ဗီလန်ဥက္ကဋ္ဌ၏ခွေးနှင့်ကြောင်အ...

بواسطة Azure5549

124K 16.7K 177

Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသ... المزيد

မိတ်ဆက် + ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
86
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114 ( end )
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6
Extra 7
Extra 8
Extra 9
Extra 10
Hello
IQ team က အသစ်ထပ်ပြန်တဲ့ bl ကောင်းလေးတစ်ပုဒ်ကို ညွှန်းချင်လို့ပါ

17

1.1K 154 0
بواسطة Azure5549


စစ်ကျွင်းတောက် သူ့ရှေ့မှ လိမ္မော်ရောင်ကြောင်လေးကိုကြည့်ကာ ကြောင်ခေါင်းလေးကို ပွတ်သပ်လိုက်သည်။ ပျော်ရွှင်ကြည်နူးနေပြီး ကျန်းဇီမော့ကို ကြည့်လိုက်သော်လည်း သူ၏စကားလုံးများက ကျန်းဇီမော့ကို မပျော်ရွှင်စေပေ။ သူပြောလိုက်သည်မှာ –
" ကားထဲကထွက်သင့်ပြီထင်တယ် ..."

ပြန်သင့်တာကြာပြီ ...
ဝမ်မင်ယီ အသိပြန်ဝင်လာပြီး ရှုံ့မဲ့လျက် ကျန်းဇီမော့ကို ကြည့်နေသည်။

အစတည်းက ငါ့ကောကော့ရဲ့ ဇိမ်ခံကားကြီးပေါ် တက်မလာသင့်တာ ချက်ချင်းဆင်းတော့ ...

ကျန်းဇီမော့ အကြိမ်ကြိမ်အခါခါ တိုက်တွန်းခံနေရသဖြင့် သည်းမခံနိုင်ပဲ ဒေါသထွက်လာသည်။ ‌တံခါးဖွင့်လိုက်ပြီး အပြင်ထွက်ကာ တံခါးကိုဆောင့်ပိတ်လိုက်သည်။ သူ၏မြင်ကွင်းထဲမှ အဝေးသို့မောင်းထွက်သွားသော ငွေရောင်ကားလေးကို ကြည့်နေမိသည်။ သူ၏ရင်ထဲတွင် ‌အမျက်ဒေါသများဖြင့် ပြည့်နှက်နေသည်။

သူက စစ်ကျွင်းတောက်ကို သနားညှာတာပေးပြီး သူ့အတွက်တွေးပေးခဲ့တယ်လေ ... ခုတော့ ဘာဖြစ်သွားပြီလဲ ... စစ်ကျွင်းတောက်က ဝမ်နင်ယီအတွက်နဲ့ သူ့ကိုထားသွားတဲ့အပြင် ‌သူ့အပေါ်ကို ဒေါသထွက်ဖို့ပဲသိတယ် ... ဘာလို့ ဒီလိုဖြစ်ရတာလဲ ... သူတစ်ယောက်တည်းကပဲ စစ်ကျွင်းတောက်ကို အကောင်းဆုံးတွေးပေးခဲ့တာလေ ... အဲ့ဒါကို သူ့မျက်လုံးထဲ ဘာလို့ မမြငခရတာလဲ ...

သူ ဝမ်းနည်းနေသည့်အပြင် စိတ်ဓာတ်ကျနေသည်။ အိတ်ကပ်မှ ဖုန်းကိုထုတ်ကာ ဝမ်ပေါ်ကို ဖုန်းဆက်လိုက်သည်။

ဝမ်ပေါ်က သူငယ်ချင်းများနှင့် အရက်သောက်နေသည့်အချိန်ဖြစ်သည်။ ကျန်းဇီမော့ဖုန်းဆက်သည်ကို မြင်သောအခါ တိတ်ဆိတ်သည့်နေရာသို့ ချက်ချင်းသွားကာ ဖုန်းကိုင်လိုက်သည်။ ထိုအခါ ကျန်းဇီမော့၏ ဝမ်းနည်းနေသည့်အသံကို ကြားလိုက်ရသည်။

ဝမ်ပေါ်  ချက်ချင်းပင် စိတ်ပူပန်သွားသည်။

" ဘာဖြစ်လို့လဲ ... မင်းကို ဘယ်သူအနိုင်ကျင့်တာလဲ ... ဝမ်းမနည်းပါပဲ မင်းပြောပြရင် ငါကူညီပေးမယ်လေ ..."

စစ်ကျွင်းတောက်က ရှင်းလင်းစွာပြောခဲ့သော်လည်း အရှက်မဲ့သည့် ကျန်းဇီမော့က သူ့အစ်ကိုနှင့်ထပ်မံ ပက်သတ်မည်ကို ဝမ်မင်ယီ တွေးမိသည်။ သို့သော် အံ့အားသင့်စရာကောင်းသည်မှာ ကျန်းဇီမော့က သူ့အစ်ကိုနားကို မကပ်တော့ပေ။ သူ့အစ်ကိုက နောက်ဆုံးတွင် ဇာတ်ရန်တစ်ယောက်သာဖြစ်ပြီး ဇာတ်လိုက်များက ကျန်းဇီမော့နှင့် ဝမ်ပေါ်ဖြစ်သည်။ ယခု ကျန်းဇီမော့ နာကျင်နေသည့်အတွက် ဝမ်ပေါ် က ကြင်ကြင်နာနာဖြင့် ဂရုစိုက်ကာ သူ့အစ်ကို၏ရက်စက်မှုများကို ဝမ်ပေါ်၏ နူးညံ့မှုများနှင့် နှိုင်းယှဉ်ကြည့်ရမည့်အချိန်ဖြစ်သည်။

ဝမ်မင်ယီ ခဏတာ စိတ်ကောင်းဝင်နေ၍ ယွဲ့လောင်ဘုရားကျောင်းသို့သွားကာ ကျန်းဇီမော့နှင့် ဝမ်ပေါ်တို့ ထာဝရတူတူနေရန် ဆုတောင်းပေးချင်လာသည်။
အမြင်ကတ်စရာကောင်းတဲ့ ခြင်စုံတွဲက လော့ကျလို့ပိတ်မိနေပြီး သူကတော့ သော့ကို‌မျိုချထားတယ် ...

ကျန်းဇီမော့ စစ်ကျွင်းတောက်ကို ကပ်တွယ်မနေတော့သည့်အတွက် ဝမ်မင်ယီက ရုံးကို မလိုက်လာချင်တော့ပေ။ စစ်ကျွင်းတောက်အလုပ်ရှုပ်နေလျှင် သူက လုပ်စရာမရှိသည့်အတွက် ထိုင်နေရသည်။

အသက်မွေးဝမ်းကြောင်းစာအုပ်၏ နောက်ဆုံးစာမျက်နှာကို ဖတ်ပြီးသည့်နောက် ဝမ်မင်ယီက စစ်ကျွင်းတောက်ကို ‌ပြောလိုက်သည်။

" မနက်ဖြန်ကစပြီး ကောကောနဲ့ ကုမ္ပဏီကို မလိုက်တော့ဘူး ... ကျွန်တော့်ကို ကျောင်းသွားခွင့်ပြုပါ ... ဘာပဲဖြစ်ဖြစ် ကျွန်တော်က နေ့ခင်းဘက်မှာ သာမန်လူပဲလေ ... ညကိုးနာရီမတိုင်ခင်အထိ ခွေးနဲ့ကြောင်ပြန်မပြောင်းဘူးဆိုတော့ အတန်းချိန်တွေလည်း မနှောင့်နှေးတော့ဘူး ..."

စစ်ကျွင်းတောက်က သူ ရုတ်တရက် ပုံစံပြောင်းသွားမည်ကိုစိုးရိမ်၍ ဤရက်ပိုင်းတွင် ကျောင်းသွားခွင့်မပြုခဲ့ပေ။ အတန်းထဲ‌တွင် ကြောင် သို့မဟုတ် ခွေးဖြစ်သွားမည်ကို စိုးရိမ်နေပုံပင်။ သို့ရာတွင် ပထမဆုံးအကြိမ် ကြောက်ဖြစ်လာသည်က လွန်ခဲ့သည့် လေးငါးရက်ကဖြစ်သည်။ ဝမ်မင်ယီ၏ အသွင်ပြောင်းမှုက ညကိုးနာရီမှ မနက်ကိုးနာရီအထိ ပုံမှန်သာဖြစ်သည်။ ထို့ကြောင့် သူ၏တောင်းဆိုချက်ကို စစ်ကျွင်းတောက် သဘောတူလိုက်ရသည်။

" ဒါပေမဲ့ ညနေဆို ပြန်လာရမယ် ... နောက်ကျတဲ့အထိ မနေရဘူး ..."

" ဒါပေါ့ ..."

မဟုတ်ရင် အတန်းဖော်တွေ လန့်သေသွားလိမ့်မယ် ...

ဝမ်မင်ယီနှင့် စစ်ကျွင်းတောက် သဘောတူညီမှုရရှိပြီး ကျောင်းလွယ်အိတ်ကို ပြင်ဆင်နေကြသည်။
စကားမစပ် သူ့အတန်းဖော်တွေကို မနက်ဖြန်မနက် ဘာအတန်းရှိလဲ မေးရမယ်  ... အတန်းချိန်လည်း မေးရမယ် ...

ထို့ကြောင့် ကျန်းဟမ့်က wechatတွင် ဝမ်မင်ယီစာပို့ထားသည်ကို မြင်သောအခါ မဆိုင်းမတွ ပြန်မေးလိုက်မိသည်[ : မင်း မနက်ဖြန် အတန်းတက်မလို့လား ...]

ဝမ်မင်ယီ : [မဟုတ်ရင် ဘာလို့မေးမှာလဲ ...]

ကျန်းဟမ့် : [လိမ်နေတာမလား ... တကယ်သာဆို အတန်းထဲက မိန်းကလေးတွေရူးကုန်လိမ့်မယ် ...]

ဝမ်မင်ယီ : "..."

ဝမ်မင်ယီ [: ငါ့ကို အချိန်စာရင်းပဲ ပို့ပေးစမ်းပါ ...]

ကျန်းဟမ့်က အချိန်စာရင်းကို ဓာတ်ပုံအမြန်ရိုက်ကာ ပို့ပေးလိုက်သည်။

ဝမ်မင်ယီ၏ အတွေး မှန်ကန်ခဲ့သည်။ မနက်ဖြန်မနက်ဆယ်နာရီတွင် အသက်မွေးဝမ်းကြောင်းအတန်းချိန်ရှိသည်။ သူက အသက်မွေးဝမ်းကြောင်းစာအုပ်ကို ဖတ်ရှု့ထားသည်။ ကံကောင်းစွာဖြင့် ဤအတောအတွင်း စစ်ကျွင်းတောက်၏ရုံခန်းထဲတွင် အချိန်ဇယားဆွဲကာ စာဖတ်ခဲ့သဖြင့် ဆရာကမေးခွန်းမေးပါကလည်း မဖြေနိုင်စရာအကြောင်းမရှိပေ။

ဝမ်မင်ယီ စာအုပ်များထည့်ပြီးနောက် လွယ်အိတ်ကို စားပွဲပေါ်တင်ထားလိုက်သည်။

တစ်ဖက်တွင်လည်း ကျန်းဟမ့်က wechatတွင် သူတို့၏ [ ၂၀၁၈သတင်းထူးများ] အတန်းgroupနှင့် [ ကျောင်းသားသစ်အဖွဲ့ချုပ် ] group နှစ်ခုလုံးတွင် စာပို့လိုက်သည်။

ကျန်းဟမ့် : [သတင်းထူးရှိတယ်  ... ဝမ်မင်ယီမနက်ဖြန် ကျောင်းပြန်တက်မယ်တဲ့ ...]

အတန်းgroupထဲတွင် ပွက်လောရိုက်ကုန်သည်။

[ဝမ်မင်ယီလား အမလေး ... ကျန်းဟမ့် နင်တကယ်ပြောတာလား ...]

[သေစမ်း ... ငါမနေ့က ဘာလို့ ခွင်ယူမိပါလိမ့် ... အခုတော့ ပြန်လာချင်နေပြီ ... သူက အတန်းကို ရက်နည်းနည်းပဲ တက်မှာလား ... ကျန်ဟမ့် သူ သန်ဘက်ခါအထိ ရှိဦးမှာလား ...]

[အား မင်ယီကောကော ... ငါ့ကို ဒီနေ့အပြင်ထွက်ဖို့ မခေါ်ကြနဲ့ ... ဒီနေ့ စောစောအနားယူပြီး မနက်ဖြန်အတန်းတက်ရမယ် ...]

[ဝမ်မင်ယီက  ကျောင်းကိုဘာလို့ ရုတ်တရက်ကြီးပြန်လာတာလဲ ... လှုပ်ရှားမှုတစ်ခုခု မရှိလို့များလား .. အခြားလူတွေလည်း အနုပညာလှုပ်ရှားမှုတွေ လုပ်နေပြီလေ ... ဝမ်မင်ယီကရော ... ဒါမှမဟုတ် ကျောင်းလာရတာ အဲ့ကိစ္စတွေနဲ့ သက်ဆိုင်နေတာများလား ...]

[ ကျန်းဟမ့် သူရုပ်ရှင်ရိုက်ဖို့လာတာလား ... အိုင်ဒေါဇာတ်လမ်းတွဲလေ... ငါတို့ကျောင်းကို ဓာတ်ပုံလာရိုက်မယ်ထင်တယ် ...]

ကျန်းဟမ့် "..."

ကျန်းဟမ့် [: ငါဘယ်သူလဲ ...]

အားလုံး :[ ကျန်းဟမ့်လေ ...]

ကျန်းဟမ် :[ ငါက ကျန်းဟမ့်ဆိုတာ သိလို့တော်သေးတာပေါ့ ... ငါက ဝမ်မင်ယီမဟုတ်ဖူးလေ ... သူ့မှာလှုပ်ရှားမှုတွေ ရှိမရှိ ငါဘယ်လိုသိမှာလဲ ... သူက နက်ဖြန်မနက် ကျောင်းလာတက်မယ်ဆိုတာလေးပဲ ပြောပြတာလေ ...]

သတင်းထူး groupထဲမှ မိန်းကလေးများ၏ စိတ်လှုပ်ရှားမှုနှင့် နှိုင်းယှဉ်ပါက Xတက္ကသိုလ်၏ ကျောင်းသားသစ်များ groupမှ လူများက ပို၍တည်ငြိမ်သည်။

[ဝမ်မင်ယီ နက်ဖြန် ပြန်လာမယ်ဆိုတော့ ညစာတူတူစားကြမလား ... သူပြန်လာရင် ညစာတူတူစားမယ်လို့ ပြောထားကြတယ်လေ ...]

[ သွားကြမယ်လေ ...]

[ သွားမယ် ... ငါလည်း ဝမ်မင်ယီ့ဆီကနေ လက်မှတ်တောင်းချင်နေတာ ... အိုး ... ငါ့ညီမကို တစ်နေ့က ဝမ်မင်ယီနဲ့သိတယ် ပြောပြလိုက်တာ မယုံဘူးလေ ... ဒီတစ်ခါ သူ့လက်မှတ်ရရင် သူ့ကိုမပေးတော့ဘူး  ငါ‌ဒေါသထွက်သွားပြီ ...]

[ ချီချမ်း နင့်ဦးနှောက်နဲ့ ဘယ်လိုကျောင်းပြီးပြီးတော့ တက္ကသိုလ်ရောက်လာတာလဲ ... ဘွဲ့ရဓာတ်ပုံတွေထဲမှာ ထင်းနေတဲ့ ဝမ်မင်ယီ့ပုံပြလိုက်လေ ...]

ချီချမ်း  "..."

သူတို့ ရယ်မောလျက် အတန်းဖော်ဟောင်းများနှင့် စနောက်နေကြသည်။

နောက်နေ့မနက်တွင် လူပုံစံပြန်ပြောင်းပြီးချိန်၌ ဝမ်မင်ယီကို စစ်ကျွင်းတောက်က ကျောင်းလိုက်ပို့သည်။

ကားထဲတွင် စစ်ကျွင်းတောက်က သတိပေးသည်။

" နေ့ခင်းကျရင် ဖောက်သည်တစ်ယောက်နဲ့ တွေ့စရာရှိတယ် ... ကျောင်းမဆင်းခင် ဖုန်းမဆက်ဖူးဆိုရင် လာကြိုလို့မရလို့ပဲ ... ကိုယ့်ဘာသာပြန်လိုက်နော် ..."

" အိုကေ ... ကျွန်တော်က ကလေးမဟုတ်ပါဘူး စိတ်မပူနဲ့ ..."

" စကားမစပ် ..."
စစ်ကျွင်းတောက် တစ်စုံတစ်ခုကို သတိရသွားကာ ပြောလိုက်သည်။

" ကျောက်ယန် ဖျော်ဖြေရေးကုမ္ပဏီကိုသိလား ... ဒီရက်ပိုင်း ကုမ္ပဏီ တော်တော်များများကို ဆက်သွယ်ခဲ့ပေမဲ့ ကျောက်ယန် ကုမ္ပဏီတစ်ခုကပဲ အဆင်ပြေတယ် ... အဲ့ဒါကြောင့် သူတို့နဲ့ စာချုပ်ချုပ်ရင်‌ရော အဆင်ပြေမလား ..."

" ကောကောပြောတာ မူကျိအန်းရဲ့ ကျောက်ယန် ဖျော်ဖြေရေးကုမ္ပဏီလား ..."

စစ်ကျွင်းတောက် ရယ်ပြီး မေးလိုက်သည်။
" မူကျိအန်းကို သိတယ်လား ..."

" ကောကောလည်းသိတယ်မလား မူကျိအန်းက အရမ်းနာမည်ကြီးတယ် ... သူက Golden Laurelဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ရန်မင်းသားဆု ရထားတာပဲ ... သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေကို လေ့လာဖို့က မလွယ်ဘူး ..."

စစ်ကျွင်းတောက် ခေါင်းငြိမ့်ပြလိုက်သည်။
" ဒါဆို စာချုပ်လက်မှတ်ထိုးမလား ... "

" ‌ဒါပေါ့ ..."
ဝမ်မင်ယီက ကျောက်ယန်ဖျော်ဖြေရေးကုမ္ပဏီကို အလွန် သဘောကျနေသည်။
" ကျွန်တော်ကြားတာတော့ ကျောက်ယန်ရဲ့ ရုပ်ရှင်ကားနဲ့ တီဗွီအစီအစဉ်တွေပ အရမ်းကောင်းတယ်တဲ့ ... ကျွန်တော်က အဆိုတော်ဆိုပေမယ့်  အခုဖျော်ဖြေရေးနယ်ပယ်ထဲမှာ အဓိကကျတာ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေပဲ ... ကျွန်တော်က အဆိုတော်အဖြစ် ပွဲဦးထွက်ထားပေမယ့် နောက်ဆုံးမှာတော့ ရုပ်ရှင်ရိုက်ရမှာပဲ ... အဲ့ဒါမှ ဒီလောကထဲမှာ အချိန်အကြာကြီး ရပ်တည်နေနိုင်မှာ ..."

" ဟုတ်ပြီ ဒါဆိုရင် အတန်းသွားတက်လေ ... ကျောက်ယန်က‌သူဌေးနဲ့ ကိုယ်အရင်ပြောကြည့်လိုက်မယ် ပြီးမှမင်းကို အသေးစိတ်ပြောပြမယ်လေ ..."

ဝမ်မင်ယီ ခေါင်းငြိမ့်ပြလိုက်သည်။ သို့သော် "ကျောက်ယန်ကသူဌေး" ဟူသည့် စကားလုံးကြောင့် သူသိချင်စိတ်ပေါ်လာသဖြင့် စစ်ကျွင်းတောက်နားကို ကပ်သွားသည်။
" ကောကောက အဲ့သူဌေးနဲ့ သိတာလား ..."

စစ်ကျွင်းတောက် ရယ်လိုက်ပြီး သူ့ခေါင်းကိုပုတ်လိုက်သည်။
" ကိုယ်က လူအများကြီးနဲ့သိတယ် ..."

သူ၏အစ်ကိုက စွမ်းအားကြီးကြောင်း ဝမ်မင်ယီ ခံစားမိသွားသည်။ အစောပိုင်းကာလများက ကျန်းဇီမော့က သူ့အစ်ကိုကို အလွန်စွဲလန်းပြီး ဝမ်ပေါ်ကို လျစ်လျူရှု့ထားသည်မှာ မထူးဆန်းပေ။
" ဒါဆို ကောကောနဲ့ပဲ လွှဲထားမယ်နော် ...ပြီးတော့ ..."
ဝမ်မင်ယီ အလေးအနက်ပြောလိုက်သည်။

" ကျွန်တော်မရှိရင်လည်း ကင်းကင်းရှင်းရှင်းရမယ်နော် ... ကောကောက ကတိတည်တတ်တဲ့လူဆိုတာ မမေ့ပါနဲ့ ... ကျွန်တော့်နောက်ကွယ်မှာ ကျန်းဇီမော့နဲ့တွေ့ရင် ကျွန်တော်လည်း ကောကောနောက်ကွယ်မှာ သူနဲ့တွေ့မိလိမ့်မယ် ..."

စစ်ကျွင်းတောက် ဆွံ့အသွားသည်။
" အတန်းသွားတက်တော့ ..."

ဝမ်မင်ယီ ပြုံးလျက် ဦးထုပ်နှင့် မက်စ်ကို တပ်လိုက်သည်။ သူ့ကို လက်ဝှေ့ယမ်းပြပြီးနောက် ကားထဲမှ ထွက်လာသည်။

ရင်းနှီးနေသော ကျောင်းဂိတ်ဝသို့ ဝမ်မင်ယီလျှောက်သွားသည်ကိုကြည့်ပီ့း သူ၏မျက်လုံးများက နူးညံ့နေသည်။ ငယ်စဉ်ကလည်း ဝမ်မင်ယီကို မူလတန်းကျောင်းသို့ တစ်ခါလိုက်ပို့ဖူးသည်။ ထိုစဉ်က သူ၏ကျောပိုးအိတ်ကိုပင် သယ်ပေးခဲ့ရသည်။ အလယ်တန်းနှင့် အထက်တန်းတွင်လည်း ထိုနည်းလည်းကောင်းပင်။

Xတက္ကသိုလ်၏ ပထမဆုံးကျောင်းဖွင့်ရက်တွင်လည်း ဝမ်မင်ယီကိုလိုက်ပို့ခဲ့ဖူးသည်။ ဤတက္ကသိုလ်က ဝမ်မင်ယီ ပထမဦးစားပေး တက်ချင်ခဲ့သည်မဟုတ်သော်လည်း သတင်းအနုပညာတန်းတွင် ‌ပထမဆုံးကျောင်းသားဖြစ်ကာ ပညာသင်ဆု ရရှိခဲ့သည်။ သူ၏သူငယ်ချင်း လုယွင်ဖေးနှင့်တူတူ မြောက်ပိုင်းမှ ပ်ိုမိုကောင်းမွန်သည့်ကျောင်းသားကို တက်၍ရသော်လည်း မသွားခဲ့ပေ။

ထိုအချိန်က ဝမ်မင်ယီကို အကြောင်းပြချက် မေးခဲ့သော်လည်း ဝမ်မင်ယီက အေးစက်သောမျက်နှာဖြင့် ဂရုစိုက်ရန်မလိုဘူး ဟူ၍သာပြန်ဖြေခဲ့သည်။ စစ်ကျွင်းတောက်က အကြောင်းအရင်းကိုသိသည်။ အဘယ့်ကြောင့်ဆိုသော် သူသည်လည်း ထိုနှစ်တွင် ဤတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သောကြောင့်ဖြစ်သည်။

သူငယ်စဉ်ကတည်းက သိရှိခဲ့သည့်ကလေးငယ်လေးက မည်မျှပင် အပေါက်ဆိုးနေပါစေ သူ၏နှလုံးသားက အမြဲနူးညံ့နေသည်။ ပါးစပ်နှင့်ပြောခြင်းထက် လုပ်ဆောင်ချက်များဖြင့်သာ တစ်ဆင့်ပြီးတစ်ဆင့် သက်သေပြလိမ့်မည်။ ထိုအပြုအမူက အမှန်တကယ်ပင် ကြောင်နှင့်တူသည်။

ထိုအချိန်က ကံဆိုးစွာဖြင့် ဝမ်မင်ယီက သူ့ကိုယ်သူ ဒေါသထွက်နေခဲ့ပြီး ကျောင်းသို့လိုက်ပို့ပေးရန် စစ်ကျွင်းတောက်၏တောင်းဆိုချက်ကို မျက်ကွယ်ပြုခဲ့သည်။ သို့သော် ယခုအခါတွင် စစ်ကျွင်းတောက်ဘက်သို့ပြန်ရောက်လာကာ ယခင်က ကျောင်းလိုက်မပို့ခိုင်းခဲ့သည်ကို နောင်တရနေခဲ့သည်။ ဤအကြောင်းများကို တွေးမိသောအခါ စစ်ကျွင်းတောက် စိတ်သက်သာရာရသွားသည်။

ထိုအချိန်၍ စစ်ကျွင်းတောက်၏ဖုန်းမြည်လာ၍ ကိုင်လိုက်သည်။ မျက်နှာပြင်ပေါ်တွင် "မူကျိအန်း" ဟူသည့်နာမည်သုံးလုံးကို မြင်လိုက်ရသည်။

သူ ဖုန်းကိုင်လိုက်သည်နှင့် မူကျိအန်း၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

" စစ်ကျွင်းတောက် မင်း လူမဟုတ်ဖူးပဲ ... ငါ့ရဲ့နောက်ကွယ်မှာ ကျောက်ယန်နဲ့ တိတ်တဆိတ်ဆက်သွယ်နေတယ်ပေါ့လေ ... မင်းတို့တွေ့မယ်ပြောထားပြီး ငါ့ကိုလည်းမခေါ်ဘူး ... ရုပ်ရှင်အတွက်လူက သုံးယောက်ဆို ဘာလို့ ငါ့နာမည် မပါရတာလဲ ... ငါလည်း သရုပ်ဆောင်ကောင်းတစ်ယောက်ပါ... မင်းရဲ့ ပါတနာက ငါဖြစ်သင့်တာလေ ... ကျောက်ယန်က ဒီမှာမဟုတ်ပဲ ကားအောက်မှာ ရှိနေရမှာ ...မင်းသဘောပေါက်ရဲ့လား ..."

စစ်ကျွင်းတောက် "..."

واصل القراءة

ستعجبك أيضاً

111K 10.7K 200
လန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ...
209K 14K 55
Jeon Jungkook x Kim Taehyung
66.7K 5.9K 200
မူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟ...
62.6K 6.3K 200
✓✓✓✓ MC က FAကြီး ✓✓✓✓ ဇာတ်လမ်းအကျဉ်း လင်းဖုန်းဟာ အချိန်ခရီးသွားခဲ့ပြီး စနစ်တစ်ခုကို ရရှိခဲ့ပေမယ့် သူ့ရဲ့ဖိအားတွေဟာ တောင်လိုပဲကြီးမားပါတယ်။ "စနစ်...