ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အ...

Af Azure5549

115K 15.8K 176

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... Mere

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114 ( end )
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra 10
Hello
IQ team က အသစ်ထပ်ပြန်တဲ့ bl ကောင်းလေးတစ်ပုဒ်ကို ညွှန်းချင်လို့ပါ

51

891 131 1
Af Azure5549

Chapter 51

(နာမည်လေးနည်းနည်းပြောင်းထားပါတယ်  ရှေ့မှာလည်းသွားပြင်ပြီးပါပြီ..သည်းခံဖတ်ပေးကြပါဦး အမှားတွေ့ခဲ့ရင်လည်းပြောကြပါဦးနော် 😘)

ခန်းကျယ်က သူ့အဖွဲ့မှ လက်ထောက်နှင့်အတူ သူ့ရှေ့မှ ဖြတ်၍ ဓာတ်လှေကားထဲဝင်သွားသည်။

ချန်လုက အခန်းကတ်ကိုယူရန်အတွက် ဧည့်ကြိုစားပွဲသို့သွားလိုက်သည်။ အကြောင်းအရင်းမှာ ဝန်ထမ်းများအားလုံးက ဟိုတယ်လ်တစ်ခုလုံးအပြည့်ဖြစ်နေပြီး အခန်းအတွက်ကြိုတင်စာရင်းသွင်းသောအချိန်တွင် ချန်လုပေးသည့်အချက်အလက်အရ ဝန်ထမ်းများက အခန်းသုံးခန်းသာ သီးသန့်ယူထားကာ စစ်ကျွင်းတောက်အတွက်မူကား စာရင်းမသွင်းထားခဲ့ခြင်းကြောင့်ပင်။

ချန်လုက သူမ၏အခန်းကတ်ကို စစ်ကျွင်းတောက်ထံပေးကာဆိုလိုက်သည်။

"ကျွန်မ နောက်တစ်ခန်းယူလိုက်မယ်"

သို့သော် စစ်ကျွင်းတောက်က ဖြတ်ပြောလိုက်သည်။

"အလုပ်ရှုပ်မခံပါနဲ့ ၊ ငါ မင်မင်နဲ့ နေလိုက်မယ်..."

ချန်လု : .....

နေလို့ရပေမယ့် ထုတ်ပြောစရာမလိုပါဘူးနော်

"ဟိုတယ်လ်မှာ အခန်းလွတ်တွေ ရှိနေသေးတယ်"

ချန်လုက ညင်သာစွာပြောလိုက်သည်။

"အခန်းကို မင်မင်နဲ့မျှပြီး နေစရာမလိုပါဘူး..."

"ကျွန်တော်ကတော့ အဆင်ပြေပါတယ်၊ ဒီလိုပဲထားလိုက်ပါ..."

ဝမ်မင်ယီက စစ်ကျွင်းတောက်ရဲ့အကြောင်းကို ကောင်းကောင်းသိသည်။ ချန်လုက သူ့အတွက် အခန်းယူပေးထားရင်တောင် သူက သူနှင့်တစ်ခန်းထဲနေဦးမှာပင်။ ဒါကြောင့် တကယ်ကိုမလိုအပ်ပေ။

"ညနေကျရင်  ပြောစရာလေးတွေရှိနေသေးတယ်၊ ဒီတော့ အလုပ်ရှုပ်မခံပါနဲ့ "

ထိုအချင်းအရာကိုကြည့်ပြီးနောက် ချန်လုအနေနှင့် လက်ခံရုံသာရှိတော့သည်။ သို့ပေမယ့် သူမအနေဖြင့် ထူးဆန်းသလို ခံစားရဆဲပင်။
သူတို့က အရမ်းရင်းနှီးလွန်းနေတာမဟုတ်ဘူးလား။
အပြင်ထွက်တိုင်း သူတို့က အမြဲအခန်းတစ်ခုတည်းကိုသာ အတူတူသုံးကြသည်။သူမအနေနှင့် တစ်ခုခုမှားနေသလို အမြဲခံစားရ၏။

သူတို့ဓာတ်လှေကားရှေ့ရောက်ပြီး ဓာတ်လှေကားဆင်းလာတာကိုစောင့်နေချိန်တွင် ချန်လုက ဝင်မင်ယီကို ကောင်းကျယ်နှင့် ယွီရွှမ်ဝမ်တို့၏ တားမြစ်ချက်များကိုပြောပြပြီး မချိုးဖောက်မိစေဖို့ သတိပေး၏။

ဝမ်မင်ယီက ခေါင်းညိတ်ကာဆိုလိုက်သည်။

"စိတ်မပူပါနဲ့"

နေ့လည်စာစားပြီးနောက် ယွီရွှမ်ဝမ်က အစည်းအဝေးလုပ်ရန်အတွက် အားလုံးကို ဟိုတယ်လ်၏အစည်းအဝေးခန်းထဲသို့ ခေါ်လိုက်ပြီး နောက်တစ်နေ့မှာ ရွာထဲသို့ဝင်မည့်အကြောင်း အသိပေးခဲ့သည်။

"ဟိုမှာ အချက်ပြလိုင်းသိပ်မကောင်းဘူး၊ တစ်ခါတစ်လေ ဖုန်းတွေမှာ အချက်ပြလုံးဝမရှိတတ်ဘူး၊ ဒီတော့ ထွက်မသွားခင် မင်းတို့လိုအပ်တာတွေကို ငါ့ကိုပြောပါ၊ မင်းတို့ စားစရာသောက်စရာတွေ ဝယ်လာလို့ရတယ်၊ ပြီးတော့ တောင်ပေါ်ရွာလေးတွေက အတော်ဆင်းရဲကြတယ်၊ မင်းတို့ကအများကြီး စားနိုင်ကြတယ်၊ အဲလိုလုပ်လို့မဖြစ်ဘူးနော်"

ယွီရွှမ်ဝမ်က အများကြီးပြောပြီးနောက် နောက်ဆုံးစကားကိုပြောလိုက်သည်။

"ဒါနဲ့ ခန်းကျယ်၊ မင်းနဲ့ရှောင်ဝမ်က တစ်ယောက်နဲ့တစ်ယောက် သိအောင်လုပ်၊ ဒီကြော်ငြာမှာ မင်းက သူ့ဆရာအဖြစ် နေရမှာ"

ထိုစကားကိုကြားသည့်အခါ ခန်းကျယ်က ခေါင်းကိုမော့ကာ ဝမ်မင်ယီကို ကြည့်လိုက်သည်။

ဝမ်မင်ယီက သူ့ကိုပြုံးပြလာသောကြောင့် သူကလည်း ပြန်ပြုံးပြလိုက်သည်။

"ဒါက ကြော်ငြာအတွက်ဇာတ်ညွှန်းပဲ၊ မင်းတို့ပြန်သွားပြီး ကြည့်ကြည့်ကြ၊ တစ်ပတ်အတွင်း ရှုတင်ကို အပြီးရိုက်မယ်"

ဝမ်မင်ယီ ဇာတ်ညွှန်းကိုယူကာ ကြည့်လိုက်သည်။ ထိုအရာက တကယ်ကို ရိုးရှင်းသော ပြည့်သူဝန်ဆောင်မှုကြော်ငြာပင်။

ဝမ်ချန်၏မိဘများက ကလေးဖြစ်သူကိုချန်ထားပြီး အလုပ်လုပ်ဖို့ ထွက်သွားခဲ့ကြသည်။ သူနှင့်သူ၏အဖွားက ငယ်စဉ်ကတည်းက တစ်ယောက်ကိုတစ်ယောက် မှီခိုကာ အတူနေထိုင်ကြရသည်။ သူက ရွာကျောင်းမှာသာ ပညာသင်ကြားခဲ့တာဖြစ်၏။ ဆရာတွေက ဆင်းရဲသောတောင်ပေါ်ရွာလေးကို စွန့်ခွာကာ တစ်ယောက်ပြီးတစ်ယောက် မြို့ပြများဆီ ပြောင်းသွားကြသည်။ ဝမ်ချန်သည်လည်း အိမ်ပြန်ပြီး သူ့အဖွားနှင့်အတူ လယ်လုပ်ခဲ့သည်။

ဒါကလည်း ရွာလူကြီးက ဆရာအသစ်တစ်ယောက် ရောက်လာပြီဖြစ်ပြီး ကလေးတွေအားလုံးကို ရွာကျောင်းရှိစာသင်ခန်းမှာ စုဖို့လာပြောတဲ့ နေ့အထိမျှသာ။

ဒါပေမယ့် ဝမ်ချန်က မသွားခဲ့ပါ။ ထိုဆရာကလည်း ရောက်လာပြီး ပြန်သွားဦးမှာပဲလို့ ခံစားခဲ့ရပြီး သူလည်း သူသင်ခဲ့ရသမျှကို မေ့သွားမှာပင်။ ဒါကြောင့် စာလေ့လာနေဖို့က မလိုအပ်တော့ချေ။

သို့ပေမယ့် ဆရာက သူ့ကိုရှာပြီး ပြောခဲ့သည်။

"စာသင်ကြားတာကလည်း လယ်စိုက်သလိုပဲ၊ မြေဧကဘယ်လောက်ပဲရှိရှိ၊ သီးနှံဘယ်လောက်ပဲရှိရှိ၊ လုံးဝမစိုက်တာထက်တော့ နည်းနည်းဖြစ်ဖြစ် စိုက်တာက ပိုကောင်းတယ်လေ"

ဝမ်ချန်တစ်ယောက် သူ့အဖွားနှင့်ဆရာဆီက နောက်တစ်ကြိမ် ပြန်အဆွဲဆောင်ခံရပြီးနောက် ကျောင်းကိုသွားရပြန်၏။

တစ်နှစ်၊ နှစ်နှစ်၊ နှစ်ပေါင်းများစွာကြာပြီးနောက် လူတွေအပြည့်ရှိနေခဲ့ဖူးသော စာသင်ခန်းလေးက လူတွေတဖြည်းဖြည်း လျော့လာသည်။ ဝမ်ချန်က သူ့ဆရာရဲ့ အကူအညီနှင့်အတူ ခရိုင်အထက်တန်းကျောင်းမှာ စာလေ့လာဖို့သွားရမယ့် ရွာရှိတစ်ဦးတည်းသော ကျောင်းသားဖြစ်လာသည်။

နှစ်စဉ်နှစ်တိုင်း နွေရာသီနှင့် ဆောင်းရာသီအားလပ်ရက်တွေမှာ သူပြန်လာတိုင်း သူ့ဆရာက ရွာရှိ စာသင်ခန်းကျဉ်းလေး၌ တပည့်အသစ်များကို စာသင်ပေးနေတာကို တွေ့ခဲ့ရပြီး စာသင်ခန်းထဲတွင် လူဦးရေ လျော့သထက်လျော့နည်းလာတာကို မြင်ခဲ့ရသည်။
အရွယ်ရောက်လာတော့ ဝမ်ချန် သူ့ဆရာကိုမေးလိုက်သည်။

"ဆရာ ပြန်မသွားတော့ဘူးလား၊ ဒီမှာပဲ တစ်ချိန်လုံးနေတော့မှာလား"

ဆရာက ပြန်ဖြေခဲ့သည်။

"တစ်ယောက်ယောက်က ငါ့နေရာကို အစားထိုးယူနိုင်ပြီဆိုတာနဲ့ ငါထွက်သွားမှာပါ"

သို့ပေမယ့် လအနည်းငယ် ကြာပြီးသည်အထိ သူ့နေရာအတွက် အစားထိုးဖို့ ချန်လှပ်ထားခံခဲ့ရသည်။ တောင်ပေါ်ရွာလေးရဲ့ ပတ်ဝန်းကျင်အခြေအနေက ဆိုးရွားလွန်းသဖြင့် ဘယ်သူကမှ တစ်ချိန်လုံး ထိုနေရာ၌ မနေလိုချေ။

ဝမ်ချန် သူ့ဆရာကိုကြည့်လိုက်ပြီးနောက် သူ့နှလုံးသားထဲ၌ အတွေးတစ်ခု ရှိလာခဲ့သည်။

ဇွန်လတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးဆုံးပြီးနောက် ဝမ်ချန်သည် သာမန်တက္ကသိုလ်တစ်ခုမှ ဝင်ခွင့်အကြောင်းကြားစာကို ရရှိခဲ့သည်။ သူ့မိဘများကလည်း သူ့ကိုဂုဏ်ပြုရန်အတွက် တောင်ပေါ်ရွာလေးကို ပျော်ရွှင်စွာ ပြန်လာခဲ့ကြသည်။ ဆရာကလည်း သူ့ကို ဘောပင်န်တစ်ချောင်းပေးခဲ့ပြီး သူစာကောင်းကောင်းလေ့လာဖို့ မျှော်လင့်ခဲ့၏။

ညနေခင်းတစ်ခုတွင် ဝမ်ချန် သူ့ဆရာကို ပြောလိုက်သည်။ သူ ဘွဲ့ရပြီးလျှင် သူ၏အလုပ်တာဝန်ကို ထမ်းဆောင်မှာဖြစ်၍ သူ့အနေဖြင့် ထွက်သွားနိုင်ပြီဆိုသည့်အကြောင်းပင်။

သို့ပေမယ့် ဆရာက သူကငယ်ရွယ်ပြီး ပိုကောင်းတဲ့ အနာဂတ်လည်းရှိတာကြောင့် သူ့နေရာမှာ အစားထိုးဖို့မလိုအပ်ကြောင်း ပြန်ပြောခဲ့၏။သို့သော်လည်း ဝမ်ချန်က သူ့စိတ်ကို ဆုံးဖြတ်ပြီးနေပြီဖြစ်သည်။ လေးနှစ်ကြာပြီးနောက် နွေရာသီတွင် သူ့ဇာတိကိုပြန်လာခဲ့ကာ တံခါးအပြင်ဘက်၌ရပ်လျက် ရွာကို ဆယ်နှစ်ကျော် ထူးထူးခြားခြား အကျိုးပြုခဲ့သောယောက်ျားကို ကြည့်နေခဲ့သည်။

သူကစင်ပေါ်တက်ပြီး ဆရာ့ထံမှ စာအုပ်ကိုယူကာ ဆိုလိုက်သည်။

"နောက်ဆို ဒီကိစ္စတွေကို ကျွန်တော်နဲ့ လွှဲထားခဲ့ပါ"

ဆရာ ထွက်သွားခဲ့ပြီ။

သူ နောက်ဆုံးတော့ ထွက်သွားခဲ့ပြီဖြစ်သည်။

သူက သူ့အချစ်ဆုံးတပည့်ဖြစ်သူထံ သင်ထောက်ကူပစ္စည်းတွေကို လွှဲပြောင်းပေးကာ ဝန်ထုတ်ဝန်ပိုးများကို လွှတ်ချပြီး ရွာမှထွက်သွားတော့သည်။ လူတွေအများကြီးက သူ့ကို လာနှုတ်ဆက်ကြ၏။ သူ့ကိုသဘောကျနေတဲ့မိန်းကလေးတွေကလည်း နောက်ဆုံးအနေဖြင့် တိတ်တိတ်လေး လာကြည့်ခဲ့ကြသည်။

သူက အားလုံးကိုနှုတ်ဆက်ပြီး ရွာငယ်လေးမှ ထွက်သွားတော့သည်။

ဝမ်ချန်က သူ့နောက်ကျောက်ကိုကြည့်ကာ တိတ်တဆိတ် ပြုံးလိုက်သည်။

ကြော်ငြာ၏အဆုံးတွင် နိဂုံးချူပ်းစာတစ်ခု ရေးထိုးထားသည်။

[တစ်ခုတစ်ခုအတွက် မိမိကိုယ်ကို အနစ်နာခံလိုစိတ်ရှိသူတိုင်းကို ထာဝစဉ် လေးစားလျက်ပါ၊ ပညာပေးမှာ စွန့်လွှတ်အနစ်နာခံမှုအတွက် ကျေးဇူးတင်ရန်နှင့် ထိုအရာကို အမွေဆက်ခံဖို့ပင်ဖြစ်သည်]

ဝမ်မင်ယီ ထိုဇာတ်ညွှန်းကိုကြည့်ပြီးနောက် ခံစားချက်အချို့ကို  ရလိုက်သည်။ သူ့ကိုယ်သူ မေးခွန်းထုတ်ပြီးနောက် သူ့အနေနှင့် အခြားလူတွေအတွက် ၁၀နှစ်ကျော် သူ့ဘဝကိုရင်းပြီး စွန့်လွှတ်အနစ်နာခံဖို့ရာ မဖြစ်နိုင်တာကို နားလည်လိုက်သည်။ ဒါကြောင့် ထိုသို့လုပ်နိုင်သူများက တကယ်ကို လေးစားထိုက်သူ၊ ချီးမွမ်းထိုက်သူများပင်။

လူတိုင်းက သူများကို ကူညီဖို့ထားဦး၊  သူတို့ကိုယ်သူတို့ ကောင်းအောင်နေဖို့တောင် ခက်ခဲနေပါပြီ။

ဒီဇာတ်ညွှန်းမှာ သူကဝမ်ချန်ဖြစ်ပြီး ခန်းကျယ်က တန်ဖိုးပြည့်ဝတဲ့နှလုံးသားနှင့် တစ်ပါးသူအတွက် သူ့ဘဝကို ဆယ်နှစ်ကျော် ရင်းနှီးမြှပ်နှံခဲ့တဲ့ဆရာဖြစ်လိမ့်မယ်ဆိုတာ မှားစရာလုံးဝမရှိပေ။

အခြားလူတွေအတွက်တော့ ဇာတ်ကွက်တွေအများကြီးမရှိတာကြောင့် ဒါရိုက်တာယွီက ဒေသခံရွာသားတွေ ဒါမှမဟုတ် သူ့အဖွဲ့သားတွေကို သုံးဖို့စီစဉ်ခဲ့သည်။

အစည်းအဝေးပြီးပြီးနောက်တွင် လူတိုင်းက သူတို့ကိုယ်ပိုင်အခန်းတွေဆီ ပြန်သွားခဲ့ကြသည်။

ဝမ်မင်ယီနစ်ယောက် မနက်ဖြန်သွားမယ့်ရွာအကြောင်းကို စစ်ကျွင်းတောက်ကို ပြောပြလို့မပြီးသေးမှီ ကြောင်ဝါလေးအဖြစ်ပြောင်းသွားသောကြောင့် စာရိုက်ကာ ပြောပြရတော့သည်။

တောင်ပေါ်ရွာလေးက အချက်ပြလိုင်းမကောင်းတာကို သိပြီးသည့်နောက်တွင် စစ်ကျွင်းတောက်တစ်ယောက် မျက်မှောင်ကြုတ်ကာဖြင့် သူနှင့်အတူ ရွာထဲအတူဝင်ဖို့ ဖိအားပေးတော့သည်။

ဝမ်မင်ယီမှာ မရဘူးဟု မပြောနိုင်သဖြင့် လက်ခံလိုက်ရတော့၏။

ရွာရှိ တောင်တန်းများမှာ မြင့်မားခြင်းမရှိကြချေ။ လူဦးရေလည်း နည်းပါးလှ၏။ လူငယ်များစွာက အလုပ်ထွက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ရွာတွင်ကျန်ခဲ့သူများမှာ သက်ကြီးပိုင်းအချို့နှင့် ကလေးသူငယ်များသာဖြစ်သည်။

ဒါရိုက်တာက ထိုနေရာကို မတိုင်မှီက အကြိမ်အနည်းငယ် လာပြီးပြီဖြစ်ပြီး ယခုမူ တရားဝင်ရိုက်ကူးရေးစပြီဖြစ်သည်။ထို့ကြောင့် လက်ထောက်နှင့် ရွာလူကြီးက အရင်က သူတို့ပြောခဲ့တဲ့အတိုင်း ထပ်မံအတည်ပြုပေးဖို့ လိုအပ်ခဲ့သည်။
အစပိုင်းတွင် ရွာလူကြီးက သူတို့ကိုမြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် သဘောတူခဲ့သည်။ ဝမ်းသာအားဖြင့် ရွာသားများက ပူးပေါင်းပေးမည့်အကြောင်းအသိပေးသည့်အတွက် ဝန်ထမ်းများအနေဖြင့် စိတ်ပူစရာမလိုတော့ချေ။

ဝမ်မင်ယီ ကောင်းကင်ကိုမော့ကြည့်မိချိန် ကောင်းကင်တစ်ခွင်က ပြာလဲ့နေသည်။ သူမြင်ဖူးသမျှ ကောင်းကင်မြင်ကွင်းတွေထဲ အပြာလွင်ဆုံးကောင်းကင်ဖြစ်မည်ထင်၏။

ရွာတွင် ပထမဆုံးနေ့ဖြစ်သဖြင့် လူတိုင်းက ရိုက်ကူးရေးအတွက် အလျင်မလိုကြချေ။ ဝန်ထမ်းတွေနှင့်သရုပ်ဆောင်တွေ နေထိုင်ဖို့စီစဉ်ရင်းသာ အလုပ်ရှုပ်နေကြ၏။
ထိုနေရာ၌ ဟိုတယ်လ်တွေမရှိသဖြင့် နယ်ခံလူများ၏အိမ်တွင်သာ နေဖို့ဖြစ်လာခဲ့သည်။ ရွာလူကြီးက သူတို့ဟာ မြို့ပေါ်မှလာသော လူချမ်းသာများဖြစ်သည်ကိုသိသဖြင့် ရွာရှိအကောင်းဆုံး မိသားစုများ၏အိမ်တွင်နေဖို့ရာ စီစဉ်ပေးခဲ့သည်။

သူ ဝမ်မင်ယီအတွက်စီစဉ်ပေးချိန်တွင် ယွီရွှမ်ဝမ်က ဘေးတွင်ရပ်နေသော စစ်ကျွင်းတောက်ကိုကြည့်ကာ  ရှုပ်ထွေးစွာ မေးလာသည်။

"သူကဘယ်သူလဲ၊ သူ့ပုံစံက လက်ထောက်နဲ့လည်းမတူပါဘူး"

"သူကတော့ ဝမ်ရဲ့အစ်ကိုလို့ပြောတာပဲ"

လက်ထောက်ကပြောသည်။

"ရှောင်ဝမ်ရဲ့အေဂျင့်ကပြောတယ်၊ သူ့အစ်ကိုကလည်း စီရင်စုကို အလုပ်ကိစ္စနဲ့ ဖြတ်သွားရမှာမလို့ ဒီကိုတစ်ချက်လာပြီးကြည့်တာတဲ့..."

ယွီရွှမ်ဝမ်က ခေါင်းတဆတ်ဆတ်ညိတ်ကာဖြင့်...

"ဟုတ်တယ်၊ ရှောင်ဝမ်က အခုမှကျောင်းသားအရွယ်ပဲရှိသေးတာ၊ ဒီတော့ သူ့အစ်ကိုက ရိုက်ကူးရေးပြီးတဲ့အထိ ဒီမှာနေမှာလား..."

"မသိဘူးလေ"

လက်ထောက်က ဆက်ပြောသည်။

"ကျွန်တော်နောက်မှ ချန်လုကို မေးကြည့်လိုက်မယ်"

"မေ့လိုက်တော့ "

ယွီရွှမ်ဝမ်က ထိုအရာနှင့်ပတ်သက်ပြီး ဂရုမစိုက်ချေ။

"ဘာမှကြီးကြီးမားမားကိစ္စလည်းမဟုတ်ပါဘူး၊ သူ့ကိုလွှတ်ထားလိုက်"

ဝမ်မင်ယီနှင့် စစ်ကျွင်းတောက်က ရွာလူကြီးတူမ၏အိမ်တွင် နေကြရသည်။ သို့ပေမယ့် နှစ်သစ်ကူးချိန်ဖြစ်သည့်တိုင် မိသားစုတွင် ရွာလူကြီး၏တူမနှင့် ငါးနှစ်အရွယ်ကလေးတစ်ယောက်သာရှိသည်။

"သူ့အဖေက အလုပ်ထွက်လုပ်တယ်လေ"

အလုပ်ရှုပ်နေတဲ့အမျိုးသမီးက သူတို့ကို ဝမ်းသာအားရ နှုတ်ဆက်သည်။

"မင်းတို့ဒီအခန်းမှာ အိပ်လို့ရတယ်၊ ဒါက ငါနဲ့သူ့အဖေရဲ့အခန်းလေ"

သူမစောင်ကိုပုတ်လိုက်ရင်းပြုံးကာဆိုသည်။

"ဦးလေးက လွန်ခဲ့တဲ့၂ရက်ကတည်းက မင်းတို့လာမယ့်အကြောင်းပြောတယ်၊ ဒါကြောင့် ငါ ဒါကို အထူးအနေနဲ့ လျှော်ပြီးအခြောက်ခံခဲ့တာ၊ ဒီဟာကအတော်လေးကိုနူးညံ့တယ်"

ဝမ်မင်ယီက အသစ်မှန်းသိသာသောစောင်အသစ်ကိုကြည့်ကာ ဤရွာမှလူများမှာ အလွန်ဖော်ရွေသည်ဟု ခံစားလိုက်ရပြီး ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်သည်။

"မင်းတို့ ဗိုက်ဆာနေပြီလား"

အမျိုးသမီးက အိမ်ကိုလိုက်ပြပြီးသည်နှင့် သူမက ဖရဲစေ့နှင့် မြေပဲအချို့ကို ယူလာကာ သူတို့ကိုမေးသည်။

"စားချင်ကြလား၊ မင်းတို့အတွက် လုပ်ပေးမယ်လေ"

"ရပါတယ် မလိုပါဘူး"

ဝမ်မင်ယီကပြောသည်။

"ကျွန်တော်တို့စားပြီးမှ ဒီကိုထွက်လာကြတာ"

"ဒါဆိုလည်း မင်းတို့ ဆာရင်ငါ့ကိုပြောပေါ့...

"သူမသည် ကြယ်ပွင့်ကဲ့သို့ တောက်ပသောမျက်လုံးများဖြင့် ဝမ်မင်ယီကိုကြည့်ကာ သဘောကျနေခဲ့သည်။ ဒီကလေးက တကယ်ကို ချောမောလိုက်တာနော် အာ၊ ဘယ်လိုပြုစုပျိုးရမလဲဆိုတာကို မသိတော့ဘူး။

ဝမ်မင်ယီကသူမကို ဘယ်လိုခေါ်ရမလဲဟုမေးသည့်အခါ သူမကသတိရသွားပြီး ပြုံးကာဖြင့်
"မင်းငါ့ကို အစ်မကျန်းလို့ခေါ်လို့ရတယ်၊ တာ့ပေါင် ဒီကိုလာ"

အပြင်ဘက်တံခါး၌ ချောင်းကြည့်နေသောကလေးကို သူမက လက်ယပ်ခေါ်သည့်အခါ ကလေးငယ်က တဖျတ်ဖျတ်မြည်အောင် ပြေးလာသည်။

ကလေးက ထွားပြီး ကျားခေါင်းနှင့်တူ၏။ သူ့မျက်လုံးတွေက သိချင်စိတ်အပြည့်နှင့်ဖြစ်ပြီး ဝမ်မင်ယီအနေဖြင့် သူကအတော်လေး ချစ်ဖို့ကောင်းသည်ဟု ထင်မိသည်။ သူကအိတ်ကပ်ထဲက သကြားလုံးအနည်းငယ်ကိုထုတ်ကာ သူ့ကိုပေးလိုက်သည်။

တာ့ပေါင်က သူ့အမေကိုကြည့်ပြီးမှ ရှေ့ထွက်ကာ ယူလိုက်သည်။ သူကပြော၏။

"ကျေးဇူးတင်ပါတယ် ကောကော"

"ရပါတယ်ကွာ"

အစ်မကျန်းကပြုံးသည်။

"ဒါကငါ့သားလေ၊ နောက်နေ့တွေ ရွာထဲလျှောက်ကြည့်ချင်ရင် တာ့ပေါင်က လိုက်ပြပေးလိမ့်မယ်"

ဝမ်မင်ယီက ခေါင်းကိုညိတ်ကာဖြင့် "ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် "

စစ်ကျွင်းတောက်က သူ့ရှေ့မှလူများနှင့်  အိမ်အတွင်းရှိ စုတ်ပြတ်နေသော ပရိဘောဂများကိုကြည့်ကာ နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သူကတာ့ပေါင်၏ခေါင်းလေးကို ပွတ်ကာ သူပြန်သွားချိန်၌ ကလေးအတွက် မုန့်အချို့ပေးခဲ့သင့်သည်ဟု တွေးနေမိသည်။

ဒါရိုက်တာအဖွဲ့က အလုပ်စလုပ်နေပြီဖြစ်သည်။ ဒေသခံသရုပ်ဆောင်အဖွဲ့ကိုရှာနေပြီး စက်ပစ္စည်းတွေကို စတင်တပ်ဆင်နေပြီဖြစ်သည်။

ဝမ်မင်ယီက ဒီကိစ္စမှာ မပါဝင်တာကြောင့် သူနှင့်စစ်ကျွင်းတောက်တို့ အတူတကွ ရွာနားတစ်ဝိုက်တွင် လမ်းလျှောက်ခဲ့ကြသည်။

ဆောင်းရာသီ၌ ရွာရှိမြစ်မှာ ရေခဲနေပြီဖြစ်သည်။ ထို့ကြောင့် သူက စကိတ်စီးချင်ခဲ့ပေမယ့် စစ်ကျွင်းတောက်က ခွင့်ပြုခဲ့ပေ။

"ဂရုစိုက်နော် ၊ ပြုတ်ကျလိမ့်မယ်"
စစ်ကျွင်းတောက်ကဆိုသည်။

ဝမ်မင်ယီ လက်လျှော့လိုက်ရတော့၏။

"ဒါဆို ကျွန်တော်တို့ ပြန်ရောက်ပြီဆိုရင် ကျွန်တော်နဲ့အတူ စကိတ်လိုက်စီးပေးရမယ်"

"ကောင်းပြီ"

စစ်ကျွင်းတောက်က ကတိပေးလိုက်သည်။

ဝမ်မင်ယီက နောက်ထပ်တောင်းဆိုပြီး အခွင့်အရေးယူဖို့ မမေ့ခဲ့ချေ။

"နှင်းလျှောစီးတာရောပဲ၊ ကျွန်တော်စကိတ်မစီးရတာကြာပြီ"

"ကောင်းပြီ"

စစ်ကျွင်းတောက်အတွက်တော့ ပြဿနာမရှိပါ။ သူသည်လည်း ဝမ်မင်ယီနှင့်အတူ နှင်းလျှောမစီးရသည်မှာ ကြာနေပြီဖြစ်သည်။

သူကဝမ်မင်ယီကို ခေါင်းလှည့်ကာကြည့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။

"အချို့နေ့တွေမှာ မင်းကိုကစားဖို့ခေါ်သွားပေးမယ်၊ ကြည့်ရတာ ငါမင်းနဲ့အတူ အပြင်ထွက်ခဲ့တာက အတော်ကြာပြီပဲ"

ထိုအရာက အမှန်တရားပင် ဝမ်မင်ယီက သူတို့လွဲချော်ခဲ့တဲ့ သုံးနှစ်တာ အကြောင်းကို တွေးပြီး ဝမ်းနည်းသလို ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲမှနေ၍ ကျန်းဇီမော့ကို အပြစ်မတင်ဘဲ မနေနိုင်တော့ပါချေ။ အားလုံးက သူ့အပြစ်တွေချည်းပဲ။ အဲဒီ့ကြက်ပူကြီးကတော့လေ။

"ဟုတ်တယ်"
သူကထပ်ပြောလိုက်သည်။

"ကျွန်တော်တို့နှစ်ယောက်လုံး အားတဲ့အခါပေါ့"

"ဟမ်း"

ရွာမှာ အစောကြီးကတည်းက မှောက်နေပြီဖြစ်ပြီး ဝမ်မင်ယီမော့ကြည့်လိုက်သည့်အခါ ကြယ်တွေကို မြင်လိုက်ရသဖြင့် စစ်ကျွင်းတောက်၏လက်မောင်းကိုပုတ်ကာ အံ့သြတကြီးပြောလိုက်သည်။

"ကြည့်ဦး၊ ဒီမှာကြယ်တွေအများကြီးပဲ"

ထိုအရာက စစ်ကျွင်းတောက်အတွက်လည်း ပထမဆုံးအနေနှင့် ကြယ်တွေအများကြီးကို မြင်ဖူးတာပင်။ သူ့သူငယ်ချင်းတွေနှင့်အတူ အပြင်ထွက်တုန်းကလည်း တောင်ပေါ်မှာ ကြယ်တွေအများကြီးစုနေတာကို မြင်ဖူးပေမယ့် ဒီတစ်ခါမြင်ရတဲ့ကြယ်တွေက အများဆုံးပင်။

အဲဒါက အလွန်တောက်ပပြီး လှပသည်။

သူဝမ်မင်ယီကိုကြည့်လိုက်သည်။ သူက ကြယ်တွေကို မော့ကြည့်ရင်း နူးညံ့စွာပြုံးနေခဲ့သည်။

Fortsæt med at læse

You'll Also Like

574K 92.1K 198
I don't own this story.I just translate it.So, credit to original author. Chinese Name- 小人鱼 Author- Du lai E Tran- N/A Genre- Comedy,shounen ai,Yaoi ...
19.3K 2.9K 59
လွန်ခဲ့သည့်ခြောက်လတွင် မြို့များအထက်၌ လွင့်မျောနေသည့် သိန်းချီသော Black towerမ်ား ကမ္ဘာအနှံ့တွင် ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ ဓာတုဗေဒပညာရှင်များ၊ ရူပဗေဒ...
60.1K 5.9K 105
ဒီစာစဥ်မှာပါတဲ့ဇာတ်လိုက်ကျော်ကအခြားစာစဥ်တွေနဲ့မတူပဲ ဗီလိန်နေရာကိုကမ္ဘာကူးပြီးရောက်သွားခဲ့သူတစ်ဦးဖြစ်တာပါ။ အဲမှာဗီလိန်ဆိုတဲ့အတိုင်းမင်းသားတွေမင်းသမီး...
337K 33.8K 193
ကိုကို ဘယ်ကမ္ဘာရောက်ရောက် * အကုန်လုံးကို မေ့သွားရင်တောင် တစ်ခုပဲသတိရနေပေး..! ကိုကိုက ညီမကို ချစ်တယ် Maikoa ဆိုတဲ့ ကောင်မလေးကို ချစ်တယ် *