင်း ကိစ္စတွေမှာ ကိုယ်တာဝန်မရှိတော့ဘူး လို့ မဆိုလိုဘူးလေ ...မင်းရဲ့ ကိစ္စတွေဆိုရင် သေးသေးလေး ကနေ အကြီးကြီးအထိ ကိုယ့်မှာ တာဝန်ရှိထားပြီးသား၊ မင်း က ကိုယ်တာဝန်ရှိတာရဲ့ တစ်စိတ်တစ်ပိုင်းပဲ ၊ပိုက်ဆံ နဲ့ တစ်ခြားအရာတွေ ကို ဂရုစိုက်ဖို့အတွက် နဲ့  မင်းကို တစ်ယောက်တည်း ပစ်မထားနိုင်ဘူး၊ ကိုယ် မင်းကို လျှစ်လျူ ပြီး မနေနိုင်ဘူး။ မင်း ကိုယ့်ကို မလိုတော့ရင် ကိုယ်က အရူံးသမားဖြစ်သွားတယ်လို့ ခံစားရလိမ့်မယ် ၊မင်း နားလည်ရဲ့လား..."

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now