26

1K 157 3
                                    

Chapter 26

စစ်ကျွင်းတောက်မှာ ကားကို ရဲစခန်းဆီမောင်းလိုက်သည်။

ရဲများမှာ ကင်မရာများကိုထုတ်လျက် ကယ်တင်ခံရသောပျောက်ဆုံးခွေးများကိုဓါတ်ပုံရိုက်ပြီး ဝေ့ပေါ်တွင်တင်လျက် ပိုင်ရှင်ရှာရန်ဆုံးဖြတ်လိုက်သည်။

ဤသည်ကိုတွေ့လျှင် ၀မ်မင်ယီလည်း သူ့ဝေ့ပေါ်ကို၀င်ကာ ထိုရဲများကိုပို့စ်ကိုရှယ်ပေးချင်ခဲ့သော်လည်း ၀င်လိုက်သည်နှင့် သူ့နာမည်က ရှာဖွေမှုအများဆုံးစာရင်း၀င်နေတာကိုတွေ့လိုက်ရလေသည်။

သူသေချာကြည့်လိုက်မိသည်။

တစ်ခုတည်းတောင်မဟုတ် နှစ်ခုပင်။

သို့သော် ရှာဖွေမှုအများဆုံးနံပါတ်တစ်ချိန်သော သတင်းခေါင်းစဉ်မှာ [၀မ်မငိယီရဲ့ လိင်တူချစ်သူကိုဖော်ထုတ်လိုက်ပြီ]ဟူ၍။ ယှဉ်ကြည့်လျှင် လေးနေရာမြောက်တွင်ရှိနေသော [၀မ်မင်မှခွေးများကို ကယ်တင်ခြင်း]ကသိပ်ပေါ်ပျူလာမဖြစ်လှပါ။

၀မ်မင်ယီနှင့်သူ့ဖန်များမှာ  အံ့အားသင့်လျက်။

သူ့ဖန်များကပင် ၀မ်မင်ယီတစ်ယောက် ဆယ်မိနစ်ထဲနှင့် ရှာဖွေမှုအများဆုံးစာရင်း၀င်သွားမည်မထင်ထားချေ။ အထူးသဖြင့်နံပါတ်တစ်နေရာမှပို့စ်ပင်။
ရေတပ်ကြီးမှာ၀မ်မင်ယီ၏လိင်စိတ်တိမ်းညွတ်မှုကို ပုတ်ခတ်ပြောဆိုကြပြီး သူ့ကိုအသရေဖျက်ရန် သတင်းမှားများကိုပင် ဖြန့်လိုက်ကြသေးသည်။

ဖြော်ဖြေရေးလောကသတင်းထူးများ:
[၀မ်မင်ယီဖက်လိုက်ပုံကအရမ်းမူမမှန်ဖြစ်မနေဘူးလား၊ ဒီလောက်ပြင်းပြင်းပြပြဖက်လိုက်တာ၊ သာမာန်သူငယ်ချင်းရောဟုတ်လို့လား။ တွေးကြည့်လိုက်တော့ ပြိုင်ပွဲမှာတုန်းကလည်း ၀မ်မင်ယီအဆင့်တက်တာမြန်လွန်းတယ်။ သူ့နောက်မှာ စပွန်ဆာရှိနေလို့လား]

ထို့ပို့စ်တွင်ဗီဒီယိုအတိုလေးတစ်ခုတွဲတင်ထားခဲ့သည်။ ၀မ်မင်ယီ ကားပေါ်ကဆင်းလာပြီး ခွေးများကနေရာတကျစီလိုက်သည်။ထို့နောက်သူကစစ်ကျွင်းတောက်ထံပြေးသွားကာခုန်ဖက်လိုက်ခြင်း။

စစ်ကျွင်းတောက်၏အကြည့်ဖြင့်ပင် လူတိုင်းကပြောနိုင်သည်။  သူကခေါင်းကိုငုံ့လျက် ၀မ်မင်ယီအား နူးညံ့စွာကြည့်ကာ အသောလေးပြန်ဖက်လိုက်သည်မဟုတ်လော။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now