အပိုင်း ၂၀
နိုင်းနိုင်းဖုန်းဖွင့်လိုက်သောအခါ Missed callများစွာအားတွေ့ရလေသည်။ သူ့တီချယ်ဆီမှလည်းပါသဖြင့် တီချယ်လည်း ဒီအကြောင်းအရာများအား သိနှင့်နေလောက်ပြီဖြစ်သည်။
ရုတ်တရက် မဲမှောင်လာသောကောင်းကင်ပြင်ကြောင့် နိုင်းနိုင်းကိုကို့အား သတိရမိ၏။
မိုးခြိမ်းသံတို့ကြောင့် နိုင်းနိုင်း ကြောက်စိတ်များ ကြီးစိုးနေသည်။
ရုတ်တရက်ရူပါဆီမှ ဖုန်းဝင်လာသည်။
"Hello ရူပါ အီးဟီး ငါ့ကိုလာခေါ်ပါဦး ငါကြောက်တယ် မိုးရွာတော့မာလားမသိဘူး"
ရူပါ ငိုယိုနေသောသူ့သူငယ်ချင်းအား စိတ်ပူလွန်းလှသည်။
"နိုင်းနိုင်း ဘယ်မှာလဲအခုက ငါ့ကိုပြောပါဦး မမဖုန်းဆက်လို့ငါသိပြီးပြီ"
"ငါကျုံးရှေ့ဘက်ခြမ်းက ထိုင်ခုံပေါ်မှာ ထိုင်နေတာ အီးဟီး"
ရူပါ သူ့ကိိုကိုအားဖုန်းဆက်လိုက်သည်။
"ကိုကိုရေ နိုင်းနိုင်းက ကျုံးရှေ့ဘက်မှာတဲ့ ညီမလေးအဆောင်ကအပြင်ထွက်မရတော့လို့ ကိုကို.."
ရူပါစကားဆုံးအောင်ပင်မပြောလိုက်ရ။ရှိန်းဖုန်းချသွားသည်။
ရှိန်း နိုင်းနိုင်းရှိရာသို့ ကားအမြန်မောင်းကာ သွားလိုက်သည်။
ထိုင်ခုံလေးပေါ်ထိုင်ကာ ငိုနေသော သူ့ကလေးငယ်အားတွေ့သော် ရှိန်းရင်ဝအား မီးစနှင့်ထိုးထားသလိုပူလောင်လှသည်။
ကားရပ်ပြီး ကလေးငယ်ရှိရာသို့ပြေးသွားလိုက်သည်။
ရုတ်တရက် အလိုက်မသိသော မိုးမ်ားက သည်းကြီးမည်းကြီးရွာလာသည်။
မိုးရေထဲတွင်ထိုင်ကာငိုနေသော သူ့ရှေ့မှကလေးငယ်အား ရှိန်း သူ၏ရင်ခွင်ကျယ်အတွင်းသို့ ဆွဲသွင်းလိုက်သည်။
"ကလေးရေ ကိုကိုတောင်းပန်ပါတယ်ကွာ ကိုကိုဘယ်လောက်စိတ်ပူနေလဲကလေးသိရဲ့လား"
"ကိုကိုက သားကို စိတ်ကုန်နေပြီကို အီးဟီး"
"ကလေးလာလာ ကားပေါ်သွားမယ်"
"ဟင့်အင်း မိုးရေထဲမှာပဲနေမယ် သားသေသွားလည်း ကိုကိုမငိုနဲ့"
"ကိုကို့ကို စိတ်ပူအောင်မလုပ်ပါနဲ့ကွာ လာပါ ကလေးနေမကောင်းဖြစ်လိမ့်မယ်"
အချိန်မှာည11နာရီပင်ရှိနေပြီဖြစ်သည်။
ရှိန်း သူ့ကလေး၏ခေါင်းမာမှုကိုကောင်းကောင်းသိ၏။ ရှိန်းကလေးငယ်အားပွေ့ချီလိုက်သည်။
"ကိုကို သားကိုလွှတ် သားကိုကို့ကိုမုန်းတယ်"
"ကလေးအိမ်ရောက်မှကလေးကြိုက်သလိုလုပ် အခု ကိုကို့ရင်ခွင်ထဲမှာပဲနေပါ"
ရှိန်းကလေးငယ်အားကားပေါ်တင်လိုက်သည်။
ကလေးငယ်မှာ အခုထိငိုနေဆဲ။
ရှိန်း ကလေးငယ်အား ကောငကောင်းကောင်းချော့ရတော့မည်။
အိမ်သို့ရောက်သော် အဝတ်လဲပေးပြီး ခေါင်းခြောက်အောင်သုပ်ပေးလိုက်သည်။ ကလေးငယ်နေမကောင်းဖြစ်မည်စိုးသောကြောင့် ဆေးကြိုတိုက်လိုက်သည်။ကလေးမှာ အိမ်ရောက်ကတည်းက သူ့အားစကားမပြောချေ။
"ကလေးကိုကို့ကိုတကယ်မုန်းသွားပြီလားကွာ"
..........
နှင်းစနေနေ့ နေ့လည်ပိုင်းတွင် ရူပါအားခေါ်ကာ ရှိန်းဆီသွားလိုက်သည်။
"အာ နှင်းထိုင်ဦး ရူပါ နိုင်းနိုင်းဆီသွားပြီး ထမင်းကျွေးပေးဦး ကိုကိုမနက်ကတည်းက ထမင်းကျွေးတာမစားဘူး ကောက်နေတာထင်တယ်"
"ဟုတ်ကဲ့ကိုကို"
ရှိန်း နှင်းနှင့်ထိုင်ကာစကားပြောနေလိုက်သည်။
ရူပါလည်း နိုင်းနိုင်းအခန်းသို့ထမင်းယူကာ သွားလိုက်သည်။
"နိုင်းနိုင်း ငါဝင်ခဲ့မယ်နော်"
ရူပါ အခန်းထဲတွင် Assignmentမ်ား ထိုင်ရေးနေသော နိုင်းနိုင်းအားတွေ့လေသည်။
"ထမင်းမစားရသေးဘူးဆို ထမင်းလေးတော့စားလေဟာ နင့်ပါးဖောင်းဖောင်းလေးတွေလျော့သွားလိမ့်မယ်"
"အင့်..."
ရူပါ ရုတ်တရက်ထငိုလာသော နိုင်းနိုင်းကိုမြင်သော် စိတ်မကောင်း။ သူ့သူငယ်ချင်း တော်တော်ဝမ်းနည်းနေပုံရသည်။
"ကိုကိုရေ ကိုကို့ယောကျ်ားကို ကိုကိုရအောင်ချော့ပေတော့"ဟူ၍သာ ပြောလိုက်ချင်သည်။
နိုင်းနိုင်း မနက်ကတည်းက ကိုကို့အားစကားမပြောဘဲနေသည်။
ဒေါက် ဒေါက်
"ကိုကိုဝင်လာပြီနော်"
...
"ညီမလေးအောက်ထပ်မှာ နှင်းစောင့်နေတယ် နှင်းနဲ့ထမင်းသွားစားလေ"
"ဟုတ်"
ရူပါအား ရှိန်း သေချာအောက်ဆင်းခိုင်းလိုက်ခြင်းဖြစ်သည်။
"ကလေးလေး ကိုကိုတောင်းပန်ပါတယ်ကွာ၊ကိုကို ကိုယ်တိုင် ကလေးအကြိုက် ကြက်ကြော်လေးနဲ့ မရမ်းသီးထောင်းလေးထောင်းထားတယ် ၊ပြောင်းဖူးလေးပါကြော်ထားတာ စားလိုက်ပါလားကလေးရဲ့"
"...."
"ကလေးလေး ပါးစပ်ဟ ကိုကိုခွံ့မယ်"
"အင့်..." ခွမ်း..
နိုင်းနိုင်းထမင်းပန်းကန် ဟင်းပန်းကန်များကို လွှင့်ပစ်လိုက်သည်။
"နိုင်းနိုင်းဝေ !!!ဘယ်လိုဖြစ်နာလဲကွာ"
"...."
"အေး ရတယ် မစားနဲ့ အပြင်သွားတော့မယ်"
"ဟင့် ကိုကို "
ရှိန်းအခန်းအပြင်သို့ထွက်ခါနီးအချိန် ရှိန်းခါးအား ပြေးကာ ဖက်လိုက်သော လက်နွေးနွေးလေးတစ်ခု။
"ကိုကိုက သားကို ဘာလို့ မင်းငါ့ရှေ့ကထွက်သွားလို့ပြောတာလဲ အီးဟီး"
ရှိန်းကလေးရှေ့သို့မျက်နှာလှည့်လိုက်ပြီး
"ကလေးရယ် ကိုကိုတောင်းပန်ပါတယ် ကလေးကကိုကို့အသက်လေးပါကွာ ကိုကိုနောက်မပြောတော့ဘူး"
"ဟင့် ကိုကို"
"ကလေးလေးကို ဘယ်လိုချော့ရမလဲပြော"
"Assignmentတွေဝိုင်းရေးပေး"
"နိုးနိုး ဆရာဦးနိုင်းနိုင်းဝေ ကိုယ့်ဘာသာရေးရမယ် ၊ချစ်တော့ချစ်တယ် အလိုမလိုက်ဘူး"
"ကိုကိုကလည်း အာ့ဆို မှီငြမ်းပြီးရေးဖို့ ဝိုင်းစဥ်းစားပေး ၊စာအုပ်တွေရှာပေး"
"ဟုတ်ကဲ့ပါ ဆရာကြီးဦးနိုင်းနိုင်းဝေ"
"hee အာဘွားလေးပေးပါဦး သားကို"
"မွမွ"
"ဟီးဟီး"
...........................
ရူပါ ကိုကို့အိမ်မှအပြန်မမအခန်းထဲတွင် ဒူးထောက်ကာနေနေရသည်။
ကုတင်ပေါ်မှ လက်ပိုက်ကာထိုင်နေသော ရူပါ၏တစ်ဦးတည်းသော ချစ်သူလေးသည် ရူပါအား အလိုမကျသည့်မျက်နှာဖြင့် ကြည့်ကာနေလေသည်။
အကြောင်းအရင်းမှာ တနလ်ာနေ့ မမအချိန်တွင်သင်ထားသော Phoneticစကားလုံးများအား မမမှ မေးနေခြင်းဖြစ်သည်။
"မမကလည်း Babe ညကြကျက်လိုက်မယ်လို့"
"တစ်နေ့စာတစ်နေ့လုပ်ဖို့ပြောထားတာ ဘာကိစ္စမလုပ်တာလဲ"
"babeတခြားစာတွေရောကြည့်ရတယ်လေ 18ဘာသာကြီးတောင်လေမမရဲ့ Assignmentကျန်တာတေရောရေးရသေးတာကို"
"နှင်းရူပါဦး အကြောင်းပြချက်တွေလာမပေးနဲ့ ပြောတော့ Phoneticအပိုင်းမရဘူးဆို သေချာကျက်မှတ်ခိုင်းထားတာကို ခုထိမကျက်သေးဘူး "
"မမကလည်း"
"တောက်..."
မမဒေါသထွက်ရင် ကြောက်ဖို့ကောင်းလှသည်။
ကျောင်းပိတ်ရက်ဖြစ်သောကြောင့် မမသည်သူ့ဆံပင်အရှည်ကြီးအား ဖဲပြားလေးနှင့်တစ်လွှာစီးစီးထားသည်။ ဒေါသထွက်နေသော်လည်း မမမျက်နှာမှာ ကြည့်ကောင်းနေဆဲ။
"ရော့ စာအုပ် အခုကျက်"
နှင်း ရူပါအား ဒူးထောက်ခိုင်းပြီးစာကျက်စေသည်။
"မမ babeကျက်လို့ရဘူး"
"မဖတ်တတ်တာရှိလား babe"
"ဟင့် ရှိဘူး "
"ရအောင်ကျက်"
"...."
ညနေ 4နာရီထိုးခါနီးသည်ထိ ရူပါမရသေး။
ရူပါတို့ အဆောင်သည် ညနေ4နာရီနောက်ဆုံးထား၍ ပြန်ရောက်ရသည်။
မရောက်ပါက ဒဏ်ပေးခြင်းခံရသည်။
"မမ အဆောင်ပြန်ရတော့မယ်"
"အင်း သိတယ်"
"မမ babeညကြရအောင်ကျက်ထားမယ်နော်"
"ommပြီးရော မနက်ဖြန် 9နာရီ မမအခန်းကို ပြန်လာခဲ့ ၊အလွတ်ရေးမယ် တစ်လုံးမှား တစ်ချက်ပဲ"
"ဟုတ်ကဲ့မမ"
..................
နိုင်းနိုင်း ကိုကို့ကျေးဇူးကြောင့် Assignment 2ခုပြီးသွားပြီဖြစ်သည်။
"အား လက်တွေညောင်းလိုက်တာဗျာ"
"လက်ကလေးပေး ကလေး"
ရှိန်း ကလေးငယ်၏လက်ချောင်းလေးများအား နှိပ်ပေးလိုက်သည်။
"ဟိုဘက်လှည့်ကလေး"
"ဟုတ်"
ရှိန်း ကလေး၏ခေါင်းလေးအား နှိပ်နှယ်ပေးလိုက်သည်။ ဇက်ကြောများနှင့် ပုခုံးတို့အားလည်း နှိပ်ပေးလိုက်သည်။
"အာကိိုကိုက နှိပ်တတ်လိုက်တာ"
"ကိုကို့ယောကျ်ားလေးက စာကြိုးစားနေရတာလေ ၊နှိပ်ပေးရမာပေါ့"
"ဟီးသား ညတိုင်တွေမှာလည်း ပြီးအောင်ရေးမယ်နော်၊အပ်ရမယ့်ရက်မပြီးတဲ့ဘာသာတွေက ဋ္ဌာနမှူးတွေကို သားသွားတောင်းပန်လိုက်ပါ့မယ်"
"ကလေးက တော်လိုက်တာ"
....................
"နိုင်းနိုင်း ငါ့ကိုစိတ်ကောက်နေသေးလား"
"ငါ ကိုယ့်အမှားကိုသိပါတယ် စွမ်းထက်ရယ် စိတ်မကောက်တော့ဘူး"
"ငါမင်းကိုချစ်တယ်နော် ကောင်းစေချင်လို့ တိုင်မိတာ"
"ဟွန့် မုန့်ဝယ်ကျွေး"
"ကျွေးရမာပေါ့ လာလာ ငါ့ချစ်ဆုံးသူငယ်ချင်းလေး"
"ဟေ့ ငါ့ကြမကျွေးကြဘူးလား"
ရူပါ နိုင်းနိုင်းနှင့်စွမ်းထက်နားသို့ရောက်လာပြီးပြောလိုက်သည်။
"နိုင်းနိုင်း ကိုကိုက မုန့်ဖိုးပေးလိုက်သေးလား ငါ့အတွက်"
"မပေးပါဘူး တီချယ့်ဆီကတောင်းပေါ့၊ငါ့အတွက်ပဲ ကိုကိုက တစ်သိန်းပေးလိုက်တယ်"
"ရား ကိုကို စိတ်ပုတ်တာ သူ့ယောကျ်ားကြပေးတယ် သူ့ညီမကြမပေးဘူး"
"ဒီလိုပဲ ကွာတယ်လေ ဟဲဟဲ"
..............
"ဦးဦးရေ သားဆီကို ဖုန်းလည်းမဆက်ဘူး သားကလွမ်းနေတာကို"
တိမ်လေး ရှိန်းဆီဖုန်းဆက်နေခြင်းဖြစ်သည်။
"သား ဦးဦးနိုင်းဆီလည်းဖုန်းဆက်တယ် ၊ဦးဦးနိုင်းက မတ္တရာလာရင် သားအတွက် အရုပ်ဝယ်လာမယ်တဲ့"
"ဦးဦးလည်း ဝယ်ခဲ့ပါ့မယ်ဗျာ"
"ဟုတ် ဖေဖေခေါ်နေလို့ သွားတော့မယ်နော်"
"အေးအေး"
တိမ်လေး ရတုမဟာထွဋ်ခေါင်ဆီ ပြေးသွားလိုက်သည်။
"တိမ်ထွဋ်ခေါင် လာပါဦး တီလေးရဲ့ မိတ်ကပ်တွေယူဆော့ပြန်ပြီလား"
တိမ်လေး တီလေးရဲ့ မိတ်ကပ်များနှင့် အရုပ်မလေးအားပြင်ပေးထားခြင်းဖြစ်သည်။
ဖေဖေ့လက်ထဲတွင် တိမ်လေး၏အရုပ်လေးအားကိုင်ထားသည်။
"ကိုကို တိမ်လေးကို ဆူမနေပါနဲ့ ကလေးပဲ ပျင်းလို့ဆော့မိတာကို"
"မေပန်းချီနွယ် ကိုကိုဆုံးမနေရင်ဝင်မပါနဲ့"
"ဟုတ်"
ရတုမဟာထွဋ်ခေါင် တိမ်လေးအားချစ်ပါသည်။ အလိုလိုက်သင့်သည့်အရာများတွင်နှစ်ယောက်မရှိအလိုလိုက်တတ်သော်လည်း သူတားမြစ်ထားသည့်ကိစ္စများကို လုပ်လျှင် ဆူတတ်သည်။
"ဖေဖေဘာပြောထားလဲ သားသား"
"မိတ်ကပ်တွေယူမဆော့ရဘူး၊ဆော့စရာမဟုတ်ဘူးလို့ပြောထားပါတယ်ဖေဖေ"
"အပြစ်ရှိလား မရှိဘူးလား "
"ရှိပါတယ်ဖေဖေ"
"ရှိတယ်ဆိုရင်သွား ခြံထဲက တုတ်ကောက်ခဲ့"
တိမ်လေး ဝါးခြမ်းပြားသေးသေးလေးအား ကောက်ကာ ရတုဆီပေးလိုက်သည်။
"လက်ဖြန့်ထား သားသား"
ဖြန်းး.
"နောက်မဟုတ်တာတွေဆော့ဦးမာလား"
"ဟင့်အင်းဖေဖေ သားမဆော့တော့ပါဘူး"
ဖြန်း...
"အာ့ နောက်မဆော့တော့ပါဘူးဖေဖေ"
"လာဖေဖေ့ဆီ တိမ်လေးကလိမ်မာတယ်၊ဖေဖေနဲ့ သားဘွားဘွားတို့ဆီသွားရအောင်"
"ဟုတ်ကဲ့ဖေဖေ"
"ဖေဖေသားကိုချစ်တယ်နော် ဖေဖေ့စကားနားဖောင်ရမယ်ကြားလားသားလေး၊သားလေးက ဖေဖေ့အဖိုးတန်လေး"
"သားသိပါတယ်ဖေဖေရဲ့ သားဆိုးလို့အပြစ်ရှိလို့ဖေဖေကရိုက်တာလေ ၊ကိုယ့်အပြစ်ကိုသိတာက လးတော်တဲ့ ဦးဦးကပြောတယ်"
"သားလေးရယ် ရင့်ကျက်လိုက်တာ"
.....................
နိုင်းနိုင်း ကိုကြီးဖြိုးဝေအောင်ကကျွေးသော အာလူးကြော်များအား စွမ်းထက်နှင့်အတူ ထိုင်ကာစားနေသည်။ ရုတ်တရက် စာသင်ခန်းထဲသို့ ဝင်လာသော တီချယ့်ကြောင့် မုန့်ထုပ်အားအမြန်သိမ်းကာ စာအုပ်ဖွင့်လိုက်သည်။
တီချယ့်စာသင်နေစဥ် ဒုတိယနှစ်မှ ကိုကြီးနှစ်ယောက် အခန်းသို့ ခွင့်တောင်းကာဝင်လာကြသည်။
"ညီလေးတို့ညီမလေးတို့ အကိုတို့ ဘောလုံးပွဲလုပ်ရမယ် ၊အဲ့တာပါဝင်ယှဥ်ပြိုင်ချင်တဲ့သူတွေက အတန်းခေါင်းဆောင်တွေဆီကို စာရင်းပေးထားနော်"
"ဟုတ်"
နိုင်းနိုင်းတို့အတန်းခေါင်းဆောင် ယောကျ်ားလေးနှင့် မိန်းကလေး စာရင်းများကောက်နေကြသည်။
အမျိုးသားဘောလုံးပြိုင်ပွဲနှင့် အမျိုးသမီးဘောလုံးပြိုင်ပွဲဟူ၍နှစ်မျိုးကျင်းပမည်ဖြစ်သည်။
ပထမနှစ်တွင် သိပ္ပံတန်းခွဲ1/2/3နှင့် ဝိဇ္ဇာတန်းခွဲ1/2/3ဟူ၍ 6ခန်း ရှိသည်။
ဒုတိယနှစ်တွင်လည်း ထိုနည်းတူ သိပ္ပံတန်းခွဲ1/2/3နှင့် ဝိဇ္ဇာတန်းခွဲ1/2/3ဟူ၍6ခန်းရှိလေသည်။
"နိုင်းနိုင်း မင်းတို့ရောပါဦးမလား စာရင်းထည့်လိုက်မယ်"
ယောကျ်ားလေးအတန်းခေါင်းဆောင်ပြောစကားပြောစကားကြောင့် နိုင်းနိုင်းနှင့်စွမ်းထက်တစ်ယောက်မျက်နှာတသ်ယောက်ကြည့်နေကြသည်။
စွမ်းထက်နိုင်မှ"ငါတော့ဝင်ကန်မယ် ၊မင်းရောဘယ်လိုလဲ"ဟုမေးလိုက်သည်။
"ငါကိုကို့ခွင့်တောင်းရဦးမယ်ထင်တယ်"
"အာ ရမာပါ အတန်းလိုက်လှုပ်ရှားမှုလည်းပါရမယ်လေ "
စွမ်းထက်နိုင်မှပြန်ပြောလိုက်သည်။
ထိုစဥ် ရူပါမှ"နိုင်းနိုင်းငါလည်း မိန်းကလေးအဖွဲ့ထဲဝင်ကန်မာ နင်ရောပါလိုက်"
"အေးအေး "
"ECရေ ငါတို့နာမည်တွေရေးလိုက်တော့"
နိုင်းနိုင်း ကိုကို့အား ညနေမှဖုန်းဆက်ပြောလိုက်မည်ဟု တွေးလိုက်သည်။
.............
နိုင်းနိုင်းတို့အတန်းပိုင်စာသင်ခန်းထဲသို့ စာအုပ်လေးပိုင်ကာဝင်လာသည်။
နိုင်းနိုင်းတို့ သိပ္ပံတန်းခွဲ(2)အတန်းပိုင်ဆရာမမှာ ဒေါ်အိဖြိုးသွယ်ဖြစ်၏။ ဆရာမမှာ အေးဆေးတည်ငြိမ်လွန်းလှသည်။ ပညာရေးစိတ်ပညာဋ္ဌာနမှ နည်းပြတစ်ဦးဖြစ်လေသည်။
ဆရာမမှာ ဘောလုံးပြိုင်ပွဲဝင်ပြိုင်ကြမည့်ကလေးများအား နိုင်ခြင်းရှုံးခြင်းသည်အဓိကမဟုတ်၊ ယှဥ်ပြိုင်ခြင်းသည်သာအဓိဟူ၍ ပြောသည်။
"သားတို့သမီးတို့ ဘောလုံးကအရှိန်နဲ့လာရင် မကန်နိုင်ရင် ရှောင်ကြနော်၊တီချယ့်သားသမီးတွေက လူလေးတွေကသေးသေးလေးတွေ ၊ထိခိုက်ဒဏ်ရာမဖြစ်စေနဲ့ ရန်တွေလည်းမဖြစ်ရဘူးနော်"ဟူသော တီချယ့်စကားကြောင့်အကုန်လုံးရယ်မိကြသည်။
"မရယ်ကြနဲ့ တီချယ်တကယ်ပြောနေတာ"
"ဟုတ်ကဲ့ပါ တီချယ်"
"ကဲကဲ Assignmentတွေမထပ်ရသေးတဲ့သူတွေ လာထပ်ကြနော်"
တီချယ်ထွက်သွားပြီးနောက် ECအောင်ခန့်မောင်မှ အတန်းတွင်းသို့ပြောလိုက်သည်။
"မိန်းကလေးတွေ ညနေထမင်းစားပြီးရင် အဆောင်မှူးတွေကိုခွင့်တိုင်ခဲ့ကြ ငါတို့လေ့ကျင့်ပေးမယ်"
.........................
ညနေရောက်သော် နိုင်းနိုင်းဖုန်းဖွင့်ကာ ကိုကို့ဆီသို့ဖုန်းဆက်လိုက်သည်။
"ကိုကိုရေ သားဘောလုံးပြိုင်ပွဲထဲဝင်ပြိုင်ချင်လို့"
"Assignmentsတွေရော ရေးရဲ့လားကလေး၊ထပ်ပြီးပြီလား"
"နည်းနည်းပဲကျန်တော့တာပါ ကိုကိုရဲ့
သားဘောလုံးကန်ချင်လို့လို့"
"အင်း ကလေး ကန်ချင်ရင် အာဘွားပေး"
"ကိုကိုး..."
"ဟွန်း ဂရုစိုက်နော် ကိုကိုစိတ်ချမယ် ၊
ဒါနဲ့ ဒူးကာမရှိဘူးမလားကလေးထဲ ကိုကိုလာပို့မယ်"
"ကိုကိုက ဂရုစိုက်တတ်လိုက်တာ ၊စွမ်းထက်နဲ့ရူပါဖို့ရောဝယ်ခဲ့နော်ကိုကို"
"ဝယ်ခဲ့မယ်ဗျာ ကလေးဘာမုန့်စားချင်သေးလဲ"
"မာလာရှမ်းကောလေးဝယ်ခဲ့လိုက်ကိုကို"
"ဟုတ်ပြီကလေး "
............................................
"မမ နိုင်းနိုင်းက အကျင့်ပုတ်တယ် ကိုကိုက သူ့ဖို့မုန့်ဝယ်လာတာကို Babeကိုမကျွေးဘူး ၊ကိုကိုကလည်း သူ့ဖို့ချည်းဝယ်လာတာ Babeအတွက်ကြမပါဘူး"
ရူပါ သူ့မမအားဖုန်းဆက်ကာ တိုင်နေသည်။
"Babeလေးကဘာမုန့်စားချင်တာလဲပြောမမကို"
"စားချင်လို့မဟုတ်ပါဘူး ကိုကိုနဲ့နိုင်းနိုင်းအကျင့်ပုတ်တာပြောပြတာ"
"ဟားဟား"
"မမကဘာရယ်တာလဲ စဥ်းစားကြည့်လေ ဒူးကာပဲပေးတယ် မုန့်ကြ မကျွေးဘူး၊ပိုဝယ်ခဲ့တော့ ဘာပြုမာလဲမမရယ်၊သူဆင်းရဲသွားမှာမို့လို့လား"
"babeတော်တော့ ကိုယ့်အကိုကို"
"ကိုကိုကမကောင်းဘူးမမ"
ရူပါဝမ်းနည်းလည်းဝမ်းနည်းချင်စရာပေ။ ရှိန်းသည် သူ့ညီမဖို့ကျမပါ။ သူ့ကောင်လေးဖို့သာဝယ်လာသည်။
"babeလေးက မမရှိနေတာပဲ ဒီအပတ်ပိတ်ရက်ကြ လျောက်သွားမယ် babeကြိုက်တာစား"
"နိုင်းနိုင်းကိုမကျွေးရဘူးနော်မမ"
"ဟားဟား တကယ့်ကလေးလေး"
............................
နိုင်းနိုင်းတို့ ပသိပ္ပံ2 ယောကျ်ားလေးအဖွဲ့သည် ဒုဝိဇ္ဇာ3 မှ အကိုကြီးများနှင့်ယှဥ်ပြိုင်ရမည့်နေ့သို့ရောက်လာသည်။
"နိုင်းနိုင်းတို့ရေ ဟိုဘက်က ကိုကြီးတွေက လူကောင်တွေက အကြီးကြီးတွေ အတင်းဝင်မတိုးနဲ့နော်"
"အေးပါရူပါရဲ့ စိတ်ချ "
ဘောလုံးပြိုင်ပွဲမစတင်မီ ကွင်းလယ်တွင်နေရာယူကြသည်။ နိုင်းနိုင်းမှာ ရှေ့တန်းမှကစားမည့်သူဖြစ်သည်။ အသင်းနှစ်ခု အချင်းချင်းလက်ဆွဲနှုတ်ဆက်ရသည်။
"အာ ညီလေးနိုင်းနိုင်းပါလား"
ကိုကြီးဖြိုးဝေအောင်မှ သူ့အားပြုံးပြကာပြောလေသည်။
"ကိုကြီးတို့ အတန်းနဲ့ သားတို့နဲ့ ပြိုင်ရတော့မာ ဟီး"
ဒုန်း ဒုန်း....
နိုင်းနိုင်းတို့အတန်းသားများသည် ဗုံများပါငှားထားကြလေသည်။
"ပ S2 ဟေ့ ပ S2"
ဒုန်း ဒုန်း
"ကျောနံပါတ် 19 နိုင်းနိုင်း နိုင်းနိုင်း"
"ECရေ ပြေးဟေ့ပြေးဟေ့ ကန်ကန်"
"စွမ်းထက်နိုင်ကွ စွမ်းထက်နိုင် ယေး ပြေးပြေး"
အသံများအော်ဟစ်ကာ အားပေးနေကြသည်။
ဒုတိယနှစ်ဝိဇ္ဇာတန်းခွဲမှ အကိုကြီး အမကြီးများက သူတို့အားကြည့်ကာရယ်နေကြသည်။
ဂိုး......ဟူသောအသံနှင့်အတူ တစ်ဖက်အသင်းမှလူများ ထခုန်ကြလေသည်။
"ဟာ... "
ပထမပိုင်းနားချိန်ဖြစ်သဖြင့် သစ်ပင်အောက်တွင်အုပ်စုလိုက်ထိုင်ကာ နားနေကြသည်။
တီချယ်မှ အအေးဗူးများယူကာ ဝေပေးနေသည်။
ဒုတိယပွဲစဥ်နီးကပ်နေသဖြင့် ကွင်းလယ်သို့ နေရာပြန်ယူကြသည်။
......
ဂိုး....
တစ်ဖက်အသင်းမှ အော်သံများဖြစ်၏။
ဂိုး...
ဂိုး...
ဂိုးပြန်ပြီဟေ့......ဂိုး....
ပွဲစဥ်ပြီးချိန်နီးကပ်သည့်အချိန်တွင် ဒုဝိဇ္ဇာ 3 မှာ 7ဂိုး ပသိပ္ပံ2မှာ တစ်ဂိုးမှမရသေးပေ။
နိုင်းနိုင်းစိတ်များတိုနေသည်။
ဘောလုံးအားဖြတ်ကာလုမည်ဟုတွေးကာ အတင်းပြေးဝင်လိုက်သည်။
ခြေထောက်ခေါက်ပြီး အရှိန်နှင့် ချော်လဲလေသည်။
"အာ့..."
"ဟင် နိုင်းနိုင်းရရဲ့လား ကိုကြီးကိုတွဲ"
နိုင်းနိုင်းထ၍မရပေ။
"ကိုကြီးရေ သားထမရဘူး အီးဟီး"
နိုင်းနိုင်းတို့အတန်းမှ တီချယ်နှင့် အတန်းသားများပြေးလာကြသည်။
"သားရရဲ့လား "
"ကိုကိုရေ သားခြေထောက်ကျိုးပြီထင်တယ် အီးဟီး"
နိုင်းနိုင်းသူ့ကိိုကိုအား တကာ ငိုလိုက်သည်။
နှင်း ရှိန်းအားဖုန်းဆက်လိုက်သည်။
"ရှိန်းရေ နိုင်းနိုင်း ခြေထောက်ကျိုးတာလားမသိဘူး၊ငိုနေတယ် အရမ်းပဲ"
"ဟာ ဟုတ်လား"
ရှိန်းစိတ်ပူပန်ရသည်။
"ငါပြောမယ် Mandalar Hospitalကိုအမြန်ဆုံးသွား၊ငါ့သူငယ်ချင်း အရိုးအထူးကု အဲ့ဆေးရုံမှာရှိတယ်၊ ငါဖုန်းဆက်ထားမယ်၊ငါလည်း Dutyချိန်ပြီးရင် ချက်ချင်းလာခဲ့မယ်"
"အေးအေး"
နိုင်းနိုင်းအား ပွေ့ချီကာ ကားပေါ်သို့တင်လိုက်သည်။
ဆေးရုံသို့အမြန်ဆုံးမောင်းသွားလိုက်သည်။
အတန်းခေါင်းဆောင်နှင့်အတူ ဒေါ်အိဖြိုးသွယ်နှင့် ဒေါ်နှင်းခတ္တာဝေတို့ဆေးရုံသို့လိုက်သွားသည်။
"အီးဟီး ကိုကို့ဆီပဲသွားမယ် ကိုကို့ဆီကိုပဲပို့ပေး"
"နိုင်းနိုင်း ခဏနေရင်ရှိန်းလာမာ ရှိန်းက ဒီလွတ်လိုက်တာ"
"အီးဟီး သားအရမ်းနာတယ်၊သားခြေထောက်ကျိုးပြီလားမသိဘူး"
ဆေးရုံဝတွင် Dr.ဇော်ရှိုင်းခန့် စောင့်နေလေသည်။
ရှိန်းဆီမှ အရေးတကြီးဖုန်းဆက်ကာ အကူအညီတောင်းထားသဖြင့် ဒီကလေးငယ်လေးမှာ ရှိန်းအတွက်အရေးပါသောကလေးလေးဖြစ်မည်ဟု သူသိပါသည်။
"တီချယ်တို့ ရှိန်းဖုန်းဆက်ထားတယ် လာလာ"
အရင်ဦးဆုံး နိုင်းနိုင်းအား ဓာတ်မှန်ရိုက်ရန် ဓာတ်မှန်ခန်းဆီသို့ သွားလိုက်သည်။
သိပ်မကြာမီ ရှိန်း ရောက်လာသည်။
"ကိုကိုရေ အီးဟီး သားကိုဖက်ထားပါဦး သားကြောက်တယ်"
"ဘာမှမဖြစ်ဘူးနော် ကလေးလေး"
"ရှိုင်းခန့် ကလေးကဘာဖြစ်တာလဲ"
"အရိုးအက်သွားတာ ကျောက်ပတ်တီးစီးပေးလိုက်မယ်နော်"
"အေးအေး ကျေးဇူးပါကွာ၊ အာ ညီလေးနဲ့ ဆရာမတို့လည်းကျေးဇူးပါနော် "
"ဟုတ် ရပါတယ်ရှင့် ကလေးက အတင်းဝင်ပြေးပြီး အရှိန်နဲ့ပစ်လဲသွားတော့ ကျိုးပြီထင်သွားတာ တော်သေးတာပေါ့"
"ဟူး.."
ရှိန်း အခုမှသက်ပြင်းချနိုင်သည်။
"ကလေးရယ် ကိုကိုစိတ်ပူလိုက်တာကွာ"
ရှိန်း ကောင်တာသို့သွားကာ ငွေရှင်းလိုက်သည်။
ပြီးနောက် နှင်တို့ဆီသို့ပြန်လာကာ
"တီချယ်တို့ ကျနော်ပြန်ဦးမယ် ကလေးကိုခေါ်သွားလိုက်တော့မယ်နော် ခွင့်တင်ပေးကြပါဦး"
"ရပါတယ်ရှင့်"
"နောက်ရင်ကျ ကျနော် မုန့်လိုက်ကျွေးပါဦးမယ် ကျေးဇူးပါဗျာ"
နိုင်းနိုင်း ECအားပြုံးပြကာ "သွားတော့မယ်နော် ကျေးဇူးနော်EC"
"အေးရတယ် သက်သာအောင်နေနော် စာတွေငါတို့ရေးပေးထားမယ်"
"အေးပါ တီချယ်တို့ သားသွားတော့မယ်နော်"
"...."
လမ်းတွင်
"ကိုကိုရေ သားတို့လေ 7ဂိုး0နဲ့ ရှုံးတယ်သိလား"
ကိုကိုမှ ဘာမှပြန်မပြောချေ။
"ကိုကို သားလေ တစ်ဂိုးမှမသွင်းနိုင်ခဲ့ဘူး"
"နိုင်းနိုင်း ကိုကိုပြောထားတယ်လေ ထိခိုက်ဒဏ်ရာမဖြစ်စေနဲ့လို့ ကိုကိုစိတ်ပူရတာ အရမ်းပဲ"
"ဟင့် "
"တကယ် တကယ် လွှတ်ထားပေးလို့ကိုမရဘူး"
"ကိုကိုကလည်း"
"....."
#နှင်း
#စိတ်ကူးယဥ်ချရေးတာမို့လိုအပ်ချက်ရှိရင် နားလည်ပေးကြပါဗျာ
#ဆေးနဲ့ပတ်သက်တာနားမလည်လို့ အမှားပါရင်ခွင့်လွတ်ပါ
#ကိုယ်တွေတုန်းကလည်း 9ဂိုး 1ဂိုးနဲ့ ရှုံးခဲ့ရတာ🤣
#3557words
အပိုင်း ၂၀
မိုွးမျွးသံတို့ကြောင့် နိုင်းနိုင်း ကြောက်စိတ်များ ကြီးစိုးနေသည်။
ရူပါ သူ့ကိုကိုအားဖုန်းဆက်လိုက်သည်။
..........
"ဟုတ်ကဲ့ကိုကို"
"အင့်..."
"ကိုကိုရေ ကိုကို့ယောက်ျားကို ကိုကိုရအောင်ချော့ပေတော့"ဟူ၍သာ ပြောလိုက်ချင်သည်။
ဒေါက် ဒေါက်
"ကိုကိုဝင်လာပြီနော်"
...
"ဟုတ်"
"...."
"အင့်..." ခွမ်း..
"...."
"ဟင့် ကိုကို "
"ဟင့် ကိုကို"
"မွမွ"
"ဟီးဟီး"
...........................
"မမကလည်း"
"တောက်..."
"ရော့ စာအုပ် အခုကျက်"
"မမ babeကျက်လို့ရဘူး"
"မဖတ်တတ်တာရှိလား babe"
"ဟင့် ရှိဘူး "
"ရအောင်ကျက်"
"...."
"အင်း သိတယ်"
"ဟုတ်ကဲ့မမ"
..................
"လက်ကလေးပေး ကလေး"
"ဟိုဘက်လှည့်ကလေး"
"ဟုတ်"
"အာကိုကိုက နှိပ်တတ်လိုက်တာ"
"ကိုကို့ယောက်ျားလေးက စာကြိုးစားနေရတာလေ ၊နှိပ်ပေးရမာပေါ့"
"ကလေးက တော်လိုက်တာ"
....................
"ဟွန့် မုန့်ဝယ်ကျွေး"
"ရား ကိုကို စိတ်ပုတ်တာ သူ့ယောက်ျားကြပေးတယ် သူ့ညီမကြမပေးဘူး"
"ဒီလိုပဲ ကွာတယ်လေ ဟဲဟဲ"
..............
"အေးအေး"
"ဟုတ်"
"ရှိပါတယ်ဖေဖေ"
"လက်ဖြန့်ထား သားသား"
ဖြန်းး.
ဖြန်း...
"ဟုတ်ကဲ့ဖေဖေ"
.....................
"ဟုတ်"
နိုင်းနိုင်းတို့အတန်းခေါင်းဆောင် ယောက်ျားလေးနှင့် မိန်းကလေး စာရင်းများကောက်နေကြသည်။
ယောက်ျားလေးအတန်းခေါင်းဆောင်ပြောစကားပြောစကားကြောင့် နိုင်းနိုင်းနှင့်စွမ်းထက်တစ်ယောက်မျက်နှာတသ်ယောက်ကြည့်နေကြသည်။
"အေးအေး "
.............
"ဟုတ်ကဲ့ပါ တီချယ်"
.........................
"ကိုကိုး..."
"ဟုတ်ပြီကလေး "
............................................
"ဟားဟား"
"ကိုကိုကမကောင်းဘူးမမ"
"ဟားဟား တကယ့်ကလေးလေး"
............................
နိုင်းနိုင်းတို့ ပသိပ္ပံ2 ယောက်ျားလေးအဖွဲ့သည် ဒုဝိဇ္ဇာ3 မှ အကိုကြီးများနှင့်ယှဉ်ပြိုင်ရမည့်နေ့သို့ရောက်လာသည်။
"အေးပါရူပါရဲ့ စိတ်ချ "
ဒုန်း ဒုန်း....
"ပ S2 ဟေ့ ပ S2"
ဒုန်း ဒုန်း
"ဟာ... "
......
ဂိုး....
ဂိုး...
ဂိုး...
ဂိုးပြန်ပြီဟေ့......ဂိုး....
"အာ့..."
နိုင်းနိုင်းထ၍မရပေ။
"သားရရဲ့လား "
နိုင်းနိုင်းသူ့ကိုကိုအား တကာ ငိုလိုက်သည်။
"ဟာ ဟုတ်လား"
ရှိန်းစိတ်ပူပန်ရသည်။
"အေးအေး"
"ဟူး.."
"ရပါတယ်ရှင့်"
"...."
လမ်းတွင်
"ဟင့် "
"ကိုကိုကလည်း"
"....."
#နှင်း
#3557words