8

994 155 0
                                    


ဝမ်မင်ယီ အသက်အရွယ် ကွာခြားမှုကို
ခံစားလိုက်ရသည်။စစ်ကျွင်းတောက်ကသူ့ထက်၅နှစ်ကြီးလေသည်။ဆိုရိုးစကားလိုပင် သုံးနှစ်ကြီးတာနဲ့ အသက်အရွယ် အပိုင်းအခြားရှိသွားလေပြီ။သူ့တို့ကငယ်ငယ်ကတည်းက အတူတူရှိနေခဲ့ခြင်းဖြစ်သည်။သူဘယ်တုန်းကမှ သူနဲ့ စစ်ကျွင်းတောက်ရဲ့ အသက်အရွယ်ပိုင်းခြားမှုကိုသတိမမူခဲ့မိပေ။၎င်းက ဒီနေ့မတိုင်ခင်အထ်ိပင်ဖြစ်သည်။

စစ်ကျွင်းတောက် Internetဗန်းစကားတွေကို တစ်ခုမှမသိဘူး...မယုံနိုင်စရာပဲ...

ဝမ်မင်ယီ သူ့ကို သနားမိသွားသည်။သူက ပြန်လည်မွေးဖွားလာခဲ့ချိန်မှာတောင်
စစ်ကျွင်းတောက်တစ်ယောက်ကတော့ ...
"မင်းကကျီစယ်တတ်တာပဲ..."ဆိုတဲ့nternet ဗန်းစကားကိုတောင် နားမလည်ပေ။

ဒီလိုပုံစံနဲ့ဆို သူကျန်းဇီမော့ ရဲ့သူရဲဘောကြောင်တဲ့ မျက်နှာဖုံးကို ဘယ်ဆွဲဖြဲလို့ရမလဲ..."

ဝမ်မင်ယီ သူ့ရဲ့အစ်ကို ကိုအဲ့Videoကို ချက်ချင်းဖွင့်ပြပြီး "ပြန်လည်မွေးဖွားသူ"ရဲ့ ကလဲ့စားက ဘယ်လိုဆိုတာကို ပြပစ်လိုက်ချင်သည်။သို့သော်လည်း စစ်ကျွင်းတောက်ရဲ့ စိတ်ဓာတ်အရ သူ့မှာပြဖို့အခွင့်အရေးတောင် မရှိမှာသေချာလေသည်။

"ကော အမှန်အတိုင်းပြောရမယ်ဆိုရင်လေကျွန်တော်အရင်က ဆရာတစ်ယောက်နဲ့ဗေဒင်တွက်ခဲ့ဘူးတယ် ကျန်းဇီမော့နဲ့ကျွန်တော်နဲ့က ကမ္ဘာ့ရန်ဘက် ဖြစ်ဖို့ မွေးလာတာတဲ့ ကျွန်တော့်ကိုလား ...သူ့ကိုလား...အစ်ကို တစ်ယောက်ပဲ
ရွေးရမယ်...ဘယ်သူ့ကိုရွေးမှာလဲ..."

"ဒါကမင်း ကောကို တခြားလူတွေကို ပြန်မပြောစေချင်တဲ့ အမှန်တရားလား..."

ဝမ်မင်ယီတည်ငြိမ်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်သည်။စစ်ကျွင်းတောက်တစ်ယောက်ခေါင်းကြီးသွားခဲ့လေသည်။

"မင်မင် ကော ဒါတွေအကုန်လုံးကိုယုံကြည်သင့်လား..."

"ဒါဆိုလည်း ထိုင်စောင့်ပြီးတော့လမ်းမပေါ်ကကျွန်တော့်အလောင်းကိုကောက်ဖို့သာပြင်ထားလိုက်တော့..."

စစ်ကျွင်းတောက်မျက်မှောင်ကြုတ်လိုက်သည်။

"ပေါက်တတ်ကရတွေလျှောက်ပြောနေတယ် မင်းရဲ့ နိမိတ်မရှိတဲ့ပါးစပ်ကို ပြန်ရိုက်လိုက်..."

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now