ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အ...

By Azure5549

124K 16.7K 177

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... More

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114 ( end )
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra 10
Hello
IQ team က အသစ်ထပ်ပြန်တဲ့ bl ကောင်းလေးတစ်ပုဒ်ကို ညွှန်းချင်လို့ပါ

37

958 147 1
By Azure5549

Chapter - 37

စစ်ကျွင်းတောက်  သူ့ဆီ လာလည်လိမ့်မည် ဟု ဝမ်မင်ယီ မမျှော်လင့်ထားခဲ့ချေ၊၊ အဲ့ဒီ့အပြင် မုကျီအန်းကိုပါ သူနဲ့အတူ ခေါ်လာခဲ့သည်။

" ဘယ်လို လုပ်ပြီး ရောက်လာတာလဲ... "

မုကျီအန်း သူ့ဘေးက စစ်ကျွင်းတောက်ကို လက်ညှိုးထိုးပြီး " မင်းရဲ့ ကော က မင်းကို စိတ်မချဘူးလေ၊ အဲ့ဒါကြောင့် ငါ့ကို ခေါ်ပြီး တစ်ချက်လာကြည့်တာ... "

သူက ရှူကျင်းကျဲ ကို ကြည့်ကာ ပြောလာခဲ့သည် " ငါ တစ်ခုခုတွေ့ရမယ် လို့ မမျှော်လင့်ထားဘူး... "

ရှူကျင်းကျဲ က မြင်သောအခါ အလွန် ရှက်သွားခဲ့သည်၊၊ သူ ရှင်းပြလိုက်သည်။

"  ရှောင်ဝမ် က အခုမှ ရုပ်ရှင် စရိုက်တာလေ။ အဲ့ဒါကြောင့် တစ်ချို့ ခံစားချက်တွေကို မဖော်ပြနိုင်သေးဘူး၊ အဲ့ဒီလို အရာမျိုးက ဘယ်သူမှ ထိန်းချုပ်လို့မရနိုင်ဘူး..."

မုကျီအန်း ခေါင်းညိတ်လိုက်ပြီး " မင်း ပြောတာ မှန်တယ်... "

သူ က ဝမ်မင်ယီ ကို လက်ပြလိုက်ပြီး... " လာခဲ့၊ ဒါရိုက်တာကို အခြားလူတွေရဲ့ အပိုင်း အရင်ရိုက်ခိုင်းလိုက်ပါ၊ ဒီတစ်ခုမှာ ဘယ်လို သရုပ်ဆောင်ရမလဲ ဆိုတာ ငါ မင်းကို သင်ပေးမယ် "

ဝမ်မင်ယီ သူပြောတာ ကြားလိုက်တော့ ဒါရိုက်တာကို လှည့်ကြည့်လိုက်သည်။

ဒါရိုက်တာက မုကျီအန်းအပေါ် အမြင်ကောင်းရှိသည့်အတွက် ပြုံးပြီး ပြောလာသည်။

" သွားလိုက်လေ၊ မုကျီအန်း က သရုပ်ဆောင်တာ ကောင်းတယ်၊ မင်းကိုယ်မင်း ထင်ထားတာထက် ပိုကောင်းအောင် လမ်းညွှန်ပေးလိမ့်မယ်"

" အဲ့ဒါဆို နောက်မှ ပြန်လာခဲ့ပါ့မယ်... "

"ကောင်းပြီ..."

ဒါရိုက်တာကို ကျေးဇူးတင်ပြီးနောက်မှာ ဝမ်မင်ယီ သည် မုကျီအန်း နောက်ကလိုက်ကာ ရိုက်ကွင်းကနေ ထွက်လာပြီး ဟိုတယ်ဆီ ဦးဆောင်လိုက်သည်။

မုကျီအန်း က ဝမ်မင်ယီ၏ ရိုက်ကွင်းဆီ လာလည်လိမ့်မယ် ဟု သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေ လုံးဝ မမျှော်လင့်ထားခဲ့ချေ။ မတတ်နိုင်ပဲ တိုးတိုးလေးပြောနေကြသည်။

' မုကျီအန်း နဲ့ ဝမ်မင်ယီ နှစ်ယောက်ကြား ဆက်ဆံရေးကို ဘယ်လိုထင်လဲ...၊ ပြီးတော့ သူ့အစ်ကို...၊ ကြည့်ရတာ သူ့အစ်ကို နဲ့ မုကျီအန်း ဆက်ဆံရေး က ပိုကောင်းမယ့်ပုံပဲ '

ထိုအချိန်၌ ယန်ဖေးဖေးကြောင့် ဝမ်မင်ယီကို သူ ဘာမှ မလုပ်ခဲ့မိတာအတွက် ရှန့်ချန်ဇီတစ်ယောက် ဝမ်းသာနေခဲ့သည်။ ဝမ်မင်ယီ တစ်ယောက်တည်းဆိုရင် ဘာမှ မဖြစ်ပေမယ့် မုကျီအန်း ပါလာခဲ့ရင်တော့  ဒုက္ခရောက်သွားလိမ့်မယ်၊
ထိုသို့ တွေးမိတဲ့အခါ ရှန့်ချန်ဇီ မနာလို ဖြစ်သွားခဲ့သည်။ ဝမ်မင်ယီ က သူ့ကို အာရုံမစိုက်တာ အံ့သြစရာမရှိတော့ပေ။ သူ့အနောက်မှာ ကျောထောက်နောက်ခံ ရှိနေတဲ့တယ်ဆိုတာ ထင်ရှားသည်။

ဒီကောင်လေး တစ်ကယ် ကံကောင်းတာပဲ...

သူ့ ပျော်ရွှင်မှုနဲ့ ယဉ်ရင် ရှုကျင်းကျဲ ရဲ့ မန်နေဂျာ ကတော့ စိတ်ပူနေခဲ့သည်။ ဒီနေ့ ဖြစ်သွားတာတွေက သူ့စိတ်ထဲ နဲ့ မျက်လုံးထဲမှာ စွဲနေခဲ့သည်။ ရှုကျင်းကျဲ က ဝမ်မင်ယီ ကို ရည်ရွယ်ပြီး လုပ်နေတယ်ဆိုတာ သူလည်း သိနေခဲ့သည်။  ဒါက လူကြိုက်များဖို့ အတွက်  ဖျော်ဖြေရေးလုပ်ငန်းမှာ ဖြစ်နေကြ ကိစ္စတွေ ဖြစ်သည်။ ရှု ကျင်းကျဲ သည် ဝမ်မင်ယီထက် ပို၍ နာမည်ကြီးသည်။ အဲ့ဒါကြောင့် သူ ဒီလိုလုပ်နေချိန်မှာ သူ့ မန်နေဂျာအနေနဲ့ ရှုကျင်းကျဲကို မျက်ကွယ်ပြုလေ့ရှိသည်။ ရှု ကျင်းကျဲ ပျော်လို့ လုပ်နေတာ ဟူ၍ တွေးထားရုံပဲ ဖြစ်သည် ။

ဝမ်မင်ယီ , ဒီကောင်လေးရဲ့ နောက်မှာ ကြီးမားတဲ့ နောက်ခံကြီး ရှိနေသည်။
အပြုသဘောဆောင်တဲ့ သတ်မှတ်ချက်ကြောင့် မုကျိအန်းကလည်း ဝမ်မင်ယီ ကို ဂရုစိုက်ပေးလိမ့်မလား မသိနိုင်ပေ။

သေချာတာပေါ့၊ ဝမ်မင်ယီကို ဂရုစိုက်ပေးမယ့်လူ ရှိတဲ့အတွက်  မုကျိအန်း က ဂရုစိုက်မှာ မဟုတ်ဘူး ။

ဟိုတယ် ပြန်တဲ့လမ်းမှာ စစ်ကျွင်းတောက် က တည်ငြိမ်စွာနဲ့ မေးလာခဲ့သည်။

" အဲ့ဒါ မင်းရဲ့ အဝတ်တွေကို လုသွားခဲ့တဲ့ မင်းသား လား... "

ဝမ်မင်ယီ ခေါင်းညိတ်လိုက်ပြီး " အရင်ရက်တွေတုန်းက အဆင်ပြေသေးတယ်၊ဒီနေ့ ဘယ်လိုဖြစ်ပြီး  ရုတ်တရက် ရူးကြောင်ကြောင်တွေ ထလုပ်နေတာလဲ မသိဘူး ၊ ကျွန်တော့် အဝတ်တွေ လုတဲ့အပြင် ကျွန်တော်နဲ့ ရုပ်ရှင် လည်း ကောင်းကောင်း မရိုက်ဘူး "

စစ်ကျွင်းတောက် က " ကောင်းပြီ၊ ကိုယ် သိပြီ "ဟု ပြောလာခဲ့သည်။

ဝမ်မင်ယီ သူ့ကို ကြည့်ပြီး မေးလာသည်။

" ကော ဘာလုပ်မလို့လဲ... "

" ဘာမှ မလုပ်ပါဘူး... "

ဝမ်မင်ယီ က သံသယဖြစ်စွာ ကြည့်ပြီးပြောလိုက်သည်။ "  ကျွန်တော် ယုံမယ် လို့ ကော ထင်နေတာလား "

" ယုံလိုက်ပါ " စစ်ကျွင်းတောက် က သူ့ကို ကြည့်လာပြီး " မယုံရင်လည်း မတတ်နိုင်ဘူးပေါ့... "

" ဟမ့်... "

မုကျိအန်း သူတို့စကားဝိုင်းထဲ ဝင်ပြောလိုက်သည်။

" သူ ဘာလုပ်နိုင်မှာလဲ ၊ သူ့နည်းလမ်းနဲ့ သူ ဖြေရှင်းလိမ့်မယ်၊ ရှုကျင်းကျဲ က မင်းအဝတ်တွေ လုသွားခဲ့တာကြောင့် ရှုကျင်းကျဲကို အဝတ်တွေ မင်းဆီ ပြန်ပို့ပေးဖို့ သူမေးလိမ့်မယ်၊ တကယ်လို့  ရိုက်ကူးရေးမှာ ရှုကျင်းကျဲ က မင်းကို အရှက်ရအောင် လုပ်ရင် သူကလည်း ရှု ကျင်းကျဲ ကို အရှက်ရအောင် လုပ်လိမ့်မယ်..."

ဝမ်မင်ယီ က နားမလည်နိုင် ဖြစ်သွားသည်။

" သူက ရှုကျင်းကျဲ ကို ဘယ်လိုလုပ် အရှက်ခွဲနိုင်မှာလဲ ၊ သူက သရုပ်ဆောင်မှ မဟုတ်တာ "

" သူက သရုပ်ဆောင်မဟုတ်ဘူး၊ သူက ရင်နှီးမြှုပ်နှံသူ ဖြစ်နိုင်တယ်လေ... "

မုကျိအန်း က ဝမ်မင်ယီကို ကြည့်လိုက်ပြီး " မင်းရဲ့ ကော က ဒီလောက် ချမ်းသာတာ ၊ တစ်မိနစ် အတွင်း သန်းချီပြီး ရင်းနှီးမြှုပ်နှံတာက သူ့အတွက် ဘာပြဿနာမှ မရှိဘူး... "

ဝမ်မင်ယီ "......."

ဝမ်မင်ယီ က စစ်ကျွင်းတောက် ကို လှည့်ကြည့်လိုက်ပြီး ..."
မလုပ်ဘူး မဟုတ်လား ၊ လုပ်ဖို့ မလိုဘူးနော် "

သူ့ဘေးက မုကျိအန်း ကို လက်ညှိုးထိုးကာဆက်ပြောလိုက်သည်။

" ကော မင်း က မုကော နဲ့ လိုက်လာတာလေ ၊ ဒီမှာ သူ့ကို မသိတဲ့လူ ရှိလို့လား၊ ရှုကျင်းကျဲ က အခု  စိုးရိမ်လွန်းလို့ သေမလို ဖြစ်နေလောက်ပြီ၊ ဒါပြီးသွားရင် နည်းနည်းလေးတောင် လှုပ်ရဲမှာ မဟုတ်ဘူး ၊ အဲ့ဒါကြောင့် သူ့အတွက်နဲ့ ရင်းနှီး မြှုပ်နှံဖို့ မလိုဘူးနော် "

" သူ့အတွက် မဟုတ်ဘူး... "

စစ်ကျွင်းတောက်က သူ့ခေါင်းကို ပုတ်လိုက်ပြီး " အဲ့ဒါက မင်းအတွက် ..."

" ကိုယ် မင်း ကို နေ့တိုင်း စောင့်ကြည့်ပေးလို့ မရသလို မုကျိအန်းကလည်း မင်းဆီ နေ့တိုင်း လာလည်မပေးနိုင်ဘူး ၊ ဒါပေမယ့် မသိမမြင်လိုက်တဲ့ လူတွေက အမြဲတမ်း ရှိတယ်လေ၊ မင်းက ငယ်ရွယ်ပြီး အသစ်ဖြစ်တာ သိသွားခဲ့ရင် သူတို့ ဦးနှောက်ကို သုံးလာလိမ့်မယ်၊ ဒီနေ့ သရုပ်ဆောင်ဖြစ်ပေမယ့် မနက်ဖြန် အဖွဲ့သားတွေ ဖြစ်သွားနိုင်တယ်၊ မင်းက ဒီကို ရုပ်ရှင်ရိုက်ဖို့ လာတာကြောင့် သူတို့နဲ့ စကားပြောစရာ မလိုဘူး... "

စစ်ကျွင်းတောက် က ဟိုတယ် တံခါးကို တွန်းဖွင့်လိုက်ပြီး စကားဆက်လိုက်သည်။

" ဒါအပြင် ကျိုးရန်နဲ့ ကိုယ်က ခွဲခြမ်းစိတ်ဖြာပြီးသွားပြီ ၊ဒီ ဇာတ်လမ်းက နာမည်ရပြီး ဘာပြဿနာမှမရှိပဲ  အောင်မြင်လာလိမ့်မယ်၊ ကိုယ်က အခု share ဝင်ပြီး ရင်းနှီးမြှုပ်နှံထားနေတာ၊၊ အဲ့ဒါက မင်းကို အဖွဲ့ထဲမှာ လုံခြုံစေပြီး ပိုက်ဆံရလိမ့်မယ်လေ ၊ ဘာဖြစ်လို့ မလုပ်ပဲ နေရမှာလဲ... "

ဒါက သဘာဝကျကျ၊ ရှင်းရှင်း လင်းလင်းနဲ့ လက်ခံလို့ရနေသည်။

ဝမ်မင်ယီ ဘာ ပြောနိုင်တော့မှာလဲ... သူ ခေါင်းညိတ်တာ တစ်ခုပဲ လုပ်နိုင်သည်။

စစ်ကျွင်းတောက်ကို ကြည့်ရင်း ဘယ်နေရာမှာ အလုပ်များနေမှန်း မသိတဲ့ သူ့မိဘတွေနဲ့ ယှဉ်ကြည့်မိသည်။ သူ ကြီးပြင်းလာမှုအတွက် တာဝန်ယူကာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကူညီပြီးဖြေရှင်းပေးတဲ့ စစ်ကျွင်းတောက်ကမှ တကယ့် စောင့်ရှောက်သူနဲ့ တူနေသည်၊

တကယ်တော့ ရှုကျင်းကျဲ လိုမျိုး တစ်စုံတစ်ယောက်ကို သူ ကိုင်တွယ်ဖြေရှင်းနိုင်သည်။ စစ်ကျွင်းတောက်၏ အကူအညီ လိုလိမ့်မယ် ဟု သူမခံစားခဲ့ရပေ။ ဒါပေမယ့် စစ်ကျွင်းတောက် က သူ့အရှေ့မှာ ရပ်ပြီး ကာကွယ်ပေးနေရတာကို အသားကျနေခဲ့ပုံပေါ်သည်။

ဝမ်မင်းယီ သူ့အဝတ်ကို ဆွဲလိုက်ပြီး " တကယ်လို့ ပိုက်ဆံပဲ ဆိုရင် ကျွန်တော့် ပိုက်ဆံကို သုံးလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ပိုက်ဆံက သုံးမှ မသုံးဖြစ်တာ... "

" ကိုယ် က မင်းရဲ့ ပိုက်ဆံကို လိုနေလို့လား ..."

စစ်ကျွင်းတောက် က မေးလာခဲ့သည်။

" အဲ့ဒါက ကျွန်တော့် ပိုက်ဆံကြောင့် မဟုတ်ဘူး... " ဝမ်မင်ယီနှင့် သူသည် ဓါတ်လှေကားဆီ လမ်းလျှောက်ဝင်လိုက်ချိန်မှာ ရှင်းရှင်းလင်းလင်း နဲ့ တိုးတိုးလေးလေး ပြောလာခဲ့သည်။

" ကျွန်တော်က အခု လူကြီး ဖြစ်နေပါပြီ၊ ကိုယ့်ကိုကိုယ်အတွက် တာဝန်ယူနိုင်ပါတယ်၊ တစ်ချို့ ပြဿနာတွေကို အမြဲတမ်း ကိုယ့်ဟာကိုယ် ဖြေရှင်းရမယ်လေ၊ ကျွန်တော့်အတွက် ထာဝရ ကော ပေးနေရတာကို ခွင့်မပြုနိုင်ဘူး၊ အဲ့ဒါကြောင့် ကျွန်တော့် ပိုက်ဆံ ကို သုံးလိုက်ပါ... "

စစ်ကျွင်းတောက် ခဏလောက် မူးမေ့ကာ သတိလွတ် သွားခဲ့သည်။

ဝမ်မင်ယီ က စိတ်ပိုင်းဖြတ်ထားပြီး ကြည်လင်နေတဲ့ မျက်လုံးနဲ့ သူ့ကို ကြည့်လာသည်။

မုကျိအန်းက သူ့အရှေ့မှာ လေးနက်တဲ့ မျက်နှာနဲ့ ပြောနေတဲ့ ညီအစ်ကိုနှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေလိုက်သည်။

သွားလိုတဲ့ အထပ်ကို ရောက်တဲ့အချိန်မှာ ဓါတ်လှေကားက အသံမြည်လာပြီး တံခါး ပွင့်သွားခဲ့သည်။

မုကျိအန်း အရင် ထွက်လိုက်သည်။ ဝမ်မင်ယီ ထွက်တော့မယ့် အချိန်မှာ စစ်ကျွင်းတောက် က သူ့ လက်မောင်းကို လှမ်းဆွဲခဲ့သည်။ ဝမ်မင်ယီ သည် စစ်ကျွင်းတောက် ဘာပြောချင်တာလဲ ဆိုတာ နားမလည်ပေမယ့် ပြောချင်တာကို ပြန်မျိုချလိုက်ပြီး ပြောလိုက်သည်။

" သွားရအောင်လေ..."

ဝမ်မင်ယီ့ အခန်းထဲရောက်ချိန်၌
စစ်ကျွင်းတောက် နဲ့ မုကျိအန်း အတွက် ရေတစ်ခွက်စီ ခပ်ပေးလိုက်သည်။ စစ်ကျွင်းတောက် က ရေခွက်ကိုယူလိုက်ပေမယ့် မသောက်ခဲ့ပေ။ တကယ်တော့ သူ က  လက်ဖက်ရည် စားပွဲပေါ်မှာ တင်ထားလိုက်သည်။

" ငါ မင်မင် နဲ့ စကားပြောစရာရှိတယ်၊ မင်း ဒီမှာ ခဏလောက် စောင့်နေပေး... "
သူက မုကျိအန်းကို ပြောလိုက်သည်။

မုကျိအန်း က ခေါင်းညိတ်လိုက်ပြီး " သွားလေ... "

စစ်ကျွင်းတောက်  ဝမ်မင်းယီ ကို ဧည့်ခန်းပါ ဟိုတယ်အခန်း၏ အိပ်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။

မုကျိအန်း  စစ်ကျွင်းတောက် တံခါး ပိတ်လိုက်တာကို စောင့်ကြည့်နေခဲ့သည်။ ပြီးတဲ့နောက်မှာ သူ့ဖုန်းကို ထုတ်ကာ ကျိုးရန်ဆီ wechat ကနေ စာမြန်မြန် ပို့လိုက်သည်။

မုကျိအန်း :(  ငါ လျှို့ဝှက်ချက် တစ်ခု ရှာတွေ့လိုက်သလို ခံစားလိုက်ရတယ် )

မုကျိအန်း : 'စစ်ကျွင်းတောက် ဖုံးကွယ်ထားတာ အရမ်းများတာပဲ !  သူ ဝမ်မင်ယီ အပေါ် ဘယ်လောက် ကောင်းလဲ ငါပြောပြမယ်၊ ဝမ်မင်ယီ က သုံးနှစ်လောက် သူနဲ့ ရန်ဖြစ်နေတာတောင် သူ ဘယ်တော့မှ ထွက်မသွားခဲ့ဘူး၊ အဲ့ဒါက အစ်ကိုတစ်ယောက် အနေနဲ့ ထိန်းချုပ်နိုင်တဲ့ဟာ မဟုတ်ဘူး )

မုကျိအန်း : (ဘုရားသခင် , ရှောင်မင်မင် က သိတဲ့ပုံ မပေါ်ဘူး၊ အဲ့ဒါက အရမ်း ရက်စက်တာပဲ၊ လျှို့ဝှက် အချစ်အနေနဲ့ပဲ ရှိသေးတယ် )

ကျိုးရန် :( ...)

မုကျိအန်း : (မင်း မမြင်ဘူးလား ! သူတို့နှစ်ယောက် က ပုံမှန်မဟုတ်ဘူး !  မင်း သူတို့ကို ဝါးပင်တွေလို့ ထင်လား (အဖြောင့်) ဝါးပင်တွေလေ ... တကယ်တော့ သူတို့ က အသုံးမကျဘူး ...)

ကျိုးရန် : (...)

မုကျိအန်း : (နှစ်ယောက်စလုံး မူမမှန်ဘူး ၊ စစ်ကျွင်းတောက် က ဝမ်မင်ယီ ကို တိတ်တိတ်လေး ချစ်နေတယ် ဆိုတာ ငါလောင်းရဲတယ်  ပြီးတော့ ဝမ်မင်ယီကကျ သူ့ကို အတူတူကြီးပြင်းလာတဲ့ အိမ်နီးနားချင်း အစ်ကိုကြီးလိုပဲ ဆက်ဆံနေတာ )

ကျိုးရန် : (Oh...)

မုကျိအန်း :( Oh....ဒါက ဒီလောက် အရေးကြီးတဲ့ဟာကို မင်းက ငါ့ကို စာလုံး တစ်လုံးတည်း ပို့တယ်ပေါ့ ... မင်းရဲ့  reply က သင့်တော်တင် ထင်နေလား ...)

ကျိုးရန် : (Oh! ငါ အခု သိသွားပြီ !  ရပြီလား )

မုကျိအန်း : (......)

ကျိုးရန် : (Oh (ပုံ))

ကျိုးရန် : (ငါ သိပြီ (ပုံ))

ကျိုးရန် : (အဲ့ဒီလိုလား (ပုံ))

ကျေနပ်နေသော မုကျိအန်း  : (အဲ့ဒါက တကယ်အရေးကြီးတယ် ထင်လား)

ကျိုးရန် : (အင်း ၊တကယ် အရေးကြီးတယ် )

မုကျိအန်း : (အဲ့ဒီ့ နှစ်ယောက် က ငါ မသိအောင် ပြောနေကြတယ်၊ သူတို့ ဘာတွေ ပြောနေတာလဲ ဆိုတာ ငါ တကယ် သိချင်တယ်)

ကျိုးရန် : (သူတို့ ပြောပြီးသွားရင် ကျွင်းတောက် ကို မေးလိုက်လေ )

မုကျိအန်း :( အဲ့ဒီ တစ်နည်းပဲ ရှိတော့တယ်လေ၊ စစ်ကျွင်းတောက် က သူ့ တွေးနေတာကို  သူ သေချာ မသိသေးဘူး ၊ ဟွန်း..ဟွန်း... သူကိုယ်သူ ရှင်းရှင်းလင်းလင်း သိသွားအောင် ငါ က ကူညီပေးရမှာပေါ့ !  အို....အမှန်တရားကို မြင်နိုင်တဲ့ တစ်ဦးတည်းသော သူကတော့ ပန်အန်နဲ့တူပြီး ဉာဏ်ရည်ထက်မြက်ပေမယ့် သာမန်ဆန်လွန်းတဲ့ နာမည်ကြီး စုံထောက် မုကျိအန်း ဖြစ်ပါတယ် )

ကျိုးရန် : (လက်ခုပ်သံများ (ပုံ))

မုကျိအန်း : (သူ့ကို ငါတို့နှစ်ယောက်ကို ဖိတ်ပြီး ညစာဝယ်ကျွေးခိုင်းရမယ် ၊ ဟီးဟီး...)

ကျိုးရန် :( ကောင်းတယ်)

ကျိုးရန် :( OK (ပုံ))

မုကျိအန်း အရမ်း မဝေးတဲ့ တံခါးကို ကြည့်နေခဲ့ပြီး အကွာအဝေး ထောင်ပေါင်းများစွာ မြင်နိုင်တဲ့ မျက်လုံး၊ ကြားနိုင်တဲ့ နားတွေ ရှိဖို့ ဆုတောင်းမိသည်။

သူတို့ ဘာတွေပြောနေတာလဲ  ငါ့ကို တစ်ချက်လောက် ကြည့်ခွင့်ပေးပါ...

မုကျိအန်း သိချင်နေတဲ့ အိပ်ခန်းထဲတွင် ဝမ်မင်ယီ သည် ကုတင်ပေါ် ထိုင်နေပြီး သူ့အရှေ့က လူကို စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်နေသည်။

" ဘာ ကိစ္စ ရှိလို့လဲ... ထူးထူးခြားခြား ရုတ်တရက်ကြီး စကားပြောဖို့ ကျွန်တော့်ကို ဆွဲခေါ်လာတယ်... "

စစ်ကျွင်းတောက် က သူ့ကို ကြည့်ပြီး ကုတင်ပေါ်မှာ ထိုင်လိုက်ပေမယ့် မည်သို့ပြောရမည်ကို သူ မသိခဲ့ပေ။

ဝမ်မင်ယီ က သူ့အနား ကပ်ကာ  " ကော ဘာပြောချင်လို့လဲ... "

စစ်ကျွင်းတောက် ချောင်းဟန့်လိုက်သည်။ ဝမ်မင်ယီ က ခေါင်းကိုငုံ့ကာ အောက်ကနေ သူ့ကို ကြည့်လာသည်။

စစ်ကျွင်းတောက် သတိလက်လွတ်နဲ့ နောက်ဆုတ်လိုက်ပြီး သင်ပေးခဲ့သည်။   " သေချာ ထိုင် "

ဝမ်မင်ယီ ကျောမတ်ကာ ထိုင်လိုက်ပြီး သိချင်စိတ်အပြည့်နဲ့ သူ့ကို ကြည့်လာခဲ့သည်။

စစ်ကျွင်းတောက် က သူ့ကို ခေါ်လိုက်သည်။

ဝမ်မင်ယီ သည် ကျယ်လောင်တဲ့ အသံနဲ့ ပြန်ဖြေလိုက်သည်။

" ကျွန်တော် ရှိပါတယ်... "

" မင်း ကြီးပြင်းလာပြီး အရွယ်ရောက်လာပြီ ဆိုတာ ကိုယ်သိတယ်၊ ဆယ်ကျော်သက် အရွယ် ဆိုတော့ လွတ်လွတ်လပ်လပ် နေချင်မှာပေါ့ ။ ဒါပေမယ့် ကိုယ်တို့အတွက် အရမ်း ကင်းကင်းရှင်းရှင်း ဖြစ်ဖို့မလိုဘူး လို့ ကိုယ် ထင်တယ် ၊ မင်း နားလည်လား ..."

ဝမ်မင်ယီ နည်းနည်း စိတ်ရှုပ် သွားခဲ့သည်။ ဘယ်လိုဖြစ်ပြီး ဒီဟာကို ရုတ်တရက်ကြီး ထပြောနေတာလဲ...သူခေါင်းခါလိုက်ပြီး နားမလည်ကြောင်း ပြသလိုက်သည်။

စစ်ကျွင်းတောက် က ထပ်ပြောလာခဲ့သည်။

" အဲ့ဒါ  ကလေး က အရွယ်ရောက်လာပြီး မိဘအိမ်ကနေ ထွက်သွားသလိုမျိုးပဲ၊ ဒါပေမယ့် မိဘတွေ အတွက်ကတော့ သူက အမြဲတမ်း ကလေးဖြစ်နေမှာ၊ သူ့မိဘတွေက သူ့ကို အမြဲတမ်း စိတ်ပူနေလိမ့်မယ် ၊ အဲ့ဒီလိုပဲ မင်း အသက် ဘယ်လောက်ပဲရှိရှိ ကိုယ်က မင်းနဲ့အတူရှိနေပြီး အမြဲတမ်း မင်းရဲ့  အစ်ကိုကြီး ဖြစ်နေမှာပဲ ၊အဲ့ဒါကြောင့် မင်း ကို စိတ်ပူနေပြီး မင်း ရဲ့ ပြဿနာတွေကို လိုက်ပြီးရှင်းပေးနေမှာ။ ဒါက ပုံမှန်ပဲ ၊ မင်း ဝန်လေးနေဖို့ မလိုဘူး ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကင်းကင်းရှင်းရှင်းနေဖို့လည်း မလိုဘူး... "

ဝမ်မင်ယီ နားလည်သွားခဲ့သည်။

" ကော ကျွန်တော့် ပိုက်ဆံ ကို မသုံးချင်ဘူးလား... "

စစ်ကျွင်းတောက် ခေါင်းညိတ်လိုက်ပြီး " မလိုပါဘူးကွာ..."

သူက ပြောလာခဲ့သည် " ကိုယ် လုပ်လိုက်မယ်၊ အဲ့ဒါအတွက် မင်း တာဝန်ယူစရာ မလိုဘူးနော်၊ ပြီးတော့ ကိုယ်ကလည်း မင်းကို တာဝန်မယူစေချင်ဘူး... "

" ဒါပေမယ့် ..." ဝမ်မင်ယီ သူ့အတွေးတွေကို နားလည်ပေမယ့် သူ့မှာလည်း သူ့အတွေးနဲ့သူ ရှိသည်။

" ကျွန်တော် အရွယ်ရောက်လာပါပြီဗျာ ၊ ငယ်ငယ်တုန်းကတော့ ဘာမှ မသိခဲ့ဘူး၊ တကယ်လို့ ကျွန်တော်  ကော ပိုက်ဆံကို ဖြုန်းခဲ့တာဖြစ်ဖြစ်၊ ကော ပစ္စည်းကို သုံးရင် ဖြစ်ဖြစ် ကော က ဂရုမစိုက်ခဲ့ဘူး။ ကျွန်တော်လည်း ဂရုမစိုက်ခဲ့ဘူး၊ ဒါပေမယ့် အခု ကျွန်တော် အသက်ကြီးလာပြီ ကော ပိုက်ဆံ ကို ထိုင်ဖြုန်းနေဖို့ မသင့်တော်တော့ဘူး ..."

" ဘာဖြစ်နေလို့လဲ... "

စစ်ကျွင်းတောက်ကတော့ ဒါက မသင့်လျော်ဘူး ဟု မခံစားရခဲ့ပေ။ 

" မင်းနဲ့ ကိုယ် ကြားမှာ ပြတ်ပြတ်သားသား ခြားနားအောင်လုပ်ဖို့ လိုအပ်လို့လား ၊ ကိုယ် က မင်း သုံးဖို့ ခွင့်ပြုပေးထားတာလေ၊ အဲ့ဒါက ဘာမှားနေလို့လဲ ..."

"ဒါပေမယ့် နောက်ဆုံးတော့လည်း ကျွန်တော် က ကောရဲ့ ညီ မဟုတ်ဘူးလေ... "

ဝမ်မင်ယီ အကူအညီမဲ့စွာနဲ့ ပြောလိုက်သည်။

" လွန်ခဲ့တဲ့ ၁၈နှစ်လောက်တုန်းက ကိုယ်တို့ မသိခဲ့သလိုမျိုး အခု မင်း က ကိုယ်နဲ့ ကင်းကင်းရှင်းရှင်း ခွဲနေချင်တာလား..."

Continue Reading

You'll Also Like

548K 75.9K 64
Author - 很是矫情 Original name - 快穿之炮灰女配逆袭记 English translator - Butterfly's Curse နဉ်ရှုသေဆုံးခဲ့သည်။ သို့သော် သူမ၏ကံကောင်းမှုအနည်းငယ်ကြောင့် သနားစရ...
41.2K 3.1K 200
Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ character ပါ။ (っ˘̩╭╮˘̩)っ လက်တွဲဖော်တစ်ယောက်ထ...
412K 51.2K 200
Book-5 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
558K 75.6K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...