YANG(Completed)

By Kikoyaung

542K 22.1K 164

ကျုပ်ကိုထိန်းချုပ်လို့ရမယ်လို့ခင်ဗျားထင်နေလား~~~ မိုးထိယမ်း ငါ့ဦးနှောက်ထဲမှာမင်းကအလုပ်သဘောသက်သက်ပဲ~~~ စေးစက်... More

part-1{Uni}
part-1{zawgyi}
part-2{Uni}
part-2{zawgyi}
part-3{Uni}
part-3{zawgyi}
part-4 {Uni}
part-4 {zawgyi}
part-5{Uni}
part-5{zawgyi}
part-6{Uni}
part-6{zawgyi}
part-7{Uni}
part-7{zawgyi}
part-8{Uni}
part-8{zawgyi}
part-9{Uni}
part-9{zawgyi}
part-10{Uni}
part-10{zawgyi}
part-11{Uni}
part-11{zawgyi}
part-12{Uni}
part-12{zawgyi}
part-13{Uni}
part-13{zawgyi}
part-14{Uni}
part-14{zawgyi}
part-15{Uni}
part-15{zawgyi}
part-16{Uni}
part-16{zawgyi}
part-17{Uni}
part-17{zawgyi}
part-18{Uni}
part-18{zawgyi}
part-19{Uni}
part-19{zawgyi}
part-20{Uni}
part-20{zawgyi}
part-21{Uni}
part-21{zawgyi}
part-22{Uni}
part-22{zawgyi}
part-23{Uni}
part-23{zawgyi}
part-24{Uni}
part-25{Uni}
part-25{zawgyi}
part-26{Uni}
part-26{zawgyi}
part-27{Uni}
part-27{zawgyi}
part-28{Uni}
part-28{zawgyi}
part-29{Uni}
part-29{zawgyi}
part-30{Uni}
part-30{zawgyi}
part-31{Uni}
part-31{zawgyi}
part-32{Uni}
part-32{zawgyi}
part-33{Uni}
part-33{zawgyi}
part-34{Uni}
part-34{zawgyi}
part-35{Uni}/Final
part-35{zawgyi}/Final
Extra-{Uni}
Extra-{zawgyi}
Extra-Love{Uni}
Extra-Love{zawgyi}

part-24{zawgyi}

3K 67 1
By Kikoyaung

လူတစ်ယောက်လျှင် တန်ခိုးတစ်ခုပိုင်ဆိုင်ခွင့်ရနိုင်တဲ့ ကမ္ဘာလောကကြီးဖြစ်ပါလျှင် မိုးထိယမ်းကို စေးစက်နဲ့ဝေးတဲ့ဘက်ခြမ်း တွန်းပို့ပစ်နိုင်မဲ့ တန်ခိုးမျိုးကိုအလိုရှိပါသည်။

ဆူးငြောင့်ခလုတ်တစ်ခုလို စေးစက်ဘဝထဲ ဝင်ရောက်နေမှုကို ဘယ်ချိန်မှများ အဆုံးသတ်ပေးမည်ဖြစ်သနည်း။

စေးစက်ကိုယ်တိုင် အစပျိုးခဲ့သည့်နိဒါန်းတစ်ခုက အင်အားကြီးမားတဲ့စွမ်းအားတစ်ခုလို အသက်ဝင်နေသည်ကြောင့် အဆုံးသတ်ဆိုတဲ့ နိဂုံးကို ရောက်နိုင်ပါ့မလား။

စေးစက်စိတ်နှလုံးသည် ရုတ်တရက် အေးစက်ငြိမ်ကျသွားခဲ့သည်။Bus Car ဂိတ်ကို လှမ်းနေတဲ့ ခြေလှမ်းများက အတွေးမျှင်တို့ကြောင့် တက်ကြွမှုဟူသည် ကြက်ပျောက် ငှက်ပျောက် မရှိသလောက်။

ကျွီ!

ပတ်ဝန်းကျင်ကို ဒုက္ခပေးနေခြင်းမှာ စည်းကမ်းမဲ့ကားများလည်း အပါအဝင်ဖြစ်သည်။

စေးစက်ကိုပွတ်ဆွဲယူတော့မလို အရှိန်နဲ့ထိုးရပ်လာတဲ့မော်ဒယ်မြင့်ကားတစ်စီးကြောင့် နှလုံးစိတ်ဝမ်းမအေးချမ်းရ။

ချပ်!

ကားပေါ်မှ ခက်ထန်နေသယောင်ဆင်းလာသူက စေးစက်ရဲ့ ပျော်မြူးခြင်း၊လွတ်လပ်ခြင်းတွေကို အလုပ်ပြင်ပအချိန်မှာတောင် မကျေမချမ်း နုတ်ယူချင်နေသည်။

စေးစက်ရှေ့တည့်တည့်ကို ပိတ်ရပ်လာသူ​က ကုန်ခမ်းချင်နေတဲ့ဒေါသတွေကို တမင်ဆွယူနေတာဖြစ်သည်။

ဘေးကနေကွင်းသွားလျှင် စေးစက်ထင်လက်မောင်းကို ဖမ်းကိုင်လိုက်သည်ကြောင့် ထိုလူ့မျက်နှာက ပုံမှန်ထက် သိသိသာသာ ပြောင်းလဲသွားသည်။

ကိုယ့်စိတ်ကို မသိတဲ့လူ၊မခန့်မှန်းနိုင်တဲ့လူနောက်ပြေးလိုက်နေရတာ ပန်းတိုင်မရှိတဲ့အပြေးသမားတစ်ယောက်လိုဖြစ်သည်။

မိုးထိယမ်းခေါင်းထဲမှာ စေးစက်ထင်တစ်ယောက်ပဲရှိနေတော့တာ ဘယ်လိုရူးမိုက်ခြင်းမျိုးပါလိမ့်။

သူ့ကိုပဲ ငေးကြည့်၊သူ့အကြောင်းတွေပဲ တွေးနေချင်တဲ့ လွန်ခဲ့တဲ့ 5နှစ်ကျော်ကတည်းကအစပျိုးခဲ့တဲ့ အချစ်တစ်ခုကို ဒဏ်ရာတွေပဲ ပေးချင်နေသလား။

တစ်ခုပဲ မှတ်ထားလိုက်ပါ။မင်းကို ကိုယ့်နှလုံးသားက လုံးဝအရှုံးပေးထားတယ်ဆိုတာ။

ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်နဲ့ မင်းကိုထပ်ပြီး ဖြတ်သန်းခွင့်မပေးနိုင်တော့ဘူး။

"ခင်ဗျားလူကြီးက လာမကြိုဘူးလား"

"မင်းနဲ့မဆိုင်ဘူး။ငါ့လက်မောင်းကိုလွှတ်"

ကျန်လက်တစ်ဖက်ဖြင့် ယမ်းလက်ကို အားရှိသမျှ စေးစက် တွန်းဖယ်သည်။

"လွှတ်ပေးမယ်။ခုရပ်"

စေးစက်လက်တွေ ရုန်းရင်း၊ဖယ်ရင်းက ငြိမ်ပေးလိုက်မှ ယမ်းက လွှတ်ပေးသည်။

"တက်"

"ဘာ"

"ကားပေါ်တက်ခိုင်းနေတာ"

"ဘာလို့တက်ရမှာလဲ"

"ခင်ဗျားကို မုဒိမ်းကျင့်မလို့မဟုတ်ဘူး။လိုက်ပို့ပေးမလို့"

တကယ်ပါ မိုးထိယမ်းသာ ဉီးသားမဟုတ်ဖူးဆိုရင် စေးစက် လက်လွန်ကျွံပစ် ပြောပစ်မိတော့မှာ။ဉီးမျက်နှာထောက်နေလို့ ဒီလောက်ထိသည်းခံနေတာကို စိတ်ထင်ရာ ရိုင်းစိုင်းပြနေတာ ဟုတ်လှပြီထင်နေသလား။

"ငါ့ဘာသာ အေးဆေးပြန်ပါ့ရစေ။လိုက်ပြီးမနှောက်ယှက်စမ်းနဲ့"

"ကျုပ်ကခင်ဗျားအလုပ်ရှင် ငြင်းဆန်ပိုင်ခွင့်မရှိဘူး စေးစက်ထင်"

"အလုပ်အပြင်ဘက်ထိ ဝန်ထမ်းတစ်ယောက်ကို စိတ်ဒုက္ခလိုက်ပေးနေတဲ့ မင်းလိုသူဌေးမျိုး ငါမမြင်သေးဘူး"

"........"

စေးစက် ယမ်းဘေးမှရှောင်ထွက်လိုက်သည်။

"လွန်ခဲ့တဲ့ ၅နှစ်ကျော်က မိုးတွေသဲကြီးမဲကြီးရွာခဲ့တဲ့ ညကိုခင်ဗျားမှတ်မိလား။ပြီးတော့ ယိုင်နဲ့နဲ့ တဲအိမ်ကိုရော မှတ်မိလား။ပြီးတော့ အဲ့ညက မိုးထဲရေထဲမှာ ခင်ဗျားနဲ့ကျုပ်"

"တော်!ဘာမှမဖြစ်ခဲ့ဘူး"

"........."

"ဧကန္တ မင်းသိနေတာလား။တစ်လျှောက်လုံး မသိသလိုဟန်ဆောင်နေ..."

"နေအုံး။ကျုပ်သာ ဟန်မဆောင်ဘဲနေခဲ့ရင် ခင်ဗျား ရှက်ပြီးသေတော့မဲ့အတိုင်းဖြစ်မှာမဟုတ်လား"

ဟုတ်ခဲ့သည်။သူမသိခဲ့ဘူးဆိုတဲ့အတွေးက စေးစက်ကို အများကြီးဖြေသာနိုင်ခဲ့ပြီး ရှေ့ဆက်နိုင်ခဲ့တာဖြစ်သည်။

စေးစက်က ယမ်းကို ကျောပေးလိုက်သည်။

"ဘာမှမဖြစ်ခဲ့ကြဘူး"

"ကျုပ်မျက်လုံးတည့်တည့်ကြည့်ပြီး ပြောရဲလား"

"..........."

"ခင်ဗျားဟုတ်နေလို့ ငြိမ်နေတာ"

စေးစက် ယမ်းဘက် ပြန်လှည့်သည်။

"ဟုတ်တော့ရော ဘာထူးသွားခဲ့လဲ။ငါ့ဘက်ကသာ နာကျင်ခဲ့ရတာမဟုတ်ဖူးလား။မင်းဘာများနစ်နာသွားခဲ့တာမို့လို့လဲ"

"............"

"ဘာလို့လာပြီးအစပြန်ဖော်နေရတာလဲ။ငါမေ့ပစ်ခဲ့တာကြာလှပြီ"

"............"

"အဟက်!"

စေးစက်က ယမ်းကို နာကြည်းသလိုကြည့်သည်။ပြီးတော့ လှောင်ရယ်သည်။

"မင်းခုလိုထုတ်ပြောလဲ မိန်းကလေးမဟုတ်တဲ့ငါက မင်းကိုဘာမြှပန်မလုပ်နိုင်မှန်းသိလို့လေ။ငါ့မှာအဆိပ်မရှိလို့ မင်းကထင်သလိုပြောပြီး စော်ကားနေတာ။ချီးခြောက်ကို ရေပြန်နူးတော့ရော ငါဘာပြန်ရသွားလဲ။မဟုတ်ဖူး...မင်းအတွက်တော့လှောင်ပြောင်စရာတစ်ခုတိုးသွားတာ မဟုတ်လား"

စေးစက်မျက်ဝန်းမှ မျက်ရည်တစ်စက် ကျလာသည်။

"အဲ့လိုထင်တာလား။ခင်ဗျားအတွက် ကျုပ်ကအတော်ကြီး ဆိုးနေခဲ့တာလား။ခင်ဗျားကို ကျုပ်က လိုက်နှိပ်စက်နေတာလို့ တစ်လျှောက်လုံးထင်နေခဲ့တာလား။ပြော...ခင်ဗျားဘဝကြီး ပျက်စီးသွားအောင် ကျုပ်ဘာတစ်ခုလုပ်ခဲ့ဖူးလဲ။ခင်ဗျား ကျုပ်ကြောင့် ဘာများကြီးကြီးမားမားထိခိုက်သွားတာရှိခဲ့လဲ။ခုလိုတွေ ခင်ဗျားနောက်လိုက်နေတာကို နှောက်ယှက်နေတာလို့ ခေါင်းစဉ်တပ်ထားတာလား"

".............."

"ဟား"

ယမ်းက ခေါင်းကို ကောင်းကင်ဘက်မော့ပြီး လှောင်သည်။

".............."

"ခင်ဗျားကျုပ်အိမ်ကို နောက်ဆုံးလာခဲ့တဲ့နေ့ကို မှတ်မိလား။ခင်ဗျားကျုပ်ကို တွေ့မသွားခဲ့ဘူးလေ"

"မင်းမှရှိမနေဘဲ"

"ခင်ဗျားသာဆန္ဒရှိရင် စောင့်လို့ရပါတယ်"

"ငါ့မှာလဲငါအ​ကြောင်းတရားနဲ့ငါ"

"အဲ့နေ့က ခင်ဗျားနောက်ကို အမှီလိုက်ခဲ့တဲ့ ကောင်လေးတစ်ယောက် သေမလိုဖြစ်ခဲ့တာကို ခင်ဗျားမသိခဲ့ဘူးမလား။ကျုပ်တစ်ကိုယ်လုံး ဒဏ်ရာဗလပြွဖစ်ခဲ့တာကိုရော မသိခဲ့ဖူးမလား"

"ဘယ်လို..."

"ဟုတ်တယ် ကျုပ်ကံကောင်းလို့မသေခဲ့တာ။ကျုပ်နောင်တမရပါဘူး ဘာလို့လဲဆို ကျုပ်ကမှခင်ဗျားကိုချစ်နေခဲ့တာကိုး။ဥရောပရောက်နေတဲ့ 5နှစ်လုံး ကျုပ်သူငယ်ချင်းတွေကနေတစ်ဆင့် ခင်ဗျားအကြောင်းတွေ နေ့တိုင်းစုံစမ်းနေခဲ့တာ။ကျုပ်တို့ စပ်တူ ဖွင့်ထားတဲ့ Car Showroonမှာ ခင်ဗျားအလုပ်ဝင်ဖို့အထိ ကြိုးပမ်းခိုင်းခဲ့တာ ဘယ်သူလို့ထင်လဲ မိုးထိယမ်းပဲ"

အိမ်အထိအလုပ်လျှောက်ဖို့လာခေါ်ခဲ့တာ ထူးဆန်းပါတယ်လို့ တွေးနေမိခဲ့တာ လက်စသတ်တော့ မိုးထိယမ်းလက်ချက်ကိုး။အလုပ်မှာလဲ အစစအရာရာအဆင်ပြေချောမွေ့နေခဲ့တာ မိုးထိယမ်းကြောင့်လား။

"အဲတော့ ငါမင်းကိုဘာတြွေပန်လုပ်ပေးရမှာလဲ။မင်းသေမလိုဖြစ်ခဲ့တာလဲငါ့ကြောင့်လား။ငါ့နောက်ကိုလိုက်ခဲ့ပါလို့ တောင်းဆိုခဲ့တာမို့လို့လား။ငါ့ကိုအလုပ်ပေးပါလို့ တောင်းဆိုခဲ့ဖူးလို့လား။မင်းဘာသာမင်း ကိုယ်ထင်ရာလုပ်ခဲ့ပြီး အားလုံးကငါ့ကြောင့်လား"

".............."

"မင်းရင့်ကျက်သင့်ပြီမိုးထိယမ်း။ဒီ့ထက်ပိုပြီးမမုန်းကြဖို့ ကိုယ်လမ်းကိုယ်လျှောက်ကြရအောင်"

စေးစက်က ထိုရပ်ဝန်းမှ ထွက်ဖို့ဟန်ပြင်လိုက်လျှင်

"ချစ်တယ် စေးစက်ထင်"

စေးစက်က ခြေတစ်လှမ်းတိုးသည်။

မိုးထိယမ်းက အားယူပြီး အသံမြင့်ကာ

"စေးစက်ထင်ကို ကြိုက်တယ်"

စေးစက်က ခြေတလှမ်းထပ်တိုးသည်။စေးစက်ခြေလှမ်းတို့က ခပ်စိတ်စိတ်သာဖြစ်သည်။

မိုးထိယမ်းက အသံအမြင့်ဆုံးဖြင့် အော်ကာ

"စေးစက်ထင်ကို ယမ်းကမြတ်နိုးတယ်~~~"

မိုးထိယမ်းက ရှက်ကြောပြတ်နေတာလား။ယောကျာ်းလေးချင်းကိုချစ်စကားတွေအော်နေတာမို့ ဖြတ်သွားဖြတ်လာတွေ စေးစက်တို့ကို ကွက်ကြည့် ကွက်ကြည့်။

နောက်က ကလေးကလားတစ်ယောက်ကို မနေနိုင်လွန်းစွာ စေးစက်လှည့်ကြည့်မိပါ၏။

စေးစက်မျက်စောင်းတွေက မိုးထိယမ်းတစ်ကိုယ်လုံးပေါ် ခဲတွေအဖြစ်ရွာကျသည်။

မနက်က ဟိုတစ်ယောက်နဲ့ နမ်းနေတာကရော ဘာလဲ!။

Continue Reading

You'll Also Like

792K 66.3K 35
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
155K 10.4K 39
KNUလွတ်မြောက်ရေးနယ်မြေရှိ ခေါင်းဆောင်စောထိုမှုး။ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားလေး နွေဦးသာ။ နွေဦးတော်လှန်ရေးအတွင်း တွေ့ဆုံခဲ့တဲ့ သူတို့နှစ်ယော...
349K 4.8K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
1.2M 61.9K 71
လရောင်ဆန်းမှ ပွင့်လန်းသည့် ကုမုဒြာပန်းကလေးတွေတောင် လရောင်ပျောက်ကွယ်သွားချိန်မှာ ညှိုးနွမ်းသွားတတ်ကြတယ် ... မောင့်အပေါ်ချစ်တဲ့ မုဒြာရဲ့အချစ်တွေကလဲ မေ...