လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်န...

By Indolent-Senorita

826K 121K 3.7K

Original Title ; 分手了, 别闹 English Title ; Breaking Up , No Joke Author ; 香芋奶茶 (Taro Milk Tea) English Transla... More

ဇာတ်လမ်းမိတ်ဆက်
အခန်း-၁(လမ်းခွဲခြင်း)
အခန်း-၂(​ကောလဟာလ)
အခန်း-၃(လုယူခြင်း)
အခန်း-၄(အချစ်ပြိုင်ဘက်)
အခန်း-၅(ရန်စခြင်း)
အခန်း-၆(တိတ်တခိုးအချစ်)
အခန်း-၇(မ​မျှော်လင့်ဘဲ ​တွေ့ဆုံခြင်း)
အခန်း-၈(​ခြေရာခံခြင်း)
အခန်း-၉(နူးညံ့​သောနှလုံးသား)
အခန်း-၁၀(ငြင်းဆန်ခြင်း)
အခန်း-၁၁(မ​ကျေနပ်ချက်)
အခန်း-၁၂(​ဆေး)
အခန်း-၁၃(အမျက်​​ဒေါသ)
အခန်း-၁၄(စို​ပြေ​စေခြင်း)
对不起
အခန်း-၁၅(ညစ်ပတ်​သော)
အခန်း-၁၆(မ​ကျေမနပ်နှင့်တိုင်တန်းခြင်း)
အခန်း-၁၇(ရသစုံရှိုးပွဲ)
အခန်း-၁၈(တွယ်ချိတ်)
အခန်း-၁၉(အသုံးချခြင်း)
အခန်း-၂၀(အ​ရေး​ပေါ်သတင်း)
အခန်း-၂၁(ပရိသတ်)
အခန်း-၂၂(ခြိမ်း​ခြောက်ခြင်း)
အခန်း-၂၃(အ​ကြွေးပြန်ဆပ်ခြင်း)
အခန်း-၂၄(အကူအညီ​တောင်းခံခြင်း)
အခန်း-၂၅(ဒီ​ယောကျ်ား)
အခန်း-၂၆(ပြသာနာ)
အခန်း-၂၇(စိတ်အ​နှောင့်အယှက်ဖြစ်စရာ​ကောင်း​သော)
အခန်း-၂၈(ဂရုစိုက်ခြင်း)
အခန်း-၂၉(လှည့်ကွက်)
အခန်း-၃၀(အ​ပြောင်းအလဲ)
အခန်း-၃၁(​မျှော်လင့်မထားတဲ့ပြသာနာ)
အခန်း-၃၂(အကူအညီရှာ​ဖွေခြင်း)
အခန်း-၃၃(ဗိုလ်ကျခြယ်လှယ်တတ်​သောအမျိုးသား)
အခန်း-၃၄(စိမ်းကားခြင်း)
အခန်း-၃၅(ဖရဲသီး​လေးရဲ့ချစ်ခင်မှု)
အခန်း-၃၆(စုန့်ရှီလင်၏ရက်စက်ခြင်း)
အခန်း-၃၇(အတိတ်)
အခန်း-၃၈(အပြစ်ပြုမိခြင်း)
အခန်း-၃၉(သတိ​ပေးခြင်း)
အခန်း-၄၀(ဥပါဒါန်)
အခန်း-၄၁(အချစ်)
Happy Thadingyut Festival
အခန်း-၄၂(ရှက်ကိုးရှက်ကန်းဖြစ်ခြင်း)
အခန်း-၄၃(​မော့ကုမ္ပဏီ)
အခန်း-၄၄(နှစ်ပတ်လည်ပါတီ)
အခန်း-၄၅(သီးသန့်ကြိုတင်​နေရာယူထားခြင်း)
အခန်း-၄၆(ဖွင့်ဟ၀န်ခံခြင်း)
အခန်း-၄၇(သ၀န်တိုခြင်း)
အခန်း-၄၈(နှင်းဆီပန်း)
အခန်း-၄၉(ဥက္ကဋ္ဌချူ)
အခန်း-၅၀(ရန်​ဖေး)
အခန်း-၅၁(မုန်းတီးခြင်း)
အခန်း-၅၂(ဒွိဟဖြစ်ခြင်း)
အခန်း-၅၃(သကြားလုံး)
အခန်း-၅၄(ချစ်ဒုက္ခ)
အခန်း-၅၅(မ​တော်တဆမှု)
အခန်း-၅၆(ပြိုလဲရှုံးနိမ့်ခြင်း)
အခန်း-၅၇(သူ၏ကြမ္မာဂြိုလ်ဆိုး)
အခန်း-၅၈(​မျှော်လင့်မထားမိခဲ့​လေ​သော)
အခန်း-၅၉(​ပျော်ရွှင်မှု)
အခန်း-၆၀(ပြန်လည်​ပေါင်းစည်းမိသွား​သောစုံတွဲ)
အခန်း-၆၁(ဖရဲသီး​လေး စိတ်ဆိုးခြင်း)
အခန်း-၆၂(သဲလွန်စ)
အခန်း-၆၃(အပြစ်ရှိစိတ်)
အခန်း-၆၄(စုံစမ်းစစ်​ဆေးခြင်း)
အခန်း-၆၅(​ဖော်ထုတ်ခြင်း)
အခန်း-၆၆(အ​ကြောက်တရား)
အခန်း-၆၇(​နေ့စဉ်ဘ၀​လေး)
အခန်း-၆၈(အသိအမှတ်ပြုခြင်း)
အခန်း-၆၉(စုန့်မိသားစု)
အခန်း-၇၀(တွဲဖက်ပါတနာ)
အခန်း-၇၁(သူ့အားလွမ်းဆွတ်ခြင်း)
အခန်း-၇၂(ချစ်ခြင်း​မေတ္တာ)
အခန်း-၇၃(ကို့ရို့ကားရားအ​ခြေအ​နေတစ်ခု)
အခန်း-၇၄(သကြားဖေ​ဖေ)
အခန်း-၇၅(ရန်သူ)
အခန်း-၇၆(ကြိုတင်ပြင်ဆင်ခြင်း)
အခန်း-၇၇(လှည့်စားခြင်းပရိယာယ်)
အခန်း-၇၈(ပြန်လည်တိုက်ခိုက်ခြင်း)
အခန်း-၇၉(အ​မှောင်ထုထဲသို့ သွတ်သွင်းခြင်း)
အခန်း-၈၀(တစ်ကိုယ်​တော်မိဘ)
အခန်း-၈၁(ပြန်လာခြင်း)
အခန်း-၈၂(အလုပ်ခွင်သို့ အလည်တစ်​ခေါက်)
အခန်း-၈၃(သတိ​ပေးချက်)
အခန်း-၈၄(မယုံသင်္ကာဖြစ်ခြင်း)
အခန်း-၈၅(အမှန်တရား)
အခန်း-၈၆(ချစ်မှု​ရေးရာကိစ္စများ)
အခန်း-၈၇(စီးပွား​ရေး​ကြော်ငြာ)
အခန်း-၈၈(စိတ်အားငယ်ခြင်း)
အခန်း-၈၉(ကြွားလုံးထုတ်ခြင်း)
အခန်း-၉၀(အပြင်းအထန်​ပြောင်းလဲဆန့်ကျင်ခြင်း)
အခန်း-၉၁(ငြင်းဆန်ခြင်း)
အခန်း-၉၂(ပြသာနာရှာခြင်း)
အခန်း-၉၃(​ပေါ်ယွီ၏ရိုက်ကွင်းသို့လိုက်သွားခြင်း)
အခန်း-၉၄(သံသယ)
အခန်း-၉၅(ရိုက်နှက်​စေခြင်း)
အခန်း-၉၇(​ဒေါသထွက်ဖွယ်)
အခန်း-၉၈(ကလဲ့စား)
အခန်း-၉၉(၀တ်​ကျေတမ်း​ကျေတုံ့ပြန်မှု)
အခန်း-၁၀၀(​ရောက်လာသူ)
အခန်း-၁၀၁(​ပေါ်ယွီ၏အတိတ်)
အခန်း-၁၀၂(ပထမဆုံးအကြိမ် ​တွေ့ဆုံမှု)
အခန်း-၁၀၃(အပြစ်ပြုခြင်း)
အခန်း-၁၀၄(အိမ်အပြန်)
အခန်း-၁၀၅(ချစ်ရသူ)
အခန်း-၁၀၆(အစွဲအလမ်း)
အခန်း-၁၀၇(အစားထိုး)
အခန်း-၁၀၈(ထုတ်​မေးခြင်း)
အခန်း-၁၀၉(စိတ်ရှည်သည်းခံခြင်း)
အခန်း-၁၁၀(စစ်ပွဲမီး​တောက်)
အခန်း-၁၁၁(လူထုအမြင်)
အခန်း-၁၁၂(သရုပ်မှန်)
အခန်း-၁၁၃(အနမ်းများခိုးယူခြင်း)
အခန်း-၁၁၄(အစားပုတ်​လေး)
အခန်း-၁၁၅(ညစာတစ်နပ်ဒကာခံခြင်း)
အခန်း-၁၁၆(အလိမ်အညာ)
အခန်း-၁၁၇(ခွင့်လွှတ်မှု)
အခန်း-၁၁၈(ရုပ်ဆိုးတဲ့ဝတ်စုံ)
အခန်း-၁၁၉(ရိုးအီ​နေ​သော ​ကြော်ငြာပုံစံအ​ဟောင်း)
အခန်း-၁၂၀(ချစ်ခင်မှုအတွက် ယှဉ်ပြိုင်ခြင်း)
အခန်း-၁၂၁(မ​ပြေမပြစ် အ​ပြောအဆို)
အခန်း-၁၂၂(၀ိတ်ချခြင်း)
အခန်း-၁၂၃(ဉာဏ်တိုက်ပွဲ)
အခန်း-၁၂၄(အချစ်စစ်)
အခန်း-၁၂၅(ဆုနှင့်လွဲ​ချော်ခဲ့ရခြင်း)
အခန်း-၁၂၆(ဖဲကြိုးဖြတ်ပွဲအခမ်းအနား)
အခန်း-၁၂၇(လိုက်ဖက်ညီမှု)
အခန်း-၁၂၈(ခြင်များ)
အခန်း-၁၂၉(လက်​ဝှေ့ထိုးခြင်း)
အခန်း-၁၃၀(ဒုတိယ​မြောက်ရင်​သွေး)
အခန်း-၁၃၁(သတင်းထွက်လာခြင်း)
အခန်း-၁၃၂(ချုပ်ချယ်ခြင်း)
အခန်း-၁၃၃(​စေ့စပ်ပွဲ)
အခန်း-၁၃၄(​သေလမ်းကိုဖိတ်​ခေါ်ခြင်း)
အခန်း-၁၃၅(​လောကီ​ရေးရာ)

အခန်း-၉၆(ဖွင့်​ပြောခြင်း)

3.3K 517 9
By Indolent-Senorita

Scroll down for Zawgyi.

Unicode

စားစရာ​​တွေ ​စားပွဲ​ပေါ် ချ​ပေးလာ​သောအချိန်၌ ​ဘေးမှာရပ်​နေတဲ့ လက်​ထောက်တစ်ဦးက ​ရှေ့တက်လာ၍ တီးတိုး အစီရင်ခံလိုက်သည်။
" ဥက္ကဋ္ဌစုန့် ၊ ​ဖြေရှင်းပြီးပါပြီ "

စုန့်ရှီလင် ဆန်ပြုတ်ခပ်​​နေရာမှ ရုတ်ခြည်း ရပ်တန့်သွားကာ ​ပြောလိုက်သည်။
" သိပြီ "

ဖရဲသီး​လေးက ပါးစပ်အပြည့် သခွားသီးကွင်း​လေး​တွေကို ကိုက်လျက် ဗလုံးဗ​ထွေး ​မေးလိုက်သည်။
" ပါးပါး​ရော . . . . . စား . . . ??? "

" ဒက်ဒီတို့ ပါးပါးအတွက် ပါဆယ်ထုပ်သွားကြမယ်။ သား အရင်စား "
စုန့်ရှီလင် နာရီကြည့်ရန် လက်​ကောက်၀တ်ကို ​မြှောက်လိုက်၏။စုန့်ရှီလင် အချိန်​ရောက်ပြီဟု ​တွေးကာ iPad ကို ဖွင့်ပြီး သူ Video call ​ခေါ်လိုက်သည်။

မကြာမီ video call က ချိတ်ဆက်သွားသည်။စုန့်ရှီလင်နှင့် ငါးဆယ်ရာခိုင်နှုန်းခန့် ဆင်တူ​သော အမျိုးသားတစ်ဦးက screen တွင် ​ပေါ်လာခဲ့သည်။ထိုသူက သူ့နက်ကတိုင်ကို သပ်ရပ်​အောင် ပြုပြင်လိုက်၏။
" ​ရှောင်လင် "

စုန့်ရှီလင်က ​အသံခပ်နက်နက်ဖြင့် ဆိုလိုက်သည်။
" အစ်ကို "

" သူ​လေးက ဖရဲသီး​လေးလား ??? "
အမျိုးသားက စုန့်ရှီ​လင်​ဘေးမှာ ထိုင်ရင်း ​ပေါက်စီ​ပေါင်းကို တမြုံ့မြုံ့​ကိုက်ဝါး​နေ​သော ဖရဲသီး​လေးအား ကြည့်လိုက်၏။အနှီအမျိုးသား၏ နှုတ်ခမ်း​ထောင့်စွန်းများက စိတ်​ကျေနပ်စွာ အ​ပေါ်သို့ ​ကွေးတက်သွားသည်။
" ချစ်ဖို့​ကောင်းလိုက်တာ "

___________________

​ပေါ်ယွီ အိပ်ရာနိုးသည့်အချိန်၌ မွန်းတည့်တစ်နာရီရှိ​နေပြီဖြစ်သည်။​ပေါ်ယွီ သူ့ဆံပင်​တွေကို ထိုးဖွကုတ်ခြစ်၍ အိပ်ချင်မူးတူးမျက်လုံးများနှင့်အတူ အိပ်ရာ​​ပေါ်က​နေ ဆင်းလာသည်။သူ မျက်နှာသစ် ၊ ပလုတ်ကျင်းပြီးစဉ် စုန့်ရှီလင်နှင့်ဖရဲသီး​လေးတို့က ပါဆယ်အိတ်များနှင့်တကွ ပြန်လာကြသည်ကို ​တွေ့လိုက်ရသည်။

" ဘာ​တွေ၀ယ်ခဲ့တာလဲ ??? "

​ပေါ်ယွီ အိတ်​တွေထဲက​နေ အမဲသားထမင်းနှင့် အသီးအရွက်ဆားစိမ်သနပ်အနည်းငယ်ကို ထုတ်ယူလိုက်သည်။သူ စားစရာ​တွေကို ပါးစပ်ထဲ တန်းထည့်လိုက်​တော့ လည်ပင်းနင်သွားတာ​ကြောင့် ​ရေခဲ​သေတ္တာထံ သွားလိုက်သည်။သူ ဘီယာတစ်ဘူး လှမ်းဆွဲကာ တစ်၀က်ကျိုးကျိုး ​မော့​သောက်လိုက်သည်။

စုန့်ရှီလင်က ​ပေါ်ယွီကို အချိန်မီ မတားလိုက်နိုင်​လေရာ မျက်​မှောင်ကြုတ်လျက် ​အေးစက်စွာ ​ပြောလိုက်သည်။
" ဒီကိုလာ။ ဘီယာအစား စွပ်ပြုတ်​သောက်ရမယ် "

​ပေါ်ယွီ လျှာကို နှုတ်ခမ်းသပ်ရင်း တစ်၀က်ကျန်​သေးသည့် ဘီယာဘူးအား ​ရေခဲ​သေတ္တာထဲသို့ အင်တင်တင်ဖြင့် တွန့်ဆုတ်တွန့်ဆုတ် ပြန်ထားလိုက်ရ၏။ထို့​နောက် စုန့်ရှီလင်ဆီ လျှောက်လာပြီး အမဲသားထမင်းကို ဆက်စား​နေသည်။
" မင်း ဘာလို့ အခုမှ ပြန်​ရောက်တာလဲ ??? "

ဖရဲသီး​လေးက ​ပေါ်ယွီ့ခါးကျင်ကျင်ကို ​ပြေးဖက်လိုက်၏။က​လေး​လေးရဲ့တ​လက်လက်​ ​တောက်ပ​နေ​သော မျက်လုံး​လေးများက စိတ်လှုပ်ရှား​နေ​ကြောင်း ​ဖော်ပြ​နေသည့်နှယ်။
" ပါးပါး ၊ သား ဦးဦးတစ်​ယောက်ကို မြင်ခဲ့တယ် "

ဦးဦး ???

​ပေါ်ယွီ စုန့်ရှီလင်ထံ လှည့်​ကြည့်မေးလိုက်သည်။
" မင်းအစ်ကိုကြီး ပြန်လာပြီလား ??? "

" သူ နိုင်ငံခြားရုံးခွဲမှာပဲ ရှိ​သေးတယ်။ အချိန်တိုအတွင်း ပြန်လာလို့ မရ​လောက်ဘူး "

စုန့်ရှီလင် သူ့လက်​အောက်ကလူ​တွေ ပို့ထား​သော email များကို ကွန်ပျူတာတစ်လုံးနှင့် စတင်စစ်​ဆေး​တော့သည်။သူ အလုပ်ဆီမှ မျက်နှာမလွှဲအားဘဲ ရှင်းပြလိုက်သည်။
" အစ်ကိုက ဖရဲသီး​တွေကို ​တွေ့ချင်​နေတာ။ သူတို့​တွေ ​ပျော်​ပျော်ကြီး စကား​ပြောခဲ့ကြတယ် "

စုန့်မိသားစု၏ သားကြီးက နိုင်ငံခြားရုံးခွဲတွင် တစ်နှစ်ပတ်လုံး အလုပ်သွားလုပ်​နေသည်။သူ့ရဲ့ရုပ်ရည်​ရော အကျင့်​ရောက စုန့်ရှီလင်အတိုင်းပင်။သူက စုန့်ရှီလင်ထက် နှစ်အနည်းငယ် ပိုအသက်ကြီးသည့်အ​လျောက် ပိုမိုရင့်ကျက်​​မျှော်မြင်တတ်ပုံ​ပေါ်သည်။

သို့​သော် . . . . . . . . . .

စုန့်မိသားစုရဲ့​ယောကျ်ား​လေးသုံးဦးလုံးက ​သွေး​အေးသတ္တဝါ​တွေချည်း။ အဲဒါကို မင်းအစ်ကိုက ဖရဲသီး​လေးနဲ့ ဘယ်လိုလုပ် ​ပျော်​ပျော်ပါးပါး ​လေ​ပေါ​နေတာ ဖြစ်နိုင်ပါ့မလဲ ???

​ပေါ်ယွီ ဖရဲသီး​လေးအား ကျီစယ်လိုက်သည်။
" ဦးဦးက မင်းကို ဘာ​တွေ ​ပြောလိုက်တာလဲ ??? "

" ဦးဦးက သားအတွက် လက်​ဆောင်ပြင်ထားတယ်တဲ့။ အဲဒီလက်​ဆောင်​လေးက အခု ​ကောင်းကင်မှာ ပျံ​နေတုန်းတဲ့။ ခဏ​နေရင် ဖရဲသီး​လေးဆီ ​ရောက်လာလိမ့်မယ်တဲ့ "
ဆိုဖာထက်၌ ​မှောက်လျက်​လေးလှဲ​နေတဲ့ ဖရဲသီး​လေးက အရုပ်ဆက်ပ​ဟေဠိအား အာရုံစူးစိုက်စွာ ဆက်​နေသည်။

တကယ်က ဖရဲသီး​လေးသာ ရယ်ရယ်ပြုံးပြုံးမလုပ်တဲ့အချိန်ဆိုလျှင် စုန့်ရှီလင်နှင့် အင်မတိအင်မတန်ကို ချွတ်စွပ်တူသည်။

" ဦးဦးကို သ​ဘောကျလား ??? "
​ပေါ်ယွီက ဖရဲသီး​လေးရဲ့တ​လေးတနက် စျာန်၀င်​နေ​သော မျက်နှာ​သေး​သေး​လေးကို လက်ညှိုးဖြင့် တစ်တိတိ လိုက်တို့​စ​နောက်နေသည်။အလွန်အမင်း ချစ်စရာ​ကောင်းသည့်အပြင် နူးညံ့အိစက်​နေမို့။

" အွန်း ၊ သား ဦးဦးကို သ​ဘောကျတယ် !!! "
ဖရဲသီး​လေးက သူ့အား လာလာ​နှောင့်ယှက်​နေ​သော ​ပေါ်ယွီကို စိတ်တိုလာပြီး ​ဒေါသတကြီး​လေး ​အော်လိုက်သည်။
" ပါးပါး ! သားကို မရှုပ်ပါနဲ့ !! "

" အင်း " 
​ပေါ်ယွီက ပြန်​ဖြေသည်ဆိုရုံမျှ။​ယောကျ်ား​ရော သား​ရောက ကိုယ်စီ အလုပ်များ​နေကြတာ မြင်​သောအခါ ​ပေါ်ယွီလည်း သူ့ iPad နဲ့ တီဗွီအစီအစဉ် ကြည့်​နေလိုက်သည်။

_________________

ကမ္ဘာ​မြေတစ်ခွင်သည် အ​မှောင်ထုဖြင့် ပိတ်ဖုံးကာဆီး​နေ၏။အဖွဲ့နှစ်ဖွဲ့ဟာ မျက်နှာချင်းဆိုင် ထိပ်တိုက် ရင်ဆိုင်​နေကြရသည်။

ယင်းလိက ဓါးစာခံကို ဖမ်းကိုင်ထားရင်း မူးယစ်ဂိုဏ်းချုပ်နှင့်အတူ ​ခေါင်မိုးထိပ်သို့ ​နောက်ပြန်ဆုတ်သွားသည်။

ဓါးစာခံက ယင်းလိ၏​ခြေ​ထောက်ကို အသာအယာ အချက်ပြပုတ်လိုက်သည်။ယင်းလိခန္ဓာကိုယ်က တဆတ်ဆတ် တုန်ရီ​နေသည့်တိုင် သူဟာ ဘာအမူအရာမျှ မ​ပေါ်​စေရ။

ထိုဓါးစာခံက သူ့အား ကူညီရန် တာ၀န်​စေလွှတ်ခံထားရ​သော ဋ္ဌာနတူမိတ်​ဆွေတစ်ဦးဖြစ်သည်။

မူးယစ်ဂိုဏ်းချုပ်က ယင်းလိကို အကြွင်းမဲ့ ယုံကြည်သည်။ထို့​ကြောင့် ယင်းလိနဲ့အတူ ထွက်​ပြေးပြီး လမ်းတစ်​လျှောက်၌ မိုက်မဲတဲ့ ဓါးစာခံတစ်​ယောက်ကို ​ခေါ်ထားခဲ့သည်။

မျက်နှာချင်းဆိုင်မှာ ရပ်​နေတဲ့ မှုခင်းရဲ​တွေက သူတို့​တွေကို ဖမ်းဆီးရန် ကြိုးစား​နေကြသည်။

ယင်းလိ​ဘေးရှိ မူးယစ်ဂိုဏ်းချုပ်က အက်ကွဲစွာ ညွှန်ကြားလိုက်သည်။
" ငါတို့ဆီမှာ ဓါးစာခံရှိသ​ရွေ့ သူတို့​တွေ ငါတို့နား ကပ်မလာရဲဘူး။ ငါတို့ကို ၀ိုင်းထားတာက​နေ ​ဖောက်ထွက်ဖို့ အခွင့်အ​ရေးရှာ "

ယင်းလိ အခိုင်အမာ ​ခေါင်းညိတ်ပြလိုက်သည်။

သူတို့​တွေဟာ ပတ်ပတ်လည်တွင် မှုခင်းရဲများ၏ ၀ိုင်း၀န်း​ချောင်ပိတ်ခံ​နေရသည်။

မူးယစ်ဂိုဏ်းချုပ်က သူ့အား ညွှန်ကြားပြီးပြီးချင်း ယင်းလိက ဓါးစာခံကို ရုတ်တရက် လွှတ်​ပေးကာ မူးယစ်ဂိုဏ်းချုပ်ထံ အရှိန်ပြင်းပြင်းဖြင့် တစ်ဟုန်ထိုး ခုန်အုပ်လိုက်သည်။

မူးယစ်ဂိုဏ်းချုပ်က အ​ခြေအ​နေကို ​ခေတ္တ နားမလည်နိုင်ဖြစ်သွားသည်။

မှုခင်းရဲ​တွေကလည်း အ​ပြေးအလွှား ​ရောက်ချလာ၍ မူးယစ်ဂိုဏ်းချုပ်အား မလှုပ်ရှားနိုင်​အောင် ​ကြမ်းပြင်၌ ဖိချုပ်ထားကြသည်။

မူးယစ်ဂိုဏ်းချုပ်က ​သွေးရူး​သွေးတန်း ​အော်ဟစ်​နေသည်။
" သစ္စာ​ဖောက် !!! ယင်းလိ ၊ မင်းက သစ္စာ​ဖောက်ပဲ ​!!! "

" ကျွန်​တော်က သစ္စာ​ဖောက်မဟုတ်ဘူး "

တဖြည်းဖြည်း ကြုံလှီချည့်နဲ့လာတဲ့ ယင်းလိသည် ယခင်ကကဲ့သို့ ​​ချော​မောခန့်ညားမ​နေ​တော့။သူဟာ မူးယစ်ရာဇာကို စိုက်ကြည့်ရင်း တစ်လုံးချင်း ​သေ​သေချာချာ ပြောလိုက်သည်။
" ကျွန်​တော်က သစ္စာ​ဖောက် မဟုတ်ဘူး။ လျှို၀ှက်​အေးဂျင့်တစ်​ယောက်ပါ "

မယုံကြည်နိုင်ခြင်းနှင့် အမျက်​ဒေါသအရိပ်အ​ယောင်တို့က မူးယစ်ဂိုဏ်းချုပ်၏ မျက်၀န်းထဲတွင် ပြည့်နှက်​နေ​ပေသည်။

မြင်ကွင်းက ​ပြောင်းလဲသွားသည်။ယင်းလိက သူ့အထက်လူကြီးဆီမှ ဆုတံဆိပ်အား လက်ခံကာ ​မူးယစ်ဆေးသမားများအတွက် ပြန်လည်ထူ​ထောင်​ရေးစင်တာအတွင်းသို့ ပြတ်သားစွာ ဦးတည်​လျှောက်လှမ်းခဲ့သည်။

ယင်းလိ သံမဏိဂိတ်တံခါးကြီးဆီ ​ခြေချလိုက်မိတဲ့အချိန် ​ကောင်းကင်ပြာကြီးထံ အပြုံးတစ်ပွင့်နှင့် တစ်ဖန် မော့ကြည့်လိုက်၏။

​နောက်ဆုံးတွင် ဤ​ကောင်းကင်ပြာကြီးကို သူ ပိုင်ဆိုင်နိုင်ခဲ့​ချေပြီ။

သူ ဆက်ဆက် ပြန်လာနိုင်ခဲ့သည်တကား။

~~~ ပြီးပါပြီ ~~~

______________________

အမျိုးသမီးဇာတ်ရံ​နေရာတွင် သရုပ်​ဆောင်​သော ရှန်ယန်တစ်​ယောက် ​ဇာတ်သိမ်းခန်းက ပေါ်ယွီရဲ့အပြုံးကို မြင်ပြီး သူမနှလုံးသားက ဒုန်းဆို ရပ်ဆိုင်းသွားခဲ့သည်။ထို့​နောက် အရိုင်းဆန်စွာ ခုန်​ပေါက်​နေ​လေ၏။

တတိယ​မြောက် အမျိုးသမီးဇာတ်ရံ​နေရာမှာ ပါ၀င်တဲ့ မင်းသမီးက သူမရဲ့သူငယ်ချင်း​ကောင်းဖြစ်သည်။အနှီမင်းသမီးက သူမအနား ​ရောက်လာ၍ တီးတိုး​လေး ​မေးလိုက်သည်။
" ရှန်ယန် ၊ နင် ငူငူကြီး ဘာ​တွေ ​စဉ်းစား​နေတာလဲ ??? "

ရှန်ယန်က ကို့ရို့ကားရား ​ချောင်းဟန့်လျက် အိုးနင်းခွက်နင်း ​ဖြေသည်။
" မစဉ်းစားပါဘူး။ ဘာမှ မစဉ်းစားပါဘူးဟယ်။ နင် အဓိပ္ပါယ်မရှိတာ​တွေ မ​ပြောနဲ့ "

တတိယမြောက် ဇာတ်ရံမင်းသမီးက ရှန်ယန့်မျက်လုံး​တွေအတိုင်း လိုက်လံကြည့်လိုက်​သောအခါ အခု​လေးတင် ရုပ်ရှင်ရိုက်ကူးပြီးသွား​သော ​ပေါ်ယွီကို ​တွေ့လိုက်ရသည်။သူမက စပ်ဖြီးဖြီးပြုံးကာ စ​နောက်လိုက်၏။
" နင် ပေါ်ယွီ့ကို ကြိုက်​နေတာလား ??? သူက ဆိုး​တော့မဆိုးပါဘူး။ ဒါ​ပေမယ့် နင် သူ့ကို လက်ထက်လိုက်ရင် မိ​ထွေးဖြစ်လာမှာ​နော် "

ရှန်ယန်က ရှက်ရွံ့စွာ မျက်နှာ​တွေ နီမြန်းသွားသည်။သူမက ​ခေါင်းကို ​အောက်ငုံ့ထားရင်း ရှက်​သွေးဖြာစွာ ဆိုလိုက်သည်။
" မဟုတ်တာ။ ငါ . . . ငါက . . . ​ပေါ်ယွီ သရုပ်​ဆောင်တာ အရမ်း​ကောင်းတယ်လို့ စိတ်ကူးနေရုံပါ။ သူ့ကို သရုပ်​ဆောင်တစ်​ယောက်အ​နေနဲ့ ​လေးစားအားကျ​နေတာ "

" ​လေးစားအားကျတယ် ??? နင် ကြင်ကြင်နာနာ မြတ်မြတ်နိုးနိုးနဲ့ကို ​ငေး​ကြည့်​နေတာပါ​နော် ??? "

သူမက အမှန်တရားကို ​ထောက်ပြကာ ရှန်ယန့်နားရွက်နား တိုးတိုး​လေး ကပ်​ပြောလိုက်သည်။
" ဒီ​နေ့ည ​ဒါရိုက်တာလျူရဲ့ရုပ်ရှင်နှုတ်ဆက်ပွဲအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ပေါ်ယွီ မ​ဖြေမ​နေ တက်မှာ။ အဲဒီအချိန်ကျ နင် သူနဲ့ နီးစပ်ဖို့ အခွင့်​ကောင်းပဲ "

ရှန်ယန်က နီးစပ်ရန် ဆန္ဒရှိ​သော်လည်း ချီတုံချတုံဖြစ်​နေသည်။
" ဒီအကြံက အလုပ်ဖြစ်ပါ့မလား ??? ငါ . . . ​ကြောက် . . . "

" နင့်လို မိန်းမလှ​လေးတစ်​ယောက်ကို သူ မငြင်းဆန်နိုင်ပါဘူးဟယ် !!! ဘာ​တွေ ​ကြောက်​နေတာလဲ !!! "
တတိယ​မြောက် ဇာတ်ရံမင်းသမီးက သူ့နှုတ်ခမ်း​တွေကို စက်ဆုပ်ရွံရှာစွာ မဲ့ရွဲ့ပြုံးလိုက်၏။
" ဒါနဲ့ ​ပေါ်ယွီ့ကို ကြိုက်​နေတဲ့ ခံစားချက်​​တွေကို နင် ​ပိပိရိရိဖုံးထားနိုင်တယ်​ရော်။ ငါ တစ်လ​လောက်ကြာတာ​တောင် မရိပ်မိခဲ့ဘူး "

" အင်း "
သူမက အသံတိုး​ဖျော့​ဖျော့ပြုလိုက်၏။ဒါက ဟုတ်မှန်​ကြောင်း ၀န်ခံလိုက်သည်ပင်။

​တခြားလူနှင့် တိတ်တဆိတ် ချစ်ကျွမ်း၀င်​နေရှာ​သော ပေါ်ယွီကား သူမ၏တစ်ဖက်သက်အချစ်အား လုံးလုံးလျားလျား သတိမမူမိ။​နောက်ဆုံးဇာတ်၀င်ခန်း ရိုက်ကူးပြီး​သော် ​ပေါ်ယွီက လျူခိုင်တို့နှင့်အတူ သီးသန့်ကြိုတင်စာရင်းသွင်းထား​သော စား​သောက်ဆိုင်ခန်းသို့ ကားဖြင့် လိုက်သွားခဲ့သည်။

လျူခိုင် စာရင်းသွင်းခဲ့​သော ထိုစား​သောက်ဆိုင်က လင်မြို့​တော်၏ အထူးစား​သောက်ဆိုင်ဖြစ်သည်။စား​သောက်ဆိုင်၏ ရှစ်ဆယ်ရာခိုင်နှုန်း​သော ဟင်းလျာ​တွေဟာ လင်မြို့​တော်ရဲ့ပြိုင်စံရှား တစ်မူထူးကဲတဲ့ ဟင်းပွဲများ​ပေ။စားဖိုမှူးကိုယ်တိုင် ချက်ပြုတ်တည်ခင်းသည့် စားမြိန်ဟင်းလျာ​တွေအပြင် စား​သောက်ဆိုင်၏ ရင်းနှီး​ဖော်​ရွေ​သော ၀န်​ဆောင်မှုသည် ခရီးသွားဧည့်သည်များကိုသာမက ​ဒေသခံလူထုကိုပါ ဆွဲ​ဆောင်နိုင်သည်။

နှုတ်ဆက်ဂုဏ်ပြုညစာစားပွဲဖြစ်သည့်အ​လျောက် လူတိုင်းက စိတ်တင်းအားများကို ​ဖြည်​လျော့၍ စားပွဲအပြည့် ဟင်းလျာ​တွေ ​ပျော်​ပျော်ရွှင်ရွှင် မှာယူစား​သောက်ကြသည်။

၎င်းတို့ သုံး​ဆောင်​နေစဉ်အ​တောအတွင်း ရှန်ယန်ဟာ စားပွဲတစ်ဖက်က ​ပေါ်ယွီအား မကြာခဏ ခိုးကြည့်​နေ၏။သို့​ပေတည့် သူမ သူ့ထံ စတင်ချည်းကပ်စကားမ​ပြောရဲ။

တတိယ​မြောက် ဇာတ်ရံမင်းသမီးက ရှန်ယန်၏ အရှက်တကွဲကျရှုံးမှုကို ​ကောင်း​ကောင်းကြီး ရှူစားရန် စိတ်မရှည်ဖြစ်​နေသည်။

ညစာစားပြီးကြ​တော့ ရုပ်ရှင်အဖွဲ့ဟာ KTV ၌ ပွဲဆက်ခင်းကြသည်။

လျူခိုင်က True or Dare game ကစားကြရန် အဆိုပြုလိုက်သည်။လူတိုင်းက စက်၀ိုင်းသဏ္ဍာန် ထိုင်​နေကြကာ သူတို့​ရှေ့တွင် ဘီယာပုလင်းအလွတ်တစ်လုံး ရှိသည်။

ပထမအချီတွင် ဘီယာပုလင်း​ခေါင်းက လျူခိုင်ထံ ညွှန်ပြသွားသည်။လူတိုင်းက ရယ်​မောကြရင်း လျူခိုင်အား သူ့ phone contact ထဲက လူတစ်​ယောက်ကို ချစ်တယ်ဟု ဖုန်းဆက်​​ပြောရန် ခိုင်းကြသည်။

လျူခိုင် ဟွန့်ခနဲ နှာမှုတ်ကာ အိပ်​ပျော်​နေတာကြာပြီဖြစ်​သော သူ့အ​ဖေဆီ ဖုန်းဆက်သည်။ညကြီးအချိန်မ​တော် လှမ်းဒုက္ခ​ပေး​နေခြင်းတည်း။

လျူခိုင့်အ​ဖေမှာက ထက်မြက်တဲ့လျှာကို ပိုင်ဆိုင်ထားသည်။အိပ်​နေရာက​နေ ဖုန်းဆက်အနှိုးခံလိုက်​ရ​သော လူအိုကြီးတစ်​ယောက်၏ ​ဒေါသကို အားလုံး ခံစားလို့ရသည်။

လျူခိုင် : " . . . . . . ဒီလူအိုကြီး အခု ​​ဒေါကန်​နေပြီ "

​ပေါ်ယွီခမျာ ဒါရိုက်တာဖြစ်သူကိုပင် မျက်နှာသာ မ​ပေးအား​တော့ဘဲ မျက်ရည်ထွက်သည်အထိ ထိုင်ရယ်​နေမိသည်။

သို့​သော် ဒုတိယအချီက ​ပေါ်ယွီ့အလှည့်ဖြစ်​နေသည်။

" . . . . . . "

​လျူခိုင်က ပေါ်ယွီရဲ့ကံဆိုးမှုကို တခွီးခွီး ​လှောင်ရယ်လိုက်သည်။
" မင်း True ကို ​ရွေးသင့်တယ်။ မင်း အခု​လော​လောဆယ် သ​ဘောကျ​နေတဲ့လူရှိလား ငါတို့ကို ​ပြောပြ "

ထိုအခိုက် ရှန်ယန်က လက်သီးကျစ်ကျစ် ဆုပ်လိုက်မိပြီး အနည်းငယ် စိတ်လှုပ်ရှားပျာယာခတ်​နေသည်။

​ပေါ်ယွီက ​ခေါင်းညိတ်လျက် သဘာ၀ကျကျ ​ဖြေဆိုလိုက်သည်။
" ရှိတာ​ပေါ့။ ဖရဲသီး​​လေး​လေ "

လူတိုင်းက ​ပေါ်ယွီ့အ​ဖြေကို စိတ်မ​ကျေနပ်ကြ။ရှန်ယန်ကမူ စိတ်သက်သာရာရသွား၏။

ညတစ်ဆယ့်တစ်နာရီ​ကျော်​သောအခါ ​ပေါ်ယွီလည်း လျုခိုင်ကို နှုတ်ဆက်၍ စား​သောက်ဆိုင်က​နေ ထွက်လာခဲ့သည်။

လျူခိုင်က တခြားလူများနှင့် ဂိမ်း​ဆော့​နေတာ​ကြောင့် ​နောက်မှ​တွေ့မယ်ဟုသာ လက်​ဝေ့ယမ်းပြလိုက်သည်။

တတိယမြောက် ဇာတ်ရံမင်းသမီးက ရှန်ယန်အား အတင်းတွန်းပို့ရင်း ​စိတ်ဆိုးစွာ တိုးတိုးကြိတ်ကြိတ် တိုက်တွန်း​နေသည်။
" သူ ဒီက​နေ သွား​တော့မှာ ! သူ့​နောက်က မြန်မြန် လိုက်သွား ! ဒါက နင့်အတွက် တစ်ခုတည်း​သော အခွင့်အ​​​ရေး​နော် ! "

ရှန်ယန် ကြံရာမရစွာ နှုတ်ခမ်းကို ဖိကိုက်ထားသည်။ထို့​နောက် သူမ ၀ုန်းဆို မတ်တပ်ထရပ်ကာ ​ပေါ်ယွီ့​နောက်မှ အ​လောသုံးဆယ် ​ပြေးလိုက်သွားခဲ့သည်။

KTV တံခါး​၌ ရှန်ယန်က ​ပေါ်ယွီ့​ရှေ့တွင် ပိတ်ရပ်လိုက်သည်။မနီးမ​ဝေးမှာ ပုန်း​စောင့်​နေတဲ့ ပါပါရာဇီတစ်​ယောက်က မျက်လုံး​တွေ အ​ရောင်​တောက်သွားပြီး ​ပေါ်ယွီတို့နှစ်​ယောက်ကို ဓါတ်ပုံတဖြတ်ဖြတ်ရိုက်ယူ​နေသည်။

" ရှန်ယန် ၊ ကျွန်​တော့်ကို ရှာ​​နေတာလား ??? "
​ပေါ်ယွီ သူ့​ရှေ့ရှိ သိသိသာသာ စိတ်လှုပ်ရှား​ကြောက်ရွံ့​နေပုံရ​သော ရှန်ယန်ကို အံ့သြစွာ ​မေးလိုက်သည်။

ရှန်ယန်က အဆက်မပြတ် ​ခေါင်းညိတ်ပြ​နေသည်။သူမ ​ခေါင်းကို ​အောက်ငုံ့ထားလျက် ပင့်သက်ရှိုက် သတ္တိ​မွေးလိုက်သည်။
" ​ပေါ်ယွီ ၊ ကျွန်မ ရှင့်ကို ချစ်တယ် "

" . . . . . "

​ပေါ်ယွီ ​မင်တက်သွား၏။သူ ပတ်၀န်းကျင်အား ဟိုဟိုဒီဒီ အကဲခတ်လိုက်ရာ ​ဘေးပတ်ပတ်လည်တွင် လူသူ​​လေးပါး ကင်းမဲ့​နေသည်။
" ​တောင်းပန်ပါတယ်။ ကျွန်​တော် မင်းကို မချစ်ဘူး "

ရှန်ယန်ရဲ့မျက်ခမ်းစပ်​တွေ နီရဲတက်လာသည်။
" ဒါ​ပေမယ့် ကျွန်မ ရှင့်ကို ချစ်တယ် !!! ကျွန်မ ဖရဲသီး​လေးရဲ့အ​မေလည်း လုပ်​ပေးပါ့မယ် !!! ဖရဲသီး​လေးအ​ပေါ်ကိုလည်း ​ကောင်း​ကောင်း ဆက်ဆံပါ့မယ် !!! ကျွန်မကို စဉ်းစား​မပေးနိုင်ဘူးလားရှင် ??? "

" . . . . . . . . . မင်းက မိန်းက​လေးတစ်​ယောက်​လေ။ အဲဒီလို​တွေ မ​ပြောပါနဲ့ "
​ပေါ်ယွီက ငြင်းဆန်မြဲ။ဒီလိုကိစ္စမျိုးနှင့်ပတ်သက်ပါက တုံ့ဆိုင်းတုံ့ဆိုင်း အားနာ​နေလို့မရမှန်း ​ပေါ်ယွီ သိသည်။

" ​နောက်ကျ​နေပြီ။ ကျွန်​တော် ပြန်နှင့်ပါဦးမယ် "

ရှန်ယန်က ရုတ်တရက်ကြီး​ ပေါ်ယွီ့ခါးကို သိုင်းဖက်လာသည်။
" ကျွန်မ ရှင့်ကို ချစ်တယ်။ ကျွန်မကို အခွင့်အ​ရေး​လေးတစ်ခု​လောက် ​ပေးပါ။ ကျွန်မတို့​တွေ တစ်ခါမှ အချင်းချင်းတွဲမကြည့်ဖူးဘဲနဲ့ မလိုက်ဖက်ဘူးဆိုတာ ရှင် ဘယ်လိုလုပ် သိမှာလဲ ??? "

​ပေါ်ယွီ့မျက်နှာအမူအရာက ​ပြောင်းလဲသွားသည်။

KTV ရဲ့ ၀င်​​ပေါက်က ဖြတ်သွားဖြတ်လာ​တွေ ထူထပ်​သော ​နေရာဖြစ်သည်။သူတို့နှစ်​ယောက်သာ ဓါတ်ပုံအရိုက်ခံရ၍ အင်တာနက်​ပေါ် ပျံ့သွားလျှင် ကိစ္စ​တွေ ဆိုးဝါးကုန်မည်။

ရုပ်ရှင်ရိုက်ကူး​ရေးအဖွဲ့​တွေကလည်း ဒီ​နေရာမှာ သီချင်းလာဆိုလေ့ရှိခြင်း​ကြောင့် အနီးတစ်၀ိုက်တွင် ပါပါရာဇီများ ပုန်း​နေတတ်ကြသည်။ တစ်​ယောက်​ယောက်ကများ ဓါတ်ပုံရိုက်သွားခဲ့ပါက . . . . . . . . . ????

​ပေါ်ယွီ ရှန်ယန်ကို တွန်းဖယ်ကာ ​အေးစက်စွာ ကြည့်လိုက်သည်။
" မင်း တမင်တကာ လုပ်​နေတာလား ??? "

မျက်ရည်များက ရှန်ယန့်မျက်နှာထက်တွင် တလိမ့်လိမ့် စီးကျ​လျက် လက်သီးတင်းတင်း ဆုပ်ထား၏။
" ကျွန်မက ရှင်နဲ့အတူရှိချင်တာပါ "

သူမက ​ပေါ်ယွီ ငြင်း​နေတာကို ငြင်း​နေ​ကြောင်း နားမလည်။ရှန်ယန် မ​လျော့တမ်း ​ချေပလိုက်သည်။

" ကျွန်​တော် ရှင်းရှင်းလင်းလင်း ထပ်​ပြောပြပါ့မယ်။ ကျွန်​တော် မင်းကို မကြိုက်ပါဘူး "

​ပေါ်ယွီ ​ဘေးသို့ ဟိုလှည့်ဒီလှည့်ကြည့်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ရှန်ယန်က သူ့အား ​နောက်တစ်ကြိမ် ဖက်ရန် ကြိုးစားခိုက် ​ပေါ်ယွီ ဆိုလိုက်သည်။
" မင်းရဲ့မင်းသမီးအလုပ်ကို လက်​လျော့နိုင်တယ်ဆိုရင် အခုလို ဆက်လုပ်​နေလိုက်ပါ "

ဒီနီးနားက ပါပါရာဇီ​တွေ သူတို့ကို ဓါတ်ပုံရိုက်သွား​လောက်ပြီဟု ​ပေါ်ယွီ အာရုံရလိုက်သည်။သူ့စိတ်ထဲ အကူအညီမဲ့စွာ ကျိန်ဆဲလိုက်မိ၏။
' ​သေစမ်း !!! '

တအင့်အင့်ရှိုက်ငို​နေသည့် ရှန်ယန်က ထွက်ခွာ​သွား​သော ​ပေါ်ယွီရဲ့ပုံရိပ်ကို ​ငေးစိုက်ကြည့်​နေ၏။မျက်ရည်စက်များကလည်း စီးကျ​နေဆဲ။အချိန်​အတော်ကြာမှ သူမ KTV ထံ ပြန်လာခဲ့သည်။သူမ ဒါရိုက်တာလျူကို ​သေချာ မနှုတ်ဆက်ခဲ့ရ​သေးသည်မို့ ခွင့်ပြုချက်မရှိ အိမ်ပြန်မသွားရဲ​ချေ။

မနီးမ​ဝေးမှာ ​ဆောင့်​ကြောင့်၀ပ်​နေတဲ့ ပါပါရာဇီတစ်ဦးက သူနှင့်အတူပါလာ​သော အ​ဖော်ကို စိတ်အားထက်သန်စွာ လက်သင်္ကေတတစ်ခု လုပ်ပြလိုက်၏။
' ငါတို့​တွေ ​ပေါ်ယွီရဲ့လန့်စရာဇာတ်လမ်းတစ်ပုဒ်ရပြီ။ မိုက်တယ် !!! '

.
.
.
.
.
.

​Update ​နောက်ကျသွားတဲ့အတွက် ​သွေ့ပုချိပါ တာ့ကျား . . . ❤

























Zawgyi

စားစရာ​​ေတြ ​စားပြဲ​ေပၚ ခ်​ေပးလာ​ေသာအခ်ိန္၌ ​ေဘးမွာရပ္​ေနတဲ့ လက္​ေထာက္တစ္ဦးက ​ေ႐ွ႕တက္လာ၍ တီးတိုး အစီရင္ခံလိုက္သည္။
" ဥကၠ႒စုန္႔ ၊ ​ေျဖ႐ွင္းၿပီးပါၿပီ "

စုန္႔႐ွီလင္ ဆန္ျပဳတ္ခပ္​​ေနရာမွ ႐ုတ္ျခည္း ရပ္တန္႔သြားကာ ​ေျပာလိုက္သည္။
" သိၿပီ "

ဖရဲသီး​ေလးက ပါးစပ္အျပည့္ သခြားသီးကြင္း​ေလး​ေတြကို ကိုက္လ်က္ ဗလုံးဗ​ေထြး ​ေမးလိုက္သည္။
" ပါးပါး​ေရာ . . . . . စား . . . ??? "

" ဒက္ဒီတို႔ ပါးပါးအတြက္ ပါဆယ္ထုပ္သြားၾကမယ္။ သား အရင္စား "
စုန္႔႐ွီလင္ နာရီၾကည့္ရန္ လက္​ေကာက္၀တ္ကို ​ေျမႇာက္လိုက္၏။စုန္႔႐ွီလင္ အခ်ိန္​ေရာက္ၿပီဟု ​ေတြးကာ iPad ကို ဖြင့္ၿပီး သူ Video call ​ေခၚလိုက္သည္။

မၾကာမီ video call က ခ်ိတ္ဆက္သြားသည္။စုန္႔႐ွီလင္ႏွင့္ ငါးဆယ္ရာခိုင္ႏႈန္းခန္႔ ဆင္တူ​ေသာ အမ်ိဳးသားတစ္ဦးက screen တြင္ ​ေပၚလာခဲ့သည္။ထိုသူက သူ႕နက္ကတိုင္ကို သပ္ရပ္​ေအာင္ ျပဳျပင္လိုက္၏။
" ​ေ႐ွာင္လင္ "

စုန္႔႐ွီလင္က ​အသံခပ္နက္နက္ျဖင့္ ဆိုလိုက္သည္။
" အစ္ကို "

" သူ​ေလးက ဖရဲသီး​ေလးလား ??? "
အမ်ိဳးသားက စုန္႔႐ွီ​လင္​ေဘးမွာ ထိုင္ရင္း ​ေပါက္စီ​ေပါင္းကို တျမဳံ႕ျမဳံ႕​ကိုက္ဝါး​ေန​ေသာ ဖရဲသီး​ေလးအား ၾကည့္လိုက္၏။အႏွီအမ်ိဳးသား၏ ႏႈတ္ခမ္း​ေထာင့္စြန္းမ်ားက စိတ္​ေက်နပ္စြာ အ​ေပၚသို႔ ​ေကြးတက္သြားသည္။
" ခ်စ္ဖို႔​ေကာင္းလိုက္တာ "

___________________

​ေပၚယြီ အိပ္ရာႏိုးသည့္အခ်ိန္၌ မြန္းတည့္တစ္နာရီ႐ွိ​ေနၿပီျဖစ္သည္။​ေပၚယြီ သူ႕ဆံပင္​ေတြကို ထိုးဖြကုတ္ျခစ္၍ အိပ္ခ်င္မူးတူးမ်က္လုံးမ်ားႏွင့္အတူ အိပ္ရာ​​ေပၚက​ေန ဆင္းလာသည္။သူ မ်က္ႏွာသစ္ ၊ ပလုတ္က်င္းၿပီးစဥ္ စုန္႔႐ွီလင္ႏွင့္ဖရဲသီး​ေလးတို႔က ပါဆယ္အိတ္မ်ားႏွင့္တကြ ျပန္လာၾကသည္ကို ​ေတြ႕လိုက္ရသည္။

" ဘာ​ေတြ၀ယ္ခဲ့တာလဲ ??? "

​ေပၚယြီ အိတ္​ေတြထဲက​ေန အမဲသားထမင္းႏွင့္ အသီးအ႐ြက္ဆားစိမ္သနပ္အနည္းငယ္ကို ထုတ္ယူလိုက္သည္။သူ စားစရာ​ေတြကို ပါးစပ္ထဲ တန္းထည့္လိုက္​ေတာ့ လည္ပင္းနင္သြားတာ​ေၾကာင့္ ​ေရခဲ​ေသတၱာထံ သြားလိုက္သည္။သူ ဘီယာတစ္ဘူး လွမ္းဆြဲကာ တစ္၀က္က်ိဳးက်ိဳး ​ေမာ့​ေသာက္လိုက္သည္။

စုန္႔႐ွီလင္က ​ေပၚယြီကို အခ်ိန္မီ မတားလိုက္ႏိုင္​ေလရာ မ်က္​ေမွာင္ၾကဳတ္လ်က္ ​ေအးစက္စြာ ​ေျပာလိုက္သည္။
" ဒီကိုလာ။ ဘီယာအစား စြပ္ျပဳတ္​ေသာက္ရမယ္ "

​ေပၚယြီ လွ်ာကို ႏႈတ္ခမ္းသပ္ရင္း တစ္၀က္က်န္​ေသးသည့္ ဘီယာဘူးအား ​ေရခဲ​ေသတၱာထဲသို႔ အင္တင္တင္ျဖင့္ တြန္႔ဆုတ္တြန္႔ဆုတ္ ျပန္ထားလိုက္ရ၏။ထို႔​ေနာက္ စုန္႔႐ွီလင္ဆီ ေလွ်ာက္လာၿပီး အမဲသားထမင္းကို ဆက္စား​ေနသည္။
" မင္း ဘာလို႔ အခုမွ ျပန္​ေရာက္တာလဲ ??? "

ဖရဲသီး​ေလးက ​ေပၚယြီ႕ခါးက်င္က်င္ကို ​ေျပးဖက္လိုက္၏။က​ေလး​ေလးရဲ႕တ​လက္လက္​ ​ေတာက္ပ​ေန​ေသာ မ်က္လုံး​ေလးမ်ားက စိတ္လႈပ္႐ွား​ေန​ေၾကာင္း ​ေဖာ္ျပ​ေနသည့္ႏွယ္။
" ပါးပါး ၊ သား ဦးဦးတစ္​ေယာက္ကို ျမင္ခဲ့တယ္ "

ဦးဦး ???

​ေပၚယြီ စုန္႔႐ွီလင္ထံ လွည့္​ၾကည့္ေမးလိုက္သည္။
" မင္းအစ္ကိုႀကီး ျပန္လာၿပီလား ??? "

" သူ ႏိုင္ငံျခား႐ုံးခြဲမွာပဲ ႐ွိ​ေသးတယ္။ အခ်ိန္တိုအတြင္း ျပန္လာလို႔ မရ​ေလာက္ဘူး "

စုန္႔႐ွီလင္ သူ႕လက္​ေအာက္ကလူ​ေတြ ပို႔ထား​ေသာ email မ်ားကို ကြန္ပ်ဴတာတစ္လုံးႏွင့္ စတင္စစ္​ေဆး​ေတာ့သည္။သူ အလုပ္ဆီမွ မ်က္ႏွာမလႊဲအားဘဲ ႐ွင္းျပလိုက္သည္။
" အစ္ကိုက ဖရဲသီး​ေတြကို ​ေတြ႕ခ်င္​ေနတာ။ သူတို႔​ေတြ ​ေပ်ာ္​ေပ်ာ္ႀကီး စကား​ေျပာခဲ့ၾကတယ္ "

စုန္႔မိသားစု၏ သားႀကီးက ႏိုင္ငံျခား႐ုံးခြဲတြင္ တစ္ႏွစ္ပတ္လုံး အလုပ္သြားလုပ္​ေနသည္။သူ႕ရဲ႕႐ုပ္ရည္​ေရာ အက်င့္​ေရာက စုန္႔႐ွီလင္အတိုင္းပင္။သူက စုန္႔႐ွီလင္ထက္ ႏွစ္အနည္းငယ္ ပိုအသက္ႀကီးသည့္အ​ေလ်ာက္ ပိုမိုရင့္က်က္​​ေမွ်ာ္ျမင္တတ္ပုံ​ေပၚသည္။

သို႔​ေသာ္ . . . . . . . . . .

စုန္႔မိသားစုရဲ႕​ေယာက်္ား​ေလးသုံးဦးလုံးက ​ေသြး​ေအးသတၱဝါ​ေတြခ်ည္း။ အဲဒါကို မင္းအစ္ကိုက ဖရဲသီး​ေလးနဲ႔ ဘယ္လိုလုပ္ ​ေပ်ာ္​ေပ်ာ္ပါးပါး ​ေလ​ေပါ​ေနတာ ျဖစ္ႏိုင္ပါ့မလဲ ???

​ေပၚယြီ ဖရဲသီး​ေလးအား က်ီစယ္လိုက္သည္။
" ဦးဦးက မင္းကို ဘာ​ေတြ ​ေျပာလိုက္တာလဲ ??? "

" ဦးဦးက သားအတြက္ လက္​ေဆာင္ျပင္ထားတယ္တဲ့။ အဲဒီလက္​ေဆာင္​ေလးက အခု ​ေကာင္းကင္မွာ ပ်ံ​ေနတုန္းတဲ့။ ခဏ​ေနရင္ ဖရဲသီး​ေလးဆီ ​ေရာက္လာလိမ့္မယ္တဲ့ "
ဆိုဖာထက္၌ ​ေမွာက္လ်က္​ေလးလွဲ​ေနတဲ့ ဖရဲသီး​ေလးက အ႐ုပ္ဆက္ပ​ေဟဠိအား အာ႐ုံစူးစိုက္စြာ ဆက္​ေနသည္။

တကယ္က ဖရဲသီး​ေလးသာ ရယ္ရယ္ျပဳံးျပဳံးမလုပ္တဲ့အခ်ိန္ဆိုလွ်င္ စုန္႔႐ွီလင္ႏွင့္ အင္မတိအင္မတန္ကို ခြၽတ္စြပ္တူသည္။

" ဦးဦးကို သ​ေဘာက်လား ??? "
​ေပၚယြီက ဖရဲသီး​ေလးရဲ႕တ​ေလးတနက္ စ်ာန္၀င္​ေန​ေသာ မ်က္ႏွာ​ေသး​ေသး​ေလးကို လက္ညိႇဳးျဖင့္ တစ္တိတိ လိုက္တို႔​စ​ေနာက္ေနသည္။အလြန္အမင္း ခ်စ္စရာ​ေကာင္းသည့္အျပင္ ႏူးညံ့အိစက္​ေနမို႔။

" အြန္း ၊ သား ဦးဦးကို သ​ေဘာက်တယ္ !!! "
ဖရဲသီး​ေလးက သူ႕အား လာလာ​ေႏွာင့္ယွက္​ေန​ေသာ ​ေပၚယြီကို စိတ္တိုလာၿပီး ​ေဒါသတႀကီး​ေလး ​ေအာ္လိုက္သည္။
" ပါးပါး ! သားကို မ႐ႈပ္ပါနဲ႔ !! "

" အင္း " 
​ေပၚယြီက ျပန္​ေျဖသည္ဆို႐ုံမွ်။​ေယာက်္ား​ေရာ သား​ေရာက ကိုယ္စီ အလုပ္မ်ား​ေနၾကတာ ျမင္​ေသာအခါ ​ေပၚယြီလည္း သူ႕ iPad နဲ႔ တီဗြီအစီအစဥ္ ၾကည့္​ေနလိုက္သည္။

_________________

ကမ႓ာ​ေျမတစ္ခြင္သည္ အ​ေမွာင္ထုျဖင့္ ပိတ္ဖုံးကာဆီး​ေန၏။အဖြဲ႕ႏွစ္ဖြဲ႕ဟာ မ်က္ႏွာခ်င္းဆိုင္ ထိပ္တိုက္ ရင္ဆိုင္​ေနၾကရသည္။

ယင္းလိက ဓါးစာခံကို ဖမ္းကိုင္ထားရင္း မူးယစ္ဂိုဏ္းခ်ဳပ္ႏွင့္အတူ ​ေခါင္မိုးထိပ္သို႔ ​ေနာက္ျပန္ဆုတ္သြားသည္။

ဓါးစာခံက ယင္းလိ၏​ေျခ​ေထာက္ကို အသာအယာ အခ်က္ျပပုတ္လိုက္သည္။ယင္းလိခႏၶာကိုယ္က တဆတ္ဆတ္ တုန္ရီ​ေနသည့္တိုင္ သူဟာ ဘာအမူအရာမွ် မ​ေပၚ​ေစရ။

ထိုဓါးစာခံက သူ႕အား ကူညီရန္ တာ၀န္​ေစလႊတ္ခံထားရ​ေသာ ႒ာနတူမိတ္​ေဆြတစ္ဦးျဖစ္သည္။

မူးယစ္ဂိုဏ္းခ်ဳပ္က ယင္းလိကို အႂကြင္းမဲ့ ယုံၾကည္သည္။ထို႔​ေၾကာင့္ ယင္းလိနဲ႔အတူ ထြက္​ေျပးၿပီး လမ္းတစ္​ေလွ်ာက္၌ မိုက္မဲတဲ့ ဓါးစာခံတစ္​ေယာက္ကို ​ေခၚထားခဲ့သည္။

မ်က္ႏွာခ်င္းဆိုင္မွာ ရပ္​ေနတဲ့ မႈခင္းရဲ​ေတြက သူတို႔​ေတြကို ဖမ္းဆီးရန္ ႀကိဳးစား​ေနၾကသည္။

ယင္းလိ​ေဘး႐ွိ မူးယစ္ဂိုဏ္းခ်ဳပ္က အက္ကြဲစြာ ၫႊန္ၾကားလိုက္သည္။
" ငါတို႔ဆီမွာ ဓါးစာခံ႐ွိသ​ေ႐ြ႕ သူတို႔​ေတြ ငါတို႔နား ကပ္မလာရဲဘူး။ ငါတို႔ကို ဝိုင္းထားတာက​ေန ​ေဖာက္ထြက္ဖို႔ အခြင့္အ​ေရး႐ွာ "

ယင္းလိ အခိုင္အမာ ​ေခါင္းညိတ္ျပလိုက္သည္။

သူတို႔​ေတြဟာ ပတ္ပတ္လည္တြင္ မႈခင္းရဲမ်ား၏ ဝိုင္း၀န္း​ေခ်ာင္ပိတ္ခံ​ေနရသည္။

မူးယစ္ဂိုဏ္းခ်ဳပ္က သူ႕အား ၫႊန္ၾကားၿပီးၿပီးခ်င္း ယင္းလိက ဓါးစာခံကို ႐ုတ္တရက္ လႊတ္​ေပးကာ မူးယစ္ဂိုဏ္းခ်ဳပ္ထံ အ႐ွိန္ျပင္းျပင္းျဖင့္ တစ္ဟုန္ထိုး ခုန္အုပ္လိုက္သည္။

မူးယစ္ဂိုဏ္းခ်ဳပ္က အ​ေျခအ​ေနကို ​ေခတၱ နားမလည္ႏိုင္ျဖစ္သြားသည္။

မႈခင္းရဲ​ေတြကလည္း အ​ေျပးအလႊား ​ေရာက္ခ်လာ၍ မူးယစ္ဂိုဏ္းခ်ဳပ္အား မလႈပ္႐ွားႏိုင္​ေအာင္ ​ၾကမ္းျပင္၌ ဖိခ်ဳပ္ထားၾကသည္။

မူးယစ္ဂိုဏ္းခ်ဳပ္က ​ေသြး႐ူး​ေသြးတန္း ​ေအာ္ဟစ္​ေနသည္။
" သစၥာ​ေဖာက္ !!! ယင္းလိ ၊ မင္းက သစၥာ​ေဖာက္ပဲ ​!!! "

" ကြၽန္​ေတာ္က သစၥာ​ေဖာက္မဟုတ္ဘူး "

တျဖည္းျဖည္း ၾကဳံလွီခ်ည့္နဲ႔လာတဲ့ ယင္းလိသည္ ယခင္ကကဲ့သို႔ ​​ေခ်ာ​ေမာခန္႔ညားမ​ေန​ေတာ့။သူဟာ မူးယစ္ရာဇာကို စိုက္ၾကည့္ရင္း တစ္လုံးခ်င္း ​ေသ​ေသခ်ာခ်ာ ေျပာလိုက္သည္။
" ကြၽန္​ေတာ္က သစၥာ​ေဖာက္ မဟုတ္ဘူး။ လွ်ိဳဝွက္​ေအးဂ်င့္တစ္​ေယာက္ပါ "

မယုံၾကည္ႏိုင္ျခင္းႏွင့္ အမ်က္​ေဒါသအရိပ္အ​ေယာင္တို႔က မူးယစ္ဂိုဏ္းခ်ဳပ္၏ မ်က္၀န္းထဲတြင္ ျပည့္ႏွက္​ေန​ေပသည္။

ျမင္ကြင္းက ​ေျပာင္းလဲသြားသည္။ယင္းလိက သူ႕အထက္လူႀကီးဆီမွ ဆုတံဆိပ္အား လက္ခံကာ ​မူးယစ္ေဆးသမားမ်ားအတြက္ ျပန္လည္ထူ​ေထာင္​ေရးစင္တာအတြင္းသို႔ ျပတ္သားစြာ ဦးတည္​ေလွ်ာက္လွမ္းခဲ့သည္။

ယင္းလိ သံမဏိဂိတ္တံခါးႀကီးဆီ ​ေျခခ်လိုက္မိတဲ့အခ်ိန္ ​ေကာင္းကင္ျပာႀကီးထံ အျပဳံးတစ္ပြင့္ႏွင့္ တစ္ဖန္ ေမာ့ၾကည့္လိုက္၏။

​ေနာက္ဆုံးတြင္ ဤ​ေကာင္းကင္ျပာႀကီးကို သူ ပိုင္ဆိုင္ႏိုင္ခဲ့​ေခ်ၿပီ။

သူ ဆက္ဆက္ ျပန္လာႏိုင္ခဲ့သည္တကား။

~~~ ၿပီးပါၿပီ ~~~

______________________

အမ်ိဳးသမီးဇာတ္ရံ​ေနရာတြင္ သ႐ုပ္​ေဆာင္​ေသာ ႐ွန္ယန္တစ္​ေယာက္ ​ဇာတ္သိမ္းခန္းက ေပၚယြီရဲ႕အျပဳံးကို ျမင္ၿပီး သူမႏွလုံးသားက ဒုန္းဆို ရပ္ဆိုင္းသြားခဲ့သည္။ထို႔​ေနာက္ အ႐ိုင္းဆန္စြာ ခုန္​ေပါက္​ေန​ေလ၏။

တတိယ​ေျမာက္ အမ်ိဳးသမီးဇာတ္ရံ​ေနရာမွာ ပါ၀င္တဲ့ မင္းသမီးက သူမရဲ႕သူငယ္ခ်င္း​ေကာင္းျဖစ္သည္။အႏွီမင္းသမီးက သူမအနား ​ေရာက္လာ၍ တီးတိုး​ေလး ​ေမးလိုက္သည္။
" ႐ွန္ယန္ ၊ နင္ ငူငူႀကီး ဘာ​ေတြ ​စဥ္းစား​ေနတာလဲ ??? "

႐ွန္ယန္က ကို႔႐ို႕ကားရား ​ေခ်ာင္းဟန္႔လ်က္ အိုးနင္းခြက္နင္း ​ေျဖသည္။
" မစဥ္းစားပါဘူး။ ဘာမွ မစဥ္းစားပါဘူးဟယ္။ နင္ အဓိပၸါယ္မ႐ွိတာ​ေတြ မ​ေျပာနဲ႔ "

တတိယေျမာက္ ဇာတ္ရံမင္းသမီးက ႐ွန္ယန္႔မ်က္လုံး​ေတြအတိုင္း လိုက္လံၾကည့္လိုက္​ေသာအခါ အခု​ေလးတင္ ႐ုပ္႐ွင္႐ိုက္ကူးၿပီးသြား​ေသာ ​ေပၚယြီကို ​ေတြ႕လိုက္ရသည္။သူမက စပ္ၿဖီးၿဖီးျပဳံးကာ စ​ေနာက္လိုက္၏။
" နင္ ေပၚယြီ႕ကို ႀကိဳက္​ေနတာလား ??? သူက ဆိုး​ေတာ့မဆိုးပါဘူး။ ဒါ​ေပမယ့္ နင္ သူ႕ကို လက္ထက္လိုက္ရင္ မိ​ေထြးျဖစ္လာမွာ​ေနာ္ "

႐ွန္ယန္က ႐ွက္႐ြံ႕စြာ မ်က္ႏွာ​ေတြ နီျမန္းသြားသည္။သူမက ​ေခါင္းကို ​ေအာက္ငုံ႔ထားရင္း ႐ွက္​ေသြးျဖာစြာ ဆိုလိုက္သည္။
" မဟုတ္တာ။ ငါ . . . ငါက . . . ​ေပၚယြီ သ႐ုပ္​ေဆာင္တာ အရမ္း​ေကာင္းတယ္လို႔ စိတ္ကူးေန႐ုံပါ။ သူ႕ကို သ႐ုပ္​ေဆာင္တစ္​ေယာက္အ​ေနနဲ႔ ​ေလးစားအားက်​ေနတာ "

" ​ေလးစားအားက်တယ္ ??? နင္ ၾကင္ၾကင္နာနာ ျမတ္ျမတ္ႏိုးႏိုးနဲ႔ကို ​ေငး​ၾကည့္​ေနတာပါ​ေနာ္ ??? "

သူမက အမွန္တရားကို ​ေထာက္ျပကာ ႐ွန္ယန္႔နား႐ြက္နား တိုးတိုး​ေလး ကပ္​ေျပာလိုက္သည္။
" ဒီ​ေန႔ည ​ဒါ႐ိုက္တာလ်ဴရဲ႕႐ုပ္႐ွင္ႏႈတ္ဆက္ပြဲအထိမ္းအမွတ္ ဂုဏ္ျပဳညစာစားပြဲကို ေပၚယြီ မ​ေျဖမ​ေန တက္မွာ။ အဲဒီအခ်ိန္က် နင္ သူနဲ႔ နီးစပ္ဖို႔ အခြင့္​ေကာင္းပဲ "

႐ွန္ယန္က နီးစပ္ရန္ ဆႏၵ႐ွိ​ေသာ္လည္း ခ်ီတုံခ်တုံျဖစ္​ေနသည္။
" ဒီအၾကံက အလုပ္ျဖစ္ပါ့မလား ??? ငါ . . . ​ေၾကာက္ . . . "

" နင့္လို မိန္းမလွ​ေလးတစ္​ေယာက္ကို သူ မျငင္းဆန္ႏိုင္ပါဘူးဟယ္ !!! ဘာ​ေတြ ​ေၾကာက္​ေနတာလဲ !!! "
တတိယ​ေျမာက္ ဇာတ္ရံမင္းသမီးက သူ႕ႏႈတ္ခမ္း​ေတြကို စက္ဆုပ္႐ြံ႐ွာစြာ မဲ့႐ြဲ႕ျပဳံးလိုက္၏။
" ဒါနဲ႔ ​ေပၚယြီ႕ကို ႀကိဳက္​ေနတဲ့ ခံစားခ်က္​​ေတြကို နင္ ​ပိပိရိရိဖုံးထားႏိုင္တယ္​ေရာ္။ ငါ တစ္လ​ေလာက္ၾကာတာ​ေတာင္ မရိပ္မိခဲ့ဘူး "

" အင္း "
သူမက အသံတိုး​ေဖ်ာ့​ေဖ်ာ့ျပဳလိုက္၏။ဒါက ဟုတ္မွန္​ေၾကာင္း ၀န္ခံလိုက္သည္ပင္။

​တျခားလူႏွင့္ တိတ္တဆိတ္ ခ်စ္ကြၽမ္း၀င္​ေန႐ွာ​ေသာ ေပၚယြီကား သူမ၏တစ္ဖက္သက္အခ်စ္အား လုံးလုံးလ်ားလ်ား သတိမမူမိ။​ေနာက္ဆုံးဇာတ္၀င္ခန္း ႐ိုက္ကူးၿပီး​ေသာ္ ​ေပၚယြီက လ်ဴခိုင္တို႔ႏွင့္အတူ သီးသန္႔ႀကိဳတင္စာရင္းသြင္းထား​ေသာ စား​ေသာက္ဆိုင္ခန္းသို႔ ကားျဖင့္ လိုက္သြားခဲ့သည္။

လ်ဴခိုင္ စာရင္းသြင္းခဲ့​ေသာ ထိုစား​ေသာက္ဆိုင္က လင္ၿမိဳ႕​ေတာ္၏ အထူးစား​ေသာက္ဆိုင္ျဖစ္သည္။စား​ေသာက္ဆိုင္၏ ႐ွစ္ဆယ္ရာခိုင္ႏႈန္း​ေသာ ဟင္းလ်ာ​ေတြဟာ လင္ၿမိဳ႕​ေတာ္ရဲ႕ၿပိဳင္စံ႐ွား တစ္မူထူးကဲတဲ့ ဟင္းပြဲမ်ား​ေပ။စားဖိုမႉးကိုယ္တိုင္ ခ်က္ျပဳတ္တည္ခင္းသည့္ စားၿမိန္ဟင္းလ်ာ​ေတြအျပင္ စား​ေသာက္ဆိုင္၏ ရင္းႏွီး​ေဖာ္​ေ႐ြ​ေသာ ၀န္​ေဆာင္မႈသည္ ခရီးသြားဧည့္သည္မ်ားကိုသာမက ​ေဒသခံလူထုကိုပါ ဆြဲ​ေဆာင္ႏိုင္သည္။

ႏႈတ္ဆက္ဂုဏ္ျပဳညစာစားပြဲျဖစ္သည့္အ​ေလ်ာက္ လူတိုင္းက စိတ္တင္းအားမ်ားကို ​ျဖည္​ေလ်ာ့၍ စားပြဲအျပည့္ ဟင္းလ်ာ​ေတြ ​ေပ်ာ္​ေပ်ာ္႐ႊင္႐ႊင္ မွာယူစား​ေသာက္ၾကသည္။

၎တို႔ သုံး​ေဆာင္​ေနစဥ္အ​ေတာအတြင္း ႐ွန္ယန္ဟာ စားပြဲတစ္ဖက္က ​ေပၚယြီအား မၾကာခဏ ခိုးၾကည့္​ေန၏။သို႔​ေပတည့္ သူမ သူ႕ထံ စတင္ခ်ည္းကပ္စကားမ​ေျပာရဲ။

တတိယ​ေျမာက္ ဇာတ္ရံမင္းသမီးက ႐ွန္ယန္၏ အ႐ွက္တကြဲက်႐ႈံးမႈကို ​ေကာင္း​ေကာင္းႀကီး ႐ွဴစားရန္ စိတ္မ႐ွည္ျဖစ္​ေနသည္။

ညစာစားၿပီးၾက​ေတာ့ ႐ုပ္႐ွင္အဖြဲ႕ဟာ KTV ၌ ပြဲဆက္ခင္းၾကသည္။

လ်ဴခိုင္က True or Dare game ကစားၾကရန္ အဆိုျပဳလိုက္သည္။လူတိုင္းက စက္ဝိုင္းသ႑ာန္ ထိုင္​ေနၾကကာ သူတို႔​ေ႐ွ႕တြင္ ဘီယာပုလင္းအလြတ္တစ္လုံး ႐ွိသည္။

ပထမအခ်ီတြင္ ဘီယာပုလင္း​ေခါင္းက လ်ဴခိုင္ထံ ၫႊန္ျပသြားသည္။လူတိုင္းက ရယ္​ေမာၾကရင္း လ်ဴခိုင္အား သူ႕ phone contact ထဲက လူတစ္​ေယာက္ကို ခ်စ္တယ္ဟု ဖုန္းဆက္​​ေျပာရန္ ခိုင္းၾကသည္။

လ်ဴခိုင္ ဟြန္႔ခနဲ ႏွာမႈတ္ကာ အိပ္​ေပ်ာ္​ေနတာၾကာၿပီျဖစ္​ေသာ သူ႕အ​ေဖဆီ ဖုန္းဆက္သည္။ညႀကီးအခ်ိန္မ​ေတာ္ လွမ္းဒုကၡ​ေပး​ေနျခင္းတည္း။

လ်ဴခိုင့္အ​ေဖမွာက ထက္ျမက္တဲ့လွ်ာကို ပိုင္ဆိုင္ထားသည္။အိပ္​ေနရာက​ေန ဖုန္းဆက္အႏိႈးခံလိုက္​ရ​ေသာ လူအိုႀကီးတစ္​ေယာက္၏ ​ေဒါသကို အားလုံး ခံစားလို႔ရသည္။

လ်ဴခိုင္ : " . . . . . . ဒီလူအိုႀကီး အခု ​​ေဒါကန္​ေနၿပီ "

​ေပၚယြီခမ်ာ ဒါ႐ိုက္တာျဖစ္သူကိုပင္ မ်က္ႏွာသာ မ​ေပးအား​ေတာ့ဘဲ မ်က္ရည္ထြက္သည္အထိ ထိုင္ရယ္​ေနမိသည္။

သို႔​ေသာ္ ဒုတိယအခ်ီက ​ေပၚယြီ႕အလွည့္ျဖစ္​ေနသည္။

" . . . . . . "

​လ်ဴခိုင္က ေပၚယြီရဲ႕ကံဆိုးမႈကို တခြီးခြီး ​ေလွာင္ရယ္လိုက္သည္။
" မင္း True ကို ​ေ႐ြးသင့္တယ္။ မင္း အခု​ေလာ​ေလာဆယ္ သ​ေဘာက်​ေနတဲ့လူ႐ွိလား ငါတို႔ကို ​ေျပာျပ "

ထိုအခိုက္ ႐ွန္ယန္က လက္သီးက်စ္က်စ္ ဆုပ္လိုက္မိၿပီး အနည္းငယ္ စိတ္လႈပ္႐ွားပ်ာယာခတ္​ေနသည္။

​ေပၚယြီက ​ေခါင္းညိတ္လ်က္ သဘာ၀က်က် ​ေျဖဆိုလိုက္သည္။
" ႐ွိတာ​ေပါ့။ ဖရဲသီး​​ေလး​ေလ "

လူတိုင္းက ​ေပၚယြီ႕အ​ေျဖကို စိတ္မ​ေက်နပ္ၾက။႐ွန္ယန္ကမူ စိတ္သက္သာရာရသြား၏။

ညတစ္ဆယ့္တစ္နာရီ​ေက်ာ္​ေသာအခါ ​ေပၚယြီလည္း လ်ဳခိုင္ကို ႏႈတ္ဆက္၍ စား​ေသာက္ဆိုင္က​ေန ထြက္လာခဲ့သည္။

လ်ဴခိုင္က တျခားလူမ်ားႏွင့္ ဂိမ္း​ေဆာ့​ေနတာ​ေၾကာင့္ ​ေနာက္မွ​ေတြ႕မယ္ဟုသာ လက္​ေဝ့ယမ္းျပလိုက္သည္။

တတိယေျမာက္ ဇာတ္ရံမင္းသမီးက ႐ွန္ယန္အား အတင္းတြန္းပို႔ရင္း ​စိတ္ဆိုးစြာ တိုးတိုးႀကိတ္ႀကိတ္ တိုက္တြန္း​ေနသည္။
" သူ ဒီက​ေန သြား​ေတာ့မွာ ! သူ႕​ေနာက္က ျမန္ျမန္ လိုက္သြား ! ဒါက နင့္အတြက္ တစ္ခုတည္း​ေသာ အခြင့္အ​​​ေရး​ေနာ္ ! "

႐ွန္ယန္ ၾကံရာမရစြာ ႏႈတ္ခမ္းကို ဖိကိုက္ထားသည္။ထို႔​ေနာက္ သူမ ဝုန္းဆို မတ္တပ္ထရပ္ကာ ​ေပၚယြီ႕​ေနာက္မွ အ​ေလာသုံးဆယ္ ​ေျပးလိုက္သြားခဲ့သည္။

KTV တံခါး​၌ ႐ွန္ယန္က ​ေပၚယြီ႕​ေ႐ွ႕တြင္ ပိတ္ရပ္လိုက္သည္။မနီးမ​ေဝးမွာ ပုန္း​ေစာင့္​ေနတဲ့ ပါပါရာဇီတစ္​ေယာက္က မ်က္လုံး​ေတြ အ​ေရာင္​ေတာက္သြားၿပီး ​ေပၚယြီတို႔ႏွစ္​ေယာက္ကို ဓါတ္ပုံတျဖတ္ျဖတ္႐ိုက္ယူ​ေနသည္။

" ႐ွန္ယန္ ၊ ကြၽန္​ေတာ္႕ကို ႐ွာ​​ေနတာလား ??? "
​ေပၚယြီ သူ႕​ေ႐ွ႕႐ွိ သိသိသာသာ စိတ္လႈပ္႐ွား​ေၾကာက္႐ြံ႕​ေနပုံရ​ေသာ ႐ွန္ယန္ကို အံ့ၾသစြာ ​ေမးလိုက္သည္။

႐ွန္ယန္က အဆက္မျပတ္ ​ေခါင္းညိတ္ျပ​ေနသည္။သူမ ​ေခါင္းကို ​ေအာက္ငုံ႔ထားလ်က္ ပင့္သက္႐ိႈက္ သတၱိ​ေမြးလိုက္သည္။
" ​ေပၚယြီ ၊ ကြၽန္မ ႐ွင့္ကို ခ်စ္တယ္ "

" . . . . . "

​ေပၚယြီ ​မင္တက္သြား၏။သူ ပတ္၀န္းက်င္အား ဟိုဟိုဒီဒီ အကဲခတ္လိုက္ရာ ​ေဘးပတ္ပတ္လည္တြင္ လူသူ​​ေလးပါး ကင္းမဲ့​ေနသည္။
" ​ေတာင္းပန္ပါတယ္။ ကြၽန္​ေတာ္ မင္းကို မခ်စ္ဘူး "

႐ွန္ယန္ရဲ႕မ်က္ခမ္းစပ္​ေတြ နီရဲတက္လာသည္။
" ဒါ​ေပမယ့္ ကြၽန္မ ႐ွင့္ကို ခ်စ္တယ္ !!! ကြၽန္မ ဖရဲသီး​ေလးရဲ႕အ​ေမလည္း လုပ္​ေပးပါ့မယ္ !!! ဖရဲသီး​ေလးအ​ေပၚကိုလည္း ​ေကာင္း​ေကာင္း ဆက္ဆံပါ့မယ္ !!! ကြၽန္မကို စဥ္းစား​မေပးႏိုင္ဘူးလား႐ွင္ ??? "

" . . . . . . . . . မင္းက မိန္းက​ေလးတစ္​ေယာက္​ေလ။ အဲဒီလို​ေတြ မ​ေျပာပါနဲ႔ "
​ေပၚယြီက ျငင္းဆန္ၿမဲ။ဒီလိုကိစၥမ်ိဳးႏွင့္ပတ္သက္ပါက တုံ႔ဆိုင္းတုံ႔ဆိုင္း အားနာ​ေနလို႔မရမွန္း ​ေပၚယြီ သိသည္။

" ​ေနာက္က်​ေနၿပီ။ ကြၽန္​ေတာ္ ျပန္ႏွင့္ပါဦးမယ္ "

႐ွန္ယန္က ႐ုတ္တရက္ႀကီး​ ေပၚယြီ႕ခါးကို သိုင္းဖက္လာသည္။
" ကြၽန္မ ႐ွင့္ကို ခ်စ္တယ္။ ကြၽန္မကို အခြင့္အ​ေရး​ေလးတစ္ခု​ေလာက္ ​ေပးပါ။ ကြၽန္မတို႔​ေတြ တစ္ခါမွ အခ်င္းခ်င္းတြဲမၾကည့္ဖူးဘဲနဲ႔ မလိုက္ဖက္ဘူးဆိုတာ ႐ွင္ ဘယ္လိုလုပ္ သိမွာလဲ ??? "

​ေပၚယြီ႕မ်က္ႏွာအမူအရာက ​ေျပာင္းလဲသြားသည္။

KTV ရဲ႕ ၀င္​​ေပါက္က ျဖတ္သြားျဖတ္လာ​ေတြ ထူထပ္​ေသာ ​ေနရာျဖစ္သည္။သူတို႔ႏွစ္​ေယာက္သာ ဓါတ္ပုံအ႐ိုက္ခံရ၍ အင္တာနက္​ေပၚ ပ်ံ႕သြားလွ်င္ ကိစၥ​ေတြ ဆိုးဝါးကုန္မည္။

႐ုပ္႐ွင္႐ိုက္ကူး​ေရးအဖြဲ႕​ေတြကလည္း ဒီ​ေနရာမွာ သီခ်င္းလာဆိုေလ့႐ွိျခင္း​ေၾကာင့္ အနီးတစ္ဝိုက္တြင္ ပါပါရာဇီမ်ား ပုန္း​ေနတတ္ၾကသည္။ တစ္​ေယာက္​ေယာက္ကမ်ား ဓါတ္ပုံ႐ိုက္သြားခဲ့ပါက . . . . . . . . . ????

​ေပၚယြီ ႐ွန္ယန္ကို တြန္းဖယ္ကာ ​ေအးစက္စြာ ၾကည့္လိုက္သည္။
" မင္း တမင္တကာ လုပ္​ေနတာလား ??? "

မ်က္ရည္မ်ားက ႐ွန္ယန္႔မ်က္ႏွာထက္တြင္ တလိမ့္လိမ့္ စီးက်​လ်က္ လက္သီးတင္းတင္း ဆုပ္ထား၏။
" ကြၽန္မက ႐ွင္နဲ႔အတူ႐ွိခ်င္တာပါ "

သူမက ​ေပၚယြီ ျငင္း​ေနတာကို ျငင္း​ေန​ေၾကာင္း နားမလည္။႐ွန္ယန္ မ​ေလ်ာ့တမ္း ​ေခ်ပလိုက္သည္။

" ကြၽန္​ေတာ္ ႐ွင္း႐ွင္းလင္းလင္း ထပ္​ေျပာျပပါ့မယ္။ ကြၽန္​ေတာ္ မင္းကို မႀကိဳက္ပါဘူး "

​ေပၚယြီ ​ေဘးသို႔ ဟိုလွည့္ဒီလွည့္ၾကည့္ၿပီး ထြက္သြားရန္ ျပင္လိုက္သည္။႐ွန္ယန္က သူ႕အား ​ေနာက္တစ္ႀကိမ္ ဖက္ရန္ ႀကိဳးစားခိုက္ ​ေပၚယြီ ဆိုလိုက္သည္။
" မင္းရဲ႕မင္းသမီးအလုပ္ကို လက္​ေလ်ာ့ႏိုင္တယ္ဆိုရင္ အခုလို ဆက္လုပ္​ေနလိုက္ပါ "

ဒီနီးနားက ပါပါရာဇီ​ေတြ သူတို႔ကို ဓါတ္ပုံ႐ိုက္သြား​ေလာက္ၿပီဟု ​ေပၚယြီ အာ႐ုံရလိုက္သည္။သူ႕စိတ္ထဲ အကူအညီမဲ့စြာ က်ိန္ဆဲလိုက္မိ၏။
' ​ေသစမ္း !!! '

တအင့္အင့္႐ိႈက္ငို​ေနသည့္ ႐ွန္ယန္က ထြက္ခြာ​သြား​ေသာ ​ေပၚယြီရဲ႕ပုံရိပ္ကို ​ေငးစိုက္ၾကည့္​ေန၏။မ်က္ရည္စက္မ်ားကလည္း စီးက်​ေနဆဲ။အခ်ိန္​အေတာ္ၾကာမွ သူမ KTV ထံ ျပန္လာခဲ့သည္။သူမ ဒါ႐ိုက္တာလ်ဴကို ​ေသခ်ာ မႏႈတ္ဆက္ခဲ့ရ​ေသးသည္မို႔ ခြင့္ျပဳခ်က္မ႐ွိ အိမ္ျပန္မသြားရဲ​ေခ်။

မနီးမ​ေဝးမွာ ​ေဆာင့္​ေၾကာင့္၀ပ္​ေနတဲ့ ပါပါရာဇီတစ္ဦးက သူႏွင့္အတူပါလာ​ေသာ အ​ေဖာ္ကို စိတ္အားထက္သန္စြာ လက္သေကၤတတစ္ခု လုပ္ျပလိုက္၏။
' ငါတို႔​ေတြ ​ေပၚယြီရဲ႕လန္႔စရာဇာတ္လမ္းတစ္ပုဒ္ရၿပီ။ မိုက္တယ္ !!! '

.
.
.
.
.
.

​Update ​ေနာက္က်သြားတဲ့အတြက္ ​ေသြ႕ပုခ်ိပါ တာ့က်ား . . . ❤



























Continue Reading

You'll Also Like

1.2M 89.8K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
932K 106K 92
Title - After Rebirth, I Become Popular in the Entertainment Industry Author - 林盎司 ( Lin Ang Si) Status in COO - 43 chapters and 6...
1.4M 60K 71
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...