နွေဦးသည် နောက်တစ်ဖန်
Por Sparkle_Shoon
85.8K 6.8K 412
ပျော်ရွှင်မှု၊အလှတရားတွေနဲ့ အရာအားလုံး အသစ်တစ်ဖန် စတင်တဲ့အချိန်ကို နွေဦးလို့သတ်မှတ်ကြပါတယ်။ နွေဦးဆိုတာ ပြော... Más
အမှာစာ
Chapter (1)
Chapter (1) Zawgyi
Chapter (2)
Chapter (3)
Chapter (3) Zawgyi
Chapter (4)
Chapter (4) Zawgyi
Chapter (5)
Chapter (5) Zawgyi
Chapter (6)
Chapter (6) Zawgyi
Chapter (7)
Chapter (7) Zawgyi
Chapter (8)
Chapter (8) Zawgyi
Chapter (9)
Chapter (9) Zawgyi
Chapter (10)
Chapter (10) Zawgyi
Chapter (11)
Chapter (11) Zawgyi
Chapter (12)
Chapter (12) Zawgyi
Chapter (13)
Chapter (13) Zawgyi
Chapter (14)
Chapter (14) Zawgyi
Chapter (15)
Chapter (15) Zawgyi
Chapter (16)
Chapter (16) Zawgyi
Chapter (17)
Chapter (17) Zawgyi
Chapter (18)
Chapter (18) Zawgyi
Chapter (19)
Chapter (19) Zawgyi
Chapter (20)
Chapter (20) Zawgyi
Chapter (21)
Chapter (21) Zawgyi
Chapter (22)
Chapter (22) Zawgyi
Chapter (23)
Chapter (23) Zawgyi
Chapter (24)
Chapter (24) Zawgyi
Chapter (25)
Chapter (25) Zawgyi
Chapter (26)
Chapter (26) Zawgyi
Chapter (27)
Chapter (27) Zawgyi
Chapter (28)
Chapter (28) Zawgyi
Chapter (29)
Chapter (29) Zawgyi
Chapter (30)
Chapter (30) Zawgyi
Chapter (31)
Chapter (31) Zawgyi
Chapter (32)
Chapter (32) Zawgyi
Chapter (33)
Chapter (33) Zawgyi
Chapter (34)
Chapter (34) Zawgyi
Chapter (35)
Chapter (35) Zawgyi
Chapter (36)
Chapter (36) Zawgyi
Chapter (37) ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်လွှာ
Extra
Chapter (2) Zawgyi
700 18 0
Por Sparkle_Shoon
အိမ်ကိုရောက်ရောက်ချင်း သူသယ်လာမိသည့် အမှိုက်များကို အမှိုက်တောင်းထဲသို့ပစ်မိသည်။ ပီကေခွံတွေရယ်၊ချောကလက်မုန့်တွေအပြင် ဘာမှန်းမသိသည့်မုန့်ခွံများ...
သူခေါင်းခါမိသည်။ စားတာကိုက ကလေးမုန့်တွေ။
သူက ကလေးသာသာလေးနဲ့ ရန်ဖြစ်ခဲ့မိတာပဲ။
သူအိမ်ထဲဝင်တော့ အန်တီသစ်သစ်ကို မတွေ့ရ။ သူ၏ရှင်းလင်းပြတ်သားလှသော သဘောထားကို အန်တီသစ်ကနားလည်ဟန်တူသည်။ သူသည် သက်ပြင်းသာချမိပါတော့သည်။
လွန်ခဲ့သော ၈လလောက်တည်းက သူ့ကိုရှောင်ခွာနေသည့် ဓနသိုက်။ ချစ်သူရည်းစားတွေမှာဖြစ်တတ်သည့် ကတောက်ကဆပဲမို့ သူသည်အရာအားလုံးပြန်ပြင်ဆင်ဖို့ကြိုးစားခဲ့သည်။ သူ့အမှားတွေရှိမယ်ဆိုရင် ပြင်ပေးမည်။ ငယ်သူငယ်ချင်းလည်းဖြစ်သည့်အပြင် နှစ်ဖက်မိဘတွေကပါသဘောတူထားသည့် သူတို့မင်္ဂလာပွဲ။ လက်ထပ်ကာနီးမှ ပြန်စဉ်းစားလိုတဲ့ အရိပ်ယောင်တွေပြတာကို တစ်ဘဝလုံးစာအတွက်မို့ သူနားလည်ပေးခဲ့တာပါပဲ။ ဓနသိုက်မကြိုက်သည့် အကျင့်တွေကိုလည်း ပြင်ပေးမည်ဟု ဆုံးဖြတ်ခဲ့သည်။ သူတို့က လက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ချစ်သူတွေပဲလေ။
ဓနသိုက်ထွက်မသွားခင်ကအထိ သူတို့နှစ်ယောက်ကြားကအခြေအနေကို အဆင်ပြေအောင် ပြင်ဆင်နိုင်မည်ဟု ထင်ခဲ့သည်။ သူတို့နှစ်ယောက်လက်ထပ်ဖြစ်ကြမည်ဟု တရားသေတွက်ထားခဲ့သည်။
အစတည်းက တလွဲတွေဖြစ်နေတာပဲ။
ဓနသိုက်က ဘယ်တုန်းကမှ သူ့ကိုလက်မထပ်ချင်ခဲ့ဘူး။
"သားပြန်လာပြီ ဆယ်မင်းဆက်လေးလာသွားတယ်သားရယ် မေခင်ကပေးတဲ့လက်ဆောင်တွေလာပို့ပေးတာတဲ့... သားကသွားတာကြာနေလို့ မဟုတ်ရင်သားနဲ့ဆုံအုံးမှာကို"
အမေသည် သူဝယ်လာပေးသည့်အုန်းနို့ခေါက်ဆွဲကို ပန်းကန်ထဲလှယ်ထည့်နေသည်။ စားပွဲပေါ်တင်ထားသည့် အထုတ်ပေါင်းများစွာကို သူဝေ့ဝဲကြည့်မိသည်။
"ဆယ်မင်းဆက်လား"
"ဟုတ်ပါ့သားရယ် အမေလည်းမတွေ့ရတာကြာပြီရယ် ဆယ်လေးကဆေးကျောင်းပြီးဖို့ နောက်ဆုံးနှစ်ပဲကျန်တော့တာတဲ့"
"ဒီကောင်လေးတော်သားပဲ"
ထိုကလေးနှင့်သူ မတွေ့ရတာဆယ်နှစ်ကျော်ပြီဖြစ်သည်။ အခုချိန်ဆိုဘယ်လိုရှိနေမှန်းသူမမှန်းတတ်တော့။ သူကလည်းသူပါပဲ အန်တီသစ်ကိုရှောင်ချင်လို့လက်ဖက်ရည်ဆိုင်မှာခဏထိုင်နေလိုက်တာ လွဲသွားပုံပဲ။
"ဆယ်လေးက အခုကျအနေစိမ်းသွားပုံပဲ။ ငယ်ငယ်ကတော့ အိမ်လာရင်ကိုကို၊ ကိုကိုနဲ့သူ့အသံချည်းပဲ"
"ဟုတ်ပါ့ ကျွန်တော့်ကိုတအားကပ်တာလေ"
အိမ်လာရင် ဂိမ်းစက်အတူဆော့ပေးဖို့ သူ့ကိုဂျစ်တိုက်ခဲ့သည့်ကောင်လေးကို ဦးလေးထွန်းကအစ သူတို့တစ်အိမ်လုံးက ဝိုင်းပြီးချစ်ကြသည်။ အန်တီမေခင်ကတောင် သိပ်အလိုမလိုက်ဖို့ တားယူရသည်အထိ။ စကားတတ်လွန်းပြီး "ကိုကိုကသားကိုမချစ်တော့လို့လား၊ အန်တီနုကသားကိုမချစ်တော့ဘူးလား" စကားနှင့်
တစ်အိမ်လုံးကို အလိုမလိုက်လိုက်ချင်အောင် ပြောတတ်တဲ့ကလေး။
ဆယ်မင်းဆက်ကို သူတင်သာမက ဓနသိုက်ကလည်း ချစ်သည်။ အငယ်ကလည်း ချစ်သည်။
အတိတ်တွေပြန်တွေးရင်း ကြည်နူးစွာပြုံးနေမိတဲ့သူဟာ ဆက်လာသည့်အတွေးတွေကြောင့် မျက်နှာပေါ်ကအပြုံးတွေပင် ရုတ်ချည်းရပ်တန့်ကုန်သည်။
အငယ့်ကိုပါ တွေးမိသွားချိန်မှာ မနေ့က ကျွဲလိုနွားလိုသောက်ခဲ့သည့် အရက်တွေ တစ်ဖန်အာနိသင်ပြန်ပြဖို့ ဆုတောင်းမိတော့သည်။
သူ့အမေထည့်ပေးသည့် မုန့်ဟင်းခါးအရသာသည် မည်သို့ပင်ရှိမှန်းမသိတော့။ သူ့အမေ၏ ဟိုဟိုသည်သည်စကားများကို အတင်းမနည်းအားစိုက်ကာ နားထောင်ရသည်။ သူသည် ဟန်ဆောင်သောနေရာမှာတော်ဟန်တူသည်။ သူ့အမေရှေ့မှာ ဟန်တစ်ချက်မပျက်ဘဲ သူ့အတွေးတွေကိုမေ့ချင်ယောင်ဆောင်ပစ်နိုင်သည်။
အခန်းထဲကို ရောက်ချိန်မှာတော့ သူဟန်ဆောင်ထိန်းမထားနိုင်တော့ပေ။ နေရာတိုင်းမှာရှိသည့် အမှတ်တရများစွာက သူ့ကိုသေလောက်အောင် နှိပ်စက်တော့သည်။
ဓနသိုက်ကို တွေးမိသည်။
အငယ့်ကို သတိရသည်။
အငယ်က သူညီအရင်းတစ်ယောက်လို ချစ်ရတဲ့သူ...
အငယ်လူ့လောကထဲကနေ ထွက်ခွာသွားသည့်အချိန်မှာ အသက်၁၉နှစ်ပဲရှိသေးတယ်။
သူ၏ ညီလေးတစ်ယောက်လိုချင်သော ဆန္ဒသည် လရိပ်ဦး ခေါ် အငယ်ဆိုသည့်ကလေး၏မိသားစု သူတို့ရပ်ကွက်ထဲပြောင်းလာချိန်မှာ ပြည့်ဝခဲ့သည်။ ရပ်ကွက်ထဲရှိ အိမ်အသေး၌ငှားရမ်းနေထိုင်ရသည့် အငယ်တို့မိသားစုသည် သိပ်ပြီးပြေလည်ကြသူတွေမဟုတ်ပေ။ အငယ့်အမေက ရပ်ကွက်ထဲ အဝတ်လျှော်သည်။ သူတို့အိမ်ကအဝတ်အစားတွေလည်းပါသည်။ အငယ့်မှာ ညီမတစ်ယောက်လည်းရှိသည်။
သူ့ထက် သုံးနှစ်ငယ်သောအငယ့်ကို ညီလေးအရင်းပမာသဘောထားခဲ့သည်။ အငယ့်ကို သူစာသင်ပေးသည်၊ စာကူကျက်ပေးသည်။ အငယ်လိုအပ်သော
အသုံးအဆောင်များကို သူထောက်ပံ့ခဲ့သည်။ သူ့အခန်းထဲကို အငယ်သည်တံခါးမရှိဓားမရှိ ဝင်ထွက်ခွင့်ရခဲ့သည်။ သူသွားလည်သည့် နေရာတိုင်းနီးပါး အငယ့်ကိုခေါ်သွားခဲ့သည်။ တဖြည်းဖြည်းနှင့်အငယ်ကသူ၏ညီလေးအရင်းနီးပါး ဖြစ်လာခဲ့သည်။
အငယ့်ပညာရေးကို သူလိုလေးသေးမရှိထောက်ပံ့ပေးသည်။ အငယ်ကဆယ်တန်းကို လေးဘာသာဖြင့်အောင်သည်။ အငယ်သည် သူနှင့်အတူ နည်းပညာတက္ကသိုလ်ကို လိုက်တက်ခဲ့သည်။
သူသည် ကိုယ့်ကိုယ်ကိုယ် အစ်ကိုကောင်းတစ်ယောက်လို့ အမြဲတွေးထင်ခဲ့တာဖြစ်သည်။ အငယ်အပေါ် သူအစ်ကိုတစ်ယောက်အနေဖြင့် တာဝန်ကျေနိုင်အောင်လည်းအမြဲကြိုးစားခဲ့သည်။
အငယ်ကသူချစ်ရတဲ့ညီငယ်လေး။
နောက်ပိုင်းမှာ အငယ်ကသူ့ကိုရှောင်ဖယ်လာသည်။ သူနှင့်မတွေ့အောင် တမင်တကာရှောင်နေသည့်အငယ့်ကို သူ့စကားနားမထောင်သည့်အငယ့်ကို သူစိတ်ဆိုးဒေါသထွက်ခဲ့သည်။ ပြဿနာရှိလျှင် သူ့ကိုဖွင့်ပြောတိုင်ပင်စေချင်သည်။ သူကူညီဖြေရှင်းပေးမှာပေါ့။
ထိုနေ့က အငယ့်ကို အိမ်လာဖို့ သူအမိန့်ပေးခဲ့သည်။ အငယ်ကြိုက်တဲ့ကြက်ကြော်ကိုဝယ်ထားပြီး သူစောင့်နေခဲ့သည်။ အငယ့်ဆီမှာရှိတဲ့ပြဿနာကိုသေချာလေးမေးပြီး အရင်လိုပြန်ပြေလည်အောင်ကြိုးစားမည်ဆိုသည့် အတွေးတွေနှင့်။
အငယ်သည် သူ့မေးခွန်းကိုဘယ်တော့မှ
မဖြေနိုင်တော့ပေ။
အငယ်သည်ကားအက်စီးဒန့်ဖြင့် ဆုံးပါးသွားသည်ဆိုသောသတင်းကသာ သူ့ဆီရောက်လာသည်။ အငယ့်နာရေးမှာ သူတစ်လျှောက်လုံးမျက်ရည်ကျမိသည်။ အညွန့်တွေများစွာ အနာဂတ်တွေများစွာနှင့်
လူငယ်လေးတစ်ယောက်မို့ လူအားလုံးကနှမြောတသဖြစ်ကြသည်။ သေခြင်းတရားသည် သူတို့ကိုဘာမှအသိမပေးဘဲ သူတို့ချစ်ရသည့်လူကိုမျက်စိတမှိတ်အတွင်း ဆွဲခေါ်သွားသည်။
သူလိုချင်သည့် အဖြေကိုအငယ်ဆုံးပါးပြီးနောက်ပိုင်း၌ အငယ့်ဒိုင်ယာရီကိုဖတ်ပြီး သူသိလိုက်ရပါ၏။
အငယ်သည် သူ့ကိုချစ်နေခဲ့သည်ပဲ။
အစ်ကိုတစ်ယောက်လိုမဟုတ်ဘဲ သဘောကျပြီးချစ်နေခဲ့တာ။
သူ၏လိင်စိတ်တိမ်းညွတ်မှုက ယောက်ျားလေးဖြစ်မှန်းသိတော့လည်း အငယ်ကပျော်နေခဲ့တယ် တဲ့။
သူ့ဘက်ကကောင်းပေးတိုင်းမှာ မျှော်လင့်ချက်တွေနှင့်ပျော်ရွှင်နေခဲ့ပြီး ညီလေးတစ်ယောက်လိုချစ်တာမှန်းသိနေခဲ့သည့် နေ့ရက်တိုင်းမှာလည်း ငရဲတမျှသောစိတ်ဒုက္ခကို ခံစားခဲ့ရသည်ဆိုသည့် အကြောင်းတွေ အငယ့်ဒိုင်ယာရီတွင် ရေးထားလေသည်။
သူက သူ့ကိုယ်သူအစ်ကိုကောင်းတစ်ယောက်လို့ အမြဲထင်ခဲ့တာ။ အငယ့်စိတ်ရင်းကို အမှန်တိုင်းမမြင်နိုင်ခဲ့ဘူး။ သူကအငယ့်ကိုမျှော်လင့်ချက်အမှားတွေ ပေးပြီး နှိပ်စက်ခဲ့မိသည်။ သူ၏မရင့်ကျက်မှုတွေကြောင့် အငယ်ကအများကြီးစိတ်ညစ်ခဲ့ရလိမ့်မည်။
သူသာစောစောသိခဲ့ရင် အငယ် သူ့ကိုလက်လွှတ်နိုင်အောင် သူဖျောင်းဖျနိုင်အုံးမှာပဲ။ ဒါမှမဟုတ် အငယ့်ကိုအဝေးကနေပဲ ကူညီနိုင်အောင် ကြိုးစားခဲ့မှာ။
အခုတော့ သူ့မှာဘာပြင်ဆင်နိုင်ခွင့်မှ မရှိတော့ဘူး။
သူ့ကို ဓနသိုက်ထားသွားပြီးသည့်နောက်မှာ သူ့ဘဝက လုံးဝကိုကပြောင်းကပြန်ဖြစ်သွားသည်။ အရင်ကနောင်တရစရာတွေကို ပြန်သတိရသည်။ အတိတ်ကနာကျင်စရာတွေကိုပါ သတိရလာသည်။ အငယ့်ကိုပါ တွေးမိချိန်တွင် သူဘယ်လိုမှတောင့်ခံလို့မရတော့ပါချေ။
သူက အချစ်နဲ့မထိုက်တန်လို့လား ဒါမှမဟုတ် သူ့အချစ်ကမှားယွင်းနေလို့ပဲလား။ သူကချစ်ပေးပေမဲ့ တစ်ဖက်လူအတွက်ကပင်ပန်းစရာတွေ ဖြစ်နေခဲ့သည်။
ဓနသိုက်ကို သူသိပ်ချစ်ခဲ့ပါသည်။ ငယ်သူငယ်ချင်း၊ အချစ်ဆုံးသူငယ်ချင်းဆိုသည့် ကြိုးတွေအပြင် ချစ်သူဆိုသည့်ကြိုးတွေပါထပ်ပေါင်းလို့ သူတို့နှစ်ယောက်၏အချစ်က သိပ်ကိုခိုင်မာသည်ဟု သူတွေးထင်ခဲ့ပါသည်။ ဘဝသက်တမ်း၏တစ်ဝက်နီးပါး အတူရှိခဲ့သူနှင့် ဘဝနောက်ဆုံးအချိန်ထိအတူရှိနိုင်လိမ့်မည်ဟု သူသွေးနားထင်ရောက်နေခဲ့မိသည်။
ရောထွေးနေသော မှတ်ဥာဏ်တွေထဲကသူများသည် သူ့ဘေးနားမှာမရှိတော့သည့်သူများသာဖြစ်သည်။ နောင်တတရားတွေနှင့် နာကျင်မှုတွေပဲ သူ့ဆီမှာကျန်ရစ်သည်။
ဘဝမှာ အနိမ့်အမြင့်အတက်အကျမျိုးစုံ ကြုံရနိုင်သည်။ မျိုးစုံသောဖြစ်ရပ်များသည် ဘဝမှာ မလွဲမရှောင်သာကြုံတွေ့ရမည်များသာ။ ထို့အတူ အရာအားလုံးပြိုကွဲပျက်စီးသွားပါသော တုန်လှုပ်မှုအပြင်းစားများလည်း ကြုံတွေ့ရနိုင်သည်။ တည်ဆောက်ထားခဲ့သည့်အရာတွေကအောက်ခြေကနေစပြီး အကုန်လုံးပြိုကျပျက်စီးသွားသလိုမျိုး၊ အပျက်အစီးများကြားထဲမှာပဲ ကျန်ခဲ့ရတဲ့အဖြစ်တွေ။ ထိုအရာတွေက ကောင်းဖို့အတွက်ဖြစ်လာခြင်းဟုဆိုကြသည်။ အသစ်တစ်ဖန်ပြန်စတင်နိုင်ဖို့ ပိုကောင်း
သည့် အခြေအနေရောက်ဖို့ အခြေမခိုင်သည့်အရာ၊ မကောင်းသည့်အရာတွေက ပျက်စီးဆုံးရှုံးသွားရခြင်း။
ပိုကောင်းသောအရာတွေ ဘယ်ချိန်ဖြစ်လာမလဲ သူမသိ။ လက်ရှိချိန်မှာတော့ လုံးဝတောင့်မခံနိုင်တော့ဘူး ဆိုတာပဲသိသည်။
နေ့နေ့ညည တစ်လှည့်စီနှိပ်စက်နေသော ဝေဒနာတို့က အမျိုးအစားစုံလွန်းလှသည်။ သူ့ကိုသေလောက်အောင် ညှဉ်းပန်းနေသည့် အမှတ်တရတွေက နည်းနည်းနောနောမဟုတ်။ အသက်ရှူကျပ်ရသည်အထိ တစ်ရစ်ရစ်ဖြင့်ဝါးမျိုနေသည်။
ဓနသိုက်သူ့ကိုထားပြီးထွက်သွားတာ ငါးလရှိပြီဖြစ်သည်။ အခန်းထဲ၌ ထောင်ထားသည့်ဓာတ်ပုံများကိုပင် သူလွှင့်မပစ်နိုင်သေးပေ။ ချစ်သောသူနှင့်လမ်းခွဲရခြင်းသည် ရင်ကွဲနာများ စိတ်ဒဏ်ရာအမျိုးအစားများထဲတွင် အဆိုးဆုံးဘယ်နေရာလောက်မှာ ရှိနိုင်သလဲ။ ချစ်ခဲ့သလောက် ဆတူပြင်းထန်သော ဒဏ်ရာဒဏ်ချက်များ။
အချစ်တစ်ခု၏ အဆုံးသတ်သည်ကားဤသို့နှယ်။
..................................................................
နောက်ဆုံးစာမေးပွဲ ဖြေပြီးသောနေ့။ Practical ဖြေရန်လိုသေးသော်လည်း ကြားထဲမှာတစ်လနီးပါးအချိန်ရှိသည့်ဒီစာမေးပွဲက စိတ်ပူစရာမဟုတ်ပေ။ ဆယ်မင်းဆက်အပါအဝင် သူငယ်ချင်းတွေအကုန်လုံး အခုမှသာအသက်ဝဝရှူနိုင်တာ ဖြစ်သည်။ အခုဆိုသူတို့အကုန်လုံး Final Part 1ပြီးပြီဟု ပြောလို့ရသည်။
ထုံးစံအတိုင်း သူ၏ bar ALWAYS မှာပဲ စုဖြစ်ကြသည်။ စိတ်လက်ပေါ့ပါးကာ အပူအပင်မရှိသော သူတို့လူတစ်စုသည် သက်ဝင်တောက်ပနေသော ပတ်ဝန်းကျင်ကြောင့် စိတ်ရောကိုယ်ပါအနားရနေကြသည်။ 
ထက်သူတစ်ယောက်ကလွဲလို့။
ထက်သူကိုသူ့ကောင်မလေးက စာမေးပွဲမတိုင်ခင်ဖြတ်သွားသည်။ မှတ်မှတ်ရရ
ဆယ်မင်းဆက်အဖြတ်ခံရပြီး နောက်တစ်နေ့ပင်။ Final examဆိုတဲ့အသိကို မြဲမြဲကပ်လို့ ထက်သူခမျာ အသည်းကွဲရမှာတောင် ရက်ရွှေ့ထားခဲ့လေရာ ဒီနေ့ကစပြီး ဒီကောင်အတည်တကျအသည်းကွဲတော့မှာ ကြိုမြင်ယောင်နေပြီ။
"အရမ်းခံစားရတယ်ကွာ မင်းတို့အသိပါ ငါသဲကို ရအောင်ဘယ်လိုလိုက်ခဲ့ရသလဲ။ ဒုတိယနှစ်က သူဘောလုံးအသင်းကတစ်ယောက်ကိုcrushပြီး ကြက်ခြေနီအသင်းထဲဝင်တော့ ငါ့မှာဘာမှဝါသနာမပါဘဲ ဘောလုံးအသင်းထဲရအောင်ဝင်ခဲ့တာ"
"အရန်အနေနဲ့ တစ်ခါလေးပဲပွဲမှာကန်ဖူးတာလည်း ထည့်ပြောအုံး"
သူရိန်မင်းလွင်က ကြားကနေ
ဝင်ထောက်သည်။ ဆယ်မင်းဆက်မှာ ထိုအချိန်က ထက်သူတစ်ယောက်ဘောလုံးကို ကျွမ်းကျင်အောင်မကန်တတ်ဘဲ တလွဲလုပ်ခဲ့သည်များကို ပြန်စဉ်းစားရင်းရယ်ချင်လာသည်။
"လေ့ကျင့်ရင်းလူထိလိုက် ချော်လဲလိုက်နဲ့ ဒဏ်ထိတာလည်းခဏခဏပဲလေ တမင်သက်သက်သွားဒုက္ခခံတာ ဟိုကသူ့ကို အရေးလုပ်တာတောင်မဟုတ်ဘူး"
"မင်းတို့မနှောင့်နဲ့ကွာ"
အရက်ခွက်ကိုချရင်း ထက်သူကဒေါသသံနှင့် လှမ်းအော်သည်။ အသည်းကွဲနေတာကိုသူတို့ဆက်အနိုင်မကျင့်ရက်တော့တာမို့ နှစ်ယောက်လုံးပါးစပ်ပိတ်လိုက်ကြသည်။
"မိုးသောက်ကြယ်ဆိုတဲ့ကောင်က ဘယ်ကမ္ဘာရောက်နေတာလဲ"
"သိတဲ့အတိုင်းပဲ မာမားဘွိုင်းလေးက အိမ်ကထွက်မရလို့တဲ့ လာမယ်လို့အာချောင်ထားပြီးတော့"
"ငါတို့ ဒီတစ်နှစ်လုံးကျောင်းကခရီးသွားတာကို အကြောင်းပြပြီးဒီကောင့်ကို သင်ပေးတာတောင်အခုထိ မပြောင်းလဲသေးဘူး"
အမှန်တော့ သူတို့အားလုံးပေါင်းပြီး မိုးသောက်ကြယ်ကို အကျင့်ဖျက်ပေးလိုက်ကြခြင်းသာ။ ဒါကိုအခုထိ night outခဏလေးနေဖို့ကို မလွယ်ကူသေး။ ဆယ်မင်းဆက်ကိုယ်ချင်းစာသည်။ သူလည်းအခုထိ မာမီ့စကားကို မလွန်ဆန်နိုင်သေးသောကြောင့်ပင်။
"ငါတော့ Pathoကသေချာပါ့မလားမသိဘူး SQမရလို့ CQကိုအားကိုးတာ ဘာတွေမေးမှန်းလဲမသိဘူး"
"ငါလဲ လျှောက်ခြယ်ခဲ့တာပဲ ငါအောင်ပါ့မလားမသိဘူး"
"ခွေးစကားတွေမပြောနဲ့ထက်သူမင်းclass workလည်းပြည့်တယ်လေ class workမပြည့်တဲ့ငါကပူရမှာ"
သူရိန်မင်းလွင်နှင့်ထက်သူ သတ်နေတာကို ဆယ်မင်းဆက်ကြည့်ပဲကြည့်နေလိုက်သည်။ ဆိုင်အခြေအနေကိုလည်း သူလှမ်းcheckရသေးသည်။ ဒီနေ့တော့ unplugged showမရှိ။ မဟုတ်ရင် သူဒီလိုအေးအေးဆေးဆေးထိုင်နေလို့မရပေ။
"ဆယ်မင်းဆက်က တစ်လျှောက်လုံးသိပ်မလောင်ဘူးနော် ငါတို့လိုမဟုတ်ဘူး"
"မလောင်ဘူးလေ ငါကကျူရှင်လဲပုံမှန်တက်တယ် class workလဲပြည့်တယ်...အေးဆေးပဲ"
စည်းလွတ်ဝါးလွတ် လွတ်လပ်မှု၏နောက်မှာကပ်ပါလာသော တာဝန်ယူမှုအကြောင်းကို ဆယ်မင်းဆက်သည်ဒုတိယနှစ်နှင့်တတိယနှစ်မှာ အီစိမ့်နေအောင်ခံရပြီးနောက်တွင် သင်ခန်းစာရပြီ။ တစ်နှစ်လုံးစာမလုပ်ဘဲ အလေလိုက်ပြီးလျှင် အမှတ်တွေဟိုမပြည့်သည်မပြည့်နှင့်တစ်နှစ်တစ်တန်းမှန်မှန်အောင်ဖို့ ဇွတ်ရုန်းကန်ခဲ့ရသည့်နေ့ရက်တွေ ထပ်ပြီးမရောက်ချင်တော့။ ဒါကြောင့်နှစ်စတည်းက ပုံမှန်အတိုင်းလေးစာလုပ်ခဲ့ပြီး အပျော်အပါးကိုနောက်ပို့ထားခဲ့ခြင်းဖြစ်သည်။ RFT ထွက်လိုက် ခရီးတွေသွားလိုက်နှင့်တောင် ကျောင်းစာနှင့်RCကိုမလစ်ဟင်းရအောင် သူလုပ်နိုင်ခဲ့သည်။
သူ့စိတ်ထဲမှာ ကျေနပ်အားရခြင်းတွေပဲရှိသည်။ ပြီးခဲ့သည့်နှစ်တွေမှာ Suppleထိခဲ့ပြီးစိတ်ထဲတနုတ်နုတ်ဖြစ်ခဲ့တာတွေနှင့် နောင်တတွေက အခုမှကျေလည်ပြေပျောက်သွားသည်။
ဆယ်မင်းဆက်သည် အရက်ဖန်ခွက်ကိုသာသာလေးလှုပ်ရမ်းလို့သောက်နေသည်။ ဆိုင်အတွင်းပိုင်း မှိန်ဖျော့နေသောမီးရောင်အောက်မှာရှိနေသော်ငြား သူ့မျက်လုံးများကတော့ တောက်ပစူးရဲလျက်ရှိသည်။ မလှမ်းမကမ်းဝိုင်းမှကောင်မလေးတစ်ယောက်သည် သူနှင့်အကြည်စိုက်နေသည်။ သူသည် ထိုမိန်းကလေးကို ခပ်ရေးရေးလေးပြုံးပြလိုက်သည်။
"ရည်းစားနဲ့ပြတ်တာတောင် မလောင်အောင်ကောဘယ်လိုကြိုးစားလဲကွာ မင်းလိုမျိုး play boyဖြစ်မှရမှာလား"
ထက်သူစကားကြောင့် ဆယ်မင်းဆက်ချဉ်သွားတယ်။ ဘလိုင်းကြီးလာတိုက်ခိုက်နေတာပဲ။
"ဟုတ်တယ်သူ့လိုမျိုး နှလုံးသားမရှိမှရမှာ..."
သူ့ကိုဆက်ဖဲ့လာသော သူရိန်မင်းလွင်ဘက်လှည့်ဆဲမည်အပြု သူရိန်မင်းလွင်က
"မှန်တာပြောတာမနာနဲ့" လို့ အရင်လှမ်းပက်လေ၏။
သူဘာမှမတတ်နိုင်ဘူးဆိုတဲ့ ရုပ်သာလုပ်ပြနိုင်သည်။
ရည်းစားများတာ တစ်နည်းပြောရရင်တစ်ယောက်ပြတ်တာနှင့် နောက်တစ်ယောက်တွဲဖို့ လွယ်ကူနေတာကြောင့်ပဲ
ဆယ်မင်းဆက်ကplay boyဖြစ်ရသည်။ ကောင်မလေးတွေဘက်က သူ့ကိုအရင်ဖြတ်တာတွေကျ မမြင်ဘူးလား။
"ငါဘယ်သူ့ကိုမှ မကစားဖူးဘူး"
"ဘယ်သူ့ကိုမှလဲ အတည်မတွဲဘူးလေ"
ဆယ်မင်းဆက်သည် ခေါင်းကိုသာခါရမ်းပြလိုက်သည်။ စီးကရက်ကိုအားရပါးရရှိုက်ဖွာကာ အငွေ့များကိုဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်၏။ သူ့မျက်နှာထက်တွင်မထီမဲ့မြင်ပြုလိုဟန်များပြည့်နှက်နေသည်။ သူ၏ လျစ်လျူရှုတတ်သော မာနကြီးသောဗီဇသည် အတိုင်းသားပေါ်လွင်လို့နေ၏။ အရက်ခွက်ကိုပဲဆက်တိုက်မော့နေပုံက ပြောမရဆိုမရ သခင်လေးတစ်ပါးလိုမျိုး။
ဆယ်မင်းဆက်သည် သူရိန်မင်းလွင်စကားကို ထောက်ခံခြင်းလည်းမပြု ငြင်းဆန်ခြင်းလည်းမပြုမိ။
"မင်းငါ့ကိုမုန်းနေတာလား သူရိန်မင်းလွင် ငါဒီနေ့သောက်တာအတွက် ပိုက်ဆံယူလိုက်မှာနော်"
"ငါကမပေးခဲ့ရင် မင်းဘာတတ်နိုင်မှာလဲ"
"ငါကဖဲကြွေးဆိုပြီး အိမ်တိုင်ရာရောက်အကြွေးတောင်းမှာပေါ့"
"ငါကလဲ မင်းမာမီဆီ မင်းရည်းစားတွေထည်လဲတွဲနေတဲ့အကြောင်း သတင်းပေးမှာ"
ထိုစဉ်ထက်သူ၏ မချိမဆန့်အသံကြီး ထွက်ပေါ်လာသည်။
"တော်ပါတော့ ခွေးသူတောင်းစားတွေရယ် ငါအေးဆေးလေး အသဲကွဲပါရစေ ငါfeelပါရစေ နော်"
ထိုအခါမှ မျက်နှာချင်းဆိုင်ကြည့်ရင်း တစ်ယောက်တစ်လှည့်ကိုက်နေသည့် သူတို့နှစ်ယောက် ရပ်သွားခြင်းဖြစ်သည်။ ထက်သူအတွက် မျှော်လင့်ချက်မရှိတာတော့မဟုတ်။ ရွှေရောင်နှင့်ပြန်တွဲချင်ရင် "သောက်ကျင့်"ကိုပြင်လိုက်ရင် ရပြီ။ တကယ် အားရင်ပုလင်းထောင်ချင်နေသည့် အမြဲသောက်ချင်နေသော အကျင့်ကိုပြင်ရင်ရပြီ။ ဒါကိုမပြင်ဘဲ အခုထိဆက်သောက်နေသည်။
"ထက်သူ ပေါ့တီးပေါ့ပျက်တွေမလုပ်နဲ့ သေချာပြန်ချော့လိုက် ဒီညမူးမူးနဲ့လည်း ဖုန်းဆက်မနေနဲ့အုံး အဲကျမှဟိုက ရာသက်ပန်blockသွားမှာ"
ဆယ်မင်းဆက်သည် စီးကရက်ကိုခြေမွှ
ရင်း ထက်သူကိုလှမ်းသတိပေးလိုက်သည်။
"ငါသိပါတယ်ကွာ မင်းတို့လည်းသောက်နေတဲ့အကြောင်း my dayမတင်ကြနဲ့နော်"
သူရိန်ရော ဆယ်မင်းဆက်ရော ခေါင်းညိတ်ပြမှ ထက်သူသည် စိတ်ချလက်ချသောက်တော့သည်။
ဒါပေမဲ့ ထက်သူကံမကောင်းခဲ့။ သောက်ရင်းအရှိန်ရနေတုန်းမှာပဲ ရွှေရောင်ကဖုန်းဆက်လာသည်။ "နင်ဘယ်မှာလဲ မှန်မှန်ပြော"အစချီကာ "ဒီအတိုင်းဆိုနင်နဲ့ဘယ်လိုမှ မဖြစ်တော့ဘူး "ဆိုတဲ့စကားအထိပြောလေသည်။ ထက်သူတစ်ယောက် ပြူးပျာနေတော့သည်။
"ဘယ်မှမသွားပါဘူးသဲရယ် ကိုယ်အိမ်မှာပါ" ဆိုသည့်စကားကို မူးနေသည့်ကြားကပင် လိမ်၏။ ဒါပေမဲ့ ဖုန်းချသံနှင့်အတူ ထက်သူခုံပေါ်ကို အရုပ်ကြိုးပြတ်လဲသွားသည်။
"သဲကငါ့ကိုအတည်ပြတ်ပြီတဲ့ သူမိုးသောက်ကြယ်ကိုမေးပြီးပြီတဲ့ Alwaysမှာရှိတယ်လို့ အတိအကျပြောလိုက်တာတဲ့ ခွေးသားမိုးသောက်ကြယ် ငါ့ဒီကောင့်ကိုသတ်မယ်"
"စိတ်လျှော့ ထက်သူ ဟိုကဘာသိမှာလဲကွာ"
သူရိန်မင်းလွင်ကော ဆယ်မင်းဆက်ကောဖျောင်းဖျပါသည် မရပါ။ မိုးသောက်ကြယ်ကို ဖုန်းဆက်ဆဲသည်။ ဟိုကလည်းအခြေအနေမဟန်မှန်းသိတော့ ထက်သူဖုန်းကိုချပြီး စက်ပါပိတ်ထားသည်။ ရွှေရောင်ကတော့ ထက်သူဘယ်လိုဆက်ဆက်မကိုင်တော့ပေ။
စိတ်လွတ်သွားသော သူငယ်ချင်းကိုထိန်းရင်း ဆယ်မင်းဆက်ပါ သိပ်မသောက်ရဘဲ မူးလာသည်။ နောက်ဆုံးသူ ဖြစ်ချင်ရာဖြစ် နှစ်ယောက်လုံးကိုထားကာ ဘားကောင်တာဘက်သို့ထွက်လာလိုက်တော့၏။
ကောင်တာ၌ bartenderငြိမ်းကိုကမရှိ။ ဘားကောင်တာမှာ ထိုင်သောက်နေသည့်သူကလည်း တစ်ယောက်ပဲရှိသည်။
Martini တစ်ခွက်လောက်မှာမလို့ကို။
သူ့ဘာသာပဲ ဖျော်ရတော့မည်ထင်သည်။
Martini glassကိုကောင်တာထဲကထုတ်လိုက်သည်။
ဆယ်မင်းဆက်သည် ဂျူတီကုတ်ဝတ်ထားတဲ့အချိန်တွင် ဆွဲဆောင်မှုအရှိဆုံးလို့ ကိုယ့်ကိုယ်ကိုယ်ထင်သည်။ တချို့ကတော့ bartenderအနေနှင့်ဆို ပိုပြီးဆွဲဆောင်မှုရှိသည်ဟု ဆိုကြ၏။ ရှင်းသန့်နေသောမျက်နှာ၊ နတ်ဆိုးဆန်ဆန်အပြုံးနှင့် ဆယ်မင်းဆက်သည် ရောက်လေရာအရပ်မှာ နာမည်ကြီးသည်။ ဒီဆိုင်နာမည်ကြီးရတဲ့အကြောင်းရင်းထဲမှာ သူ့ကြောင့်လည်းတစ်စိတ်တစ်ဒေသပါဝင်၏။ ထို့ကြောင့်လည်း သူ့မှာတွဲစရာလူပေါများပြီး ရည်းစားရဖို့လွယ်ကူနေခြင်းဖြစ်သည်။ 
ဘားကောင်တာမှာ ထိုင်သောက်နေသူ၏ခွက်ထဲကို ဝီစကီလှမ်းထည့်ပေးလိုက်သည်။ ထိုသူနှင့် ဆယ်မင်းဆက်တို့မျက်နှာချင်းဆိုင်မိသွားသည်။ ထိုသူ့နားထင်နား ပါးစောင်ပေါ်ရှိအမှတ်နီလေး။ ထိုအမှတ်ရာလေးကိုမြင်လိုက်ချိန်တွင်ဆယ်မင်းဆက်သည် ထိုသူ့ကိုမှတ်မိလိုက်သည်။
လောကကြီးက တကယ်ကိုကျဉ်းကျဉ်းလေးပဲ။
အန်တီနုနုတို့လမ်းထဲမှာ သူနှင့်ရန်ဖြစ်ခဲ့သည့်သူဖြစ်သည်။
ထိုသူသည်လည်း သူ့ကိုမှတ်မိဟန်တူသည်။ ဘာမှတော့ပြောမလာ။
ဆယ်မင်းဆက်ဘက်ကလည်း ဘာမှပြောစရာမရှိပါ။ ထိုသူကအခုချိန်မှာတော့ ကိုယ့်ဆိုင် customerပဲလေ။
cocktailဖျော်နေစဉ်တစ်လျှောက်လုံး ထိုသူကဆယ်မင်းဆက်ကို မမှတ်မသုန်ကြည့်နေသည်။ နောက်ဆုံး သံလွင်သီးကိုတင်လိုက်သည့်အချိန်ထိ။ ထိုသူ၏မျက်နှာကျသည် ထင်ရှားပြီးတစ်ချိန်တည်းမှာ နူးညံ့သည်။ မျက်လုံးများကတော့ စူးရှတောက်ပြောင်လွန်းသည်။ သို့ပေမဲ့ပုံစံတစ်ခုလုံးကိုခြုံကြည့်ရလျှင် ဖော်ပြဖို့စကားလုံးတစ်လုံးသာရှိသည်။
စိတ်ဓာတ်ကျနေတဲ့ပုံ။
ပိုင်ဆိုင်သမျှလက်လွှတ်ဆုံးရှုံးထားရသလိုမျိုး အရာရာကိုအရှုံးပေးထားပါတဲ့ပုံစံ။
အိမ်ထောင်ရေးအဆင်မပြေလို့များလား။
"ငြိမ်းကို ငါဘော့စ်ကိုပြောပြီးပြီ"
ဆယ်မင်းဆက်အနောက်ကလာသည့်အသံက မန်နေဂျာကိုထိုက်မင်းဆွေအသံ။
ဒီနေရာမှာငြိမ်းကိုမှမရှိတာ။
"ငါမင်းအခြေအနေကိုသေချာပြောပြလိုက်တော့ သူကလစာကြိုမထုတ်နဲ့ပိုက်ဆံချေးပေးမယ်တဲ့ တစ်လငါးသောင်းပဲနှုတ်မယ်တဲ့ အဆင်မပြေလည်းသူ့ဆီကိုယ်တိုင်လာပြော ညှိပေးမယ်တဲ့"
ဒါတွေအကုန်လုံး ဆယ်မင်းဆက်ပြောလိုက်သည့်စကားများ။
ဆက်တိုက်စကားများနေသည့် ကိုထိုက်မင်းဆွေက သူဘယ်သူမှန်းသိပုံမပေါ်။ ကောင်တာထဲကပုလင်းကို ထုတ်ရင်းပြောချင်ရာဆက်ပြောသည်။  ဆယ်မင်းဆက်ကြောင်ကာ ရပ်ကြည့်နေမိသည်။
"အဲတာကောင်းတာပေါ့ငြိမ်းကိုရာ ငါမင်းအခြေအနေတွေအကုန်ပြောပြလိုက်တာ အဖေလည်းမရှိတော့ဘူး။ နိုင်ငံခြားသွားဖို့ပိုက်ဆံစုထားတာ အမေကရင်သားကင်ဆာဖြစ်တော့ ဆေးဖိုးသုံးလိုက်တာနဲ့ကုန်သွားတာ မင်းနေ့ခင်းသင်တန်းတက်ဖို့တောင်အဆင်မပြေဖြစ်နေတဲ့အကြောင်းကိုရောလေ ဘော့စ်ကအဲတာနားထောင်ပြီးတော့မှ သူပိုက်ဆံချေးပေးမယ်ဆိုတာထုတ်ပြောတာ"
"ကိုထိုက်မင်းဆွေ"
ဆယ်မင်းဆက်၏ အသံကြားတော့ ကိုထိုက်မင်းဆွေကြောင်သွားသည်။ ကိုထိုက်မင်းဆွေလက်ကိုဆွဲကာ ဆိုင်အနောက်ပိုင်းဘက်ကို ဆွဲခေါ်သွားလိုက်သည်။
"ဘောစ့်လား"
"ဟုတ်တယ်"
"ဆယ်မင်းဆက် အစ်ကိုတောင်းပန်ပါတယ်ကွာ အစ်ကိုတကယ်လူမှားသွားတာ စိတ်မဆိုးနဲ့နော်"
ကိုထိုက်မင်းဆွေသည် ချက်ချင်းတောင်းပန်ရတော့သည်။
မတောင်းပန်လို့လည်းမရ ပိုင်ရှင်နှင့်ဝန်ထမ်းကိုလူမှားရတယ်လို့။
"ရပါတယ်ဗျာ ခင်ဗျားမျက်မှန်ဘယ်မှာလဲမမြင်ရဘူးဆိုလည်း မျက်မှန်ကိုချွတ်မထားနဲ့လေ အကုန်တိုက်မိကုန်ရင် ပြဿနာပဲ"
"အစ်ကိုလည်း ဘေစင်မှာမျက်နှာသစ်တုန်းချွတ်ထားမိတာရယ် ပြီးတော့အနောက်ထဲခဏနားမိတာရယ် ပြန်ရှာမတွေ့တော့လို့ ကောင်တာမှာရှိတာငြိမ်းကိုမှတ်လို့ ဝမ်းသာအားရပြောလိုက်တာ အနောက်ကကြည့်တာ ဝါးတားတားနဲ့ဆိုတော့ ငြိမ်းကိုနဲ့တကယ်တူတယ်"
"ထားပါတော့ အခုတော့မျက်မှန်သာသွားရှာပါဗျာ...ခင်ဗျားနှယ်"
ဆယ်မင်းဆက် ခေါင်းခါမိတော့သည်။ သူ့ဘေးနားကလူအကုန် ကပေါက်တိကပေါက်ချာတွေ ဖြစ်နေတော့တာပဲ။
ညနှစ်ချက်ထိုးတော့ အိမ်ပြန်ဖို့ပြင်ဆင်သည်။ ကျောင်းဖွင့်လျှင် သည်လောက်ညနက်သည်ထိမနေ။ ည၁၁နာရီနောက်ဆုံးထားပြီးပြန်ရသည်။ ကျန်ညပိုင်းတာဝန်က အစ်ကိုထိုက်မင်းဆွေပဲကြီးကြပ်သည်။ မာမီကဒီထက်နောက်ကျလျှင် သူ့ဆိုင်ကိုပိတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသည်။ သူ့သူငယ်ချင်းနှစ်ယောက်ကိုတော့ ချော့မော့ပြီးသူပြန်လွှတ်လိုက်ရသည်။ နောက်နေ့ကျရင် clubသွားဖို့ပါချိန်းဆိုထားသည်။
မီးရောင်အောက်၌ လူအားလုံးကသူ့အာရုံနှင့်သူ။ ဆူညံသံတွေနှင့် ဆိုင်သည် တိတ်ဆိတ်နေသောပြင်ပပတ်ဝန်းကျင်နှင့်ဆန့်ကျင်ဘက်ဖြစ်စွာ သက်ဝင်စည်ကားလို့နေသည်။ သူသည်ထိုအရာကို သဘောကျသည်။ မီးအလင်းရောင်တွေက ညမှာပိုလှတာနေတာကို သူသဘောကျသည်။
ဆိုင်အပြင်ဘက်ကိုထွက်လာပြီးနောက် ဆိုင်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ အနက်ရောင်ဆိုင်းဘုတ်ပေါ်မှာ ပေါ်‌နေရာယူထားသည့် ALWAYS ဟူသောစာလုံး။ ဆယ်မင်းဆက်သည် ကျေနပ်နှစ်သက်မှုအပြည့်နှင့် ဆိုင်လေးကိုနောက်ဆုံးအကြိမ်ထပ်ကြည့်လိုက်သည်။
ဝေါ့
လူတစ်ယောက် ဆိုးဆိုးဝါးဝါးအန်ချသံ။
ဆယ်မင်းဆက်သည် အသံပိုင်ရှင်ကို လိုက်ရှာလိုက်သည်။
ဝေါ့
ဆိုင်အပြင်ဘက် ထောင့်အကွယ်မှာ ထိုးအန်နေသူကိုတွေ့လိုက်ရသည်။ လမ်းမီးတိုင် အလင်းကွယ်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော
သူ။ ဆယ်မင်းဆက်နှင့် ရန်ဖြစ်ခဲ့သည့် ထိုလူ။
"ခင်ဗျားအဆင်ပြေရဲ့လား"
ဆယ်မင်းဆက်သည် ထိုလူ၏နောက်ကျောကို ပွတ်ပေးလိုက်သည်။
သူ့ကိုကြည့်လာသည့် ထိုလူ့မျက်ဝန်းများသည် မျက်ရည်စတို့ကြောင့် စိုလက်နေသည်။ အန်ထားတာကြောင့် ဖြစ်မည်။
ဆိုင်ရှေ့မှာအန်ရတယ်လို့။ မသောက်နိုင်ဘဲ ဒီလောက်ရုပ်ပျက်ဆင်းပျက်သောက်ရသလား။
"ခင်ဗျားပြန်တော့မှာမလား"
ထိုသူက ခေါင်းကိုတွင်တွင်ညိတ်ပြသည်။ ခက်တာပဲ။ ဒီလူက ဆယ်မင်းဆက်မျက်လုံးထဲ သနားစရာကောင်းနေသည်။ စိတ်ညစ်လို့သောက်တယ်ဆိုရင်တောင် အရက်သောက်ရင် အတူတူသောက်ဖော်လိုသည်။
ဒီလူ့မှာဆိုင်အတူထိုင်ပေးမဲ့ ဘော်ဒါတောင်မရှိဘူးလား။
"ကျွန်တော်တက္ကစီငှားပေးမယ်"
ထိုသူကပလက်ဖောင်းပေါ်ထိုင်ကာ ခေါင်းငိုက်စိုက်ချရင်း သူ့ကိုစောင့်နေသည်။ ငှားလာတဲ့ကား နောက်တံခါးကိုဖွင့်ထားပြီး ထိုသူ့ကိုတွဲကာ ကားထဲအရောက်ပို့ပေးလိုက်သည်။
ထိုသူ၏မျက်လုံးထောင့်စွန်းသည် အရက်ရှိန်ကြောင့် နီစွေးနေပြီး မျက်လုံးအောက်ဘက်တွင်ရှိသည့် အမှတ်နီရာကြောင့်ရော ထိုနားတစ်ဝိုက်မှာ နီသွေးရောင်သည်ရောနှောလို့နေ၏။ သူဒီအမှတ်ကို ရင်းနှီးနေသလိုခံစားရသည်။
ထိုသူကအသိစိတ်လုံးလုံးပျောက်နေတာတော့မဟုတ်ပေ။ ဆယ်မင်းဆက်ကိုကြည့်ကာ ကျေးဇူးတင်စကားဆိုနိုင်သေးသည်။
"မလိုဘူးရတယ် အိမ်သာဖြောင့်အောင်ပြန်"
"ခဏ"
ကားတံခါးပိတ်တော့မည့် ဆယ်မင်းဆက်လက်ကို ထိုသူကဖမ်းဆွဲလာသည်။ ထို့နောက်ထိုသူက walletကိုဖွင့်သည်။ တစ်သောင်းတန်များကိုဆွဲထုတ်ပြီး ဆယ်မင်းဆက်လက်ထဲ ထည့်ပေးလာသည်။
"ကျေးဇူးတင်တယ်နော်ညီလေး ဒါ tipပေးတာ။ ဟိုနေ့ကညီလေးကိုလမ်းထဲမှာ အဖေမဆုံးမဘူးပြောမိတဲ့အတွက်လည်း ကိုယ်တောင်းပန်ပါတယ် ညီလေးကြိုးစားနော်"
ဆယ်မင်းဆက်လက်ထဲကိုရောက်လာသည့် ပိုက်ဆံခေါက်ရက်သားလေးကို ကြည့်မိသည်။
"ကျွန်တော် မဟုတ် ! "
တားချိန်တောင်မရလိုက်။ ထိုသူကကားတံခါးပိတ်သွား၏။ ကားသည်ဆယ်မင်းဆက်ရှေ့ကနေမောင်းထွက်သွားလေပြီ။
သူ့လက်ထဲမှာရှိနေတာက တစ်သောင်းတန်ငါးရွက်။
ရက်ရောလိုက်တာများ tipပေးတာတောင် ဒီလောက်အများကြီး။
ဆယ်မင်းဆက်သဘောပေါက်လိုက်သည်။
ထိုသူက သူ့ကိုငြိမ်းကိုလို့ထင်သွားတာပဲ။
ဆယ်မင်းဆက်မှာ ခေါင်းကိုဆွဲဖွရင်း ရေရွတ်မိတော့သည်။
ငါလူး !  ဒီနေ့အကုန်လုံးဘာဖြစ်နေကြတာလဲ !
Seguir leyendo
También te gustarán
1.5K 58 4
အရောင်စုံသော ချစ်ခြင်းတရားများအကြောင်း...
200K 18.4K 139
642K 103K 63
Zawgyi/Unicode ဘဝမှာ ​နေလာရင်း မုန်းမိတဲ့သူကိုရော ချစ်သွားနိုင်လား (တိမ်မင်း) လူတယောက် ကိုသာ မျှော်ငေးနေခြင်းကို ရှင်သန်မှုအဖြစ် မှတ်ယူနိုင်ခဲ့ဘူးသလာ...
107K 9.1K 36
2Moe Season 2 boy×boy own creation [ Zawgyi / Unicode ] "ကျွန်တော်ပြောတဲ့ အချစ်ဆိုတာ ပြန်ဖြေရတဲ့ မေးခွန်းတစ်ခု မဟုတ်ဘူး။ တစ်ခုတည်းနဲ့ ပြည့်စုံနေတဲ့...