စစ်ကျွင်းတောက် သူ့အရှေ့ကကြောင်ရဲ့
မျက်နှာ
ဖောင်းဖောင်းလေးကို ကြည့်လိုက်သည်။
ဝမ်မင်ယီ သူ့ရဲ့နှုတ်ခမ်းမွှေး
တွေကို လှုပ်လိုက်ပြီး ပယင်းရောင်
မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်သည်။
လူတစ်ယောက်နဲ့ ကြောင်တစ်ကောင်
နဲ့ နှစ်ယောက်လုံး တစ်ယောက်ကို
တစ်ယောက်ကြည့်ရင်း ဆွံ့အနေခဲ့
ကြသည်။
တိတ်ဆိတ်မှုတွေက အခန်းတစ်ခုလုံး
လွှမ်းခြုံသွား
ခဲ့သည်။တိတ်ဆိတ်မှုက ဒီညတော့
Cambridgeရဲ့
သီချင်းမဟုတ်တော့ပဲ ကြောင်ဖြစ်
သြားတဲ့
ဝမ်မင်ယီ အတွက် ဖြစ်သွားခဲ့
သည်။နောက်ဆုံးတော့ လိုက်လျောညီထွေစွာ
နေနိုင်တဲ့
ဝမ်မင်ယီ ကပဲ အရှုံးပေးလိုက်
ရသည်။
သူ သူ့ရဲ့ကြောင်ခေါင်းလေးကိုစောင်း
ပြီးတော့
မေးလိုက်သည် "အခုဘာလုပ်မလဲ.."
စစ်ကျွင်းတောက် ကြောင်လေးကသူခေါင်းလေးကို
စောင်းပြီး
မြောင်လို့အော်တာကို မြင်ပြီး အဲ့ဒါ
က အရမ်းကို
ချစ်စရာကောင်းတယ်လို့ ခံစားမိ
လိုက်သည်။
သူလက်ကိုဆန့်ပြီးတော့ သူ့ရဲ့ခေါင်း
လေးကို
ပွတ်သပ်လိုက်သည်။
ဝမ်မင်ယီ အဲ့လိုလုပ်တာကအရမ်း
နေလို့ကောင်းကြောင်း ခံစားလိုက်ရသည်။သူ
သူ့ရဲ့ခေါင်းကို ဆန့်ထုတ်လိုက်ပြီး
မျက်လုံးမှိတ်လျက်
သူ့ကိုကိုရဲ့ လက်ဖဝါးနဲ့ ပိုပြီးထိ
ပေးလိုက်သည်။
စစ်ကျွင်းတောက် သူ့ကို သူရဲ့
လက်မောင်းထဲ
တင်းနေအောင်ဖက်ထားပြီး သူ့ရဲ့
ခေါင်းကို
သူကြိုက်သလိုပွတ်ပေးရင်း ပြော
လိုက်သည်။
"နောက်ကျနေပြီ၊အနားယူကြ
ရအောင် ငါတို့ မင်း မနက်ဖြန်ကျ ပြန်ပြောင်းမလားဆိုတာ ကြည့်ရမယ်...
မင်းအနည်းဆုံး သုံးရက်နေလို့မှ ပြန်
မပြောင်းရင် ငါတို့ မင်းကို ဆေးရုံပို့ပြီး စစ်ဆေးမှဖြစ်မယ်..."
ဝမ်မင်ယီ "စစ်ဆေးမယ် "ဆို
တဲ့စကားလုံး ကြားပြီး လန့်ကာ မေးလိုက်သည်။
"စစ်ဆေးရမယ်"
စစ်ကျွင်းတောက် သူ မြောင် တာကိုနားမ
လည်ပေမဲ့ ဘာကိုဆိုလိုချင်တာလဲဆိုတာကို ခန့်မှန်းမိလိုက်ပြီးရှင်းပြလိုက်သည်။
"မတတ်နိုင်ဘူးလေ မင်းကြောင် အဖြစ် တစ်သက်လုံးနေသွားလို့မှမရတာ။
စိတ်မပူပါနဲ့....ကိုကိုက မင်းကို အန္တရာယ်ဖြစ်အောင် မလုပ်ပါဘူး"
သူအဲ့လိုပြောမှပဲ ဝမ်မင်ယီ စိတ်အေးသွား
တော့သည်။တကယ်ဆို သူက စစ်ကျွင်းတောက်နဲ့အတူကြီးပြင်းလာခဲ့ခြင်းပင်။
သူ့မိဘတွေက စစ် မိသားစုကို ယုံကြည်သောကြောင့် သူမူလတန်းပြီးတာနဲ့ သူ့ကို
စစ်ကျွင်းတောက် လက်မောင်းထဲထိုး
ထည့်ခဲ့ပြီးသူ့ကိုဂရုစိုက်ပေးဖို့ပြောရင်း နဲ့မှာခဲ့ကြ၏။
(မင်မင် က ကိုကို့စကားကိုနားထောင်ရမယ်နော်)ပြီးတာနဲ့ ချက်ချင်း သူ့တို့အထုပ်တွေထုတ်ပြီး သူ့တို့ရဲ့အိမ်မက်ဖြစ်တဲ့
အလုပ် လုပ်ဖို့ရာထွက်သွားပြီး သူ့ကိုထားရစ်ခဲ့ကြသည်။
သူ့ရဲ့ အားကိုးလို့မရတဲ့ မိဘတွေကို
တွေးမိရင်းဝမ်မင်ယီ စိတ်နာလာခဲ့သည်။
ဝတ္ထုထဲမှာ သူသေပြီးတဲ့နောက် သူ့မိဘတွေကသူတို့ရဲ့ ဆင်ခြင်တုံတရား ကင်းမဲ့သွားပုံပေါ်သည်။
ကျန်းဇီမော့ရဲ့ ငိုယိုပြီး ဒူးထောက်
တောင်းပန်မှုအောက်မှာ သူတို့က ကျန်းဇီမော့က ဝမ်ပော်နှင့်အတူ (ရှောင်မိုက ရယ်ရွယ်ပြီး လုပ်ခဲ့တာမဟုတ်ပါဘူး
သေသွားပြီးတဲ့လူကလည်း ပြန်မရှင်
လာနိုင်တာမို့သူ့ကိုယ်သူ သားအဖြစ်နဲ့ အစားထိုးပေးပါမယ်)ဆိုတဲ့
ယုတ္တိမရှိတဲ့စကားတွေကို ခွင့်လွှတ်
ပြီး လက်ခံပေးခဲ့ကြသည်။သူတို့ကျန်းဇီမော့ကို သူတို့ရဲ့မွေးစားသား
အဖြစ် တကယ်လက်ခံခဲ့၏။
ဝမ်မင်ယီက သူတို့မျက်နှာပေါ်
သွေးအန်မိတော့မလိုတောင် ဖြစ်သွားခဲ့သည်။
(ခင်ဗျားတို့သားကို
ထည့်ထားတဲ့အခေါင်းက သူ့ကိုထိန်း
နိုင်တော့မှာမဟုတ်ဘူး။သူကစိတ်တိုလွန်းလို့
အခေါင်းထဲကပါထွက်လာတော့မယ်)
စစ်ကျွင်းတောက် တစ်ယောက်ထဲကသာ
ကျန်းဇီမော့ရဲ့တောင်းပန်မှုတွေနဲ့ အသနားခံမှုတွေကို လက်မခံခဲ့ဘဲ သူ့ကိုထောင်ထဲ
ထည့်ဖို့ ရယ်ရွယ်ချက်ကို စွဲမြဲစွာ
ထားခဲ့သည်။
ဝမ်မင်ယီသက်ပြင်းချလိုက်ပြီး
မြောင်-ဟုအသာအော်ကာ
စစ်ကျွင်းတောက် ရဲ့ ခန္ဓာကိုယ်ကို ခေါင်း
လေးဖြင့်ပွတ်လိုက်သည်။
သူနဲ့ စစ်ကျွင်းတောက် က သွေးသား
ရင်းတွေမဟုတ်ကြပေမယ့် အတူတူနေလာခဲ့
တာ နှစ်တွေအများကြီး ကြာခဲ့ပြီဖြစ်သည်။
သူလူပျိုဝင်ကာစအချိန်တုန်းက ကလေးဆိုးလိုပဲ....
ခေါင်းမာကာပေါက်ကွဲပြီးတောစစ်ကျွင်းတောက်နဲ့ စစ်အေးတိုက်ပွဲ
တွေတောင် ဖြစ်ခဲ့သေးသည်။ဒါတောင်
အစကနေအဆုံးထိ စစ်ကျွင်းတောက် က
အမြဲတမ်းသူ့ကိုပဲ ဦးစားပေးပြီး ဘာ
ကိုမှပြန်တောင်းတာရယ်ဆိုတာ
မရှိခဲ့ပေ။ထို့ကြောင့် ဒီတစ်ကြိမ်တော့
စစ်ကျွင်းတောက် ကို အရင်ဘဝကလို
ထပ်ဖြစ်မှာကို သူလုံးဝခွင့်ပြုမှာ
မဟုတ်ပေ။
စစ်ကျွင်းတောက် ခေါင်းကိုငုံ့ပြီး သူ့ကို
ကြည့်ကာအမွှေးလေးတွေကို ပွတ်သပ်ပေးလိုက်သည်။
ကြောင်လေးက ကိုင်ရတာအိအိလေး
နဲ့ ဝဝကစ်ကစ်လေး အသစ်စက်စက်
လုပ်ထားတဲ့ ဝါဂွမ်းသကြားလုံးလေး
လိုပဲ နူးညံ့ပြီး နွေးနွေးထွေးထွေး
လေး....
ဝမ်မင်ယီ က လိမ်လိမ်မာမာ
နဲ့ သူနဲ့လက်မောင်းပေါ်မှာ လှဲနေပြီး
နှင်းလိုဖြူတဲ့ဝမ်းဗိုက်လေးကို ပြ
ထားသည်။
သူအရင်က အိမ်မွေးတိရိစ္ဆာန်တွေ
မမွေးခဲ့ဖူးဘူးသလို လမ်းပေါ်မှာ တွေ့ခဲ့
ရင်တောင် သူလှည့်ကြည့်ဖို့တောင်
စိတ်မဝင်စားခဲ့ပေ။
တစ်ခါတုန်းကသူ သူ့မရဲ့ကြောင်ပုံ
တွေကို သူငယ်ချင်းတွေဆီကို အမြဲပို့
တတ်တဲ့အမျိုးသမီးဥက္ကဌတစ်ယောက်နဲ့
အလုပ်တွဲလုပ်ခဲ့ဖူး၏။ထို့နောက် အဲ့တစ်ယောက်ကို muteလုပ်ပစ်လိုက်သည်။
သူဘယ်တုန်းကမှ သူကအဲ့လို
တိရိစ္ဆာန်ငယ်လေးတွေကို ချစ်တတ်တဲ့လူ ဖြစ်လာမယ်လို့ မတွေးခဲ့မိပေ။
သူတို့ချစ်စရာကောင်းတာ သူတို့နဲ့ပဲ
ဆိုင်ပြီး သူနဲ့ဘယ်တုန်းကမှမသက်ဆိုင်ခဲ့ဘူး။
သူ သူတို့ကို ကြိုက်လည်းမကြိုက်
သလို ချစ်ဖို့ကောင်းတယ်လို့လည်း
တစ်ခါမှမတွေးခဲ့ဘူး။
ဒါမေမဲ့ အခုသူ့ရဲ့လက်မောင်းထဲမှာ
ဇိမ်ယူပြီးပွတ်သပ်ကာ ကျေနပ်စွာနဲ့ အသံသေး
သေးလေးနဲ့အော်နေတဲ့ ကြောင်လေးကို ကြည့်ပြီးစစ်ကျွင်းတောက် ပထမဦးဆုံးအနေနဲ့
ကြောင်ဆိုတဲ့ တိရိစ္ဆာန်ငယ်လေးကအရမ်းချစ်ဖို့ကောင်းတယ်လို့ ခံစားမိလိုက်သည်။
သူ ပန်းရောင်သန်းပြီး နူးညံ့အိစက်
နေတဲ့ ကြောင်လက်ဖဝါးလေးကို အူး
ယားလွန်းလို့လက်နဲ့ ဖျစ်ညှစ်ပစ်လိုက်သည်။
ဝမ်မင်ယီ သူ့ကိုကိုက သူ့လက်ဖဝါးတွေနဲ့
ဆော့နေတာကိုမြင်တော့ စစ်ကျွင်းတောက်ကို မတော်တဆမခြစ်မိအောင်သူ့ရဲ့လက်သည်းတွေကို အမြန်ဝှက်လိုက်သည်။
စစ်ကျွင်းတောက် သူ့ကိုအသာလေးပုတ်ပြီး
ကြောင်လေးကို ပွေ့လျက်နှင့် ထလိုက်သည်။
စစ်ကျွင်းတောက်... "အိပ်ကြရအောင်
မင်းဒီညတော့
ကိုကိုနဲ့အတူ အိပ်လိုက် မနက်ဖြန်ကျရင်
ပြန်ပြောင်းမလားလို့ ကြည့်ရအောင်
မပြောင်းခဲ့ရင် ကိုကိုတို့ တခြားနည်းလမ်းစဉ်းစားမှဖြစ်မယ်...."
ဝမ်မင်ယီ သဘောတူတဲ့
အနေဖြင့်"မြောင် "ဟု အော်လိုက်သည်။
စစ်ကျွင်းတောက် သူ့ကို အိပ်ရာပေါ်တင်
ပြီးပြောလိုက်သည်
"အစ်ကို ရေချိုး
လိုက်ဦးမယ် မင်းအိပ်နှင့်လိုက်..."
ဝမ်မင်ယီ က အိပ်မပျော်နိုင်
တာနဲ့ သူနဲ့အတူရေချိုးခန်းထဲ လိုက်ဝင်လိုက်သည်။
စစ်ကျွင်းတောက်က သူလည်းရေချိုး
ချင်တာလို့ ထင်လိုက်သော်လည်း ဝမ်မင်ယီက က မျက်နှာသစ်ကန်
ပေါ်ကိုခုန်တတ်ပြီးတော့
သူ့ကိုယ်သူ မှန်ထဲကြည့်နေတာကို
တွေ့လိုက်သည်။
ဝမ်မင်ယီ သူ့ကိုယ်သူမှန်
ထဲ ကြည့်လိုက်သည်။ဒါဆို သူက
ကြောင်ကျားလေးပေါ့ ပြီးတော့
လည်းသေးသေးလေး။သူ သူ့ကိုယ်သူ
၃၆၀ဒီဂရီလှည့်ပြီး
တော့ သူရဲ့တင်ပါးနဲ့ အမြီးကိုပါ
သေချာကြည့်လိုက်သည်။
စစ်ကျွင်းတောက် သူ သူ့
ကိုယ်သူ မှန်ထဲမှာ သေချာကြည့်ပြီး
ဖင်လေးကို ဟိုဘက်လှည့်လိုက် ဒီ
ဘက်လှည့်လိုက် လုပ်နေတာကို မြင်
တော့တိုးတိုးလေးကျိတ်ရယ်လိုက်သည်။
ဝမ်မင်ယီ မှန်ကြည့်ပြီးတာ
နဲ့ သူကခပ်မိုက်မိုက်နဲ့ မချောပေမယ့်
လည်း ချစ်ဖို့ကောင်းနေသေးတယ်
ဟုတွေးလိုက်သည်။
ဒါကြောင့်
သူကြောင်ဖြစ်သွားတယ်
ဆိုတဲ့အချက်ကို သူလက်ခံလိုက်သည်။
သူမျက်နှာသစ်ကန်ပေါ်က ခုန်ဆင်း
ပြီးတော့ရေချိုးခန်းထဲကနေ ထွက်ခဲ့လိုက်
သည်။
စစ်ကျွင်းတောက် လည်း တံခါးကို ပိတ်
လိုက်ပြီးတော့ရေစချိုးလိုက်သည်။
ဝမ်မင်ယီ အိပ်ရာပေါ်မှာ ပျင်း
ပျင်းရိရိနဲ့
နေရင်း အိပ်မပျော်နိုင်ပဲ ဖြစ်နေခဲ့
သည်။သူ့ရဲ့လက်ကိုလျက်
ရန် လျှာကိုထုတ်လိုက်ပြီး ဘာဆက်
လုပ်ရမလဲ
ဆိုတာကို တွေးနေခဲ့သည်။
ရုတ်တရက်ကြီး သူ့ရဲ့ ကြောင်
ခန္ဓာကိုယ် တစ်ခုလုံး
တောင့်ခဲသွားခဲ့သည်။
Fuck...ငါအခု ဘာလုပ်လိုက်တာလဲ....
ဝမ်မင်ယီသူ့ရဲ့ နှင်းလိုဖြူနေ
တဲ့ လက်ဖဝါးကို ကြည့်လိုက်သည်။
ငါ.ငါ့ရဲ့ လက်တွေကို လျက်လိုက်မိ
တာပဲ...
ဝမ်မင်ယီ၏ ကြောင်မျက်လုံး
တွေက
ကြောက်လန့်တကြားပြူးသွားပြီး သူ့ဘဝကိုတောင် သံသယဝင်မိသွားသည်။သူကြောင်ဖြစ်သွားတာမှမကြာသေးဘူး။သူက သူလက်တွေကိုစပြီး လျှက်တတ်နေပြီ...
သူ လူအဖြစ်နဲ့တုန်းကတောင်လက်ချောင်းတွေကို တစ်ခုမှမစုပ်ခဲ့ဖူးဘူး။
ဒီလိုပုံစံအတိုင်းဆိုရင် သူတကယ့်
ကြောင်လို
ဖြစ်သွားမှာမဟုတ်ဘူးလား...
ဝမ်မင်ယီ စိတ်ဓာတ်ကျသွားမိ
သည်။
သူ သူ့ရဲ့လက်ကို လျက်ချင်နေတဲ့
ဆန္ဒကို
ထိန်းပြီးတော့ ခန္ဓာကိုယ်ကို ချုံခို
တိုက်တော့မဲ့
စစ်သားလိုမျိုး မလှုပ်ပဲနဲ့ ခပ်
မတ်မတ်နဲ့
အိပ်ရာပေါ်မှာ ထိုင်နေလိုက်သည်။
စစ်ကျွင်းတောက် ရေချိုးခန်းထဲက ထွက်လာချိန်တွင် အိပ်ရာပေါ်မှာ ကျောက်ရုပ်လိုမျိုးထိုင်နေတဲ့
ကြောင်လေးကို တွေ့လိုက်ရသည်။သူနဲ့မျက်နှာချင်းဆိုင်က ပြတင်းပေါက်က ဒီညလမထွက်ဖူး ဆိုတာကိုသာ ပြမနေရင် သူ့ရဲ့ကြောင်ညီလေးက အဲ့လကိုကြည့်ပြီး ဝံပုလွေလိုအူတော့မယ် ဟုပင် တွေးမိပေမည်။
သူသွားပြီးတော့ ကြောင်ခေါင်းလေး
ကို ပွတ်ပေးလိုက် သည်။ဝမ်မင်ယီ သူပွတ်ပေးတာကို ခံစား
ရပြီးတော့ စိတ်ချလက်ချနှင့် သူ့
လက်မောင်းထဲ တိုးကာဝင်လိုက်
သည်။
စစ်ကျွင်းတောက် အိပ်ရာထဲဝင်ရန်
စောင်ကိုလှန်ပြီး
သူ့ကို တစ်ခြားခေါင်းအုံးတစ်လုံးပေါ်
တင်ပြီး
ပြောလိုက်သည်။
"အိပ်တော့ Goodnight..."
ဝမ်မင်ယီ" မြောင် " ဟုပြန်
အော်ပြီး မျက်စိမှိတ်ကာ အိပ်သွား
တော့သည်။
နောက်နေ့မနက်၌ စစ်ကျွင်းတောက်တစ်ယောက် အိပ်ရာကအိပ်ချင်မူးတူးနိုးလာပြီး ဘေးကိုကြည့်လိုက်ချိန် ခေါင်အုံးပေါ်က ကြောင်ဝါလေးတစ်ကောင်ကိုတွေ့ပြီး လန့်သွားခဲ့သည်။
မြန်မြန်ဆန်ဆန်ပဲမနေ့ညက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကိုပြန်မှတ်မိလိုက်သည်။
ဒါက အရမ်း မသင်္ကာစရာကောင်း
တယ်လို့ စစ်ကျွင်းတောက် တွေးလိုက်မိသည်။
မင်မင်က ရုတ်တရက်ကြီး ဘာလို့ ကြောင်ဖြစ်သွားရတာလဲ...
သူမျက်မှောင်ကြုတ်ကာ တွေးတောရင်းနာရီကို ကြည့်လိုက်မိသည်။
၈နာရီ၅၀ကျော်နေပြီ။
ပုံမှန် ဒီအချိန်ဆို သူရုံးခန်းထဲရောက်
နေပြီ။ဒါပေမဲ့မနေ့ညကဖြစ်သွားတဲ့ ဝမ်မင်ယီရဲ့ကိစ္စကြောင့် သူအိမ်မှာ ကြောင်လေးကို တစ်ကောင်တည်း မထားခဲ့နိုင်တာကြောင့် သူမအိပ်ခင်မှာ သူရဲ့လက်ထောက်ကို ဒီနေ့အနားယူမယ် ဟုကြိုမှာထားလိုက်သည်။
သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ကြောင်ဝါလေးကိုကြည့်ပြီး မနေနိုင်ဘဲလက်ညှိုးဖြင့်ထိုးလိုက်မိသည်။
အအိပ်လွန်နေတဲ့ကြောင်လေးကတော့ လက်ညှိုးနဲ့ထိုးမှန်းတောင် ခံစားမိတဲ့ပုံမပေါ်ဘဲနည်းနည်းလေး တောင်လှုပ်မလာခဲ့ပေ။
စစ်ကျွင်းတောက် ဆော့လို့ပြီးတာမျက်နှာသစ်ဖို့ ထသွားခဲ့သည်။
သူပြန်လာပြီးတော့ဝမ်မင်ယီ ကို နှိုးရန်ပြင်လိုက်၏။
သို့သော် သူလှမ်းကြည့်မိလိုက်တဲ့အခါ
မှာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားခဲ့သည်။
နှစ်မီတာကျော်ကျယ်တဲ့ အိပ်ရာကြီး
အပေါ်မှာဆံပင်အနက်ရောင်နဲ့ ခပ်ချောချော
ကောင်လေး အိပ်နေခဲ့တယ်။
သူရဲ့မျက်နှာက ကြွေရုပ်လေးလို
ဖြူဖွေးနေပြီး နှုတ်ခမ်းလေးကလည်း
နီနီရဲရဲလေးနဲ့ နွေဦးမှာပွင့်တော့မယ်
ပန်းရောင်ပန်းဖူးလေးနှစ်ဖူးလိုဖြစ်နေခဲ့တယ်။
ဒါက မနေ့ညကကြောင်အဖြစ်ပြောင်းသွားခဲ့တဲ့ ဝမ်မင်ယီပဲလေ...
စစ်ကျွင်းတောက် မြန်မြန်လမ်းလျှောက်သွားပြီးသူရဲ့လက်မောင်းကို လှုပ်နှိုးပြီး စိတ်လှုပ်ရှားစွာနှင့်ပြောလိုက်သည်။
"မင်မင် ထတော့"
ဝမ်မင်ယီ ခန္ဓာကိုယ်ကို နည်းနည်းလှည့်လာပြီး မျက်လုံးတွေကိုပွတ်လိုက်ပြီး အိမ်ချင်မူးတူးနဲ့ပြန်ဖြေလိုက်သည်။
"ဘာဖြစ်လို့လဲ"
"မင်းပြန်ပြောင်းသွားပြီ..."
ဝမ်မင်ယီ"အင်း"လို့ဖြေပြီး
ခေါင်းညိမ့်ကာပြောလိုက်သည်။
"ကျွန်တော်ပြန်ပြောင်းသားပြီ.."
စစ်ကျွင်းတောက် သူ့ရဲ့ပုံစံကို ကြည့်ပြီး
တကယ်မနှိုးသေးတာကိုသိလိုက်သည်။
"မင်းကိုယ်မင်းပြန်ကြည့်လိုက်ဦး
မင်းပြန်ပြောင်းသွားပြီ မင်းမနေ့က
လို ကြောင်ဝါလေး မဟုတ်တော့ဘူး..."
ဝမ်မင်ယီ လိမ္မာစွာနဲ့ ခေါင်းညိတ်ပေး
လိုက်သည်။
ဒါပေမဲ့ သုံးလေးခေါက်
လောက် ညိတ်ပြီးတော့မှလန့်နိုးသွားပြီး သူ့ကိုယ်သူအံ့ဩစွာနဲ့ ကြည့်လိုက်မိသည်။
သူ သူ့ရဲ့လက်တွေကို အရင် ကြည့်လိုက်
သည်။ပြီးတော့ စောင်ကိုလှန်လိုက်
ပြီးတော့ သူ့ရဲရင်းနှီးနေတဲ့အဝတ်အစားတွေကိုပြောလိုက်သည်။
"ကျွန်တော်ပြန်ပြောင်းသွားပြီ..."
ဝမ်မင်ယီ အော်ပြောလိုက်သည်။
"ကျွန်တော်တကယ် ပြန်ပြောင်းသွားပြီ"
စစ်ကျွင်းတောက် ပြုံးရင်းနဲ့ ခေါင်းညိတ်ပြလိုက်ပြီးစိတ်အေးစွာနဲ့သက်ပြင်းလေးချလိုက်သည်။
"ဒါမဲ့ အစ်ကိုတို့ ဆေးရုံကိုတော့ သွား
ရဦးမယ်...အခု မင်းပြန်ပြောင်းပြီဆိုပေမဲ့
အစ်ကိုတို့မင်းခန္ဓာကိုယ်ကို စစ်ဆေးဖို့ ဆေးရုံကိုသွားရမယ်...
အစ်ကိုတို့ ဒီကိစ္စကိုသိပ္ပံပညာနဲ့ နားမလည်နိုင်ပေမယ့်မင်းရဲ့ခန္ဓာကိုယ်ကိုတော့ စစ်ဆေး
ကြည့်သင့်တယ်..."
ဝမ်မင်ယီ ဆေးရုံကို မသွားချင်ခဲ့ဘူး။
သူငယ်ငယ်ကတည်းက ဆေးထိုးရတာရောဆေးသောကျရတာရောကို ကြောက်တာအခုကြီးလာတဲ့အထိပဲ။အခုတောင်သူဆေးရုံတွေကို မကြိုက်ဘူး။မဖြစ်မနေမဟုတ်ရင် သွားကိုမသွားတာ။ဒါပေမဲ့ စစ်ကျွင်းတောက် က ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့သူမငြင်းခဲ့ဘူး။
ဒါကြောင့် ဝမ်မင်ယီမသွားချင်ပေမဲ့ အိပ်ရာထဲကနေ စစ်ကျွင်းတောက်ဆွဲရာနောက်လိုက်ပြီး ရေချိုးခန်းထဲမှာမျက်နှာသစ်ပြီး သွားတိုက်လိုက်ရသည်။
သူတို့နှစ်ယောက်လုံး မနက်စာစားပြီး
တော့စစ်ကျွင်းတောက် က ကားမောင်းပြီး သူ့ကိုဆေးရုံပြဖို့ ခေါ်သွားခဲ့သည်။
ဝမ်မင်ယီ သူတို့သွားတဲ့လမ်းတစ်လျှောက်လုံး စိတ်မပျော်နိုင်ဖြစ်နေခဲ့သည်။
သူကိုငယ်ငယ်ကတည်းက ထိန်းကျောင်းလာတဲ့ သူအနေနဲ့ သူဆေးရုံတွေကို
မကြိုက်တာကို သိတဲ့စစ်ကျွင်းတောက် က ချော့လိုက်သည်။
"မင်မင် က ဆေးထိုးစရာမလိုသလို
သောက်စရာလည်းမလိုပါဘူး။
အစ်ကိုတို့ကစိတ်ချရအောင် ဆေးစစ်ဖို့ပဲသွားတာ...အဲ့လိုမှ မဟုတ်ရင် မင်းမနေ့ကလို အဖြစ်မျိုးနဲ့ အဆင်ပြေမှာလား..."
ဝမ်မင်ယီ အဲ့အတိုင်းဆိုအဆင်မပြေဘူးဆိုတာသိတယ်။ဒါကို နားလည်ပေမယ့်
လည်း သူကဒီအတိုင်းပဲ ဆေးရုံကိုသွားတာမကြိုက်ဘူး။
"ကျွန်တော်အဆင်ပြေပါတယ်..."
ဝမ်မင်ယီစိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
"ဒီအတိုင်းပဲ ကျွန်တော့်စိတ်ကပဲဖြစ်
နေတာပါ ကိစ္စမရှိပါဘူး ကိုကို စိတ်သိပ်မပူပါနဲ့..."
အဲ့လိုပြောတာကို ကြားပြီး စစ်ကျွင်းတောက်
သူ့ကို လှမ်းကြည့်လိုက်သည်။သူအ
ရင်လို စိတ်မကြီးတော့ဘဲ သူ့ကို စိတ်မပူနဲ့လို့ပြောဖို့တောင် နားလည်တတ်လာပြီ
လို့သူတွေးလိုက်မိသည်။
သူ့ကိုပြန်ကြည့်လာတဲ့ ဝမ်မင်ယီ ရဲ့ ခေါင်းလေးကို လက်နဲ့ဖွပေးလိုက်ပြီး ပြုံး၍ပြောလိုက်သည်။
"မင်းအသက်က ဘယ်လောက်
တောင်ရှိနေပြီတုန်း....အခုထိ ဆေးရုံကို ကြောက်နေသေးတယ်"
" အဲ့ဒါ ကြောက်တာမဟုတ်ဘူး၊ မုန်းတာ၊
ဘယ်သူကကြောက်တတ်လို့လဲ..."
ဝမ်မင်ယီ မခံမရပ်နိုင်ဘဲ ပြန်ပြောလိုက်သည်။
စစ်ကျွင်းတောက် သူ့ကို ကြည့်လိုက်ပြီး
သူ့ရဲ့မျက်လုံးတွေက ပြုံးရောင်သန်းလာသော်လည်း သူ့ရဲ့ လိမ်ညာမှုကိုထုတ်ဖော်မနေတော့ပေ။
မီးနီနေတဲ့အချိန်မှာ စစ်ကျွင်းတောက် ရဲ့
ဖုန်းမြည်ခဲ့သည်။သူကိုင်လိုက်ပြီး
တော့ ခဏနားထောင်ကာတည်ငြိမ်စွာနဲ့ ပြန်ဖြေလိုက်သည်။
"သူ့ကို နောက်နေ့မှ ပြန်လာဖို့ပြော
လိုက်...ငာဒီနေ့ ရုံးကို လာမှာမဟုတ်ဘူး"
ဝမ်မင်ယီ သူ့ကို ကြည့်လိုက်
တဲ့အခါမှာသူကမျက်မှောင်ကြုတ်ထားပြီး
စကားပြောတာကို တွေ့လိုက်သည်။
"ဒါဆိုရင်လည်း သူ့ကိုထိုင်သာ
စောင့်ခိုင်းလိုက်...ငါကတော့ဒီနေ့အလုပ်ရှုပ်နေတယ် လာမှာမဟုတ်ဘူး..."
သူပြောပြီးတာနဲ့ ဖုန်းကိုတန်းချ
ပစ်လိုက်သည်။
ဝမ်မင်ယီ မေးကြည့်လိုက်၏။
"ကိုကို့ ကုမ္ပဏီမှာ ပြဿနာတစ်ခုခု
ရှိလို့လား..."
"မရှိဘူး..."
"အစ်ကို ဘာလို့ ရုံးကိုသွားမကြည့်
တာလဲ"
ဝမ်မင်ယီ သူ့ရဲ့အလုပ်ကို မနှောင့်ယှက်ချင်ဘူး ပြီးတော့ စစ်ကျွင်းတောက် ရုံးကိုသွားရင် သူဆေးရုံကို
သွားဖို့ နောက်ကျသွားမယ်လေ။အဲ့
လိုတွေးပြီးတော့
သူစိတ်အားထက်သန်စွာနဲ့ ပြောလိုက်တယ်။
"ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက အချိန်
သိပ်ကြာမှာမဟုတ်ဘူးလေ။ကျွန်တော်တို့ ဆေးရုံကို ပြီးမှသွားရင်ရတာပဲ"
စစ်ကျွင်းတောက် သေချာပေါက် သူဘာ
ကိုလုပ်ဖို့ကြိုးစားနေတာလဲဆိုတာကို တွေး
မိသည်။သူပြုံးပြီးတော့ မေးလိုက်သည်။
"မင်းဆေးရုံသွားရတာကို အဲ့လောက်
တောင်မုန်းတာပဲလား..."
"ကျွန်တော်က အစ်ကို့အလုပ်ကို
ပျက်စေချင်တာပါ..."
ဝမ်မင်ယီ က နည်းလမ်းတကျဖြင့် ပြန်ပြောလိုက်သည်။
စစ်ကျွင်းတောက် : "အခုပြဿနာကမရှိဘူးဆိုတော့ဆေးရုံအရင်သွားပြကြတာပေါ့"
ဝမ်မင်ယီ : ......."ကောင်းပြီ။
ကျွန်တော် ဆေးရုံကို မသွားချင်ဘူးဆိုတာကို ကျွန်တော်ဝန်ခံတယ်"
ဝမ်မင်ယီ စိတ်ညစ်လက်ညစ်ဖြင့်ပြောလိုက်သည်။
"အခု အစ်ကိုပျော်ပြီမလား"
စစ်ကျွင်းတောက် ပြုံးလိုက်ပြီးခေါင်းခါလိုက်သည်။သူချက်ချင်း ကားကိုလှည့်လိုက်ပြီးတခြားလမ်းကြောင်းသို့ ဦးတည်မောင်းလိုက်သည်။စစ်ကျွင်းတောက် ကားက တခြာလမ်းကြောင်းကိုမောင်းလိုက်တာကို မြင်တော့ သူကရုံးကို သွားဖို့ကိုသဘောတူလိုက်ပြီးတော့ သူဆေးရုံပြဖို့ကိစ္စက နှောင့်နှေးသွားပြီဆိုတာကို သူပျော်ပျော်ကြီးနားလည် လိုက်သည်။
တစ်စက္ကန့်လောက်ကြာပြီးတော့သူတစ်ခုကို သတိရသွားသည်။
သူမှတ်မိတာမှန်မယ်ဆိုရင် ဒီအချိန်မှာ ကျန်းဇီမော့က စစ်ကျွင်းတောက် ရဲ့ကုမ္ပဏီမှာ အစမ်းဝန်ထမ်းအဖြစ် အလုပ်ဆင်းနေသည်။ဒာဆိုရင်သူနဲ့ကျန်းဇီမော့ တွေ့ဖို့ ဖြစ်နိုင်ချေများသည်။
သူ ချက်ချင်း မတ်မတ်ထိုင်လိုက်ပြီးတော့ စစ်ကျွင်းတောက် ကိုမေးလိုက်သည်။
"ကျွန်တော် ချောနေရဲ့လား"
"ချောတယ်" ဟု စစ်ကျွင်းတောက် က သူ့
ကိုတစ်ချက်မကြည့်ဘဲ ပြန်ပြောလိုက်သည်။
ဝမ်မင်ယီ : "ဒါဆို ကျွန်တော်နဲ့ကျန်းဇီမော့
ဘယ်သူကပိုချောလဲ..."
စစ်ကျွင်းတောက် သူတကယ်ကိုကျန်းဇီမော့ နဲ့ပက်သက်ပြီး စိတ်ပူနေတာပဲဟု
တွေးကာ ရယ်လိုက်သည်။
"မင်းပေါ့"
သူ့ရဲ့အဖြေကိုကျေနပ်ပြီးတော့ ဝမ်မင်ယီ
အဝတ်အစားကို ပြင်လိုက်ပြီးလက်ပိုက်လျက် ခုံကိုမှီကာနေလိုက်သည်။
သူ့ကိုသေစေခဲ့တဲ့အသည်းနက်နဲ့ ကြာပန်းကောင်ကိုဘယ်လိုရင်ဆိုင်ရမလဲဟု စဉ်းစား
လိုက်သည်။
.......
ပြဇာတ်အသေးလေး
ကိုကို....:ဟက်!!!ကြောင်တွေကဘယ်
မှာချစ်ဖို့ကောင်း...
မင်မင်....မြောင်
ကိုကို.....အရမ်းချစ်ဖို့ကောင်းတယ်
မင်မင်.....ဟီးးးဟီးး