Unicode
အပိုင်း ၈
"ဟင့် ဟုတ်တီချယ် "
"အိုကေ ကောင်းပြီ မတ်တပ်ရပ်ပြီး လက်ပိုက်ထားမယ် နိုင်းနိုင်းဝေ
စွမ်းထက်နိုင် မင်းရောထ"
စွမ်းထက်နိုင်မှာ အံ့အားသင့်မိသည်။
နိုင်းနိုင်းဝေအပြစ်ပေးခံရမည်မှာ အပြစ်ရှိလို့ အပြစ်ပေးခံရမယ်ပေါ့၊ သူကကြ ဘာလို့လဲ ဟူသည့်အတွေးဝင်မိသည်။
"တီချယ် သားကကြ ဘာလို့လဲ"
စွမ်းထက်နိုင်အရဲစွန့်ကာမေးမိသည်။
" နိုင်းနိုင်းဝေဆဲတာကို တစ်ခွန်းမကျန် ပြောပြနေစရာလိုလား၊ သားကိုဆဲတယ်လို့ ပြောရင်ရပြီလေ မင်းက ဘာကိစ္စ ဆဲတာကို တစ်ခုမကျန်ပြောပြနေတာလဲ"
"ဟုတ်သားမှားသွားပါတယ်"
"အင်း မင်းကို အရင်အပြစ်ပေးမယ် ဟိုဘက်လှည့် လက်ပိုက်ထား"
ဖြန်း..အာ့
ဖြန်း...
ဖြန်း.
"နောက်တစ်ခါဆို မလွယ်ဘူး ကြားလား စွမ်းထက်နိုင်"
"ဟုတ်ကဲ့ "
"ဟုတ်ပြီ သွားထိုင်တော့"
နိုင်းနိုင်းဝေအလှည့်ရောက်သော်
"ဘာကိစ္စဆဲတာလဲ အကြောင်းအရင်းကိုပြော"
"ဟင့်အင်း သားဒီတိုင်း စသလိုလိုနဲ့ ဆဲမိသွားတာပါ"
"အင်း ဟုတ်ပီ"
နှင်းဖုန်းဖွင့်ပြီး တစ်ခုခု လုပ်ဟန်ပြင်သည်။
နိုင်းနိုင်းဝေ၊နှင်းရူပါဦး၊စွမ်းထက်နိုင် သုံးယောက်စလုံး မျက်လုံးပြူးလေသည်။
နှင်းလုပ်သည့်အရာမှာ ဖုန်းကို ဖွင့်ကာ ဖုန်းဆက်ခြင်းဖြစ်သည်။
"Hello ရှိန်း နင်အားလား အားရင်လိုင်းပေါ်တက်ခဲ့ပါဦး"
"တီချယ် ကိုကို့ကို ဘာကိစ္စခေါ်တာလဲဟင်"
"လူကြီးတွေစကားပြောနေရင် ဖြတ်မပြောရဘူးဆိုတာ တီချယ်သင်ထားတယ်နော်"
သူ့တီချယ်သည် သူ့စိတ်ကို ကောင်းကောင်းသိပေသည်။
သူ့ရဲ့ အရှင်သခင် အချစ်ရဆုံး ကိုကို့ရှေ့မှာ သူ့ရဲ့အပြစ်များကို ပေးများပေးနေမလားမသိဟု နိုင်းနိုင်းဝေတွေးမိသည်။
တီချယ်သည် ဆဲတာ၊လိမ်တာ၊ရန်ဖြစ်တာကို အမုန်းဆုံးဟု ပြောဖူးသည်။
သူ့အမုန်းဆုံးအရာများကို လုပ်မိ၍ သူ့စိတ်ကိုရော ကိုယ်ကိုရော နာကျင်အောင် အပြစ်ပေးတော့မည်ဟု တွေးမိလိုက်သည်။
"Vcမယ်ရလားရှိန်း"
"အင်းရတယ် နှင်း ငါDutyခဏနားနေတာ"
"Hello ရှိန်း မြင်ရလား နိုင်းနိုင်းဝေကို "
နှင်း နိုင်းနိုင်းဝေအား ပြလိုက်သည်။နိုင်းနိုင်းဝေမှာ လက်ပိုက်ပြီး ခေါင်းကို အောက်သို့ ငုံ့လျက် အနေအထားနှင့်ပင်။
ရှိန်းသီဟမောင်တို့နှလုံးသားတစ်စုံနာကျင်နေပေသည်။ ပြာယာခပ်နေပေသည်။သူ၏ကလေးငယ် ရှိရာသို့ အမြန်ပင်ပြေးသွားချင်မိသည်။
အလုပ်ကိုလေးစားတတ်ပြီး စည်းကမ်းရှိသော Drရှိန်းသီဟမောင်တစ်ယောက် ဖြစ်နိုင်လျှင် တာဝန်တွေကို ခဏမေ့ပြီး သူ့ကလေးငယ်ရှိရာသို့ ပြေးသွားချင်မိ၏။
"ကလေးကဘာဖြစ်တာလဲနှင်း"
"ငါအမုန်းဆုံးလို့ပြောထားတဲ့ အရာကို လုပ်လို့ အပြစ်ပေးမို့၊အရင်ကတစ်ကြိမ် နှစ်ကြိမ် သတိပေးပြီး လွှတ်ထားပေးပြီးသား အခု သုံးကြိမ်မြောက်ဆဲတယ်"
"ဘယ်လိုဆဲတာလဲ ကလေးငယ်က"
"ကိုယ်တိုင်မေးကြည့် ရှိန်း "
"ကလေး ကလေးက ဘယ်လိုဆဲတာလဲပြော ကိုယ့်ကိုဖြေဦး"
နိုင်းနိုင်းဝေ သူ့တီချယ်ဆီ မျက်လုံးရောက်သွားသည်။ စောနာက စွမ်းထက်နိုင်က နမူနာ ဆော်ခံထားရသည်မလား။
"ဟိုကိုကို ကိုကိုလာမှပြောပြမယ်နော်ဆဲတဲ့ဟာကိုက သား မယဥ်ကျေးတဲ့စကားလုံးနဲ့ဆဲမိတာပါ ကိုကို၊ ပြီးတော့ တိုင်တိုင် ကုလားထိုင် ကုလားထိုင်ကျိုးကျ စွမ်းထက်နိုင် ယောကျ်ား10ယောက်ရလို့ ဆဲမိလိုက်တာပါ ကိုကို"
"awwကလေးပြောတော့ လိမ္မာမယ်ဆို ၊ကိုကို့စကားနားထောင်မယ်ဆို ၊ကိုကိုစနေနေ့လာမယ် ကလေးအပြစ်အတွက် စဥ်းစားထား ၊အခု နှင်း ဆီက အပြစ်အရင်ခံယူလိုက်၊အော် ပြီးတော့ စွမ်းထက်နိုင်ကိုလည်း တောင်းပန်လိုက်"
ရှိန်း အသံမာမာနဲ့ပြောလိုက်သည်။
နိုင်းနိုင်းဝေ ဝမ်းနည်းလှပေသည်။
သူ့ကိုကို သူ့ကိုဆူရင် ငိုချင်သည်။
သူ့ကိုကို သူ့ကို စိတ်ပျက်သွားမည်ကို သေလောက်အောင်ကြောက်ပါသည်။
"ဟေ့ဟေ့ နိုင်းနိုင်းဝေ ကိုယ်ပြောတာကြားလား
ဘာတွေတွေးနေတာလဲ"
ရှိန်းနာမည်အရင်းခေါ်လိုက်ပြီး မေးလိုက်သဖြင့်
နိုင်းနိုင်းဝေတို့ ပို၍ ဝမ်းနည်းရပေသည်။
"ဟုတ်ကဲ့ ကိုကို ဟင့် အီးဟီး"
"ငိုစရာမပါဘူး ကလေး မငိုနဲ့ တိတ်တော့ ကိုကိုမင်းကို လိမ္မာစေချင်လို့ ပြောနေတာလေ"
"ဟုတ်ကဲ့ ကိုကို"
နှင်းရူပါဦးနှင့် စွမ်းထက်နိုင်မှာ ပွဲကြည့်နေရသည့်အလားပင်။ စိတ်မကောင်းဖြစ်သော်လည်း ဝင်မပြောရဲ၊ သူတို့တီချယ်အကြောင်း သူတို့အသိဆုံးပင်။
နှင်းလည်း နိုင်းနိုင်းဝေကို မောင်လေးအရင်းလိုချစ်လှပါသည်။ကလေးငယ် ငယ်စဥ်ကတည်းက နှင်းနဲ့ စာသင်ရသဖြင့် နိုင်းနိုင်းဝေအကြောင်း သူအသိဆုံးပင်။ခေါင်းကြောမာပြီး မထင်ရင်မထင်သလိုဂျစ်တတ်၏။နိုင်းနိုင်းဝေမိဘများဖြစ်သည့်နှင်း၏ဆရာကြီးနှင့် ဆရာမကြီးတို့သည် ကျန်းမာရေးကြောင့် ဆေးပင်စင်ယူပြီး အိမ်မှာသာအေးဆေးနေလေသည်။ ငယ်စဥ်ကတည်းက နိုင်းနိုင်းဝေအား နှင်းလက်ပင် အပ်ထားလေသည်။
"မငိုနဲ့တိတ်တော့ နောက်မကြိုက်တာလုပ်ဦးမာလား"
"မလုပ်တော့ပါဘူး သားမှားမှန်းသိပါပြီ"
"အင်း တီချယ့်တပည့်ကလိမ္မာတယ် အခုသားအပြစ်အတွက် တီချယ်ရိုက်ရမယ်"
အပြစ်လုပ်ထားလျှင် ဘယ်တော့မှ အလျော့မပေးတတ်သောအကျင့်သည် နှင်းအကျင့်ပင်။
"ဖြန်း ...
ဖြန်း..
အာ့
ဖြန်း... ဟင့်"
ခြေသလုံးကိုရိုက်သောကြောင့် 3ချက်မြောက်တွင် ခွေကျပေသည်။
"အီးဟီး နောက်မဆဲတော့ပါဘူး"
"စာဆက်သင်မယ် 3ယောက်လုံး"
"အေး မဟုတ်တာလုပ်ဖို့မစဥ်းစားကြနဲ့နော် ဒီကြိမ်လုံးကြည့်ထား 3ယောက်လုံး"
"ဟုတ်ကဲ့"
....................
"ဟေ့ ဇော်ရေ ဒီအပတ်စနေကြ ကုသိုလ်တော်လိုက်ခဲ့ပါ့လား"
မင်းသူရိန်ဇော်အား ဖူးသခင်ခေါ်လိုက်ခြင်းဖြစ်သည်။
"ငါမလိုက်တော့ဘူးလေ ငါ့အကိုဝမ်းကွဲနဲ့
မတ္တရာလိုက်ရမာ ငါ့တီချယ် မြတ်ဖူးငုံဆီ အလည်သွားရင်း"
"အေးပါ အေးပါ ငါ ဝတ်ရည်တို့နဲ့ပဲသွားတော့မယ်"
"အေးအေး Assignment တွေပြီးအောင်လည်းရေးဦးနော် ထပ်ခါနီးကြ ငါ့ကိုလာလာငြီးမပြနဲ့"
"အေးပါဟာ ငါရေးမာပါ"
မင်းသူရိန်ဇော်မှာ အနေအေးပြီး တည်ကြည်သော ပညာရေးကောလိပ် ဒုတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်သည်။
ဖူးသခင်ဟာ မင်းသူရိန်ဇော်ကို တိတ်တခိုးသဘောကျနေသူဖြစ်သည်။
ငယ်သူငယ်ချင်းသံယောဇဥ်ထက်မပိုသော ဇော်ဟာ သူ့အပေါ်ကိုဆို အရမ်းနွေးထွေးလွန်းလှသည်။
အေးစက်စက်နှင့်ဇော်၊အရပ်က 6'ရှိသောဇော်၊ယောကျ်ားလေးမတန်ဘဲ ဖြူဖွေးသောအသားအရေနှင့်ဇော်၊မျက်လုံးအားနည်းသဖြင့်မျက်မှန်တပ်ထားသည့်ဇော် ဇော်ရဲ့အသွင်အပြင်ပုံစံသည် စွဲမက်ဖွယ်ပင်။
#နှင်း
စာလုံးပေါင်းမစစ်မိလို့ မှားရင်sorry par
Zawgyi
အပိုင်း ၈
"ဟင့် ဟုတ်တီချယ် "
ဖြန်း..အာ့
ဖြန်း...
ဖြန်း.
"ဟုတ်ကဲ့ "
"အင်း ဟုတ်ပီ"
"Vcမယ်ရလားရှိန်း"
"ဟိုကိုကို ကိုကိုလာမှပြောပြမယ်နော်ဆဲတဲ့ဟာကိုက သား မယဉ်ကျေးတဲ့စကားလုံးနဲ့ဆဲမိတာပါ ကိုကို၊ ပြီးတော့ တိုင်တိုင် ကုလားထိုင် ကုလားထိုင်ကျိုးကျ စွမ်းထက်နိုင် ယောက်ျား10ယောက်ရလို့ ဆဲမိလိုက်တာပါ ကိုကို"
ဘာတွေတွေးနေတာလဲ"
"ဟုတ်ကဲ့ ကိုကို"
"ဖြန်း ...
ဖြန်း..
အာ့
ဖြန်း... ဟင့်"
"ဟုတ်ကဲ့"
....................
"အေးပါဟာ ငါရေးမာပါ"
#နှင်း