နွေဦးသည် နောက်တစ်ဖန်

By Sparkle_Shoon

84.8K 6.7K 412

ပျော်ရွှင်မှု၊အလှတရားတွေနဲ့ အရာအားလုံး အသစ်တစ်ဖန် စတင်တဲ့အချိန်ကို နွေဦးလို့သတ်မှတ်ကြပါတယ်။ နွေဦးဆိုတာ ပြော... More

အမှာစာ
Chapter (1)
Chapter (1) Zawgyi
Chapter (2)
Chapter (2) Zawgyi
Chapter (3)
Chapter (3) Zawgyi
Chapter (4)
Chapter (4) Zawgyi
Chapter (5)
Chapter (5) Zawgyi
Chapter (6)
Chapter (6) Zawgyi
Chapter (7) Zawgyi
Chapter (8)
Chapter (8) Zawgyi
Chapter (9)
Chapter (9) Zawgyi
Chapter (10)
Chapter (10) Zawgyi
Chapter (11)
Chapter (11) Zawgyi
Chapter (12)
Chapter (12) Zawgyi
Chapter (13)
Chapter (13) Zawgyi
Chapter (14)
Chapter (14) Zawgyi
Chapter (15)
Chapter (15) Zawgyi
Chapter (16)
Chapter (16) Zawgyi
Chapter (17)
Chapter (17) Zawgyi
Chapter (18)
Chapter (18) Zawgyi
Chapter (19)
Chapter (19) Zawgyi
Chapter (20)
Chapter (20) Zawgyi
Chapter (21)
Chapter (21) Zawgyi
Chapter (22)
Chapter (22) Zawgyi
Chapter (23)
Chapter (23) Zawgyi
Chapter (24)
Chapter (24) Zawgyi
Chapter (25)
Chapter (25) Zawgyi
Chapter (26)
Chapter (26) Zawgyi
Chapter (27)
Chapter (27) Zawgyi
Chapter (28)
Chapter (28) Zawgyi
Chapter (29)
Chapter (29) Zawgyi
Chapter (30)
Chapter (30) Zawgyi
Chapter (31)
Chapter (31) Zawgyi
Chapter (32)
Chapter (32) Zawgyi
Chapter (33)
Chapter (33) Zawgyi
Chapter (34)
Chapter (34) Zawgyi
Chapter (35)
Chapter (35) Zawgyi
Chapter (36)
Chapter (36) Zawgyi
Chapter (37) ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Extra

Chapter (7)

1.8K 179 19
By Sparkle_Shoon

နွေဦးသည် ညနေရုံးဆင်းချိန်တွင် ခန့်လွန်းနောင်နှင့် တိုက်ဆိုင်စွာဆုံလေသည်။ သူတို့ရုံးဘေးက လျှပ်စစ်ပစ္စည်းဆိုင်ကိုလာသည့် ခန့်လွန်းနောင်နှင့်ချိန်းမထားပါဘဲ ဆုံဖြစ်သွားသောအခါ သူတို့သည်စိတ်တူကိုယ်တူဖြစ်စွာဖြင့် ဘားဆိုင်ကိုရောက်လာပါတော့သည်။

ခန့်လွန်းနောင်အကြံပြုလာသောဆိုင်က နွေဦးသိပြီးသားဆိုင်ပင်။
မြို့တော်ဥယျာဥ်နှင့်နီးသော ဧရာဝတီမြစ်ကမ်းနံဘေးရှိဆိုင်ဖြစ်သည်။ သွားရတာဝေးသော်လည်း သီးသန့်ဆန်ပြီးထူးခြားသည်ဆိုသည့် အကြောင်းပြချက်ဖြင့် အရောက်သွားကြခြင်းဖြစ်သည်။ rooftop barပါရှိပြီး မြစ်ရှုခင်းကိုပါမြင်ရသောဆိုင်ဖြစ်သည်။ Moonlight ဟုအမည်ရသော ဆိုင်ကို နွေဦးရင်းနှီးနေခြင်းမှာ ဒီဆိုင်ကနွေဦး
အရင်ကုမ္ပဏီတွင်ရှိစဥ်က ဒီဇိုင်းဆွဲပေးဖူးသောဆိုင်ဖြစ်နေသောကြောင့်ပင်။

ဆိုင်အဆောက်ဦပုံစံနှင့် အတွင်းပိုင်းအပြင်အဆင်သည် နွေဦး၏teamနှင့် ပိုင်ရှင်ကောင်လေးသုံးယောက်တို့အားလုံးပေါင်းထားသည့် စိတ်ကူးဖြစ်သည်။ သူငယ်ချင်းဖြစ်ကြသည့် ပိုင်ရှင်သုံးယောက်က လူငယ်တွေလည်းဖြစ်ပြန် ကိုယ်ပိုင်စိတ်ကူးကိုယ်စီနှင့်မို့ ဒီဇိုင်းဆွဲပေးရသည့်အခါ နွေဦးအတွက်အခက်အခဲအနည်းငယ်ရှိခဲ့‌သည်။ နောက်ဆုံး
လိုချင်သည့်ပုံစံထွက်လာမှသာ သူတို့အကုန်သက်ပြင်းချနိုင်ကြခြင်း ဖြစ်သည်။
ထို့နောက် သူသည်လည်း ထိုကောင်လေးများနှင့် မိတ်ဆွေဖြစ်သွားခဲ့သည်။

လတ်တလောကမှ ထိုပိုင်ရှင်သုံးယောက်ထဲက တစ်ယောက်ဖြစ်သည့် ရှင်နေမင်းကို သူဆက်သွယ်ခဲ့သေးသည်။ ငြိမ်းကိုအတွက်အလုပ်နေရာစုံစမ်းပေးရန်ဖြစ်သည်။ ယခု‌ ထိုအရာသည် မလိုအပ်တော့။ နွေဦးသည် ဆယ်မင်းဆက်နှင့်ဖြစ်ခဲ့သည့် ပရမ်းပတာကိစ္စများကို စဥ်းစားမိလျှင် ရယ်ချင်စိတ်သာရှိတော့သည်။

ခန့်လွန်းနောင်သည် နွေဦးအတွက်သူငယ်ချင်းကောင်းဖြစ်သည်။ များစွာသောအကြောင်းအရာကို ပြောဖြစ်ပေမဲ့ ဓနသိုက်ကိစ္စကိုတော့ သူတို့နှစ်ယောက်လုံးအစမဖော်ဖြစ်ကြ။ ထိုအကြောင်းအရာကို နှစ်ယောက်လုံးတမင်တကာရှောင်ထားကြသည်။

ဆိုင်အတွင်းပိုင်းသည် ဆူညံမှုအနည်းငယ် ရှိသော်ငြား unplugged showစသော
အချိန်တွင် အေးငြိမ့်သာယာသောပတ်ဝန်းကျင်အဖြစ်ပြောင်းလဲသွားသည်။  နွေဦးသည် အကြာကြီးနေမှ chill out ဆိုသော captionဖြင့် instragramမှာ ပို့စ်တင်မိသည်။

နွေဦးသည် သံစဥ်များနှင့်အတူစီးမျောရင်း အရက်ခွက်ကိုကိုင်ကာ တမြမြသောက်ရတဲ့အရသာကို အခုတလောလွန်စွာသဘောကျနေသည်။ တမြေ့မြေ့ဖြင့် အရက်သည်သူ့ရင်ထဲက ဒဏ်ရာတွေအပေါ် ဖြည်းဖြည်းချင်း စိမ့်ဝင်သွားသည်။ ထိုအရာကအနာကျက်ဆေးလိုမျိုး။ ဘေးထွက်ဆိုးကျိုးအနေနှင့် ဒဏ်ရာသည်စပ်ဖျင်းဖျင်းတော့ခံစားရပါ၏။ သို့သော်လည်း ပျော့ပျောင်းသောသံစဥ်များက ထိုအခြင်းရာကိုမေ့ပျောက်အောင် လမ်းလွဲပေးသည်။

သို့ပေမဲ့ အဆိုရှင်မိန်းကလေးသည် နောက်တစ်ပုဒ်ကို စတင်သီဆိုချိန်မှာ နွေဦးသည် ကိုယ့်ကိုယ်ကိုယ်ကံမကောင်းဘူးဟု တွေးမိလိုက်လေတော့သည်။








ဆယ်မင်းဆက်သည် ဖုန်းထိုင်သုံးနေရင်း ကိုကို့instagramမှာ postအသစ်တင်ထားတာကို တွေ့လိုက်ရသည်။ chill outဆိုသည့်စာအပြင် barဆိုင်ကိုပါ tagတွဲထားသည်။
ဒီကိုကိုက ကဲနေတာပဲ။

ကိုကိုသည် instagramတွင် သူ့ပုံကိုသိပ်မတင်ပေမဲ့ တင်သမျှပုံများကလည်း တခြားသူရိုက်ပေးသောပုံများဖြစ်သည်။ ကိုကို့ပုံတွေကို အများဆုံးဘယ်သူရိုက်ပေးတာဖြစ်မလဲဆိုတာတော့ နှစ်ခါစဥ်းစားစရာမလိုဘဲ အဖြေထွက်သည်။

ကိုကို့အကြောင်း တချို့တလေတော့ ဆယ်မင်းဆက်သိသည်။ ကိုကို့ရည်းစားဟောင်းက ဘယ်သူဆိုတာကိုပေါ့။ အသေးစိတ်ကိုတော့ သူမသိပေ။ ကိုကိုအခုထိ move onမလုပ်နိုင်သေးဘဲ စိတ်ထိခိုက်နေရတုန်းဆိုတာတော့ သိသည်။

သူ့ဆိုင်မှာ မူးရူးကွဲပြဲနေခဲ့တာကိုပဲ ကြည့်ပါလား။

ကိုကို့ accountမှာ အတွဲပုံတွေလုံးဝမရှိ။ ကိုကိုသည် အမှတ်တရတွေအားလုံးဖျက်ပစ်ဖို့ ရည်ရွယ်ထားပုံရသည်။

လိုင်းပေါ်မှာပဲ ဖျက်ပစ်တော့ဘာလုပ်မှာလဲ။ ကွန်ဒိုမှာထောင်ထားတဲ့ ဓာတ်ပုံတွေကျအခုထိ လွှင့်မပစ်နိုင်သေးပဲ။

သူသည် ကိုကို၏ကိုယ်ရေးကိုယ်တာ ဝင်မစွက်ဖက်ချင်ပေမဲ့ ထိုဓာတ်ပုံတွေကိုတွေ့တော့ မမြင်ရအောင်မှောက်ထားပစ်ခဲ့သည်။

နောက်ထပ် ကိုကို့accကနေ postအသစ်တစ်ခုတက်လာသည်။ သူဝင်ကြည့်တော့ videoတစ်ခုကိုတင်ထားခြင်းဖြစ်သည်။ စင်ပေါ်မှာအဆိုတော်ကောင်မလေးသီချင်းဆိုနေတာကို လှမ်းရိုက်ထားခြင်းဖြစ်သည်။

coverဆိုထားသည့် သီချင်းသံကို ကြည်လင်ပြတ်သားစွာကြားရသည်။
ဂျူဝယ်၏ mesaage

~~ငါစာတွေရေးထားတယ်
နင်ဖတ်မှမဖတ်ကြည့်ဘဲ
အရင်လိုပြောနေကျ ဖုန်းသံလေးက
ဆက်သွယ်မှုဧရိယာပြင်ပ~~

~~စိတ်နဲ့ကိုယ်နဲ့မကပ်တော့ဘူး
ပြန်လာပါအခု ငါရူးတော့မယ်
နင်မလိုချင်တဲ့ဒီလူအတွက်အချိန်ယူကာဖြည်းဖြည်းချင်းသတ်
ချက်ချင်းအဆက်အသွယ်ဖြတ်
ရက်ရက်စက်စက်မလုပ်ပါနဲ့~~

အဆိုရှင်အမျိုးသမီး၏အသံက ဆွဲငင်အားပြင်းလွန်းလှသည်။ ဆယ်မင်းဆက်မှာ ကိုနွေဦးထံချက်ချင်းဖုန်းခေါ်မိတော့သည်။

Always မှာရှိစဥ်က အသက်မဲ့နေသောမျက်ဝန်းများ၊ လမ်းမီးတိုင်အကွယ်မှာ ထိုးအန်‌နေခဲ့သည့်ပုံရိပ် အတူသောက်ပေးမည့်သူလည်းမပါဘဲ ဖြစ်ချင်တိုင်းဖြစ်နေခဲ့သောသူ။ ကိုကို၏ထိုပုံစံကို ပြန်စဥ်းစားမိတော့ သူ့ရင်ထဲနင့်ခနဲဖြစ်လို့သွားသည်။

ရှည်လျားသော တူတူ မြည်သံနောက်မှာ ကိုကို၏ဖုန်းဖြေသံကိုကြားလိုက်ရသည်။

"ကိုကိုအခုဘယ်မှာလဲ......မဟုတ်ဘူး ကိုကိုအခုထိဘားမှာရှိသေးလား"

"အင်းလေ"

"ကိုကို ခင်ဗျား တစ်ယောက်တည်းလား"

"မဟုတ်ပါဘူး သူငယ်ချင်းနဲ့"

"တော်သေးတာပေါ့ဗျာ"

ဆယ်မင်းဆက်မှာ အခုမှသက်ပြင်းချနိုင်တော့သည်။

"ကိုကိုအရမ်းမူးနေလား အပြန်ကိုကားမောင်းနိုင်လား ကျွန်တော်လာခေါ်ပေးရမလား"

"ဆယ်လေး မင်းမှကားမမောင်းတတ်တာ။"

ကိုကိုကတိုးဖွဖွလေးရယ်လာသည်။ အသံကကြည်လင်ပြတ်သားလွန်းလို့ ဖုန်း၏နောက်ဆုံးပေါ်နည်းပညာကို ကျေးဇူးတင်သွားမိသည်။ ချိုလိုက်တာ...ဆယ်မင်းဆက်၏ ဖုန်းကိုင်ထားတဲ့လက်တွေက ချွေးစေးတွေပြန်လာသည်။

ကိုကို့ရယ်သံက တကယ်ချိုလွန်းတယ်။

"ကျွန်တော် သူများကိုမောင်းခိုင်းပြီး လာခေါ်မှာပေါ့"

"ငါမမူးပါဘူး ကိုယ့်ဘာသာမောင်းပြန်နိုင်ပါတယ်။"

"အင်း သိပြီ အကြာကြီးလည်းမနေနဲ့နော်  စောစောပြန်အုံး"

"ဆယ်လေး မင်းကငါ့အမေကျနေတာပဲ"

ကိုကိုက ထပ်ရယ်ပြန်သည်။ ဆယ်မင်းဆက်သည် ထိုင်ခုံပေါ်ထိုင်ချလိုက်ရတော့သည်။ အရိုင်းဆန်ဆန်လှုပ်ရှားနေသောရင်ဘတ်သည် ဆယ်မင်းဆက်ကိုနေမထိထိုင်မသာ ဖြစ်စေသည်။

"ကိုကိုအဆင်ပြေရင်ပြီးတာပါပဲ အဲတာဆိုဒါပဲနော်"

"အင်း ဆယ်လေး Good night"

ဆိုသည့်စကားနောက်မှာ ဖုန်းချသံကိုကြားလိုက်ရသည်။

ဆယ်မင်းဆက်သည် ကိုယ့်ကိုယ်ကိုယ်လှောင်ရယ်မိတော့သည်။
ရယ်သံနဲ့တင် စိတ်ကယောက်ကယက်ဖြစ်သွားရတယ်တဲ့လား။

သူ့ကိုယ်သူ ကောင်လေးတွေပါစိတ်ဝင်စားနိုင်တယ်ဆိုတာ သိပေမဲ့လဲ။ အခုလိုမျိုးထိတော့တစ်ခါမှရင်မခုန်ဖူးဘူး။ ကိုကို့မျက်နှာကိုပါ မျက်လုံးထဲမြင်လာတယ်။

သူတော့တကယ်ရူးသွားပြီထင်တယ်။





..................................................................




နွေဦးသည် လွယ်ထားသည့်အိတ်ကိုဘေးတစ်စောင်းဖြစ်အောင် ပြန်ပြုပြင်လိုက်သည်။ ဓာတ်လှေကားပျက်နေသဖြင့် ပြန်ပြုပြင်နေသည် ဆိုသည့်သတင်းဆိုးကို သူရင်နာနာနှင့်လက်ခံလိုက်သည်။ ထို့နောက် ၇ထပ်မှာရှိသည့်သူ့အခန်းကို ရောက်အောင် ကိုယ့်ခြေထောက်ကိုယ်သုံးလိုက်ရသည်။

သူ့အထပ်ကိုရောက်တော့ ချွေးတောင်ထွက်နေပြီ။ ရေခဲရေအေးအေးလေး သောက်လိုက်ရရင်ဖြင့်။

သူ့အခန်းရှေ့မှာ ဖုန်းရပ်သုံးနေသည့် ဆယ်မင်းဆက်ကို တွေ့လိုက်ရသည်။ စပို့ရှပ်အဖြူရောင်နှင့် ဂျင်းဘောင်းဘီအရှည်ကိုဝတ်ထားသည့် ထိုကောင်လေးသည် တံခါးကိုမှီကာရပ်နေသည်။လက်ထဲမှာလည်း အထုတ်‌များနှင့်။ ဘေးဆုံးအခန်းဖြစ်တာမို့ အပြင်ဘက်ကော်ရစ်ဒါထိပ်ဆုံးပြတင်းပေါက်မှဖြာကျနေသော ညနေခင်းနေအလင်းရောင်က ထိုကောင်လေးဘေးမှာအလင်းကျနေသည်။

အမောစို့နေသည့် နွေဦးပုံစံနှင့် အလွန်ကွာသော အေးဆေးတည်ငြိမ်လွန်းသည့်ပုံစံ။

ဆယ်မင်းဆက်က သူ့ခြေသံကြားတော့ မော့ကြည့်လာသည်။

"ကိုကို"

"ကိုကိုဘာလို့ချွေးတွေထွက်နေတာလဲ"

နွေဦးက တံခါးမှာနံပါတ်ရိုက်နေရင်း ပြန်ဖြေလာသည်။

"ဓာတ်လှေကားပျက်နေလို့ လှေကားနဲ့တက်လာရတာ မောတာကွာ"

"ကျွန်တော်လာတုန်းက မပျက်သေးပါဘူး"

"မင်းလာတာ ဘယ်အချိန်ကလဲ"

"လွန်ခဲ့တဲ့တစ်နာရီက"

ပြောရင်းဆိုရင်း သူတို့နှစ်ယောက်လုံး အိမ်ထဲရောက်လာကြသည်။ နွေဦးသည် အပေါ်ဝတ်နှင့်အိတ်ကိုချွတ်ကာ ဆိုဖာပေါ်ပစ်တင်လိုက်သည်။

"ဖုန်းဆက်လိုက်လေ ဘာလို့အကြာကြီးစောင့်နေတာလဲ"

ကိုနွေဦးအသံက သိပ်စိတ်မရှည်။ ဆူနေတာနှင့်ပိုတူသည်။

"အရေးမှမကြီးတာပဲကို"

ဆယ်မင်းဆက်မျက်နှာကို ကြည့်ပြီး နွေဦးကဘာမှဆက်မပြောတော့ချေ။

ကိုကိုက တအားဆူတာပဲရော်။ ငယ်ငယ်တုန်းကလို အလိုမလိုက်တော့ဘူး။

နွေဦးသည် ရေခဲသေတ္တာကိုဖွင့်ကာ ရေဘူးကိုယူပြီး တစ်ရှိန်ထိုးမော့ချလိုက်သည်။ မော့ထားသဖြင့်ဝံ့ကြွားစွာပေါ်နေသော လည်တိုင်တစ်လျှောက်တွင် အာဒံပန်းသီးသည် အပေါ်အောက်လှုပ်ရှားလို့နေ၏။ ချွေးစေးတို့နှင့် ပြောင်လက်နေသောပါးပြင်၊ မေးရိုးနှင့်လည်ပင်းတစ်လျှောက်ကို စိမ်ပြေနပြေထိုင်ကြည့်မိနေသော ဆယ်မင်းဆက်သည် ကိုယ့်ကိုယ်ကိုယ်သတိမထားမိပေ။ သူ့မျက်လုံးများသည် မျက်နှာချင်းဆိုင်၌ရှိနေသော TV screenအမဲကို ရုတ်တရက်ကြည့်မိလိုက်သည်။ မျက်လုံးများကအရောင်တောက်နေပြီး သူ့မျက်နှာသည်လည်းကျေနပ်စိတ်များဖြင့် ပြည့်လွှမ်းနေသည်ကိုတွေ့လိုက်ရသောအခါ သူသည်ရုတ်တရက် ရှက်ရွံ့လာတော့သည်။

နှာဘူးစစ်စစ်ပဲ။

ကိုကိုက သူ့အဖြစ်သနစ်များကို သတိထားမိဟန်မတူ။ အင်္ကျီလည်ပင်းကို လှုပ်ရမ်းကာလေရအောင်ပြုလုပ်နေသည်။

ထို့နောက်အခန်းထဲကို တန်းဝင်သွားလေ၏။

ဆယ်မင်းဆက်လည်း ဖုန်းသုံးရင်းထိုင်စောင့်နေမိသည်။ တစ်နာရီလောက်မတ်တပ်ရပ်စောင့်ရသည်မှာ သူ့ခြေထောက်များ တောင့်တင်းကာညောင်းညာနေပြီ။
ကွန်ဒိုတစ်ခုလုံး တိတ်ဆိတ်နေသည်။

ကိုကိုကအခန်းထဲမှာရှိတယ်။ ရေချိုးနေတာပဲနေမှာ။ ဆယ်မင်းဆက်သည် ဆော့နေတဲ့ဂိမ်းပေါ်အာရုံမရှိ။ ရေချိုးရင် အင်္ကျီချွတ်ရမှာပေါ့။

သူ့အတွေးများနယ်မကျွံခင် ကိုကိုသည်အခန်းထဲကထွက်လာသည်။ ရေချိုးပြီးသွားသည့်ကိုကိုက သန့်ပြန့်လို့နေသည်။ ရေဖျန်းထားသည့်နှင်းဆီဖြူတစ်ပွင့်နှယ်။

"ဆယ်လေး မင်းဘာလာလုပ်တာလဲ"

ဒီတိုင်းပဲ တွေ့ချင်လို့။

"ဒီတိုင်းပါပဲ"

"အိမ်မှာမင်းကိုကျွေးစရာဘာမှမရှိဘူး"

"ရပါတယ် ကျွန်တော့်မှာမုန့်တွေပါတယ်"

ဆယ်မင်းဆက်သည် အိတ်ထဲကသူစားနေကျ မုန့်များထုတ်လိုက်သည်။ သူ chocopieတစ်ထုပ်ကိုဖောက်စားနေချိန် ကိုကိုကမီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသည်။

နွေဦးသည် ဆန်တစ်လုံးရေဆေးကာ လျှပ်စစ်််ပေါင်းအိုးဖြင့်တည်လိုက်သည်။ သူ့အမေဆီက ယူလာသည့်ဟင်းအနည်းငယ်ရှိသေးသည်။ ကြက်ဥကြော်စားရမလား လက်ဖက်သုတ်စားရမလား စဥ်းစားနေတုန်း ဆယ်မင်းဆက်က စကားလှမ်းပြောလာသည်။

"ကိုကို ကျွန်တော်တစ်ခုလောက်အကူညီတောင်းမလို့"

"ဘာလဲပြောလေ"

"ဒီကွန်ဒိုက အရင်ကကျွန်တော်နေခဲ့တာလေ။ မာမီကကျွန်တော်အပြင်မှာချည်း နေတယ်ဆိုပြီး အငှားတင်လိုက်တာ"

"အင်း မင်းကိုကြီးဆီကငါကြားပါတယ်"

"အဲတာကျွန်တော် တိုက်ခန်းအသစ်ရှာထားတယ် ကျွန်တော်ကအိမ်မှာမနေချင်လို့ရယ်တော့ မဟုတ်ပါဘူး ဒါပေမဲ့ ကိုယ့်ဘာသာနေတာ ပိုလွတ်လပ်တယ်လို့ခံစားရလို့။ ဒါပေမဲ့ မာမီကအဲတာကိုလက်ခံမှာမဟုတ်ဘူး"

"ဆိုတော့"

"ကျွန်တော် ကိုကို့ဆီသွားတယ်လို့ပဲပြောမလို့၊ တကယ်လို့အပြင်မှာညအိပ်ဖြစ်ရင်လဲ ကိုကို့အိမ်မှာပဲအိပ်လိုက်တယ်လို့ပြောမယ်လေ မာမီ့ကိုလဲကိုကိုအဲလိုပဲပြောပေးပါလား"

ဆယ်မင်းဆက်သည် မျက်နှာချိုသွေးလိုက်သည်။ ကိုကြီးကိုကြိမ်ဖန်များစွာ အကူညီတောင်းပေမဲ့လည်း ကိုကြီးကမကူညီနိုင်။ သူ့ပြဿနာကလည်း အပြင်မှာပဲထွက်နေချင်တာ။ ဒီတိုင်း သူ့ဘဝသူပိုင်သည်ဟုခံစားရ၍ ဖြစ်သည်။ မာမီသည် သူ့ကိုချစ်တာမှန်သည်။ သို့ပေမဲ့ ကလေးတစ်ယောက်လိုသဘောထားကာ ရင်အုပ်မကွာစောင့်ရှောက်လိုတာသာဖြစ်သည်။ "ဘားဆိုင်မဖွင့်ပါနဲ့လား ဆယ်လေးရယ်" ဟူသော
စကားကို တစ်ပတ်မှာငါးကြိမ်အထက်ပြောသည်။ မိန်းကလေးရည်းစားများ ထားသည်ကိုသိလျှင် တစ်ပတ်လောက်ဆက်တိုက်ဆူသည်။ ပေးစားရမည့်မိန်းကလေးရှိသည်ဟုဆိုကာ ဘွဲ့ရပြီးလျှင်လက်ထပ်ပေးမှာအထိ အနာဂတ်အစီစဥ်များဆွဲပေးထားပြန်သည်။

သူ မာမီ့စကားကို မပယ်ရှားချင်ပါ။ မာမီစိတ်ဆင်းရဲအောင်လည်း မလုပ်ချင်။ ထို့ကြောင့် မာမီ့စကားကို လက်တစ်လုံးခြားလုပ်ကာ သူလုပ်ချင်ရာလုပ်မိသည်။ လင်ယောက်ျားကိုဆုံးရှုံးလိုက်ရသောသူမက ဖခင်ဆုံးရှုံးလိုက်ရသောဆယ်လေးကို နှစ်ဆပိုချစ်ပေးရာက အသက်ကြီးလာတော့ အခုလိုချုပ်ချယ်သည့်ဘက်ရောက်သွားပြီး အဆင်မပြေတော့ခြင်းဖြစ်သည်။

သူကလည်းသူပဲ ဘားဆိုင်ထိပါရအောင်ဖွင့်ခဲ့သည်။ သူ့လုပ်ရပ်သည် မမှားသည့်အတွက် အပြစ်ရှိသည်ဟု မခံစားမိချေ။


"နော် ကိုကို"

"မဖြစ်ဘူးဆယ်လေး"

"ဘာလို့လဲ"

"ငါအန်တီမေခင်ကို မလိမ်နိုင်ဘူး။ လိမ်လို့လည်းမကောင်းဘူး"

"ကိုကိုကလဲဗျာ ကျွန်တော်ကအကူအညီတောင်းတာကို စဥ်းစားပေးပါအုံးလား ဟင်"

တောင်းဆိုနေသည့် ဆယ်မင်းဆက်မျက်နှာကို သူကြည့်လိုက်သည်။ အရည်လဲ့နေသောမျက်ဝန်းတွေ ညှိုးငယ်သွားပုံက သူကကူညီမှာလို့ အပိုင်တွက်ထားပုံပဲ။ နွေဦး မငြင်းချင်ပါ။ တခြားအကူအညီသာဆို သူကျိန်းသေပေါက်လိုက်လျောလိုက်မှာ။

"ဆယ်လေး ငါလိုက်လျောလို့မဖြစ်လို့ပါ။ နောက်မှအန်တီမေခင်သိသွားရင် မကောင်းဘူး ပြီးတော့ မင်းကအပြင်မှာတစ်ခုခုဖြစ်သွားရင်လဲ မကောင်းဘူး"

"ကျွန်တော်ကဘာဖြစ်မှာမို့လို့လဲ၊ အပြင်မှာအလေလိုက်သောင်းကျန်းချင်လို့မဟုတ်ဘူး...ကျွန်တော်ကလွတ်လပ်မှုကို လိုချင်တာ။ အိမ်မှာဆိုရင် မာမီကကျွန်တော့်ကို အချိန်နဲ့အချိန်ထမင်းစားခိုင်းတာ တစ်နပ်လေးတောင် မလွဲစေရဘူးနော် gymဆော့မယ်ပြောတာတောင်
စိတ်မချလို့ဆိုပြီးgym trainnerကိုအိမ်
ခေါ်ငှားပေးပြီး အိမ်မှာပဲစက်တွေဆင်ပေးတာ...ကျွန်တော်ကဒီတိုင်း လူငယ်သဘာဝလွတ်လပ်ချင်ရုံ ကိုယ့်ဆန္ဒကိုယ့်သဘောနဲ့ လုပ်ချင်ရုံပါပဲ... ကျွန်တော်ကပုန်ကန်ချင်နေတာမဟုတ်ဘူး"

ဆယ်မင်းဆက်သည် စိတ်တိုနေတာမို့
အသံသည်တဖြည်းဖြည်း ကျယ်လောင်လာသည်။ ကမူးရှူးထိုးဖြစ်နေသောသူ့ပုံစံကြောင့် ကိုနွေဦးကအနားရောက်လာကာ လေသံအေးဖြင့် ဆိုရှာသည်။

"မင်းကိုပုန်ကန်ချင်တယ်လို့ ငါမပြောမိပါဘူးကွာ။ ဒါပေမဲ့ မင်းအပြင်မှာပဲဆက်တိုက်မနေပါဘူးလို့ အာမခံနိုင်လို့လား"

မျက်လုံးကိုတည့်တည့်ကြည့်ပြီး မေးလာတော့ ဆယ်မင်းဆက်မဖြေနိုင်တော့။ သူက ဇောင်းထဲကလွတ်တဲ့မြင်းလိုလုပ်မည်ဆိုတာ ကိုယ့်ဘာသာသိသည်။ ထို့ကြောင့် ဘာမှမပြောနိုင်ဘဲ
ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်တော့သည်။

ကိုကို့ကို စည်းရုံးလို့လဲ မအောင်မြင်ပြန်ဘူး။

နွေဦးကို ကျောပေးထားတဲ့ ဆယ်မင်းဆက်က ခွေးပေါက်လေးတစ်ကောင်အတိုင်းပဲ။ ဒါသူ့သဘောအတိုင်း မဖြစ်လို့ပေါ့လေ။

နွေဦးသည် ဆယ်မင်းဆက်ဆံပင်များကို အနောက်ကနေဆွဲဖွလိုက်သည်။

"ဒါပေမဲ့ မင်းအိမ်မှာမနေချင်ရင် ငါ့ဆီလာလို့ရပါတယ် အချိန်မရွေးလာလို့ရတယ်။
ဒီမှာပဲ အိပ်သွားချင်လည်းရတယ်... ဒီနေ့လိုစောင့်မနေရအောင် အိမ်တံခါးရဲ့လျို့ဝှက်နံပါတ်လည်း ပေးထားမယ် ဟုတ်ပြီလား"

ကြားလိုက်ရသောစကားကြောင့် ဆယ်မင်းဆက်သည် ကိုကို့ကိုလှည့်ကြည့်လိုက်သည်။

"ဘယ်လိုလဲ ဆယ်လေး"

"အင်း အဲလိုပဲလုပ်မယ်"

ကိုကို့ ညှိနှိုင်းမှုက နှစ်ခါစဥ်းစားစရာတောင်မလို။ သူ အပျော်လုံးစို့နေတော့တယ်။ လိုချင်တာမရပေမဲ့ ရတာကလိုချင်တာထက်ပိုကောင်းနေတာလေ။



နွေဦးသည် ကလေးကိုစိတ်ချမ်းသာအောင် လုပ်ပေးပြီးတော့ သူလုပ်စရာရှိတာဆက်လုပ်နေသည်။ ဆယ်မင်းဆက်သည် စင်ပေါ်မှာထောင်ထားသည့် ဓာတ်ပုံများကို တစ်ဖန်ပြန်ပြီးမှောက်ချလိုက်သည်။

သူသည် မနေနိုင်လွန်းစွာ ထုတ်မေးလိုက်မိသည်။

"ကိုကိုနဲ့ကိုဓနသိုက် ချစ်သူတွေဖြစ်တာဘယ်လောက်ကြာခဲ့လဲ"

ဘယ်လောက်ကြာခဲ့လို့ ကိုကိုကအမှတ်တရတွေ သိမ်းထားနေတာလဲ။ လွန်ခဲ့တဲ့ဆယ်နှစ်တည်းကလား။

"ကိုကိုတို့ ဘယ်တုန်းကပြတ်သွားတာလဲ"

"ငါမဖြေချင်ဘူး ဆယ်လေး"

"အဲလိုကြီးမျိုသိပ်မထားနဲ့လေ ကိုကိုရာ အန်တီနုကလည်းပြောတယ်။ ကိုကိုကတစ်ယောက်တည်းကျိတ်ခံစားနေတာတဲ့။"

ဆယ်မင်းဆက်သည် နွေဦး၏ နောက်ကျောပြင်ကိုလှမ်းကြည့်လိုက်သည်။ ဖြောင့်စင်းလှသောနောက်ကျောပြင်၊ ကျယ်ပြန့်သောပခုံးများနှင့်
ထိုလူက နှလုံးသားထဲမှာတော့ လေးလံသည့်အရာများကိုသယ်ထားသည်။ ဆယ်မင်းဆက်သည် အသဲကွဲသည့်သူများကိုမြင်ဖူးပါသည်။ အဆိုးဆုံးကတော့ သူ့ကိုကြီးဖြစ်သည်။ မမနဒီ သူ့ကိုဖြတ်တုန်းက အကြီးအကျယ်ငိုခဲ့သည်ပဲ။ ကိုကိုကရော ငိုခဲ့သေးလား။

"ကျွန်တော့်ကို ရင်ဖွင့်လို့ရပါတယ်
ကျွန်တော်နားထောင်ပေးမယ်လေ"

"မင်းနဲ့မဆိုင်ဘူးဆယ်လေး ထပ်မပြောနဲ့"

ကိုကိုက ဆတ်ဆတ်ထိမခံသူ၊ ဒေါသကြီးသူမှန်းသိသည်။ ကိုကို့ဒေါသတိုင်းကို သူသည်လည်း မလျော့သောဒေါသများဖြင့်တုံ့ပြန်ခဲ့သည်ပဲ။ သို့ပေမဲ့ အခုတစ်ခါမှာတော့ သူတော်တော်စိတ်မကောင်းဖြစ်သွားရသည်။ စူးရဲနေသောကိုကို့မျက်လုံးများကို ဆယ်မင်းဆက်သည် စိတ်မကောင်းဖြစ်လွန်းစွာ ပြန်ကြည့်မိသည်။ သူဘာမှတော့ ဆက်မပြောမိပေ။

နွေဦးသည် သက်ပြင်းချလိုက်မိသည်။ အအော်ခံလိုက်ရသည့် ဆယ်မင်းဆက်ကသူ့ကိုဘာမှပြောမလာ။ စိတ်မကောင်းဖြစ်သွားသည့် မျက်ဝန်းများကိုမြင်လိုက်ရသည်။ နွေဦးသည် တောင်းပန်ချင်ပေမဲ့ ဘယ်ကနေစပြောရမလဲမသိတော့။ သူတို့ကြားကလေထုက ရုတ်တရက်ကြီးအေးခဲလို့သွားသည်။


ဆယ်မင်းဆက်သည် စိတ်ဆိုးနေရင်းမှနောင်တရလာသည်။ သူကဘာကိစ္စ ဒီအကြောင်းအရာကို သွားပြောမိတာလဲ။ ကိုကိုနှင့်အဆင်ပြေနေသည့် အခြေအနေလေးက လုံးလုံးလျားလျားပျက်စီးသွားခဲ့ပြီ။ သူဒီတိုင်း ထိုင်မနေနိုင်တော့။ ကိုကိုက သူ့ကိုလာချော့မည့်ပုံမပေါ်။

ဘယ်တတ်နိုင်မလဲ ကိုကိုကမချော့မှတော့ သူကပဲအရင် ပြန်ခေါ်လိုက်မှာပေါ့။

ဆယ်မင်းဆက်သည် ယူလာသည့်အိတ်ထဲကပန်းသီးတစ်လုံးကို ရေဆေးလိုက်သည်။ ကိုကိုကသူ့ကိုလိုက်ကြည့်နေသည်။ ထိုပန်းသီးကို ကိုကို့ဆီပေးလိုက်သည်။

"ရော့ ခင်ဗျားကြိုက်တယ်မလား တမင်ဝယ်လာတာ၊ ကျွန်တော်မှားပါတယ် ခင်ဗျားကိစ္စကို ဝင်မစွက်ဖက်သင့်ဘူး"

ကိုကိုက တိုးတိုးသာသာလေးရယ်လာသည်။ ကျေနပ်သည် သဘောကျသည်
စသဖြင့် ဘာသာပြန်ဆိုနိုင်သော ရယ်သံကြောင့် ဆယ်မင်းဆက်မှာအေးခဲသွားရပြန်သည်။ ရယ်သံတင်ကြားရတာမဟုတ်ဘဲ ကိုကို့ဆီက အပြုံးနုသွေးကိုပါမြင်လိုက်ရတာ။

ကိုကိုက သူ့လက်ထဲကပန်းသီးကိုယူပြီး အနားကပန်းကန်ပေါ်ကို တင်ထားလိုက်သည်။

"ခင်ဗျားစားအုံးလေ"

"ဒီတိုင်းဘယ်လိုစားရမှာလဲ"

"ပန်းသီးကိုဒီတိုင်း ကိုက်စားလိုက်လေ ဘယ်လိုစားချင်လို့တုံး"

"အခွံတွေနဲ့လေ"

သူတို့၏ပြိုင်ငြင်းမှုက ပန်းသီးဆီကိုရောက်သွားသည်။

"ပန်းသီးပဲ အခွံပါမှာပေါ့"

"အခွံတွေ ငါမှမကြိုက်တာ"

ကိုကိုသည် ဇီဇာကြောင် ဇာချဲ့ပြီး ခေါင်းမာလွန်းသည့် နေရာမှာလည်းနှစ်ယောက်မရှိပေ။

နွေဦးသည် တမင်ကန့်လန့်တိုက်နေခြင်းမဟုတ်။ သူတကယ်မစားတတ်တာသာ။

သို့သော်ငြား ဆယ်မင်းဆက်သည် စင်ပေါ်ကဓားတစ်ချောင်းထုတ်လာကာ ပန်းသီးကိုအခွံထိုင်နွှာနေပြီဖြစ်သည်။ တစ်ခါမှမနွှာဖူးသူမို့ စစချင်းသည် အသားတွေပါကုန်သည်။ သူသည် လိုလိုမည်မည် နောက်တစ်လုံးပါရေဆေးလိုက်သည်။

"ငါနဲ့သူက ရည်းစားဖြစ်တာ ငါးနှစ်ကျော်ပြီ။ ငါဒီနှစ်ထဲသူနဲ့လက်ထပ်ဖို့စီစဥ်ထားတာ"

နွေဦးကစကားစတင်ဆိုလာသည်။
အခွံကိုသေချာထိန်းခွာနေသည့် ဆယ်မင်းဆက်လက်တွေ ရပ်တန့်သွားသည်။ သို့ပေမဲ့ ဘာမှမဖြစ်သလို လုပ်လက်စအလုပ်ကို ဆက်လုပ်နေလိုက်သည်။

"လက်ထပ်ခါနီးမှာ သူကပြန်စဥ်းစားချင်လာတယ် အဲတော့ ငါကနောက်ဆုတ်ပေးလိုက်တယ်။ ဒါပေမဲ့ ဓနသိုက်ကငါနဲ့လမ်းခွဲချင်တယ်တဲ့...ငါတို့အတူရှိလာတာ သံယောဇဥ်ကြောင့်လဲပါတယ်တဲ့လေ။ ငါက လမ်းခွဲမပေးခဲ့ဘူးလေ...နေ့တိုင်းသူ့ဆီသွားရှာပြီး ပြန်တွဲဖို့ပြောတယ်၊ ရန်တွေဖြစ်ကြတယ်၊ သူ့မိဘတွေရော ငါ့မိဘတွေရောက ငါတို့ကိုဖျောင်းဖျကြတယ် ချစ်သူတွေကြားက စိတ်ကောက်တာကိုမြန်မြန်ပြေလည်စေချင်တယ်တဲ့"

နွေဦးသည် ကြားထဲမှာအသက်ရှူရန်အတွက်ခဏနားလိုက်သည်။ သူသည်အသံမတုန်အောင် ကိုယ့်ကိုယ်ကိုယ်ထိန်းထားလိုက်သည်။ ဆယ်မင်းဆက်သည် သူ့စကားကိုပန်းသီးအခွံနွှာရင်း ငြိမ်သက်စွာ နားထောင်ပေးလေသည်။

"ဒါပေမဲ့ သူထွက်သွားတယ်။ အဲလိုမှမလုပ်ရင် ငါတို့ကလမ်းခွဲဖြစ်မှာ မဟုတ်ဘူးတဲ့။ ငါ့ကိုလည်း ပြန်စဥ်းစားပါအုံးတဲ့လေ...ငါက သူ့ကိုမပြတ်နိုင်ဘူးဆိုပြီး ဆွဲထားလို့ မိဘတွေကလည်း လက်ခံမှာမဟုတ်လို့၊ ရယ်ရတယ်...ငါတို့ကငယ်ငယ်တည်းက အတူရှိလာပြီး ဖြစ်ကိုဖြစ်ရမှာဆိုတဲ့ပုံစံမျိုးနဲ့ ဒီအခြေအနေထိရောက်လာတာတဲ့... ငါ့က အချစ်ဆုံးသူငယ်ချင်းထက်ပိုပြီးတော့ မိသားစုဆိုတဲ့ဖြစ်တည်မှုတဲ့လေ စောက်ရေးမပါတာတွေ"

နွေဦးသည် ပြောချင်ရာပြောပြီးတော့ ဝမ်းနည်းသွားရပြန်သည်။ ဒါတွေအကုန် သူခံစားရခဲ့သမျှ မပါသေး။

ဆယ်မင်းဆက်ငေးနေသော ကိုကို့မျက်လုံးများဆီမှ နင့်သည်းသောဝမ်းနည်းကြေကွဲမှုများကို မြင်လိုက်ရသည်။

ခွမ်

စားပွဲခုံနှင့်ဓား ထိခတ်ရာကနေ အသံထွက်လာသည်။ ဆယ်မင်းဆက်သည် အခွံနွှာပြီး ခွဲထားပြီးသောပန်းသီးစိတ်များကို နွေဦးရှေ့ထိုးပေးလိုက်သည်။

"ကိုကို့ exက အရမ်းမိုက်ရိုင်းစုတ်ပဲ့တာပဲ...ဒါပေမဲ့ ပန်းသီးလဲစားအုံး ပန်းသီးကချိုတယ်လေ"

နွေဦးသည် ပန်းသီးတစ်စိတ်ကို ယူစားလိုက်သည်။ ဆယ်မင်းဆက်ပြောတာမှန်သည်။ ပန်းသီးကတကယ်ချိုသည်။

ဆယ်မင်းဆက်ကတော့ စင်ပေါ်ထောင်ထားတဲ့ ဓာတ်ပုံအစုတ်အပြတ်များကို ဘယ်ချောင်သွားလွှင့်ပစ်ရမလဲပဲ အကြံထုတ်နေမိတယ်။ ကိုကိုက တကယ်မေ့ပစ်ပြီး ရှေ့ဆက်သင့်နေပြီ။








Continue Reading

You'll Also Like

12.4K 947 21
မြောက်အရပ်က အလင်းဆုံးကြယ်ဟာ ဘာလဲလို့ မေးရင် လူတိုင်းက ဓူဝံကြယ်လို့ ဖြေကြလိမ့်မယ်။ ဒါဆို တောင်အရပ်က ကြယ်ကိုရော ခင်ဗျားတို့ သိသလား ? Start Date - 4/ 11...
54.3K 5.2K 45
ဆုံဆည်းခဲ့ကြချိန်ဟာ ဒုက္ခတို့မြစ်ဖျားခံခဲ့ရာ မူလအစဖြစ်ခဲ့လျှင် ခွဲခွာခဲ့ရချိန်သည်ကား ချစ်ခြင်းတရားတို့ ထက်သန်ခိုင်မာရာဖြစ်သည်။ 📖 15/12/2020 - 13/3/2...
20.5K 1.6K 18
"အချစ်ကပန်းတစ်ပွင့်ဆိုရင်နှစ်တွေဘယ်လောက်ကြာကြာကိုယ်ရအောင်ပျိုးပါ့မယ်" Mini-story This story is a work of fiction. All the characters, name of charact...
4.7M 528K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...