Unicode Ver
ချီယွမ့်ကို သူရှာတွေ့ခဲ့သည့်အကြောင်းမှာ ချီယွမ်သည် သူ၏စွမ်းအင်ကိုအသုံးပြုလိုက်ချိန်တွင် ယွင်းရန်၏စွမ်းအားတို့ကပါ ရောယှက်ပါဝင်နေခဲ့ပြီး ယွင်းရန်ထံသို့ပါ လာရောက်ထိခက်သွားတာမို့ဖြစ်သည်။ အစဦးကတည်းက ယွင်းရန်သည် ချီယွမ့်အားထပ်မတွေ့တော့ရန်နှင့် ထိုကောင်လေး၏လူ့ဘဝကို အရှိအတိုင်းဆက်လက်ရှင်သန်စေနိုင်ရင် သူသည်လက်လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့သည်မို့ ကောင်လေးနှင့်ပတ်သတ်သမျှ အားလုံးကိုရေစက်ဖြတ်ပစ်ခဲ့သည်။ ထို့ကြောင်ပင် ရှန်းဝူပိုင်နှင့် နျူး၏နောက်ကွယ်ကအကြောင်းအရင်းတို့ကိုသိလိုက်ရပြီးသည့်နောက် လူ့လောကတစ်ခုလုံးကို ရှာခဲ့သော်လည်း အရိပ်အယောင်ပင် မတွေ့ခဲ့ခြင်းဖြစ်၏။ အကြောင်းကား ချန်းရှသည် ချီယွမ့်အား ဖမ်းခေါ်သွားခဲ့တာမို့ပင်။ သူတို့ကြား တိုက်ခိုက်မှုအနည်းငယ်ဖြစ်ခဲ့ပုံရပြီး ချီယွမ်ကို သူရှာတွေ့ချိန်၌ ချီယွမ်သည် အလွန်ပင်ပန်းနေချေပြီ။ နျူးရော/ ချီယွမ်ပါ သူ့ကြောင့်နှင့် ဤသို့သောဖြစ်ရပ်မျိုးကို ကြုံတွေ့ကြရသည်မှာ အမှန်ပင်။ ယွင်းရန်သည် ၎င်းတို့နှင့်ပတ်သတ်၍ အပြစ်ရှိစိတ်ခံစားရမိသည်။
သူသည် မိစ္ဆာတိုင်းပြည်ရှိ မိမိ၏အိပ်ဆောင်အတွင်းကုတင်ထက်၌ ငြိမ်သက်စွာလဲလျောင်းနေသေးသော ချီယွမ်ကို ကုတင်အစွန်းနားတွင်ထိုင်နေရင်း အချိန်အတော်ကြာထိကြည့်နေခဲ့မိသည်မှာ ချီယွမ့်ကိုယ်ထဲရှိ သူ၏စွမ်းအင်တို့ကို ပြန်လည်ကုသကာထိုကိုယ်ထဲ၌ပင် ဆက်လက်ရှင်သန်စေပြီး ချီယွမ်၏အသက်အန္တာရာယ်မစိုးရိမ်ရတော့မှန်း သိပြီးသည့်အချိန်မှစ၍ပင်။
ချီယွမ်၏အသားအရေတို့သည် သူ၏လူသားကိုယ်ခန္တာထက်ပိုမိုကာဖွေးဥနေလေပြီး သူ၏ဆံနွယ်မျှင်တို့သည်လည်းအဖြူရောင်သို့ ပြောင်းလဲသွားခဲ့လေပြီ။ အကြောင်းမှာ ပြန်လည်တည်ရှိသွားခဲ့ပြီဖြစ်သော သူ၏အမြုတေကြောင့်ပင်။ သူ၏မူလအသွင်ဖြစ်သော ပုံစံသို့ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ယွင်းရန်သည် ချီယွမ်၏ နှဖူးတဝိုက်ဆံနွယ်များကိုထပ်မံကာ သပ်တင်လိုက်ပေးလိုက်ရင် ကုတင်ဘေးတွင်ရှိသော စားပွဲပေါ်၌ ချီယွမ်၏ရင်ဘတ်ဝတ်ရုံထဲတွင်ရှိခဲ့သည့် ဆံထိုးကိုလှမ်းကြည့်လိုက်သည်။ ထိုဆံထိုးသည် နျူး၏မှတ်ဉာဏ်များပင်။ ယခုအချိန်တွင်တော့ မည်သို့ပင်ဖြစ်စေ သူသည် ချီယွမ့်အား နျူးအဖြစ်ရှိခဲ့သည် သူ၏အတိတ်ဘဝက ရင်နာစရာကောင်းခဲ့သည့် မှတ်ဉာဏ်များကို ပေးသိချင်စိတ်မရှိတော့ပါချေ။ ယခုအချိန်တွင် သူသည် ထိုကောင်လေးအား သူ့ဘေးတွင်သာ ထာဝရရှိနေရုံနှင့်ပင် ကျေနပ်နိုင်ချေပြီ။ သူ၏မျက်လွှာကိုတချက်ချလိုက်ပြီးတဲ့နောက် နေရာမှထကာ ထိုဆံထိုးကို ကောက်ယူလိုက်ပြီး သူ၏လက်ထဲတွင်ပင် စွမ်းအင်သုံးကာဖျောက်ထားလိုက်၏။ ထို့နောက် သူ၏ခေါင်းကိုအနည်းငယ်စောင်းလိုက်ရင်း
“ မင်းရှိနေတာကို သိတာကြာပြီ။
သူနိုးလာတဲ့အခါ သေချာအဖော်ပြုပေးလိုက်။ သူမင်းကို အရင်ကလိုပဲ သဘောကျမှာ…”
ကျိကျိသည် ထိုအခန်း၏နံရံနောက်တွင် အမြဲတမ်းပုန်းနေခဲ့ပြီး ယွင်းရန်ပထမတခေါက် ဤအခန်းထဲပြန်ဝင်ချိန်ကလည်း တိတ်တိတ်လေးခိုးကြည့်နေခဲ့ခြင်းဖြစ်သည်။ သူသည် နျူး၏နောက်ဆုံးတခေါက် နတ်ပြည်ကိုပြန်ခဲ့စဥ်က နတ်ပြည်၏ပတ်ဝန်းကျင်သည် ထိုကဲ့သို့စွမ်းအားနိမ့်မိစ္ဆာပေါက်ကလေးမျိုးနှင့် အဆင်မပြေတာမို့ ထားရစ်ခံခဲ့ရတာဖြစ်ပြီး နျူးကထိုအချိန်မှစပြီး ဤသို့ပြန်လာနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်သည်။ ကျိကျိသည် ယွင်းရန်က ချီယွမ့်အား အခန်းတွင်းသို့ ချီလာခဲ့သည့်အချိန်မှစပြီး သူသည် ယွင်းရန်ကိုကြောက်လည်း ကြောက်။ လွမ်းနေခဲ့သည့် သခင်ဖြစ်သူဆီကိုလည်း ပြေးကပ်ချင်နေသည့် စိတ်ကို မထိန်းချုပ်နိုင်ပဲ တချိန်လုံး လှုပ်လှုပ်ယွယွနေခဲ့သည်။ ယခုလို ယွင်းရန်ဆီမှ အမိန့်ရလိုက်သည်နှင့် ထိုအမဲလုံးလေးသည် ချက်ချင်းနံရံပေါ်မှဆင်းလာခဲ့ပြီးနောက် ချီယွမ့်အပေါ်သို့ပြေးတတ်ကာ ရင်ဘတ်နားတွင် ရပ်တန့်လိုက်ပြီး သူ၏သခင်အားအနီးကပ်တဆိမ့်ဆိမ့်ကြည့်ရတော့သည်။ ယွင်းရန်ကတော့ အခန်းအပြင်ဘက်သို့ ထွက်သွားလေတော့သည်။
………………………………………………………..
“ ချန်းရှ….
သူနဲ့ပတ်သတ်ပြီး ဒီနှစ်နှစ်ထောင်အတွင်းကိစ္စတွေ သိရပြီလား။”
ယွင်းရန်သည် ပုလ္လင်ထက်တွင်ထိုင်လိုက်ပြီးနောက် သူ၏ရှေ့အနည်းငယ်နိမ့်သောနေရာတွင် ရပ်နေကြသည့် တိဟွနှင့် ရှမ့်ဟွာတို့ကို မေးလိုက်သည်။ တိဟွက ရှေ့သို့အနည်းငယ်တတ်လာလိုက်ပြီး ယွင်းရန်အားဂါရဝပြုကာ ဖြေသည်။
“ ကျွန်တော် စုံစမ်းရမိသလောက် ချန်းရှဆိုတဲ့နတ်မင်းက အခုချိန်မှာ ရထူးချခံထားရပြီးတော့ ပျောက်ကွယ်နေခဲ့တာ နှစ်နှစ်ထောင်ကျော်ပြီ။ ဒါပေမဲ့ သူနဲ့ ကောင်းကင်မင်းကြီးရှန်းဝူပိုင်ကြားမှာ လွန်ခဲ့တဲ့နှစ်တထောင်လောက်အထိ တိတ်တဆိတ်အဆက်အသွယ်ရှိနေခဲ့ပြီးတော့ အရှင်ယွင်းရန်အချုပ်အနှောင်ခံပြီးမကြာခင်မှာပဲ သူတို့ကြားမှာ ဘာအဆက်အသွယ်မှမရှိတော့တာ။ သူက တချိန်လုံး လူ့လောကမှာရှိတဲ့ လင်းယန်တောင်ပေါ်မှာ နျူးရဲ့လူအဖြစ်ပြောင်းလဲမှုကိုစောင့်နေခဲ့ပုံရတယ်။ “
တိဟွ၏စကားနောက်တွင် ရွမ့်ဟွာက ကပ်လိုက်လာသည်။
“ ချန်းရှဆိုတဲ့ကောင်က အစောပိုင်းတိုက်ပွဲမှာတုန်းက နတ်ပြည်အတွက် ပြဿနာတချို့ဖန်တီးမိလို့ ရာထူးချခံရတာ။ သူ့အကိုရဲ့စတေးမှုကြောင့်သာ စာနာတဲ့အနေနဲ့ နတ်ဝိညာည်အနှုတ်မခံရတာ။ သူက အဲ့ကတည်းကပုန်းကွယ်နေခဲ့ပြီး ဘာလို့များ နျူးကိုပစ်မှတ်ထားရတာလဲ။ တကယ်ပဲ နောက်ကွယ်မှာ အကြံအစည်ကြီးကြီးမားမားတစ်ခုခုရှိနေလိမ့်မယ်။”
ယွင်းရန်သည် တိဟွနှင့် ရွမ့်ဟွာတို့၏စကားများကိုနားထောင်ပြီးသည့်နောက်တွင် ပုလ္လင်ထက် ထိုင်နေရာမှထလိုက်ကာ သူတို့နားသို့ရောက်လာလိုက်သည်။
“သူ့ကို ငါကိုယ်တိုင်ရာထူးချခဲ့တာ။ သူ့အကိုရဲ့စစ်ပွဲအတွင်းမှာ စတေးခဲ့ရမှုကြောင့် သူ့ကိုလျော့ပေါ့ပေးခဲ့ပေမဲ့ သူကအဲ့ကိစ္စနဲ့ ပတ်သတ်ပြီးတော့တောင် ကျေနပ်ခဲ့တာမဟုတ်ဘူး။ ဒါပေမဲ့ ငါချီယွမ်ရဲ့ အမြုတေကိုပြန်ကုပေးတဲ့အချိန်က သူရဲ့မှတ်ဉာဏ်တွေကိုပါ သိခဲ့ရတယ်။ သူရဲ့ရည်ရွယ်ချက်က ကျောက်မီးနဂါးကိုနှိုးပြီးတော့ သုံးလောကကိုဖျက်စီးချင်တာ။ ငါထင်တဲ့အတိုင်းဆို လျဲ့ဝှမ်းဖူတောင်ကြား အဲ့အချိန်က ကျောက်မီးနဂါးကို ပြိုင်ပွဲကွင်းထဲရောက်လာစေခဲ့တာ သူပဲဖြစ်လိမ့်မယ်။ “
“ အဲ့တာဆို ရှန်းဝူပိုင်လည်း သူ့နောက်ကွယ်မှာ မရှိတော့တာ။ သူက ဘာ့ကြောင့် အဲ့လောက်ထိ သတ္တိရှိနေနိုင်သေးတာလဲ။ နောက်ထပ် သူ့နောက်မှာရှိနေသေးလို့လား။”
“ မပြောတတ်ဘူး။ ဒီတခေါက် တကယ်ပဲ ကောင်းကင်ဘုံက ဟုတ်မနေဖို့ဆုတောင်းတယ်။
တိဟွ….”
ယွင်းရန်က တိဟွကိုခေါ်လိုက်တာမို့ တိဟွက ချက်ချင်းပြန်ဖြေသည်။
“ ကျွန်တော်မျိုးရှိပါတယ်။”
“ ချန်းရှကိစ္စကို ရွမ့်ဟွာကိုပဲ လွှဲပေးလိုက်မှာမလို့ မင်းက အဲ့ဒီဓားမြှောင်ကိုပဲရအောင်ရှာပါ။ သူနဲ့ပတ်သတ်ပြီး တစ်ခုခုသိရပြီလား။”
“ ကျွန်တော်…..အခုထိ…”
တိဟွက ဖြေရခက်နေသည့် အမူအရာဖြစ်နေလေသည်။ သူသည် ယခုအတောအတွင်းတွင်တောင်မှ ထိုဝိညာည်ခွဲဓားမြှောင်ကိုသာရှာဖွေနေခဲ့ပြီး ယခုထိလည်း ထိုအရာကိုထိမ်းသိမ်းသည့် နတ်မင်းအားမတွေ့ရသေးပါချေ။ ဇာတ်မြုပ်နေထိုင်သည်ဟုဆိုတာမို့ တကယ်ကို တိမ်မြုပ်ပျောက်ကွယ်နေသည်မှာ မိမိလိုသတင်းရှာသည့်သူပင် လက်လန်ချေပြီ။
ယွင်းရန်က သူ့အားစိတ်တိုသည့်အမူအရာတော့ မပြပါချေ။ သို့သော် သူသည်သက်ပြင်းတချက်ချလိုက်ပြီး
“ အဲ့အရာတစ်ခုတည်းကိုပဲ အာရုံစိုက်ပြီးရှာဖွေပါ။ သူ့ကိုမင်းမှ ရှာမတွေ့နိုင်ရင် ဘယ်သူမှ ရှာနိုင်မှာမဟုတ်ဘူး။ “
“……”
တိဟွက ဘာမှမသိသည့်နှယ် ပြူးကြောင်ကြောင်နှင့် ယွင်းရန်ကိုမော့ကြည့်လာသည်။ ယွင်းရန်က သူ၏ပုခုံးအားနှစ်ချက်ခန့်ပုတ်ပေးလိုက်ပြီးနောက်..
“ သွားတော့…”
“ အမိန့်တိုင်းပါ။”
တိဟွသည် ချက်ချင်းပင် အခိုးငွေ့သဖွယ်ပျောက်ကွယ်သွားတော့သည်။ နောက်ဘက်တွင်ကျန်ရှိနေသေးသော ရွမ့်ဟွာထံမှ အသံထွက်လာတော့သည်။
“ ကောင်လေးဆီကနေ စွမ်းအားမယူတောာ့တာကို ဘာလို့ ဝိညာည်ခွဲဓားမြှောင်ကို ဆက်ရှာခိုင်းနေသေးတာလဲ။ ပြီးတော့ အဲ့နတ်မင်းက အခုချိန်ဆို ရှိတောင်ရှိသေးပါ့မလား ဘယ်သူမှသိနိုင်တာမဟုတ်ဘူး။ တိဟွရဲ့အချိန်တွေအလကားဖြစ်ကုန်လိမ့်မယ်။ “
“တိဟွမှာ အချိန်တွေပေါပါတယ်။ ပြီးတော့ အဲ့နတ်မင်းရှိနေသေးတယ်ဆိုတာလည်း သေချာတဲ့အရာတစ်ခု ငါ့မှာရှိနေသားပဲ။ “
“……………. ငါတော့ တကယ်နားမလည်နိုင်တော့ဘူး”
ရွမ့်ဟွာသည်လည်း ယွင်းရန်အားတစ်ယောက်တည်းထားခဲ့ကာ သူပါပျောက်ကွယ်သွားတော့သည်။ ယွင်းရန်သည် မည်သည့်နေရာကိုမျှဦးတည်ကြည့်နေတာမျိုးမရှိပဲ သူ၏စိတ်ထဲ၌သာ ကိစ္စများကိုတွေးတောလျက်ရှိ၏။
အကယ်၍များ ချီယွမ်က နျူးရဲ့မှတ်ဉာဏ်တွေကိုပြန်ရပြီး အရင်ကကိစ္စတွေကြောင့် ငါ့ကိုလက်ခံဖို့ခဲယဥ်းတဲ့အခါ ဒါမှမဟုတ် ဖြစ်ပျက်ခဲ့သမျှတွေကြောင့် မုန်းသွားတဲ့အခါ သူ့ကိုယ်ထဲက ငါ့စွမ်းအင်တွေက သူ့ကိုအလိုလိုဆန့်ကျင်ပြီး သတ်ပစ်တဲ့အထိ ဖြစ်လာနိုင်တယ်။ အဲ့တာကြောင့် ငါ့ရဲ့ကြောက်ရွံ့မှုတွေအတွက် အဲ့အရာကို ငါလိုအပ်တယ်။
အင်း ပြောရရင် ငါမသေချာပဲလုပ်ခဲ့မိတဲ့ အမှားတွေအတွက် အခုထိ ချီယွမ်ကို့နျူးမှတ်ဉာဏ်တွေပေးသိရမှာ ကြောက်လန့်မိနေတုန်းပဲ။*
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီပတ်ရက်မတိုင်ခင် နောက်တပိုင်းအပ်နိုင်အောင် ကြိုးစားပေးမယ်နော်။ ❤❤
Zawgyi Ver
ခ်ီယြမ့္ကို သူ႐ွာေတြ႕ခဲ့သည့္အေၾကာင္းမွာ ခ်ီယြမ္သည္ သူ၏စြမ္းအင္ကိုအသုံးျပဳလိုက္ခ်ိန္တြင္ ယြင္းရန္၏စြမ္းအားတို႔ကပါ ေရာယွက္ပါဝင္ေနခဲ့ၿပီး ယြင္းရန္ထံသို႔ပါ လာေရာက္ထိခက္သြားတာမို႔ျဖစ္သည္။ အစဦးကတည္းက ယြင္းရန္သည္ ခ်ီယြမ့္အားထပ္မေတြ႕ေတာ့ရန္ႏွင့္ ထိုေကာင္ေလး၏လူ႕ဘဝကို အ႐ွိအတိုင္းဆက္လက္႐ွင္သန္ေစႏိုင္ရင္ သူသည္လက္လႊတ္ေပးလိုက္ဖို႔ ဆုံးျဖတ္ခဲ့သည္မို႔ ေကာင္ေလးႏွင့္ပတ္သတ္သမွ် အားလုံးကိုေရစက္ျဖတ္ပစ္ခဲ့သည္။ ထို႔ေၾကာင္ပင္ ႐ွန္းဝူပိုင္ႏွင့္ ႏ်ဴး၏ေနာက္ကြယ္ကအေၾကာင္းအရင္းတို႔ကိုသိလိုက္ရၿပီးသည့္ေနာက္ လူ႕ေလာကတစ္ခုလုံးကို ႐ွာခဲ့ေသာ္လည္း အရိပ္အေယာင္ပင္ မေတြ႕ခဲ့ျခင္းျဖစ္၏။ အေၾကာင္းကား ခ်န္း႐ွသည္ ခ်ီယြမ့္အား ဖမ္းေခၚသြားခဲ့တာမို႔ပင္။ သူတို႔ၾကား တိုက္ခိုက္မႈအနည္းငယ္ျဖစ္ခဲ့ပုံရၿပီး ခ်ီယြမ္ကို သူ႐ွာေတြ႕ခ်ိန္၌ ခ်ီယြမ္သည္ အလြန္ပင္ပန္းေနေခ်ၿပီ။ ႏ်ဴးေရာ/ ခ်ီယြမ္ပါ သူ႕ေၾကာင့္ႏွင့္ ဤသို႔ေသာျဖစ္ရပ္မ်ိဳးကို ၾကဳံေတြ႕ၾကရသည္မွာ အမွန္ပင္။ ယြင္းရန္သည္ ၎တို႔ႏွင့္ပတ္သတ္၍ အျပစ္႐ွိစိတ္ခံစားရမိသည္။
သူသည္ မိစၧာတိုင္းျပည္႐ွိ မိမိ၏အိပ္ေဆာင္အတြင္းကုတင္ထက္၌ ၿငိမ္သက္စြာလဲေလ်ာင္းေနေသးေသာ ခ်ီယြမ္ကို ကုတင္အစြန္းနားတြင္ထိုင္ေနရင္း အခ်ိန္အေတာ္ၾကာထိၾကည့္ေနခဲ့မိသည္မွာ ခ်ီယြမ့္ကိုယ္ထဲ႐ွိ သူ၏စြမ္းအင္တို႔ကို ျပန္လည္ကုသကာထိုကိုယ္ထဲ၌ပင္ ဆက္လက္႐ွင္သန္ေစၿပီး ခ်ီယြမ္၏အသက္အႏၲာရာယ္မစိုးရိမ္ရေတာ့မွန္း သိၿပီးသည့္အခ်ိန္မွစ၍ပင္။
ခ်ီယြမ္၏အသားအေရတို႔သည္ သူ၏လူသားကိုယ္ခႏၲာထက္ပိုမိုကာေဖြးဥေနေလၿပီး သူ၏ဆံႏြယ္မွ်င္တို႔သည္လည္းအျဖဴေရာင္သို႔ ေျပာင္းလဲသြားခဲ့ေလၿပီ။ အေၾကာင္းမွာ ျပန္လည္တည္႐ွိသြားခဲ့ၿပီျဖစ္ေသာ သူ၏အျမဳေတေၾကာင့္ပင္။ သူ၏မူလအသြင္ျဖစ္ေသာ ပုံစံသို႔ျပန္လည္ေရာက္႐ွိသြားခဲ့ၿပီ ျဖစ္သည္။
ယြင္းရန္သည္ ခ်ီယြမ္၏ ႏွဖူးတဝိုက္ဆံႏြယ္မ်ားကိုထပ္မံကာ သပ္တင္လိုက္ေပးလိုက္ရင္ ကုတင္ေဘးတြင္႐ွိေသာ စားပြဲေပၚ၌ ခ်ီယြမ္၏ရင္ဘတ္ဝတ္႐ုံထဲတြင္႐ွိခဲ့သည့္ ဆံထိုးကိုလွမ္းၾကည့္လိုက္သည္။ ထိုဆံထိုးသည္ ႏ်ဴး၏မွတ္ဉာဏ္မ်ားပင္။ ယခုအခ်ိန္တြင္ေတာ့ မည္သို႔ပင္ျဖစ္ေစ သူသည္ ခ်ီယြမ့္အား ႏ်ဴးအျဖစ္႐ွိခဲ့သည္ သူ၏အတိတ္ဘဝက ရင္နာစရာေကာင္းခဲ့သည့္ မွတ္ဉာဏ္မ်ားကို ေပးသိခ်င္စိတ္မ႐ွိေတာ့ပါေခ်။ ယခုအခ်ိန္တြင္ သူသည္ ထိုေကာင္ေလးအား သူ႕ေဘးတြင္သာ ထာဝရ႐ွိေန႐ုံႏွင့္ပင္ ေက်နပ္ႏိုင္ေခ်ၿပီ။ သူ၏မ်က္လႊာကိုတခ်က္ခ်လိုက္ၿပီးတဲ့ေနာက္ ေနရာမွထကာ ထိုဆံထိုးကို ေကာက္ယူလိုက္ၿပီး သူ၏လက္ထဲတြင္ပင္ စြမ္းအင္သုံးကာေဖ်ာက္ထားလိုက္၏။ ထို႔ေနာက္ သူ၏ေခါင္းကိုအနည္းငယ္ေစာင္းလိုက္ရင္း
“ မင္း႐ွိေနတာကို သိတာၾကာၿပီ။
သူႏိုးလာတဲ့အခါ ေသခ်ာအေဖာ္ျပဳေပးလိုက္။ သူမင္းကို အရင္ကလိုပဲ သေဘာက်မွာ…”
က်ိက်ိသည္ ထိုအခန္း၏နံရံေနာက္တြင္ အၿမဲတမ္းပုန္းေနခဲ့ၿပီး ယြင္းရန္ပထမတေခါက္ ဤအခန္းထဲျပန္ဝင္ခ်ိန္ကလည္း တိတ္တိတ္ေလးခိုးၾကည့္ေနခဲ့ျခင္းျဖစ္သည္။ သူသည္ ႏ်ဴး၏ေနာက္ဆုံးတေခါက္ နတ္ျပည္ကိုျပန္ခဲ့စဥ္က နတ္ျပည္၏ပတ္ဝန္းက်င္သည္ ထိုကဲ့သို႔စြမ္းအားနိမ့္မိစၧာေပါက္ကေလးမ်ိဳးႏွင့္ အဆင္မေျပတာမို႔ ထားရစ္ခံခဲ့ရတာျဖစ္ၿပီး ႏ်ဴးကထိုအခ်ိန္မွစၿပီး ဤသို႔ျပန္လာႏိုင္ခဲ့ျခင္းမ႐ွိခဲ့တာျဖစ္သည္။ က်ိက်ိသည္ ယြင္းရန္က ခ်ီယြမ့္အား အခန္းတြင္းသို႔ ခ်ီလာခဲ့သည့္အခ်ိန္မွစၿပီး သူသည္ ယြင္းရန္ကိုေၾကာက္လည္း ေၾကာက္။ လြမ္းေနခဲ့သည့္ သခင္ျဖစ္သူဆီကိုလည္း ေျပးကပ္ခ်င္ေနသည့္ စိတ္ကို မထိန္းခ်ဳပ္ႏိုင္ပဲ တခ်ိန္လုံး လႈပ္လႈပ္ယြယြေနခဲ့သည္။ ယခုလို ယြင္းရန္ဆီမွ အမိန္႔ရလိုက္သည္ႏွင့္ ထိုအမဲလုံးေလးသည္ ခ်က္ခ်င္းနံရံေပၚမွဆင္းလာခဲ့ၿပီးေနာက္ ခ်ီယြမ့္အေပၚသို႔ေျပးတတ္ကာ ရင္ဘတ္နားတြင္ ရပ္တန္႔လိုက္ၿပီး သူ၏သခင္အားအနီးကပ္တဆိမ့္ဆိမ့္ၾကည့္ရေတာ့သည္။ ယြင္းရန္ကေတာ့ အခန္းအျပင္ဘက္သို႔ ထြက္သြားေလေတာ့သည္။
………………………………………………………..
“ ခ်န္း႐ွ….
သူနဲ႔ပတ္သတ္ၿပီး ဒီႏွစ္ႏွစ္ေထာင္အတြင္းကိစၥေတြ သိရၿပီလား။”
ယြင္းရန္သည္ ပုလႅင္ထက္တြင္ထိုင္လိုက္ၿပီးေနာက္ သူ၏ေ႐ွ႕အနည္းငယ္နိမ့္ေသာေနရာတြင္ ရပ္ေနၾကသည့္ တိဟြႏွင့္ ႐ွမ့္ဟြာတို႔ကို ေမးလိုက္သည္။ တိဟြက ေ႐ွ႕သို႔အနည္းငယ္တတ္လာလိုက္ၿပီး ယြင္းရန္အားဂါရဝျပဳကာ ေျဖသည္။
“ ကြၽန္ေတာ္ စုံစမ္းရမိသေလာက္ ခ်န္း႐ွဆိုတဲ့နတ္မင္းက အခုခ်ိန္မွာ ရထူးခ်ခံထားရၿပီးေတာ့ ေပ်ာက္ကြယ္ေနခဲ့တာ ႏွစ္ႏွစ္ေထာင္ေက်ာ္ၿပီ။ ဒါေပမဲ့ သူနဲ႔ ေကာင္းကင္မင္းႀကီး႐ွန္းဝူပိုင္ၾကားမွာ လြန္ခဲ့တဲ့ႏွစ္တေထာင္ေလာက္အထိ တိတ္တဆိတ္အဆက္အသြယ္႐ွိေနခဲ့ၿပီးေတာ့ အ႐ွင္ယြင္းရန္အခ်ဳပ္အေႏွာင္ခံၿပီးမၾကာခင္မွာပဲ သူတို႔ၾကားမွာ ဘာအဆက္အသြယ္မွမ႐ွိေတာ့တာ။ သူက တခ်ိန္လုံး လူ႕ေလာကမွာ႐ွိတဲ့ လင္းယန္ေတာင္ေပၚမွာ ႏ်ဴးရဲ႕လူအျဖစ္ေျပာင္းလဲမႈကိုေစာင့္ေနခဲ့ပုံရတယ္။ “
တိဟြ၏စကားေနာက္တြင္ ႐ြမ့္ဟြာက ကပ္လိုက္လာသည္။
“ ခ်န္း႐ွဆိုတဲ့ေကာင္က အေစာပိုင္းတိုက္ပြဲမွာတုန္းက နတ္ျပည္အတြက္ ျပႆနာတခ်ိဳ႕ဖန္တီးမိလို႔ ရာထူးခ်ခံရတာ။ သူ႕အကိုရဲ႕စေတးမႈေၾကာင့္သာ စာနာတဲ့အေနနဲ႔ နတ္ဝိညာည္အႏႈတ္မခံရတာ။ သူက အဲ့ကတည္းကပုန္းကြယ္ေနခဲ့ၿပီး ဘာလို႔မ်ား ႏ်ဴးကိုပစ္မွတ္ထားရတာလဲ။ တကယ္ပဲ ေနာက္ကြယ္မွာ အၾကံအစည္ႀကီးႀကီးမားမားတစ္ခုခု႐ွိေနလိမ့္မယ္။”
ယြင္းရန္သည္ တိဟြႏွင့္ ႐ြမ့္ဟြာတို႔၏စကားမ်ားကိုနားေထာင္ၿပီးသည့္ေနာက္တြင္ ပုလႅင္ထက္ ထိုင္ေနရာမွထလိုက္ကာ သူတို႔နားသို႔ေရာက္လာလိုက္သည္။
“သူ႕ကို ငါကိုယ္တိုင္ရာထူးခ်ခဲ့တာ။ သူ႕အကိုရဲ႕စစ္ပြဲအတြင္းမွာ စေတးခဲ့ရမႈေၾကာင့္ သူ႕ကိုေလ်ာ့ေပါ့ေပးခဲ့ေပမဲ့ သူကအဲ့ကိစၥနဲ႔ ပတ္သတ္ၿပီးေတာ့ေတာင္ ေက်နပ္ခဲ့တာမဟုတ္ဘူး။ ဒါေပမဲ့ ငါခ်ီယြမ္ရဲ႕ အျမဳေတကိုျပန္ကုေပးတဲ့အခ်ိန္က သူရဲ႕မွတ္ဉာဏ္ေတြကိုပါ သိခဲ့ရတယ္။ သူရဲ႕ရည္႐ြယ္ခ်က္က ေက်ာက္မီးနဂါးကိုႏိႈးၿပီးေတာ့ သုံးေလာကကိုဖ်က္စီးခ်င္တာ။ ငါထင္တဲ့အတိုင္းဆို လ်ဲ႕ဝွမ္းဖူေတာင္ၾကား အဲ့အခ်ိန္က ေက်ာက္မီးနဂါးကို ၿပိဳင္ပြဲကြင္းထဲေရာက္လာေစခဲ့တာ သူပဲျဖစ္လိမ့္မယ္။ “
“ အဲ့တာဆို ႐ွန္းဝူပိုင္လည္း သူ႕ေနာက္ကြယ္မွာ မ႐ွိေတာ့တာ။ သူက ဘာ့ေၾကာင့္ အဲ့ေလာက္ထိ သတၱိ႐ွိေနႏိုင္ေသးတာလဲ။ ေနာက္ထပ္ သူ႕ေနာက္မွာ႐ွိေနေသးလို႔လား။”
“ မေျပာတတ္ဘူး။ ဒီတေခါက္ တကယ္ပဲ ေကာင္းကင္ဘုံက ဟုတ္မေနဖို႔ဆုေတာင္းတယ္။
တိဟြ….”
ယြင္းရန္က တိဟြကိုေခၚလိုက္တာမို႔ တိဟြက ခ်က္ခ်င္းျပန္ေျဖသည္။
“ ကြၽန္ေတာ္မ်ိဳး႐ွိပါတယ္။”
“ ခ်န္း႐ွကိစၥကို ႐ြမ့္ဟြာကိုပဲ လႊဲေပးလိုက္မွာမလို႔ မင္းက အဲ့ဒီဓားေျမႇာင္ကိုပဲရေအာင္႐ွာပါ။ သူနဲ႔ပတ္သတ္ၿပီး တစ္ခုခုသိရၿပီလား။”
“ ကြၽန္ေတာ္…..အခုထိ…”
တိဟြက ေျဖရခက္ေနသည့္ အမူအရာျဖစ္ေနေလသည္။ သူသည္ ယခုအေတာအတြင္းတြင္ေတာင္မွ ထိုဝိညာည္ခြဲဓားေျမႇာင္ကိုသာ႐ွာေဖြေနခဲ့ၿပီး ယခုထိလည္း ထိုအရာကိုထိမ္းသိမ္းသည့္ နတ္မင္းအားမေတြ႕ရေသးပါေခ်။ ဇာတ္ျမဳပ္ေနထိုင္သည္ဟုဆိုတာမို႔ တကယ္ကို တိမ္ျမဳပ္ေပ်ာက္ကြယ္ေနသည္မွာ မိမိလိုသတင္း႐ွာသည့္သူပင္ လက္လန္ေခ်ၿပီ။
ယြင္းရန္က သူ႕အားစိတ္တိုသည့္အမူအရာေတာ့ မျပပါေခ်။ သို႔ေသာ္ သူသည္သက္ျပင္းတခ်က္ခ်လိုက္ၿပီး
“ အဲ့အရာတစ္ခုတည္းကိုပဲ အာ႐ုံစိုက္ၿပီး႐ွာေဖြပါ။ သူ႕ကိုမင္းမွ ႐ွာမေတြ႕ႏိုင္ရင္ ဘယ္သူမွ ႐ွာႏိုင္မွာမဟုတ္ဘူး။ “
“……”
တိဟြက ဘာမွမသိသည့္ႏွယ္ ျပဴးေၾကာင္ေၾကာင္ႏွင့္ ယြင္းရန္ကိုေမာ့ၾကည့္လာသည္။ ယြင္းရန္က သူ၏ပုခုံးအားႏွစ္ခ်က္ခန္႔ပုတ္ေပးလိုက္ၿပီးေနာက္..
“ သြားေတာ့…”
“ အမိန္႔တိုင္းပါ။”
တိဟြသည္ ခ်က္ခ်င္းပင္ အခိုးေငြ႕သဖြယ္ေပ်ာက္ကြယ္သြားေတာ့သည္။ ေနာက္ဘက္တြင္က်န္႐ွိေနေသးေသာ ႐ြမ့္ဟြာထံမွ အသံထြက္လာေတာ့သည္။
“ ေကာင္ေလးဆီကေန စြမ္းအားမယူေတာာ့တာကို ဘာလို႔ ဝိညာည္ခြဲဓားေျမႇာင္ကို ဆက္႐ွာခိုင္းေနေသးတာလဲ။ ၿပီးေတာ့ အဲ့နတ္မင္းက အခုခ်ိန္ဆို ႐ွိေတာင္႐ွိေသးပါ့မလား ဘယ္သူမွသိႏိုင္တာမဟုတ္ဘူး။ တိဟြရဲ႕အခ်ိန္ေတြအလကားျဖစ္ကုန္လိမ့္မယ္။ “
“တိဟြမွာ အခ်ိန္ေတြေပါပါတယ္။ ၿပီးေတာ့ အဲ့နတ္မင္း႐ွိေနေသးတယ္ဆိုတာလည္း ေသခ်ာတဲ့အရာတစ္ခု ငါ့မွာ႐ွိေနသားပဲ။ “
“……………. ငါေတာ့ တကယ္နားမလည္ႏိုင္ေတာ့ဘူး”
႐ြမ့္ဟြာသည္လည္း ယြင္းရန္အားတစ္ေယာက္တည္းထားခဲ့ကာ သူပါေပ်ာက္ကြယ္သြားေတာ့သည္။ ယြင္းရန္သည္ မည္သည့္ေနရာကိုမွ်ဦးတည္ၾကည့္ေနတာမ်ိဳးမ႐ွိပဲ သူ၏စိတ္ထဲ၌သာ ကိစၥမ်ားကိုေတြးေတာလ်က္႐ွိ၏။
အကယ္၍မ်ား ခ်ီယြမ္က ႏ်ဴးရဲ႕မွတ္ဉာဏ္ေတြကိုျပန္ရၿပီး အရင္ကကိစၥေတြေၾကာင့္ ငါ့ကိုလက္ခံဖို႔ခဲယဥ္းတဲ့အခါ ဒါမွမဟုတ္ ျဖစ္ပ်က္ခဲ့သမွ်ေတြေၾကာင့္ မုန္းသြားတဲ့အခါ သူ႕ကိုယ္ထဲက ငါ့စြမ္းအင္ေတြက သူ႕ကိုအလိုလိုဆန္႔က်င္ၿပီး သတ္ပစ္တဲ့အထိ ျဖစ္လာႏိုင္တယ္။ အဲ့တာေၾကာင့္ ငါ့ရဲ႕ေၾကာက္႐ြံ႕မႈေတြအတြက္ အဲ့အရာကို ငါလိုအပ္တယ္။
အင္း ေျပာရရင္ ငါမေသခ်ာပဲလုပ္ခဲ့မိတဲ့ အမွားေတြအတြက္ အခုထိ ခ်ီယြမ္ကို႔ႏ်ဴးမွတ္ဉာဏ္ေတြေပးသိရမွာ ေၾကာက္လန္႔မိေနတုန္းပဲ။*
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီပတ္ရက္မတိုင္ခင္ ေနာက္တပိုင္းအပ္ႏိုင္ေအာင္ ႀကိဳးစားေပးမယ္ေနာ္။ ❤❤