Unicode
အပိုင်း ၃
နှင်းမျက်လုံးပြူးသွားရသည်က သူ၏ချစ်လှစွာသော တပည့်လေး နိုင်းနိုင်းဝေက သူ၏ကလေးငယ် နှင်းရူပါဦးအိမ်မှာ ရောက်နေခြင်းဖြစ်သည်။
နှင်းစိတ်ထဲတွင် အံ့သြတာကတစ်မျိုး ၊ စိတ်ပူတာကတစ်မျိုးနဲ့ ဒေါသတို့ကလည်း ထောင်းခနဲဖြစ်ပေါ်လာသည်။
"သား နိုင်းနိုင်းဝေ ဒါကဘယ်လိုဘယ်လိုဖြစ်တာလဲ တီချယ် ဒီကိုလာတဲ့လမ်း ဆရာမကြီးဖုန်းဆက်လို့အကုန်သိပြီးပြီ၊အခု ဒီအိမ်ရောက်နေတဲ့အကြောင်းအရင်း တီချယ်ကို အကုန်ပြောပြစမ်းသား"
နှင်း ကရုဏာဒေါသနဲ့ လေသံမာမာနဲ့ပြောလိုက်မိလေသည်။
"သား မတ္တရာကနေ လိုင်းကားစီးလာတာပါဆရာမ ၊
ကားပေါ်ကအဆင်း သား ပိုက်ဆံအိတ်အလုခံရလို့ ဒီကိုကြီးနဲ့တွေ့လို့ သားလည်း ဘာလုပ်ရမလဲမသိလို့ ဒီအိမ်လိုက်လာမိတာပါ ဆရာမ သူငယ်ချင်းတွေနဲ့မတွေ့ရသေးဘူး"
နိုင်းနိုင်းဝေတစ်ယောက် သူ့တီချယ်ကို ကြောက်နေရင်းပြောမိသည်။
မကြောက်လို့လည်းမရ ...မထင်ရင်မထင်သလို တွယ်တတ်တဲ့သူ့တီချယ်အကြောင်းသူသာအသိဆုံးပင်။
နှင်းလည်း စိတ်ကိုလျော့ပီး ဆရာမကြီးတို့ဆီ အကျိုးအကြောင်းပြောပြပီးမှ လာရင်းကိစ္စကို ဆက်လက်လုပ်ဆောင်တော့သည်။
နှင်းလည်း ကလေးငယ်ရဲ့မိဘတွေကို အကျိုးသင့်အကြောင်းသင့်ပြောပြီး ရူပါကို မတ္တရာသို့ ခေါ်ဆောင်ရန် ပြင်လေတော့သည်။
"ကဲကလေးငယ် မေမေတို့ဖေဖေတို့ကို ကန်တော့လိုက်ဦး ကိုကြီးကိုရောပဲ "
"ဟုတ်ကဲ့မမ"
ဘယ်သူမှသတိမထားမိသည့်အချက်မှာ နိုင်းနိုင်းဝေတစ်ယောက် သူ့ရဲ့ရှေ့မှာ ရုပ်တည်ကြီးနဲ့ထိုငိပြီးသူ့ကိုကြည့်နေသည့် အရပ်6ပေလောက်ရှိတဲ့ တောင့်တင်းသောခန္ဓာကိုယ်နဲ့ချောမောခန့်ညားလှသော Dr ရှိန်းသီဟမောင်ကို မြင်မြင်ချင်းကြွေမိသွားသည်။
"ဟယ် နိုင်းနိုင်း ထလေသား တီချယ်နဲ့တူတူပြန်မယ်...သားရဲ့အိမ်က စိတ်ပူနေကြတာလေ"
"ဟင့်အင်းသားမပြန်ချင်ဘူး သားဒီက ကိုကြီးနဲ့ပဲနေမယ်"
ဆိုပြီး Drရှိန်းသီဟမောင်ရဲ့လက်ကို အတင်းပြေးချိတ်ပြီး ငိုတော့သည်။
နှင်း သူရဲ့ဒေါသကိုအတတ်နိုင်ဆုံးလျော့ချပြီး အေးဆေးလိုက်ခဲ့ဖို့ပြောသည်။
နိုင်းနိုင်းဝေကားမရ၊ဂျစ်နေတော့သည်။
ရှိန်းက လက်ကိုအတင်းဖြုတ်ချလည်းမရ။
ရှိန်းလည်း ကလေးငယ်ကို မြင်မြင်ချင်းချစ်မိပါသည်။
သို့သော် ကလေးငယ်ရဲ့ဘဝကို မနှစ်ချင်ပါ။
10တန်းကျောင်းသားလေးက သူနဲ့နေချင်တယ်ပြောတာကို သူ့မှာလက်မခံနိုင်သေး၊မယုံကြည်မိသေး။
နှင်းတစ်ယောက် ချော့ပြော၍မရသော နိုင်းနိုင်းဝေအား အကြမ်းနည်းသုံးရပေတော့မည်။
"သီဟရေ နင့်အိမ်မှာ ကြက်မွှေးရှိလား၊ရှိရင်ငါ့ကိုပေးစမ်းပါ ....
ပြောမရတဲ့ကလေးကို အကြမ်းနည်းသုံးရတော့မယ်"
ရှိန်းရဲ့မိဘတွေကလည်း နှင်းကို စိတ်လျော့ဖို့ပြောကြသည်။
ရှိန်းကိုယ်တိုင်ကလည်း ကြက်မွှေးကိုမပေးချင်။
သူ့သူငယ်ချင်းဒေါသကို သိလို့လား၊သူ့မျက်စိရှေ့က ကလေးငယ်ကို သနားလို့လား မခွဲခြားတတ်တော့ပေ။
နှင်းလည်း စိတ်မရှည်တော့သည့်အဆုံး နိုင်းနိုင်းဝေနားကိုသွားလိုက်သည်။
အနားရောက်တော့ ဗိုက်ခေါက်ကို အားပါပါနဲ့လိမ်ဆွဲလိုက်တော့သည်။
"အား ကိုကိုရေ သားကိုကယ်ပါဦး တီချယ်က သားကို အနိုင်ကျင့်နေတယ် အီးဟီး"
ကောင်းကြသေးရဲ့လားဗျာ...
ငိုတာတောင် သူ့ကိုကိုကို တပြီးငိုလေရဲ့။
နှင်းလည်း အခုချက်ချင်းလိုက်မာလား မလိုက်ဘူးလားမေးတော့ လုံးဝပြန်မဖြေတဲ့ နိုင်းနိုင်းကို တကယ်ဒေါသထွက်နေလေပြီ။
ရူပါတစ်ယောက် သူ့မျက်စိရှေ့ကမြင်ကွင်းတွေကြောင့် သူ့မမကို လန့်နေလေသည်။
ထိုစဥ် ရှိန်းလည်း...
'ဟိတ် တော်ပါတော့ မငိုပါနဲ့တော့ကွာ ၊နှင်းရေ တော်ပါတော့ လွှတ်လိုက်ပါတော့ ၊
ကလေးငယ်လေးကို ငါခေါ်ထားလိုက်မယ်။နောက်ရက်ကျမှ ငါပြန်လိုက်ပို့ပေးလိုက်မယ်"
နှင်းလည်း ဆရာမကြီးတို့ထံ အကျိုးအကြောင်းဖုန်းဆက်ပြီး...
"အင်းဟုတ်ပီ အဲ့တာဆို ငါသွားတော့မယ်...
ဦးလေးနဲ့ ဒေါ်လေး သမီးပြန်တော့မယ်ရှင့် ..အရာရာစိတ်ချပါရှင့် ရူပါလေးကို နှင်းညီမလေးလို သမီးလေးလိုရော ထိန်းသိမ်းစောင့်ရှောက်မာပါရှင့်"
ဒီလိုနဲ့ ကားလေးခြံထဲကနေ ထွက်လာပြီး လာရာလမ်းကိုပြန်လေတော့သည်။
နှင်းလည်း သူ့ဘေးနားက ငြိမ်သက်နေတဲ့ကလေးငယ်လေးအားတစ်ချက်ကြည့်ပြီး...
"ကလေး မမကိုကြောက်နေတာလား မကြောက်ပါနဲ့နော် အပြစ်မရှိရင်မမက ဘာမှလုပ်ဘူး
အပြစ်မလုပ်ရင်အပြစ်မပေးဘူး အလိုလိုက်မယ် အရမ်းချစ်မယ်"
"ဟုတ်ကဲ့မမ"
သို့သော် ရူပါ သူ့မမရဲ့ဒေါသတွေသူအသိဆုံးပင်။
လမ်းတစ်ဝက်ရောက်တော့
"ကလေးရေ မမတို့ခဏနားရအောင် ကလေးငယ်ဘာစားချင်လဲ မမကိုပြော ရှေ့နားက မုန့်ဆိုင်နား မမရပ်ပေးမယ်"
"မမ မီး မာလာရှမ်းကောစားချင်တယ်"
"ဟုတ်ပီဟုတ်ပီ မမတို့စားရအောင်"
နှင်းလည်းကားရပ်ပြီး ကလေးငယ်အကြိုက် မာလာရှမ်းကောမှာပြီး သူ့ဖို့ ဒိန်ချဥ်တစ်ခွက်မှာလေသည်။ကလေးငယ်ရဲ့အကြိုက်လေး သံပုရာဖျော်ရည်လေးပါ မှာပြီး မုန့်အလာကို စောင့်နေလေသည်။
ထိုစဥ် Ring Ring.....ရူပါရဲ့ဖုန်းဆီက အမည်မသိသော နံပါတ်တစ်ခုဝင်လာလေသည်။
ရူပါကတော့ မကိုင်ဘဲ ဖုန်းကိုချပစ်သည်။
နှင်းကတော့ ဖုန်းကို ယူပီး ပြန်ခေါ်ဖို့လုပ်တော့မည်။
"မမ မီးတောင်းပန်ပါတယ် မမကို မီးမလိမ်ပါဘူး အမှန်တိုင်းပြောပြပါ့မယ် မီးလေ onlineက ဆေးလိပ်ဗူးလေးတွေလှလို့ မီးမှာထားမိတာ အခုရလို့ဖုန်းဆက်တာလားမသိဘူးမမ"
"အော် အေးအေးကောင်းတယ်"
"မောင်လေးရေ မှာထားတာတွေပါဆယ်ထုတ်ပေးတော့ အမတို့အရေးကြီးလို့ပြန်ရတော့မာမို့"
နှင်းတစ်ယောက်ဒေါသတွေထွက်နေလေသည်။
"အိမ်ရောက်မှ ဆက်ရှင်းကြတာပေါ့ နှင်းရူပါဦးရေ...."
#နှင်း
Zawgyi
အပိုင္း ၃
ႏွင္းမ်က္လုံးျပဴးသြားရသည္က သူ၏ခ်စ္လွစြာေသာ တပည့္ေလး နိုင္းနိုင္းေဝက သူ၏ကေလးငယ္ ႏွင္း႐ူပါဦးအိမ္မွာ ေရာက္ေနျခင္းျဖစ္သည္။
ႏွင္းစိတ္ထဲတြင္ အံ့ၾသတာကတစ္မ်ိဳး ၊ စိတ္ပူတာကတစ္မ်ိဳးနဲ႕ ေဒါသတို႔ကလည္း ေထာင္းခနဲျဖစ္ေပၚလာသည္။
"သား နိုင္းနိုင္းေဝ ဒါကဘယ္လိုဘယ္လိုျဖစ္တာလဲ တီခ်ယ္ ဒီကိုလာတဲ့လမ္း ဆရာမႀကီးဖုန္းဆက္လို႔အကုန္သိၿပီးၿပီ၊အခု ဒီအိမ္ေရာက္ေနတဲ့အေၾကာင္းအရင္း တီခ်ယ္ကို အကုန္ေျပာျပစမ္းသား"
ႏွင္း က႐ုဏာေဒါသနဲ႕ ေလသံမာမာနဲ႕ေျပာလိုက္မိေလသည္။
"သား မတၱရာကေန လိုင္းကားစီးလာတာပါဆရာမ ၊
ကားေပၚကအဆင္း သား ပိုက္ဆံအိတ္အလုခံရလို႔ ဒီကိုႀကီးနဲ႕ေတြ႕လို႔ သားလည္း ဘာလုပ္ရမလဲမသိလို႔ ဒီအိမ္လိုက္လာမိတာပါ ဆရာမ သူငယ္ခ်င္းေတြနဲ႕မေတြ႕ရေသးဘူး"
နိုင္းနိုင္းေဝတစ္ေယာက္ သူ႕တီခ်ယ္ကို ေၾကာက္ေနရင္းေျပာမိသည္။
မေၾကာက္လို႔လည္းမရ မထင္ရင္မထင္သလို တြယ္တတ္တဲ့သူ႕တီခ်ယ္အေၾကာင္းသူသာအသိဆုံးပင္။
ႏွင္းလည္း စိတ္ကိုေလ်ာ့ပီး ဆရာမႀကီးတို႔ဆီ အက်ိဳးအေၾကာင္းေျပာျပပီးမွ လာရင္းကိစၥကို ဆက္လက္လုပ္ေဆာင္ေတာ့သည္။
ႏွင္းလည္း ကေလးငယ္ရဲ႕မိဘေတြကို အက်ိဳးသင့္အေၾကာင္းသင့္ေျပာၿပီး ႐ူပါကို မတၱရာသို႔ ေခၚေဆာင္ရန္ ျပင္ေလေတာ့သည္။
"ကဲကေလးငယ္ ေမေမတို႔ေဖေဖတို႔ကို ကန္ေတာ့လိုက္ဦး ကိုႀကီးကိုေရာပဲ "
"ဟုတ္ကဲ့မမ"
ဘယ္သူမွသတိမထားမိသည့္အခ်က္မွာ နိုင္းနိုင္းေဝတစ္ေယာက္ သူ႕ရဲ႕ေရွ႕မွာ ႐ုပ္တည္ႀကီးနဲ႕ထိုငိၿပီးသူ႕ကိုၾကည့္ေနသည့္ အရပ္6ေပေလာက္ရွိတဲ့ ေတာင့္တင္းေသာခႏၶာကိုယ္နဲ႕ေခ်ာေမာခန့္ညားလွေသာ Dr ရွိန္းသီဟေမာင္ကို ျမင္ျမင္ခ်င္းေႂကြမိသြားသည္။
"ဟယ္ နိုင္းနိုင္း ထေလသား တီခ်ယ္နဲ႕တူတူျပန္မယ္
သားရဲ႕အိမ္က စိတ္ပူေနၾကတာေလ"
"ဟင့္အင္းသားမျပန္ခ်င္ဘူး သားဒီက ကိုႀကီးနဲ႕ပဲေနမယ္"ဆိုၿပီး Drရွိန္းသီဟေမာင္ရဲ႕လက္ကို အတင္းေျပးခ်ိတ္ၿပီး ငိုေတာ့သည္။
ႏွင္း သူရဲ႕ေဒါသကိုအတတ္နိုင္ဆုံးေလ်ာ့ခ်ၿပီး ေအးေဆးလိုက္ခဲ့ဖို႔ေျပာသည္။
နိုင္းနိုင္းေဝကားမရ၊ဂ်စ္ေနေတာ့သည္။
ရွိန္းက လက္ကိုအတင္းျဖဳတ္ခ်လည္းမရ။
ရွိန္းလည္း ကေလးငယ္ကို ျမင္ျမင္ခ်င္းခ်စ္မိပါသည္။
သို႔ေသာ္ ကေလးငယ္ရဲ႕ဘဝကို မႏွစ္ခ်င္ပါ။
10တန္းေက်ာင္းသားေလးက သူနဲ႕ေနခ်င္တယ္ေျပာတာကို သူ႕မွာလက္မခံနိုင္ေသး၊မယုံၾကည္မိေသး။
ႏွင္းတစ္ေယာက္ ေခ်ာ့ေျပာ၍မရေသာ နိုင္းနိုင္းေဝအား အၾကမ္းနည္းသုံးရေပေတာ့မည္။
"သီဟေရ နင့္အိမ္မွာ ၾကက္ေမႊးရွိလား၊ရွိရင္ငါ့ကိုေပးစမ္းပါ
ေျပာမရတဲ့ကေလးကို အၾကမ္းနည္းသုံးရေတာ့မယ္"
ရွိန္းရဲ႕မိဘေတြကလည္း ႏွင္းကို စိတ္ေလ်ာ့ဖို႔ေျပာၾကသည္။
ရွိန္းကိုယ္တိုင္ကလည္း ၾကက္ေမႊးကိုမေပးခ်င္။
သူ႕သူငယ္ခ်င္းေဒါသကို သိလို႔လား၊သူ႕မ်က္စိေရွ႕က ကေလးငယ္ကို သနားလို႔လား မခြဲျခားတတ္ေတာ့ေပ။
ႏွင္းလည္း စိတ္မရွည္ေတာ့သည့္အဆုံး နိုင္းနိုင္းေဝနားကိုသြားလိုက္သည္။
အနားေရာက္ေတာ့ ဗိုက္ေခါက္ကို အားပါပါနဲ႕လိမ္ဆြဲလိုက္ေတာ့သည္။
"အား ကိုကိုေရ သားကိုကယ္ပါဦး တီခ်ယ္က သားကို အနိုင္က်င့္ေနတယ္ အီးဟီး"
ေကာင္းၾကေသးရဲ႕လားဗ်ာ
ငိုတာေတာင္ သူ႕ကိုကိုကို တၿပီးငိုေလရဲ႕။
ႏွင္းလည္း အခုခ်က္ခ်င္းလိုက္မာလား မလိုက္ဘူးလားေမးေတာ့ လုံးဝျပန္မေျဖတဲ့ နိုင္းနိုင္းကို တကယ္ေဒါသထြက္ေနေလၿပီ။
႐ူပါတစ္ေယာက္ သူ႕မ်က္စိေရွ႕ကျမင္ကြင္းေတြေၾကာင့္ သူ႕မမကို လန့္ေနေလသည္။
ထိုစဥ္ ရွိန္းလည္း'ဟိတ္ ေတာ္ပါေတာ့ မငိုပါနဲ႕ေတာ့ကြာ ၊ႏွင္းေရ ေတာ္ပါေတာ့ လႊတ္လိုက္ပါေတာ့ ၊
ကေလးငယ္ေလးကို ငါေခၚထားလိုက္မယ္။ေနာက္ရက္က်မွ ငါျပန္လိုက္ပို႔ေပးလိုက္မယ္"
ႏွင္းလည္း ဆရာမႀကီးတို႔ထံ အက်ိဳးအေၾကာင္းဖုန္းဆက္ၿပီး"အင္းဟုတ္ပီ အဲ့တာဆို ငါသြားေတာ့မယ္
ဦးေလးနဲ႕ ေဒၚေလး သမီးျပန္ေတာ့မယ္ရွင့္ အရာရာစိတ္ခ်ပါရွင့္ ႐ူပါေလးကို ႏွင္းညီမေလးလို သမီးေလးလိုေရာ ထိန္းသိမ္းေစာင့္ေရွာက္မာပါရွင့္"
ဒီလိုနဲ႕ ကားေလးၿခံထဲကေန ထြက္လာၿပီး လာရာလမ္းကိုျပန္ေလေတာ့သည္။
ႏွင္းလည္း သူ႕ေဘးနားက ၿငိမ္သက္ေနတဲ့ကေလးငယ္ေလးအားတစ္ခ်က္ၾကည့္ၿပီး
"ကေလး မမကိုေၾကာက္ေနတာလား မေၾကာက္ပါနဲ႕ေနာ္ အျပစ္မရွိရင္မမက ဘာမွလုပ္ဘူး
အျပစ္မလုပ္ရင္အျပစ္မေပးဘူး အလိုလိုက္မယ္ အရမ္းခ်စ္မယ္"
"ဟုတ္ကဲ့မမ"
...
သို႔ေသာ္ ႐ူပါ သူ႕မမရဲ႕ေဒါသေတြသူအသိဆုံးပင္။
လမ္းတစ္ဝက္ေရာက္ေတာ့ "ကေလးေရ မမတို႔ခဏနားရေအာင္ ကေလးငယ္ဘာစားခ်င္လဲ မမကိုေျပာ ေရွ႕နားက မုန့္ဆိုင္နား မမရပ္ေပးမယ္"
"မမ မီး မာလာရွမ္းေကာစားခ်င္တယ္"
"ဟုတ္ပီဟုတ္ပီ မမတို႔စာရေအာင္"
ႏွင္းလည္းကားရပ္ၿပီး ကေလးငယ္အႀကိဳက္ မာလာရွမ္းေကာမွာၿပီး သူ႕ဖို႔ ဒိန္ခ်ဥ္တစ္ခြက္မွာေလသည္။ကေလးငယ္ရဲ႕အႀကိဳက္ေလး သံပုရာေဖ်ာ္ရည္ေလးပါ မွာၿပီး မုန့္အလာကို ေစာင့္ေနေလသည္။
ထိုစဥ္ Ring Ring.....႐ူပါရဲ႕ဖုန္းဆီက အမည္မသိေသာ နံပါတ္တစ္ခုဝင္လာေလသည္။
႐ူပါကေတာ့ မကိုင္ဘဲ ဖုန္းကိုခ်ပစ္သည္။
ႏွင္းကေတာ့ ဖုန္းကို ယူပီး ျပန္ေခၚဖို႔လုပ္ေတာ့မည္။
"မမ မီးေတာင္းပန္ပါတယ္ မမကို မီးမလိမ္ပါဘူး အမွန္တိုင္းေျပာျပပါ့မယ္ မီးေလ onlineက ေဆးလိပ္ဗူးေလးေတြလွလို႔ မီးမွာထားမိတာ အခုရလို႔ဖုန္းဆက္တာလားမသိဘူးမမ"
ႏွင္း...."ေအာ္ ေအးေအးေကာင္းတယ္"
"ေမာင္ေလးေရ မွာထားတာေတြပါဆယ္ထုတ္ေပးေတာ့ အမတို႔အေရးႀကီးလို႔ျပန္ရေတာ့မာမို႔"
ႏွင္းတစ္ေယာက္ေဒါသေတြထြက္ေနေလသည္။
အိမ္ေရာက္မွ ဆက္ရွင္းၾကတာေပါ့ ႏွင္း႐ူပါဦးေရ
#ႏွင္း
စာလုံးေပါင္းမစစ္မိလို႔ မွားတာရွိရင္ sorry par