Scroll down for Zawgyi.
Unicode
နောက်တစ်နေ့။စုန့်ရှီလင် ၊ ပေါ်ယွီနဲ့ ဖရဲသီးလေးတို့ဟာ အနီးအနားရှိ ချစ်သူ့ရေကန်သို့ သွားလည်ရန် ပြင်ဆင်နေကြသည်။
ဟိုတယ်အပေါက်၀ကနေ ထွက်ထွက်ချင်း ပေါ်ယွီက သူ့အိတ်ကပ်ကို ဟိုစမ်းဒီစမ်း စမ်းကာ အလောတကြီး ဆိုလိုက်သည်။
" ငါ့ဖုန်း အခန်းထဲ ကျန်ခဲ့တယ်။ ခဏစောင့်နေဦးနော် "
" ပါးပါး ၊ သား ပါးပါးကို ဒီကစောင့်နေမယ် . . . "
ဖရဲသီးလေးက ပြုံးပြုံးလေး တာ့တာပြလိုက်သည်။
တစ်နေရာ၌ အကြာကြီး ပုန်းနေခဲ့တဲ့ ရယ်ဟွမ်က ထိုမြင်ကွင်းကို မြင်သောအခါ အံကြိတ်လိုက်၏။သူက ဖုန်းပြန်သွားယူသော ပေါ်ယွီရဲ့ပုံရိပ်အား မျက်တောက်မခတ် စိုက်ကြည့်နေသည်။ရယ်ဟွမ် ဟွန့်ခနဲ နှာမှုတ်လိုက်သည်။
ဒီတလော သူ ရှေးခေတ်တီဗွီဇာတ်လမ်းတွဲတစ်ခုတွင် တွဲဖက်သရုပ်ဆောင်အဖြစ် ရိုက်ကူးနေသည်။ပေါ်ယွီက ရုပ်ရှင်အဖွဲ့သားတွေနှင့်အတူ ရိုက်ကူးရေးအတွက် ဒီမြို့ ရောက်နေကြောင်း သူတို့ရိုက်ကွင်း၀န်ထမ်းတချို့ ပြောကြတာကို ပထမ နားစွန်နားဖျားကြားရစဉ် ရယ်ဟွမ် စိတ်ထဲ ဘယ့်နှယ့်မှမနေ။သို့တိုင် စုန့်ရှီလင်က ပေါ်ယွီ့ကို နေ့တိုင်း ရိုက်ကွင်းလာစောင့်ပေးနေတယ်ဆိုတာပါ သိရတော့ ရယ်ဟွမ် ဂနာမငြိမ်နိုင်တော့ပေ။
စုန့်ရှီလင်က ဘယ်လိုလုပ် ပေါ်ယွီ့အပေါ် ဒီလောက်တောင် ကောင်းပေးနေရတာလဲ ???!!!
ရယ်ဟွမ် နက်နက်ရှိုင်းရှိုင်း စဉ်းစားခဲ့သည်။ထို့နောက် သူ ပေါ်ယွီ၏ သရုပ်မှန်ကို ထုတ်ဖော်ရန် ဆုံးဖြတ်လိုက်သည်။
ပေါ်ယွီက လှေနံနှစ်ဖက်နင်းနေတဲ့ကောင်ပဲ !!!
သူက သူတစ်ပါး၏ အမြှောင်အပျော်မယားလည်း မဖြစ်ချင်သလို အခွင့်အလမ်းရရန် သူတို့ခန္ဓာကိုယ်အား ရောင်းစားနေကြသော စတားတွေကိုလည်း မရှုတ်ချ။သို့သော် သူ ပေါ်ယွီ့ကို မုန်းတီးသည်။
အဲဒါကြောင့် စုန့်ရှီလင်ရှေ့မှာ ပေါ်ယွီရဲ့မျက်နှာအစစ်ကို ဆွဲခွာပြရမယ် !!!
ဟိုတယ်ဧည့်စောင့်ခန်းမတွင် အတော်ကြာရှိနေခဲ့သည့် ရယ်ဟွမ်က ပေါ်ယွီ ထွက်သွားပြီဆိုတာနဲ့ စုန့်ရှီလင်ထံ ခပ်သွက်သွက် လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။
" မင်္ဂလာပါ ၊ ဥက္ကဋ္ဌစုန့်။ ကျွန်တော်က ရယ်ဟွမ်ပါ "
" ဘာကိစ္စလဲ ??? " စုန့်ရှီလင် ရယ်ဟွမ့်အား မျက်လုံးပင့်ကြည့်လိုက်၏။ရုတ်တရက်ကြီး ကောက်ပေါ်လာတဲ့ ရယ်ဟွမ်ကို စုန့်ရှီလင် အရေးတယူလုပ်မနေ။
ရယ်ဟွမ်က အသက်ပြင်းပြင်းရှိုက်ရှူ၍ ယခင် သူ ကြိုတင်စကားလုံးစီထားသည့်အတိုင်း မနားတမ်း ရွတ်လိုက်သည်။
" ဟုတ်ကဲ့ ၊ ကျွန်တော် သူတော်ကောင်းယောင်ဆောင်နေတဲ့ ပေါ်ယွီရဲ့ သရုပ်မှန်ကို ပြောပြမလို့။ ပေါ်ယွီ သူ လှေနံနှစ်ဖက်နင်းနေတာ !!! "
စုန့်ရှီလင်၏မျက်နှာက ရုတ်ခြည်း လေးနက်တင်းမာသွားသည်။
" . . . . . . . . . . "
" တရုတ်ရိုးရာနှစ်ကူးပွဲတော်မတိုင်ခင် The Southwest TV ရဲ့ နွေဦးပွဲတော်ပျော်ရွှင်ပွဲကို ပေါ်ယွီ အဖိတ်ခံခဲ့ရတယ် ၊ ဟုတ်တယ်မလား ??? အဲဒီညက သူ နွေဦးပွဲတော်မှာ အစီအစဉ် ရိုက်ကူးခဲ့တယ်။ ဒါပေမယ့် မနက်တစ်နာရီလောက်မှာ ပေါ်ယွီ့ကို ယောကျ်ားတစ်ယောက်က ဟိုတယ်အခန်းထဲ ချီ၀င်သွားတာ ကျွန်တော် တပ်အပ် မြင်ခဲ့တယ် "
ရယ်ဟွမ်က ဆက်တိုက် ပြောနေသည်။
စုန့်ရှီလင် လက်သီးကျစ်ကျစ် ဆုပ်လိုက်မိ၏။သူ ရယ်ဟွမ်အား အေးစက်ခက်ထန်စွာ ကြည့်နေသည်။
" မင်း ဘာအဓိပ္ပါယ်လဲ ??? "
အမှောင်ရိပ်အောက်က bodyguard တွေဟာ အသင့်အနေအထားဖြင့် အခြေအနေကို အကဲခတ်နေကြသည်။
" ကျွန်တော်က ဥက္ကဋ္ဌစုန့်ကို လာဇယားရှုပ်နေတာ မဟုတ်ပါဘူး။ ခင်ဗျား လိမ်လည်ဖောက်ပြန်ခံနေရတာကို မမြင်ရက်ရုံပါ "
ရယ်ဟွမ် ပြုံးလိုက်သည်။သူက မတုန်မလှုပ် ပြောနေပုံရသော်လည်း ရယ်ဟွမ့်နှလုံးကမူ တဒိန်းဒိန်း ဆောင့်ခုန်နေသည်။
စုန့်ရှီလင်က သူ့ကို မယုံရင် ဘာဆက်လုပ်ရမလဲ ???
ရယ်ဟွမ်က အင်မတန် စိတ်လှုပ်ရှားဂယက်ထနေသည့်တိုင် မျက်နှာထက်၌ တည်ငြိမ်သော အမူအရာအား ထိန်းသိမ်းထားသည်။သူ အခိုင်အမာ ဆိုလိုက်သည်။
" အဲဒီအချိန်တုန်းက ပေါ်ယွီ အရက်မူးနေတယ်ထားဦး ၊ သူတို့နှစ်ယောက်က မိတ်ဆွေတွေဆိုရင် ပေါ်ယွီ့ကို ဟိုယောကျ်ားက အခန်းဆီ ပွေ့သယ်သွားပေးမှာမဟုတ်ဘူး "
ရယ်ဟွမ် မီးစာ ထပ်ဖြည့်လိုက်၏။
" အဲဒီတော့ သူတို့က သေချာပေါက် သူငယ်ချင်းတွေ မဖြစ်နိုင်ဘူး "
" နောက်ပြီး bodyguard တချို့ကလည်း အဲဒီယောကျ်ားနဲ့ ပါလာတယ်။ သူက အထက်တန်းလွှာတစ်ယောက် ဖြစ်လောက်တယ် "
ဖုန်းနှင့်အတူ ဓါတ်လှေကားထဲမှ ထွက်လာတဲ့ ပေါ်ယွီဟာ စုန့်ရှီလင်ကို တစ်ခုခု ပြောနေသော ရယ်ဟွမ်အား တွေ့သည်နှင့်တစ်ပြိုက်နက် စိုးထိတ်သွားသည်။
ရယ်ဟွမ်က ဘာလုပ်ချင်နေတာလဲ ???
" ရယ်ဟွမ် ၊ မင်းက ဘာလို့ ဒီမှာ ရှိနေတာလဲ ??? "
ပေါ်ယွီ လက်ပိုက်လျက် သူ၏အေးတိအေးစက် အကြည့်တစ်စုံက ရယ်ဟွမ်ထံ ရိုက်ခတ်လာသည်။
ရယ်ဟွမ် ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွား၏။သူ စုန့်ရှီလင်အား မျက်စိတစ်ဖက်မှိတ်ပြကာ အပြုံးတုတစ်ခုဖြင့် ပေါ်ယွီဘက် လှည့်လိုက်သည်။
" ဘာရယ်မဟုတ်ပါဘူး။ ငါ အရမ်းအရမ်း လေးစားရတဲ့ ဥက္ကဋ္ဌစုန့်ကို လမ်းကြုံနှုတ်ဆက်နေတာ "
" သြော် " ပေါ်ယွီ ဂရုမစိုက်စွာ အသံပြုလိုက်သည်။
ရယ်ဟွမ် ခနဲ့တဲ့တဲ့ ရယ်မောလိုက်၏။ယခု ပေါ်ယွီက သူ့အား မျက်နှာပျက်အောင် လုပ်လုပ် ၊ မလုပ်လုပ် စိတ်မ၀င်စားအားပေ။သူ အဲဒီနေရာကို တန်းစွန့်ခွာလာခဲ့လိုက်သည်။
သူ့ရဲ့ပန်းတိုင်က အောင်မြင်ပြီးပြီပဲဟာ။ ပေါ်ယွီကို သောက်ဖက်လုပ်မနေဘူး !!!
သူ ပြောခဲ့တာတွေကို စုန့်ရှီလင် အရေးစိုက်သရွေ့ စုန့်ရှီလင် သူ့ဘာသာသူ စုံစမ်းလိမ့်မယ်။ ပေါ်ယွီ သူ့ကို ဦးထုပ်စိမ်းဆောင်းပေးနေတာ စုန့်ရှီလင် သိတဲ့တစ်နေ့ အမျက်ချောင်းချောင်းထွက်မှာ သေချာတယ်လေ !!!
အဲဒီအချိန်ကျ ပေါ်ယွီလည်း ဆက်မပျော်ရွှင်နိုင်တော့ဘူး !!!
ပေါ်ယွီ ရုတ်တရက် စိတ်မအေးသလို ခံစားလာရသည်။သူ စုန့်ရှီလင်ကို မော့ကြည့်၍ သတိကြီးကြီးထား မေးလိုက်သည်။
" ရယ်ဟွမ်က မင်းကို ဘာတဲ့လဲ ??? "
" ထွေထွေထူးထူး မဟုတ်ပါဘူး "
စုန့်ရှီလင်က ပေါ်ယွီ့မျက်၀န်းတွေကို ရှောင်ဖယ်လိုက်သည်။သူ ပေါ်ယွီ့အပေါ် အကြွင်းမဲ့ ယုံကြည်သည်။သို့တိုင် ရယ်ဟွမ်ဟာ သက်သေမရှိဘဲ ထိုကဲ့သို့ ပြောရန် သတ္တိရှိမည်မဟုတ်ချေ။
ထို့ကြောင့် ဤကိစ္စ၌ သူ အမှန်တရားကို စုံစမ်းစစ်ဆေးရန် လိုအပ်သည်။
ဖရဲသီးလေးက အပြစ်ကင်းဖြူစင်သည့် မျက်လုံး၀ိုင်း၀ိုင်းလေးများနှင့် သူ့အဖေနှစ်ယောက်အား တစ်လှည့်စီ ကြည့်ရင်း သူ့ကို ဖက်ပေးရန် စုန့်ရှီလင်ဆီ လက်လေးနှစ်ဖက် ဆန့်တန်းပေးလိုက်သည်။
ပေါ်ယွီလည်း စုန့်ရှီလင်တို့နောက်ကနေ ပဟေဠိဖြစ်စွာ လိုက်ပါလာသည်။
ရယ်ဟွမ် စုန့်ရှီလင်ကို ဘာတွေပြောခဲ့လဲ သူ သိချင်တယ် ???
လင်မြို့တော်တွင် ချစ်သူ့ရေကန်ဟူသော သဘာ၀ပသာဒဖြစ်သည့် နေရာတစ်ခုရှိသည်။ဒဏ္ဍာရီအရ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက်ဟာ ကိုယ်စီမိသားစုအသီးသီး၏ လူမှုအဆင့်အတန်းကွာဟမှုကြောင့် အတင်းအကြပ် ခွဲခွာခံခဲ့ရပြီး နောက်ဆုံး၌ အချစ်အတွက်ပင် သေဆုံးခဲ့ကြသည်။
နောင်တွင် ထိုချစ်သူ့မောင်နှံနှစ်ဦးက ဤချစ်သူ့ရေကန်အနီး၌ အတူတကွ လမ်းလာလျှောက်လေ့ရှိသည်ဟု ယုံတမ်းစကားတစ်ခု ပေါ်ပေါက်ခဲ့သည်။လူတွေက မိမိတို့အချစ်တွေ ထာ၀ရတည်တံ့စေရန် ရေကန်ထိပ်ရှိ လမ်းဘေးပွဲကြည့်စင်လေးတွင် အသည်းပုံသော့ခလောက်လေးများ ချိတ်ဆွဲဆုတောင်းကြသည်။
ဟိုတယ်က မထွက်မီ ကြည်နူးဖွယ် မျှော်လင့်ချက်အားလုံးက ရယ်ဟွမ့်ကျေးဇူးနဲ့ အစိတ်စိတ် အမွှာမွှာ ကွဲကြေကုန်သည်။လမ်းတစ်ဖက်မှာ ရပ်နေတဲ့ ပေါ်ယွီသည် လက်ပွေ့စျေးသည်လေးတစ်ဦးထံက အသည်းပုံသော့ခလောက်တစ်စုံ ၀ယ်နေတဲ့ စုန့်ရှီလင်အား တိတ်တဆိတ် စူးစမ်းနေသည်။ထို့နောက် ပေါ်ယွီ စကားစဖော်လိုက်သည်။
" မင်း အဲဒါတွေကို ယုံလား ??? "
မေလ၌ မိုးမခပင်ကြီးမှ ကိုင်းညွှတ်ကျနေသော မိုးမခကိုင်းတွေဟာ ရေကန်အစပ်တွင် လေယူရာ ယိမ်းနွဲ့နေကြသည်။ရာသီဥတုက သာယာနွေးထွေးနေလျက် ကန်ရေပြင်သည်လည်း တောက်ပသည့် နေရောင်ခြည်အောက်တွင် တလက်လက် ရွှန်းလဲ့နေ၏။ယနေ့က အားလပ်ရက် မဟုတ်သည်မို့ ချစ်သူ့ရေကန်၌ လည်ပတ်သူ များများစားစား မရှိပေ။
စုန့်ရှီလင်က ပေါ်ယွီ့အား ဘာမျှ မတုံ့ပြန်။သူ ခြေလှမ်းကို အရှိန်လျော့၍ ပေါ်ယွီနဲ့အတူတူ ညှိလျှောက်လိုက်သည်။
" အခုတလော ရုပ်ရှင်ရိုက်ရတာ ပင်ပန်းနေလား ??? "
" ဒီလိုပါပဲ "
" မင်း Entertainment လောကမှာ အလုပ်လုပ်ရတာ မကြိုက်ဘူးလို့ ကိုယ့်ကို ပြောဖူးတယ်မလား ??? "
စုန့်ရှီလင် ဆိုလိုက်သည်။
ပေါ်ယွီ အံ့သြသွားသည်။
" ဟုတ်တယ် ၊ အခုလည်း သဘောမကျပေမယ့် ငါ့အလုပ်လေ "
" မင်းသာ မလုပ်ချင်ရင် ဘယ်သူမှ မင်းကို ဖိအားမပေးစေရဘူး။ ကိုယ် မင်းကို တစ်သက်လုံး အိမ်မှာ ကျွေးမွေးပြုစုစောင့်ရှောက်ထားနိုင်တယ်။ မင်း သဘောကျတဲ့အရာတွေကိုပဲလုပ်ဖို့ ကိုယ် အားပေးတယ် "
ဒီစကား၀ိုင်းက နက်နဲတဲ့ အဓိပ္ပါယ်တွေ ပါ၀င်နေသလား ၊ ရိုးရိုးသာမာန် စကား၀ိုင်းလားဆိုတာ ပေါ်ယွီ မဝေခွဲတတ်။
" လောကကြီးမှာ လူတွေက ကိုယ် မကြိုက်တာတွေလည်း လုပ်ကိုင်နေကြရတာပဲကို။ ငါ မကြိုက်ဘူးဆိုတာနဲ့ စွန့်ပစ်လိုက်လို့ရတာမှ မဟုတ်တာ "
" . . . . . . . " သူ့လက်မောင်းထဲက ဖရဲသီးလေးနဲ့အတူ ပွဲကြည့်စင်သို့ စုန့်ရှီလင် ဦးတည်သွားနေသည်။ပွဲကြည့်စင်၌ အသည်းပုံသော့ခလောက်လေး ခတ်ပြီးသောအခါ သူ့ဘေးမှာရပ်နေတဲ့ ပေါ်ယွီကို မေးလိုက်သည်။
" ဒီနေရာမှာ လှေတွေရှိတယ်။ ကိုယ်တို့ရော ကန်ထဲ လှေစီးကြမလား ??? "
ဖရဲသီးလေးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
" စီးမယ် ! စီးမယ် ! သား စီးချင်တယ် ! "
" စီးကြမယ် " ပေါ်ယွီ့ဆီက အဖြေရရချင်း စုန့်ရှီလင်သည် လှေစင်းလုံးငှားသောဋ္ဌာနသို့ တန်းလျှောက်သွားလိုက်သည်။စုန့်ရှီလင်မျက်နှာထက်က သံသယအရိပ်အယောင်တွေဟာ ပိုပိုထင်ရှားလာ၏။
စုန့်ရှီလင် တစ်ခုခု ထူးဆန်းနေတယ် . . . . . .
စုန့်ရှီလင်က အသံရောဟန်ရော မူမပျက်သော်ငြား အဲဒီလို တစ်ခုခု လွဲမှားနေပုံရတာကိုက . . . . . . ပေါ်ယွီကို ခေါင်းကိုက်စေသည်။
ဒီနေ့က အားလပ်ရက်လည်း မဟုတ်သည့်အပြင် ဧည့်သည်လည်း သိပ်မရှိတာကြောင့် လှေတစ်စီးငှားရန် ယွမ်တစ်ရာကျော်သာ ပေးရသည်။
ပေါ်ယွီ လှေပေါ်တွင် ထိုင်လိုက်၏။နေခြည်ခပ်ဖျော့ဖျော့က ပေါ်ယွီ့မျက်နှာထက် ကျရောက်လာသည်။သူ မျက်လုံးများကို မှေးစင်းထားလိုက်သည်။
" မင်း ဘာကိစ္စရှိနေတာလဲ ??? နည်းနည်း စိတ်အခြေအနေ တစ်မျိုးဖြစ်နေတယ် "
စုန့်ရှီလင် ပေါ်ယွီအား ဖြတ်ခနဲ ကြည့်လိုက်သည်။
" ကိုယ် စိတ်မကြည်လို့ပါ "
ဟုတ်တယ် ၊ စိတ်မကြည်ဘူး !!!
သူ ပေါ်ယွီနဲ့ သိကျွမ်းတာ နှစ်တွေအများကြီး ကြာညောင်းပြီဖြစ်သည်။ပေါ်ယွီ လှေနံနှစ်ဖက်နင်းသည်ဟု စုန့်ရှီလင် လုံးလုံးလျားလျား မယုံကြည်ပေ။ရယ်ဟွမ်ဆိုတဲ့ကောင်က သူ့ကို ပေါ်ယွီ့အကြောင်း ဖောက်သည်ချနေသည့်အချိန်၌ စုန့်ရှီလင် စိတ်တိုတိုဖြင့် ဥပေက္ခာပြုခဲ့သည်။
သူ ရယ်ဟွမ့်ကို ခေါင်းထဲမထည့်ချေ။
သူ စိတ်မကြည်မသာဖြစ်နေရသည့် အကြောင်းအရင်းက ရယ်ဟွမ်အား ဒေါသထွက်ခြင်း။
သူ့ရှေ့တည့်တည့်တွင် ဘာမဟုတ်တဲ့စတားတစ်ယောက်က ပေါ်ယွီ့မကောင်းကြောင်း ရာရာစစ သွားပုတ်လေလွင့်ပြောရဲနေတာကို စုန့်ရှီလင် အလွန် ဒေါသထွက်နေရသည်။
ပေါ်ယွီက သူ မြတ်နိုးရတဲ့ လက်တွဲဖော်။ သူတောင် တုန်နေအောင်ချစ်မ၀တဲ့ သူ့သက်လျာက . . . . . . တခြားလူတွေရဲ့ ပါးစပ်ဖျားမှာ !!! သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ သည်းခံနိုင်မှာလဲ ???!!!
ဒါ့ပြင် Entertainment လောကထဲကလူတွေက သူတို့အချင်းချင်း မနာလိုမုန်းတီးလိုက် ၊ မကောင်းသတင်းလုပ်ကြံလွှင့်လိုက် စတာတွေနှင့် အလုပ်ရှုပ်နေလေ့ရှိတာကို စုန့်ရှီလင် ကောင်းကောင်းကြီး သဘောပေါက်သည်။
ထိုစဉ် Entertainment လောကကနေ နှုတ်ထွက်ချင်တယ်ဟု တစ်ခါက ပေါ်ယွီ ရင်ဖွင့်ခဲ့ဖူးတဲ့ စကားကို စုန့်ရှီလင် ပြန်အမှတ်ရလိုက်သည်။ထို့ကြောင့် အခုရော ပေါ်ယွီ့စိတ်ကူး ဘယ်လိုရှိလဲဆိုတာ စောစောက သူ တီးခေါက်ကြည့်လိုက်တော့ အဖြေသည် သူ့အဖို့ စိတ်ပျက်လက်ပျက်ဖြစ်ဖွယ်ပင်။
စုန့်ရှီလင် အလွန်တရာ စိတ်ဓါတ်ကျသွား၏။
ပေါ်ယွီတစ်ယောက် သူက စုန့်ရှီလင်ဗိုက်ထဲက ပုဏ္ဏားလေးလည်းမဟုတ်လေရာ စုန့်ရှီလင် ဒေါသထွက်နေသည့်အရာအား သူ နားမလည်ပေ။ပေါ်ယွီ ကြံရာမရစွာ နှုတ်ခမ်းကို ဖိကိုက်လိုက်၏။
" မင်း ငါ့ကို စိတ်ဆိုးနေတာလား ??? ".
စုန့်ရှီလင်က ပေါ်ယွီထံ ဇဝေဇဝါ လှည့်ကြည့်လာသည်။သူက ပေါ်ယွီ့နှုတ်ခမ်းထောင့်စွန်းတွင် ကပ်ညိနေသော နို့စက်လေးကို သုတ်ပေးရန် လက်လှမ်းလိုက်သည်။
" ဘာတွေ အဓိပ္ပါယ်မရှိတာ ပြောနေတာလဲကွယ် ??? "
ပေါ်ယွီ စိတ်သက်သာရာရစွာ သက်ပြင်းချကာ တစ်၀က်ခန့်ကျန်နေသော ဒိန်ချဉ်ဘူးလေးကို စုန့်ရှီလင်ဆီ ကမ်းပေးလိုက်သည်။
" မင်း ငါ့ကို စိတ်မဆိုးဘူး ??? အဲဒါဆို ဘာလို့ တစ်လမ်းလုံး မျက်နှာသေကြီးဖြစ်နေတာလဲ ??? "
" ကိုယ် ကိစ္စတစ်ခု အတွေးများနေတာပါ "
ပေါ်ယွီ သူ့ကို အထင်လွဲနေပြီဆိုတာ စုန့်ရှီလင် ရိပ်မိလိုက်သည့်တိုင် သူ အဖြစ်မှန်အား ဖွင့်မချနိုင်သေးချေ။စုန့်ရှီလင် ဒိန်ချဉ်ဘူးကို ယူသောက်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။
" အရသာဆိုးလိုက်တာ "
ဖရဲသီးလေးဟာ စုန့်ရှီလင်လက်ထဲက ဒိန်ချဉ်ဘူးကို မလွတ်တမ်း မျက်စပစ်နေသည်။
" သားရော မသောက်ရဘူးလား ??? "
" မင်းက ကလေးလေးပဲရှိသေးတယ်။ ဒိန်ချဉ်မသောက်ရဘူး "
ပေါ်ယွီက အိတ်ကပ်အတွင်းရှိ ဟန်းဖုန်းကို ထုတ်၍ Weibo Feed တွေ ဖတ်နေသည်။စုန့်ရှီလင်က သူ့ကို စိတ်မဆိုးဘူးဆိုမှတော့ စုန့်ရှီလင် စဉ်းစားနေတဲ့အရာတွေကို ပေါ်ယွီ ခန့်မှန်းမနေတော့။
စုန့်ရှီလင်က ဖရဲသီးလေးရဲ့ပါးစပ်လေးနားသို့ ဒိန်ချဉ်ပိုက် တိုးပေးလိုက်သည်။
" နည်းနည်းပါးပါး သောက်လို့ရတယ် "
ဖရဲသီးလေးရဲ့မျက်၀န်းထဲက ၀မ်းနည်းမှုလေးတွေဟာ ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားသည်။ကလေးလေးက ဒိန်ချဉ်ဘူးကို မ၀ံ့မရဲ လက်ညှိုးလေးထိုး မေးလိုက်သည်။
" ဖရဲသီးလေး မသောက်သင့်ဘူးဆို ??? "
" သြော် " စုန့်ရှီလင် လက်ပြန်ရုတ်လိုက်ပေမယ့် ဖရဲသီးလေး၏ အကူအညီမဲ့နေသော မျက်နှာအမူအရာလေးကို မြင်သောအခါ အပြုံးမမည်သော အပြုံးတစ်ခုဖြင့် ဖရဲသီးလေးဆီ ဒိန်ချဉ်ဘူး ပြန်ပေးလိုက်၏။
" သောက်ပါကွာ "
ဖရဲသီးလေးက ဆက်မူမနေတော့ဘဲ တလက်လက် တောက်ပနေသည့် မျက်လုံးလေးများနှင့်အတူ တမြုံ့မြုံ့ စုပ်သောက်နေသည်။ဖရဲသီးလေးက ကျယ်လောင်စွာ တောင်းဆိုလိုက်၏။
" ပါးပါး ၊ သား ထပ်သောက်ဦးမယ် !!! "
" မရဘူး။ အိမ်မှာ နွားနို့ရှိတယ်။ အဲဒါပဲ သောက်လို့ရမယ် "
ပေါ်ယွီ ခေါင်းတစ်ချက်မမော့ ၊ ပြတ်ပြတ်သားသား ကန့်ကွက်လိုက်သည်။
ဖရဲသီးလေး နှုတ်ခမ်းစူသွားရှာသည်။သူက စုန့်ရှီလင်လက်မောင်းတစ်ဖက်အား လှုပ်ယမ်းလျက် ချစ်စဖွယ် ပြုမူလိုက်သည်။
" ဒက်ဒီ ၊ ဒက်ဒီ ၊ ဖရဲသီးလေး ဒိန်ချဉ် သောက်ချင်သေးတယ် "
" ဒက်ဒီတို့ အိမ်ပြန်ရောက်ရင် ဒိန်ချဉ်စက်တစ်လုံး ဦးလေးယန်ကို ၀ယ်ခိုင်းလိုက်မယ် "
စုန့်ရှီလင် ချော့မော့လိုက်သည်။
" အများကြီး မသောက်ရဘူးနော် "
ထို့နောက် စုန့်ရှီလင်က ပေါ်ယွီ ကြည့်လက်စ ဖုန်းအား အသာ ဆွဲယူ၍ သူ့အိတ်ကပ်ထဲ သိမ်းဆည်းလိုက်သည်။
" လှေပေါ်မှာ အကြာကြီး ဖုန်းငုံ့ကြည့်နေရင် လှိုင်းမူးလိမ့်မယ်။ မတ်မတ်ထိုင် "
ပေါ်ယွီ့နှုတ်ခမ်းလှလှလေး မဲ့ကျသွားသော်လည်း မဆန့်ကျင်ရဲချေ။ပေါ်ယွီက ရေကန်ရှူခင်းကို ပျော်ပျော်ရွှင်ရွှင် စပ်စုနေတဲ့ ဖရဲသီးလေးအား ပွေ့ချီရင်း ကျီစယ်လိုက်သည်။
" ပျော်စရာကောင်းလား ၊ ဟမ် ??? "
" အွန်း ၊ သား အရမ်းပျော်တယ် "
ဖရဲသီးလေးက တခစ်ခစ် ရယ်မောနေသည်။
" ဒါပေမယ့် ဖရဲသီးလေး ဒိန်ချဉ်သောက်ချင်တုန်းပဲ "
ပေါ်ယွီ ဖရဲသီးလေးကို နှစ်ပေါက်တစ်ပေါက်ရိုက်ရန် ကြံစည်လိုက်သည်။
" ပါးပါးတို့ ဟိုတယ်ပြန်ရောက်တဲ့အချိန် နွားနို့တိုက်မယ် "
" မဟုတ်ဘူး ! နွားနို့မဟုတ်ဘူး !! "
ဖရဲသီးလေးက ဒိန်ချဉ်ဘူးလေးကို သေချာ မြှောက်ပြပြီး တိတိကျကျ တစ်လုံးတည်း ဖော်ပြလိုက်သည်။
" ဒါ !!!!!! "
" အင်းပါ " ပေါ်ယွီကမူ ၀တ်ကျေတမ်းကျေ ပြန်ဖြေသည်ဆိုရုံမျှသာ။ဖရဲသီးလေးကို ဒိန်ချဉ်၀ယ်တိုက်ရန် ရည်ရွယ်ချက်ရော ဆန္ဒရော လုံးလုံး မရှိသည်မှာ ထင်ရှားလှသည်။
ထိုအချိန်တွင် စုန့်ရှီလင်က သူ့ဖုန်းနှင့် အတွင်းရေးမှူးချူထံ message တစ်စောင် ပို့ခဲ့သည်။ခဏကြာသော် အတွင်းရေးမှူးချူဆီကနေ message တစ်ခု ပြန်လည်လက်ခံရရှိခဲ့၏။
[ ဟုတ်ကဲ့ ]
စုန့်ရှီလင် ဖုန်းကို အိတ်ထဲထည့်ကာ သဘာ၀ရှူခင်းအား စတင်အပန်းဖြေရှူစားလိုက်သည်။
.
.
.
.
.
.
❤❤❤
Zawgyi
ေနာက္တစ္ေန႔။စုန္႔႐ွီလင္ ၊ ေပၚယြီနဲ႔ ဖရဲသီးေလးတို႔ဟာ အနီးအနား႐ွိ ခ်စ္သူ႕ေရကန္သို႔ သြားလည္ရန္ ျပင္ဆင္ေနၾကသည္။
ဟိုတယ္အေပါက္၀ကေန ထြက္ထြက္ခ်င္း ေပၚယြီက သူ႕အိတ္ကပ္ကို ဟိုစမ္းဒီစမ္း စမ္းကာ အေလာတႀကီး ဆိုလိုက္သည္။
" ငါ့ဖုန္း အခန္းထဲ က်န္ခဲ့တယ္။ ခဏေစာင့္ေနဦးေနာ္ "
" ပါးပါး ၊ သား ပါးပါးကို ဒီကေစာင့္ေနမယ္ . . . "
ဖရဲသီးေလးက ျပဳံးျပဳံးေလး တာ့တာျပလိုက္သည္။
တစ္ေနရာ၌ အၾကာႀကီး ပုန္းေနခဲ့တဲ့ ရယ္ဟြမ္က ထိုျမင္ကြင္းကို ျမင္ေသာအခါ အံႀကိတ္လိုက္၏။သူက ဖုန္းျပန္သြားယူေသာ ေပၚယြီရဲ႕ပုံရိပ္အား မ်က္ေတာက္မခတ္ စိုက္ၾကည့္ေနသည္။ရယ္ဟြမ္ ဟြန္႔ခနဲ ႏွာမႈတ္လိုက္သည္။
ဒီတေလာ သူ ေ႐ွးေခတ္တီဗြီဇာတ္လမ္းတြဲတစ္ခုတြင္ တြဲဖက္သ႐ုပ္ေဆာင္အျဖစ္ ႐ိုက္ကူးေနသည္။ေပၚယြီက ႐ုပ္႐ွင္အဖြဲ႕သားေတြႏွင့္အတူ ႐ိုက္ကူးေရးအတြက္ ဒီၿမိဳ႕ ေရာက္ေနေၾကာင္း သူတို႔႐ိုက္ကြင္း၀န္ထမ္းတခ်ိဳ႕ ေျပာၾကတာကို ပထမ နားစြန္နားဖ်ားၾကားရစဥ္ ရယ္ဟြမ္ စိတ္ထဲ ဘယ့္ႏွယ့္မွမေန။သို႔တိုင္ စုန္႔႐ွီလင္က ေပၚယြီ႕ကို ေန႔တိုင္း ႐ိုက္ကြင္းလာေစာင့္ေပးေနတယ္ဆိုတာပါ သိရေတာ့ ရယ္ဟြမ္ ဂနာမၿငိမ္ႏိုင္ေတာ့ေပ။
စုန္႔႐ွီလင္က ဘယ္လိုလုပ္ ေပၚယြီ႕အေပၚ ဒီေလာက္ေတာင္ ေကာင္းေပးေနရတာလဲ ???!!!
ရယ္ဟြမ္ နက္နက္႐ိႈင္း႐ိႈင္း စဥ္းစားခဲ့သည္။ထို႔ေနာက္ သူ ေပၚယြီ၏ သ႐ုပ္မွန္ကို ထုတ္ေဖာ္ရန္ ဆုံးျဖတ္လိုက္သည္။
ေပၚယြီက ေလွနံႏွစ္ဖက္နင္းေနတဲ့ေကာင္ပဲ !!!
သူက သူတစ္ပါး၏ အေျမႇာင္အေပ်ာ္မယားလည္း မျဖစ္ခ်င္သလို အခြင့္အလမ္းရရန္ သူတို႔ခႏၶာကိုယ္အား ေရာင္းစားေနၾကေသာ စတားေတြကိုလည္း မ႐ႈတ္ခ်။သို႔ေသာ္ သူ ေပၚယြီ႕ကို မုန္းတီးသည္။
အဲဒါေၾကာင့္ စုန္႔႐ွီလင္ေ႐ွ႕မွာ ေပၚယြီရဲ႕မ်က္ႏွာအစစ္ကို ဆြဲခြာျပရမယ္ !!!
ဟိုတယ္ဧည့္ေစာင့္ခန္းမတြင္ အေတာ္ၾကာ႐ွိေနခဲ့သည့္ ရယ္ဟြမ္က ေပၚယြီ ထြက္သြားၿပီဆိုတာနဲ႔ စုန္႔႐ွီလင္ထံ ခပ္သြက္သြက္ ေလွ်ာက္လာၿပီး ႏႈတ္ဆက္လိုက္သည္။
" မဂၤလာပါ ၊ ဥကၠ႒စုန္႔။ ကြၽန္ေတာ္က ရယ္ဟြမ္ပါ "
" ဘာကိစၥလဲ ??? " စုန္႔႐ွီလင္ ရယ္ဟြမ့္အား မ်က္လုံးပင့္ၾကည့္လိုက္၏။႐ုတ္တရက္ႀကီး ေကာက္ေပၚလာတဲ့ ရယ္ဟြမ္ကို စုန္႔႐ွီလင္ အေရးတယူလုပ္မေန။
ရယ္ဟြမ္က အသက္ျပင္းျပင္း႐ိႈက္႐ွဴ၍ ယခင္ သူ ႀကိဳတင္စကားလုံးစီထားသည့္အတိုင္း မနားတမ္း ႐ြတ္လိုက္သည္။
" ဟုတ္ကဲ့ ၊ ကြၽန္ေတာ္ သူေတာ္ေကာင္းေယာင္ေဆာင္ေနတဲ့ ေပၚယြီရဲ႕ သ႐ုပ္မွန္ကို ေျပာျပမလို႔။ ေပၚယြီ သူ ေလွနံႏွစ္ဖက္နင္းေနတာ !!! "
စုန္႔႐ွီလင္၏မ်က္ႏွာက ႐ုတ္ျခည္း ေလးနက္တင္းမာသြားသည္။
" . . . . . . . . . . "
" တ႐ုတ္႐ိုးရာႏွစ္ကူးပြဲေတာ္မတိုင္ခင္ The Southwest TV ရဲ႕ ေႏြဦးပြဲေတာ္ေပ်ာ္႐ႊင္ပြဲကို ေပၚယြီ အဖိတ္ခံခဲ့ရတယ္ ၊ ဟုတ္တယ္မလား ??? အဲဒီညက သူ ေႏြဦးပြဲေတာ္မွာ အစီအစဥ္ ႐ိုက္ကူးခဲ့တယ္။ ဒါေပမယ့္ မနက္တစ္နာရီေလာက္မွာ ေပၚယြီ႕ကို ေယာက်္ားတစ္ေယာက္က ဟိုတယ္အခန္းထဲ ခ်ီ၀င္သြားတာ ကြၽန္ေတာ္ တပ္အပ္ ျမင္ခဲ့တယ္ "
ရယ္ဟြမ္က ဆက္တိုက္ ေျပာေနသည္။
စုန္႔႐ွီလင္ လက္သီးက်စ္က်စ္ ဆုပ္လိုက္မိ၏။သူ ရယ္ဟြမ္အား ေအးစက္ခက္ထန္စြာ ၾကည့္ေနသည္။
" မင္း ဘာအဓိပၸါယ္လဲ ??? "
အေမွာင္ရိပ္ေအာက္က bodyguard ေတြဟာ အသင့္အေနအထားျဖင့္ အေျခအေနကို အကဲခတ္ေနၾကသည္။
" ကြၽန္ေတာ္က ဥကၠ႒စုန္႔ကို လာဇယား႐ႈပ္ေနတာ မဟုတ္ပါဘူး။ ခင္ဗ်ား လိမ္လည္ေဖာက္ျပန္ခံေနရတာကို မျမင္ရက္႐ုံပါ "
ရယ္ဟြမ္ ျပဳံးလိုက္သည္။သူက မတုန္မလႈပ္ ေျပာေနပုံရေသာ္လည္း ရယ္ဟြမ့္ႏွလုံးကမူ တဒိန္းဒိန္း ေဆာင့္ခုန္ေနသည္။
စုန္႔႐ွီလင္က သူ႕ကို မယုံရင္ ဘာဆက္လုပ္ရမလဲ ???
ရယ္ဟြမ္က အင္မတန္ စိတ္လႈပ္႐ွားဂယက္ထေနသည့္တိုင္ မ်က္ႏွာထက္၌ တည္ၿငိမ္ေသာ အမူအရာအား ထိန္းသိမ္းထားသည္။သူ အခိုင္အမာ ဆိုလိုက္သည္။
" အဲဒီအခ်ိန္တုန္းက ေပၚယြီ အရက္မူးေနတယ္ထားဦး ၊ သူတို႔ႏွစ္ေယာက္က မိတ္ေဆြေတြဆိုရင္ ေပၚယြီ႕ကို ဟိုေယာက်္ားက အခန္းဆီ ေပြ႕သယ္သြားေပးမွာမဟုတ္ဘူး "
ရယ္ဟြမ္ မီးစာ ထပ္ျဖည့္လိုက္၏။
" အဲဒီေတာ့ သူတို႔က ေသခ်ာေပါက္ သူငယ္ခ်င္းေတြ မျဖစ္ႏိုင္ဘူး "
" ေနာက္ၿပီး bodyguard တခ်ိဳ႕ကလည္း အဲဒီေယာက်္ားနဲ႔ ပါလာတယ္။ သူက အထက္တန္းလႊာတစ္ေယာက္ ျဖစ္ေလာက္တယ္ "
ဖုန္းႏွင့္အတူ ဓါတ္ေလွကားထဲမွ ထြက္လာတဲ့ ေပၚယြီဟာ စုန္႔႐ွီလင္ကို တစ္ခုခု ေျပာေနေသာ ရယ္ဟြမ္အား ေတြ႕သည္ႏွင့္တစ္ၿပိဳက္နက္ စိုးထိတ္သြားသည္။
ရယ္ဟြမ္က ဘာလုပ္ခ်င္ေနတာလဲ ???
" ရယ္ဟြမ္ ၊ မင္းက ဘာလို႔ ဒီမွာ ႐ွိေနတာလဲ ??? "
ေပၚယြီ လက္ပိုက္လ်က္ သူ၏ေအးတိေအးစက္ အၾကည့္တစ္စုံက ရယ္ဟြမ္ထံ ႐ိုက္ခတ္လာသည္။
ရယ္ဟြမ္ ခႏၶာကိုယ္တစ္ခုလုံး ေတာင့္ခဲသြား၏။သူ စုန္႔႐ွီလင္အား မ်က္စိတစ္ဖက္မွိတ္ျပကာ အျပဳံးတုတစ္ခုျဖင့္ ေပၚယြီဘက္ လွည့္လိုက္သည္။
" ဘာရယ္မဟုတ္ပါဘူး။ ငါ အရမ္းအရမ္း ေလးစားရတဲ့ ဥကၠ႒စုန္႔ကို လမ္းၾကဳံႏႈတ္ဆက္ေနတာ "
" ေၾသာ္ " ေပၚယြီ ဂ႐ုမစိုက္စြာ အသံျပဳလိုက္သည္။
ရယ္ဟြမ္ ခနဲ႔တဲ့တဲ့ ရယ္ေမာလိုက္၏။ယခု ေပၚယြီက သူ႕အား မ်က္ႏွာပ်က္ေအာင္ လုပ္လုပ္ ၊ မလုပ္လုပ္ စိတ္မ၀င္စားအားေပ။သူ အဲဒီေနရာကို တန္းစြန္႔ခြာလာခဲ့လိုက္သည္။
သူ႕ရဲ႕ပန္းတိုင္က ေအာင္ျမင္ၿပီးၿပီပဲဟာ။ ေပၚယြီကို ေသာက္ဖက္လုပ္မေနဘူး !!!
သူ ေျပာခဲ့တာေတြကို စုန္႔႐ွီလင္ အေရးစိုက္သေ႐ြ႕ စုန္႔႐ွီလင္ သူ႕ဘာသာသူ စုံစမ္းလိမ့္မယ္။ ေပၚယြီ သူ႕ကို ဦးထုပ္စိမ္းေဆာင္းေပးေနတာ စုန္႔႐ွီလင္ သိတဲ့တစ္ေန႔ အမ်က္ေခ်ာင္းေခ်ာင္းထြက္မွာ ေသခ်ာတယ္ေလ !!!
အဲဒီအခ်ိန္က် ေပၚယြီလည္း ဆက္မေပ်ာ္႐ႊင္ႏိုင္ေတာ့ဘူး !!!
ေပၚယြီ ႐ုတ္တရက္ စိတ္မေအးသလို ခံစားလာရသည္။သူ စုန္႔႐ွီလင္ကို ေမာ့ၾကည့္၍ သတိႀကီးႀကီးထား ေမးလိုက္သည္။
" ရယ္ဟြမ္က မင္းကို ဘာတဲ့လဲ ??? "
" ေထြေထြထူးထူး မဟုတ္ပါဘူး "
စုန္႔႐ွီလင္က ေပၚယြီ႕မ်က္၀န္းေတြကို ေ႐ွာင္ဖယ္လိုက္သည္။သူ ေပၚယြီ႕အေပၚ အႂကြင္းမဲ့ ယုံၾကည္သည္။သို႔တိုင္ ရယ္ဟြမ္ဟာ သက္ေသမ႐ွိဘဲ ထိုကဲ့သို႔ ေျပာရန္ သတၱိ႐ွိမည္မဟုတ္ေခ်။
ထို႔ေၾကာင့္ ဤကိစၥ၌ သူ အမွန္တရားကို စုံစမ္းစစ္ေဆးရန္ လိုအပ္သည္။
ဖရဲသီးေလးက အျပစ္ကင္းျဖဴစင္သည့္ မ်က္လုံးဝိုင္းဝိုင္းေလးမ်ားႏွင့္ သူ႕အေဖႏွစ္ေယာက္အား တစ္လွည့္စီ ၾကည့္ရင္း သူ႕ကို ဖက္ေပးရန္ စုန္႔႐ွီလင္ဆီ လက္ေလးႏွစ္ဖက္ ဆန္႔တန္းေပးလိုက္သည္။
ေပၚယြီလည္း စုန္႔႐ွီလင္တို႔ေနာက္ကေန ပေဟဠိျဖစ္စြာ လိုက္ပါလာသည္။
ရယ္ဟြမ္ စုန္႔႐ွီလင္ကို ဘာေတြေျပာခဲ့လဲ သူ သိခ်င္တယ္ ???
လင္ၿမိဳ႕ေတာ္တြင္ ခ်စ္သူ႕ေရကန္ဟူေသာ သဘာ၀ပသာဒျဖစ္သည့္ ေနရာတစ္ခု႐ွိသည္။ဒ႑ာရီအရ ေကာင္ေလးတစ္ေယာက္ႏွင့္ ေကာင္မေလးတစ္ေယာက္ဟာ ကိုယ္စီမိသားစုအသီးသီး၏ လူမႈအဆင့္အတန္းကြာဟမႈေၾကာင့္ အတင္းအၾကပ္ ခြဲခြာခံခဲ့ရၿပီး ေနာက္ဆုံး၌ အခ်စ္အတြက္ပင္ ေသဆုံးခဲ့ၾကသည္။
ေနာင္တြင္ ထိုခ်စ္သူ႕ေမာင္ႏွံႏွစ္ဦးက ဤခ်စ္သူ႕ေရကန္အနီး၌ အတူတကြ လမ္းလာေလွ်ာက္ေလ့႐ွိသည္ဟု ယုံတမ္းစကားတစ္ခု ေပၚေပါက္ခဲ့သည္။လူေတြက မိမိတို႔အခ်စ္ေတြ ထာ၀ရတည္တံ့ေစရန္ ေရကန္ထိပ္႐ွိ လမ္းေဘးပြဲၾကည့္စင္ေလးတြင္ အသည္းပုံေသာ့ခေလာက္ေလးမ်ား ခ်ိတ္ဆြဲဆုေတာင္းၾကသည္။
ဟိုတယ္က မထြက္မီ ၾကည္ႏူးဖြယ္ ေမွ်ာ္လင့္ခ်က္အားလုံးက ရယ္ဟြမ့္ေက်းဇူးနဲ႔ အစိတ္စိတ္ အမႊာမႊာ ကြဲေၾကကုန္သည္။လမ္းတစ္ဖက္မွာ ရပ္ေနတဲ့ ေပၚယြီသည္ လက္ေပြ႕ေစ်းသည္ေလးတစ္ဦးထံက အသည္းပုံေသာ့ခေလာက္တစ္စုံ ၀ယ္ေနတဲ့ စုန္႔႐ွီလင္အား တိတ္တဆိတ္ စူးစမ္းေနသည္။ထို႔ေနာက္ ေပၚယြီ စကားစေဖာ္လိုက္သည္။
" မင္း အဲဒါေတြကို ယုံလား ??? "
ေမလ၌ မိုးမခပင္ႀကီးမွ ကိုင္းၫႊတ္က်ေနေသာ မိုးမခကိုင္းေတြဟာ ေရကန္အစပ္တြင္ ေလယူရာ ယိမ္းႏြဲ႕ေနၾကသည္။ရာသီဥတုက သာယာေႏြးေထြးေနလ်က္ ကန္ေရျပင္သည္လည္း ေတာက္ပသည့္ ေနေရာင္ျခည္ေအာက္တြင္ တလက္လက္ ႐ႊန္းလဲ့ေန၏။ယေန႔က အားလပ္ရက္ မဟုတ္သည္မို႔ ခ်စ္သူ႕ေရကန္၌ လည္ပတ္သူ မ်ားမ်ားစားစား မ႐ွိေပ။
စုန္႔႐ွီလင္က ေပၚယြီ႕အား ဘာမွ် မတုံ႔ျပန္။သူ ေျခလွမ္းကို အ႐ွိန္ေလ်ာ့၍ ေပၚယြီနဲ႔အတူတူ ညႇိေလွ်ာက္လိုက္သည္။
" အခုတေလာ ႐ုပ္႐ွင္႐ိုက္ရတာ ပင္ပန္းေနလား ??? "
" ဒီလိုပါပဲ "
" မင္း Entertainment ေလာကမွာ အလုပ္လုပ္ရတာ မႀကိဳက္ဘူးလို႔ ကိုယ့္ကို ေျပာဖူးတယ္မလား ??? "
စုန္႔႐ွီလင္ ဆိုလိုက္သည္။
ေပၚယြီ အံ့ၾသသြားသည္။
" ဟုတ္တယ္ ၊ အခုလည္း သေဘာမက်ေပမယ့္ ငါ့အလုပ္ေလ "
" မင္းသာ မလုပ္ခ်င္ရင္ ဘယ္သူမွ မင္းကို ဖိအားမေပးေစရဘူး။ ကိုယ္ မင္းကို တစ္သက္လုံး အိမ္မွာ ေကြၽးေမြးျပဳစုေစာင့္ေ႐ွာက္ထားႏိုင္တယ္။ မင္း သေဘာက်တဲ့အရာေတြကိုပဲလုပ္ဖို႔ ကိုယ္ အားေပးတယ္ "
ဒီစကားဝိုင္းက နက္နဲတဲ့ အဓိပၸါယ္ေတြ ပါ၀င္ေနသလား ၊ ႐ိုး႐ိုးသာမာန္ စကားဝိုင္းလားဆိုတာ ေပၚယြီ မေဝခြဲတတ္။
" ေလာကႀကီးမွာ လူေတြက ကိုယ္ မႀကိဳက္တာေတြလည္း လုပ္ကိုင္ေနၾကရတာပဲကို။ ငါ မႀကိဳက္ဘူးဆိုတာနဲ႔ စြန္႔ပစ္လိုက္လို႔ရတာမွ မဟုတ္တာ "
" . . . . . . . " သူ႕လက္ေမာင္းထဲက ဖရဲသီးေလးနဲ႔အတူ ပြဲၾကည့္စင္သို႔ စုန္႔႐ွီလင္ ဦးတည္သြားေနသည္။ပြဲၾကည့္စင္၌ အသည္းပုံေသာ့ခေလာက္ေလး ခတ္ၿပီးေသာအခါ သူ႕ေဘးမွာရပ္ေနတဲ့ ေပၚယြီကို ေမးလိုက္သည္။
" ဒီေနရာမွာ ေလွေတြ႐ွိတယ္။ ကိုယ္တို႔ေရာ ကန္ထဲ ေလွစီးၾကမလား ??? "
ဖရဲသီးေလးက စိတ္လႈပ္႐ွားစြာ ေအာ္ဟစ္လိုက္သည္။
" စီးမယ္ ! စီးမယ္ ! သား စီးခ်င္တယ္ ! "
" စီးၾကမယ္ " ေပၚယြီ႕ဆီက အေျဖရရခ်င္း စုန္႔႐ွီလင္သည္ ေလွစင္းလုံးငွားေသာ႒ာနသို႔ တန္းေလွ်ာက္သြားလိုက္သည္။စုန္႔႐ွီလင္မ်က္ႏွာထက္က သံသယအရိပ္အေယာင္ေတြဟာ ပိုပိုထင္႐ွားလာ၏။
စုန္႔႐ွီလင္ တစ္ခုခု ထူးဆန္းေနတယ္ . . . . . .
စုန္႔႐ွီလင္က အသံေရာဟန္ေရာ မူမပ်က္ေသာ္ျငား အဲဒီလို တစ္ခုခု လြဲမွားေနပုံရတာကိုက . . . . . . ေပၚယြီကို ေခါင္းကိုက္ေစသည္။
ဒီေန႔က အားလပ္ရက္လည္း မဟုတ္သည့္အျပင္ ဧည့္သည္လည္း သိပ္မ႐ွိတာေၾကာင့္ ေလွတစ္စီးငွားရန္ ယြမ္တစ္ရာေက်ာ္သာ ေပးရသည္။
ေပၚယြီ ေလွေပၚတြင္ ထိုင္လိုက္၏။ေနျခည္ခပ္ေဖ်ာ့ေဖ်ာ့က ေပၚယြီ႕မ်က္ႏွာထက္ က်ေရာက္လာသည္။သူ မ်က္လုံးမ်ားကို ေမွးစင္းထားလိုက္သည္။
" မင္း ဘာကိစၥ႐ွိေနတာလဲ ??? နည္းနည္း စိတ္အေျခအေန တစ္မ်ိဳးျဖစ္ေနတယ္ "
စုန္႔႐ွီလင္ ေပၚယြီအား ျဖတ္ခနဲ ၾကည့္လိုက္သည္။
" ကိုယ္ စိတ္မၾကည္လို႔ပါ "
ဟုတ္တယ္ ၊ စိတ္မၾကည္ဘူး !!!
သူ ေပၚယြီနဲ႔ သိကြၽမ္းတာ ႏွစ္ေတြအမ်ားႀကီး ၾကာေညာင္းၿပီျဖစ္သည္။ေပၚယြီ ေလွနံႏွစ္ဖက္နင္းသည္ဟု စုန္႔႐ွီလင္ လုံးလုံးလ်ားလ်ား မယုံၾကည္ေပ။ရယ္ဟြမ္ဆိုတဲ့ေကာင္က သူ႕ကို ေပၚယြီ႕အေၾကာင္း ေဖာက္သည္ခ်ေနသည့္အခ်ိန္၌ စုန္႔႐ွီလင္ စိတ္တိုတိုျဖင့္ ဥေပကၡာျပဳခဲ့သည္။
သူ ရယ္ဟြမ့္ကို ေခါင္းထဲမထည့္ေခ်။
သူ စိတ္မၾကည္မသာျဖစ္ေနရသည့္ အေၾကာင္းအရင္းက ရယ္ဟြမ္အား ေဒါသထြက္ျခင္း။
သူ႕ေ႐ွ႕တည့္တည့္တြင္ ဘာမဟုတ္တဲ့စတားတစ္ေယာက္က ေပၚယြီ႕မေကာင္းေၾကာင္း ရာရာစစ သြားပုတ္ေလလြင့္ေျပာရဲေနတာကို စုန္႔႐ွီလင္ အလြန္ ေဒါသထြက္ေနရသည္။
ေပၚယြီက သူ ျမတ္ႏိုးရတဲ့ လက္တြဲေဖာ္။ သူေတာင္ တုန္ေနေအာင္ခ်စ္မ၀တဲ့ သူ႕သက္လ်ာက . . . . . . တျခားလူေတြရဲ႕ ပါးစပ္ဖ်ားမွာ !!! သူ ဘယ္လိုလုပ္ ေဒါသမထြက္ဘဲ သည္းခံႏိုင္မွာလဲ ???!!!
ဒါ့ျပင္ Entertainment ေလာကထဲကလူေတြက သူတို႔အခ်င္းခ်င္း မနာလိုမုန္းတီးလိုက္ ၊ မေကာင္းသတင္းလုပ္ၾကံလႊင့္လိုက္ စတာေတြႏွင့္ အလုပ္႐ႈပ္ေနေလ့႐ွိတာကို စုန္႔႐ွီလင္ ေကာင္းေကာင္းႀကီး သေဘာေပါက္သည္။
ထိုစဥ္ Entertainment ေလာကကေန ႏႈတ္ထြက္ခ်င္တယ္ဟု တစ္ခါက ေပၚယြီ ရင္ဖြင့္ခဲ့ဖူးတဲ့ စကားကို စုန္႔႐ွီလင္ ျပန္အမွတ္ရလိုက္သည္။ထို႔ေၾကာင့္ အခုေရာ ေပၚယြီ႕စိတ္ကူး ဘယ္လို႐ွိလဲဆိုတာ ေစာေစာက သူ တီးေခါက္ၾကည့္လိုက္ေတာ့ အေျဖသည္ သူ႕အဖို႔ စိတ္ပ်က္လက္ပ်က္ျဖစ္ဖြယ္ပင္။
စုန္႔႐ွီလင္ အလြန္တရာ စိတ္ဓါတ္က်သြား၏။
ေပၚယြီတစ္ေယာက္ သူက စုန္႔႐ွီလင္ဗိုက္ထဲက ပုဏၰားေလးလည္းမဟုတ္ေလရာ စုန္႔႐ွီလင္ ေဒါသထြက္ေနသည့္အရာအား သူ နားမလည္ေပ။ေပၚယြီ ၾကံရာမရစြာ ႏႈတ္ခမ္းကို ဖိကိုက္လိုက္၏။
" မင္း ငါ့ကို စိတ္ဆိုးေနတာလား ??? ".
စုန္႔႐ွီလင္က ေပၚယြီထံ ဇေဝဇဝါ လွည့္ၾကည့္လာသည္။သူက ေပၚယြီ႕ႏႈတ္ခမ္းေထာင့္စြန္းတြင္ ကပ္ညိေနေသာ ႏို႔စက္ေလးကို သုတ္ေပးရန္ လက္လွမ္းလိုက္သည္။
" ဘာေတြ အဓိပၸါယ္မ႐ွိတာ ေျပာေနတာလဲကြယ္ ??? "
ေပၚယြီ စိတ္သက္သာရာရစြာ သက္ျပင္းခ်ကာ တစ္၀က္ခန္႔က်န္ေနေသာ ဒိန္ခ်ဥ္ဘူးေလးကို စုန္႔႐ွီလင္ဆီ ကမ္းေပးလိုက္သည္။
" မင္း ငါ့ကို စိတ္မဆိုးဘူး ??? အဲဒါဆို ဘာလို႔ တစ္လမ္းလုံး မ်က္ႏွာေသႀကီးျဖစ္ေနတာလဲ ??? "
" ကိုယ္ ကိစၥတစ္ခု အေတြးမ်ားေနတာပါ "
ေပၚယြီ သူ႕ကို အထင္လြဲေနၿပီဆိုတာ စုန္႔႐ွီလင္ ရိပ္မိလိုက္သည့္တိုင္ သူ အျဖစ္မွန္အား ဖြင့္မခ်ႏိုင္ေသးေခ်။စုန္႔႐ွီလင္ ဒိန္ခ်ဥ္ဘူးကို ယူေသာက္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္သြားသည္။
" အရသာဆိုးလိုက္တာ "
ဖရဲသီးေလးဟာ စုန္႔႐ွီလင္လက္ထဲက ဒိန္ခ်ဥ္ဘူးကို မလြတ္တမ္း မ်က္စပစ္ေနသည္။
" သားေရာ မေသာက္ရဘူးလား ??? "
" မင္းက ကေလးေလးပဲ႐ွိေသးတယ္။ ဒိန္ခ်ဥ္မေသာက္ရဘူး "
ေပၚယြီက အိတ္ကပ္အတြင္း႐ွိ ဟန္းဖုန္းကို ထုတ္၍ Weibo Feed ေတြ ဖတ္ေနသည္။စုန္႔႐ွီလင္က သူ႕ကို စိတ္မဆိုးဘူးဆိုမွေတာ့ စုန္႔႐ွီလင္ စဥ္းစားေနတဲ့အရာေတြကို ေပၚယြီ ခန္႔မွန္းမေနေတာ့။
စုန္႔႐ွီလင္က ဖရဲသီးေလးရဲ႕ပါးစပ္ေလးနားသို႔ ဒိန္ခ်ဥ္ပိုက္ တိုးေပးလိုက္သည္။
" နည္းနည္းပါးပါး ေသာက္လို႔ရတယ္ "
ဖရဲသီးေလးရဲ႕မ်က္၀န္းထဲက ၀မ္းနည္းမႈေလးေတြဟာ ခ်က္ခ်င္းလက္ငင္း ေပ်ာက္ကြယ္သြားသည္။ကေလးေလးက ဒိန္ခ်ဥ္ဘူးကို မဝံ့မရဲ လက္ညိႇဳးေလးထိုး ေမးလိုက္သည္။
" ဖရဲသီးေလး မေသာက္သင့္ဘူးဆို ??? "
" ေၾသာ္ " စုန္႔႐ွီလင္ လက္ျပန္႐ုတ္လိုက္ေပမယ့္ ဖရဲသီးေလး၏ အကူအညီမဲ့ေနေသာ မ်က္ႏွာအမူအရာေလးကို ျမင္ေသာအခါ အျပဳံးမမည္ေသာ အျပဳံးတစ္ခုျဖင့္ ဖရဲသီးေလးဆီ ဒိန္ခ်ဥ္ဘူး ျပန္ေပးလိုက္၏။
" ေသာက္ပါကြာ "
ဖရဲသီးေလးက ဆက္မူမေနေတာ့ဘဲ တလက္လက္ ေတာက္ပေနသည့္ မ်က္လုံးေလးမ်ားႏွင့္အတူ တျမဳံ႕ျမဳံ႕ စုပ္ေသာက္ေနသည္။ဖရဲသီးေလးက က်ယ္ေလာင္စြာ ေတာင္းဆိုလိုက္၏။
" ပါးပါး ၊ သား ထပ္ေသာက္ဦးမယ္ !!! "
" မရဘူး။ အိမ္မွာ ႏြားႏို႔႐ွိတယ္။ အဲဒါပဲ ေသာက္လို႔ရမယ္ "
ေပၚယြီ ေခါင္းတစ္ခ်က္မေမာ့ ၊ ျပတ္ျပတ္သားသား ကန္႔ကြက္လိုက္သည္။
ဖရဲသီးေလး ႏႈတ္ခမ္းစူသြား႐ွာသည္။သူက စုန္႔႐ွီလင္လက္ေမာင္းတစ္ဖက္အား လႈပ္ယမ္းလ်က္ ခ်စ္စဖြယ္ ျပဳမူလိုက္သည္။
" ဒက္ဒီ ၊ ဒက္ဒီ ၊ ဖရဲသီးေလး ဒိန္ခ်ဥ္ ေသာက္ခ်င္ေသးတယ္ "
" ဒက္ဒီတို႔ အိမ္ျပန္ေရာက္ရင္ ဒိန္ခ်ဥ္စက္တစ္လုံး ဦးေလးယန္ကို ၀ယ္ခိုင္းလိုက္မယ္ "
စုန္႔႐ွီလင္ ေခ်ာ့ေမာ့လိုက္သည္။
" အမ်ားႀကီး မေသာက္ရဘူးေနာ္ "
ထို႔ေနာက္ စုန္႔႐ွီလင္က ေပၚယြီ ၾကည့္လက္စ ဖုန္းအား အသာ ဆြဲယူ၍ သူ႕အိတ္ကပ္ထဲ သိမ္းဆည္းလိုက္သည္။
" ေလွေပၚမွာ အၾကာႀကီး ဖုန္းငုံ႔ၾကည့္ေနရင္ လိႈင္းမူးလိမ့္မယ္။ မတ္မတ္ထိုင္ "
ေပၚယြီ႕ႏႈတ္ခမ္းလွလွေလး မဲ့က်သြားေသာ္လည္း မဆန္႔က်င္ရဲေခ်။ေပၚယြီက ေရကန္႐ွဴခင္းကို ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ စပ္စုေနတဲ့ ဖရဲသီးေလးအား ေပြ႕ခ်ီရင္း က်ီစယ္လိုက္သည္။
" ေပ်ာ္စရာေကာင္းလား ၊ ဟမ္ ??? "
" အြန္း ၊ သား အရမ္းေပ်ာ္တယ္ "
ဖရဲသီးေလးက တခစ္ခစ္ ရယ္ေမာေနသည္။
" ဒါေပမယ့္ ဖရဲသီးေလး ဒိန္ခ်ဥ္ေသာက္ခ်င္တုန္းပဲ "
ေပၚယြီ ဖရဲသီးေလးကို ႏွစ္ေပါက္တစ္ေပါက္႐ိုက္ရန္ ၾကံစည္လိုက္သည္။
" ပါးပါးတို႔ ဟိုတယ္ျပန္ေရာက္တဲ့အခ်ိန္ ႏြားႏို႔တိုက္မယ္ "
" မဟုတ္ဘူး ! ႏြားႏို႔မဟုတ္ဘူး !! "
ဖရဲသီးေလးက ဒိန္ခ်ဥ္ဘူးေလးကို ေသခ်ာ ေျမႇာက္ျပၿပီး တိတိက်က် တစ္လုံးတည္း ေဖာ္ျပလိုက္သည္။
" ဒါ !!!!!! "
" အင္းပါ " ေပၚယြီကမူ ၀တ္ေက်တမ္းေက် ျပန္ေျဖသည္ဆို႐ုံမွ်သာ။ဖရဲသီးေလးကို ဒိန္ခ်ဥ္၀ယ္တိုက္ရန္ ရည္႐ြယ္ခ်က္ေရာ ဆႏၵေရာ လုံးလုံး မ႐ွိသည္မွာ ထင္႐ွားလွသည္။
ထိုအခ်ိန္တြင္ စုန္႔႐ွီလင္က သူ႕ဖုန္းႏွင့္ အတြင္းေရးမႉးခ်ဴထံ message တစ္ေစာင္ ပို႔ခဲ့သည္။ခဏၾကာေသာ္ အတြင္းေရးမႉးခ်ဴဆီကေန message တစ္ခု ျပန္လည္လက္ခံရ႐ွိခဲ့၏။
[ ဟုတ္ကဲ့ ]
စုန္႔႐ွီလင္ ဖုန္းကို အိတ္ထဲထည့္ကာ သဘာ၀႐ွဴခင္းအား စတင္အပန္းေျဖ႐ွဴစားလိုက္သည္။
.
.
.
.
.
.
❤❤❤