16

976 142 0
                                    


မှောင်မည်းနေသော သီးသန့် ရုပ်ရှင်ရုံထဲတွင် လူနှစ်ယောက်နှင့် ကြောင်တစ်ကောင်က သရဲကားကို အတွေးကိုယ်စီဖြင့် ကြည့်နေကြသည်။

ကျန်းဇီမော့က ရုပ်ရှင်ကို အာရုံစိုက်၍ ကြည့်နေခြင်းမဟုတ်ပေ။ ဤကဲ့သို့ ရုပ်ရှင်အမျိုးအစားမျိုးကို သူသဘောမကျပေ။ စစ်ကျွင်းတောက်က သူ့ကိုနှစ်သိမ့်ပေးမည့် အခွင့်အရေးကိုသာ စောင့်နေခြင်းဖြစ်သည်။ သို့သော် ယခုချိန်၌ စစ်ကျွင်းတောက်၏စိတ်က ရင်ခွင်ထဲမှ ကြောင်အပေါ်တွင်သာ ရှိနေကြောင်း သိသာသည်။ ကျန်းဇီမော့ တစ်ခုခုလုပ်ရမည်ဟု တွေးနေမိသည်။
မဟုတ်ရင် ဒီအခွင့်အရေးကို ဖြုန်းတီးသလို ဖြစ်သွားလိမ့်မယ် ...

မည်သို့ ကြောက်ချင်ယောင်ဆောင်ရမည်ကိုလည်း တွေးနေမိသည်။ သူ အခွင့်အရေးယူပြီး စစ်ကျွင်းတောက်၏ဘေးကို ကပ်သွားသည်။ ခဏအကြာတွင် ကြောင်လေး၏ သနားစရာအော်သံကို ကြားလိုက်ရသည်။ ကျန်းဇီမော့ လှည့်ကြည့်လိုက်သည့်အခါ ‌စစ်ကျွင်းတောက်၏ ခြေထောက်ပေါ် ထိုင်နေသည့် လိမ္မော်ရောင်ကြောင်လေးက တုန်ယင်နေသည်ကို တွေ့လိုက်ရသည်။ သူက စစ်ကျွင်းတောက်၏ရင်ခွင်ထဲဝင်ကာ ရင်ဘတ်နှင့် သူ၏ခေါင်းကိုထိထားသည်။ ထိုကြောင်ဦးခေါင်းလေးက တသိမ့်သိမ့်တုန်နေသကဲ့သို့ပင်။

ဝမ်မင်ယီ အမှန်တကယ်ပင် တုန်ယင်နေသည်။
ဘုရားရေ အရမ်းကြောက်စရာကောင်းတာပဲ ... ဒီ သရဲကားက နည်းနည်းတော့ပြင်းလွန်းတယ် ... နာမည်ကောင်းရထားတာ မဆန်းပါဘူး သူကြောက်လို့သေတော့မယ် ...

စစ်ကျွင်းတောက်ရင်ခွင်ထဲ မှီထားပြီး လက်မောင်းကို ပုတ်လိုက်သည်။
သူ့ကောကောကို ကြောက်စရာကောင်းတဲ့အခန်း ပြီးသွားပြီလားဆိုတာ မေးချင်နေတယ် ... သူ မကြည့်ရဲဘူး ...

ဝမ်မင်ယီ ဤအသက်အရွယ်ရောက်သည်အထိ သရဲကားကို ကြောက်လိမ့်မည်ဟု စစ်ကျွင်းတောက် မထင်ထားခဲ့ပေ။ သူရုတ်တရက် ရယ်ချင်လာပြီး သူ့ကိုဖက်တွယ်ထားသည့်ကြောင်လေးက ချစ်စရာကောင်းသည်ဟု ထင်လာသည်။  ထို့ကြောင့် သူ့ကိုထိပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

" ကိုယ်လည်း မကြည့်နိုင်ဘူး ... အရမ်းကြောက်နေတယ် ..."

ဘယ်သူက အရမ်းကြောက်နေတာလဲ ...
ဝမ်မင်ယီ မကျေမနပ်ဖြင့် အကြိမ်ရေအနည်းငယ်အော်လိုက်သည်။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now