"ယမ်း မင်း!"
ယမ်းက လက်ညိုးနဲ့သူ့နှုတ်ခမ်းကို ကပ် သည်။ ပြီးမှ နှစ်ယောက်ကြားရုံလေသံဖြင့်
"တိုးတိုးပြောပါ ကိုဖက်တီးရ။ဖေဖေကြားသွားမယ်"
ဖေဖေမသိစေချင်လို့ ဟိုလူ့အခန်းထဲကနေ အပြင် ကို'ပ' ထုတ်ခဲ့ပါတယ်ဆိုမှ ကိုဖက်တီးက ထအော်နေသည်။
ကိုဖက်တီးက ဖေဖေ့တူ နှစ်ဝမ်းကွဲလား၊သုံးဝမ်းကွဲလားတော့ ယမ်းမသိ။အရင်က Family Doctor ရှိပေမဲ့ ကိုဖက်တီးဆရာဝန်ဖြစ်ကတည်းက ဖေဖေက ကျန်းမာရေးကိစ္စဆို သူ့တူကိုသာ ပင့်တော့သည်။
"ယမ်း ဒါမဖြစ်သင့်ဖူးနော်"
ဟာ...ကျစ်..!ကိုဖက်တီးကတော့ စားပြီး။
"ကိုဖက်တီး ဖြစ်သင့်တာတွေ၊မဖြစ်သင့်တာတွေက အရေးမကြီးတော့ဖူး။ခု သူ့ဟာက ကွဲသွားပြီနေမှာ။ အဲ့တာ ဆေးရောပေးခဲ့ဖို့ တိုးတိုးခေါ်ပြောတာ"
စေးစက်ထင်နဲ့ဖြစ်ခဲ့တဲ့ကိစ္စ ကိုဖက်တီးကို ပေးသိရသည်။ဒါမှ ဟိုလူ့အတွက် လိုအပ်တဲ့ဆေး ပေးခိုင်းလို့ရမှာမလား။သူ့တာဝန်မကင်းဖူးလို့ ယမ်းခံစားရတာမို့ စေးစက်ထင်ကို အတိုင်းပေးမထားနိုင်။သေ ချာတယ် ခင်ဗျားနာနေမှာ။
"ယမ်း မင်းကလေးပဲရှိသေးတာကို သတိထားဦး။အရွယ်ရောက်နေတဲ့ မင်းခန္ဓာကိုယ်နဲ့ အပြိုင်ကြဲနေတာပဲ"
ကိုဖက်တီးက ယမ်းကိုကြည့်ပြီး သက်ပြင်းဖွဖွ။
"အသက်၁၇က ကလေးလားကိုဖက်တီး။၁၈ပြည့်ဖို့ ၁၀လပဲလိုတော့မှာ"
"ယမ်း ဒါကမြန်မာနိုင်ငံနော်။နိုင်ငံခြား မဟုတ်ဖူး။ထင်ရာစိတ်ကစားနေရင် ရှော့ရှိနိုင်တယ်။ပြီးတော့တစ်ဖက်လူကိုလဲ..."
"ကိုဖက်တီး!"
ယမ်းအသံက ဒေါသတို့စွက်ချင်သလို။မျက်မှောင် ကြုတ်ချင်နေတဲ့ ယမ်းမျက်နှာက သိသိသာသာ။
မိုးထိယမ်းကို လမ်းဘေးက ကောင်လိုလာပြောနေတာဘဲ။အရပ်ကပုကွကွ ကိုယ်လုံးက ခပ်ဖိုင့်ဖိုင့် ဖြစ်တဲ့ ကိုဖက်တီးက သူ့ကိုမနာများကြိတ်ဖြစ်နေတာလားလို့ ယမ်း ညစ်ကျယ်ကျယ် တွေးမိသည်။
သူ့ထက်မိုးနေတဲ့ အရပ်ကြီးကို ဖက်တီးကြည့်ရင်း
"ကိုဖက်တီးက ယမ်းကို ညီအရင်းလိုသဘောထားလို့ပြောတာ။ယမ်းက တက်သစ်စလူငယ်မဟုတ်လား"
ကိုဖက်တီးကို ယမ်းအမြင်မကြည်ချင်တော့။ကိုဖက်တီးက သူ့ဆရာဝန်ပေတံတွေနဲ့ လာတိုင်းနေတာပဲ။မိုးထိယမ်းက All Dထွက်အောင်ဖြေမှာ ဒါပေမဲ့ ဆရာဝန်တော့ လုံးဝမလုပ်ဖူး။မိုးထိယမ်းက ဘဝကို အေးဆေးပဲဖြတ်သန်းမှာ။သူ့အချိန်တွေကို စာတွေထဲ ခေါင်းစိုက်မနေနိုင်။
"ကိုဖက်တီးတရားကို ဆက်မနာချင်တော့ဖူး။ဆေးပေးခဲ့မှာလား မပေးဖူးလား ပြောတော့"
"ယမ်း ကိုဖက်တီးကို စိတ်မဆိုးနဲ့။ယမ်းကို ကိုဖက်တီးက ညီအရင်းလေးလို ချစ်လို့ပြော..."
"အင်းးးးးပါ ဗျာ!နောက်ကို ကိုဖက်တီးစကား မြေဝယ်မကျနားထောင်ပါ့မယ်"
ကိုဖက်တီးက မိန်းမကြီးလို ပွစိပွစိ။တွေ့ရင် တရား ဟောမယ် ဆိုတာမျိုး။မိုးထိယမ်းစိတ်နဲ့တော့ အတော်တိုက်ဆိုင်။ကိုဖက်တီးက
အခန်းထဲကလူကို အဖော်သုံးခဲ့လား!တဲ့
ပြောခဲ့ပါတယ် မိုးတွေရွာနေပါတယ်လို့။မိုးရွာကြီးထဲ ဘယ်အဖော်ကို သွားရှာရမှာလဲ။တကယ်လည်း မထင်မှတ်ပဲဖြစ်သွားခဲ့တာ။
ကိုဖက်တီး ကျွန်တော့်အဖြေကြားပြီး မှေးနေတဲ့ သူ့ မျက်လုံးတွေပြူးကျန်ခဲ့သည်။ယမ်း ဖြေခဲ့သည်က
အဖော်ဆိုတာ ဘာလဲ!ဟူ၍။
~~~~~~~~~~~~
~~~~~~~~~~~~
အိပ်ယာပေါ်က လူက အိပ်ကောင်းနေတာလား၊မေ့လို့မျောလို့ ကောင်းနေတာလားပဲ။စေးစက်ထင် ခင်ဗျား ဘယ်ကမ္ဘာရောက်နေတာလဲ အမြန်နိုးလာတော့!။
ကိုဖက်တီးက အဖျားတက်နေတုန်းမို့ လေးငါးနာရီအိပ်ပျော်မယ် ပြောခဲ့ပေမဲ့ ညတောင်ရောက်ပြီ စေးစက်ထင်ကနိုးမလာသေး။
အိမ်အကူကောင်မလေးတွေကို နေ့သာစောင့်ခိုင်းပေမဲ့ ညဘက် ယောကျာ်းလေးနဲ့မိန်းကလေးတွေနဲ့ အတူထားလို့ မသင့်တော်ဘူး ဟု ဖေဖေကပြောတယ်။
ခြံစောင့် ကိုလူမော်တို့အဖွဲ့နဲ့လည်း သူ့ သားစေးလေး၊သူ့ ကျောင်းဆရာလေးကို ဖေဖေကစိတ်မချပြန်။ဖေဖေ့မြှားဦးက ဘယ်သူ့ဆီ လှည့်လာလည်း ဆိုတော့ကား သူ့ သားတော်မောင် မိုးထိယမ်းဆီကိုသာ။ဖေဖေ မှာတမ်းခြွေခဲ့သည်ကား
သား ဆရာကို သေချာပြုစုပါ!သတဲ့။
စောင့်ရတဲ့အလုပ်ကို မိုးထိယမ်းက အပျင်းဆုံး။အမုန်းဆုံး။ဖေဖေ တစ်ညလုံး ထိုင်စောင့်ခိုင်းလဲ အိပ်ချင်ရင် ဆိုဖာပေါ် ယမ်းက သွားအိပ်ပစ်မှာ။
အင်းးးးးးးဟင်းးးးးးး
စေးစက်မျက်လုံးတွေ လောကကြီးနှင့် ပြန်ဆက်သွယ်လာခဲ့ပြီ။စေးစက် ဖေဖေနဲ့ အိပ်မက်မက်ခဲ့တာပဲ။
အဖျားမကျသေးပေမဲ့ စေးစက်ခေါင်းတွေ ဆိုးဆိုးရွားရွား ကိုက်မလာတော့။နုံးနေသလိုတော့ ဖြစ်တာအမှန်။
စေးစက် ခေါင်းထောင်ဖို့ ကြိုးစားရင်း ခုတင်ခေါင်း ရင်းကို ကျောမှီချင်တာဖြစ်သည်။
"ကျုပ် ထူပေးမယ်"
"ကျွတ်!ကျွတ်...!အင်း...!"
စေးစက် မျက်နှာကို စိုက်ကြည့်ပြီး ပြန်ထိုင်သွားတာ မိုးထိယမ်းလား။သူက စေးစက်အခန်းထဲ ဘယ်လိုရောက်နေ။
"ခင်ဗျား ဘာအရင်လုပ်ချင်လဲ။ဆေးအရင်သောက်မှာလား၊ ဆန်ပြုတ်အရင်သောက်မှာလား"
အားနည်းနေတဲ့ စေးစက်သည် မိုးထိယမ်းကို သေချာမြင်ရသော်ငြား မနည်းအားစိုက်ကြည့်နေရတာဖြစ်သည်။နားတွေကလည်း အူနေချင်သလို။
"ရေအရင်ပေး။ရေသောက်မယ်"
"နေအုံး။ရေက အရင်သောက်ရလို့လား။ကိုဖက်တီးကို ဖုန်းဆက်မေးပေးမယ်"
မိုးထိယမ်း ဘာတွေပြောနေတာလဲ။ကိုဖက်တီးက ဘယ်သူလဲ။ဆရာဝန်လား။
"မဆက်နဲ့။သောက်လို့ရတယ် ပေးသာပေး"
"ကျုပ်က ခင်ဗျားအဖျားပိုမဆိုးရအောင် ဆက်ပေးမလို့။သဘော"
မိုးထိယမ်းက ဒီလိုဆိုတော့ အရူးမဟုတ် အကောင်းမဟုတ်။
"ဘာပြုံးတာလဲ ခင်ဗျား"
မျက်မှောင်ကြုတ်မဲ့စတိုင်ဖြင့် ယမ်းပြောလာ၍
"ဘယ်မှာပြုံးလို့လဲ။ရေအမြန်ပေး အာခြောက်တယ်"
တကယ်လည်း မပြုံးဘဲနဲ့။စေးစက်က ယဲ့ယဲ့လေး နှုတ်ခမ်းတွန့်ရုံ။
ရေနဲ့တွေ့မှ စေးစက်ခံတွင်းတွေ စိုပြေလာတာဖြစ်သည်။
"ဖြေလေ"
စေးစက်က မိုးထိယမ်းကို ဘာလဲ!ဆိုတဲ့ အကြည့်နဲ့။
"ဆေးသောက်မှာလား၊ဆန်ပြုတ်သောက်မှာလား ဘယ်ဟာအရင်လုပ်မှာလဲ မေးထားတယ်လေ"
စေးစက် ရန်မဖြစ်ချင်ဘူး။မိုးထိယမ်းက ဖျားနေချိန်မှာတောင် ပြဿနာရှာတတ်လေသလား။မရှိတဲ့အားတွေနဲ့ သင်းကို စိတ်တိုရပြန်ပြီ။
စေးစက်က ချက်ကောင်းထိခံထားရတဲ့ ငှက်လို ရှူကယ်ကယ် ဖြစ်သည်။ယမ်းက ဘာမှမသိပေမဲ့ သိနေတဲ့ စေးစက်ခံစားချက်တွေက ဝုန်းဒိုင်းကြဲပေါက်ကွဲချင်နေတာတောင် အသာလေး မသိသလို ကြိတ်နေ,နေရသည်ကို မိုးထိယမ်းက ဘာတွေစိတ်မရှည်။ခံရခက်လိုက်တာ။စေးစက်က ဖက်လိုပဲ ဘယ်ပေါ်ကျကျ အနာဘက်က။
ဗမာကားထဲက မင်းသမီးလို မင်းကို မုန်းတယ်!။
"လူကောင်ကြီးပေမဲ့ ဦးနှောက်ကမဖွံ့ဖြိုးသေးဖူးပဲ။အစာမရှိဘဲ ဆေးသောက်လို့ဖြစ်မလား စဥ်းစားလေ"
"ကျုပ်ဆို ဆေးအရင်သောက်တာ"
"မင်းပဲသောက် ငါမသောက်ဖူး"
ယမ်း ခိုးရယ်သည်။စေးစက်ထင်က စလို့တော့အကောင်းသား။ဟိုနေ့ညက ကိစ္စတွေကို ကျုပ်ဘာမှမသိဘူး အဟက်!။
အဲ့နေ့ညက ဖြစ်ပျက်ခဲ့တာတွေကြောင့် ရန်လုပ်ချင်ပေမဲ့ အရှက်တွေ၊သိက္ခာတွေကို ကယ်တင်နေရတဲ့ခင်ဗျားက မျိုသိပ်ခြင်းတွေနဲ့ အဆုံးသတ်ထားတယ်။
ကျုပ်ကရော ခင်ဗျားရဲ့အထိအတွေ့တွေကြောင့် ယောကျာ်းလေးမှန်း သိရက်နဲ့ သာယာနေတာလား။အရင်က မိုးထိယမ်း မဟုတ်တော့တာလား။ကျုပ် ယောကျာ်းတစ်ယောက်ကို ရင်မခုန်ချင်ဘူး။မစွဲ လမ်းချင်ဘူး။ကျုပ်နှလုံးသားက လမ်းသစ်တွေဖောက်နေတာများလား!။
"ရော့...ဆန်ပြုတ်။ ပူသေးလားတော့ မသိဖူး။ကိုယ့်ဘာသာ မြည်းကြည့်"
စေးစက်ဆီ ထိုးပေးလာတဲ့ ဆန်ပြုတ်ပန်းကန်ကြီး။ကြက်သားဖက်တွေက ဆန်ပြုတ်ပေါ်မှာ ပြန့်ပြန့်ကျဲကျဲ။
ကျွတ်!ကျွတ်...!
ကိုယ်လေးပြင်ပြီးယူမယ်အလုပ် လှမ်းနေတဲ့စေးစက်လက်တွေနားမှ ရွေ့သွားတဲ့ ဆန်ပြုတ်ပန်းကန်ကြီး။
"ပူသေးတယ်။ခင်ဗျားမကိုင်နိုင်ဘူး"
"မိုးထိယမ်း"
စေးစက်အသံက ကျယ်လောင်ခြင်းမရှိ။သူ့နာမည်ကို စေးစက် တိုးတိုးသာခေါ်နိုင်တော့သည်။
"မှောက်ကျရင် အကုန်အလုပ်ရှုပ်ကုန်မယ် သိလား"
အဲ့သည်တော့...!
"ငါမသောက်ရတော့ဘူးလား"
တကယ် အားကုန်တယ်။ဦးက မိုးထိယမ်းကို လူမမာစောင့်ခိုင်းခဲ့တာမဟုတ်ဖူး စေးစက်ကို သေအောင်နှိပ်စက်ခိုင်းခဲ့တာ။ဟင်း...!လို့တောင် သက်ပြင်းမချချင်ဘူး။
"ကျုပ် ခွံ့မယ်။ငြင်းမယ် မကြံနဲ့။မှောက်ကျလို့ ပေပွကုန်ရင် မိန်းကလေးတွေ ဆင်းမခေါ်ချင်ဘူး။ဒါနဲ့ကျုပ်အိပ်ရမှာ မဟုတ်တော့ဘူး မြန်မြန်"
"ဘယ်သူက မင်းကိုဆွဲထားလို့လဲ။သွားအိပ်ပါ့လား"
"အချိန်မဆွဲနဲ့ စေးစက်ထင်။ကျုပ်မအားဘူး"
"မသောက်ဘူး။ဆန်ပြုတ်လဲယူသွား မင်းလဲထွက်သွား"
"ကျုပ်က တိုက်ချင်လွန်းလို့မထင်နဲ့။ဖေဖေက ကျုပ်လက်နဲ့ တိုက်ခဲ့ရမယ်လို့ မှာခဲ့လို့"
"ဘယ်လို"
"ကြားတဲ့အတိုင်းပဲ"
ဦးက တကယ်ပဲ ပြောခဲ့သလား။စေးစက်က မေ့သလို ဖြစ်သွားတော့ ဦးကစိတ်ပူလို့ဖြစ်မယ်။
"ပါးစပ်ဟ"
"ပူတယ်ဆို"
"မပူတော့ဘူး ညနေကတည်းက လာပို့ထားတာ"
ဆန်ပြုတ်ဇွန်းက နှုတ်ခမ်းနား ရောက်နေပြီမို့ စေးစက် စားသင့်လား၊မစားသင့်လား။
"ဟဗျ"
"အင့်!"
ပါးစပ်ထဲရောက်လာတဲ့ ဆန်ပြုတ်တွေကို စေးစက် မုန်းတယ်။စေးစက်ထင်က ဖေဖေနဲ့ ကိုင်ပေါက်မှ။မဟုတ်ရင် မလွယ်။
နှုတ်ခမ်းလွှာမှာ ပေကျံနေတဲ့ ဆန်ပြုတ်နုနု။မိုးထိယမ်းက စေးစက်နှုတ်ခမ်းကို စိုက်ကြည့်နေတာမို့ ရှက်သလိုဖြစ်နေတဲ့ စိတ်တွေကြောင့် ဖျတ်ခနဲ! လက်နဲ့ သုတ်လိုက်ချိန် ပါလာတဲ့ ဆန်သားပျော့ပျော့။ဒါကြောင့်ကိုး မိုးထိယမ်းက လှောင်ချင်လို့ တမင်ကြည့်နေတာ!။
စေးစက်ထင်က နှုတ်ခမ်းမှာ ဆန်ပြုတ်တွေပေကျံနေတာတောင် ယမ်းမျက်လုံးထဲ ကြည့်ကောင်းနေတာ ဆိုးပါလား။စေးစက်ထင် ကျုပ်မျက်လုံးထဲ ခင်ဗျား ဘာဖြစ်နေတာလဲ။ဘယ်အစိတ်အပိုင်းကြည့်ကြည့် ကြည်နူးသလိုဖြစ်နေတဲ့ မိုးထိယမ်းစိတ်ကိုဆေးခန်းပြကြည့်မှရမယ်။
ကိုင်ထားတဲ့ ဆန်ပြုတ်ပန်းကန်ကို မနိုင်ချင်သလို ရင်ခုန်နှုန်းတွေတိုးလာ၍ ဆန်ပြုတ်ပန်းကန်အား စေးစက်ထင်လက်ထဲ ယမ်းထိုးပေးလိုက်သည်။
ခုံပေါ်မှာ အရန်သင့်တင်ထားတဲ့ ဆေးနှင့်ရေကို အသိပေးပြီး ယမ်း ထိုလူရှိတဲ့ အခန်းမှ ထွက်ခဲ့သည်။
ဘာမှန်းမသိတဲ့ဖြစ်ပေါ်ခြင်းတွေနဲ့ ထွက်သွားတဲ့မိုးထိယမ်းကို စေးစက်နားမလည်တော့။သူနဲ့သင့်တော်တဲ့ အလုပ်တစ်ခု စေးစက် စဥ်းစားရသွားပြီ။၁၀ တန်းပြီးရင် Nurseစထီးလုပ်ပါ မိုးထိယမ်း!။ပြီးရင်တစ်ကမ္ဘာလုံးကပေးတဲ့ အကောင်းဆုံးNurseစထီးဆုကိုတက်ယူပါ။
ချပ်!
တံခါးကိုကျောမှီထားတဲ့ ယမ်းသည် ပုံမှန်မဟုတ်တော့တဲ့ အသက်ရှူနှုန်းတွေ၊မြန်သန်နေတဲ့ရင်ခုန်နှုန်းတွေနောက် အမှီလိုက်နေရတာဖြစ်သည်။သူ့ရင် ဘတ်ထဲ ဒိတ်ခနဲ!ဒိတ်ခနဲ!မြည်နေတာ အပြင်ကိုခုန်ထွက်တော့မဲ့အတိုင်း။
ဒီရင်ခုန်နှုန်းတွေဟာ ခင်ဗျားကြောင့်လား စေးစက်ထင်။သူတို့ကို လှုံ့ဆော်နေတာ ခင်ဗျားလား။
စေးစက်ထင်က မိုးထိယမ်းအာရုံတွေတင် နောက်ကျိရုံမက မိုးထိယမ်းနှလုံးသားကိုပါ လာနှောက်ယှက်နေတာ! ဖြစ်သည်။
~~~~~~~~~~~
~~~~~~~~~~~
အကိုလင်းထက်ထင်ခေါ်ထားတဲ့ အနီ Call တွေက စေးစက် ဖုန်းNotiအပြည့်။စေးစက် ဖုန်းကို Silent မလုပ်ထားပါဘူး။ဦးလား ဒါမှမဟုတ် ဟိုတစ်ယောက်လား။သေချာပါတယ် ဦးမဟုတ်နိုင်ဘူး ရာခိုင်နှုန်းအပြည့်က ဟိုတစ်ယောက်ပဲဖြစ်မှာ။ပိုင်စိုးပိုင်နင်း သူများဖုန်းကို။စာရင်းလည်း မရှင်းချင်ဘူး။သူလုပ်ထားတာ တစ်ခုမှမကပဲ။တွေးရင်း ဒေါသလေးတွေက ရွက်နုလေးတွေလို ပြုံလာပြီ။
တူ တူ ~~~~
တစ်နေ့လုံးဖုန်းမကိုင်ထားတော့ အကိုနဲ့မေမေ စိတ်ပူနေမှာ မလွဲနက္ခတ်။ဟုတ်ပါသည် အကိုဖုန်းဆက်လျှင်မကိုင်လိုက်ရတာက ခပ်ရှားရှား။အရိပ်အကဲသိလွန်းတဲ့အကိုသည် စေးစက်စာသင်နေမည့်အချိန်တွေဆို ဖုန်းဆက်ခဲ။
မနက်ကခေါ်ထားတဲ့ Notiတွေနဲ့ညနေကစ၍ ခေါ်ထားတဲ့ဖုန်း Notiတွေက ပိုများသည်။
"ဟယ်လို အကို"
အကိုရဲ့ ဖုန်းထဲက ကြားရတဲ့ ပျာကသီအသံလေးကတောင် ယောကျာ်းပီသနေတာမျိုး။အကို့ကို စေးစက် ချစ်တယ်။မေမေ့ကိုလည်း ချစ်တယ်။
"ဟုတ်တယ် အကို။စေးစက် ဘယ်လို silent လုပ်ထားမိမှန်းမသိဘူး။ပြီးတော့ ကျောင်းကိစ္စနဲ့ မအားလို့ဖုန်းကမကြည့်ဖြစ်တာအကို"
အကိုလင်းထက်ထင်နဲ့မေမေ့ကို ဦးအိမ်မှာ မိုးထိယမ်းကို ဂိုက်ပြနေတဲ့အကြောင်း စေးစက်ကပေးမသိထားဘူး။မေမေနဲ့အကို သိထားသည်က စေးစက်က ရွာလူကြီးစီစဥ်ပေးထားသည့် နေရာထိုင်ခင်းတွင် နေ,နေသည်ဟူ၍ ဖြစ်သည်။
စားရေးသောက်တာ အဆင်မပြေဖြစ်မယ်ဆိုပြီး ကားနဲ့ အကြော်အလှော် ထည့်ပေးမယ် တကဲကဲ လုပ်နေတဲ့ မေမေနဲ့အကို့အား ရွာလူကြီးက လိုလေသေး မရှိအောင် စီစဥ်ပေးတယ်ဆိုပြီး ဟန့်တားရပြန်။
မေမေနဲ့အကို့ကို စေးစက်လိမ်ဖူးတာ ဒါပထမဆုံး။စေးစက်လိမ်တယ်ဆိုတောင် မေမေ့နဲ့အကို့အား အဝေးကစေးစက်ကို တွေးစိတ်မပူစေချင်သောကြောင့်။
မပြောင်းလဲသော အမှန်တရားတစ်ခုက အကိုလင်းထက်ထင်သည် ဘယ်တော့မှ စေးစက်ကို ဆူမဲ့ အကိုမျိုးမဟုတ်ဘူးဆိုတာပါပဲ။
"ငယ်လေးအသံက တစ်မျိုးပဲ။နေမကောင်းနေတာလား"
မြင်တယ်မလား အကိုက အဝေးကနေတောင် စေးစက် ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာသိနေတာမျိုး။အကို့မှာ အကြားအမြင်များ ရနေတာများလား။
"အသံက တစ်နေကုန်စာသင်ထားရလို့ နွမ်းနေတာဖြစ်မယ်အကို"
မုသားစကား မသုံးချင်သော်ငြား စေးစက်ကမှ စိတ်မပူစေချင်တာ။
မေမေက စေးစက်ဖုန်းစောင့်ရင်း အိပ်သွားပြီတဲ့။ဒီနေ့တော့ ဖုန်းထဲက မေမေ့အသံလေး မကြားရတော့ပြီ။
အကိုက အကြာကြီးဖုန်းမပြောတော့ဘဲ စေးစက်နားရအောင် အတိုကျဥ်းပြီး ဖုန်းချသွားခဲ့သည်။
မိုးထိယမ်းနဲ့ ဟိုညကဖြစ်ခဲ့တာများ အကိုလင်းထက်ထင်ကို ပေးသိလိုက်လျှင် သေချာတယ်
မိုးထိယမ်းတစ်ကိုယ်လုံး ဓားစာတွေ ကြဲသွားမှာ!။