111

788 114 1
                                    

Chapter 111

ဝမ်စုက သူတဖြေးဖြေးပိန်ပါးလာပြီး မှုန်မှိုင်းလာသည်ကိုမြင်နေရသည်။ သူက ဝမ်ပေါ်ကိုဘာဖြစ်တာလဲဟု မေးသော်လည်း ဝမ်ပေါ်က အိပ်မက်ဆိုးမက်သည်ဟုသာ ပြန်ဖြေလေသည်။

ဝမ်စု နားမလည်နိုင်တော့ပေ။ ဝမ်ပေါ်က သူ့ကိုကြည့်လိုက်ပြီး လက်တလောတွင် သူရထားသော အကြံတစ်ခုကိုပြောပြလိုက်သည်။
"ကျွန်တော် မွေးရပ်မြို့ကိုပြန်ချင်တယ်..."

"ကျွန်တော်တို့ငယ်ငယ်က အဖေနဲ့အမေက ကျွန်တော်တို့ ဘိုးဘိုးကြီးနေခဲ့တာဆိုပြီး ခေါ်သွားဖူးတယ်လေ... ကျွန်တော် အဲ့ဒီ့ကိုသွားချင်တယ်... မတူညီတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေကြည့်ချင်တယ်...."

ဝမ်စုက သူ၏မွေးရပ်မြို့ကို တစ်ခါတစ်ရံမှသွားသော်လည်း သူ့မိဘများက မကြာခဏသွားလေ့ရှိသဖြင့် ထိုအိမ်ကို သန့်ရှင်းရေးလုပ်ပေးရန် လူများငှားထားပေသည်။

ဝမ်စုက ဤမြို့နှင့်ယှဉ်လျှင် ကျေးလက်မြို့လေးမှာ အလွန်အေးချမ်းပြီး လှပ၍ ကောင်းမွန်လှကြောင်း တွေးလိုက်မိသည်။

"ကောင်းပြီလေ... ငါမင်းနဲ့အတူလိုက်ခဲ့ပြီး မင်းကိုဂရုစိုက်ပေးဖို့ လူအချို့လည်း လွှတ်လိုက်မယ်...."

ဝမ်ပေါ်က ခေါင်းငြိမ့်ပြလိုက်သည်။

သူထွက်မသွားခင် သူစစ်ကျွင်းတောက်ကသူ့ကို လာတွေ့ခဲ့သည်။ သူက စစ်ကျွင်းတောက်ကို တွေ့ရမည်ဟု မထင်ခဲ့ပေ။ စစ်ကျွင်းတောက်ကလည်း ဝမ်ပေါ်က ရက်ပိုင်းအတွင်း နှစ်ပေါင်းများစွာ အသက်ကြီးသွားသလို ဖြစ်နေမည်ဟု မထင်ခဲ့ပေ။

"ငါမင်းအတွက် ဘာလုပ်ပေးရမလဲ...."

ဝမ်ပေါ်က သူ့ကိုကြည့်လိုက်ကာ ဘာမှမပြောလိုက်ပေ။

အချိန်အတော်ကြာမှ "ငါတောင်းပန်ပါတယ်..."ဟူသော စကားတစ်ခွန်းကိုပြောလာခဲ့သည်။

စစ်ကျွင်းတောက်မှာ ဂရုပင်မစိုက်ဘဲပြန်ဖြေလိုက်သည်။
"ကိစ္စမရှိပါဘူး..."

သူကဝမ်ပေါ်၏တောင်းပန်မှုမှာ အရင်ကဝမ်မင်ယီအပေါ် လုပ်ခဲ့သည့်အရာများအတွက် တောင်းပန်ခြင်းဟုထင်ခဲ့လေသည်။
"အကုန်လုံး ပြီးဆုံးသွားပါပြီ..."

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now