အပိုင်း ၂၉
"Mommyရေ နှင်း ပျင်းတယ် "
နှင်းရူပါဦးတစ်ယောက် သူ့မမဆီကို ဖုန်းဆက်နေခြင်းဖြစ်သည်။
"Babe ပညာသွားသင်တာလေ မပျင်းရဘူးလေ..."
"ဟွန့် မာမီကိုလည်းလွမ်းတယ်...စစ်ကိုင်းနေပူပူကြီးက မာမီကို ပိုလွမ်းစေတယ်လို့..."
"အချွဲလေး.... ဇော့်ကိုအပ်ထားတာနော် တိုင်သံမကြားချင်ဘူး..... စစ်ကိုင်းရောက်သွားပြီဆိုပြီး လုပ်ချင်တာလုပ်မယ်စိတ်မကူးနဲ့....မန္တလေးကနေ ချက်ချင်းလာပြီးရိုက်ပစ်မာ.."
"မာမီကလည်း Babeကိုဆို ခြိမ်းခြောက်ဖို့ချည်းပဲ...အကြင်နာလေးတွေပေးပါဦး မာမီရ"
"ဟွန်း..အချွဲလေး စာသေချာလုပ်မယ်နော်...ကိုယ့်ကိုကိုယ်ဂရုစိုက်မယ်...အာဘွား...."
"ဟုတ်မာမီ အာဘွား...မာမီရော ကျန်းမာရေးဂရုစိုက်နော်...."
နှင်း သူ့ကလေးငယ် BEdပေါင်းကူးပါသွားသည်ကိုပျော်ပါသည်။ သူ့ကလေးငယ်ကို အမြဲတမ်းပျော်ရွှင်စေချင်ပါသည်။ နှင်းဘဝမှာ ဒီကောင်မလေးနှင့်တွေ့ခွင့်ရတာ ဘုရားပေးသော ဆုလာဘ်လို့ကိုပြောလို့ရသည်။ တစ်နေ့ ပြင်ဦးလွင်က အိမ်ကလေးမှာ မြတ်နိုးရသော ကောင်မလေးနှင့်အခြေချမည်။
သဘာဝအလှတရားတွေကိုလည်း ဒီကောင်မလေးနှင့်အတူတူခံစားမည်။
လောကဓံတွေဘယ်လိုပဲတွေ့တွေ့ သူမြတ်နိုးရသောကောင်မလေးနှင့်သာဆိုလျှင် သူရင်ဆိုင်နိုင်ပါသည်။
"ချစ်ရပါသော မာမီရဲ့အမျိုးသမီးလေးရေ ...မာမီ မင်းကို ဘယ်တော့မှအဆုံးရှုံးမခံနိုင်ဘူး.....
မင်းလေးကို အရမ်းလွမ်းတာပဲ...."
ကလေးငယ် BEdပေါင်းကူးပါသွားသောကြောင့် ကလေးငယ်နှင့် လက်ထပ်ဖို့ကိစ္စမှာမဖြစ်နိုင်သေး။
နှင်း လုံလောက်သောအချိန်စောင့်ရပေဦးမည်။
...........
"စွမ်းထက် ဒီလာကြည့်ပါဦး...မင်းနာမည် ဒီမှာ.."
နိုင်းနိုင်းတို့ မတ္တရာပညာရေးမှူးရုံးသို့ ရောက်လညကြပြီး Positionကျသောနေရာကို ကြည့်နေကြခြင်းဖြစ်သည်။
"စွမ်းထက်ရေ မင်းက လယ်ပြင်ကြီးရွာ(အမည်လွှဲ)
တာဝန်ကျတာတဲ့"
"အေးအေး မတ္တရာမြောက်က မန္တလေး-မိုးကုတ် ကားလမ်းဘေးကပ်ရပ်က ကျောင်းလေးပဲ၊ငါသိတယ်အဲ့ကျောင်းလေး"
စွမ်းထက်နိုင်က အမက (လယ်ပြင်ကြီး)မှာ မူပြအဖြစ်တာဝန်ကျလေသည်။မတ္တရာမြို့ပေါ်ကနေ 10မိနစ်လောက်သာမောင်းရပြီး မန္တလေး-မိုးကုတ် ကားလမ်းဘေးကပ်ရပ်ကကျောင်းလေးဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေးမှာ အဆင်ပြေလှသည်။
"နိုင်းနိုင်း ဒီမှာ ကလေးနာမည်..."
"ဟုတ် ကိုကို သားကဘယ်မှာတာဝန်ကျတာတဲ့လဲကိုကို"
"မန်ကျည်းရိပ်ရွာ(အမည်လွှဲ)တဲ့ ...နိုင်းနိုင်းနေပါဦး အဲ့နာမည်ကိုကိုရင်းနှီးနေသလိုပဲ...."
"ဟီး ဝေသော်တို့ရွာလေ အဲ့တာ....ပျော်လိုက်တာ ဝေသော်တို့နဲ့လည်းတွေ့ရတော့မယ်..."
နိုင်းနိုင်းတို့ Positionစာရွက်များအားယူကာ ပညာရေးမှူးရုံးမှထွက်လာလေသည်။
"နိုင်းနိုင်း ဝေသော်တို့ရွာ စာသွားသင်ဖို့ကိစ္စက နေရေးထိုင်ရေးက ဘယ်လိုစီစဥ်မလဲကလေး..."
ရှိန်းမေးရခြင်းမှာ နိုင်းနိုင်းတာဝန်ကျသောရွာကလေးသည် မတ္တရာမြို့ပေါ်ကနေဆို ဆိုင်ကယ်နှင့် မိနစ်30လောက်မောင်းရပေမည်။
မန္တလေးကနေဆိုလျှင်လည်း မိနစ်30၊40လောက် မောင်းရပေမည်။
"သိသေးဘူးလေ ကိုကို ..အဲ့ဒီကျောင်းက ကျောင်းအုပ်ကြီးနဲ့တွေ့ပြီးမှ စီစဥ်ကြမယ်လေ..
သားမန္တလေးကနေပဲ အဲ့ဒီကျောင်းလေးကို နေ့ချင်းပြန်သွားချင်တယ်.... ဟီး.."
ရှိန်း ကလေးငယ်ပြောစကားများကို နားထောင်ပြီးနောက် စိတ်ထဲအတွေးပေါင်းစုံဝင်လာသည်။
"ကလေး နေ့တိုင်းကြီးနေ့ချင်းပြန်သွားလို့မရဘူးလေ..မိုးခါလေခါဆို ကိုကိုစိတ်မချပါဘူး...တစ်ပတ်တစ်ခါလောက် မန္တလေးဖြစ်ဖြစ် မတ္တရာဖြစ်ဖြစ် အိမ်ပြန်လာလေနော်.."
"ဟုတ်ကဲ့ပါ ကိုကိုရ...မေမေတို့ဆီသွားရအောင် အိမ်မှာချက်ပြုတ်ထားတယ်တဲ့...."
.........
နိုင်းနိုင်း ကိုကိုနှင့်အတူ သူတာဝန်ကျသော မန်ကျည်းရိပ်ရွာ အလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် သွားတွေ့လေသည်။
ဆရာမကြီးမှာ မန်ကျည်းရိပ်ရွာရှေ့ဘက်နားကရွာမှာနေသူတစ်ဦးဖြစ်သည်။
"မဂ်လာပါဆရာမကြီး ကျနော်က နိုင်းနိုင်းဝေပါဗျ...
မူပြအနေနဲ့တာဝန်ကျတဲ့ ဆရာပါဗျ..."
"အေးအေး ဆရာမကြီးသတင်းကြားတယ်သားလေး...ကောလိပ်ဆင်းလေးတာဝန်ကျတယ်ဆိုတာ...ငယ်ငယ်လေးနဲ့ချစ်ဖို့ကောင်းလိုက်တာ...."
"ဟီး ဟုတ်ကဲ့...."
ထိုစဥ် ရှိန်းမှ
"ဆရာမကြီး ကျနော်က Dr.ရှိန်းသီဟမောင်ပါ... မန္တလေးမှာနေပါတယ်ဆရာမကြီး...ကျနော်တို့က ..............................
......"
ရှိန်း နိုင်းနိုင်းနှင့် သူ၏ဆက်ဆံရေးကို နိုင်းနိုင်းတာဝန်ကျသောကျောင်း၏ ကျောင်းအုပ်ဆရာမကြီးကို ဖွင့်ပြောပြလိုက်သည်။
ရှိန်း ဆရာမကြီးနှင့် မတွေ့ခင်ကတည်းက ဆရာမကြီးအကြောင်းကိုစုံစမ်းကြည့်ထားပါသည်။
မကောင်းသောရည်ရွယ်ချက်ဖြင့်စုံစမ်းခြင်းမဟုတ်ပါ။
"ဆရာမကြီးလည်း ခေတ်မှီပါတယ်သားရယ်...
သားတို့ကိုနားလည်ပါတယ်....."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ...နိုင်းနိုင်းဝေကိုလည်း ကိုယ့်တူကိုယ့်သားလေးလိုစောင့်ရှောက်ပေးပါဦးဗျ....ကလေးငယ်က 18နှစ်ပဲရှိသေးတော့ လိုအပ်တာလေးတွေကို ဆရာမကြီးတို့က သင်ကြားပြသပေးပါဦးဗျ...."
ရှိန်း ကလေးငယ်အားသေချာလေးအပ်လိုက်သည်။
18နှစ်ကျော်သာရှိသေးသော ကလေးငယ်လေးသည် ကျောင်းဆရာလေးဖြစ်နေပြီဖြစ်သည်။
"ဒါနဲ့ နေ့ချင်းပြန်သွားမာလား ဒီမှာနေဖို့စီစဥ်ပေးရမလားသား....မိုးခါလေခါကြ နေ့ချင်းပြန်က အန္တရယ်များတယ်လေ...."
"အာ ကျနော်လည်းအဲ့တာပြောမို့ပဲ ဆရာမကြီး...
ဒီမှာပဲနေပြီး တစ်ပတ်တစ်ခါလောက်ပဲ သူအိမ်ပြန်လာလိမ့်မယ်ဆရာမကြီး..."
ရှိန်းတို့စကားပြောနေစဥ် နိုင်းနိုင်းဖုန်းမြည်လာလေသည်။
"ဆရာမကြီးနဲ့ ကိုကိုခဏလေးနော်....."
နိုင်းနိုင်း အပြင်ခဏထွက်ကာ ဖုန်းပြောလိုက်သည်။
"Hello...ဝေသော်ပြော.."
"ဘောပဲ နိုင်းနိုင်းဝေ....ငါ့ရွာကျတာကို ဘာကိစ္စငါ့ကိုမပြောတာလဲ...."
"အေး ငါပြောပြမှာပေါ့ကွာ...အခုက ကျောင်းအုပ်ဆရာမကြီးအိမ်မှာ...ကိုကိုကသေချာလေးလိုက်အပ်ပေးနေတာ..."
"ငါ့မေမေခေါ်ပြီး ငါလာခဲ့မယ်.. နေရေးထိုင်ရေးတွေစီစဥ်ရအောင်လို့..."
"...."
"ကိုကို ဝေသော်ဆီကဖုန်းလာတယ်...သူ့အိမ်မှာပဲနေစေချင်တာထင်တယ်....အခုသားတို့ဆီလာမို့တဲ့..."
"အင်း အဆင်ပြေတာပေါ့ကလေးရ.."
ဝေသော်တို့သားအမိရောက်ချလာပြီးနောက် နေရေးထိုင်ရေးနှင့်စားသောက်ဖို့ရာရော စိတ်မပူဖို့ ရှိန်းအားပြောနေကြသည်။
"သားလေးသူငယ်ချင်းဆိုမှတော့ ဒေါ်လေးသားလေးလိုသဘောထားပါတယ်နော်...ဘာမှစိတ်မပူနဲ့.....ဝေသော်ကတောင်သားကဖုန်းမဆက်လို့စိတ်ဆိုးနေတာ.."
"ဟီး ဟုတ်ကဲ့ ဒေါ်လေး ...သားလည်းသူ့ကိုဖုန်းဆက်မို့ပဲ..."
..................
"ကိုကို သားတာဝန်ကျတဲ့ဆီသွားရတော့မယ်.....
ကိုကို့ကိုလွမ်းရတော့မယ်...ညတိုင်းVCပြောမယ်နော်...."
"ommကလေး ကိုကိုစိတ်ချမယ်နော်....ကလေးတွေကို ကိုယ့်သွေးသားတွေလိုသဘေားထားပြီး စေတနာထားပြီးသင်နော်.."
"ဟုတ်ကဲ့ကိုကို...သားတို့သွားတဲ့နေ့ကြမှပဲ တိမ်လေးကိုမတ္တရာဝင်ပို့မာမလား..."
"ommကလေး..."
"စွမ်းထက်က မတ္တရာမြောက်...သားက မတ္တရာရဲ့အနောက်တောင်ဘက်...သူနဲ့လည်းသိပ်တွေ့လို့မရတော့ဘူး...ကြားထဲအားတဲ့ရက်တွေမှ ချိန်းတွေ့ဦးမယ်...ဟီး"
"ကလေး လိမ်လိမ်မာမာနေနော်... ကျောင်းဆရာလေးတောင်ဖြစ်နေပြီ ကိုကို့ကလေးလေးက...
ကျောင်းဆရာလေးကမဆိုးရဘူးနော်..."
"ကိုကိုကလည်း... သားကဘယ်တုန်းကဆိုးလို့လဲ ဟွန့်..."
"...."
"ကိုကို သားမနက်ဖြန် ဆေးရုံလိုက်ခဲ့ချင်တယ်...
အရင်တစ်ခေါက်က အကို မိုးပြည့် ဆေးရုံကဆင်းသွားပြီလားကိုကို"
"အင်းကလေး မဆင်းရသေးဘူး ...
ဘာလဲတွေ့ချင်လို့လားကလေး"
"ဟုတ်ကိုကို.."
နိုင်းနိုင်းဝေ အကိုမိုးပြည့်ကို ခင်ပါသည်။
အကိုမိုးပြည့်မှာ အသက်20ပင်ရှိသေးသည်။
အာရုံကြောပြသနာကြောင့် ခွဲစိတ်ရမည်ဟု ကိုကို့ဆီမှကြားထားသည်။
Game အရမ်းဆော့သော အကို မိုးပြည့်သည် ဖုန်းလျော့ကြည့်ခိုင်းသော်လည်းမရ။
ဖုန်းများအားဖွက်ကာထားတတ်သည်။
.............
"အကို မိုးပြည့် ကျနော့်ကိုမှတ်မိလား..."
"မင်းကဘာလာလုပ်တာ..."
"ကျနော် အလုပ်ခွင်ဝင်ရတော့မာမို့ ..ဒီတစ်ပတ်တနလ်ာနေ့ တာဝန်ကျတဲ့ဆီသွားနေရမယ်...အကို့ကိုလာနှုတ်ဆက်တာ..."
"အေး ....ငါGameဆော့နေလို့ခဏနော်..."
"မိုးပြည့် သားလေး Gameအရမ်းမဆော့ရဘူးလို့ ဆရာဝန်တွေကပြောထားတယ်လေ...ခွဲစိတ်ဖို့ရက်ကနီးနေပြီ...သားလေး မေမေ့ကိုဖုန်းပေး..."
"ဟွန့်...ပေးဘူး...သားဆော့မာပဲ..."
ထိုစဥ် ရှိန်းဝင်လာသည်။
"မိုးပြည့် ဘာတွေဆိုးနေတာလဲ..လိမ်မာတယ်လေမိုးပြည့်က..."
ရှိန်းပြောသော်လည်းမရ။
နိုင်းနိုင်းလည်း အကို မိုးပြည့်အနားကပ်ကာ မျက်လုံးမှိတ်ပြလိုက်ကာ....
"အကိုက လိမ်မာတယ်မလား ဖုန်းကို အကို့မေမေကိုပေးလိုက်လေနော်...ကျနော်ကပုံပြင်ပြောပြမယ်အကို့ကို...."
"ရော့...."
ရှိန်း နှင့် မိုးပြည့်အမေအပြင်ထွက်သွားပြီးနောက်
"အကို အကိုကလိမ်မာပါတယ်ဗျာ...ခွဲစိတ်ရက်နီးနေပြီမို့ မဆိုးနဲ့နော်..."
"အာ့ဆို မင်းဖုန်းပေး.....တစ်ပွဲဆော့ပြီးရင် ငါမဆော့တော့ဘူး..."
နိုင်းနိုင်း သူ့အားအကြပ်ကိုင်နေသော အကို မိုးပြည့်အားကြည့်ကာ
"အကိုသေချာလား....ဒီတစ်ပွဲဆော့ပြီးရင် နောက်ရက်တွေရော ဖုန်းမကြည့်ရတော့ဘူးနော်..."
"အင်းသေချာပါတယ် မင်းကလည်း.."
"ဟွန့် ပြီးကော....ရော့အကို"
နိုင်းနိုင်း အကိုမိုးပြည့်ကို ဖုန်းပေးလိုက်သည်။
အခန်းအပြင်သို့ထွက်ကာ ကိုကို့အားကင်းစောင့်နေလေသည်။
လူနာအား သူ့ဖုန်းဖြင့် ပေးကစားသည်ကို ကိုကိုသိပါက သူ့အားစိတ်ဆိုးမည်ထင်သည်။
နိုင်းနိုင်းတွေးမိသည်က အကိုမိုးပြည့်က သူ့စကားဆိုအလေးအနက်ထားသောသူဖြစ်သည်။
အကိုမိုးပြည့်ကို နောက်ရက်တွေပါဖုန်းမကြည့်စေရန် သူဒီနည်းကိုရွေးချယ်လိုက်ခြင်းဖြစ်သည်။
ရုတ်တရက် အခန်းဆီသို့ ရောက်ချလာသော ဆရာဝန်အုပ်စုအားမြင်သော်..
"အကိုမိုးပြည့်ရေ ဆရာဝန်တွေအကို့ကို လာကြည့်တာထင်တယ်...ဖုန်းဖွက်လိုက်..."
"နေပေ့စေ ငါပြီးအောင်ဆော့မယ်..သူတို့ကိုခဏတားထား"
"ဟာအကိုမရဘူးလေဗျာ...ပေးပေးကျနော့်ဆော့ပေးထားမယ်..."
"ရတယ်နေပေ့စေ..."
ဆရာဝန်အုပ်စုကြီးနောက်တွင် စကားပြောကာလာနေကြသော ကိုကိုနှင့် အကိုမိုးပြည့်အမေကိုတွေ့သော်
"ချီး..သေတော့မာပဲ...."
.
.
ရှိန်း မိုးပြည့်ဆီမှ ဖုန်းအားယူလိုက်ကာ နိုင်းနိုင်းအား အခန်းအပြင်ထွက်ခဲ့ဟု မျက်လုံးဖြင့်စကားပြောလိုက်သည်။
"အား....ကိုကိုရေနာတယ်...."
ရှိန်း နိုင်းနိုင်းအား နားရွက်မှဆွဲကာ သူ့ရုံးခန်းဆီသို့ခေါ်သွားသည်။
"နိုင်းနိုင်းဝေ...လွှတ်ထားပေးလို့ကိုမရပါလား..."
"ကိုကို သား နားရွက်ပြတ်ပြီထင်တယ်...လွှတ်ပါဦး.."
ရှိန်း အားပိုသုံးကာ လိမ်လိုက်သည်။
"အာ ကိုကိုက ပြောလေ ကဲလေပါလား...နာတယ်လို့..."
"ဂွက်....
ဘာပြောလေကဲလေလဲ ကိုကို့ကို ဘယ်လိုစကားတွေပြောနေတာလဲဟမ်?"
"ကိုကို သားရှင်းပြမယ်...သားနားရွက်လေးကိုလွှတ်လိုက်ကိိုကို..."
"ommပြောပါဦး အလျောက်ကောင်းရင် အထောင်းသက်သာမယ်...မဟုတ်ရင်တော့ တွေ့မယ်မှတ်..."
"ဟုတ် သားကလေ..........
..........အာ့ကြောင့် ဖုန်းပေးဆော့လိုက်တာပါ"
"အင်း... "
"ဘာအင်းလဲ...သားတော်တယ်မလား...တွေးတောဆင်ခြင်နိုင်စွမ်းရှိတယ်နော်သားက...ကိုကို့လိုမဟုတ်ဘူး.."
"ဘာရယ်..."
"ဟီး စတာပါ..သားနားရွက်လေးပြတ်ပြီလားမသိဘူး...ဟွန်း...တူတူနေတဲ့ချိန်ကြ လာမနမ်းနဲ့ ဒီနားရွက်လေးကို...ကိုကိုလိမ်ဆွဲထားတာမှတ်ထားတယ်..."
"နိုင်းနိုင်းဝေ!!!"
"ဟီး...."
............
"ကိုကို့ကိုကန်တော့တယ်နော်......ဖေဖေနဲ့မေမေရော သားကန်တော့ခဲ့မယ်နော်....."
"ငါ့သားလေး တာဝန်ကျတဲ့ရွာလေးမှာ လူချစ်လူခင်ပေါပါစေကွာ....လူကောင်းများနဲ့သာကြုံတွေ့ရပါစေ...နိုင့်ငံသားကောင်းများ မွေးထုတ်ပေးနိုင်တဲ့ဆရာတစ်ယောက်ဖြစ်အောင်ကြိုးစားနော်....."
"ဟုတ်ကဲ့...."
ရှိန်း ကလေးငယ်တာဝန်ကျသောရွာလေးဆီသို့မောင်းလိုက်သည်။
တိမ်လေးကိုပါ အတူခေါ်သွားလိုက်သည်။
"ကလေး လိုအပ်တဲ့နေရာတွေသွားလို့ရအောင် ကလေးစီးဖို့ ကိုကိုScopyအနက်ရောင်လေးဝယ်ထားတယ်....ကိုကိုနောက်ရက်ကျ ပို့ပေးမယ်နော်..."
"ဟုတ်ကိိုကို..."
"လိမ်လိမ်မာမာနေနော်.....လူကြီးတွေစကားလည်းနားထောင်..."
"ဟုတ်ကဲ့ကိိုကို...."
"ကလေးအဝတ်အိတ်ထဲမှာ လိုအပ်တာတွေကိုကိုထည့်ပေးထားတယ်...ပိုက်ဆံရောပဲ...ညဝတ်ဖို့ဝမ်းဆက်တွေရော ကိုကိုထည့်ပေးထားတယ်...
နေ့လိမ်းညလိမ်းcreamတွေရော....ကလေးအကြိုက် ကြည့်ဖို့ Wifiကဒ်ရောထည့်ပေးထားတယ်...လိုအပ်တာတွေရောရှာဖို့အတွက်.....တစ်ခုခုဆိုကိိုကို့ကိုဖုန်းဆက်....ကလေးမတ္တရာအိမ်ပြန်ရင်လည်း ဂရုစိုက်ပြန်ရမယ်နော်...ကလေးဒါနဲ့ လိုအပ်တဲ့ဆေးဝယးတွေလည်းကိိုကိုထည့်ပေးထားတယ်...အရင်ကလို ထန်းရည်တွေသောက်တာမကြားချင်ဘူးနော်ကလေး"
"ဟုတ်ကဲ့ပါကိုကိုရဲ့....ကိုကိုလည်းကျန်းမာရေးဂရုစိုက်ရမယ်နော်...."
"ommကိုကို့အတွက်စိတ်ချ..."
"ဦးဦးတို့ သားကိုရှိတယ်လို့ထင်ကြသေးလား..."
တိမ်လေး သူတို့နှစ်ယောက်စကားဝိုင်းကို ဖြတ်ပြောလိုက်သည်။
"တိမ်လေး...မင်းကလည်း.... ဟွန်း...ငါ့တူလေးလိမ်လိမ်မာမာနေနော်ကြားလား..."
"ဟုတ်ကဲ့ပါ..."
ရှိန်းတို့ကားလေးမန္တလေးမှမောင်းလာပြီးနောက် တောင်ပြုံးလမ်းခွဲသို့ရောက်သော် အနောက်သို့ချိုးလိုက်သည်။
15မိနစ်ကြာမောင်းပြီးနောက် မန်ကျည်းရိပ်ဆိုသည့်ရွာသို့ရောက်လေသည်။
ရွာလေး သည် အိမ်ခြေ 2000ကျော်ရှိပြီး ဖွံ့ဖြိုးတိုးတက်သောရွာကလေးဖြစ်သည်။
လျှပ်စစ်မီးရရှိပြီး လမ်းကလည်း ကွန်ကရစ်လမ်းများဖြစ်သည်။
လယ်ယာလုပ်ငန်း၊ရောင်းဝယ်ရေး၊မွေးမြူရေး၊ပဲအမျိုးမျိုးလုပ်ငန်း အစရှိသည့်လုပ်ငန်းများလုပ်ကိုင်ကြသည်။
.
.
"ဟာ သားလေးတို့ရောက်လာပြီပဲ ...လာကြလာကြ"
ဝေသော့်အမေက နိုင်းနိုင်းတို့အား နွေးထွေးစွာကြိုဆိုလေသည်။
ဝေသော်တို့အိမ်က နှစ်ထပ်တိုက်အိမ်ဖြစ်သည်။
ခြံထဲမှာလည်း ကွမ်းခြံများစိုက်ပျိုးထားသေးသည်။
"လာ နိုင်းနိုင်း မင်းတို့လာမှာသိလို့ ငါမင်းအကြိုက်တွေပြင်ထားတာ..."
"အေးအေး ဒါနဲ့ ဇင်သော်ကိုမတွေ့ဘူးနော်.....သူကဘယ်မာလဲ...."
နိုင်းနိုင်း ဟိုတစ်နေ့တုန်းကတည်းက ဝေသော့်အားတွေ့ပြီး ဇင်သော့်ကိုမတွေ့သဖြင့်မေးလိုက်ခြင်းဖြစ်သည်။သူမေးလိုက်သော စကားသံအဆုံး ဝေသော် မျက်နှာတင်မက ဒေါ်လေးမျက်နှာပါ ဝမ်းနည်းသွားသည်ကို နိုင်းနိုင်းရိပ်မိလိုက်သည်။
"အာ...အဲ့တာက... ဇင်သော်မရှိတော့ဘူး...မနှစ်က မြစ်ရေတိုးချိန်မှာ ရွာနောက်ဘက်ရေသွားချိုးကြတာ...ရေနစ်ပြီး သေသွား...."
ဝေသော်ဆုံးအောင်ပင်ဆက်မပြောနိုင်ချေ။
"အာ ငါတို့လည်းမသိရပါလား......ဖြစ်မှဖြစ်ရတယ်ကွာ...."
"အေး ငါလည်း ရတနာပုံမှာ Dayဆက်မတက်တော့ဘဲ အိမ်ကလုပ်ငန်းတွေဦးစီးလုပ်ကိုင်ပေးရင်း အဝေးသင်ဘက်ပြောင်းလိုက်တာ...."
"အေးပါကွာ....ငါတို့အဝေးသင်ကာလကြ တူတူတက်လို့ရတယ်လေ...."
"အေးပါကွာ....."
ရှိန်း ကလေးငယ်အား ဝေသော့်အမေဆီ သေချာလေးအပ်ထားသည်။
ချောင်းရှိရာဘက်သို့ မသွားဖို့၊ မတည့်တာတွေမစားဖို့၊အရာရာဂရုစိုက်ဖို့ အတန်တန်မှာကြားခဲ့သည်။
ပြီးနောက် တိမ်လေးအား မတ္တရာသို့လိုက်ပို့ပြီး မန္တလေးသို့ပြန်လာလိုက်သည်။
"အာ လွမ်းလိုက်တာ ကိုကို့ကလေးလေးရာ...."
ရှိန်း မမှာရသေးသောအရေးကြီးသည့်ကိစ္စကိုပြောရန် ကလေးငယ်ဆီသို့ဖုန်းဆက်လိုက်သည်။
"Hello ကိုကို"
"ကိုကိုပြန်ရောက်ပြီကလေး...ကိုကိုအရေးကြီးမှာစရာကိုမေ့နေလို့....
ကလေး လက်စွပ်ကိုလုံးဝမချွတ်နဲ့နော်..."
"ဟုတ်ကဲ့ပါကိုကိုရ...ကိုကိုလည်းလုံးဝမချွတ်ရဘူးနော်...ကိုကိုက သားအပိုင်..."
"အင်း ကလေး...ချစ်တယ်နော်...အာဘွား..."
"အာဘွား ကိုကို...ဘိုင်ဘိုင်..."
#နှင်း
#2790words
#စိတ်ကူးယဥ်ရေးသားခြင်းဖြစ်လို့ လိုအပ်ချက်များရှိရင်နားလည်ပေးပါ
#ရွာနာမည်လေးတွေက သေချာပြောင်းထားတာပါနော်၊အရင်ကကိုယ်တာဝန်ကျဖူးတဲ့ရွာလေးကို ရေးထားတာပါ😁
အပိုင်း ၂၉
...........
တာဝန်ကျတာတဲ့"
.........
"ဟီး ဟုတ်ကဲ့...."
ထိုစဉ် ရှိန်းမှ
......"
"Hello...ဝေသော်ပြော.."
"...."
..................
"ommကလေး..."
"...."
"ဟုတ်ကိုကို.."
.............
"မင်းကဘာလာလုပ်တာ..."
"ရော့...."
"ရတယ်နေပေ့စေ..."
"ချီး..သေတော့မာပဲ...."
.
.
"အား....ကိုကိုရေနာတယ်...."
"ဂွက်....
"ကိုကို သားရှင်းပြမယ်...သားနားရွက်လေးကိုလွှတ်လိုက်ကိုကို..."
"ဟုတ် သားကလေ..........
"အင်း... "
"ဘာရယ်..."
"နိုင်းနိုင်းဝေ!!!"
"ဟီး...."
............
"ဟုတ်ကဲ့...."
"ဟုတ်ကိုကို..."
"ဟုတ်ကဲ့ကိုကို...."
နေ့လိမ်းညလိမ်းcreamတွေရော....ကလေးအကြိုက် ကြည့်ဖို့ Wifiကဒ်ရောထည့်ပေးထားတယ်...လိုအပ်တာတွေရောရှာဖို့အတွက်.....တစ်ခုခုဆိုကိုကို့ကိုဖုန်းဆက်....ကလေးမတ္တရာအိမ်ပြန်ရင်လည်း ဂရုစိုက်ပြန်ရမယ်နော်...ကလေးဒါနဲ့ လိုအပ်တဲ့ဆေးဝယးတွေလည်းကိုကိုထည့်ပေးထားတယ်...အရင်ကလို ထန်းရည်တွေသောက်တာမကြားချင်ဘူးနော်ကလေး"
"ဟုတ်ကဲ့ပါ..."
.
.
"အေးပါကွာ....."
"Hello ကိုကို"
#နှင်း
#2790words