78

752 114 0
                                    

Chapter 78

လျူအန်း သူ့ရှေ့ကလူကို ကြည့်ပြီးအံ့အားသင့်စွာရေရွတ် လိုက်မိ၏။
"လင်းဒါ..."

လင်းဒါ က ဘာလို့ ဒီမှာရောက်နေတာလဲ။သူမက အယ်ဒီတာရဲ့အတွင်းရေးမှုးတစ်ယောက်မဟုတ်ဘူးလား။ဒီမိန်းမအတွက် ဖျော်ရည်တွေ ဘာလို့ဝယ်ပေးနေ တာလဲ။

လင်းဒါဟု အမည်ရသည့် အမျိုးသမီးက ခေါင်းကို လှည့်ကြည့်ကာ မူသေအပြုံးလေးနှင့် သူ့ကို ပြုံးပြလာပြီးနောက် ဝမ်ဝေ့ကိုကြည့်လိုက်ရင်း ပဟေဠိဖြစ်နေဟန်ဖြင့် 
"ရှင် ဒီမှာ ဘာလုပ်နေတာလဲဟင်... တစ်ခုခုဖြစ်လို့လား"

ဝမ်ဝေ့က သူမ၏ သံပရာရည်ကို အေးအေးဆေးဆေး သောက်လိုက်ပြီး
"ဝမ်မင်ယီရဲ့ရူတင်ကို ကျွန်မတာဝန်ယူမယ်...ပြီးတော့ ဒါနဲ့ ကျွန်မကိုကူပြီး အန်နာကိုမေးပေးပါဦး.. .TOPရဲ့တာဝန်ခံက ဘယ်သူလဲဆိုတာကို...ကျွန်မကတော့ TOPကသူ့ရဲ့တာဝန်ခံမှုအောက်မှာရှိနေတဲ့ပုံမပေါ်ဘူးလို့ခံစားနေရတယ် "

လျူအန်း၏မျက်နှာက ချက်ချင်းပင် အကျည်းတန်သွားခဲ့သည်။

လင်းဒါက လျူအန်း ကို ကြည့်ပြီး မကျေမနပ်ဖြင့်  မျက်မှောင်ကြုတ်လိုက်၏။ထို့နောက် ဝမ်ဝေ့ကိုကြည့်ကာ
  "လျူအန်းက ရှင်စိတ်ဆိုးအောင် တစ်ခုခုပြောခဲ့တာလား"

သူမထိုသို့ပြောပြီးသည့်နောက်တွင် ချက်ချင်းပင်
ဆက်ပြောလာသည်။
  "လျူအန်း... ရှင် မစ္စဗီဗီယန်လိုလူမျိုးကိုတောင် မတောင်းပန်သေးဘူးလား"

ယခုအချိန်တွင် ဝမ်မင်ယီ နှင့် အခြားသူများသည် ထိုနေရာတွင်  ရှိနေကြဆဲဖြစ်ပြီး လျူအန်း၏ လက်ထောက်လည်း ထိုနေရာတွင် ရှိနေ၏။ လျူအန်း က မည်သို့ဖြစ်၍ တောင်းပန်ရန် ဆန္ဒရှိပါမည်နည်း။ထို့ကြောင့်သူက ပြန်ခံပြောလိုက်၏။

"လင်းဒါ... ရှုတင်မှာ အငြင်းပွားမှုတွေ ရှိခဲ့ပေမဲ့ မင်းလည်း သိပါတယ်... ငါက ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာတစ်ယောက်... ဒီအမျိုးသမီးက ဓာတ်ပုံပညာအကြောင်း သိပ်မသိလောက်ဘူး...အဲဒါကြောင့်  သူက ငါရဲ့ အဓိပ္ပါယ်ကို နားလည်မှုလွဲနေတာ...ဒါကဆက်ဆံရေးအမှားလေးတစ်ခုတင်ပါ...  ပြဿနာကြီးကြီးမားမားတော့ မဟုတ်ပါဘူး..."

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now