#Unicode
အတန်းချိန်ဖျက်ပြီး သူနှင့်အတူ မီးရှူးမီးပန်းပွဲတော်သွားကြည့်ခဲ့တဲ့နေ့ကစလို့ တစ်ဆင့်ထက်တစ်ဆင့်ပိုမိုနီးကပ်လို့လာတဲ့ ကိုယ်နဲ့သူ့ကြားက ဆက်ဆံရေး...။ မနက်ခင်းဆို နှစ်ယောက်အတူ ဘတ်စ်ကားစီးကာ ကျောင်းကိုလာသည်၊ ပြန်ရင်လည်း နှစ်ယောက်သားအတန်းဆင်းချိန်မတူသည့်တိုင် နောက်ကျမှအတန်းဆင်းတဲ့ကိုယ့်ကိုစောင့်ပြီး သူကိုယ်တိုင်အိမ်ရှေ့လမ်းထိပ်အထိလိုက်ပို့ပေးတတ်၏....။ သူအတန်းမတက်ချင်တဲ့နေ့တွေဆိုရင်လည်း နှစ်ယောက်သား အတန်းချိန်တွေကိုဖျက်ပြီး ဟိုနားဒီနား လျှောက်လည်တတ်သေးသည်...။
သူနဲ့တွေ့ပြီးနောက်ပိုင်းမှပဲ စာကြမ်းပိုးကိုယ်က အတန်းချိန်တွေလည်းပျက်တတ်နေပြီ...။ လျှောက်လည်ကြလို့ တွဲထားတဲ့လက်တွေကိုတွေ့တိုင်း ရည်းစားတွေလို့ထင်သွားတတ်ကြတဲ့လူတွေကြောင့်လည်း ကြိတ်ပြီးကြည်နူးနေတတ်ပြီ...။
အခုလည်း သူ့အကြောင်းကိုတွေးရင်း ဘတ်စ်ကားမှတ်တိုင်မှာ တစ်ယောက်တည်းရပ်ပြီး ပြုံးနေမိပြန်တဲ့ ကိုယ်...။ ဘေးနားမှာကိုယ့်လိုပဲ ဘတ်စ်ကားစောင့်နေတဲ့လူတွေရှိတာသတိရတော့မှပဲ အပြုံးတွေကိုအမြန်အတောသတ်လိုက်ရသည်...။ တော်ကြာ ကိုယ့်ကိုယဉ်ယဉ်လေးရူးနေတယ်လို့ထင်သွားမှဖြင့်...။
တကယ်တမ်းတော့လည်း ကိုယ်က ယဉ်ယဉ်လေးရူးနေတာပါပဲလေ...။ သူနဲ့ပက်သက်ပြီးတော့ပေါ့...။
အချစ်ဆိုတာ ဒီလိုပဲထူးဆန်းတဲ့အရာများလား...။ ကိုယ့်လိုလူမျိုးက လူတစ်ယောက်ကိုဘယ်တော့မှဒီလောက်အထိချစ်မိမှာမဟုတ်ဘူးလို့ထင်ခဲ့ပေမယ့် ချစ်မိပြန်တော့လည်း သူ့အကြောင်းအတွေးတွေနဲ့တစ်ချိန်လုံးအရူးတစ်ယောက်လိုပြုံးနေမိတဲ့အထိလေ...။
*ကျွီ*
ထိုအချိန်မှာပဲ မှတ်တိုင်အရှေ့ကိုရပ်လို့လာသည့် ဘတ်စ်ကား...။ ထုံးစံအတိုင်း သူပါလာတတ်တဲ့ဘတ်စ်ကားလေးပေါ် သူ့မျက်နှာလေးကိုမြင်ရတော့မယ်အထင်နဲ့ အပြေးတက်သွားပေမယ့် တစ်ယောက်သောသူက ဒီနေ့တော့ဘတ်စ်ကားပေါ်ပါမလာပေ...။
မြင်နေကျပုံရိပ်လေးအားမတွေ့ရလေတော့ ချက်ချင်းပင်ညှိုးကျသွားမိတဲ့ မျက်နှာနဲ့အတူ ဘတ်စ်ကားရဲ့ဝင်ပေါက်မှာတင် လှုပ်ရှားခြင်းမရှိရပ်နေမိသည်...။
"ကောင်လေး...အထဲမသွားဘူးလား...?"
အနောက်ကတက်လာတဲ့အဒေါ်ကြီးတစ်ယောက်က ပြောလာတော့မှပဲ သတိပြန်ဝင်လာခဲ့တော့၏...။
"အာ... သွားမှာပါခင်ဗျ...။ တောင်းပန်ပါတယ်..."
ခပ်မြန်မြန်ပင် ဘတ်စ်ကားခထည့်လိုက်ပြီး အနောက်ဘက်ဆီလျှောက်လာခဲ့လိုက်သည်...။
နောက်ဆုံးတန်းက ပြတင်းပေါက်ဘေးရှိခုံမှာဝင်ထိုင်လိုက်ရင်း ဘေးရှိထိုင်ခုံဆီရောက်သွားမိတဲ့ကိုယ့်အကြည့်တွေ...။ ဘတ်စ်ကားစီးတိုင်း အမြဲ ပြတင်းပေါက်ဘေးကနေရာမှာကိုယ့်ကိုထိုင်စေပြီး သူကတော့ကိုယ့်ရဲ့ဘေးကခုံမှာနေရာယူတတ်၏...။ အခုတော့ သူ့နေရာလေးကလွတ်လို့...။
လပတ်စာမေးပွဲတွေရှိလို့ ကျောင်းကိုစောသွားရတဲ့နေ့တွေလိုမျိုးမှာမှ ဘတ်စ်ကားပေါ်မတွေ့ရတဲ့သူ...။ အခုက စာမေးပွဲလည်းမရှိပါပဲ၊ ကိုယ့်ကိုလည်းမနေ့က ဘာမှကြိုပြောထားခြင်းမရှိပါပဲ ဘတ်စ်ကားပေါ်ပါမလာရတဲ့အကြောင်းက ဘာကြောင့်များလဲ...။
သက်ပြင်းတစ်ချက် ခပ်သဲ့သဲ့ချလိုက်ရင်း ပြတင်းပေါက်ရဲ့အပြင်ဘက်မြင်ကွင်းဆီကိုသာ ငေးကြည့်နေမိတော့သည်...။
မနက်တိုင်းဘတ်စ်ကားအတူစီးနေကျတစ်ယောက်သောသူ ကိုယ့်ဘေးနားပါမလာသောအခါ ကိုယ့်ရဲ့မနက်ခင်းဟာ မပြည့်စုံခဲ့ပါပေ...။
*****
အရင်နေ့တွေကဆို ကိုယ့်လက်ကိုဆွဲပြီးအရှေ့ကနေဦးဆောင်ခေါ်သွားတတ်တဲ့တစ်ယောက်သောသူကြောင့် ကိုယ့်ခြေလှမ်းတွေဟာတက်ကြွခဲ့ပေမယ့် ဒီနေ့တော့ ထိုသို့မဟုတ်...။ မှတ်တိုင်ကနေ ကျောင်းဝန်းထဲအထိ လေးလံနေသောခြေလှမ်းတွေနဲ့သာလှမ်းလာမိသည်...။
ဆုပ်ကိုင်ထားပေးမယ့်လက်တစ်စုံမရှိတော့ ကိုယ့်ရဲ့အေးစက်နေတဲ့လက်တွေဟာ ကျောပိုးအိတ်ရဲ့ကြိုးကိုသာ ခပ်တင်းတင်းဆုပ်ထားမိသည်...။
ကျောင်းဝန်းထဲဝင်လိုက်တဲ့အခါ အနောက်ဘက်ကနေကြားလိုက်ရတဲ့ကားသံ...။ ဘာရယ်မဟုတ် အရှေ့ကိုဆက်မသွားပဲ အနောက်လှည့်ကြည့်လိုက်မိလေတော့ ကျောင်းအရှေ့နားခပ်လှမ်းလှမ်းမှာရပ်ထားသည့် အဖြူရောင်ကားထဲကနေ ထွက်လာသော သူ...။
ဒါပေမယ့် ကိုယ်မပျော်နိုင်၊ အနည်းငယ်ကြောင်အသွားရသည်...။ ဘာလို့လဲဆိုတော့ မောင်းသူနေရာမှာထိုင်နေတဲ့လူက မိန်းကလေးတစ်ယောက်ဖြစ်နေတာမို့...။
ကားပေါ်ကနေဆင်းလာတဲ့သူ့ရဲ့မျက်နှာက တစ်ခုခုကိုအလိုမကျဟန် မှုန်ကုပ်လို့နေ၏...။ ထို့နောက် ပြတင်းပေါက်မှန်ကိုချပြီး ကားထဲကမိန်းကလေးက သူ့အားစကားလှမ်းပြောနေလေသည်...။ ကိုယ်တို့ထက်တော့အသက်ကြီးမယ့်ပုံ...။
ကိုင်ထားတဲ့ကျောပိုးအိတ်ကြိုးအား နဂိုကိုင်ထားသည်ထက်ပို၍ ခပ်တင်းတင်းဆုပ်ကိုင်ထားမိ၏...။ ဒါဆို ဒီမနက် ဘတ်စ်ကားပေါ်ပါမလာရတာက ထိုမိန်းကလေးနဲ့အတူလာမှာမို့လို့ပေါ့...။ ဒါကို ဘာဖြစ်လို့များ ကိုယ့်ဆီကြိုမပြောပြရတာလဲလေ...။ ကိုယ့်မှာတော့ သူပါမလာလို့ ဘယ်လောက်အရူးတစ်ပိုင်းဖြစ်လာခဲ့ရလဲ...။
စိတ်လည်းဆိုးချင်သလို၊ ဝမ်းလည်းနည်းမိပါသည်...။ အင်း... သဝန်တိုစိတ်လေးတော့ အနည်းငယ်ပါတာပေါ့လေ...။
တကယ်တမ်းပြန်စဉ်းစားကြည့်ရင် ကိုယ်နဲ့သူဟာ မိတ်ဆွေသူငယ်ချင်းပက်သက်မှုကလွဲပြီး ဘာမှမဆိုင်ပါပဲနဲ့...။ ကိုယ်ဟာ သိပ်ပြီးအဆင့်တွေကျော်ချင်နေတယ်ထင်ပါ၏...။
တစ်ယောက်တည်းအတွေးပေါင်းစုံဖြင့်ရပ်နေမိတုန်းမှာပင် ထွက်သွားတဲ့ကားနောက် ကိုယ့်ဘက်လှည့်ကြည့်လို့လာတဲ့သူ...။ မျက်လုံးချင်းဆုံသွားတဲ့အခိုက်အတန့်မှာ သူ့ဘက်ကနေကိုယ့်ကိုလှမ်းခေါ်ဖို့ပြင်လိုက်တာတွေ့ပေမယ့် မသိချင်ယောင်ဆောင်ကာ ချာခနဲလှည့်ထွက်ပြီး ကျောင်းအဆောက်အဦးဆီကိုသာလျှောက်လာခဲ့လိုက်သည်...။
"ယောင်း...! ယောင်း...!"
ထိုအခါ ကြားလာရတာက အနောက်ကနေကိုယ့်နာမည်ကိုတဆာဆာအော်ခေါ်နေသောအသံ...။
"ယောင်း...! ခဏနေပါဦး...!"
သိပ်မကြာပါ၊ ပြေးလိုက်လာပုံရတဲ့သူက ကိုယ့်ခြေလှမ်းတွေကိုအမှီလိုက်လာကာ ကိုယ့်အရှေ့မှာပိတ်ရပ်လို့လာသည်...။ ခြေလှမ်းကျဲကြီးတွေနဲ့ပြေးလာလို့ပဲ ကိုယ့်ကိုအမှီလိုက်လာနိုင်တာလား၊ ဒါမှမဟုတ် ကိုယ်ကပဲ သူမှီလာအောင် ခပ်နှေးနှေးခြေလှမ်းတွေလှမ်းနေမိတာလားဆိုတာတော့ သေချာမသိ...။
"ကိုယ့်ကိုတွေ့ရဲ့သားနဲ့ ဘာလို့မစောင့်ပဲအရင်ထွက်သွားရတာလဲ...?"
မေးလာတဲ့သူ့စကား...။
"အနှောင့်အယှက်မပေးချင်လို့လေ..."
"ဟင်...?"
"မင်းနဲ့အတူ မိန်းကလေးတစ်ယောက်ကိုတွေ့လိုက်ရတယ်လေ...။ အဲဒါကြောင့် မခေါ်ပဲ ဒီအတိုင်းပဲထွက်လာလိုက်တာ..."
"အဟင်း... အခုထိ ကိုယ့်အတွေးနဲ့ကိုယ် ထင်ချင်တာထင်နေတတ်တုန်းပဲလား...?"
ကိုယ့်ဘက်ကပြောလိုက်တဲ့စကားထဲရယ်စရာဘာပါလို့လဲမသိပေမယ့် သူကတစ်ချက်ရယ်ရင်းဆိုလာလေ၏...။
"ကိုယ်ပြောဖူးတယ်လေ...၊ ကိစ္စရပ်တစ်ခုကိုအထင်အမြင်တစ်ခုတည်းနဲ့ဆုံးဖြတ်လို့မရဘူးလို့...။ ကိုယ်မမြင်ရတဲ့တစ်ဖက်ခြမ်းမှာ မသိနိုင်တဲ့အကြောင်းအရာတွေအများကြီးရှိနေနိုင်တယ်လို့လေ..."
သူ့စကားကို ကိုယ်ဘာမှပြန်မပြောမိ...။
"အဲဒီ့လို အတွေးတွေများမနေပဲ ပါးစပ်ကနေပဲထုတ်မေးလိုက်ပါတော့လား...? ကိုယ်နဲ့ကားအတူစီးလာတဲ့မိန်းကလေးက ဘယ်သူလဲဆိုတာ..."
ထုတ်မေးတော့ရော ဖြေပေးမှာလားဆိုတာ သိပ်သိချင်ပါ၏...။ ဒါပေမယ့် ကိုယ်က ထုတ်မေးခွင့်တောင်မရှိတဲ့ မိတ်ဆွေအဆင့်မှာလေ...။
"မေးခွင့်မှမရှိတာ...။ ဒါက မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စလေ...။ မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို ငါ့မှာဝင်စွက်ဖက်ပိုင်ခွင့်မှမရှိတာ..."
"ဒါဆို... ဝင်စွက်ဖက်ပိုင်ခွင့်ရှိသွားအောင်... ကိုယ်နဲ့တွဲမလား...?"
ရုတ်တရက်ကြီးပြောလာသောသူ့စကားမှာ အာမေဋိတ်အသံတောင်မထွက်နိုင်တော့သည်အထိ ပါးစပ်အဟောင်းသားနဲ့တအံ့တဩဖြစ်သွားရတာက ကိုယ်...။ တစ်ကိုယ်လုံးတောင့်ခဲလို့သွားရင်း ခြေဖျားလက်ဖျားတွေကပါ အေးစက်လို့လာသည်...။
"ဘယ်...ဘယ်လိုစကားတွေပြောနေလဲ...ဆိုတာ... သိပ်...နားမလည်..."
အထစ်ထစ်အအနဲ့ထွက်လာတဲ့စကားတွေက အစီအစဉ်မကျ...။ ကိုယ့်အရှေ့ကသူကတော့ ကိုယ်ဖြစ်နေပုံနဲ့ခြားနားစွာ အပြုံးတစ်ချက်သာပေးလို့လာပြီး...
"ကိုယ်တို့တွဲရအောင်လို့...။ ကိုယ်ပြောလိုက်တဲ့စကားရဲ့အဓိပ္ပာယ်ကို ကိုယ်ကောင်းကောင်းကြီးနားလည်သလို ယောင်းလည်းနားလည်တယ်ဆိုတာကိုယ်သိတယ်...။ ပြီးတော့..."
ပြောလက်စ စကားကိုခဏရပ်ရင်း ကိုယ့်မျက်နှာအရှေ့ ခန္ဓာကိုယ်ကိုကိုင်းချလို့လာပြီး ကိုယ့်မျက်ဝန်းတွေကိုတည့်တည့်ကြည့်လို့လာသည်...။
ဟုတ်တယ်...ဒီအကြည့်တွေ...။ အကြည့်ချင်းဆုံလိုက်တိုင်း ကျယ်ပြန့်နက်ရှိုင်းလှတဲ့သမုဒ္ဒရာကြီးထဲ နစ်မြုပ်သွားသလိုမျိုး ခံစားချက်ကိုပေးစွမ်းနိုင်သည့် မျက်ဝန်းအကြည့်တွေ...။ စစတွေ့ကတည်းက မနစ်မြုပ်မိအောင် ရုန်းထွက်ဖို့ကြိုးစားခဲ့ပေမယ့် ရုန်းလေ နစ်လေ ဖြစ်အောင်ပြုစားခဲ့တဲ့ ထိုအကြည့်တွေက အခုလည်းထိုနည်းလည်းကောင်း ပြုစားလို့နေပြန်သည်...။
"ယောင်းဘက်က ငြင်းမှာမဟုတ်ဘူးဆိုတာကိုလည်း ကိုယ်သိနေတယ်..."
ကူကယ်ရာမရှိနစ်မြုပ်စေနိုင်တဲ့အကြည့်တွေနဲ့လူကိုကြည့်လာရင်း ပြောလာသော သူ့စကား...။ ကိုယ့်ဘက်ကနေငြင်းနိုင်မှာမဟုတ်ဘူးဆိုတာကို သိပ်သေချာနေပုံရသည်...။ ထိုစကားမှာ သူ့ကိုယ်သူဘယ်လောက်တောင်ယုံကြည်ချက်အပြည့်ရှိနေမှန်းသိနိုင်သလို တစ်ပြိုင်နက်တည်း ခံစားလိုက်ရတာက ကိုယ့်အပေါ်ရောက်လာတဲ့သူ့ရဲ့လွှမ်းမိုးမှု...။
ကိုယ်စိတ်ထဲကနေသာ ဟက်ခနဲတစ်ချက်ရယ်လိုက်မိပါတော့သည်...။ သူ့အပေါ်ထားတဲ့ကိုယ့်ရဲ့ခံစားချက်တွေက သိပ်များသိသာလွန်းခဲ့သလားလေ၊ သူ့ဆီက ဒီလိုစကားမျိုးယုံကြည်ချက်ရှိရှိပြောထွက်လာခဲ့တဲ့အထိ...။
ရည်းစားစကားပြောခြင်းရဲ့ အဓိကအခြေခံအချက်ဖြစ်သည့် 'ချစ်တယ်' ဆိုတဲ့စကား...။ ထိုစကားလေးတစ်ခွန်းတောင်မပါပဲ အထက်စီးဆန်ဆန် အပေါ်စီးကနေပြောသွားတာက 'တွဲကြရအောင်' တဲ့...။
ဒါပေမယ့် သူဆိုတဲ့အချစ်နွံမှာ လှလှပပကြီးကိုနစ်နေတဲ့ကိုယ်ကတော့ ဒါကို အပြစ်တင်ရကောင်းမှန်းမသိတဲ့အပြင် နှလုံးသားတစ်စုံကပင် အမြင်ကပ်ဖို့ကောင်းစွာ အလိုက်မသိ တဒိတ်ဒိတ်ဖြင့် ခုန်နှုန်းမြန်လာခဲ့ပါသေးသည်...။
*****
*ဒုန်း*
ရည်းစားစကားမမည်တဲ့ ရည်းစားစကားအပြောခံလိုက်ရပြီးတဲ့အချိန်ကစလို့ ဘာလုပ်လုပ် ဘာကိုင်ကိုင် တလွဲတွေသာလုပ်မိနေတဲ့ကိုယ်...။ စာသင်ချိန်အတွင်းလည်း စာလိုက်နားမထောင်မိပဲအတွေးတွေပြန့်နေလို့ ဆရာမဆီက သတိပေးချက်အကြည့်နဲ့ကြည့်ခံလိုက်သလို အပြန် ဘတ်စ်ကားကိုလည်း မှတ်တိုင်ကျော်ကာ စီးသွားခဲ့မိသေးသည်...။ အခုလည်း အိမ်ပြန်ရောက်လို့ အိမ်တံခါးကိုကြောင်တောင်တောင်နဲ့ဆောင့်ပိတ်လိုက်မိတာများ ဒုန်းခနဲ...။
အခုလိုအလွဲလွဲအချော်ချော်တွေဖြစ်တော့မယ့် ကိုယ်ပုံစံကိုယ်သိနေလို့ မနက်သူနဲ့ရှိနေတုန်း ကျောင်းခေါင်းလောင်းထိုးသံကြားတာနဲ့ အတန်းချိန်ရှိသေးတယ်ဆိုပြီးအကြောင်းပြကာ ရှောင်ထွက်လာခဲ့သလို ညနေအတူပြန်ဖို့စောင့်နေတုန်းကလည်း ဝင်စရာရှိလို့ဆိုတဲ့အကြောင်းပြချက်ပေးပြီး လစ်ထွက်လာခဲ့ရ၏...။
သူကတော့ ပျာယာခတ်နေတဲ့ကိုယ်ပုံစံကိုကြည့်ပြီး ယုံချင်စရာမကောင်းတဲ့ကိုယ့်အကြောင်းပြချက်တွေကို ယုံပေးလိုက်ပါ့မယ်ဆိုတဲ့သဘောဖြင့် ပြုံးတုံ့တုံ့နဲ့ခေါင်းသာငြိမ့်ပြသည်...။ ဘယ်လောက်ပဲထွက်ပြေးနေပါစေ၊ အချိန်တန်ရင်သူ့ဆီအလိုလိုပြန်လာရမှာပဲ ဆိုတာသိနေတဲ့အပြုံးမျိုးဖြင့်...။
သူ့အကြောင်းကိုတွေးမိလိုက်ပြန်တော့ တဒုတ်ဒုတ်နဲ့ခုန်နေတဲ့နှလုံးသားလေးက ညှိုးနွမ်းကျသွားလေ၏...။ ကိုယ့်ရဲ့အိပ်ခန်း အခန်းကျဉ်းလေးထဲလေးပင်စွာသာဝင်လာလိုက်ပြီး ကျောပိုးအိတ်အားစားပွဲပေါ်တင်ကာ စားပွဲ့ရှေ့ကခုံမှာဝင်ထိုင်လိုက်သည်...။ ထို့နောက် သူနဲ့ပက်သက်တဲ့အတွေးတွေကို စဉ်းစားခန်းဖွင့်မိပြန်သည်...။
ရည်းစားစကားကို 'ချစ်တယ်' ဆိုတဲ့စကားတစ်ခွန်းမပါပဲ ပြောသွားသော သူ...။ 'တွဲကြရအောင်' ဆိုပြီးလွယ်လွယ်ပြောထွက်လာတဲ့ထိုစကားမှာ လေးနက်မှုပါလား မပါလား၊ စစ်မှန်မှုပါလား မပါဘူးလား ဆိုတာ ဦးနှောက်ရှိတဲ့သူတိုင်းသိနိုင်ပါသည်...။ အင်း... ကိုယ်လည်းဦးနှောက်ရှိတဲ့သူမို့ သိတာပေါ့၊ သူပြောတဲ့စကားက အစစ်အမှန်လား အတုအယောင်လားဆိုတာ...။
ဒါပေမယ့် ခက်တာက ကိုယ်ဟာ သူနဲ့ပက်သက်လာရင် ဦးနှောက်မဟုတ်ပဲ နှလုံးသားကိုသာဦးစားပေးနေမိတာပင်...။
စဉ်းစားနိုင်စွမ်းတွေမရှိတော့ဘူး၊ ဆင်ခြင်နိုင်စွမ်းတွေမရှိတော့ဘူး...။ အစစ်အမှန်မဟုတ်ပဲ အတုအယောင်ဆိုရင်တောင် ထိုအတုအယောင်ကိုပဲ ဖက်တွယ်ချင်နေမိတာ...။ မေတ္တာစစ်ဆိုတာ ရောင်ပြန်ဟပ်တယ်တဲ့...။ ကိုယ့်ဘက်က သူ့အပေါ်ထားတဲ့အချစ်တွေဟာစစ်မှန်တာမို့ တစ်ချိန်ချိန်မှာ သူ့ဘက်ကလည်းကိုယ့်ကိုချစ်လာနိုင်တာပဲဆိုသည့် ကောက်ရိုးမျှင်လို မျှော်လင့်ချက်လေးကိုလည်း ဆုပ်ကိုင်ထားချင်မိသည်...။
ကိုယ်ဟာ သိပ်များ မိုက်ရူးရဲဆန်နေမိသလား...။ ထောင်ချောက်မှန်းသိတာတောင် ကျေကျေနပ်နပ်ကြီး ဆင်းသက်သွားချင်နေမိတဲ့အထိလေ...။
"အဟက်...."
သူ ကိုယ့်ကိုအလေးမထားပဲ ပေါ့ပျက်ပျက်ဆက်ဆံချင်လည်း ဆက်ဆံချင်စရာပါပဲ...။ အချစ်ကြောင့် ပြောင်းလဲသွားတဲ့ ကိုယ့်ပုံစံကိုလည်းကြည့်ပါဦး...။ အပေါစားဆန်နေလိုက်တာ...။
ကိုယ့်ကိုကိုယ် ဟက်ခနဲတစ်ချက်ရယ်မိလိုက်တော့ ပါးပြင်ပေါ်ကျလာတဲ့ မျက်ရည်တစ်စက်...။ နေရောင်ပျောက်ကွယ်လို့သွားပြီး ညဉ့်နက်လာသည်အထိ ထိုင်ခုံပေါ်မှာပဲ ကျောက်ရုပ်တစ်ရုပ်လိုငြိမ်သက်စွာထိုင်နေမိတော့သည်...။
အင်း... ဒီနေ့ညကလည်း မင်းအကြောင်းတွေးရင်း ညတာရှည်ခဲ့ရတဲ့ညတွေအများကြီးထဲက တစ်ညဖြစ်ခဲ့ပြန်ပြီပေါ့...။ အပိုဆုအနေနဲ့ မျက်ရည်တွေက အဖော်ပြုပေးခဲ့ပါတယ်...။
*****
TBC...
Love You All 💜
#Zawgyi
အတန္းခ်ိန္ဖ်က္ၿပီး သူႏွင့္အတူ မီးရႉးမီးပန္းပြဲေတာ္သြားၾကည့္ခဲ့တဲ့ေန႕ကစလို႔ တစ္ဆင့္ထက္တစ္ဆင့္ပိုမိုနီးကပ္လို႔လာတဲ့ ကိုယ္နဲ႕သူ႕ၾကားက ဆက္ဆံေရး...။ မနက္ခင္းဆို ႏွစ္ေယာက္အတူ ဘတ္စ္ကားစီးကာ ေက်ာင္းကိုလာသည္၊ ျပန္ရင္လည္း ႏွစ္ေယာက္သားအတန္းဆင္းခ်ိန္မတူသည့္တိုင္ ေနာက္က်မွအတန္းဆင္းတဲ့ကိုယ့္ကိုေစာင့္ၿပီး သူကိုယ္တိုင္အိမ္ေရွ႕လမ္းထိပ္အထိလိုက္ပို႔ေပးတတ္၏....။ သူအတန္းမတက္ခ်င္တဲ့ေန႕ေတြဆိုရင္လည္း ႏွစ္ေယာက္သား အတန္းခ်ိန္ေတြကိုဖ်က္ၿပီး ဟိုနားဒီနား ေလွ်ာက္လည္တတ္ေသးသည္...။
သူနဲ႕ေတြ႕ၿပီးေနာက္ပိုင္းမွပဲ စာၾကမ္းပိုးကိုယ္က အတန္းခ်ိန္ေတြလည္းပ်က္တတ္ေနၿပီ...။ ေလွ်ာက္လည္ၾကလို႔ တြဲထားတဲ့လက္ေတြကိုေတြ႕တိုင္း ရည္းစားေတြလို႔ထင္သြားတတ္ၾကတဲ့လူေတြေၾကာင့္လည္း ႀကိတ္ၿပီးၾကည္ႏူးေနတတ္ၿပီ...။
အခုလည္း သူ႕အေၾကာင္းကိုေတြးရင္း ဘတ္စ္ကားမွတ္တိုင္မွာ တစ္ေယာက္တည္းရပ္ၿပီး ၿပဳံးေနမိျပန္တဲ့ ကိုယ္...။ ေဘးနားမွာကိုယ့္လိုပဲ ဘတ္စ္ကားေစာင့္ေနတဲ့လူေတြရွိတာသတိရေတာ့မွပဲ အၿပဳံးေတြကိုအျမန္အေတာသတ္လိုက္ရသည္...။ ေတာ္ၾကာ ကိုယ့္ကိုယဥ္ယဥ္ေလး႐ူးေနတယ္လို႔ထင္သြားမွျဖင့္...။
တကယ္တမ္းေတာ့လည္း ကိုယ္က ယဥ္ယဥ္ေလး႐ူးေနတာပါပဲေလ...။ သူနဲ႕ပက္သက္ၿပီးေတာ့ေပါ့...။
အခ်စ္ဆိုတာ ဒီလိုပဲထူးဆန္းတဲ့အရာမ်ားလား...။ ကိုယ့္လိုလူမ်ိဳးက လူတစ္ေယာက္ကိုဘယ္ေတာ့မွဒီေလာက္အထိခ်စ္မိမွာမဟုတ္ဘူးလို႔ထင္ခဲ့ေပမယ့္ ခ်စ္မိျပန္ေတာ့လည္း သူ႕အေၾကာင္းအေတြးေတြနဲ႕တစ္ခ်ိန္လုံးအ႐ူးတစ္ေယာက္လိုၿပဳံးေနမိတဲ့အထိေလ...။
*ကြၽီ*
ထိုအခ်ိန္မွာပဲ မွတ္တိုင္အေရွ႕ကိုရပ္လို႔လာသည့္ ဘတ္စ္ကား...။ ထုံးစံအတိုင္း သူပါလာတတ္တဲ့ဘတ္စ္ကားေလးေပၚ သူ႕မ်က္ႏွာေလးကိုျမင္ရေတာ့မယ္အထင္နဲ႕ အေျပးတက္သြားေပမယ့္ တစ္ေယာက္ေသာသူက ဒီေန႕ေတာ့ဘတ္စ္ကားေပၚပါမလာေပ...။
ျမင္ေနက်ပဳံရိပ္ေလးအားမေတြ႕ရေလေတာ့ ခ်က္ခ်င္းပင္ညွိုးက်သြားမိတဲ့ မ်က္ႏွာနဲ႕အတူ ဘတ္စ္ကားရဲ႕ဝင္ေပါက္မွာတင္ လႈပ္ရွားျခင္းမရွိရပ္ေနမိသည္...။
"ေကာင္ေလး...အထဲမသြားဘူးလား...?"
အေနာက္ကတက္လာတဲ့အေဒၚႀကီးတစ္ေယာက္က ေျပာလာေတာ့မွပဲ သတိျပန္ဝင္လာခဲ့ေတာ့၏...။
"အာ... သြားမွာပါခင္ဗ်...။ ေတာင္းပန္ပါတယ္..."
ခပ္ျမန္ျမန္ပင္ ဘတ္စ္ကားခထည့္လိုက္ၿပီး အေနာက္ဘက္ဆီေလွ်ာက္လာခဲ့လိုက္သည္...။
ေနာက္ဆုံးတန္းက ျပတင္းေပါက္ေဘးရွိခုံမွာဝင္ထိုင္လိုက္ရင္း ေဘးရွိထိုင္ခုံဆီေရာက္သြားမိတဲ့ကိုယ့္အၾကည့္ေတြ...။ ဘတ္စ္ကားစီးတိုင္း အၿမဲ ျပတင္းေပါက္ေဘးကေနရာမွာကိုယ့္ကိုထိုင္ေစၿပီး သူကေတာ့ကိုယ့္ရဲ႕ေဘးကခုံမွာေနရာယူတတ္၏...။ အခုေတာ့ သူ႕ေနရာေလးကလြတ္လို႔...။
လပတ္စာေမးပြဲေတြရွိလို႔ ေက်ာင္းကိုေစာသြားရတဲ့ေန႕ေတြလိုမ်ိဳးမွာမွ ဘတ္စ္ကားေပၚမေတြ႕ရတဲ့သူ...။ အခုက စာေမးပြဲလည္းမရွိပါပဲ၊ ကိုယ့္ကိုလည္းမေန႕က ဘာမွႀကိဳေျပာထားျခင္းမရွိပါပဲ ဘတ္စ္ကားေပၚပါမလာရတဲ့အေၾကာင္းက ဘာေၾကာင့္မ်ားလဲ...။
သက္ျပင္းတစ္ခ်က္ ခပ္သဲ့သဲ့ခ်လိဳက္ရင္း ျပတင္းေပါက္ရဲ႕အျပင္ဘက္ျမင္ကြင္းဆီကိုသာ ေငးၾကည့္ေနမိေတာ့သည္...။
မနက္တိုင္းဘတ္စ္ကားအတူစီးေနက်တစ္ေယာက္ေသာသူ ကိုယ့္ေဘးနားပါမလာေသာအခါ ကိုယ့္ရဲ႕မနက္ခင္းဟာ မျပည့္စုံခဲ့ပါေပ...။
*****
အရင္ေန႕ေတြကဆို ကိုယ့္လက္ကိုဆြဲၿပီးအေရွ႕ကေနဦးေဆာင္ေခၚသြားတတ္တဲ့တစ္ေယာက္ေသာသူေၾကာင့္ ကိုယ့္ေျခလွမ္းေတြဟာတက္ႂကြခဲ့ေပမယ့္ ဒီေန႕ေတာ့ ထိုသို႔မဟုတ္...။ မွတ္တိုင္ကေန ေက်ာင္းဝန္းထဲအထိ ေလးလံေနေသာေျခလွမ္းေတြနဲ႕သာလွမ္းလာမိသည္...။
ဆုပ္ကိုင္ထားေပးမယ့္လက္တစ္စုံမရွိေတာ့ ကိုယ့္ရဲ႕ေအးစက္ေနတဲ့လက္ေတြဟာ ေက်ာပိုးအိတ္ရဲ႕ႀကိဳးကိုသာ ခပ္တင္းတင္းဆုပ္ထားမိသည္...။
ေက်ာင္းဝန္းထဲဝင္လိုက္တဲ့အခါ အေနာက္ဘက္ကေနၾကားလိုက္ရတဲ့ကားသံ...။ ဘာရယ္မဟုတ္ အေရွ႕ကိုဆက္မသြားပဲ အေနာက္လွည့္ၾကည့္လိုက္မိေလေတာ့ ေက်ာင္းအေရွ႕နားခပ္လွမ္းလွမ္းမွာရပ္ထားသည့္ အျဖဴေရာင္ကားထဲကေန ထြက္လာေသာ သူ...။
ဒါေပမယ့္ ကိုယ္မေပ်ာ္နိုင္၊ အနည္းငယ္ေၾကာင္အသြားရသည္...။ ဘာလို႔လဲဆိုေတာ့ ေမာင္းသူေနရာမွာထိုင္ေနတဲ့လူက မိန္းကေလးတစ္ေယာက္ျဖစ္ေနတာမို႔...။
ကားေပၚကေနဆင္းလာတဲ့သူ႕ရဲ႕မ်က္ႏွာက တစ္ခုခုကိုအလိုမက်ဟန္ မႈန္ကုပ္လို႔ေန၏...။ ထို႔ေနာက္ ျပတင္းေပါက္မွန္ကိုခ်ၿပီး ကားထဲကမိန္းကေလးက သူ႕အားစကားလွမ္းေျပာေနေလသည္...။ ကိုယ္တို႔ထက္ေတာ့အသက္ႀကီးမယ့္ပုံ...။
ကိုင္ထားတဲ့ေက်ာပိုးအိတ္ႀကိဳးအား နဂိုကိုင္ထားသည္ထက္ပို၍ ခပ္တင္းတင္းဆုပ္ကိုင္ထားမိ၏...။ ဒါဆို ဒီမနက္ ဘတ္စ္ကားေပၚပါမလာရတာက ထိုမိန္းကေလးနဲ႕အတူလာမွာမို႔လို႔ေပါ့...။ ဒါကို ဘာျဖစ္လို႔မ်ား ကိုယ့္ဆီႀကိဳမေျပာျပရတာလဲေလ...။ ကိုယ့္မွာေတာ့ သူပါမလာလို႔ ဘယ္ေလာက္အ႐ူးတစ္ပိုင္းျဖစ္လာခဲ့ရလဲ...။
စိတ္လည္းဆိုးခ်င္သလို၊ ဝမ္းလည္းနည္းမိပါသည္...။ အင္း... သဝန္တိုစိတ္ေလးေတာ့ အနည္းငယ္ပါတာေပါ့ေလ...။
တကယ္တမ္းျပန္စဥ္းစားၾကည့္ရင္ ကိုယ္နဲ႕သူဟာ မိတ္ေဆြသူငယ္ခ်င္းပက္သက္မႈကလြဲၿပီး ဘာမွမဆိုင္ပါပဲနဲ႕...။ ကိုယ္ဟာ သိပ္ၿပီးအဆင့္ေတြေက်ာ္ခ်င္ေနတယ္ထင္ပါ၏...။
တစ္ေယာက္တည္းအေတြးေပါင္းစုံျဖင့္ရပ္ေနမိတုန္းမွာပင္ ထြက္သြားတဲ့ကားေနာက္ ကိုယ့္ဘက္လွည့္ၾကည့္လို႔လာတဲ့သူ...။ မ်က္လုံးခ်င္းဆုံသြားတဲ့အခိုက္အတန႔္မွာ သူ႕ဘက္ကေနကိုယ့္ကိုလွမ္းေခၚဖို႔ျပင္လိုက္တာေတြ႕ေပမယ့္ မသိခ်င္ေယာင္ေဆာင္ကာ ခ်ာခနဲလွည့္ထြက္ၿပီး ေက်ာင္းအေဆာက္အဦးဆီကိုသာေလွ်ာက္လာခဲ့လိုက္သည္...။
"ေယာင္း...! ေယာင္း...!"
ထိုအခါ ၾကားလာရတာက အေနာက္ကေနကိုယ့္နာမည္ကိုတဆာဆာေအာ္ေခၚေနေသာအသံ...။
"ေယာင္း...! ခဏေနပါဦး...!"
သိပ္မၾကာပါ၊ ေျပးလိုက္လာပုံရတဲ့သူက ကိုယ့္ေျခလွမ္းေတြကိုအမွီလိုက္လာကာ ကိုယ့္အေရွ႕မွာပိတ္ရပ္လို႔လာသည္...။ ေျခလွမ္းက်ဲႀကီးေတြနဲ႕ေျပးလာလို႔ပဲ ကိုယ့္ကိုအမွီလိုက္လာနိုင္တာလား၊ ဒါမွမဟုတ္ ကိုယ္ကပဲ သူမွီလာေအာင္ ခပ္ေႏွးေႏွးေျခလွမ္းေတြလွမ္းေနမိတာလားဆိုတာေတာ့ ေသခ်ာမသိ...။
"ကိုယ့္ကိုေတြ႕ရဲ႕သားနဲ႕ ဘာလို႔မေစာင့္ပဲအရင္ထြက္သြားရတာလဲ...?"
ေမးလာတဲ့သူ႕စကား...။
"အေႏွာင့္အယွက္မေပးခ်င္လို႔ေလ..."
"ဟင္...?"
"မင္းနဲ႕အတူ မိန္းကေလးတစ္ေယာက္ကိုေတြ႕လိုက္ရတယ္ေလ...။ အဲဒါေၾကာင့္ မေခၚပဲ ဒီအတိုင္းပဲထြက္လာလိုက္တာ..."
"အဟင္း... အခုထိ ကိုယ့္အေတြးနဲ႕ကိုယ္ ထင္ခ်င္တာထင္ေနတတ္တုန္းပဲလား...?"
ကိုယ့္ဘက္ကေျပာလိုက္တဲ့စကားထဲရယ္စရာဘာပါလို႔လဲမသိေပမယ့္ သူကတစ္ခ်က္ရယ္ရင္းဆိုလာေလ၏...။
"ကိုယ္ေျပာဖူးတယ္ေလ...၊ ကိစၥရပ္တစ္ခုကိုအထင္အျမင္တစ္ခုတည္းနဲ႕ဆုံးျဖတ္လို႔မရဘူးလို႔...။ ကိုယ္မျမင္ရတဲ့တစ္ဖက္ျခမ္းမွာ မသိနိုင္တဲ့အေၾကာင္းအရာေတြအမ်ားႀကီးရွိေနနိုင္တယ္လို႔ေလ..."
သူ႕စကားကို ကိုယ္ဘာမွျပန္မေျပာမိ...။
"အဲဒီ့လို အေတြးေတြမ်ားမေနပဲ ပါးစပ္ကေနပဲထုတ္ေမးလိုက္ပါေတာ့လား...? ကိုယ္နဲ႕ကားအတူစီးလာတဲ့မိန္းကေလးက ဘယ္သူလဲဆိုတာ..."
ထုတ္ေမးေတာ့ေရာ ေျဖေပးမွာလားဆိုတာ သိပ္သိခ်င္ပါ၏...။ ဒါေပမယ့္ ကိုယ္က ထုတ္ေမးခြင့္ေတာင္မရွိတဲ့ မိတ္ေဆြအဆင့္မွာေလ...။
"ေမးခြင့္မွမရွိတာ...။ ဒါက မင္းရဲ႕ကိုယ္ေရးကိုယ္တာကိစၥေလ...။ မင္းရဲ႕ကိုယ္ေရးကိုယ္တာကိစၥကို ငါ့မွာဝင္စြက္ဖက္ပိုင္ခြင့္မွမရွိတာ..."
"ဒါဆို... ဝင္စြက္ဖက္ပိုင္ခြင့္ရွိသြားေအာင္... ကိုယ္နဲ႕တြဲမလား...?"
႐ုတ္တရက္ႀကီးေျပာလာေသာသူ႕စကားမွာ အာေမဋိတ္အသံေတာင္မထြက္နိုင္ေတာ့သည္အထိ ပါးစပ္အေဟာင္းသားနဲ႕တအံ့တဩျဖစ္သြားရတာက ကိုယ္...။ တစ္ကိုယ္လုံးေတာင့္ခဲလို႔သြားရင္း ေျခဖ်ားလက္ဖ်ားေတြကပါ ေအးစက္လို႔လာသည္...။
"ဘယ္...ဘယ္လိုစကားေတြေျပာေနလဲ...ဆိုတာ... သိပ္...နားမလည္..."
အထစ္ထစ္အအနဲ႕ထြက္လာတဲ့စကားေတြက အစီအစဥ္မက်...။ ကိုယ့္အေရွ႕ကသူကေတာ့ ကိုယ္ျဖစ္ေနပုံနဲ႕ျခားနားစြာ အၿပဳံးတစ္ခ်က္သာေပးလို႔လာၿပီး...
"ကိုယ္တို႔တြဲရေအာင္လို႔...။ ကိုယ္ေျပာလိုက္တဲ့စကားရဲ႕အဓိပၸာယ္ကို ကိုယ္ေကာင္းေကာင္းႀကီးနားလည္သလို ေယာင္းလည္းနားလည္တယ္ဆိုတာကိုယ္သိတယ္...။ ၿပီးေတာ့..."
ေျပာလက္စ စကားကိုခဏရပ္ရင္း ကိုယ့္မ်က္ႏွာအေရွ႕ ခႏၶာကိုယ္ကိုကိုင္းခ်လိဳ႕လာၿပီး ကိုယ့္မ်က္ဝန္းေတြကိုတည့္တည့္ၾကည့္လို႔လာသည္...။
ဟုတ္တယ္...ဒီအၾကည့္ေတြ...။ အၾကည့္ခ်င္းဆုံလိုက္တိုင္း က်ယ္ျပန႔္နက္ရွိုင္းလွတဲ့သမုဒၵရာႀကီးထဲ နစ္ျမဳပ္သြားသလိုမ်ိဳး ခံစားခ်က္ကိုေပးစြမ္းနိုင္သည့္ မ်က္ဝန္းအၾကည့္ေတြ...။ စစေတြ႕ကတည္းက မနစ္ျမဳပ္မိေအာင္ ႐ုန္းထြက္ဖို႔ႀကိဳးစားခဲ့ေပမယ့္ ႐ုန္းေလ နစ္ေလ ျဖစ္ေအာင္ျပဳစားခဲ့တဲ့ ထိုအၾကည့္ေတြက အခုလည္းထိုနည္းလည္းေကာင္း ျပဳစားလို႔ေနျပန္သည္...။
"ေယာင္းဘက္က ျငင္းမွာမဟုတ္ဘူးဆိုတာကိုလည္း ကိုယ္သိေနတယ္..."
ကူကယ္ရာမရွိနစ္ျမဳပ္ေစနိုင္တဲ့အၾကည့္ေတြနဲ႕လူကိုၾကည့္လာရင္း ေျပာလာေသာ သူ႕စကား...။ ကိုယ့္ဘက္ကေနျငင္းနိုင္မွာမဟုတ္ဘူးဆိုတာကို သိပ္ေသခ်ာေနပုံရသည္...။ ထိုစကားမွာ သူ႕ကိုယ္သူဘယ္ေလာက္ေတာင္ယုံၾကည္ခ်က္အျပည့္ရွိေနမွန္းသိနိုင္သလို တစ္ၿပိဳင္နက္တည္း ခံစားလိုက္ရတာက ကိုယ့္အေပၚေရာက္လာတဲ့သူ႕ရဲ႕လႊမ္းမိုးမႈ...။
ကိုယ္စိတ္ထဲကေနသာ ဟက္ခနဲတစ္ခ်က္ရယ္လိုက္မိပါေတာ့သည္...။ သူ႕အေပၚထားတဲ့ကိုယ့္ရဲ႕ခံစားခ်က္ေတြက သိပ္မ်ားသိသာလြန္းခဲ့သလားေလ၊ သူ႕ဆီက ဒီလိုစကားမ်ိဳးယုံၾကည္ခ်က္ရွိရွိေျပာထြက္လာခဲ့တဲ့အထိ...။
ရည္းစားစကားေျပာျခင္းရဲ႕ အဓိကအေျခခံအခ်က္ျဖစ္သည့္ 'ခ်စ္တယ္' ဆိုတဲ့စကား...။ ထိုစကားေလးတစ္ခြန္းေတာင္မပါပဲ အထက္စီးဆန္ဆန္ အေပၚစီးကေနေျပာသြားတာက 'တြဲၾကရေအာင္' တဲ့...။
ဒါေပမယ့္ သူဆိုတဲ့အခ်စ္ႏြံမွာ လွလွပပႀကီးကိုနစ္ေနတဲ့ကိုယ္ကေတာ့ ဒါကို အျပစ္တင္ရေကာင္းမွန္းမသိတဲ့အျပင္ ႏွလုံးသားတစ္စုံကပင္ အျမင္ကပ္ဖို႔ေကာင္းစြာ အလိုက္မသိ တဒိတ္ဒိတ္ျဖင့္ ခုန္ႏႈန္းျမန္လာခဲ့ပါေသးသည္...။
*****
*ဒုန္း*
ရည္းစားစကားမမည္တဲ့ ရည္းစားစကားအေျပာခံလိုက္ရၿပီးတဲ့အခ်ိန္ကစလို႔ ဘာလုပ္လုပ္ ဘာကိုင္ကိုင္ တလြဲေတြသာလုပ္မိေနတဲ့ကိုယ္...။ စာသင္ခ်ိန္အတြင္းလည္း စာလိုက္နားမေထာင္မိပဲအေတြးေတြျပန႔္ေနလို႔ ဆရာမဆီက သတိေပးခ်က္အၾကည့္နဲ႕ၾကည့္ခံလိုက္သလို အျပန္ ဘတ္စ္ကားကိုလည္း မွတ္တိုင္ေက်ာ္ကာ စီးသြားခဲ့မိေသးသည္...။ အခုလည္း အိမ္ျပန္ေရာက္လို႔ အိမ္တံခါးကိုေၾကာင္ေတာင္ေတာင္နဲ႕ေဆာင့္ပိတ္လိုက္မိတာမ်ား ဒုန္းခနဲ...။
အခုလိုအလြဲလြဲအေခ်ာ္ေခ်ာ္ေတြျဖစ္ေတာ့မယ့္ ကိုယ္ပုံစံကိုယ္သိေနလို႔ မနက္သူနဲ႕ရွိေနတုန္း ေက်ာင္းေခါင္းေလာင္းထိုးသံၾကားတာနဲ႕ အတန္းခ်ိန္ရွိေသးတယ္ဆိုၿပီးအေၾကာင္းျပကာ ေရွာင္ထြက္လာခဲ့သလို ညေနအတူျပန္ဖို႔ေစာင့္ေနတုန္းကလည္း ဝင္စရာရွိလို႔ဆိုတဲ့အေၾကာင္းျပခ်က္ေပးၿပီး လစ္ထြက္လာခဲ့ရ၏...။
သူကေတာ့ ပ်ာယာခတ္ေနတဲ့ကိုယ္ပုံစံကိုၾကည့္ၿပီး ယုံခ်င္စရာမေကာင္းတဲ့ကိုယ့္အေၾကာင္းျပခ်က္ေတြကို ယုံေပးလိုက္ပါ့မယ္ဆိုတဲ့သေဘာျဖင့္ ၿပဳံးတုံ႕တုံ႕နဲ႕ေခါင္းသာၿငိမ့္ျပသည္...။ ဘယ္ေလာက္ပဲထြက္ေျပးေနပါေစ၊ အခ်ိန္တန္ရင္သူ႕ဆီအလိုလိုျပန္လာရမွာပဲ ဆိုတာသိေနတဲ့အၿပဳံးမ်ိဳးျဖင့္...။
သူ႕အေၾကာင္းကိုေတြးမိလိုက္ျပန္ေတာ့ တဒုတ္ဒုတ္နဲ႕ခုန္ေနတဲ့ႏွလုံးသားေလးက ညွိုးႏြမ္းက်သြားေလ၏...။ ကိုယ့္ရဲ႕အိပ္ခန္း အခန္းက်ဥ္းေလးထဲေလးပင္စြာသာဝင္လာလိုက္ၿပီး ေက်ာပိုးအိတ္အားစားပြဲေပၚတင္ကာ စားပြဲ႕ေရွ႕ကခုံမွာဝင္ထိုင္လိုက္သည္...။ ထို႔ေနာက္ သူနဲ႕ပက္သက္တဲ့အေတြးေတြကို စဥ္းစားခန္းဖြင့္မိျပန္သည္...။
ရည္းစားစကားကို 'ခ်စ္တယ္' ဆိုတဲ့စကားတစ္ခြန္းမပါပဲ ေျပာသြားေသာ သူ...။ 'တြဲၾကရေအာင္' ဆိုၿပီးလြယ္လြယ္ေျပာထြက္လာတဲ့ထိုစကားမွာ ေလးနက္မႈပါလား မပါလား၊ စစ္မွန္မႈပါလား မပါဘူးလား ဆိုတာ ဦးေႏွာက္ရွိတဲ့သူတိုင္းသိနိုင္ပါသည္...။ အင္း... ကိုယ္လည္းဦးေႏွာက္ရွိတဲ့သူမို႔ သိတာေပါ့၊ သူေျပာတဲ့စကားက အစစ္အမွန္လား အတုအေယာင္လားဆိုတာ...။
ဒါေပမယ့္ ခက္တာက ကိုယ္ဟာ သူနဲ႕ပက္သက္လာရင္ ဦးေႏွာက္မဟုတ္ပဲ ႏွလုံးသားကိုသာဦးစားေပးေနမိတာပင္...။
စဥ္းစားနိုင္စြမ္းေတြမရွိေတာ့ဘူး၊ ဆင္ျခင္နိုင္စြမ္းေတြမရွိေတာ့ဘူး...။ အစစ္အမွန္မဟုတ္ပဲ အတုအေယာင္ဆိုရင္ေတာင္ ထိုအတုအေယာင္ကိုပဲ ဖက္တြယ္ခ်င္ေနမိတာ...။ ေမတၱာစစ္ဆိုတာ ေရာင္ျပန္ဟပ္တယ္တဲ့...။ ကိုယ့္ဘက္က သူ႕အေပၚထားတဲ့အခ်စ္ေတြဟာစစ္မွန္တာမို႔ တစ္ခ်ိန္ခ်ိန္မွာ သူ႕ဘက္ကလည္းကိုယ့္ကိုခ်စ္လာနိုင္တာပဲဆိုသည့္ ေကာက္ရိုးမွ်င္လို ေမွ်ာ္လင့္ခ်က္ေလးကိုလည္း ဆုပ္ကိုင္ထားခ်င္မိသည္...။
ကိုယ္ဟာ သိပ္မ်ား မိုက္႐ူးရဲဆန္ေနမိသလား...။ ေထာင္ေခ်ာက္မွန္းသိတာေတာင္ ေက်ေက်နပ္နပ္ႀကီး ဆင္းသက္သြားခ်င္ေနမိတဲ့အထိေလ...။
"အဟက္...."
သူ ကိုယ့္ကိုအေလးမထားပဲ ေပါ့ပ်က္ပ်က္ဆက္ဆံခ်င္လည္း ဆက္ဆံခ်င္စရာပါပဲ...။ အခ်စ္ေၾကာင့္ ေျပာင္းလဲသြားတဲ့ ကိုယ့္ပုံစံကိုလည္းၾကည့္ပါဦး...။ အေပါစားဆန္ေနလိုက္တာ...။
ကိုယ့္ကိုကိုယ္ ဟက္ခနဲတစ္ခ်က္ရယ္မိလိုက္ေတာ့ ပါးျပင္ေပၚက်လာတဲ့ မ်က္ရည္တစ္စက္...။ ေနေရာင္ေပ်ာက္ကြယ္လို႔သြားၿပီး ညဉ့္နက္လာသည္အထိ ထိုင္ခုံေပၚမွာပဲ ေက်ာက္႐ုပ္တစ္႐ုပ္လိုၿငိမ္သက္စြာထိုင္ေနမိေတာ့သည္...။
အင္း... ဒီေန႕ညကလည္း မင္းအေၾကာင္းေတြးရင္း ညတာရွည္ခဲ့ရတဲ့ညေတြအမ်ားႀကီးထဲက တစ္ညျဖစ္ခဲ့ျပန္ၿပီေပါ့...။ အပိုဆုအေနနဲ႕ မ်က္ရည္ေတြက အေဖာ္ျပဳေပးခဲ့ပါတယ္...။
*****
TBC...
Love You All 💜