Extra 4

706 99 0
                                    

Chapter 118
(Extra 4)

"ဒါပေါ့ဗျာ အံ့ဩသွားခဲ့တာပေါ့.... ယုံကြည်ချက်ရှိလားဆိုတော့...."

ဝမ်မင်ယီက ပြုံးလိုက်သည်။
"ကျွန်တော်က ရုပ်ရှင်လောကမှာ မျက်နှာသစ်လေးပဲရှိသေးတာလေ.... ဒီတော့ ကျွန်တော်အတွက်က ဆန်ခါတင်ဝင်တယ်ဆိုတာကိုက အတော်ကြီးကောင်းနေပါပြီ... ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ စိတ်ထဲအရမ်းမထားပါဘူး...."

"မင်မင်ရဲ့ စိတ်ထားလေးက အရမ်းကောင်းတာပဲ... အရင်ဝင်ပါနော်...."
အစီအစဉ်တင်ဆက်သူက ဘေးသို့တိမ်းပေးလိုက်ပြီး သူ့ကို ပွဲထဲဝင်ခိုင်းလိုက်သည်။

နာနီကားထဲတွင် ထိုင်နေသော စစ်ကျွင်းတောက်မှာ ထိုင်ခုံပေါ် မှီထိုင်လိုက်ပြီး တက်ဘလက်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသည်။ ဝမ်မင်ယီက မြင်ကွင်းထဲတွင်ပေါ်လာသည်ကို ကြည့်ပြီး ပွဲထဲဝင်သွားသည်အထိကြည့်လိုက်ပြီးနောက်တွင် တက်ဘလက်ကိုချကာ ဖုန်းကိုယူလ်ုက်ပြီး လင်းမူသူ့ကို ဝီချက်၌ပို့ထားသောစာကို ပြန်စာပို့လိုက်သည်။

​ ကျောက် ဝမ်ယွီက ပထမတန်း၏အလယ်တည့်တည့်တွင်ထိုင်ပြီး ဝမ်မင်ယီက ရိုက်ကူးရေးအဖွဲ့သားတစ်ယောက်အနေဖြင့် သူ့ဘေးတွင်ထိုင်ရသည်။ ဝမ်မင်ယီက ဤကဲ့သို့သော ထိုင်ခုံမျိုးတွင် ပထမဆုံးထိုင်ဖူး၍ မသင့်တော်လှဟု ခံစားနေရသည်။ သို့သော် ပွဲစီစဉ်သူမှာသူ့မည်ကို ခုံနောက်တွင် ကပ်လိုက်ပြီဖြစ်၍ ဝမ်မင်ယီက လိမ်လိမ်မာမာလေး ထိုင်နေလိုက်ရတော့သည်။

"ဘာမှမဖြစ်ပါဘူး...."

ကျောက် ဝမ်ယွီက သူ့ဒူးကိုပုတ်လိုက်သည်။
"ပွဲစီစဉ်သူထားပေးတဲ့နေရာမှာ ထိုင်တာပဲလေ... လူတိုင်းက ရိုက်ကူးရေးအဖွဲ့သားတွေချည်းပါပဲ... သား အဖေ့ဘေးမှာထိုင်တာ ဘာမှမဖြစ်ပါဘူး...."

ဝမ်မင်ယီက ခေါင်းသာငြိမ့်ပြလိုက်ပြီး ဆုပေးပွဲစတင်ရန် စောင့်နေတော့သည်။

၈နာရီ ၃၀မိနစ်တွင် ဆုပေးပွဲမှာ တရားဝင်ဖွင့်လှစ်လေတော့သည်။ စစ်ကျွင်းတောက်က တက်ဘလက်ကို ပြန်ယူလိုက်ပြီး အင်တာနက်အသုံးပြုသူများနည်းတူ ကြည့်လေသည်။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now