The Deal With A Demon King
By HninAung913
130K 12.8K 931
မိစ္ဆာဘုရင်တစ်ပါးနဲ့ တနှစ်တာ စာချုပ်ချုပ်ဆိုပြီးတဲ့နောက်မှာ သူ့ရဲ့ကံတရားက စတင်ပြောင်းလဲလာခဲ့တယ်။ ဒါမှမဟုတ် သူ... More
Intro And Characters
Part 1 (အမှတ်အသား)
Part 2 ( ဘဝရဲ့စာမျက်နှာ)
Part 3 ( ပူလောင်ခြင်း)
Part 4 ( ကျေးဇူးကြွေး)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Characters of Deal (Edit)
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 31**
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
Part 56
Part 57
Part 30
415 50 9
By HninAung913
Unicode Ver
ယွင်းရန်က ချက်ချင်းမျက်နှာအမူအရာကိုပုံမှန်အတိုင်းပြန်နေလိုက်သည်။ နျူးက သူ့ကိုယ်သူစတေးဖိူ့အသင့်ဖြစ်နေသည့်အလား။ တကယ်တမ်း သူက ဒီအတိုင်းအားတင်းထားစေဖို့ သူတို့မှာနည်းလမ်းတစ်ခုခုပေါ်လာမည်ကိုသိနေတာမို့ အားရှိစေရန် ပြောလိုက်မိခြင်းသာ။ ယခုတော့ သူ့စကားကြောင့် နျူးကပိုလိုတောင်လက်လျော့လိုက်တော့မည့် သူတယောက်နှယ်ဖြစ်နေချေ၏။
" မင်းဟုတ်ဘူး....ကိုယ်အဲ့လိုပြောချင်တာမဟုတ်..."
" မိစ္ဆာဘုရင်ကြီး......ကျွန်တော့်ကို ခင်ဗျားရဲ့စာကြည့်ဆောင်ကို လိုက်ပြပေးလေ။ မမြင်လိုက်ရပဲ သေသွားရရင် နှမြောစရာကောင်းတယ်မလား..."
နျူးက ပြုံးရယ်ကာနေပြီး သူ၏မျက်နှာက အရောင်မရှိသလောက် ဖြူဖက်ဖြူလျော်ဖြစ်နေတာမို့ ကြည့်ရတာသိပ်အဆင်မပြေချေ။ ယွင်းရန်က နျူးကို စေ့စေ့ကြည့်နေရင်း ခေါင်းအသာငြိမ့်ပြလိုက်သည်။ နျူးကို စာကြည့်ဆောင်လိုက်ပို့ရင်း သူရှာလည်းအဆင်ပြေတာပါပဲ။ မဟူတ်လည်း တိဟွက ပင့်ကူမယ်အားအမြန်ဆုံးရှာတွေ့ဖို့သာ။ နျူးကို လက်လျော့ဖို့ကတော့ ဘယ်တော့မှ ဖြစ်လာနိုင်မည့်ကိစ္စမဟုတ်ပါချေ။ နျူးကို သူရအောင်ကယ်တင်မည်။
..................................
နျူးက သူ၏ရှိသမျှအင်အားကိုသုံးကာ ယွင်းရန်၏ ဆယ်ဧကကျယ်ဝန်းသော စာကြည့်ဆောင်ကြီးကို ပတ်ကာကြည့်နေသည်။ တကယ်ပဲ သူ့ဖတ်ရှုချင်ခဲ့ဖူးသာ့် အဖိုးတန်စာအူပ်ကောင်းများစွာကို သူမြင်ရချေပြီ။ ထိုစာအုပ်စင်တန်းကြီးများက သူ့ထက်ပိုကာမြင့်မားသော်လည်း သူလက်နှင့်ထိစပ်နိုင်သည့် စာအူပ်တချို့ကို သူသွားရာလမ်းတလျောက် ထိတွေ့မိနေပါ၏။
သူ ဒီအဖိူးတန်တွေကို မဖတ်လိုက်ရတော့ဘူး။ ဒါက တကယ်ကို နှမြောစရာပါပဲ။
နျူးသတိထားမိလေတော့ ယွင်းရန်က သူ့နောက်ကနေ ဖြည်းဖြည်းချင်း လိုက်ပါလာနေပြီး တချိန်ချိန် သူလဲကျသွားတဲ့အခါ အဆင်သင့်ဖမ်းထားပေးရန်အသင့်ဖြစ်နေသည့်နှယ်။ နျူးက ရုတ်တရက်ပင် ရပ်တန့်လိုက်ပြီး ယွင်းရန်ဘက်ကို လှည့်လာလိုက်သည်။
“ မိစ္ဆာဘုရင်ကြီး…ခင်ဗျား ကျွန်တော့်ကို မက်မွန်ပန်းသလင်းကျောက်ကလေး ပြန်ပေးဖို့ အကြွေးရှိသေးတာသိတယ်မလား။ “
ယွင်းရန်မှာ တချိန်လုံး နျူးကိုသာ အရိပ်တကြည့်ကြည့် ကြည့်ကာ စိုးရိမ်နေရတာမို့ နျူးထိုကဲ့သို့ပြောလာသည့်အခါ သူ ဘာလူပ်လို့ လူပ်ရမည်ကိုပင် မေ့သွားချေ၏။ ပြီးမှသာ သူက သူ၏ရင်ဘတ်ဝတ်ရုံထဲကို လက်နှိုက်ကာ ထိုသလင်းကျောက်လေးကို ထုတ်ပေးလိူက်သည်။
“ အာ… …ကိုယ်တောင်းပန်ပါတယ် ။ နောက်ဆုံးတခေါက်က ပေးဖို့ကို မေ့သွားတာ…”
ယွင်းရန်က ထိုသလင်းကျောက်လေးကို လက်မှကိုင်ထားရင်းပင် နျူးကတော့ ယွင်းရန်အနားကို တဖြည်းဖြည်းချင်း တိုးကာလာသည်။ အနားကိုရောက်လေတော့မှ ရပ်တန့်လိုက်ပြီး ယွင်းရန်လက်ထဲမှ သလင်းကျောက်လေးအား သူလှမ်းယူလိုက်ရင်း
“ ဒီဟာလေးကို မက်မွန်တောထဲမှာပဲ ကောက်ရခဲ့တာ။ ဘာမှ တန်ဖိုးမရှိတဲ့ သလင်းကျောက်လေးဆိုပေမဲ့ တနေ့ ကျွန်တော် သဘောကျတဲ့ သူတယောက်ရှိလာရင် သူ့ကိုလက်ဆောင်အဖြစ်ပေးမယ်လို့ စိတ်ကူးထားခဲ့တာ…”
“………”
ယွင်းရန်ကတော့ ဘာစကားမှမပြောပဲ နျူးကိုသာ ငုံ့ကြည့်နေခဲ့သည်။ နျူးက သူ၏စကားတို့ကို ရပ်တန့်လိုက်ကာ ယွင်းရန်ကို မော့ကြည့်ရင်း ပြုံးလိုက်သည်။
ထို့နောက်မှ သူက ယွင်းရန်၏လက်တဖက်ကိုပြန်ဆွဲယူလိုက်ရင်း ထိုမက်မွန်ပန်းသလင်းကျောက်လေးအား ယွင်းရန်၏လက်ဖဝါးပေါ်သိူ့ တင်ပေးလိုက်လေသည်။
“ ဒီဟာလေး ခင်ဗျားကိုအပိုင်ပေးမယ်
ကျွန်တော့်ကြောင့်နဲ့ ကောင်းကင်ဘုံကိုမဆန့်ကျင်ပါနဲ့။ ”
“ မင်း……”
ယွင်းရန်မှာ နျူး၏အပြုအမူကြောင့်​ ခြေမကိုင်မိ လက်မကိုင်မိပင် ဖြစ်နေသလိုလို၊ ကြက်သေသေနေသလိုလို တောင့်တောင့်ကြီးဖြစ်ကာ မျက်လုံးတွေကပင် မျက်တောင်မခပ်နိုင်ပဲ ရပ်တန့်နေကြပါ၏။ နျူးက သူ့ကို မည်သည့်အဓိပ္ပါယ်ဖြင့် ထိုအရာလေးအား သူ့လက်ထဲထည့်သည်ကိုသူ သေချာတော့မဝေခွဲနိုင်ပါချေ။ သူငယ်ချင်းတယောက်အနေနဲ့ သဘောကျတာလား။ ဒါမှမဟုတ်ရင်လည်း…
“ မင်း… ကိုယ့်ကို……”
နျူး ယွင်းရန်၏လက်ထဲသို့ထိုအရာလေးထည့်ပြီးသည်နှင့် သူ၏လက်နှစ်ဖက်လူံးကို သုံးကာ ထိုအရာလေးကို ယွင်းရန်အား ဆုပ်ကိုင်စေသည်။ သူ ယွင်းရန်ကို ပြန်မော့ကြည့်ရင်း ပြုံးကာ
“ ကျွန်တော် ခင်ဗျားကို သဘောကျနေမိပြီထင်တယ်။ “
“………”
ယွင်းရန်မှာ ထိုစကားေကြာင့် သူ၏မျက်ဝန်းတို့ကပို၍ ပြူးကျယ်လာလေသည်။ တကယ်တော့ သူကျောက်ရုပ်ဖြစ်နေကာ ပထမစကားကြောင့်ပင်အံ့သြလို့မဆုံးသေး။ ယခုလို ဖွင့်ဟခံရသည့်အခါ သူပို၍ ပို၍ မလှုပ်ရှားနိုင်ဖြစ်နေပါတော့သည်။
“ ကိုယ်…ကိုယ်..လည်း……”
သူ့နှုတ်ခမ်းတွေက မနည်းပင်ဖွင့်ဟလာရန်ခက်ခဲနေသည်။ အနှစ်တသောင်းအတွင်း သူ့ထံတွင် မည်သိူ့သော ရင်ခုန်မှုမျိုး၊ အချစ်မျိုးမှ ဖြစ်တည်လာခဲ့ခြင်းမရှိဖူးသေးချေ။ ဤသို့သော ခံစားချက်များသည် သူ့အတွက် ပထမဆုံးအတွေ့အကြံသာဖြစ်ပြီး သူတကယ်သဘောကျမိသည်။ မဟူတ်…တကယ်တမ်းဆို သူသဘောကျမိသည်က သူ့ရှေ့ရှိ ထို နတ်သူငယ်လေးကိုပင်။ သဘောကျသည်လည်းမဟူတ်…
ချစ်မြတ်နိုးမိတာဆိုလျင် ပိုမှန်ပေလိမ့်မည်။
“ မိစ္ဆာဘုရင်ယွင်းရန်…… ကောင်းကင်မင်းကြီးရှန်းဝူပိုင် ရောက်ရှိနေပါတယ်။ အရှင်နဲ့ တွေ့ဆုံချင်ပါတယ်တဲ့။ နတ်သူငယ်ကို လာခေါ်တာလို့လည်း ပြောပါတယ်။ “
နှစ်ဦးသားအကောင်းဆုံးသော အခိုက်အတန့်ကိုတည်ဆောက်နေချိန်မှာပဲ ပြင်ပရှိ ထိုသို့သော သတင်းစကားကြောင့် ယွင်းရန်မှာ ချက်ချင်းမျက်မှောင်ကြုတ်မိသွားသည်။ တဖက်ကိုသာ ခေါင်းအနည်းငယ်စောင်းလိုက်ရင်း
“ မပေးနိုင်ဘူးလို့ပြောလိုက်…!”
ပြင်ပရှိ သတင်းပါးသူမှာ တခဏတော့ တိတ်ဆိတ်သွားသည်။ နျူးက ယွင်းရန်လက်ကိုလှမ်းဆွဲလိုက်ရင်း တခုခုပြောရန်ပြင်လိုက်စဉ်မှာပဲ ပြင်ပရှိထိုသူကပင် ထပ်မံကာ ပြောလာပြန်သည်။
“ သူ့မှာ နတ်သူငယ်လေးအတွက် ဖြေဆေးပါလာတယ်လို့ ပြောပါတယ်။ “
“ ဘာ…!!”
ယွင်းရန်မှာ ထိုစကားကြောင့် ချက်ချင်းတဖက်သို့လှည့်လိုက်မိသည်။ ထိုစဉ်တွင်ပဲ နျူးမှာ ယွင်းရန်ကိုလက်ဆွဲရန်ကြိုးစားလိုက်သော်လည်း အောက်သိူ့ခွေကျသွားလေ၏။
“ နျူး….!!!!”
ယွင်းရန်က ချက်ချင်း ပြန်လှည့်ကာ နျူးကို ကောက်ပွေ့လိုက်လေသည်။
……………………
ယွင်းရန်က သူ့အခန်း၏ကုတင်ထက်တွင် နျူးကိုအမြန်နေရာချလိုက်သည်။ သူ့နောက်တွင်တော့ ရှန်းဝူပိုင်က တခါတည်းပါလာပြီး နျူးကို စမ်းသပ်ရန်ကြိုးစားသည်။ သိူ့သော် ယွင်းရန်က ထိခွင့်မပေးချေ။
နျူး၏ ပုံစံမှာ ပို၍ဆိုးလာလေချေပြီ။ သူ၏နှဖူးရှိ အမှတ်အသားတစ်ခုလုံးမှာ မဲလျက်ရှိနေချေပြီ။ ယွင်းရန်တားတာကြောင့် ရှန်းဝူပိုင်က ယွင်းရန်ကို သေချာကြည့်လိုက်ရင်း
“ မင်း သူ့ကိုတကယ် သေသွားစေချင်နေတာလား…”
ယွင်းရန်က ရှန်းဝူပိုင်၏စကားကြောင့် အနည်းငယ် အင်တင်တင်ဖြစ်နေသော်လည်း နောက်ဆုံးတွင် နျူးဘေးမှ ဖယ်ပေးလိုက်တော့သည်။ ထိုအခါမှ ရှန်းဝူပိုင်ကချက်ချင်းပင် နျူးအား သူ၏အမြုတေအတွင်းအားတချို့ကို လွှဲပြောင်းပေးလေ၏။ တခဏတည်းပင် နျူး၏အခြေအနေက ပြန်လည်ကာ တိုးတတ်လာချေသည်။ သူ၏နှဖူးရှိအရာလေးမှာ အနည်းငယ်ပြန်လင်းလာ၏။ ရှန်းဝူပိုင်က သူ၏အစွမ်းများကို ပြန်ရုတ်သိမ်းလိုက်သည်။
ထို့နောက် နောက်ဘက်တွင်ရပ်နေသော ယွင်းရန်ဘက်ကိုပြန်လှည့်ကာ
“ ငါ သူ့ကိုခေါ်သွားမယ်။”
“မရဘူး…သူကငါ့လူ…”
ယွင်းရန်က အမြန်ပင်ပြန်ငြင်းပယ်၏။ ရှန်းဝူပိုင်ကလည်း ယွင်းရန်အဖြေကို ကြိုသိနေသည့်အလား
“ ငါ့ဆီမှာ အဆိပ်ပြေဖို့ နည်းလမ်းရှိတယ် ။ ဒါမဲ့ မင်းရဲ့အပူစွမ်းအားတွေက သူ့ထဲမှာ အရမ်းဝင်နေပြီမလို့ ကောင်းကင်ဘုံရဲ့ သန့်စင်ခြင်းမြစ်ရေမှာ အရင် ပျော်ဝင်အောင်လုပ်မှရမယ်။ ပြီးမှ အဆိပ်ကိုဖြေပေးနိုင်မှာ။ “
“ ဒါပေမဲ့……”
ဘာရယ်ကြောင့်မှန်းမသိ ယွင်းရန်က စိတ်ထင့်နေမိသည်။ နျူးက ကောင်းကင်ဘုံကို ထပ်ရောက်တဲ့အခါ သူ၏စိတ်က နောက်တခါ ထပ်ပြောင်းလဲသွားအုန်းမယ်ဆိုရင် သူမည်သိူ့လုပ်ရမည်နည်း။ ယွင်းရန်က စကားမဆက်နိုင်သေးချိန်၌ပင် ရှန်းဝူပိုင်က ဆက်လာသည်။
“ ဒီထက်နောက်ကျသွားရင်  စွမ်းအားထက်ဝက်မျှဝေသုံးခြင်းနည်းကပဲ သူ့ကိုအသက်ရှင်စေနိုင်မယ်။ “
ထိုစကားကြောင့် ယွင်းရန်မှာ သူ၏ငြင်းဆိုမှုများကို လက်လျော့လိုက်ရသည်။
“ ကောင်းပြီ။ နောက်နှစ်ရက်နေရင် ငါသူ့ကိုလာကြည့်မယ်”
ရှန်းဝူပိုင်က ကုတင်ထက်တွင်  ငြိမ်သက်နေသော နျူးကိုချက်ချင်းပွေ့ချီလိုက်ပြီးနောက် ကုတင်နှင့်မလှမ်းမကမ်းရှိ ခုံပေါ်တွင် တချိန်က နျူးကျန်ခဲ့သည့် ဆံထိုးကို စွမ်းအားဖြင့်လှမ်းယူကာ နန်းဆောင်ထဲမှ ထွက်သွားလေ​တော့သည်။ ယွင်းရန်ကတော့ သလင်းကျောက်လေးကို တင်းတင်းဆုပ်ကိုင်ထားရင်း ရှန်းဝူပိုင်၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေခဲ့သည်။
 ~~~~~~~~~~~~~~~~~~~~~~~~~~~
နောက်တပိုင်းက အဖြေပြန်ပေးရမဲ့အခန်းပါ။ နှစ်ဘဝလုံး ယွင်းရန်ကိုပဲ ဖွင့်ပြောကြရတာ။ သူကပဲ မူနေ 😏😏
Zawgyi Ver
..................................
“………”
ထို့နောက်မှ သူက ယွင်းရန်၏လက်တဖက်ကိုပြန်ဆွဲယူလိုက်ရင်း ထိုမက်မွန်ပန်းသလင်းကျောက်လေးအား ယွင်းရန်၏လက်ဖဝါးပေါ်သို့ တင်ပေးလိုက်လေသည်။
“ မင်း……”
“ မင်း… ကိုယ့်ကို……”
“………”
“ ကိုယ်…ကိုယ်..လည်း……”
“ ဘာ…!!”
“ နျူး….!!!!”
……………………
“ ငါ သူ့ကိုခေါ်သွားမယ်။”
“မရဘူး…သူကငါ့လူ…”
“ ဒါပေမဲ့……”
 ~~~~~~~~~~~~~~~~~~~~~~~~~~~
Continue Reading
You'll Also Like
118K 7.6K 34
[Zhanyi] ဆန်းကြယ်တဲ့အရာတွေ လောကမှာရှိတယ်ဆိုရင် ယုံလား မမြင်နိုင်တဲ့အရာတွေ ကို ယုံကြည်ဖို့က အလွန့်ကိုခက်ခဲပါတယ် တကယ်လို့သင်က ဆန်းကြယ်မှု့ကို ကိုယ်တိုင...
235K 32.5K 200
Book-8 I just translate this story. I don't own this story. All credits go to the original writer and English translator team. Profile picture goes c...
327K 23.8K 54
Myanmar×BL (Unicode+Zawgyi) Owncreation Total: 49 parts This story is just my imagination. [Unicode] ရှေးခေတ်ကဝိညာဥ်တို့နေထိုင်ရာကို အလည်တစ်ခေါက်သွာ...
113K 2.4K 33
ကျွန်တော်က ကျွန်တော့်ကောင်မလေးကို *စာအုပ်လေး* လို့ ချစ်စနိုးခေါ်တယ်။ လောကမှာ ဘယ်လောက်ပဲ ပြီးပြည့်စုံတဲ့ မိန်းကလေးဖြစ်နေပါစေ လိုအပ်ချက် တစ်ခုတော့ ရှိ...