46

888 132 1
                                    

Chapter 46

ရက်အနည်းငယ်ကြာပြီးနောက် ဝမ်စု သည်  စစ်ကျွင်းတောက် အား တောင်းပန်ရန်ဝမ်ပေါ်  ကို စစ်, ကုမ္ပဏီသို့ ခေါ်သွားခဲ့သည်။

စစ်ကျွင်းတောက်က သူတို့၏လက်ဆောင်များကို လက်ခံခဲ့သော်လည် နောက်ဆုံးတွင် “ပူးပေါင်းဆောင်ရွက်မှုက ကံပေါ်မှာ မူတည်တယ်။ အခွင့်အလမ်းရှိရင်တော့ ပုံမှန်အတိုင်း ပူးပေါင်းဆောင်ရွက်ဖြစ်မှာပါ ။ ဒါပေမယ့် မရှိခဲ့ရင်တော့ တခြားနည်းလမ်း ရှိလာမှာမဟုတ်ဘူး" ဟုသာ ဆိုခဲ့သည်။

ဝမ်ပေါ် က သူ့စကားကို မကျေနပ်ပေ ။ ချေပရန်အတွက် ပါးစပ်ဖွင့်ရန် ပြင်ဆင်နေချိန်တွင်ပင် အစ်ကိုဖြစ်သူ၏ ကြိမ်းမောင်းခြင်းကို ခံလိုက်ရ၏။

ဝမ်စုက ဝမ်ပေါ် ကို ထပ်ပြီး တောင်းပန်ခိုင်းပြီး စစ်ကျွင်းတောက်၏ဆုံးဖြတ်ချက်ကိုစောင့်မျှော်နေခဲ့သည်။ သို့သော်ငြား စစ်ကျွင်းတောက်သည်ကား မလိုအပ်ဘူးဟုပင် ခံစားရသည်။။

“ဒီအတိုင်းပဲ အရင်လုပ်ရအောင်။ ငါ့မှာလုပ်စရာရှိတယ်။ မင်းတို့အရင်ပြန်လိုက်သင့်တယ်"

ဝမ်စု နှင့်အတူ ဝမ်ပေါ် သည် လေးလံသောနှလုံးသားဖြင့် စစ်, ကုမ္ပဏီမှ ထွက်သွားခဲ့သည်။

ဒီဇင်ဘာလလယ်ပြီးနောက်၊ ဝမ်မင်ယီ သည် နောက်ဆုံးတွင် သူ၏အခန်းများကို ရိုက်ကူး ပြီးသွားခဲ့သည်။

ဒါရိုက်တာသည် စတင်ရိုက်ကူးစဉ်က ဝမ်မင်ယီ သည် ငယ်ရွယ်သေးပြီး ဖျော်ဖြေရေးလောကသို့ ဝင်ရောက်ရန် စိတ်မရှည်နိုင်ခဲ့ကာ ရိုက်ကူးရေးတွင် ပြဿနာတစ်ခုပင်ဖြစ်ခဲ့သည့်အတွက် ကြောက်လန့်နေခဲ့သည်။

သို့ရာတွင် လအနည်းငယ်ကြာ ရိုက်ကူးပြီးနောက်တွင် ဒါရိုက်တာက သူသည်အမှန်ပင် ခိုင်ခိုင်မာမာ ရပ်တည်နေဆဲဖြစ်သည် ကို တွေ့ရာတွင် အံ့သြသွားခဲ့၏။

ကျောထောက်နောက်ခံကြီးကြီးမားမားရှိသော်လည်း ဝမ်မင်ယီ  သည် မာနကြီးသည့်အရိပ်အယောင်ကိုအနည်းငယ်မျှပင် မပြသခဲ့ပေ။ သူသည် အချိန်မှန် ရိုက်ကူးပြီး အဖွဲ့၏ အစီအစဉ်ကို လိုက်နာကာ သူ့ကို အရင်လာမဆွသရွေ့ တခြားသူတွေကို ဒုက္ခမပေးခဲ့ပါချေ ။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now