ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အ...

By Azure5549

123K 16.7K 177

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114 ( end )
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra 10
Hello
IQ team က အသစ်ထပ်ပြန်တဲ့ bl ကောင်းလေးတစ်ပုဒ်ကို ညွှန်းချင်လို့ပါ

95

824 113 5
By Azure5549

Chapter 95

" ငါက မင်းအစ်ကိုဆိုတာ မင်းသိတယ်မလား ..."
သူက ဒေါသထွက်ရမည့်အစားရယ်လိုက်သည်။

ဝမ်ပေါ်က သူ၏ဒေါသကို အလိုလို ခံစားမိသွားသည့်အတွက် ပြန်ပြောလိုက်သည်။

" အစ်ကိုကြီးက ကျွန်တော့်အစ်ကိုဆိုတာ သိတာပေါ့ ..."

" ဒါဆို မင်းအစ်ကိုက ကျန်းဇီမော့လောက်တောင် အရေးမကြီးဘူးပေါ့ အဲ့လိုလား ..."
ဝမ်စုက သရော်လိုက်သည်။

" အံ့ဩစရာကြီးပဲ ဝမ်ပေါ်က ငွေနဲ့တောင် လူတွေကိုချုပ်ကိုင်တတ်လာပြီ ... ငါ့အဖေနဲ့ ငါက ဒီကုမ္ပဏီကို ကြိုးကြိုးစားစားတည်ထောင်ခဲ့ပြီး ပိုက်ဆံရှာခဲ့တာက မင်း ကျန်းဇီမော့အတွက် ဖြုန်းပေးဖို့ပေါ့ ဟုတ်လား ..."

" ဒါက မိသားစုအတွက်လည်း ကောင်းပါတယ် ... ကျွန်တော့်ရဲ့ ရင်းနှီးမြှုပ်နှံမှုက ငွေပိုရအောင်လုပ်ဖို့လေ ..."
ဝမ်ပေါ်က ခွန်းတုံ့ပြန်လိုက်သည်။

ဝမ်စု ဒေါသထွက်လာသည်။
" မင်း ပြန်ပြောရဲသေးတယ်ပေါ့ ... မင်းအခုဘယ်မှာလဲ ငါ့ဆီ ချက်ချင်းပြန်လာခဲ့ ..."

ဝမ်ပေါ်က စောစောမပြန်ချင်သေးသဖြင့် သူနှင့် ညှိနှိုင်းလိုက်သည်။
" ကျွန်တော် ညနေမှ ပြန်လာမယ်လေ ..."

" ငါ အခုပြန်လာလို့ ပြောနေတယ်နော် ဝမ်ပေါ် ... မင်းတစ်နာရီအတွင်း ငါ့ရှေ့ရောက်မလာရင် ဒီရုပ်ရှင်အတွက် ရင်းနှီးမြှုပ်နှံမှုကို ချက်ချင်းဖျက်သိမ်းပစ်မယ် ..."

ဝမ်ပေါ် ချက်ချင်းပင် သူ့အစ်ကိုကို ချွေးသိပ်လိုက်သည်။

" အိုကေ အိုကေ ... ကျွန်တော်အခုပဲ ပြန်လာပါ့မယ် ... ဒါပေမဲ့ တစ်နာရီတည်းနဲ့တော့ မရဘူး ကျွန်တော်က အခုမြို့ပြင်မှာ ... လေယာဉ်စီးဖို့ တစ်‌နာရီကျော်ကြာဦးမယ် ..."

ဝမ်စု နာရီကိုကြည့်လိုက်သည်။
" အခု ဆယ်နာရီနော် ... နေ့ခင်း နှစ်နာရီမတိုင်ခင် မင်းကိုအိမ်မှာမတွေ့ရရင် အိမ်ကိုပြန်လာစရာမလိုတော့ဘူး ..."

ဝမ်စု ပြောပြီးသည်နှင့် ဖုန်းချလိုက်သည်။

ဘေးတွင်ရပ်နေသော လက်ထောက်က သူ့ကိုတီးတိုးပြောလိုက်သည်။
" ဖျင်ရှန့်လုပ်ငန်းစုက တာဝန်ရှိသူတစ်ယောက်က ကျွန်တော့်ကို ဆက်သွယ်ပါတယ် ... ဒီတစ်ကြိမ် မစ္စတာစစ်တို့နဲ့ စာချုပ်လက်မှတ်ထိုးမှာဆိုတော့ နောက်တစ်ကြိမ်မှ ပူးပေါင်းပါတော့မယ်လို့ ပြောပါတယ် ..."

" သူပြောစရာကို မလိုတော့ဘူး ကိစ္စတွေက ရှင်းနေပြီပဲ ... စစ်ကျွင်းတောက်က ငါ့ကိုကစားသွားတာပဲ ... "

လင်းကွမ်ရွှမ်ဆိုတဲ့လူက အတော်အပြောင်းအလဲမြန်တာပဲ ... သူတို့ကို ဒီကိစ္စပြောပြဖို့ နောက်ဆုံးအချိန်ထိ စောင့်နေတယ် ...

ဝမ်စု အံကြိတ်ထားလိုက်မိသည်။ သူ၏ မကျေနပ်ချက်များအတွက် ကျန်းဇီမော့ကိုသာ အပြစ်တင်နိုင်သည်။ ဖြည်းဖြည်းချင်းစဉ်းစားလိုက်သည့်အခါ ကျန်းဇီမော့ မရှိပါက ဤကိစ္စများ ရှိလာမည်မဟုတ်ကြောင်း သိလိုက်ရသည်။
ကျန်းဇီမော့က တကယ့်အနှောက့်အယှက်ပဲ ...

သူ မတ်တပ်ရပ်ကာ လက်ထောက်ကိုပြောလိုက်သည်။
" ဒီကိစ္စကို မနက်ဖြန်မှ ပြောကြတာပေါ့ ...

ထို့နောက် ကုတ်အင်္ကျီဝတ်ပြီး ရုံးခန်းထဲမှ ထွက်သွားသည်။

ဝမ်ပေါ် အိမ်ရောက်သည့်အခါ ဝမ်စုက သူ့ကိုစောင့်နေသည်မှာ ကြာလှပြီဖြစ်သည်။

ဝမ်စု မျက်နှာမကောင်းသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါ်က ဂရုတစိုက်ဖြင့် အနားကပ်လာပြီး ခေါ်လိုက်သည်။
" အစ်ကိုကြီး ..."

" ထိုင် ..."

ဝမ်ပေါ် ‌ ကြောက်ကြောက်လန့်လန့်နှင့် ထိုင်လိုက်ရသည်။

ဝမ်စုက သူ့ကိုကြည့်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" တကယ်ဆို ငါဒီချိန် လေယာဉ်ပေါ်ရောက်နေရမှာ ..."

ဝမ်ပေါ်က သူဘာကြောင့် ဤသို့ပြောကြောင်း နားမလည်ပေ။ ထို့ကြောင့် သူ့ကိုအလိုက်သင့်မေးလိုက်သည်။
" ဒါဆို ဘာလို့ မသွားတော့တာလဲ ..."

" ပူးပေါင်းဆောင်ရွက်တဲ့ကိစ္စကြောင့် ဖျက်ခံလိုက်ရတာ ..."
ဝမ်စုက တည်ငြိမ်စွာပြောလိုက်သည်။ 

ဝမ်ပေါ်ထိတ်လန့်သွားသည်။
" ဘယ်သူက ကျွန်တော်တို့မိသားစုကို လာထိရဲတာလဲ အရှက်မဲ့လိုက်တာ ..."

" မင်းရော အရှက်မဲ့နေမှန်း ကိုယ့်ကိုကိုယ်မသိဘူး ... "
ဝမ်စုက အံ့ဩတကြီးဖြင့် ပြောလိုက်သည်။

" မင်းမှာ မျက်နှာမရှိဘူးလို့တောင် ထင်ထားတာ ..."

ဝမ်ပေါ်  "...."

ဝမ်ပေါ် မကျေမနပ်ဖြစ်သွားသည်။
"ကျွန်တော့်ကို ဘာလို့ အဲ့လိုပြောရတာလဲ ... "

" မင်းက အရှက်မဲ့တာ ဘယ်လိုကိစ္စမျိုးဆိုတာတော့ သိသားပဲ ..."
ဝမ်စု ဒေါသမထိန်းနိုင်တော့ပဲ အော်ပြောလိုက်သည်။

" ဒီ ပူးပေါင်းမှုအတွက် ငါဘယ်နှညလောက် ကောင်းကောင်းမအိပ်ခဲ့ရဲ မင်းသိလား ... အရင်နှစ်ကလည်း မင်းကြောင့် သူတို့က ငါတို့ကုမ္ပဏီနဲ့ မပူးပေါင်းတော့ပဲ ပြိုင်ဘက်ကုမ္ပဏီကို ရွေးသွားတာ ... နှစ်ဝက်တည်းနဲ့ လင်းဟယ်က ငါတို့စီးပွားရေးလုပ်ငန်းတွေကို ခိုးသွားတာ ... ငါတို့ အမြတ်ငွေတွေ တစ်နှစ်ထက်တစ်နှစ် ‌ဘယ်လောက်လျော့လာလဲ မမြင်ဘူးလား ..."

" ဟယ်ရှန့်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေပြောရတာ ငါ့ဖို့လွယ်တယ်များ ထင်နေလား ... မင်းအတွက်တော့ ကောင်းသွားတာပေါ့ ... မင်းလုပ်လိုက်သမျှ ဆုံးဖြတ်ချက်တိုင်းက ငါ့အစီအစဉ်တွေကို ဖျက်ဆီးနေတာပဲ ... အရင်နှစ်က ကိစ္စကိုတောင် မမှတ်သေးဘူးလား ... မင်း အာဟာရချို့တဲ့နေတာလည်း မဟုတ်ပဲနဲ့ ခေါင်းမသုံးနိုင်ဘူးလား ... တခြားလူတွေ မင်းကို တစ်ခုခုလုပ်ရင်ရော ငါမကူညီပဲနေလား ... အဲ့လိုပဲ မင်းက ဝမ်မင်ယီကို ပြဿနာသွားရှာတာကို စစ်ကျွင်းတောက်က လျစ်လျူရှု့ထားမယ်ထင်နေလား ..."

" စစ်ကျွင်းတောက်က ဒီတိုင်းဆိုရင်တော့ မင်းကိုဘာမှလုပ်မှာမဟုတ်ဘူး ဝမ်ဖုန်း‌က‌မင်းနောက်မှာရှိနေမှန်းသိတာကိုး ... ဝမ်ဖုန်းကိုပဲ ပြဿနာရှာမှာ ... အခုတော့ မင်းက ဝမ်မင်ယီရဲ့ဇာတ်ကောင်ကိုပါ လုပစ်လိုက်တော့ စစ်ကျွင်း‌တောက်က ငါတို့နဲ့ မပူးပေါင်းတော့ဘူးလေ ... မင်း ပျော်သွားပြီလား ကျေနပ်ပြီလား ..."

ဝမ်ပေါ် အံ့အားသင့်သွားသည်။ အခြေအနေများက ထိုသို့ဖြစ်လာမည်ဟု မထင်ခဲ့မိပေ။ သူ့စိတ်ထဲတွင် ဖျော်ဖြေရေးနယ်ပယ်နှင့် စီးပွားရေးနယ်ပယ်က သက်သက်စီဟု ထင်လိုက်မိသည်။ သူက ကျန်းဖီမော့ကို ကူညီပြီး ဝမ်မင်ယီ၏နေရာကို ယူပေးခဲ့ခြင်းက ဖျော်ဖြေရေးနယ်ပယ်၏ကိစ္စသာဖြစ်သည်။
အဲ့ဒါက စစ်ကျွင်းတောက်နဲ့ ဘာဆိုင်လို့လဲ ... သူက ကျန်းဇီမော့ကို ပျော်စေချင်ရုံပဲလေ ... အခုချိန်မှာ တခြားကိစ္စတွေကို အာရုံမစိုက်နိုင်သေးဘူး ... ဝမ်မင်ယီ မပျော်ရင် ကျန်းဇီမော့ပျော်ရမယ်လို့ပဲ ထင်ခဲ့တာ ... ဒါပေမဲ့ ဝမ်မင်ယီမပျော်တော့ စစ်ကျွင်းတောက်ကပါ သူတို့ကို မကြည်တော့ဘူးပေါ့ ...

" ဒါဆို ကျွန်တော်ဘာလုပ်သင့်လဲ ..."
ဝမ်ပေါ်စိတ်ပူသွားသည်။

" ငါတို့ ဘာလုပ်နိုင်မှာလဲ ... စစ်ကျွင်းတောက်က ဖျင်ရှန့်နဲ့ စာချုပ်တောင်ချုပ်တော့မယ် ..."

" တောင်းပန်ပါတယ် အစ်ကိုကြီး ... ကျွန်တော်အဲ့လိုဖြစ်မယ်မထင်ထားခဲ့ဘူး ..."

" အေးပေါ့ မင်းက ဘယ်ထင်ထားမှာလဲ ... မင်းခေါင်းထဲမှာ ကျန်းဇီမော့နဲ့ ပြည့်နေတာလေ ..."

" ဒီကိစ္စက ရှောင်မော့နဲ့ ဘာမှမဆိုင်ဘူးလေ ..."
ဝမ်ပေါ်က အလျင်အမြန်ရှင်းပြလိုက်သည်။

ဝမ်စုက သူ့ညီကို အံ့ဩတကြီးဖြင့်ကြည့်လိုက်သည်။
" ဘာလို့ သူနဲ့မဆိုင်ရမှာလဲ ... သူ့ကို မျက်နှာချိုသွေးဖို့ ဒီရုပ်ရှင်မှာ ရင်းနှီးထားတာမလား ...  ဒီကိစ္စက သူနဲ့မဆိုင်ရင် ဘယ်ကိစ္စက ဆိုင်ရမှာလဲ ..."

" အစ်ကိုကြီး ကျွန်တော်ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံတာ ငွေရအောင်လို့ပါ ... ရှောင်မော့နဲ့ ဘာမှမဆိုင်ဘူး သူ့ကိုအပြစ်မတင်ပါနဲ့ ..."
ဝမ်ပေါ်က ရှင်းပြနေသည်။

ဝမ်စု ခေါင်းကိုက်လာသည်ဟု ခံစားရမိပြန်သည်။ ဝမ်ပေါ်ကိုကြည့်ပြီး သူပြောလိုက်သည်။

" ငါ မင်းနဲ့ အဓိပ္ပါပယ်မရှိတာတွေ ဆက်မပြောချင်တော့ဘူး ... မင်းလုပ်ရမှာနှစ်ခုပဲရှိတယ် ... ပထမတစ်ခုက အဲ့ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံမယ်ဆို ငါမငြင်းဘူး ... ဒါပေမဲ့ ကျန်းဇီမော့ကတော့ ဒီရုပ်ရှင်မှာ ပါလို့မရဘူး ... တကယ်လို့ သူ့ဘာသာမထွက်ဘူးဆိုရင် စာရင်းအင်းဌာနကိုပြောပြီး ရင်းနှီးမြှုပ်နှံမှုကို ရပ်ခိုင်းလိုက်မယ် ... မင်း ရင်းနှီးထားသလောက် ပြန်ရရင်ကောင်းတာပေါ့ ... မရရင်တော့ မင်းကို ငါကိုယ်တိုင် သင်ခန်းစာပေးမယ် ..."

" အဲ့လိုလုပ်လို့မရဘူးလေ ... "
ဝမ်ပေါ်က သဘောမတူပေ။

" ရှောင်မော့က ခုမှရိုက်ကူးရေးစတာ နှစ်ရက်ပဲရှိသေးတာ ... အခုထွက်သွားခိုင်းရင် ရုပ်ရှင်ကို ဘယ်လိုလုပ်မလဲ ..."

"  မင်းမထွက်ခိုင်းရင် ငါကိုယ်တိုင် ဒါရိုက်တာကို ဆက်သွယ်ပြီး သူပါတဲ့အခန်းတွေကို ချက်ချင်းဖြတ်ခိုင်းမယ် ..."

" အစ်ကိုကြီး ..."
ဝမ်ပေါ်  စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

" ဘာလို့ သူ့ကိုပဲ ပစ်မှတ်ထားနေရတာလဲ ... သူနဲ့ဘာမှမဆိုင်ပါဘူးဆိုမှ ... သူက သရုပ်ဆောင်ချင်ရုံလေးပါ ကျွန်တော်ကိုယ်တိုင် သူ့ကိုလုပ်ခိုင်းခဲ့တာ ... ခုမှ မလုပ်နဲ့တော့လို့သွားပြောရင် ကျွန်တော်ဘာဖြစ်သွားမလဲ ..."

" မင်း ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ... ဒါပေမဲ့ သူကတော့ ဒီကားမှာပါလို့မရဘူး ...  ဒီကိစ္စတစ်ခုတည်းမဟုတ်ဘူး မင်းနဲ့ ပတ်သက်မှုတွေကိုရောပေါ့ ... ငါပြောမယ့် ဒုတိယတစ်ခုက ဒီနေ့ကစပြီး ကျန်းဇီမော့နဲ့ အဆက်အသွယ်ဖြတ်ပါ ... မင်းသဘောမတူရင် ဝမ်အိမ်ကထွက်သွားပြီး မိသားစုနဲ့အဆက်ဖြတ်လိုက် ..."

ဝမ်ပေါ် အံ့ဩသွားပြီး ဒေါသတကြီးဖြင့် ပြောတော့သည်။
" အစ်ကိုကြီးက ဘာအရည်အချင်းရှိလို့ အဲ့လိုလုပ်ရတာလဲ ..."

" ဒါဆိုရင်လည်း ငါအရည်အချင်းရှိမရှိ ကြည့်လိုက်ပေါ့ ..."

ဝမ်ပေါ် လက်သီးတင်းတင်းဆုပ်ပြီး ဒေါသတကြီးဖြစ်လာသည်။
" ကျွန်တော်သဘောမတူဘူး ..."

" မင်း သဘောတူတူ မတူတူ ပြဿနာမရှိဘူး ... ကျန်းဇီမော့နဲ့ လမ်းမခွဲဘူးဆိုရင် မိသားစုနဲ့အဆက်ဖြတ်မယ်လို့ ဆိုလိုတာပဲ ... မင်းရဲ့ အလုပ်၊ ပိုက်ဆံ၊ ကား ၊ အိမ် အဲ့ဒါတွေအကုန် မင်းနဲ့မသက်ဆိုင်တော့ဘူး ... တခြားလုပ်ငန်းကြီးတွေကို ကြိုဆက်သွယ်ထားပြီး မင်းကို မခန့်ဖို့ပြောထားမယ် ... မင်းအလုပ်သွားလျှောက်ရင်တောင် သူတို့က မင်းကိုလက်ခံမှာမဟုတ်ဘူး ... ကိုယ့်ဘာသာ လုပ်ငန်းတစ်ခု စလုပ် မဟုတ်ရင် လုပ်ငန်းငယ်လေးတွေမှာပဲ အလုပ်လုပ်လို့ရမယ် ... အဲ့ဒါဆိုရင် မင်းရဲ့ကျန်းဇီမော့က မင်းကို အခုလိုကောင်းကောင်းဆက်ဆံဦးမလား ကြည့်သေးတာပေါ့ ..."

ဝမ်ပေါ် လက်သီးတင်းတင်းဆုပ်ထားသဖြင့် နဖူးတွင်ပင် သွေးကြောစိမ်းများထောင်လာသည်။

" မိသားစုနဲ့ အဆက်ဖြတ်မယ်ဆို ရုပ်ရှပ်အတွက် ရင်းနှီးမြှုပ်နှံထားတာလည်း သူ့အလိုလိုပျက်သွားမှာပဲ ... အဲ့အခါကျ ငါကိုယ်တိုင် ရိုက်ကူးရေးအဖွဲ့ကို ကျန်းဇီမော့ကို ထုတ်ဖို့ပြောလိုက်မယ် ... မင်း ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ဘယ်ဟာကို ရွေးရွေး ကျန်းဇီမော့က ဒီဇာတ်လမ်းကို ဘယ်တော့မှ ရိုက်လို့ မရတော့ဘူး ..."

ဝမ်စု တည်ငြိမ်စွာပြောလိုက်သည်။

" ဘာလို့ ဒီလိုလုပ်ရတာလဲ ..."
ဝမ်ပေါ် နားမလည်နိုင်ပေ။ သူက ဝမ်စုကို ဒေါသနှင့် အရှက်တရားများပြည့်နေသော မျက်လုံးများဖြင့် ကြည့်နေသည်။

" စစ်ကျွင်းတောက်က ဝမ်မင်ယီရဲ့ အစ်ကိုရင်းမဟုတ်တာတောင်မှ ဝမ်မင်ယီကိုကူညီတယ် ... အစ်ကိုကြီးက ကျွန်တော့်အစ်ကိုအရင်းဖြစ်ရဲ့သားနဲ့ ဘာလို့ ဒီလိုလုပ်ရတာလဲ ... ကျွန်တော့်ကို ကူညီပြီး ဘာလုပ်လုပ် ထောက်ပံ့ပေးသင့်တာမလား ..."

" မင်း အစ်ကိုဖြစ်လို့ကို ငါလုပ်သင့်တာတွေ လုပ်နေရတာ ..."

ဝမ်စုကလည်း စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်ဖြေသည်။

" မင်းသာ ငါ့ညီမဟုတ်ရင် သတ်ပစ်လိုက်တာကြာပြီ ... ငါ့ညီဖြစ်နေလို့ကို ဒီလို မျက်စိကန်းနေတာကို မမြင်ရက်နိုင်တာ ... မင်း ကျန်းဇီမော့အတွက် တစ်ခုခုလုပ်ပေးတိုင်း ဖြစ်ခဲ့တဲ့ အကျိုးဆက်တွေကို မြင်တာပဲ ... ဒီတစ်ကြိမ် ငါတို့ပိုက်ဆံတွေ ဆုံးရှုံးရမှာ ... ဝမ်မိသားစု ဒေဝါလီခံရမှ ကျေနပ်မှာလား ..."

" ဒါဆိုလည်း ကျွန်တော့်လွတ်လပ်ခွင့်ကို မပိတ်ပင်နဲ့လေ ..."

" မင်းကို ငါ ရွေးချယ်စရာ ပေးထားတယ်လေ ..."
ဝမ်စုက သူ့ကိုကြည့်လိုက်သည်။

" မင်း ငါ့ကို ဘာမှလာပြောမနေပဲ ကိုယ့်လမ်းကိုယ်ရွေးလို့ရတယ် ... မနက်၇နာရီ ငါအိပ်ရာနိုးလာလို့ မင်းကိုအိမ်မှာတွေ့ရင် မင်းက မိသားစုကိုရွေးချယ်ပြီး ကျန်းဇီမော့နဲ့ အဆက်ဖြတ်လိုက်တာပဲ ... အိမ်မှာ မရှိရင်တော့ ကျန်းဇီမော့ကို ရွေးတာပေါ့လေ ... ဘယ်တစ်ခုကိုမှ မဆုံးဖြတ်နိုင်ရင်လည်း ကျန်းဇီမော့ကိုရွေးတယ်လို့ သဘောထားလိုက်မယ် ..."

ဝမ်စု မတ်တပ်ရပ်ကာ သူ့ကို အေးစက်စွာကြည့်နေသည်။
" မင်းအဖြေကို ငါစောင့်နေမယ် ..."

ပြောပြီးသည့်နောက် ဧည့်ခန်းထဲမှ ထွက်သွားသည်။

ဝမ်ပေါ်က သူ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။ သူ့မျက်စိရှေ့မှ အရာအားလုံးကို အမှန်တရားဖြစ်ကြောင်း မယုံကြည်နိုင်သေးပေ။

သူ့အခန်းကို တိတ်ဆိတ်စွာပြန်လာပြီးနောက် အချိန်အတန်ကြာတွေးနေပြီးနောက် ကျန်းဇီမော့ကို ဖုန်းဆက်လိုက်သည်။

ဝမ်ပေါ် ဖုန်းဆက်သည့်အချိန်တွင် ကျန်းဇီမော့က သူပြောရမည့်စာသားများကို အလွတ်ကျက်နေချိန်ဖြစ်သည်။ ဖုန်းသံကြား၍ ကိုင်လိုက်သောအခါ ဝမ်ပေါ်ပြောလိုက်သည်က –
" ရှောင်မော့ ကိုယ်မင်းကိုပြောစရာရှိတယ် ... ဝမ်းမနည်းနဲ့နော် ..."

" ဘာဖြစ်လို့လဲ ..."
ကျန်းဇီမော့က ပဟေဠိဖြစ်သွားသည်။

ဝမ်ပေါ် ကူကယ်ရာမဲ့ဖြစ်နေပြီး ခက်ခက်ခဲခဲဖြင့် ပြောလိုက်ရသည်။
" မင်း ဒီရုပ်ရှင်မှာပါဖို့ မဖြစ်နိုင်တော့ဘူးထင်တယ် ..."

ကျန်းဇီမော့ အံ့အားသင့်သွားသည်။

ဝမ်ပေါ်က ဆက်ပြောလိုက်သည်။
" ကိုယ့်မိသားစုနဲ့ အဆက်အသွယ်ဖြတ်တော့မယ် ... အနာဂတ်မှာ ကိုယ့်မိသားစုရဲ့ငွေတွေက ကိုယ့်ငွေတွေ မဟုတ်တော့ဘူး ... အဲ့တော့ မင်းဇာတ်လမ်းဆက်ရိုက်ဖို့ မဖြစ်နိုင်တော့ဘူး ..."

ကျန်းဇီမော့ နားမလည်နိုင်ဖြစ်သွားသည်။ သူသည်လည်း တစ်ချိန်လုံး ရုပ်ရှင်ရိုက်မနေချင်ပေ။ ဤရုပ်ရှင်ကို အဆုံးသတ်ရန်သာလိုသည်။
ဘာလို့ မဖြစ်နိုင်ရတာလဲ...

ဝမ်ပေါ်က သူ့ကို အချိန်အတော်ကြာသည်အထိရှင်းပြသော်လည်း သူလက်မခံနိုင်ပေ။ ဝမ်ပေါ်က ဝမ်စု၏ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်သည့်အတွက် ကျန်းဇီမော့ကို ချန်ထားခဲ့ရတော့သည်။

နောက်တစ်နေ့မနက် ဝမ်စု မနက်စာစားနေစဉ် ဝမ်ပေါ်က လှေကားပေါ်မှဆင်းလာပြီး သူ့ကို အေးအေးဆေးဆေးပင် ကြည့်နေသည်။

ဝမ်စုက လှမ်းမေးလိုက်သည်။
" မင်းရဲ့ အဖြေက ဘာလဲ ..."

" ကျွန်တော် ရှောင်မော့ကို မစွန့်လွှတ်နိုင်ဘူး ..."
ဝမ်ပေါ်က ပြောလိုက်သည်။

ဝမ်စု ခေါင်းငြိမ့်ပြကာ ပြောလိုက်သည်။
" ကောင်းပြီလေ ဒါဆိုလည်း သွားနိုင်ပြီ ..."

ဝမ်ပေါ်က အဝတ်အစားများထည့်ကာ အိမ်ကထွက်သွားရန်ပြင်နေသည်။ သူ ကားမောင်းထွက်သွားမည့်အချိန်တွင် အိမ်ဖော်တစ်ယောက်က တားမြစ်လိုက်သည်။
" ဒုတိယသခင်လေး ... သခင်လေးက ကားမယူသွားနဲ့လို့ ပြောလိုက်ပါတယ် ..."

" ငါဒီကားကို ငါ့ပိုက်ဆံနဲ့ငါ ဝယ်ထားတာလေ ..."
ဝမ်ပေါ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။

" သနားစရာပဲ ...မင်းမှာအခု ပိုက်ဆံမရှိတော့ဘူးလေ ..."

ဝမ်စုက အိမ်ထဲမှထွက်လာပြီး သူ့ကိုကြည့်ကာပြောလိုက်သည်။

ဝမ်ပေါ် မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
" ဒီလောက်အထိ လုပ်မှဖြစ်မှာလား ..."

ဝမ်စုက ရယ်လိုက်သည်။
" မင်းရဲ့ ရှောင်မော့ကို ခုချိန်သွားရှာလိုက်လို့ မင်းမှာ ဘာမှမရှိတော့တာသိရင် မင်းကိုလက်ခံမယ်တဲ့လား ...."

" ရှောင်မော့က အစ်ကို့လိုမျိုးဂုဏ်မောက်မနေဘူး ... အစ်ကိုကမှ ဒုံးဝေးပြီး စက်ဆုပ်စရာကောင်းတဲ့လူ ... ကျွန်တော့်မှာ ဘာလို့ ဒီလိုအစ်ကိုမျိုး ရှိရတာလဲ ..."

ဝမ်စုက သရော်လိုက်သည်။
" ငါလည်း မင်းလိုမျိုး ညီတစ်ယောက် ဘာလို့ရှိပါလိမ့်လို့ တွေးနေတာ ..."

ဝမ်စုက ကုမ္ပဏီသို့ ကားဖြင့်သွားသည်။

ဝမ်ပေါ်က ခရီးဆောင်အိတ်ကိုဆွဲကာ အိမ်မှထွက်သွားသည်။ သူဟိုတယ်တွင်တည်းချင်သော်လည့် သူ့ဘဏ်ကတ်ကိုပိတ်ထား၍ ငွေသားဖြင့်သာ ရှင်းလိုက်ရသည်။ သူ၏ mobile paymentကို ကြည့်လိုက်သောအခါ ငွေက များများစားစား မကျန်တော့ပေ။ ဝမ်ပေါ် စိတ်မချမ်းမသာဖြစ်ပြီး အတွေးထဲနစ်မျောနေကာ ကျန်းဇီမော့ကိုသွားရှာရန်သာ တွေးနေမိသည်။ဟိုတယ်ခန်းထဲတွင်ထိုင်ပြီး ခဏတာ အလေးအနက်တွေးလိုက်သည်။ ရုတ်တရက် အတွေးတစ်ခုရသွားသည်။ ဤတစ်ကြိမ်က သူတို့နှစ်ယောက်တူတူနေရန် အခွင့်အရေးကောင်းတစ်ခုပင်။ ထိုသို့တွေးပြီးနောက်  အချိန်မဖြုန်းတော့ပဲ ကျန်းဇီမော့ကို စိတ်လှုပ်ရှားစွာဖြင့် ဖုန်းခေါ်လိုက်ပြီး သူပြန်လာမည့်အချိန်ကို စောင့်နေသည်။

သို့ရာတွင် ကျန်းဇီမော့က ယခုချိန်၌ စိတ်မကြည်မလင်ဖြစ်နေသည်။ ထုတ်လုပ်သူက သူ့ဆီလာပြီးပြောသွားသည်။

" ရင်းနှီးမြှုပ်နှံသူတွေက မင်းနဲ့ မသင့်လျော်ဘူးထင်လို့ သရုပ်ဆောင် ပြောင်းချင်နေကြတယ် ..."

ကျန်းဇီမော့ တောင်းပန်သော်လည်း အကူအညီမဖြစ်ပေ။

ရုပ်ရှင်က မကြာမီကမှ စတင်ရိုက်ကူးထားသော်လည်း ကျန်းဇီမော့ပါသည့်အပိုင်းက များများစားစားမရှိသဖြင့် လူပြောင်းလဲ ရိုက်ကူးရခြင်းက ရိုက်ကူးရေးအဖွဲ့အတွက် ငွေကုန်ကျမှု မများပေ။ သရုပ်ဆောင်အသစ်တစ်ယောက်ကိုသာ ပြောင်းလိုက်ရုံဖြစ်သည်။

လူအားလုံးက ဝမ်မင်ယီ့ကို နှစ်သက်ကြသည်ကို ထုတ်လုပ်သူကလည်းသိသည်။ ထို့အပြင် ဒါရိုက်တာနှင့် ခန်းကျယ်ကလည်း သူနှင့်သဘောတူသဖြင့် ဝမ်မင်ယီ့ကို ပြန်လည်ဖိတ်ခေါ်ရန် တွေးထားကြသည်။

ဒါရိုက်တာက အနည်းငယ်စိုးရိမ်နေပုံရသည်။
" ဝမ်မင်ယီက သဘောမကျရင်ရော ..."

" သူ အရင်‌ကတော့ ဒါကိုရိုက်ချင်ခဲ့တာလေ ... အခုမှ စိတ်တိုင်းမကျ ဖြစ်ပါ့မလား ..."

ဒါရိုက်တာက ထိုသို့တွေးပြီးနောက် ဝမ်မင်ယီကို ဖုန်းခေါ်လိုက်သည်။

သတင်းများကြားသည့်အခါ ဝမ်မင်ယီက မထိန်းနိုင်ပဲ  အော်ရယ်မိမတတ်ဖြစ်သွားသည်။
" ဒါဆို ကျန်းဇီမော့ကရော ခင်ဗျားတို့အားလုံး သူ့ကိုရွေးထားကြတာလေ ..."

"သူနဲ့က အဆင်မပြေပါဘူး ... ငါတို့အားလုံး မင်းက ပိုသင့်တော်တယ်လို့ တွေးနေကြတုန်းပါပဲ ..."
ဒါရိုက်တာက ပြောလိုက်သည်။

ဝမ်မင်ယီက အပြုံးဖြင့်သာပြောလိုက်သည်။
" ကံမကောင်းစွာနဲ့ပဲ ကျွန်တော်ကတော့ သင့်တော်တယ်လို့ မထင်တော့ဘူး ..."

သူဆိုဖာပေါ်တွက် ထိုင်ကာ ဖရဲသီးစားနေလျက် ပြောလိုက်သည်။

" စိတ်မကောင်းပါဘူး လီတောက် ...  ခင်ဗျားတို့ ရိုက်ကူးရေးအဖွဲ့ ဘာလုပ်လုပ် ကျွန်တော်နဲ့မဆိုင်တော့ဘူး ... ကျွန်တော် မပါတော့ပါဘူး ... မပါချင်တော့တာဆို ပိုမှန်မယ် ... တခြားလူကို ရွေးလိုက်ကြပါ ..."

ဒါရိုက်တာသည်လည်း ထိုသို့ဖြစ်လိမ့်မည်ဟု ခန့်မှန်းထားခဲ့သည်။ ယခုအခါတွင် ဝမ်မင်ယီကလည်း ငြင်းဆိုလိုက်ပြီဖြစ်၍ သူထပ်မံ မဖျောင်းဖျတော့ပဲ တောင်းပန်ရုံသာ တတ်နိုင်တော့သည်။

သို့သော် ထုတ်ဝေသူက မကျေမနပ်ဖြင့် ပြောလိုက်သည်။

" သူ့ကိုယ်သူ ဘာမှတ်နေတာလဲ ... အရမ်းနာမည်ကြီးတဲ့လူလို့များထင်နေလား ... သူဘယ်လို ရုပ်ရှင်ကောင်းမျိုး ရိုက်ရဦးမလဲဆိုတာ စောင့်ကြည့်လိုက်ဦးမယ် ..."

ဒါရိုက်တာက သူ့ကိုကြည့်ကာ ပြောလိုက်သည်။

" ပါးစပ်ပိတ်ထားလိုက်တော့ ... ဒီကိစ္စတွေကို မင်းပဲ ဖန်တီးခဲ့တာ ... အစတုန်းက ဝမ်မင်ယီလို့ပဲ တရားဝင်‌ ကြေညာခဲ့ရင် ဒီလိုကိစ္စတွေရှိလာမှာ မဟုတ်ဘူး ..."

Continue Reading

You'll Also Like

56.2K 4.2K 186
စွယ်စုံကျမ်း အရှင်သခင် ( လင်းဖန် ) ဇာတ်လမ်း အကျဥ်းချုပ် ငါ လင်းဖန် ဟာ အရမ်း အစွမ်းထက်တဲ့ စွယ်စုံကျမ်းကြီး ကြောင့် နေရာတိုင်းမှာ သူမတူအောင် ကျွမ်းကျင...
581K 92.5K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
95K 16.3K 62
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
51K 8.1K 35
Author: 檀幽筑梦 Alternative Names: 神级赌石师 (星际) Buy the Raws (Chinese Version): http://www.jjwxc.net/onebook.php?novelid=5272569 Type: Web Novel (CN) Gen...