The Deal With A Demon King

HninAung913 által

130K 12.8K 931

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... Több

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57

Part 38

385 57 4
HninAung913 által

Unicode Ver

“ မင်း ချီယွမ်နဲ့ တွေ့ခဲ့ပြီလား။ “

ရှန်းဝူပိုင်က နျူးကိုတချိန်ကသူပေးခဲ့သည့်ဆံထိုးကို အချိန်တိုင်းသူ၏ဆံနွယ်များတွင် ထုံးထားလေ့ရှိသည်။ ထို့ဆံထိုးသည်လည်း နျူးနှင့်သက်ဆိုင်သည်ကိုသိတာမို့ ယခုသူ့လက်ထဲတွင်မရှိတော့ပါက သေချာသည်က ရှန်းဝူပိုင်သည် နျူးနှင့်တွေ့ဆုံပြီးပြီဖြစ်၏။

ရှန်းဝူပိုင်က ယွင်းရန်၏အမေးကြောင့် ထပ်မံကာ ခေါင်းမော့ကြည့်လာသည်။ ထို့နောက် အေးဆေးစွာပင်

“ နျူးလား….။

အင်း… ပြီးတော့ သူပိုင်ဆိုင်တဲ့ ဆံထိုးကိုလည်း ပေးခဲ့တယ်။ ငါ သူ့ကိုကောင်းကင်ဘုံကိုပြန်ခေါ်ဖြစ်မယ်။ အဲ့တာကြောင့်လည်း ငါသူ့ကိုလိုက်ရှာနေခဲ့တာ။ “

ရှန်းဝူပိုင်က ယွင်းရန်ရဲ့အကာအရံစည်းထဲတွင် နျူးရှိနေသည်ကို သိနှင့်ပြီးဖြစ်သည်။ စည်းကိုဖျက်လိုက်သည့်နှင့် တပြိုက်နက် နျူးကိုသူရှာတွေ့သွားခဲ့၏။

“ မင်း သူ့ကိုအဲ့လောက်ထိ ဂရုစိုက်တယ်ဆိုရင် ဘာ့ကြောင့် သူ့ရဲ့ကိုယ်နဲ့အမြုတေကို ခွဲထုတ်တဲ့အချိန်တုန်းက ခွင့်ပြုခဲ့တာလဲ။ အခုကျမှ မင်းက သူ့ကို မျက်နှာချင်းဆိုင်ရဲတယ်ပေါ့။ ပြီးတော့ ဘာတဲ့ သူ့ကိုမင်းဘေးမှာ ထပ်ထားအုန်းမယ် ဟုတ်လား။”

လက်ဖက်ရည်ခွက်အား ကိုင်ထားသည့်ရှန်းဝူပိုင်၏လက်များက ယွင်းရန်၏စကားကြောင့် အနည်းငယ်တုန်ယင်လာတော့သည်။ သူတို့နှစ်ယောက်ကြား ဖြည်းဖြည်းချင်းတိုက်ခတ်နေလေ့ရှိသော  လေညှင်းတို့က ရုပ်ချည်းငြိမ်သက်သွားကာ ပတ်ဝန်းကျင်ကို ပုံသေပန်းချီကားတစ်ချပ်အဖြစ် ရပ်တန့်လိုက်သလိုပင်။ ထို့နောက် လက်ဖက်ရည်ခွက်အား အသာချလိုက်ပြီး သူ၏ပြုမူနေကျပုံစံအတိုင်း ပြုံးလိုက်လေသည်။ ယွင်းရန်ကတော့ ခက်ထန်တဲ့အကြည့်တွေနဲ့သာ သူ့အားမျက်တောင်မခပ်တမ်းကြည့်နေရင်းမှ သက်ပြင်းတချက်ချကာ

“ ငါ့ အပေါ်မှာ မင်းဘယ်လိုပဲ လုပ်ခဲ့လုပ်ခဲ့ ငါအမြဲတမ်း ခွင့်လွှတ်ပေးခဲ့တယ်။ မင်းကြောင့်ပဲ ငါ့ရဲ့ နတ်ဘုရားဘဝကို စွန့်လွှတ်ခဲ့တယ်။ ထပ်ပြီး ငါမိစ္ဆာတိုင်းပြည်မှာ ရှိနေတဲ့အချိန်မှာလည်း မင်းက ငါ့ကိုထပ်ပြီး ပျက်စီးစေဖို့ နျူးကိုလွှတ်ခဲ့တယ်။ ငါအမြဲတမ်း မင်းကိုညီနောင် အနေနဲ့ရှိခဲ့ဖူးတဲ့အချိန်တွေကို တန်ဖိုးထားလို့ မင်းကိုအနိုင်ပေးခဲ့တယ် ။ ဒါပေမဲ့ မင်းငါ့ကိုမနိုင်ပါဘူး ဘယ်တော့မှလေ….”

ယွင်းရန်၏စကားကြောင့် ရှန်းဝူပိုင်၏အမူအရာက စတင်ပျက်ယွင်းလာသည်။ သူဟန်ဆောင်ကာပင် မပြုံးနိုင်တော့။ ခုံပေါ်တင်ထားသော သူ၏လက်တဖက်ကိုသာ ကျစ်ကျစ်ပါအောင် လက်သီးဆူပ်ထားမိ၏။ ယွင်းရန်က ဆက်ပြောလာသည်။

“ အခု ငါတို့တိုက်ပွဲကြားမှာ နျူးကပါလာခဲ့ရတယ်။ သူ့ဘဝက ငါတို့ကြောင့် အခုလိုဖြစ်ရတာ။ အနည်းဆုံးတော့ မင်းမှာ သူ့အတွက် အားနာစိတ်လေးရှိခဲ့သင့်တယ်။”

“ မဟုတ်ဘူး!!!!!”

ရှန်းဝူပိုင်က ယွင်းရန်၏ စကားလုံးတွေကို ငြင်းဆိုရန် ပြင်သည်။ အမြဲတမ်း ပြုံးမျက်နှာဆင်မြန်းကာ တင့်တယ်နေတတ်သည့် ကောင်းကင်ဧကရာဇ်ဟူသောဂုဏ်ပုဒ်ကို ဆက်မထိန်းနိုင်တော့ချေ။ သူမတ်တပ်ကောက်ရပ်လိုက်ပြီး

“ မင်း ဘာများနားလည်လို့လဲ။ နျူးကို ငါအရင်သိခဲ့တာ။  ငါဘယ်လောက်ထိ သူ့ကို သဘောကျခဲ့မိလဲဆိုတာ…သူသာမင်းနဲ့…. အဲ့အချိန်တုန်းက မင်းနဲ့….”

ရှန်းဝူပိုင်၏စကားများက ရှေ့သိူ့တိုးရန် ငြင်းဆန်နေကြသည်။ သူ၏အသံတို့က ဒေါသအပြင် ဝမ်းနည်းမှုတို့ကပါ ပါဝင်နေ၏။ ယွင်းရန်က သူခန့်မှန်းမိသမျှကိုပြောနေသည်။

“ အင်းလေ…မင်းတို့နှစ်ယောက်မှာ ငါဆိုတာဝင်မလာခင်တည်းက လှပတဲ့စုံတွဲလေးဖြစိခဲ့ကြမှာပေါ့။ ဒါပေမဲ့ မင်းက မင်းရဲ့လောဘအတွက် မင်းသဘောကျတဲ့သူကိုတောင် ငါ့ဆီကို လွှတ်ခဲ့တာလေ…မင်းအတွက် အာဏာက မင်းချစ်ရပါတယ်ဆိုတဲ့သူထက်ပိုတာပဲမလား။ မင်းက အဲ့လို လူမျိုးပဲလေ…”

ရှန်းဝူပိုင်က ယွင်းရန်ကို ငြင်းဆန်ရန် မကြိုးစားတော့ပဲ သက်ပြင်းချလိုက်မိသည်။

“ မင်းမှားနေခဲ့ပြီ။ မင်းနဲ့သူရဲ့ကြားမှရှိခဲ့တဲ့ ခံစားချက်တွေက ငါနဲ့အစ အဆုံး ဘာမှ မပတ်သတ်ခဲ့ဘူး။ “

ရှန်းဝူပိုင်၏ စကားကြောင့် ယွင်းရန်ကမျက်မှောင်ကြုတ်လိုက်မိသည်။

“ မင်းဘာကိုဆိုလိုတာလဲ။ “

“ ဟုတ်တယ်…နျူးက မင်းနဲ့တွေ့ခဲ့တာအကုန်လုံးက ကံကြမ္မာအရပဲ။ ငါဘယ်တုန်းကမှ မတွန်းပို့ခဲ့ဘူး။ ငါကိုယ်တိုင် နျူးအပေါ်မှာထားတဲ့ ခံစားချက်တွေ သေချာသွားတဲ့အချိန်မှာ နျူးက မင်းကိုပဲ ကြည့်နေခဲ့တော့တာ။ သူက မင်းကို သူ့ဘဝတစ်ခုလုံးပေးပြီးချစ်ခဲ့တာ…မင်းကသာ သူ့ကိုမယုံခဲ့တာ။ အဲ့အချိန်တုန်းက ငါ့လက်ထဲမှာ ဖြေဆေးရှိနေတာသိရက်နဲ့​တောင် မင်းဆီကိုသာပြန်သွားရင် သူသိပ်မကြာခင်သေရမယ်ဆိုတာ သိရက်နဲ့တောင်၊ အဲ့အဆိပ်ကလည်း မင်းကြောင့်ပဲရခဲ့ရတယ်ဆိုတာကို သိနေတာတောင် မင်းကိုပဲ သူရွေးခဲ့တာ။ စွမ်းအားထက်ဝက်ပေးတဲ့နည်းနဲ့ မင်းသူ့ကိုကုပေးလိမ့်မယ်ဆိုတာ ငါမထင်ခဲ့မိပေမဲ့ သူကိုယ်တိုင်လည်းအဲ့လိုမျိုး လူပ်ခဲ့တာကြောင့် ငါ့ရဲ့စိတ်က တခဏတာရူးမိသွားတယ်။

အဲ့တာကြောင့် မင်းနဲ့ နျူးကြားမှာ သူ့ရဲ့ ခံစားချက်အမှတ်အသားကို အသူံးချ၊ နျူးကိုထိန်းချုပ်ပြီး မင်းကို အခုလိုဖြစ်အောင်လုပ်ခဲ့တာ…!!.”

ယွင်းရန်သည် ရှန်းဝူပိုင်ပြောနေသောအကြောင်းအရာများကို နားထောင်ရင်း သူ၏မျက်ဝန်းတို့က ပြူးကျယ်လာတော့သည်။ သူ၏ခြေထောက်တွေကနေပင်စလို့ တကိုယ်လုံးသည် အားမရှိတော့သည့်နှယ် တုန်ယင်လာကြသလိုပင်။ ဒါဆိုနျူးက သူကိုယ်တိုင်တောင်မသိခဲ့ပဲ ထိန်းချုပ်ခံခဲ့ရတာပေါ့။ ဒါ့ကြောင့် ကောင်းကင်ဘုံကိုသူလာပြီး နျူးကိုပြန်လာခေါ်တဲ့အချိန်တုန်းက သူက ရှန်းဝူပိုင်ဘေးမှာ ရပ်နေခဲ့ပြီး သူ့ကို သူစိမ်းဆန်တဲ့အကြည့်တွေနဲ့ ကြည့်နေခဲ့တာ…အဲ့တာတွေက….. ရှန်းဝူပိုင် လုပ်ခဲ့တာတွေပေါ့။

ယွင်းရန်၏မျက်ဝန်းများက အနီရင့်ရောင်အဖြစ်သို့ပြောင်းလဲလာကြသည်။ သူသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း သူ၏စွမ်းအားများကို ဒေါသမှတဆင့်ပေါက်ကွဲထွက်မသွားအောင် ထိန်းချုပ်နေလျက်ရှိသည်။ မဟူတ်လျင်သူကိုယ်တိုင်လည်း သဘောကျရသည့် ဤမက်မွန်တောအား တချက်တည်းနှင့် ဖျက်စီးမိသွားလိမ့်မည်။

ယွင်းရန်က ရှန်းဝူပိုင်ကို ကြည့်ကာ

“ ဘာလို့လဲ…ငါ့ကိုချုပ်နှောင်ပြီးနော​က်ပိုင်း ဘာလို့ သူ့ကိုမင်း….ဆက်မထိန်းချုပ်ခဲ့တာလဲ…အဲ့တာဆိုသူအခုလို သူ့ကိုယ်သူ နာကျင်အောင်အပြစ်ပေးခဲ့မှာမဟုတ်ဘူး။”

ယွင်းရန်က နျူးသူ့ကိုယ်သူ အမြုတေကိုခွဲထုတ်ပီး နတ်သက်ကြွေခံလိုက်သည်ကို သဘောပေါက်ခဲ့လေသည်။ သူအထင်လွဲခဲ့သမျှသာမဟူတ်ခဲ့ရင် နျူးကအမြဲတမ်းသူ့အပေါ်မှာ ခံစားချက်တွေစစ်မှန်ခဲ့ရင် သူသာ သာမာန်အသိစိတ်ကိုပြန်ရမည်ဆိုပါက နျူးက သေချာပေါက် သူ့ကိုယ်သူဆိုးရွားသည့်အပြစ်ဒဏ်မျိုးပေးမှာဖြစ်သည်။ နျူးသည် မြင်ရသည်ထက် ပို၍မာကျောသောစိတ်ဓာတ်ရှိသည်။

ရှန်းဝူပိူင်၏မျက်နှာက နောင်တတရားတို့နှင့် ရင်းနှီးနေသည့်လူတယောက်နှယ်ဖြစ်နေ၏။

“ ထိန်းချုပ်ခံထားရတဲ့ နျူးက အရုပ်တစ်ရုပ်လိုဖြစ်လာတယ်။ အဲ့တာကိုဖြေလိုက်ရင် သူငါ့ကိုမုန်းသွားလိမ့်မယ်လို့ ငါသိနေခဲ့တာမို့ ငါဖြေမှာမဟုတ်ဘူး။ ဒါပေမဲ့ လောင်ရဲ့… …မက်မွန်သခင်ကတော့ သူ့နတ်ဝိညာည်ကိုစတေးခံ သုံးပြီး နျူးရဲ့တကယ့်ပင်ကိုယ်စိတ်ကို ပြန်နိုးစေလိုက်တယ်။

ငါလိုက်မမှီလိုက်တဲ့အတိုင်း အရာအားလုံးဖြစ်ပျက်ကုန်တယ်။ နျူးက ငါ့ကို ခါးခါးသီးသီး မုန်းသွားတယ်။ အဲ့ဒီထက်ဆိုးတာက သူ့ကိုယ်သူ မုန်းတာပဲ။ မင်းကိုလုပ်ခဲ့မိတာတွေ သူအကုန်မှတ်မိတဲ့အလား မင်းကိုပါ ထပ်တွေ့ဖို့မကြိုးစားတော့ပဲ သူ့ကိုယ်သူ အဆုံးစီရင်ပစ်ခဲ့တာ..။ “

နောက်ဆုံးတွင်တော့ ယွင်းရန်သည် မိမိကိုယ်မိမိပင် ပြန်ကာအပြစ်တင်မိချင်တော့၏။ သူ ထိုအချိန်က နျူး၏စိတ်ကိုဖောက်မမြင်နိုင်ခဲ့ပဲ အပေါ်ယံနှင့်သာ နျူး၏ရင့်သီးသောစကားလုံးများကို အမှန်ထင်ပြီး ပြိုလဲခဲ့ရသည်။ ချစ်ခဲ့မိလွန်း၍သာ အမုန်းတရားဟူသောစကားကို ထပ်တလဲလဲသူပြောနေမိမှန်း သူသိနေပါရက်နဲ့ ယခုသူ့ဘေးတွင်ရှိနေခဲ့သည့် ချီယွမ်တဖြစ် နျူးကိုပင် ထပ်မံကာသူ နာကျင်စေခဲ့ပြန်သည်။ နျူးကတော့ သူ၏မှတ်ဉာဏ်များပင် မရှိတော့သည့်အချိန်မှာတောင် သူ့ကိုသဘောကျနေခဲ့သေး၏။ သူကတော့ အချိန်တိုင်းသာ တွန်းထုတ်နေခဲ့မိပြီး မိမိအတ္တတို့ကိုသာ ရှေ့တန်းတင်ခဲ့သည်။

*ဝုန်း…!!!*

ယွင်းရန်သည် စိတ်ထိန်းမရသည့်အဆုံး ရှန်းဝူပိုင်ရှေ့ရှိ ကျောက်သားဖြင့်လုပ်ကာထားသော စားပွဲခုံပေါ်သိူ့ လက်သီးဖြင့်ထိူးချလိုက်လေတော့သည်။ ကျောက်စားပွဲသည် အစိတ်စိတ်အမွှာမွှာဖြစ်ကာ သူတို့ဘေးပတ်ပတ်လည်သို့ လွင့်စင်ကုန်ကြသည်။ ရှန်းဝူပိုင်ကတော့ ဘာမှမပြောပဲ ရပ်မြဲအတိုင်း ရပ်နေဆဲပါပင်။ ယွင်းရန်က ရှန်းဝူပိုင်ကိုစေ့စေ့ကြည့်ပြီးတဲ့နောက် သူ့အားကျောခိုင်းလိုက်သည်။

“ မင်း သူ့ကိုမရစေရဘူး။ ပြီးတော့ မင်းသာသူ့ကိုချစ်တယ်ဆိုရင် မင်းဘယ်တော့မှ သူ့မှတ်ဉာဏ်တွေပြန်ရအောင် မကူညီသင့်ဘူး။ သူထပ်ပြီး နာကျင်မှာကို မင်းကဂရုမစိုက်ပဲ မင်းရခဲ့တဲ့နောင်တတရားကိုပဲ မင်းကခွင့်လွှတ်ခံဖို့ တကိုယ်ကောင်းဆန်နေတာ။ အဲ့တာကြောင့် သူ့ရဲ့ခွင့်လွှတ်မှုကို မင်းဒီနေရာမှာပဲ မင်းတဘဝလုံးထိုင်စောင့်နေလိုက်….”

ယွင်းရန်သည် သူ၏ကိုယ်ခန္တာအား ချက်ချင်းပင် အခိုးအငွေ့သဖွယ်ပြောင်းလဲကာ ထိုနေရာမှပျောက်ကွယ်သွားတော့သည်။ ရှန်းဝူပိုင်ကတော့ အသက်ပင်မရှိတော့သည့် လူတယောက်နှယ် ထိုနေရာတွင် မလှုပ်ရှားပဲ ရပ်တန့်နေလေတော့၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နည်းနည်း ကြာသွားလို့ နှစ်ပိုင်းတခါတည်း up ပေးထားပါတယ် 😁😁❤

ZawGyi Ver
 

“ မင္း ခ်ီယြမ္နဲ႔ ေတြ႕ခဲ့ၿပီလား။ “

႐ွန္းဝူပိုင္က ႏ်ဴးကိုတခ်ိန္ကသူေပးခဲ့သည့္ဆံထိုးကို အခ်ိန္တိုင္းသူ၏ဆံႏြယ္မ်ားတြင္ ထုံးထားေလ့႐ွိသည္။ ထို႔ဆံထိုးသည္လည္း ႏ်ဴးႏွင့္သက္ဆိုင္သည္ကိုသိတာမို႔ ယခုသူ႕လက္ထဲတြင္မ႐ွိေတာ့ပါက ေသခ်ာသည္က ႐ွန္းဝူပိုင္သည္ ႏ်ဴးႏွင့္ေတြ႕ဆုံၿပီးၿပီျဖစ္၏။

႐ွန္းဝူပိုင္က ယြင္းရန္၏အေမးေၾကာင့္ ထပ္မံကာ ေခါင္းေမာ့ၾကည့္လာသည္။ ထို႔ေနာက္ ေအးေဆးစြာပင္

“ ႏ်ဴးလား….။

အင္း… ၿပီးေတာ့ သူပိုင္ဆိုင္တဲ့ ဆံထိုးကိုလည္း ေပးခဲ့တယ္။ ငါ သူ႕ကိုေကာင္းကင္ဘုံကိုျပန္ေခၚျဖစ္မယ္။ အဲ့တာေၾကာင့္လည္း ငါသူ႕ကိုလိုက္႐ွာေနခဲ့တာ။ “

႐ွန္းဝူပိုင္က ယြင္းရန္ရဲ႕အကာအရံစည္းထဲတြင္ ႏ်ဴး႐ွိေနသည္ကို သိႏွင့္ၿပီးျဖစ္သည္။ စည္းကိုဖ်က္လိုက္သည့္ႏွင့္ တၿပိဳက္နက္ ႏ်ဴးကိုသူ႐ွာေတြ႕သြားခဲ့၏။

“ မင္း သူ႕ကိုအဲ့ေလာက္ထိ ဂ႐ုစိုက္တယ္ဆိုရင္ ဘာ့ေၾကာင့္ သူ႕ရဲ႕ကိုယ္နဲ႔အျမဳေတကို ခြဲထုတ္တဲ့အခ်ိန္တုန္းက ခြင့္ျပဳခဲ့တာလဲ။ အခုက်မွ မင္းက သူ႕ကို မ်က္ႏွာခ်င္းဆိုင္ရဲတယ္ေပါ့။ ၿပီးေတာ့ ဘာတဲ့ သူ႕ကိုမင္းေဘးမွာ ထပ္ထားအုန္းမယ္ ဟုတ္လား။”

လက္ဖက္ရည္ခြက္အား ကိုင္ထားသည့္႐ွန္းဝူပိုင္၏လက္မ်ားက ယြင္းရန္၏စကားေၾကာင့္ အနည္းငယ္တုန္ယင္လာေတာ့သည္။ သူတို႔ႏွစ္ေယာက္ၾကား ျဖည္းျဖည္းခ်င္းတိုက္ခတ္ေနေလ့႐ွိေသာ  ေလညႇင္းတို႔က ႐ုပ္ခ်ည္းၿငိမ္သက္သြားကာ ပတ္ဝန္းက်င္ကို ပုံေသပန္းခ်ီကားတစ္ခ်ပ္အျဖစ္ ရပ္တန္႔လိုက္သလိုပင္။ ထို႔ေနာက္ လက္ဖက္ရည္ခြက္အား အသာခ်လိုက္ၿပီး သူ၏ျပဳမူေနက်ပုံစံအတိုင္း ျပဳံးလိုက္ေလသည္။ ယြင္းရန္ကေတာ့ ခက္ထန္တဲ့အၾကည့္ေတြနဲ႔သာ သူ႕အားမ်က္ေတာင္မခပ္တမ္းၾကည့္ေနရင္းမွ သက္ျပင္းတခ်က္ခ်ကာ

“ ငါ့ အေပၚမွာ မင္းဘယ္လိုပဲ လုပ္ခဲ့လုပ္ခဲ့ ငါအၿမဲတမ္း ခြင့္လႊတ္ေပးခဲ့တယ္။ မင္းေၾကာင့္ပဲ ငါ့ရဲ႕ နတ္ဘုရားဘဝကို စြန္႔လႊတ္ခဲ့တယ္။ ထပ္ၿပီး ငါမိစၧာတိုင္းျပည္မွာ ႐ွိေနတဲ့အခ်ိန္မွာလည္း မင္းက ငါ့ကိုထပ္ၿပီး ပ်က္စီးေစဖို႔ ႏ်ဴးကိုလႊတ္ခဲ့တယ္။ ငါအၿမဲတမ္း မင္းကိုညီေနာင္ အေနနဲ႔႐ွိခဲ့ဖူးတဲ့အခ်ိန္ေတြကို တန္ဖိုးထားလို႔ မင္းကိုအႏိုင္ေပးခဲ့တယ္ ။ ဒါေပမဲ့ မင္းငါ့ကိုမႏိုင္ပါဘူး ဘယ္ေတာ့မွေလ….”

ယြင္းရန္၏စကားေၾကာင့္ ႐ွန္းဝူပိုင္၏အမူအရာက စတင္ပ်က္ယြင္းလာသည္။ သူဟန္ေဆာင္ကာပင္ မျပဳံးႏိုင္ေတာ့။ ခုံေပၚတင္ထားေသာ သူ၏လက္တဖက္ကိုသာ က်စ္က်စ္ပါေအာင္ လက္သီးဆူပ္ထားမိ၏။ ယြင္းရန္က ဆက္ေျပာလာသည္။

“ အခု ငါတို႔တိုက္ပြဲၾကားမွာ ႏ်ဴးကပါလာခဲ့ရတယ္။ သူ႕ဘဝက ငါတို႔ေၾကာင့္ အခုလိုျဖစ္ရတာ။ အနည္းဆုံးေတာ့ မင္းမွာ သူ႕အတြက္ အားနာစိတ္ေလး႐ွိခဲ့သင့္တယ္။”

“ မဟုတ္ဘူး!!!!!”

႐ွန္းဝူပိုင္က ယြင္းရန္၏ စကားလုံးေတြကို ျငင္းဆိုရန္ ျပင္သည္။ အၿမဲတမ္း ျပဳံးမ်က္ႏွာဆင္ျမန္းကာ တင့္တယ္ေနတတ္သည့္ ေကာင္းကင္ဧကရာဇ္ဟူေသာဂုဏ္ပုဒ္ကို ဆက္မထိန္းႏိုင္ေတာ့ေခ်။ သူမတ္တပ္ေကာက္ရပ္လိုက္ၿပီး

“ မင္း ဘာမ်ားနားလည္လို႔လဲ။ ႏ်ဴးကို ငါအရင္သိခဲ့တာ။  ငါဘယ္ေလာက္ထိ သူ႕ကို သေဘာက်ခဲ့မိလဲဆိုတာ…သူသာမင္းနဲ႔…. အဲ့အခ်ိန္တုန္းက မင္းနဲ႔….”

႐ွန္းဝူပိုင္၏စကားမ်ားက ေ႐ွ႕သိူ႕တိုးရန္ ျငင္းဆန္ေနၾကသည္။ သူ၏အသံတို႔က ေဒါသအျပင္ ဝမ္းနည္းမႈတို႔ကပါ ပါဝင္ေန၏။ ယြင္းရန္က သူခန္႔မွန္းမိသမွ်ကိုေျပာေနသည္။

“ အင္းေလ…မင္းတို႔ႏွစ္ေယာက္မွာ ငါဆိုတာဝင္မလာခင္တည္းက လွပတဲ့စုံတြဲေလးျဖစိခဲ့ၾကမွာေပါ့။ ဒါေပမဲ့ မင္းက မင္းရဲ႕ေလာဘအတြက္ မင္းသေဘာက်တဲ့သူကိုေတာင္ ငါ့ဆီကို လႊတ္ခဲ့တာေလ…မင္းအတြက္ အာဏာက မင္းခ်စ္ရပါတယ္ဆိုတဲ့သူထက္ပိုတာပဲမလား။ မင္းက အဲ့လို လူမ်ိဳးပဲေလ…”

႐ွန္းဝူပိုင္က ယြင္းရန္ကို ျငင္းဆန္ရန္ မႀကိဳးစားေတာ့ပဲ သက္ျပင္းခ်လိုက္မိသည္။

“ မင္းမွားေနခဲ့ၿပီ။ မင္းနဲ႔သူရဲ႕ၾကားမွ႐ွိခဲ့တဲ့ ခံစားခ်က္ေတြက ငါနဲ႔အစ အဆုံး ဘာမွ မပတ္သတ္ခဲ့ဘူး။ “

႐ွန္းဝူပိုင္၏ စကားေၾကာင့္ ယြင္းရန္ကမ်က္ေမွာင္ၾကဳတ္လိုက္မိသည္။

“ မင္းဘာကိုဆိုလိုတာလဲ။ “

“ ဟုတ္တယ္…ႏ်ဴးက မင္းနဲ႔ေတြ႕ခဲ့တာအကုန္လုံးက ကံၾကမၼာအရပဲ။ ငါဘယ္တုန္းကမွ မတြန္းပို႔ခဲ့ဘူး။ ငါကိုယ္တိုင္ ႏ်ဴးအေပၚမွာထားတဲ့ ခံစားခ်က္ေတြ ေသခ်ာသြားတဲ့အခ်ိန္မွာ ႏ်ဴးက မင္းကိုပဲ ၾကည့္ေနခဲ့ေတာ့တာ။ သူက မင္းကို သူ႕ဘဝတစ္ခုလုံးေပးၿပီးခ်စ္ခဲ့တာ…မင္းကသာ သူ႕ကိုမယုံခဲ့တာ။ အဲ့အခ်ိန္တုန္းက ငါ့လက္ထဲမွာ ေျဖေဆး႐ွိေနတာသိရက္နဲ႔​ေတာင္ မင္းဆီကိုသာျပန္သြားရင္ သူသိပ္မၾကာခင္ေသရမယ္ဆိုတာ သိရက္နဲ႔ေတာင္၊ အဲ့အဆိပ္ကလည္း မင္းေၾကာင့္ပဲရခဲ့ရတယ္ဆိုတာကို သိေနတာေတာင္ မင္းကိုပဲ သူေ႐ြးခဲ့တာ။ စြမ္းအားထက္ဝက္ေပးတဲ့နည္းနဲ႔ မင္းသူ႕ကိုကုေပးလိမ့္မယ္ဆိုတာ ငါမထင္ခဲ့မိေပမဲ့ သူကိုယ္တိုင္လည္းအဲ့လိုမ်ိဳး လူပ္ခဲ့တာေၾကာင့္ ငါ့ရဲ႕စိတ္က တခဏတာ႐ူးမိသြားတယ္။

အဲ့တာေၾကာင့္ မင္းနဲ႔ ႏ်ဴးၾကားမွာ သူ႕ရဲ႕ ခံစားခ်က္အမွတ္အသားကို အသူံးခ်၊ ႏ်ဴးကိုထိန္းခ်ဳပ္ၿပီး မင္းကို အခုလိုျဖစ္ေအာင္လုပ္ခဲ့တာ…!!.”

ယြင္းရန္သည္ ႐ွန္းဝူပိုင္ေျပာေနေသာအေၾကာင္းအရာမ်ားကို နားေထာင္ရင္း သူ၏မ်က္ဝန္းတို႔က ျပဴးက်ယ္လာေတာ့သည္။ သူ၏ေျခေထာက္ေတြကေနပင္စလို႔ တကိုယ္လုံးသည္ အားမ႐ွိေတာ့သည့္ႏွယ္ တုန္ယင္လာၾကသလိုပင္။ ဒါဆိုႏ်ဴးက သူကိုယ္တိုင္ေတာင္မသိခဲ့ပဲ ထိန္းခ်ဳပ္ခံခဲ့ရတာေပါ့။ ဒါ့ေၾကာင့္ ေကာင္းကင္ဘုံကိုသူလာၿပီး ႏ်ဴးကိုျပန္လာေခၚတဲ့အခ်ိန္တုန္းက သူက ႐ွန္းဝူပိုင္ေဘးမွာ ရပ္ေနခဲ့ၿပီး သူ႕ကို သူစိမ္းဆန္တဲ့အၾကည့္ေတြနဲ႔ ၾကည့္ေနခဲ့တာ…အဲ့တာေတြက….. ႐ွန္းဝူပိုင္ လုပ္ခဲ့တာေတြေပါ့။

ယြင္းရန္၏မ်က္ဝန္းမ်ားက အနီရင့္ေရာင္အျဖစ္သို႔ေျပာင္းလဲလာၾကသည္။ သူသည္ လက္သီးက်စ္က်စ္ပါေအာင္ ဆုပ္ထားရင္း သူ၏စြမ္းအားမ်ားကို ေဒါသမွတဆင့္ေပါက္ကြဲထြက္မသြားေအာင္ ထိန္းခ်ဳပ္ေနလ်က္႐ွိသည္။ မဟူတ္လ်င္သူကိုယ္တိုင္လည္း သေဘာက်ရသည့္ ဤမက္မြန္ေတာအား တခ်က္တည္းႏွင့္ ဖ်က္စီးမိသြားလိမ့္မည္။

ယြင္းရန္က ႐ွန္းဝူပိုင္ကို ၾကည့္ကာ

“ ဘာလို႔လဲ…ငါ့ကိုခ်ဳပ္ေႏွာင္ၿပီးေနာ​က္ပိုင္း ဘာလို႔ သူ႕ကိုမင္း….ဆက္မထိန္းခ်ဳပ္ခဲ့တာလဲ…အဲ့တာဆိုသူအခုလို သူ႕ကိုယ္သူ နာက်င္ေအာင္အျပစ္ေပးခဲ့မွာမဟုတ္ဘူး။”

ယြင္းရန္က ႏ်ဴးသူ႕ကိုယ္သူ အျမဳေတကိုခြဲထုတ္ပီး နတ္သက္ေႂကြခံလိုက္သည္ကို သေဘာေပါက္ခဲ့ေလသည္။ သူအထင္လြဲခဲ့သမွ်သာမဟူတ္ခဲ့ရင္ ႏ်ဴးကအၿမဲတမ္းသူ႕အေပၚမွာ ခံစားခ်က္ေတြစစ္မွန္ခဲ့ရင္ သူသာ သာမာန္အသိစိတ္ကိုျပန္ရမည္ဆိုပါက ႏ်ဴးက ေသခ်ာေပါက္ သူ႕ကိုယ္သူဆိုး႐ြားသည့္အျပစ္ဒဏ္မ်ိဳးေပးမွာျဖစ္သည္။ ႏ်ဴးသည္ ျမင္ရသည္ထက္ ပို၍မာေက်ာေသာစိတ္ဓာတ္႐ွိသည္။

႐ွန္းဝူပိူင္၏မ်က္ႏွာက ေနာင္တတရားတို႔ႏွင့္ ရင္းႏွီးေနသည့္လူတေယာက္ႏွယ္ျဖစ္ေန၏။

“ ထိန္းခ်ဳပ္ခံထားရတဲ့ ႏ်ဴးက အ႐ုပ္တစ္႐ုပ္လိုျဖစ္လာတယ္။ အဲ့တာကိုေျဖလိုက္ရင္ သူငါ့ကိုမုန္းသြားလိမ့္မယ္လို႔ ငါသိေနခဲ့တာမို႔ ငါေျဖမွာမဟုတ္ဘူး။ ဒါေပမဲ့ ေလာင္ရဲ႕… …မက္မြန္သခင္ကေတာ့ သူ႕နတ္ဝိညာည္ကိုစေတးခံ သုံးၿပီး ႏ်ဴးရဲ႕တကယ့္ပင္ကိုယ္စိတ္ကို ျပန္ႏိုးေစလိုက္တယ္။

ငါလိုက္မမွီလိုက္တဲ့အတိုင္း အရာအားလုံးျဖစ္ပ်က္ကုန္တယ္။ ႏ်ဴးက ငါ့ကို ခါးခါးသီးသီး မုန္းသြားတယ္။ အဲ့ဒီထက္ဆိုးတာက သူ႕ကိုယ္သူ မုန္းတာပဲ။ မင္းကိုလုပ္ခဲ့မိတာေတြ သူအကုန္မွတ္မိတဲ့အလား မင္းကိုပါ ထပ္ေတြ႕ဖို႔မႀကိဳးစားေတာ့ပဲ သူ႕ကိုယ္သူ အဆုံးစီရင္ပစ္ခဲ့တာ..။ “

ေနာက္ဆုံးတြင္ေတာ့ ယြင္းရန္သည္ မိမိကိုယ္မိမိပင္ ျပန္ကာအျပစ္တင္မိခ်င္ေတာ့၏။ သူ ထိုအခ်ိန္က ႏ်ဴး၏စိတ္ကိုေဖာက္မျမင္ႏိုင္ခဲ့ပဲ အေပၚယံႏွင့္သာ ႏ်ဴး၏ရင့္သီးေသာစကားလုံးမ်ားကို အမွန္ထင္ၿပီး ၿပိဳလဲခဲ့ရသည္။ ခ်စ္ခဲ့မိလြန္း၍သာ အမုန္းတရားဟူေသာစကားကို ထပ္တလဲလဲသူေျပာေနမိမွန္း သူသိေနပါရက္နဲ႔ ယခုသူ႕ေဘးတြင္႐ွိေနခဲ့သည့္ ခ်ီယြမ္တျဖစ္ ႏ်ဴးကိုပင္ ထပ္မံကာသူ နာက်င္ေစခဲ့ျပန္သည္။ ႏ်ဴးကေတာ့ သူ၏မွတ္ဉာဏ္မ်ားပင္ မ႐ွိေတာ့သည့္အခ်ိန္မွာေတာင္ သူ႕ကိုသေဘာက်ေနခဲ့ေသး၏။ သူကေတာ့ အခ်ိန္တိုင္းသာ တြန္းထုတ္ေနခဲ့မိၿပီး မိမိအတၱတို႔ကိုသာ ေ႐ွ႕တန္းတင္ခဲ့သည္။

*ဝုန္း…!!!*

ယြင္းရန္သည္ စိတ္ထိန္းမရသည့္အဆုံး ႐ွန္းဝူပိုင္ေ႐ွ႕႐ွိ ေက်ာက္သားျဖင့္လုပ္ကာထားေသာ စားပြဲခုံေပၚသိူ႕ လက္သီးျဖင့္ထိူးခ်လိုက္ေလေတာ့သည္။ ေက်ာက္စားပြဲသည္ အစိတ္စိတ္အမႊာမႊာျဖစ္ကာ သူတို႔ေဘးပတ္ပတ္လည္သို႔ လြင့္စင္ကုန္ၾကသည္။ ႐ွန္းဝူပိုင္ကေတာ့ ဘာမွမေျပာပဲ ရပ္ၿမဲအတိုင္း ရပ္ေနဆဲပါပင္။ ယြင္းရန္က ႐ွန္းဝူပိုင္ကိုေစ့ေစ့ၾကည့္ၿပီးတဲ့ေနာက္ သူ႕အားေက်ာခိုင္းလိုက္သည္။

“ မင္း သူ႕ကိုမရေစရဘူး။ ၿပီးေတာ့ မင္းသာသူ႕ကိုခ်စ္တယ္ဆိုရင္ မင္းဘယ္ေတာ့မွ သူ႕မွတ္ဉာဏ္ေတြျပန္ရေအာင္ မကူညီသင့္ဘူး။ သူထပ္ၿပီး နာက်င္မွာကို မင္းကဂ႐ုမစိုက္ပဲ မင္းရခဲ့တဲ့ေနာင္တတရားကိုပဲ မင္းကခြင့္လႊတ္ခံဖို႔ တကိုယ္ေကာင္းဆန္ေနတာ။ အဲ့တာေၾကာင့္ သူ႕ရဲ႕ခြင့္လႊတ္မႈကို မင္းဒီေနရာမွာပဲ မင္းတဘဝလုံးထိုင္ေစာင့္ေနလိုက္….”

ယြင္းရန္သည္ သူ၏ကိုယ္ခႏၲာအား ခ်က္ခ်င္းပင္ အခိုးအေငြ႕သဖြယ္ေျပာင္းလဲကာ ထိုေနရာမွေပ်ာက္ကြယ္သြားေတာ့သည္။ ႐ွန္းဝူပိုင္ကေတာ့ အသက္ပင္မ႐ွိေတာ့သည့္ လူတေယာက္ႏွယ္ ထိုေနရာတြင္ မလႈပ္႐ွားပဲ ရပ္တန္႔ေနေလေတာ့၏။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နည္းနည္း ၾကာသြားလို႔ ႏွစ္ပိုင္းတခါတည္း up ေပးထားပါတယ္ 😁😁❤

Olvasás folytatása

You'll Also Like

382K 51.1K 59
Author(s): 很是矫情 English translator: Butterfly's Curse English title: Quick Transmigration Cannon Fodder's Record of Counterattacks Original name: 快穿...
659K 78.1K 200
Book-1 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
7.9K 695 83
မိုးကောင်းကင်အားချုပ်ကိုင်ခြင်း pageလေးကိုလည်း Likeလုပ်ပေးကြပါဦးနော်
6.5K 716 71
သူနိုးလာသောအချိန်၌ သူနေထိုင်ရာကမ္ဘာကြီးသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူတက်ရောက်နေသောကျောင်းသည် မှော်ပညာကျောင်းတစ်ခုအဖြစ် ပြောင်းလဲသွားခ...