The Deal With A Demon King

By HninAung913

130K 12.8K 931

မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... More

Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31**
Part 32
Part 33
Part 34
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57

Part 35

388 55 1
By HninAung913

Unicode Ver

ချီယွမ်သည် သူ၏ခြေလှမ်းများကို နှစ်ဆလောက်အထိ နှေးကွေးလျက်ပင် နန်းတော်မှ ထွက်လာခဲ့သည်။ ထိုကဲ့သို့ပြုမူရသည့် အကြောင်းအရင်းကို သူကိုယ်တိုင်လည်းမသိပါချေ။  သို့သော် နန်းတော်ရှိ ပေနှစ်ဆယ်နီးပါးမြင့်သော တံခါးမကြီးသည်ပင် သူထွက်သွားသည့်အချိန်တွင်တော့ သူနှင့်တခါမျှမရင်းနှီးဖူးခဲ့သည့် သူစိမ်းတယောက်နှယ် ပြန်ပိတ်သွားခဲ့သည်။

ဟုတ်သည်။ တကယ်ဆို နန်းတော်ဆိုတဲ့နေရာမျိုးက သူ့လို လူတန်းစားအတွက် ဘယ်တုန်းကမှ ဝင်ရောက်ဖို့မဖြစ်နိုင်ခဲ့တဲ့နေရာ။ သို့သော်လည်း နှမြောတသဖြစ်နေသည့်အတိုင်း သူသည် ထိုတံခါးမကြီးကိုသာ ပြန်လှည့်ပြီး မျက်နှာမူလျက် အတော်ကြာသည်အထိ မလှုပ်မယှက်ရပ်ကြည့်နေခဲ့မိသည်။

ချီယွမ်က သူ့ဘဝတွင် ဘယ်သောအခါကမျှ ဂုဏ်၊ ငွေ၊  ပကာသနများကိုမမက်မောခဲ့ဖူးချေ။ ယခုအချိန်ထိသူရှာဖွေသမျှတိုင်းသည် သူ့မွေးစားအမေနှင့် မွေးစားမောင်နှမတို့အဆင်ပြေစေရန်အတွက်သာ။ ထို့အပြင် ဘဝတွင်လည်း ဘယ်သောအခါမျှ တစ်စုံတစ်ခုကိုမက်မက်မောမောလိုချင်ခဲ့တာမျိုးမရှိခဲ့။ သို့ရာတွင် ယခုများတော့ ထိုနန်းတော်တံခါးကြီးက သူအလွန်တရာပိုင်ဆိုင်ချင်မိသည့် အရာတစ်ခုအား သူမရနိုင်အောင် ပိတ်ပင်ထားသလိုပင်။

………………………………..

ချီယွမ် နန်းတော်မှထွက်လာခဲ့ပြီးနောက်တွင် သူသည်အဝတ်တထည်ကိုယ်တစ်ခုဖြင့်ထွက်လာခဲ့မိမှန်းသတိရခဲ့သည်။ အစပိုင်းက ရှောင်ကျူးတို့နေရာသို့လိုက်သွားပြီး ရှောင်ကျူးတို့နှင့်အတူပြန်နေဖို့ စဉ်းစားမိသော်လည်း သူ့ဘဝကမည်သို့သော အန္တာရယ်မျိုးတွေ ထပ်ပြီးကျရောက်လာအုန်းမည်ကို မသိနိုင်တာမို့ သူတစ်ပါး၏အေးချမ်းသည့် ဘဝလေးကိုသွားမနှောက်ယှက်တာအကောင်းဆုံးဖြစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် ယခင်ကတည်းက သူနေထိုင်နေကျဖြစ်သည့် ဇရပ်ပျက်ဆီသို့သာ သွားရန်ဆုံးဖြတ်ခဲ့သည်။ ယခင်က အိုဟောင်းနေသောဇရပ်ပျက်လေးသည် လအတော်ကြာကြာမတွေ့ရသည့်နောက်တွင်တောင်မှ သိပ်ထူးခြားမှုမရှိပါချေ။ ချီယွမ်သည် ရင်းနှီးပြီးသားဖြစ်သည့်ဇရပ်ပျက်နေရာအား ထွေထွေထူးထူးလှည့်ကြည့်စစ်ဆေးမနေတော့ပဲ မိမိနားခိုနေကြနေရာဖြစ်သည့် ထုတ်တန်းပေါ်သို့သာ တန်းပြီး ခုန်တတ်လိုက်သည်။

တိုင်ကိုမှီလျက် သစ်သားဘောင်တလျောက်တွင်ခြေကိုဆင်းကာ တခဏလောက် အိပ်ရေးဝဝအိပ်နိုင်ဖို့ ကြိုးစားတော့သည်။ မျက်ဝန်းတို့မှိတ်လိုက်သည်နှင့် အတွေးတို့က စတင်နှောက်ယှက်နေတာမို့ ချီယွမ်သက်ပြင်းတချက်ချမိသည်။

“ ဟူးးး…ဘာလို့လဲ…”

မျက်ဝန်းတွေကို ပြန်ဖွင့်ကြည့်မိတော့ သူမြင်ရသည့်မြင်ကွင်းတိုင်းက သူနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစွာ အံဝင်ခွင်ကျရှိနေကြသည်။ ငါးနှစ်၊ ခြောက်နှစ်နီးပါးလောက် ဒီနေရာမှာ အချိန်ကုန်ခဲ့တာပဲ။ ဒီနေရာထက် သူ့ကိုပိုလို့ သက်တောင့်သက်သာရှိနေစေမဲ့ နေရာဆိုတာ မရှိနိုင်ဖူးချေ။ ယခုတော့ ဘာကမှားလို့မှားနေမှန်း သူမသိတော့။

ချီယွမ် သူ၏ဘယ်ဘက်ရင်အုံကို လက်ဖြင့်ဖိကပ်လိုက်ရင်း ထိုနေရာအား ငုံ့ကာကြည့်သည်။

“ မတူတော့တဲ့အရာက မင်းထင်တယ်။ မင်းခံစားချက်ကိုသိတာမလို့….ငါ့ကို ခဏလောက်ပေးနားပါလား”

ချီယွမ်သည် သူ၏နှလုံးသားနေရာအား နှစ်ချက် သုံးချက်ခန့် ပုတ်လိုက်ပြီးနောက် သူ၏မျက်ဝန်းများးကို ပြန်မှိတ်ထားလိုက်တော့သည်။

……………………

ခေါင်မိုးအထက်ရှိ အချို့သောမိုးယိုပေါက်များကြောင့် တစွန်းတစ ထိုးထွက်နေတဲ့အလင်းရောင်အနည်းငယ်မှလွဲ၍ ဇရပ်ပျက်သည် နေ့လည်ဘက်တွင်ပါ နေရောင်သိပ်မရပဲ မှောင်မဲလျက်ရှိသည်။ ချီယွမ် စရောက်သည့်နေ့ကတည်းက အိပ်ပျော်သွားခဲ့တာ သုံးလေးရက်လောက်တော့ရှိနေပြီလို့ သူ့ကိုယ်သူထင်မိသည်။ သေချာအိပ်ပျော်သည့်အချိန်ကတော့ ရှားပါးသလောက် သူ၏အိမ်မက်ဆိုးများတွင် သူငယ်စဉ်က အသတ်ခံခဲ့ရသည့် သူ့မိဘများ၏ငိုကြွေးသံများနှင့်အတူ ၎င်းတို့သေဆုံးခဲ့သည့် ဖြစ်စဉ်များကိုမြင်မက်နေခဲ့မိသည်။ ချီယွမ်သည် အနှီအိမ်မက်ထဲတွင်ပင် ယွင်းရန်ကိုလက်စားချေနိုင်စွမ်းမရှိပါချေ။ သူ၏စိတ်ဆန္ဒတို့သည် ထိုလူအားမြင်ရသည်နှင့် ဆက်တိုက်အရှုံးတို့ကိုသာ ခံစားရမိစေသည်။ အိမ်မက်တိုင်း၏အဆုံးသတ်သည် ယွင်းရန်က သူ့နှလုံးသားကိုဖောက်ထုတ်ကာ သူ့အားသတ်ပစ်လိုက်သည့် ဖြစ်ရပ်မျိုးနှင့်ပင်အဆုံးသတ်သည်။ သူသည် ဉီးနှောက်မှပေးပို့သည့် မိမိ၏မိဘများကိုသတ်သည့်တရားခံအားမုန်းတီးကာ လက်စားချေရန်ဟူသော အကြံညာဏ်နှင့် နှလုံးသားမှပေးပို့လာသော ထိုလူအားမြတ်နိုးမိသည့်ချစ်စိတ်တို့က သူ့ကိုယ်ထဲတွင်ချွန်ထက်သည့် ဓားနှစ်ချောင်းကဲ့သို့ အချင်းချင်းတိုက်ခိုက်နေကြသည်။ အလွန်ခံရခက်လှပါ၏။

လူသားတစ်ယောက်ဖြစ်နေဆဲဖြစ်သည့် သူ့အတွက်တော့ သုံးရက်နီးပါးသောအချိန်သည် နေရာတစ်နေရာမှထပြီး လှုပ်လှုပ်ရှားရှားလုပ်ပေးသင့်နေပြီး မဟုတ်လျင် ချိနဲ့ သွားလောက်တော့မည်ဟုပင် ထင်ရနိုင်သည်။ သို့သော်လည်း ချီယွမ်သည် ထိုထုတ်တန်းနေရာမှ တစ်လက်မလောက်ကိုပင် ရွေ့ပြောင်းချင်စိတ်ရှိမနေပါချေ။ သူ၏မျက်ကွင်းတို့က ခဏ ခဏ လန့်နိုးကာအိပ်ရေးမဝသောကြောင့် အနည်းငယ်ပင်ညိုမဲနေကြသည်။ ချီယွမ်သည် နိုးလာသည်နှင့် မျက်နှာကျက်ကိုသာ ပြန်ကြည့်နေပြီး နောက်တကြိမ်အိပ်ပျော်နိုင်ရန် စတင်ကာ သူ၏မျက်ဝန်းများကို ပိတ်လိုက်ပြန်၏။

သို့သော်လည်း အောက်ဘက်ကြမ်းပြင်နားတွင် ရုတ်တရက်ပေါ်ထွက်လာသော အလင်းတန်းကြောင့် အလင်းရောင်အများကြီးမထိတွေ့တာကြာနေပြီဖြစ်သည့် ချီယွမ်တယောက် မျက်စိစူးကာ သူ၏လက်ဖြင့်မျက်လုံးများကိုပင် ကာလိုက်ရသည်။ အနည်းငယ်နေသားကျသလိုဖြစ်လေတော့မှ သူ၏လက်ကိုချလိုက်ပြီး အောက်ကို စောင့်ကြည့်လိုက်လေသည်။

မိမိအမြင်ပင်မှားနေလေသလား။ သို့မဟုတ် အိပ်တာအလွန်များပြီး တခါတည်းများ တန်းသေသွားလို့ အခုသူနတ်ပြည်ရောက်နေတာလား ဟုပင် တွေးလိုက်မိသည်။ အောက်ရှိ အလင်းတန်းသည် အလွန်တောက်ပကာ ခန့်ညားချောမောသည့် ယောက်ျားတစ်ယောက်အသွင်သို့ပြောင်းသွားလေ၏။

“ ဘယ်သူကြီးလဲ။”

ချီယွမ်သည် ထုတ်တန်းပေါ်မှ ချက်ချင်းခုန်ချလိုက်လေသည်။

ဖြူစွပ်နေသော ဝတ်ရုံ၏အနားသားတို့က တောက်ပနေသောရွေရောင်ကနုတ်အခတ်တို့ဖြင့် ပုံဖော်ထားကာ ရွေချည်ကြိုးမျှင်တို့က ဝတ်ရုံအနှံ လှပစွာ တွယ်ဆက်ထားလျက်ရှိသည်။ မီးခိုးရောင်ဆံနွယ်တွေထက် ရောယှက်ကာပါနေသည့် အဖြူရောင်ဆံသားတွေထဲ ထက်ဝက်ကိုတော့ သေချာစွာရွေဆံထိုးဖြင့် ထုံးဖွဲ့ပြီး တဝက်ကိုတော့ လွတ်လပ်စွာချထားသည်။

ချီယွမ်သည် ကျလာသည့်နောက် မတ်တပ်သေချာရပ်ကာ ထိုသူအား အထက်အောက် တနေရာမကျန်ကြည့်မိသည်။

“ နတ်မင်းလား….ကျွန်တော်သေပြီလား။ အဲ့လောက် မြန်လား။”

သူပင်မသိလိုက်ခင်လာသတ်ပေးဖို့ ယွင်းရန်ကိုလေကြီးခဲ့မိတာက ခေါင်းထဲကိုဝင်လာတာမို့ ထိုအဖိုးကြီးတကယ်ကြီး ခပ်မြန်မြန် သူမသိလိုက်ခင်ကို သူ့အားကိစ္စတုံးလိုက်လိမ့်မည်ဟု ထင်မထားမိပါချေ။

( အား….ရင်ထဲကအောင့်လိုက်တာ… အရင်ဘ၀ကကောင်က တကယ်ပဲ ဘလောက်ထိ သူ့ကိုလုပ်ထားမိလို့လဲလို့….)

သို့သော်လည်း တဖက်ကကြည့်ပါက သူသည်သေလွန်ပြီးပါက နတ်ပြည်ကိုတတ်ရမည်မှာသေချာလေပြီ။ ထို့အပြင် သူ့ကိုလာခေါ်သည့် နတ်မင်းသည်လည်း အလွန်ချောမောခန့်ညားပါ၏။ ချွင်းချက်အနေဖြင့် သူ၏အဖိုးကြီးလောက်တော့ ခန့်ညားတယ်ဟု မထင်မိပါချေ။

ချီယွမ်မှာ မိမိအတွေးတို့ဖြင့် နစ်နေတုန်း ထိုနတ်မင်းဆိုသူက စတင်ကာစကားဆိုလိုက်သည်။

“ မင်း မသေသေးပါဘူး။ ကိုယ်ကသာ မင်းကိုတွေ့ချင်လို့လာခဲ့တာပါ။ စိတ်မရှိပါနဲ့။ ကိုယ့်အမည်နာမက ရှန်းဝူပိုင်ပါ။ မင်းကိုယ့်အကြောင်းကြားဖူးလောက်မလားလို့တော့ ကိုယ်မသိပေမဲ့ ကောင်းကင်ဘုံရဲ့ လက်ရှိစိုးစံသူ ဧကရာဇ်ပါ။”

ရှန်းဝူပိုင်သည် မိမိကိုယ်ကိုမိတ်မဆက်သေးခင်တွင် သူသည် ချီယွမ်အား မျက်တောင်မခပ်တမ်းဆက်တိုက်ကြည့်နေခဲ့မိခြင်းဖြစ်သည်။ သူ့ရှေ့ရှိ ထိုနတ်သူငယ်လေးသည် နောက်ဆုံးတွင် သူ့ရှေ့၌လှုပ်ရှားကာ သာမန်ကျသော အပြုအမူတို့ဖြင့် ရပ်နေလေချေပြီ။ ထိုသူကိုရှာဖွေခဲ့သည့် အနှစ်တစ်ထောင်သည် ယခုချိန်တွင်တော့ မပြောပလောက်တော့သည့် အချိန်တစ်ခုပါပင်။ နျူးသည် သူ့အား ဘယ်သောအခါမှရှာမတွေ့နိုင်ရန် စည်းအထပ်ထပ်ချခဲ့ပြီး သူ၏အမြုတေကိုပင် ခွဲထုတ်ခဲ့သည်အထိ သူ့ကိုယ်သူပင် အနာခံကာ ရက်စက်ခဲ့သည်။ ထို့ကြောင့် ယွင်းရန်၏လွတ်မြောက်ခြင်းကလည်း နျူးကိုပြန်ရှာတွေ့နိုင်မည့် သော့ချက်ဆိုတာကို သူသိခဲ့တာမို့ မျက်နှာလွှဲခဲ့ကာ နျူး၏သတင်းကိုသာစောင့်မျှော်ခဲ့လေသည်။ ပုလ္လင်ထက်တွင် သူမရှိလို့မဖြစ်တာမို့ သူ၏သစ္စာခံတစ်ချို့ကို ရှာဖွေခိုင်းခဲ့ရသည်။ ယခုတော့ သူ့တမ်းတရခြင်းတွေ အထမြောက်ခဲ့လေပြီ။ သူ့အမှားတွေအတွက် ပြန်လည်ပေးဆပ်ဖို့ အခွင့်အရေးရှိလာလေပြီ။

ရှန်းဝူပိုင်သည် ချီယွမ်ကိုကြည့်နေမိရင်းပင် သူ၏မျက်ဝန်းတို့က ပို၍နက်နဲလာခဲ့သည်။ သူသည် နောင်တတရားနှင့် ချစ်မြတ်နိုးခြင်း ဟူသော ခံစားချက်တို့အားထွေးပိုက်လျက် ရှိသည်။ ထိုအကြည့်တို့က သူ့အားစွန့်သွားခဲ့သည့် ချစ်သူတစ်ဉီးအား လွမ်းဆွတ်နေရပြီးနောက် ပြန်လည်တွေ့လိုက်ရသည့်နှယ်။

ချီယွမ်သည် မူမမှန်ပါသော ရှန်းဝူပိုင်၏အကြည့်တို့ကို မခံစားနိုင်တော့ပါချေ။ သို့သော် သူ့အားထိုသို့သော ကောင်းကင်ဧကရာဇ်က လာကြည့်သည်ဆိုမှတော့ သူ့လိုကလေကချေတကောင်ကြောင် မဖြစ်နိုင်ချေ။ သေချာပေါက် နျူးဆိုသည့် သူဆီသို့သာ ဉီးတည်လာခြင်းဖြစ်လိမ့်မည်။

( နျူးဆိုတဲ့ အရင်ဘဝကကောင်ရေ…ငါမင်းကို မုန်းချင်လာပြီကွာ….)

အနှီရှန်းဝူပိုင်ဟူသောအမည်အား အဖိုးကြီးပြောဖူးသည်ကို သူကြားဖူးသည်။ ယွင်းရန်က ထိုနာမည်ရွတ်လိုက်တိုင်း သူ့ဘဝအဆက်ဆက်က ရန်သူလိုပင် သူ့ရုပ်က တင်းမာနေလေ့ရှိသည်။ တိဟွသည်လည်း နျူးနှင့် ရှန်းဝူပိုင်ဆိုသော ထိုနှစ်ဉီးနှင့်ပတ်သတ်၍ တစွန်းတစ ထွက်ထွက်လာသေး၏။ သို့သော်လည်း ချီယွမ်သည် ၎င်းတို့ကြားတွင် မည်သည့်အကြောင်းအရာတွေရှိနေမှန်း သူတစ်ခုမှမသိသောကြောင့် အခြေအနေကိုမည်သို့ကိုင်တွယ်သင့်မှန်း စဉ်းစားမရချေ။

“ ကောင်းကင်မင်းကြီးက ကျွန်တော့်ဆီကို ဘာလိုချင်လို့ ရောက်လာတာပါလဲ”

ချီယွမ်သည် ဧကရာဇ်ဟူသောစကားလုံးတို့ထက် ကောင်းကင်မင်းကြီးဟူသောစကားလုံးကိုသာ ပိုသဘောကျသလိုခံစားရတာမို့ သူကိုယ်တိုင်ပင်မသိလိုက်ခင်တွင် ခေါ်လိုက်မိ၏။ ထိုစကားလုံးကြောင့်ပင် ရှန်းဝူပိုင်၏မျက်နှာသည် တမဟုတ်ချင်း ဝင်းပသွားသလိုပင်။ သို့သော် သူသည် အပြုအမူကိုအမြန်ထိန်းလိုက်ရင်း ရုတ်တရက် သူ့လက်တစ်ဖက်ကို ချီယွမ်၏ရှေ့တွင်ဖြန့်လိုက်ကာ အခိုးအငွေ့တို့ရစ်သိုင်းစေပြီးနောက် သူ၏လက်ဖဝါးထက်တွင် ဆံထိုးတစ်ချောင်းပေါ်ထွက်လာတော့သည်။

ရှန်းဝူပိုင်သည် ချီယွမ်ဘက်သို့ခြေလှမ်းတစ်လှမ်းချင်းလှမ်းရင်းပင် အနားသို့ရောက်ရှိလာခဲ့သည်။ ဘာကြောင့်ရယ်မသိ ချီယွမ်သည် သူ၏မသိစိတ်က သူ့အား ထိုသူကိုကြောက်လန့်ရန် တိုက်တွန်းနေကြသလိုပင်။ ချီယွမ်သည် သူ၏ခြေလှမ်းများကိုပင် နောက်သို့ အနည်းငယ်ဆုတ်မိသွား၏။ ထိုအချင်းအရာကို ရှန်းဝူပိုင်မြင်သည်နှင့် သူ၏ခြေလှမ်းတို့ကိုလည်း ရပ်တန့်လိုက်သည်။ သူ၏မျက်နှာသည် ညိုးငယ်သွားပြီး အတတ်နိုင်ဆုံးအပြုအမူကိုထိန်းနေရပုံပေါ်သည်။ ချီယွမ်သည် ထိုသူသည်လည်း ပို၍သေချာပေါက်ကို နျူးနှင့် ယွင်းရန်အကြား ကိစ္စရပ်တွေကိုသိနိုင်လောက်သည်။ ထို့အပြင် သူ့လက်ထဲတွင်ရှိနေသော ထိုဆံထိုးသည်လည်း ထူးဆန်းစွာပင် သူနှင့်သက်ဆိုင်မှုရှိနေသည်ဟု ခံစားမိ၏။

“ နျူးဆိုတဲ့တယောက်….”

ရှန်းဝူပိုင်သည် ထိုနာမည်ကြားသည်နှင့် ချီယွမ်အားကြည့်လာသည်။ ချီယွမ်သည် ထိုအကြည့်ကြောင့် မေးမြန်းဖို့ကိုပိုလို့သေချာစွာဆောင်ရွက်ပေတော့မည်။ ထိုသူက သူသိချင်တာကို ပေးနိုင်လောက်သည်။

“ ကျွန်တော်သိသလောက် ကျွန်တော်က နျူးဆိုပြီး ပြောကြတယ်။ ဒါပေမယ့် ဘာကဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်သိချင်တာတစ်ခုက နျူးဆိုတဲ့တယောက်နဲ့ မိစ္ဆာဘုရင်ယွင်းရန်တို့ကြားမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို ကောင်းကင်မင်းကြီးအနေနဲ့ ဘယ်အတိုင်းအတာထိ ကျွန်တော့်ကိုပြောပြပေးနိုင်လဲ။ သူက ခင်များနဲ့အနီးကပ်ဆုံးနတ်သူငယ်လို့ပြောတယ်။ ကျွန်တော် အမှန်တရားကို အတိအကျသိချင်တယ်။ တကယ်တမ်း ဘယ်အရာမှာ ဘယ်နားမှာ ဘယ်သူ့မှာ မှားသွားလဲဆိုတာကို…..”

ချီယွမ်၏မေးခွန်းကြီးပြီးတဲ့နောက် ပတ်ဝန်းကျင်သည် ပြန်လည်တိတ်ဆိတ်သွားသည်။ ချီယွမ်သည် ရှန်းဝူပိုင်၏အဖြေကိုစောင့်ဆိုင်းနေသည်။ သူဘယ်လောက်ထိမှားခဲ့တာမို့ သူ့ကိုရော သူ့မိဘတွေကိုရော ယွင်းရန်က မုန်းတီးနေရသည်ကို သူသိရမည်။ ထိုလူပေးသည့် အမုန်းတရားများက သူနှင့်တကယ်ပဲ ထိုက်တန်လားဆိုသည်ကို သူသိရမည်။ သို့သော် ရှန်းဝူပိုင်သည် သူ့အားမည်သည့်စကားတစ်ခွန်းမျှ ပြန်မဖြေပါချေ။ သူသည် မပြီးဆုံးသေးသော သူ၏ခြေလှမ်းများကို ဆက်လှမ်းလာခဲ့သည်။ ချီယွမ်အနားသို့ တပေလောက်သာကွာဝေးစေလိုက်ပြီး နောက်ဆုံးတွင် ချီယွမ်၏လက်တဖက်ကို လှမ်းယူလိုက်သည်။

ချီယွမ်သည် ထိုလူ၏ထိတွေ့လာမှုအား ငြင်းဆန်နိုင်စွမ်းမရှိပါချေ။ ထိုအရာသည် အမိန့်တစ်ခုနှင့်တူသည်။ သူ၏လက်သည် ထိုလူ၏လက်ထဲတွင် လှုပ်ရှားမှုမရှိပဲ လိုက်ပါသွား၏။ ရှန်းဝူပိုင်သည် သူ၏တဖက်လက်ထဲရှိ ဆံထိုးအား ချီယွမ်၏လက်ထဲသို့ထည့်ပေးလိုက်တော့သည်။ နဂါးကိုယ်ထည်နှင့် ဆံထိုး၏ထိပ်ဖျားသည် နှင်းပွင့်ချပ်ပုံစံထွင်းထုကာ လွန်စွာတောက်ပနေ၏။ ရှန်းဝူပိုင်သည် သက်ပြင်းရှည်တစ်ချက်ချသည်။

“ဟူး…”

“….”

ရှန်းဝူပိုင်၏ ဝမ်းနည်းနေသည့် မျက်နှာက ချီယွမ်အားသေချာစွာကြည့်နေသည်။ ထို့နောက် သူက စတင်ကာစကားပြောလာပါတော့၏။

“ ဒီဆံထိုးက မင်းဟာပဲ။ ဒီဆံထိုးထဲမှာ မင်းဘဝရဲ့ မှတ်ညာဏ်တွေမှန်သမျှကို ကိုယ်သိမ်းထားပေးတယ်။

ဒီမှတ်ဉာဏ်တွေကို ရင်ဆိုင်နိုင်ဖို့တော့ မင်းစိတ်ကိုအတတ်နိုင်ဆုံးခိုင်ခိုင်ထားနိုင်ရမယ်။ “

ရှန်းဝူပိုင်သည် ချီယွမ်၏လက်အားဆုပ်ကိုင်ထားသော သူ့လက်မှတဆင့် ထိုဆံထိုးအား ချီယွမ့်ကိုဆုပ်ကိုင်ထားစေသည်။

“ ပြီးတော့ မှတ်ဉာဏ်အားလုံးကို မင်းပြန်ရပြီးတဲ့အခါ........ ကိုယ်မင်းကို..... တောင်းပန်ဖို့ လာခဲ့ပါမယ်။ “

“……”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi Ver

ခ်ီယြမ္သည္ သူ၏ေျခလွမ္းမ်ားကို ႏွစ္ဆေလာက္အထိ ေႏွးေကြးလ်က္ပင္ နန္းေတာ္မွ ထြက္လာခဲ့သည္။ ထိုကဲ့သို႔ျပဳမူရသည့္ အေၾကာင္းအရင္းကို သူကိုယ္တိုင္လည္းမသိပါေခ်။  သို႔ေသာ္ နန္းေတာ္႐ွိ ေပႏွစ္ဆယ္နီးပါးျမင့္ေသာ တံခါးမႀကီးသည္ပင္ သူထြက္သြားသည့္အခ်ိန္တြင္ေတာ့ သူႏွင့္တခါမွ်မရင္းႏွီးဖူးခဲ့သည့္ သူစိမ္းတေယာက္ႏွယ္ ျပန္ပိတ္သြားခဲ့သည္။

ဟုတ္သည္။ တကယ္ဆို နန္းေတာ္ဆိုတဲ့ေနရာမ်ိဳးက သူ႕လို လူတန္းစားအတြက္ ဘယ္တုန္းကမွ ဝင္ေရာက္ဖို႔မျဖစ္ႏိုင္ခဲ့တဲ့ေနရာ။ သို႔ေသာ္လည္း ႏွေျမာတသျဖစ္ေနသည့္အတိုင္း သူသည္ ထိုတံခါးမႀကီးကိုသာ ျပန္လွည့္ၿပီး မ်က္ႏွာမူလ်က္ အေတာ္ၾကာသည္အထိ မလႈပ္မယွက္ရပ္ၾကည့္ေနခဲ့မိသည္။

ခ်ီယြမ္က သူ႕ဘဝတြင္ ဘယ္ေသာအခါကမွ် ဂုဏ္၊ ေငြ၊  ပကာသနမ်ားကိုမမက္ေမာခဲ့ဖူးေခ်။ ယခုအခ်ိန္ထိသူ႐ွာေဖြသမွ်တိုင္းသည္ သူ႕ေမြးစားအေမႏွင့္ ေမြးစားေမာင္ႏွမတို႔အဆင္ေျပေစရန္အတြက္သာ။ ထို႔အျပင္ ဘဝတြင္လည္း ဘယ္ေသာအခါမွ် တစ္စုံတစ္ခုကိုမက္မက္ေမာေမာလိုခ်င္ခဲ့တာမ်ိဳးမ႐ွိခဲ့။ သို႔ရာတြင္ ယခုမ်ားေတာ့ ထိုနန္းေတာ္တံခါးႀကီးက သူအလြန္တရာပိုင္ဆိုင္ခ်င္မိသည့္ အရာတစ္ခုအား သူမရႏိုင္ေအာင္ ပိတ္ပင္ထားသလိုပင္။

………………………………..

ခ်ီယြမ္ နန္းေတာ္မွထြက္လာခဲ့ၿပီးေနာက္တြင္ သူသည္အဝတ္တထည္ကိုယ္တစ္ခုျဖင့္ထြက္လာခဲ့မိမွန္းသတိရခဲ့သည္။ အစပိုင္းက ေ႐ွာင္က်ဴးတို႔ေနရာသို႔လိုက္သြားၿပီး ေ႐ွာင္က်ဴးတို႔ႏွင့္အတူျပန္ေနဖို႔ စဥ္းစားမိေသာ္လည္း သူ႕ဘဝကမည္သို႔ေသာ အႏၲာရယ္မ်ိဳးေတြ ထပ္ၿပီးက်ေရာက္လာအုန္းမည္ကို မသိႏိုင္တာမို႔ သူတစ္ပါး၏ေအးခ်မ္းသည့္ ဘဝေလးကိုသြားမေႏွာက္ယွက္တာအေကာင္းဆုံးျဖစ္ေပလိမ့္မည္။

ထို႔ေၾကာင့္ပင္ ယခင္ကတည္းက သူေနထိုင္ေနက်ျဖစ္သည့္ ဇရပ္ပ်က္ဆီသို႔သာ သြားရန္ဆုံးျဖတ္ခဲ့သည္။ ယခင္က အိုေဟာင္းေနေသာဇရပ္ပ်က္ေလးသည္ လအေတာ္ၾကာၾကာမေတြ႕ရသည့္ေနာက္တြင္ေတာင္မွ သိပ္ထူးျခားမႈမ႐ွိပါေခ်။ ခ်ီယြမ္သည္ ရင္းႏွီးၿပီးသားျဖစ္သည့္ဇရပ္ပ်က္ေနရာအား ေထြေထြထူးထူးလွည့္ၾကည့္စစ္ေဆးမေနေတာ့ပဲ မိမိနားခိုေနၾကေနရာျဖစ္သည့္ ထုတ္တန္းေပၚသို႔သာ တန္းၿပီး ခုန္တတ္လိုက္သည္။

တိုင္ကိုမွီလ်က္ သစ္သားေဘာင္တေလ်ာက္တြင္ေျခကိုဆင္းကာ တခဏေလာက္ အိပ္ေရးဝဝအိပ္ႏိုင္ဖို႔ ႀကိဳးစားေတာ့သည္။ မ်က္ဝန္းတို႔မွိတ္လိုက္သည္ႏွင့္ အေတြးတို႔က စတင္ေႏွာက္ယွက္ေနတာမို႔ ခ်ီယြမ္သက္ျပင္းတခ်က္ခ်မိသည္။

“ ဟူးးး…ဘာလို႔လဲ…”

မ်က္ဝန္းေတြကို ျပန္ဖြင့္ၾကည့္မိေတာ့ သူျမင္ရသည့္ျမင္ကြင္းတိုင္းက သူႏွင့္ရင္းႏွီးကြၽမ္းဝင္မႈ႐ွိစြာ အံဝင္ခြင္က်႐ွိေနၾကသည္။ ငါးႏွစ္၊ ေျခာက္ႏွစ္နီးပါးေလာက္ ဒီေနရာမွာ အခ်ိန္ကုန္ခဲ့တာပဲ။ ဒီေနရာထက္ သူ႕ကိုပိုလို႔ သက္ေတာင့္သက္သာ႐ွိေနေစမဲ့ ေနရာဆိုတာ မ႐ွိႏိုင္ဖူးေခ်။ ယခုေတာ့ ဘာကမွားလို႔မွားေနမွန္း သူမသိေတာ့။

ခ်ီယြမ္ သူ၏ဘယ္ဘက္ရင္အုံကို လက္ျဖင့္ဖိကပ္လိုက္ရင္း ထိုေနရာအား ငုံ႔ကာၾကည့္သည္။

“ မတူေတာ့တဲ့အရာက မင္းထင္တယ္။ မင္းခံစားခ်က္ကိုသိတာမလို႔….ငါ့ကို ခဏေလာက္ေပးနားပါလား”

ခ်ီယြမ္သည္ သူ၏ႏွလုံးသားေနရာအား ႏွစ္ခ်က္ သုံးခ်က္ခန္႔ ပုတ္လိုက္ၿပီးေနာက္ သူ၏မ်က္ဝန္းမ်ားးကို ျပန္မွိတ္ထားလိုက္ေတာ့သည္။

……………………

ေခါင္မိုးအထက္႐ွိ အခ်ိဳ႕ေသာမိုးယိုေပါက္မ်ားေၾကာင့္ တစြန္းတစ ထိုးထြက္ေနတဲ့အလင္းေရာင္အနည္းငယ္မွလြဲ၍ ဇရပ္ပ်က္သည္ ေန႔လည္ဘက္တြင္ပါ ေနေရာင္သိပ္မရပဲ ေမွာင္မဲလ်က္႐ွိသည္။ ခ်ီယြမ္ စေရာက္သည့္ေန႔ကတည္းက အိပ္ေပ်ာ္သြားခဲ့တာ သုံးေလးရက္ေလာက္ေတာ့႐ွိေနၿပီလို႔ သူ႕ကိုယ္သူထင္မိသည္။ ေသခ်ာအိပ္ေပ်ာ္သည့္အခ်ိန္ကေတာ့ ႐ွားပါးသေလာက္ သူ၏အိမ္မက္ဆိုးမ်ားတြင္ သူငယ္စဥ္က အသတ္ခံခဲ့ရသည့္ သူ႕မိဘမ်ား၏ငိုေႂကြးသံမ်ားႏွင့္အတူ ၎တို႔ေသဆုံးခဲ့သည့္ ျဖစ္စဥ္မ်ားကိုျမင္မက္ေနခဲ့မိသည္။ ခ်ီယြမ္သည္ အႏွီအိမ္မက္ထဲတြင္ပင္ ယြင္းရန္ကိုလက္စားေခ်ႏိုင္စြမ္းမ႐ွိပါေခ်။ သူ၏စိတ္ဆႏၵတို႔သည္ ထိုလူအားျမင္ရသည္ႏွင့္ ဆက္တိုက္အ႐ႈံးတို႔ကိုသာ ခံစားရမိေစသည္။ အိမ္မက္တိုင္း၏အဆုံးသတ္သည္ ယြင္းရန္က သူ႕ႏွလုံးသားကိုေဖာက္ထုတ္ကာ သူ႕အားသတ္ပစ္လိုက္သည့္ ျဖစ္ရပ္မ်ိဳးႏွင့္ပင္အဆုံးသတ္သည္။ သူသည္ ဉီးေႏွာက္မွေပးပို႔သည့္ မိမိ၏မိဘမ်ားကိုသတ္သည့္တရားခံအားမုန္းတီးကာ လက္စားေခ်ရန္ဟူေသာ အၾကံညာဏ္ႏွင့္ ႏွလုံးသားမွေပးပို႔လာေသာ ထိုလူအားျမတ္ႏိုးမိသည့္ခ်စ္စိတ္တို႔က သူ႕ကိုယ္ထဲတြင္ခြၽန္ထက္သည့္ ဓားႏွစ္ေခ်ာင္းကဲ့သို႔ အခ်င္းခ်င္းတိုက္ခိုက္ေနၾကသည္။ အလြန္ခံရခက္လွပါ၏။

လူသားတစ္ေယာက္ျဖစ္ေနဆဲျဖစ္သည့္ သူ႕အတြက္ေတာ့ သုံးရက္နီးပါးေသာအခ်ိန္သည္ ေနရာတစ္ေနရာမွထၿပီး လႈပ္လႈပ္႐ွား႐ွားလုပ္ေပးသင့္ေနၿပီး မဟုတ္လ်င္ ခ်ိနဲ႔ သြားေလာက္ေတာ့မည္ဟုပင္ ထင္ရႏိုင္သည္။ သို႔ေသာ္လည္း ခ်ီယြမ္သည္ ထိုထုတ္တန္းေနရာမွ တစ္လက္မေလာက္ကိုပင္ ေ႐ြ႕ေျပာင္းခ်င္စိတ္႐ွိမေနပါေခ်။ သူ၏မ်က္ကြင္းတို႔က ခဏ ခဏ လန္႔ႏိုးကာအိပ္ေရးမဝေသာေၾကာင့္ အနည္းငယ္ပင္ညိဳမဲေနၾကသည္။ ခ်ီယြမ္သည္ ႏိုးလာသည္ႏွင့္ မ်က္ႏွာက်က္ကိုသာ ျပန္ၾကည့္ေနၿပီး ေနာက္တႀကိမ္အိပ္ေပ်ာ္ႏိုင္ရန္ စတင္ကာ သူ၏မ်က္ဝန္းမ်ားကို ပိတ္လိုက္ျပန္၏။

သို႔ေသာ္လည္း ေအာက္ဘက္ၾကမ္းျပင္နားတြင္ ႐ုတ္တရက္ေပၚထြက္လာေသာ အလင္းတန္းေၾကာင့္ အလင္းေရာင္အမ်ားႀကီးမထိေတြ႕တာၾကာေနၿပီျဖစ္သည့္ ခ်ီယြမ္တေယာက္ မ်က္စိစူးကာ သူ၏လက္ျဖင့္မ်က္လုံးမ်ားကိုပင္ ကာလိုက္ရသည္။ အနည္းငယ္ေနသားက်သလိုျဖစ္ေလေတာ့မွ သူ၏လက္ကိုခ်လိုက္ၿပီး ေအာက္ကို ေစာင့္ၾကည့္လိုက္ေလသည္။

မိမိအျမင္ပင္မွားေနေလသလား။ သို႔မဟုတ္ အိပ္တာအလြန္မ်ားၿပီး တခါတည္းမ်ား တန္းေသသြားလို႔ အခုသူနတ္ျပည္ေရာက္ေနတာလား ဟုပင္ ေတြးလိုက္မိသည္။ ေအာက္႐ွိ အလင္းတန္းသည္ အလြန္ေတာက္ပကာ ခန္႔ညားေခ်ာေမာသည့္ ေယာက်္ားတစ္ေယာက္အသြင္သို႔ေျပာင္းသြားေလ၏။

“ ဘယ္သူႀကီးလဲ။”

ခ်ီယြမ္သည္ ထုတ္တန္းေပၚမွ ခ်က္ခ်င္းခုန္ခ်လိုက္ေလသည္။

ျဖဴစြပ္ေနေသာ ဝတ္႐ုံ၏အနားသားတို႔က ေတာက္ပေနေသာေ႐ြေရာင္ကႏုတ္အခတ္တို႔ျဖင့္ ပုံေဖာ္ထားကာ ေ႐ြခ်ည္ႀကိဳးမွ်င္တို႔က ဝတ္႐ုံအႏွံ လွပစြာ တြယ္ဆက္ထားလ်က္႐ွိသည္။ မီးခိုးေရာင္ဆံႏြယ္ေတြထက္ ေရာယွက္ကာပါေနသည့္ အျဖဴေရာင္ဆံသားေတြထဲ ထက္ဝက္ကိုေတာ့ ေသခ်ာစြာေ႐ြဆံထိုးျဖင့္ ထုံးဖြဲ႕ၿပီး တဝက္ကိုေတာ့ လြတ္လပ္စြာခ်ထားသည္။

ခ်ီယြမ္သည္ က်လာသည့္ေနာက္ မတ္တပ္ေသခ်ာရပ္ကာ ထိုသူအား အထက္ေအာက္ တေနရာမက်န္ၾကည့္မိသည္။

“ နတ္မင္းလား….ကြၽန္ေတာ္ေသၿပီလား။ အဲ့ေလာက္ ျမန္လား။”

သူပင္မသိလိုက္ခင္လာသတ္ေပးဖို႔ ယြင္းရန္ကိုေလႀကီးခဲ့မိတာက ေခါင္းထဲကိုဝင္လာတာမို႔ ထိုအဖိုးႀကီးတကယ္ႀကီး ခပ္ျမန္ျမန္ သူမသိလိုက္ခင္ကို သူ႕အားကိစၥတုံးလိုက္လိမ့္မည္ဟု ထင္မထားမိပါေခ်။

( အား….ရင္ထဲကေအာင့္လိုက္တာ… အရင္ဘ၀ကေကာင္က တကယ္ပဲ ဘေလာက္ထိ သူ႕ကိုလုပ္ထားမိလို႔လဲလို႔….)

သို႔ေသာ္လည္း တဖက္ကၾကည့္ပါက သူသည္ေသလြန္ၿပီးပါက နတ္ျပည္ကိုတတ္ရမည္မွာေသခ်ာေလၿပီ။ ထို႔အျပင္ သူ႕ကိုလာေခၚသည့္ နတ္မင္းသည္လည္း အလြန္ေခ်ာေမာခန္႔ညားပါ၏။ ခြၽင္းခ်က္အေနျဖင့္ သူ၏အဖိုးႀကီးေလာက္ေတာ့ ခန္႔ညားတယ္ဟု မထင္မိပါေခ်။

ခ်ီယြမ္မွာ မိမိအေတြးတို႔ျဖင့္ နစ္ေနတုန္း ထိုနတ္မင္းဆိုသူက စတင္ကာစကားဆိုလိုက္သည္။

“ မင္း မေသေသးပါဘူး။ ကိုယ္ကသာ မင္းကိုေတြ႕ခ်င္လို႔လာခဲ့တာပါ။ စိတ္မ႐ွိပါနဲ႔။ ကိုယ့္အမည္နာမက ႐ွန္းဝူပိုင္ပါ။ မင္းကိုယ့္အေၾကာင္းၾကားဖူးေလာက္မလားလို႔ေတာ့ ကိုယ္မသိေပမဲ့ ေကာင္းကင္ဘုံရဲ႕ လက္႐ွိစိုးစံသူ ဧကရာဇ္ပါ။”

႐ွန္းဝူပိုင္သည္ မိမိကိုယ္ကိုမိတ္မဆက္ေသးခင္တြင္ သူသည္ ခ်ီယြမ္အား မ်က္ေတာင္မခပ္တမ္းဆက္တိုက္ၾကည့္ေနခဲ့မိျခင္းျဖစ္သည္။ သူ႕ေ႐ွ႕႐ွိ ထိုနတ္သူငယ္ေလးသည္ ေနာက္ဆုံးတြင္ သူ႕ေ႐ွ႕၌လႈပ္႐ွားကာ သာမန္က်ေသာ အျပဳအမူတို႔ျဖင့္ ရပ္ေနေလေခ်ၿပီ။ ထိုသူကို႐ွာေဖြခဲ့သည့္ အႏွစ္တစ္ေထာင္သည္ ယခုခ်ိန္တြင္ေတာ့ မေျပာပေလာက္ေတာ့သည့္ အခ်ိန္တစ္ခုပါပင္။ ႏ်ဴးသည္ သူ႕အား ဘယ္ေသာအခါမွ႐ွာမေတြ႕ႏိုင္ရန္ စည္းအထပ္ထပ္ခ်ခဲ့ၿပီး သူ၏အျမဳေတကိုပင္ ခြဲထုတ္ခဲ့သည္အထိ သူ႕ကိုယ္သူပင္ အနာခံကာ ရက္စက္ခဲ့သည္။ ထို႔ေၾကာင့္ ယြင္းရန္၏လြတ္ေျမာက္ျခင္းကလည္း ႏ်ဴးကိုျပန္႐ွာေတြ႕ႏိုင္မည့္ ေသာ့ခ်က္ဆိုတာကို သူသိခဲ့တာမို႔ မ်က္ႏွာလႊဲခဲ့ကာ ႏ်ဴး၏သတင္းကိုသာေစာင့္ေမွ်ာ္ခဲ့ေလသည္။ ပုလႅင္ထက္တြင္ သူမ႐ွိလို႔မျဖစ္တာမို႔ သူ၏သစၥာခံတစ္ခ်ိဳ႕ကို ႐ွာေဖြခိုင္းခဲ့ရသည္။ ယခုေတာ့ သူ႕တမ္းတရျခင္းေတြ အထေျမာက္ခဲ့ေလၿပီ။ သူ႕အမွားေတြအတြက္ ျပန္လည္ေပးဆပ္ဖို႔ အခြင့္အေရး႐ွိလာေလၿပီ။

႐ွန္းဝူပိုင္သည္ ခ်ီယြမ္ကိုၾကည့္ေနမိရင္းပင္ သူ၏မ်က္ဝန္းတို႔က ပို၍နက္နဲလာခဲ့သည္။ သူသည္ ေနာင္တတရားႏွင့္ ခ်စ္ျမတ္ႏိုးျခင္း ဟူေသာ ခံစားခ်က္တို႔အားေထြးပိုက္လ်က္ ႐ွိသည္။ ထိုအၾကည့္တို႔က သူ႕အားစြန္႔သြားခဲ့သည့္ ခ်စ္သူတစ္ဉီးအား လြမ္းဆြတ္ေနရၿပီးေနာက္ ျပန္လည္ေတြ႕လိုက္ရသည့္ႏွယ္။

ခ်ီယြမ္သည္ မူမမွန္ပါေသာ ႐ွန္းဝူပိုင္၏အၾကည့္တို႔ကို မခံစားႏိုင္ေတာ့ပါေခ်။ သို႔ေသာ္ သူ႕အားထိုသို႔ေသာ ေကာင္းကင္ဧကရာဇ္က လာၾကည့္သည္ဆိုမွေတာ့ သူ႕လိုကေလကေခ်တေကာင္ေၾကာင္ မျဖစ္ႏိုင္ေခ်။ ေသခ်ာေပါက္ ႏ်ဴးဆိုသည့္ သူဆီသို႔သာ ဉီးတည္လာျခင္းျဖစ္လိမ့္မည္။

( ႏ်ဴးဆိုတဲ့ အရင္ဘဝကေကာင္ေရ…ငါမင္းကို မုန္းခ်င္လာၿပီကြာ….)

အႏွီ႐ွန္းဝူပိုင္ဟူေသာအမည္အား အဖိုးႀကီးေျပာဖူးသည္ကို သူၾကားဖူးသည္။ ယြင္းရန္က ထိုနာမည္႐ြတ္လိုက္တိုင္း သူ႕ဘဝအဆက္ဆက္က ရန္သူလိုပင္ သူ႕႐ုပ္က တင္းမာေနေလ့႐ွိသည္။ တိဟြသည္လည္း ႏ်ဴးႏွင့္ ႐ွန္းဝူပိုင္ဆိုေသာ ထိုႏွစ္ဉီးႏွင့္ပတ္သတ္၍ တစြန္းတစ ထြက္ထြက္လာေသး၏။ သို႔ေသာ္လည္း ခ်ီယြမ္သည္ ၎တို႔ၾကားတြင္ မည္သည့္အေၾကာင္းအရာေတြ႐ွိေနမွန္း သူတစ္ခုမွမသိေသာေၾကာင့္ အေျခအေနကိုမည္သို႔ကိုင္တြယ္သင့္မွန္း စဥ္းစားမရေခ်။

“ ေကာင္းကင္မင္းႀကီးက ကြၽန္ေတာ့္ဆီကို ဘာလိုခ်င္လို႔ ေရာက္လာတာပါလဲ”

ခ်ီယြမ္သည္ ဧကရာဇ္ဟူေသာစကားလုံးတို႔ထက္ ေကာင္းကင္မင္းႀကီးဟူေသာစကားလုံးကိုသာ ပိုသေဘာက်သလိုခံစားရတာမို႔ သူကိုယ္တိုင္ပင္မသိလိုက္ခင္တြင္ ေခၚလိုက္မိ၏။ ထိုစကားလုံးေၾကာင့္ပင္ ႐ွန္းဝူပိုင္၏မ်က္ႏွာသည္ တမဟုတ္ခ်င္း ဝင္းပသြားသလိုပင္။ သို႔ေသာ္ သူသည္ အျပဳအမူကိုအျမန္ထိန္းလိုက္ရင္း ႐ုတ္တရက္ သူ႕လက္တစ္ဖက္ကို ခ်ီယြမ္၏ေ႐ွ႕တြင္ျဖန္႔လိုက္ကာ အခိုးအေငြ႕တို႔ရစ္သိုင္းေစၿပီးေနာက္ သူ၏လက္ဖဝါးထက္တြင္ ဆံထိုးတစ္ေခ်ာင္းေပၚထြက္လာေတာ့သည္။

႐ွန္းဝူပိုင္သည္ ခ်ီယြမ္ဘက္သို႔ေျခလွမ္းတစ္လွမ္းခ်င္းလွမ္းရင္းပင္ အနားသို႔ေရာက္႐ွိလာခဲ့သည္။ ဘာေၾကာင့္ရယ္မသိ ခ်ီယြမ္သည္ သူ၏မသိစိတ္က သူ႕အား ထိုသူကိုေၾကာက္လန္႔ရန္ တိုက္တြန္းေနၾကသလိုပင္။ ခ်ီယြမ္သည္ သူ၏ေျခလွမ္းမ်ားကိုပင္ ေနာက္သို႔ အနည္းငယ္ဆုတ္မိသြား၏။ ထိုအခ်င္းအရာကို ႐ွန္းဝူပိုင္ျမင္သည္ႏွင့္ သူ၏ေျခလွမ္းတို႔ကိုလည္း ရပ္တန္႔လိုက္သည္။ သူ၏မ်က္ႏွာသည္ ညိဳးငယ္သြားၿပီး အတတ္ႏိုင္ဆုံးအျပဳအမူကိုထိန္းေနရပုံေပၚသည္။ ခ်ီယြမ္သည္ ထိုသူသည္လည္း ပို၍ေသခ်ာေပါက္ကို ႏ်ဴးႏွင့္ ယြင္းရန္အၾကား ကိစၥရပ္ေတြကိုသိႏိုင္ေလာက္သည္။ ထို႔အျပင္ သူ႕လက္ထဲတြင္႐ွိေနေသာ ထိုဆံထိုးသည္လည္း ထူးဆန္းစြာပင္ သူႏွင့္သက္ဆိုင္မႈ႐ွိေနသည္ဟု ခံစားမိ၏။

“ ႏ်ဴးဆိုတဲ့တေယာက္….”

႐ွန္းဝူပိုင္သည္ ထိုနာမည္ၾကားသည္ႏွင့္ ခ်ီယြမ္အားၾကည့္လာသည္။ ခ်ီယြမ္သည္ ထိုအၾကည့္ေၾကာင့္ ေမးျမန္းဖို႔ကိုပိုလို႔ေသခ်ာစြာေဆာင္႐ြက္ေပေတာ့မည္။ ထိုသူက သူသိခ်င္တာကို ေပးႏိုင္ေလာက္သည္။

“ ကြၽန္ေတာ္သိသေလာက္ ကြၽန္ေတာ္က ႏ်ဴးဆိုၿပီး ေျပာၾကတယ္။ ဒါေပမယ့္ ဘာကဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္သိခ်င္တာတစ္ခုက ႏ်ဴးဆိုတဲ့တေယာက္နဲ႔ မိစၧာဘုရင္ယြင္းရန္တို႔ၾကားမွာ ဘာျဖစ္ခဲ့တယ္ဆိုတာကို ေကာင္းကင္မင္းႀကီးအေနနဲ႔ ဘယ္အတိုင္းအတာထိ ကြၽန္ေတာ့္ကိုေျပာျပေပးႏိုင္လဲ။ သူက ခင္မ်ားနဲ႔အနီးကပ္ဆုံးနတ္သူငယ္လို႔ေျပာတယ္။ ကြၽန္ေတာ္ အမွန္တရားကို အတိအက်သိခ်င္တယ္။ တကယ္တမ္း ဘယ္အရာမွာ ဘယ္နားမွာ ဘယ္သူ႕မွာ မွားသြားလဲဆိုတာကို…..”

ခ်ီယြမ္၏ေမးခြန္းႀကီးၿပီးတဲ့ေနာက္ ပတ္ဝန္းက်င္သည္ ျပန္လည္တိတ္ဆိတ္သြားသည္။ ခ်ီယြမ္သည္ ႐ွန္းဝူပိုင္၏အေျဖကိုေစာင့္ဆိုင္းေနသည္။ သူဘယ္ေလာက္ထိမွားခဲ့တာမို႔ သူ႕ကိုေရာ သူ႕မိဘေတြကိုေရာ ယြင္းရန္က မုန္းတီးေနရသည္ကို သူသိရမည္။ ထိုလူေပးသည့္ အမုန္းတရားမ်ားက သူႏွင့္တကယ္ပဲ ထိုက္တန္လားဆိုသည္ကို သူသိရမည္။ သို႔ေသာ္ ႐ွန္းဝူပိုင္သည္ သူ႕အားမည္သည့္စကားတစ္ခြန္းမွ် ျပန္မေျဖပါေခ်။ သူသည္ မၿပီးဆုံးေသးေသာ သူ၏ေျခလွမ္းမ်ားကို ဆက္လွမ္းလာခဲ့သည္။ ခ်ီယြမ္အနားသို႔ တေပေလာက္သာကြာေဝးေစလိုက္ၿပီး ေနာက္ဆုံးတြင္ ခ်ီယြမ္၏လက္တဖက္ကို လွမ္းယူလိုက္သည္။

ခ်ီယြမ္သည္ ထိုလူ၏ထိေတြ႕လာမႈအား ျငင္းဆန္ႏိုင္စြမ္းမ႐ွိပါေခ်။ ထိုအရာသည္ အမိန္႔တစ္ခုႏွင့္တူသည္။ သူ၏လက္သည္ ထိုလူ၏လက္ထဲတြင္ လႈပ္႐ွားမႈမ႐ွိပဲ လိုက္ပါသြား၏။ ႐ွန္းဝူပိုင္သည္ သူ၏တဖက္လက္ထဲ႐ွိ ဆံထိုးအား ခ်ီယြမ္၏လက္ထဲသို႔ထည့္ေပးလိုက္ေတာ့သည္။ နဂါးကိုယ္ထည္ႏွင့္ ဆံထိုး၏ထိပ္ဖ်ားသည္ ႏွင္းပြင့္ခ်ပ္ပုံစံထြင္းထုကာ လြန္စြာေတာက္ပေန၏။ ႐ွန္းဝူပိုင္သည္ သက္ျပင္း႐ွည္တစ္ခ်က္ခ်သည္။

“ဟူး…”

“….”

႐ွန္းဝူပိုင္၏ ဝမ္းနည္းေနသည့္ မ်က္ႏွာက ခ်ီယြမ္အားေသခ်ာစြာၾကည့္ေနသည္။ ထို႔ေနာက္ သူက စတင္ကာစကားေျပာလာပါေတာ့၏။

“ ဒီဆံထိုးက မင္းဟာပဲ။ ဒီဆံထိုးထဲမွာ မင္းဘဝရဲ႕ မွတ္ညာဏ္ေတြမွန္သမွ်ကို ကိုယ္သိမ္းထားေပးတယ္။

ဒီမွတ္ဉာဏ္ေတြကို ရင္ဆိုင္ႏိုင္ဖို႔ေတာ့ မင္းစိတ္ကိုအတတ္ႏိုင္ဆုံးခိုင္ခိုင္ထားႏိုင္ရမယ္။ “

႐ွန္းဝူပိုင္သည္ ခ်ီယြမ္၏လက္အားဆုပ္ကိုင္ထားေသာ သူ႕လက္မွတဆင့္ ထိုဆံထိုးအား ခ်ီယြမ့္ကိုဆုပ္ကိုင္ထားေစသည္။

“ ၿပီးေတာ့ မွတ္ဉာဏ္အားလုံးကို မင္းျပန္ရၿပီးတဲ့အခါ........ ကိုယ္မင္းကို..... ေတာင္းပန္ဖို႔ လာခဲ့ပါမယ္။ “

“……”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Continue Reading

You'll Also Like

1 0 1
留学买胡弗汉顿大学毕业证、英国胡弗汉顿大学文凭学历认证【QQ微信1954 292 140】办英国毕业证文凭学历证书、办胡弗汉顿大学毕业证成绩单、办澳洲学毕业证文凭学历证书、办英国毕业证证、办新西兰毕业证文凭认证、办留信网认证、办留服认证、办教育部认证(网上可查,实体公司,专业可靠) 我们主要项目有...
356K 27.7K 56
Kaman yanda kaddara ta hada aurensu bayan ta rabata da wanda take so. Haka yake tunanin kaddara zata sa dole ya cika alkawarin daya dauka bayan cikar...
138K 9.9K 41
"Bad luck! har nan kika biyoni?" ya tambaya kansa rhetorically.
276K 37.8K 50
ငါလား ... ​သေပြီးသွားပြီ ... ဒါ​ပေမဲ့ လက်ထပ်ချင်​သေးတယ် ... ။ ငါလား ... ​ေသၿပီးသြားၿပီ ... ဒါ​ေပမဲ့ လက္ထပ္ခ်င္​ေသးတယ္ ... ။ By Jin Lusy .