74

770 115 2
                                    

Chapter 74

ဝမ်မင်ယီက တည်တည်ငြိမ်ငြိမ်ပင် ပြောလိုက်သည်။"မင်းသမီးအော်တာက အရမ်းကျယ်တယ်"

"နည်းနည်းလေးပါပဲ "

ဝမ်မင်ယီက စကားတစ်ခွန်း မျှဆက်မပြောတော့ပေ။သူမှားသွားသည်ဟုတွေးမိသည်။ကျန်းဇီမော့လိုမျိူး သူလည်း သည်းထိတ်ရင်ဖိုရုပ်ရှင်ကို ရွေးခဲ့သင့်သည်၊ထိုမှသာ သူဤသို့ထိုင်နေရမည့်အစားစစ်ကျွင်းတောက်၏ ရင်ခွင်ထဲသို့ခုန်ဝင်နိုင်မည်ဖြစ်သည်။အခုတော့ သူဘာမှလုပ်မရတော့ဘူး!

ဒါမှမဟုတ် မရေမတွက်နိုင်တဲ့ သူ့ရှေ့ကသူ
တွေကပြောခဲ့တာတွေက အမှန်တရားပဲလို့ပြောရမယ်!လူတွေကိုပိုးပန်းဖို့ဆိုရင် ...သည်းထိတ်ရင်ဖို  ရုပ်ရှင်တွေကြည့်ဖို့လိုနေတုန်းပဲ!

ရုပ်ရှင် ကြည့်ပြီးနောက် ဝမ်မင်ယီက ချက်ချင်းပင် ပြောလိုက်သည်။"အခု သူတို့အကုန်လုံးထွက်သွားကြပြီဆိုတော့ ဒီနေ့အပြင်စာစားကြစို့"

"ကောင်းပါ့ "

"အနောက်တိုင်း အစားအစာတစ်ခုစားရအောင်"
"
"ကောင်းပြီ "
နှစ်ယောက်သား ဥရောပစားသောက်ဆိုင်တစ်ခုသို့ အောင်မြင်စွာရောက်ရှိသွားခဲ့သည်။

Steakရောက်လာသောအခါ ဝမ်မင်ယီက စစ်ကျွင်းတောက် ကိုအရင်ဆုံးပေးလိုက်ပြီး သူ့အားအလွန်ကြင်နာစွာဖြင့်မေးလာသည်။
"ကျွန်တော်အဲ့ဒါကို ကောအတွက်အစိတ်သေးသေးလေးတွေလှီးပေးရမလား"

စစ်ကျွင်းတောက် :...

စစ်ကျွင်းတောက်က သူ့ကိုပြောသည် "တစ်စုံတစ်ခုဖြစ်တဲ့အချိန်မှာ   နတ်ဆိုးတစ်ကောင်ရှိကိုရှိနေရမယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ မင်းသိလား"

ဝမ်မင်ယီက အပြစ်ကင်းသည့်ဟန်ဖြင့်  မျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြလိုက်သည်။

စစ်ကျွင်းတောက်က သူ့အားမယုံချေ။ သူကပြောလိုက်သည်။

"ဘာအတွက်မှ မဟုတ်ဘဲ တစ်ဖက်သားကျေနပ်အောင် လုပ်ပေးနေတာက
လှည့်စားချင်လို့မဟုတ်ရင် ခိုးချင်လို့ပဲ":

ဝမ်မင်ယီက ဆက်ပြီး ဖြူစင်သည့်မျက်နှာလေးဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေ၏။

ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အဖြစ် ပြန်လည်၀င်စားခြင်း ( BL ) ( Completed )Where stories live. Discover now