90

805 109 8
                                    

Chapter 90

စစ်ကျွင်းတောက် ကုမ္ပဏီ၏ မြေအောက်ကားပါကင်သို့ ၉ နာရီ ၁၀ မိနစ်ခန့်တွင်မှ ရောက်ရှိသွားခဲ့သည်။ ဝမ်မင်ယီ  ဦးထုပ်ကို ချွတ်ပြီး တစ်ချက်ကြည့်လိုက်၏။ သူ့နားရွက်တွေ ပျောက်သွားပြီဖြစ်သည်။

"ကားပေါ်ကဆင်း"

စစ်ကျွင်းတောက်က သူ့ကိုပြောလာ၏။

"မင်း ကိုယ့်ကို စပြီးလိုက်ပို့ကတည်းက နေ့တိုင်းကို နောက်ကျနေတော့တာပဲ"

"ဒါဆို ကောကျွန်တော့်ကို  ကျေးဇူးတင်ရမှာပေါ့...အခု ကော တစ်နေ့ကို ဆယ်မိနစ်ကျော်ကျော် ပိုအိပ်လို့ရပြီလေ "

ဝမ်မင်ယီက  ယုတ္တိရှိရှိပြောလေသည်။

"မင်းကိုကျေးဇူးတင်ရမယ်..."
စစ်ကျွင်းတောက်  ရယ်လိုက်ကာ
"ငါကဘော့စ်ဖြစ်နေလို့သာ... သာမန်ဝန်ထမ်းတစ်ယောက်ဆိုရင် အခုအချိန်မှာ ကုမ္ပဏီကနေ အလုပ်ထုတ်ခံနေရလောက်ပြီ"

"အဲလိုဖြစ်မှာ မဟုတ်ဘူး ...ကောက အရည်အချင်းရှိတယ်လေ ...နောက်ကျရုံလေးပဲဟာကို ကုမ္ပဏီက ခွင့်ပြုမှာပါ" 
ဝမ်မင်ယီ သူ့ကို မြှောက်ပင့်လိုက်ကာ ပြောလာ၏။
"သွားကြစို့ "

နှစ်ယောက်သား စကားပြောရင်း  ဓာတ်လှေကားဝင်ပေါက်ဆီသို့ လမ်းလျှောက်သွားခဲ့ကြပြီး၊ထို့နောက် သူတို့  ဓာတ်လှေကားဝင်ပေါက်တွင် ကျန်းဇီမော့ ကို တွေ့လိုက်ကြရ၏။

ဝမ်မင်ယီ  သူ့ကိုမြင်လိုက်သည်နှင့် မသိစိတ်တွင် ထိတ်လန့်သွားခဲ့သည်။ သူ သူ့ကို ဒီမှာတွေ့မယ်ဟုမမျှော်လင့်ထားခဲ့။ ဒီအချိန်ကျမှ ကျန်းဇီမော့က ဘာလို့ ဒီကိုရောက်လာတာလဲ...

"မင်းဘာလို့ဒီကိုရောက်နေတာလဲ..."
ဝမ်မင်ယီက ပြောလိုက်သည်။

"ငါ့ကော ပြောထားတယ်မဟုတ်ဘူးလား ...နောက်နောင်ကျ  မင်းသူနဲ့ဝေးဝေးနေ"

ကျန်းဇီမော့ ခွန်းတုံ့ပြန်ရန် ပျင်းလွန်းနေခဲ့သည်။ သူက စစ်ကျွင်းတောက်ကို နူးညံ့သောအကြည့်များဖြင့် ကြည့်ကာ "မတွေ့တာကြာပြီ ကျွင်းတောက် " ဟု ချိူသာနူးညံစွာပြောလိုက်၏။

"ဘာကိစ္စလဲ... "
စစ်ကျွင်းတောက်က အေးစက်စွာ မေးလိုက်သည်။

"ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး...  ဒါပေမဲ့ငါ မနေ့က ဓါတ်ပုံတွေပြန်ကြည့်မိတော့   ဟိုတုန်းက အဖွဲ့လိုက်ဓာတ်ပုံကို မြင်ပြီး ရုတ်တရက် မင်းကိုအရမ်းလွမ်းသွားလို့ ... ပြန်လာပြီး ကြည့်တာပါ "

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now