79

760 120 0
                                    

Chapter 79

သို့သော်လည်း ဝမ်မင်ယီက  သူမကိုမားမားဖန်
တစ်ယောက်ဟု ပြောထားပြီးသားဖြစ်၍ ပြုံးပြရုံသာရှိပြီး ပြောလိုက်၏။

  "ကျွန်မအရင်က မလိုက်ဘူးပေမဲ့ မင်မင်ကိုမြင်လိုက်တာနဲ့ လိုက်ဖမ်းတော့တာပဲ...မတတ်နိုင်ဘူးလေ...ကျွန်မတို့မိသားစုဝင်လေးက အရမ်းချစ်စရာကောင်းလွန်းနေတယ်...နတ်သားလေးလိုပဲ!"
 

အန်နာ : …ဒီကြယ်ပွင့်တွေနောက်လိုက်တဲ့သူမှာ တကယ်ခံစားချက်တွေရှိနေတာပဲ ။ နတ်သားလေး...ကျွန်မတို့မိသားစုဝင်နဲ့တောင်ဖြစ်နေပြီ။

ဆူဇန် အချိန်တိုလေးအတွင်း အမြန်
ပြေးလာသည်။ သူမ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ပြီး ဝမ်ဝေ့အား ခေါင်းညိတ်ပြကာပြောလိုက်သည်။

"ကျွန်မ ဝမ်မင်ယီကို မိတ်ကပ်လိမ်းပေးပါ့မယ်"

"ဟုတ်တယ်...မင်း သူ့ကို ပိုပြီး သဘာဝဆန်ဆန်  လေးပြင်ပေးလိုက်နော်...အရမ်းကြီးမထူစေနဲ့... သူက အငယ်လေးရှိသေးတယ်...ရင့်ကျက်တဲ့အပြင်အဆင်နဲ့မလိုက်ဖက်ဘူး"

"ဟုတ်ကဲ့"

ဝမ်မင်ယီကို ခုနကမိတ်ကပ်လိမ်းပေးသည့် မိတ်ကပ်ပညာရှင်က ဒါကိုကြားပြီး ချက်ချင်းပင် မျက်နှာအနည်းငယ်ပူသလို ခံစားလိုက်ရ၏။

ဆူဇန်မှာ ကိုယ်ပိုင် လက်ထောက်ရှိတာကြောင့် သူမဟာ အသုံးမဝင်တော့သည်အတွက် သူမဘာသာသူမ အရင်ထွက်လာလိုက်တော့သည်။

"TOP" မဂ္ဂဇင်းရုံးခန်းဧရိယာတဝိုက်သည် ယခုအချိန်တွင် ဗုံးပစ်ချလိုက်ကဲ့သို့ ပေါက်ကွဲထွက်သွားပြီး လူများစွာက "အယ်ဒီတာချုပ် ဘာလို့ရုတ်တရက်ရောက်လာတာလဲ" ဟု အသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။

"ပြီးတော့ ဆူဇန်...ဒီနေ့ သူ့ရဲ့အားလပ်ရက် မဟုတ်ဘူးလား"

"ဟုတ်တယ်...လင်းဝေ့ မဂ္ဂဇင်းလာမရိုက်ခင်ထိ ဆူဇန်လည်းမိတ်ကပ်လာမပြင်ပေးဘူးလေ... သူက အားလပ်ရက်မှာ အလုပ်လုပ်မှာမဟုတ်ဘူး...မယ်ရီကိုပဲ တာဝန်ယူခိုင်းမယ်လို့ပြောသေးတယ်လေ"

"အခု အဝတ်လဲခန်းထဲမှာ ဘယ်သူရှိနေတာလဲ...လင်းဝေ့ထက်  နာမည်ကြီးတဲ့သူလား"

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now