82

793 118 0
                                    

Chapter 82

"ဒီတစ်ခါ အပြာရောင်ပဲ"

ဝမ်မင်ယီက ခေါင်းညိတ်ပြပြီး

"နောက်တစ်ခါကျ ကောအတွက် အနီရောင်ပေးကြည့်မယ်"

စစ်ကျွင်းတောက် နောက်တစ်ကြိမ်ရှိသေးမှန်း ကြားလိုက်ရသည်တွင် ထိုအချိန်ကို စောင့်မျှော်နေတော့သည်။

ဝမ်မင်ယီ   ဖန်ပုလင်းထဲက ရေကိုလဲပြီး ကော်ဖီစားပွဲပေါ်တင်ကာ ပန်းများကိုအစီအရီထည့်နေသည်ကို ကြည့်နေရင်း သူ မနေနိုင်တော့သဖြင့်
ဖြင့်  လျှောက်သွားလိုက်၏။

ဝမ်မင်ယီ အံဩသွားလေသည်။

"ကော ဘာလို့ဒီကိုလာတာလဲ.... အလုပ်မလုပ်ဘူးလား"

"ခဏ အနားယူတာ"

ဝမ်မင်ယီ  ခေါင်းညိတ်လိုက်သည်။

စစ်ကျွင်းတောက်   သူ့ကို ကြည့်လိုက်ကာ ပန်းတွေ အတူတူ ကူစီထည့်ပေးနေလေသည်။

ဝမ်မင်ယီက  အသစ်ဝယ်ထားသော နှင်းဆီပန်းများကို တစ်ပွင့်ပြီးတစ်ပွင့်ထည့်နေသည်ကို ကြည့်နေရင်း သူ့မျက်လုံးများသည် နူးညံ့မှုများဖြင့် ပြည့်နှက်လာပြီး   ဝမ်မင်ယီ၏ မျက်ခုံးများကို ငုံ့ကာနမ်းလိုက်၏။

ဝမ်မင်ယီ  အံ့အားသင့်သွားပြီး  မသိစိတ်ဖြင့် ခေါင်းလှည့်၍သူ့ကိုကြည့်လာသည်။

စစ်ကျွင်းတောက်   ပြုံးလိုက်ကာ ဝမ်မင်ယီအား သူ၏ရင်ခွင်ထဲကို ဆွဲသွင်းလိုက်၏။ သူ့လက်မောင်းများကြားရှိထဲရှိ လူငယ်လေး၏ အသက်ရှုသံကို ခံစားနေရင်း  ညင်သာစွာ ပွေ့ဖက်ထားလိုက်သည်။

ဝမ်မင်ယီသည် သူ့ရင်ခွင်ထဲတွင် ခိုးကာပြုံးလိုက်ပြီး ကျေကျေနပ်နပ်ပင် သူအားဖက်ထားခွင့်ပေးလိုက်၏။

သူ၏ခေါင်းကိုငုံ့လိုက်ပြီးမကြာမီတွင်ပင် လက်ထဲရှိ နှင်းဆီပန်းကို သတိထားမိသွားခဲ့သဖြင့်  ကောက်ယူကာ သူ့နှုတ်ခမ်းဖြင့် ထိကပ်လိုက်ပြီးနောက် ထိုနှင်းဆီပန်းကို တိတ်တဆိတ်ပင်စစ်ကျွင်းတောက်၏ မျက်နှာဘေးတွင် ဖိကပ်ထားလိုက်လေသည်။

စစ်ကျွင်းတောက်က မေးလာ၏။
"ဘာလုပ်နေတာလဲ"

ဝမ်မင်ယီ   ပြုံးရယ်လိုက်ကာ ဆိုလိုက်သည်။
"ဘာမှမဟုတ်ပါဘူး"

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now