အခန်း-၄၃.၁ စက္ကူလူသားရဲ့အသိုက်
ရွေးချယ်ခံရသော မိန်းကလေးအား ထိုသို့ဆက်ဆံခြင်းက ပထမဆုံးအကြိမ် မဖြစ်နိုင်ပေ။
ယင်းက ရွေးချယ်ခံရခြင်းရဲ့ တကယ့်ရည်ရွယ်ချက်လား။
ကျန်းလော့က သူ့လက်ကို တမင်တကာ ဗလာထားလိုက်သည်။ သူက ဟန်ဆောင်ရုန်းကန်လိုက်ပြီးနောက် ရွာလူကြီးရဲ့လက်ထဲမှာ နာနာခံခံ ချည်နှောင်ခံလိုက်သည်။
ရွာလူကြီးက သူ့ကို မိန်းကလေးလို့ မှတ်ထင်ထားတာကြောင့် တင်းတင်းကျပ်ကျပ် မချည်နှောင်ခဲ့ပေ။ ကျန်းလော့၏ကိုယ်ကို ကြိုးများဖြင့် တုတ်နှောင်ပြီးနောက် ရွာလူကြီးက ပြောသည်။
"နတ်တမန်တော် ကျုပ် သူမကို ကြိုးနဲ့ချည်ပြီးပါပြီ"
နတ်တမန်တော်က ပြန်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်တယ်။ "ရွာလူကြီး ဒါက မင်း ကြိုးချည်ထားတဲ့ နည်းလမ်းလား"
ရွာလူကြီးက သူ့လက်များကို အချင်းချင်း ပွတ်သပ်လိုက်ပြီး ကျန်းလော့ကို ဇဝေဇဝါ ကြည့်လာပြီး ဘာများမှားနေသလဲဟု တွေးဟန်ဖြင့်.. "ဒါက ချည်နှောင်ထားတဲ့နည်းလမ်းပါပဲ"
ကျန်းလော့ နဖူးကျုံ့သွားမိသည်။
ချီယုံက သူ့အနောက်ကို ရောက်လာတော့မည့် ခံစားချက်မျိုးကို သူ ခံစားလိုက်ရသည်။
မှန်ပေ၏။ နတ်ထိန်းက သူ့ဆီကို လျှောက်လာပြီးတော့ စိုစွတ်နေတဲ့ ဝတ်ရုံက ခြောက်သွေ့သွားပြီ ဖြစ်သည်။ လျှို့ဝှက်ဆန်းကျယ်သော နတ်တမန်တော်က ကျန်းလော့ရှေ့မှာ ရပ်လာပြီး ဆံပင်အနက်နဲ့လူငယ်ကို စူးစိုက်ကြည့်လိုက်သည်။ ကျန်းလော့က သူဘာလုပ်မည်ကို အေးစက်စက် စိုက်ကြည့်နေလိုက်သည်။
အနက်ရောင်ဝတ်ရုံ ခြုံလွှမ်းထားတဲ့ သူ့လက်ကို မြောက်လိုက်တော့ ဝတ်ရုံအောက်က သူ့လက်က ပေါ်လာပြီးတော့ အနက်ရောင်ဝတ်ရုံကနေ လက်နှစ်လုံးစာ အဝတ်တစ်စက သူ့လက်ပေါ်ကို ဖြည်းဖြည်းချင်း ပြုတ်ကျသွားသည်။
နတ်တမန်တော်ရဲ့ ဖြူပြီးတော့ အစိမ်းရောင်သန်းနေသော လက်အသားအရေက ကျလာသော အဝတ်စနက်ကို သိသာထင်ရှားစေသည်။
သူက သူ့လက်ထဲမှာ အဝတ်စကို ကိုင်ထားပြီးတော့.. "လူကို ချည်ထားရုံက မလုံလောက်ဘူး"
နတ်တမန်တော်က လက်ကို မြှောက်လိုက်ပြီး ကျန်းလော့ရဲ့မျက်လုံးအနားကို အနက်ရောင်အဝတ်စ ရောက်လာကာ မီးတောက်နေသလို တောက်ပနေတဲ့ ဆံပင်အနက်နဲ့လူငယ်လေးရဲ့လှပသောမျက်လုံးများကို ညင်သာစွာ ဖုံးအုပ်လိုက်သည်။
"သူ့မျက်လုံးတွေကို ကြိုးချည်ထားရမယ်"
သေစမ်း..။
ကျန်းလော့က မြင့်မြတ်သောနတ်တမန်တော်၏ အသံအတွင်း ကွယ်ဝှက်ထားသော ရယ်မောသံကို သေချာပေါက် ကြားလိုက်နိုင်သည်။ (လှောင်နေတာကို သိတယ်လို့ ပြောတာပါ)
ထင်ထားသလိုပင် ခွေးကောင်ချီယုံက သူ့ကို ပြဿနာအသစ်တစ်ခု ပေးလာသည်။
မျက်လုံးများကို ဖုံးအုပ်လိုက်ပြီးနောက် အမြင်အာရုံက မှောင်အတိ ကျသွားသည်။ မျက်နှာမတွေ့ရသော ရန်သူနှင့် မျက်စိမမြင်ရခြင်းက ကျန်းလော့ကို အမှန်ပင် ထိတ်လန့်သွားစေသည်။ ကျန်းလော့က သူ့နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပြီး နှုတ်ခမ်းထောင့်များကို ဖြောင့်တန်းစေလိုက်သည်။
မြင့်မြတ်သောနတ်တမန်တော်က အနက်ရောင်အဝတ်စကို ခေါင်းနောက်တွင် ညင်သာစွာ ချည်နှောင်နေသည်။
မျက်စိမမြင်ရသည့်အခါ နားသည် အလွန်အမင်း အာရုံခံနိုင်လာသည်။ ကျန်းလော့သည် သူ့အဝတ်အစားများ အသံကို နားထောင်ပြီး အနက်ရောင်ဝတ်ရုံက သူ့ပခုံးကို ထိမိသွားသည်ကိုပင် မှန်းဆနိုင်လုနီးပါးပင်။
သူ့နှာသီးဖျားက နတ်တမန်တော်၏ ရနံ့ကို ဖမ်းဆုပ်ထားလိုက်နိုင်၏။
စန္ဒကူးသားအမွှေးတိုင်နှင့် ဖယောင်းတိုင်တို့၏ မွှေးပျံ့သော ရနံ့ဖြစ်သည်။
နတ်တမန်တော်က တမင်တကာ နှေးကွေးစွာ လှုပ်ရှားနေသည်။ ကြည့်နေသူများအမြင်တွင် နတ်တမန်တော်၏ အနက်ရောင်ဝတ်ရုံက ဆံနက်ကောင်လေးကို သူ့လက်မောင်းတွေထဲမှာ ဖုံးအုပ်ထားသလို ဖြစ်နေစေပြီး တင်းကျပ်စွာ ပိတ်လှောင်ထားချင်သလို ဖြစ်နေသည်။ (ကျန်းလော့ကို အနောက်ကနေ ဝတ်ရုံ ဝတ်ပေးလိုက်တယ်လို့ ပြောတာပါ)
ကြည့်နေသူများအနက် ရွာလူကြီးက နတ်တမန်တော်၏ ထိုသို့သော အပြုအမူကို ယခင်က တစ်ကြိမ်မျှ မလုပ်ဖူးလို့ အံ့အားသင့်နေသည်။
ကျန်းလော့၏ မျက်ဝန်းများကို စည်းနှောင်ပြီးနောက် နတ်တမန်တော်က နောက်ပြန်ဆုတ်သွားကာ မျက်လုံးတွေ စည်းခံလိုက်ရသော ဆံနက်လူငယ်လေးကို တစ်ချက်စိုက်ကြည့်လိုက်ပြီး သူ၏ဖြူဖျော့ဖျော့ နှုတ်ခမ်းက အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
"လာ.. အလှူခံဖို့ ငါနဲ့ လိုက်ခဲ့ ရွာလူကြီး.."
ရွာလူကြီးက ခပ်မြန်မြန် တုံ့ပြန်လိုက်ပြီး သူတို့နှစ်ဦး၏ခြေသံများက ဝေးကွာသွားသည်။
ကျန်းလော့က နောက်ထပ် စက္ကန့်(၂၀) စိတ်ရှည်စွာ စောင့်ဆိုင်းခဲ့ပြီး ဤနေရာမှာ ဘယ်သူမှ မရှိတော့တာ သေချာမှ သူ့လက်စွပ်ထဲက ဓားငယ်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ကြိုးကို တိတိကျကျ ဖြတ်တောက်လိုက်သည်။
သူ့လက်လွတ်သွားသည်နှင့် ကျန်းလော့သည် အနက်ရောင်ဝတ်ရုံကို ဆွဲဖယ်လိုက်ပြီး မျက်လုံးပိတ်ထားသည်ကို ဖြည်ချလိုက်သည်။ အနက်ရောင်ဝတ်ရုံကို မြေပေါ်သို့ ပစ်ချလိုက်လိုသော်လည်း တစ်စုံတစ်ခုကို သတိရသွားပြီး သူ့ပခုံးပေါ်သို့ တင်လိုက်သည်။
နတ်တမန်တော်အဖြစ်လည်း သူ ဟန်ဆောာင်နိုင်သေးပေသည်။
နတ်တမန်တော်နှင့် ရွာလူကြီး ပြန်မလာမီတွင် နတ်ကွန်းကို လှည့်ပတ်ကြည့်ရန် သူ အချိန်ရပေသည်။ သူ ဖယောင်းတိုင်တစ်တိုင်ကို ကိုင်ပြီး ကျောက်နံရံတစ်ဖက်တစ်ချက်စီရှိ နံရံပေါ်မှ ပန်းချီများကို ကြည့်ရှုစစ်ဆေးလိုက်သည်။
ပန်းချီကားက မြင်ကွင်းနှစ်ခုကို ပုံဖော်ထားခြင်းသာ။
တစ်ခုမှာ ရွာသူရွာသားများ၏ ကိုးကွယ်နေသောပုံ ဖြစ်သည်။ ရွာသူရွာသားများသည် မြေပြင်ပေါ်တွင် တလေးတစား ဒူးထောက်ကာ ထာဝရအသက်ရှင်ရန် ဆုတောင်းနေကြပြီး ၎င်းတို့ရှေ့တွင် ပြုံးနေသည့် အဖြူအမည်း ဘုရားရုပ်တုက မျက်လုံးဖွင့် မျက်မှောင်ကြုတ်လျက် ရှိသည်။
ရုပ်တု၏ဘေးတွင် အကာအကွယ်ပေးနေပုံရသော လူနှစ်ယောက်ရှိကာ တစ်ယောက်က ဓားကြီးတစ်လက်ကို ကိုင်ထားပြီး နောက်တစ်ယောက်က အနီရောင်ဝတ်ထားသည်။ ရုပ်တု၏နောက်တွင် စီးဆင်းနေသော ရေစီးကြောင်းနှင့် စီတန်းနေသော သစ်ပင်များရှိသည်။
ကျန်းလော့၏အကြည့်များက ဓားကြီးကို ကိုင်ဆောင်ထားသော သူပေါ်တွင် ကျရောက်သွား၏။
သူက စီဝမ်ကွေးလား။
ဒုတိယပန်းချီကားတွင် ယဇ်ပူဇော်သည့် မိန်းကလေးများ၏ မြင်ကွင်းကို ပြသထားသည်။ မိန်းကလေးများသည် လျှို့ဝှက်လမ်းထဲသို့ဝင်ရန် တန်းစီနေပြီး နတ်ရုပ်တုကို တွေ့ရသည်။ ရုပ်တုရှေ့တွင် ဒူးထောက်ပြီး မျက်လုံးများကို မှိတ်ထားကြတယ်။
ဆိုရလျှင် ယင်းက မြင့်မြတ်ပြီး လှပဟန် ရှိသော်လည်း အနီးကပ်စစ်ဆေးလိုက်ပါက မိန်းကလေး၏ လက်ကောက်ဝတ်မှာ ဖြတ်ရှရာ ရှိနေပြီး သွေးများသည် ရုပ်ထု၏ ကိုယ်ဆီသို့ စီးဆင်းသွားကာ အရောင်မဲ့နေရာမှာ အရောင်ခြယ်လိုက်သလို ဖြစ်သွားစေသည်။
ရုပ်တုက သူတို့၏အသက်ကို ယူလိုက်ပြီး ကျောက်တုံးမှ အသက်ဝင်လာသည့်နှယ်။
ကျန်းလော့က ရုပ်တုကို ပြန်ကြည့်လိုက်သည်။
ရုပ်တုက ကြင်နာသောအပြုံးဖြင့် တင်ပျဉ်ခွေ ထိုင်ကာ အပေါ်က ပန်းချီကားနှင့် တူညီနေ၏။ ကျန်းလော့က ရုပ်တုအနီးသို့ ဖယောင်းတိုင်ဖြင့် ချဉ်းကပ်လာသည်။
ရုပ်တုသည် ခြေထောက်ကလွဲလို့ အားလုံး ဆေးခြယ်ပြီးလုနီးပါး ဖြစ်နေသည်။
ရုပ်တုပေါ်က အရောင်တွေက ဘာကို ကိုယ်စားပြုတာလဲ။
ကျန်းလော့က မျက်မှောင်ကြုတ်လိုက်ပြီး နောက်ကို နှစ်လှမ်းဆုတ်လိုက်သည်တွင် နတ်တမန်တော်နှင့် ရွာလူကြီးက ပြန်ရောက်လာသည်ကို သိလိုက်သည်။
ကျန်းလော့က ချက်ချင်း ခုန်ဆင်းလိုက်ပြီး ရုပ်တု၏ နောက်တွင် ဝင်ပုန်းလိုက်သည်။ (ကြည့်ရတာ ကျန်းလော့က ရုပ်တုကို ကြည့်ဖို့ ပလ္လင်ပေါ်တက်သွားတယ် ထင်တယ်။ သေသေချာချာ မရေးထားဘူးရယ်။ TN Note က အခြေအနေ မပေါ်လွင်မှာစိုးလို့ ထည့်တာပါ။ မကြိုက်ဘူးဆိုရင် ပြောပေးပါနော်)
ကံကောင်းစွာဖြင့် ရုပ်တုသည် ဒူးထောက်ထိုင်နေသော ကျန်းလော့ကို ကွယ်ထားရန် လုံလောက်ပေသည်။ ကျန်းလော့ ပုန်းအောင်ပြီးသည့်အချိန်တွင် နတ်တမန်တော်နှင့် ရွာလူကြီးက နတ်ကွန်းအတွင်းသို့ ရောက်လာတော့သည်။
ရွာလူကြီး၏ ထိတ်လန့်တုန်လှုပ်နေသောအသံက ထွက်ပေါ်လာတော့သည်။
"လူတွေ ဘယ်မှာလဲ။ ဘယ်သွားလိုက်ကြတာလဲ"
နတ်တမန်တော်က တိတ်ဆိတ်နေ၏။
ရွာလူကြီး၏အသံက အကြောက်တရားတို့ဖြင့် ကျယ်လောင်လာသည်။
"နတ်တမန်တော်.. ဘယ်လိုလုပ်ကြမလဲ"
ကျန်းလော့က သူတို့၏စကားများကို နားစွင့်ပြီး နားထောင်နေသည်။
နတ်တမန်တော်က အကြောင်းပြချက်အချို့ကြောင့် တိတ်နေပြီး အတန်ကြာမှာ ဆိုလာသည်။ "မြေအောက်က ဝင်္ကပါလိုပဲ သူ ဝေးဝေး မရောက်နိုင်ဘူး"
"ဟုတ်တယ် သူမ ဝေးဝေး မပြေးနိုင်ဘူး" ရွာလူကြီးက ပစ်ချထားသော ကြိုးကို ကြည့်လိုက်ပြီးနောက်။
"နတ်တမန်တော်.. အပြင်ထွက်ပြီး မြန်မြန် လိုက်ရအောင်"
ကျန်းလော့သည် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း နတ်တမန်တော်၏ အဖြေကို စောင့်ဆိုင်းရင်း လက်မှ ချွေးစေးများပင် ထွက်လာသည်။
"ဒါဆို သွားစို့"
လူနှစ်ဦးက တဖြည်းဖြည်း ဝေးကွာသွားသည်။
သို့သော်လည်း ကျန်းလော့က အလျင်စလို မလုပ်ဘဲ ရုပ်တု၏ နောက်ကျောကို စိုက်ကြည့်ရင်း သူ့စိတ်အတွင်း တစ်မိနစ်စာကို ရေတွက်လိုက်သည်။
ဘယ်သူမှ ပြန်မလာမှ သူတို့နှစ်ယောက် သွားပြီဟု စိတ်ချလိုက်သည်။
ကျန်းလော့က အိပ်ဆောင်ဓားကို ဖယ်လိုက်ပြီး မဆင်းသေးဘဲ ရုပ်တုကို အနီးကပ်ကြည့်ရန်သာ လုပ်ဆောင်လိုက်သည်။
ကျန်းလော့က သတိကြီးကြီးဖြင့် ပထမဦးစွာ ဆဌမနှစ်မြွေကို သူ့ကိုယ်ပေါ်တွင် ရစ်ပတ်စေလိုက်ပြီး ရုပ်တုကို မထိတွေ့မီ သူ့လက်တွင် နတ်တမန်တော် ထားခဲ့သည့် အနက်ရောင်ဝတ်ရုံကို သူ့ညာလက်တွင် ရစ်ပတ်လိုက်သည်။
အံ့ဩဖို့ကောင်းသည်မှာ ရုပ်တု၏အသွင်အပြင်က ကျန်းလော့ စိတ်ကူးထားသည်ထက် များစွာ နူးညံ့ပေသည်။
ကျန်းလော့၏ မျက်ခုံးများက မြင့်တက်သွားပြီး လူသေကောင်၏အရေပြားကို ထိမိလိုက်သလို ခံစားလိုက်ရသည်။
နူးညံ့ အေးမြပြီး ကျောက်တုံး၏ အထိအတွေ့နှင့် လုံးဝ မတူညီချေ။
သူ့လက်က ရုပ်တု၏ လည်ပင်းဆီသို့ ဖြည်းညင်းစွာ တိုးသွားပြီး အသက်ရှိမရှိကို စမ်းသပ်ရန် ကြိုးစားလိုက်သည်။
ကျန်းလော့၏လက်က ရုပ်တု၏လည်ပင်းဆီသို့ ရောက်လုဆဲဆဲတွင် ကျောက်လက်တစ်ဖက်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
ကျန်းလော့က အသက်ရှုမှားသွားပြီး ချက်ချင်း ကြည့်လိုက်မိသည်။
ရုပ်တု၏ ဦးခေါင်းက ကိုးဆယ်ဒီကရီလိမ်သွားပြီး သူ့ကို ကြင်နာသော မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
မြွေသည် မကောင်းဆိုးဝါး အငွေ့အသက်ကို ရရှိသွားပြီး ရုပ်တုကို ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ ရုပ်တု၏ အပြုံးက မပြောင်းလဲသွားဘဲ ကျန်းလော့၏ခြေသလုံးကို သူ့ကျောက်တုံးလက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကျောက်လက်ချောင်းဖြင့် အသားထဲသို့ ထိုးဖောက်လိုက်ကာ လက်ငါးချောင်းရာ ကျန်ရစ်စေခဲ့သည်။
ကျန်းလော့သည် အော်ဟစ်လိုက်မိပြီး ရုပ်တု၏လက်ကို အဝေးသို့ ကန်ထုတ်လိုက်၏။ မြွေသည် ရုပ်တုကို ထပ်မံ ဆောင့်ဆွဲခါလိုက်ပြီး ထိုအားနှစ်ခုကို မခံနိုင်သဖြင့် နတ်စင်မြင့်သည် ရုတ်တရက် ပြိုကျသွားပြီး အပေါက်ကြီး ဖြစ်သွားတော့သည်။
ကျန်းလော့သည် ခြေလွတ်လက်လွတ်ဖြင့် မြေတွင်းထဲသို့ ပြုတ်ကျသွားတော့သည်။ မြွေက သူ့ကို လိုက်ဖမ်းရန် သူ့နောက်သို့ လိုက်လာပြီး ရုပ်တုသည်လည်း ပြုံးလျက်ဖြင့် ရှေ့သို့ လိမ့်ကာ တွင်းထဲသို့ ခုန်ဆင်းလာသည်။
မြေတွင်းက အလွန်ရှည်သည်။
လေသည် ကျန်းလော့၏နားရွက်ကို ဖြတ်တိုက်သွားပြီး သူ့ခြေထောက်ရှိ ဒဏ်ရာမှ စီးကျနေသော သွေးအများအပြားကလည်း လေဖြင့် အနောက်သို့ လွင့်စင်နေသည်။ ဒါက သူ့ရဲ့ကံကြမ္မာဆိုးပဲလား။ ကျန်းလော့ တွေးတောလိုက်မိသည်။
သို့သော် သူ့မျက်ဝန်းများမှ အကြည့်များက တဖြည်းဖြည်း တည်ငြိမ်လာပြီး စိတ်ထိန်းနိုင်သွားသည်။ ယခင်က ဆယ့်ရှစ်ကြိမ် သေခဲ့ဖူးပြီးနောက် ဤဒဏ်ရာသည် သူ့အား သူ့ကံတရားမှာ အရှုံးပေးပြီး နှုတ်ထွက်စေရန် မလုံလောက်ပေ။
သူ့နောက်မှ မြွေက သူ့ကို ရစ်ပတ်လိုက်ပြီး မြေကြီးပေါ်သို့ ညင်သာစွာ သယ်ဆောင်သွားသည်။ သို့သော် ကျန်းလော့သည် သူ အောက်သို့ ရောက်သည်နှင့် မြွေအား ယင်ယန်လက်စွပ်အတွင်းသို့ ထည့်သိမ်းလိုက်တော့သည်။
ရွှေရောင်ပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက် ဘာမှမမြင်ရသော အမှောင်ထုအတွင်းသို့ ဂူတစ်ခုလုံး ကျရောက်သွားတော့သည်။ ကျန်းလော့သည် ထောင့်တစ်ခုတွင် နေရာယူလိုက်ပြီး ဒဏ်ရာရနေသော ခြေသလုံးကို ဆန့်လိုက်ကာ ဖူလူကို အသုံးပြု၍ သွေးတိတ်စေလိုက်ပြီး သွေးများကို သုတ်ရန် ဝတ်ထားသည့် အင်္ကျီကို ဆုတ်ဖြဲပြီးနောက် ပစ်ချထားလိုက်သည်။ မကြာမီတွင် ကျယ်လောင်သော ပေါက်ကွဲသံဖြင့် ရုပ်တုက မြေတွင်းထဲသို့ ကျလာတော့သည်။
ကျန်းလော့သည် မျက်နှာထား မပြောင်းလဲသွားဘဲ ခေါင်းလှည့်ကာ အမှောင်ထဲသို့ စိုက်ကြည့်လိုက်သည်။
သူ ပြုတ်ကျခဲ့စဉ်က တစ်ခုခုကို တွေးမိခဲ့သည်။
မြေပြင်ပေါ်ရှိနတ်ဘုရားပုံနှင့် မြေညီထပ်သို့ ဆင်းသည့် ကျောက်လှေကားတွင် မီးမထွန်းထားဘဲ စင်မြင့်ပေါ်တွင်သာ မီးထွန်းထားသည်။
ရုပ်တုသည် အမှောင်ထဲတွင် မမြင်နိုင်ဟု သူ ခန့်မှန်းလိုက်သည်။
ယင်းက တစ်စုံတစ်ယောက်သည် ရုပ်တုကို မြေပြင်မှ ထွက်ခွာပြီး အပေါ်သို့ မရောက်သွားစေရန် ဤနည်းဖြင့် ထိန်းသိမ်းထားဟန် ရှိသည်။
မှန်၏။ ယင်းက မှန်းဆချက်သာ ဖြစ်ပြီး ကျန်းလော့အား မှန်သည်ဟု သက်သေပြရန် အထောက်အထားမရှိသော်လည်း သူက အလောင်းအစားတစ်ခု လုပ်လိုသည်။
သူသည် အသက်ကို ဖြည်းညင်းစွာ ရှုလိုက်ပြီး မလှမ်းမကမ်းမှ လှုပ်ရှားမှုကို နားထောင်လိုက်သည်။
အမှောင်အတွင်း ရုပ်တုက ရပ်သွားသည်။ သူသည် ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး ခြေလှမ်းတိုင်း၌ အင်အားအပြည့် ပါသည်။ သူ့အပြုံးမျက်နှာက အမှောင်ထုအတွင်း လှည့်ကြည့်နေသော်လည်း ယဇ်ပူဇော်ထားသည့် အရိပ်အယောင်ကိုတော့ မတွေ့ရပေ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုပ်တုသည် ခပ်အုပ်အုပ် ထပ်မံ ရွေ့လျားတော့သည်။
ကျန်းလော့ရှိရာသို့ ဦးတည်လိုက်၏။
ကျန်းလော့က နံရံကို ကိုင်လိုက်ပြီး မည်သည့်လှုပ်ရှားမှုမှ မဖြစ်စေဘဲ ဖြည်းညှင်းစွာ ရွေ့လျားသွားလိုက်သည်။
ယင်းအစား ရုပ်တုသည် ယခင်က သွေးစွန်းအဝတ်များ ရှိရာတွင် ရပ်တန့်သွား၏။
သွေးများကို အနံ့ခံနိုင်သည်။
ကျန်းလော့ အေးဆေးစွာ ကောက်ချက်ချလိုက်သည်။
ရုပ်တုက အဝတ်အစားများကို တိုက်ခိုက်လိုက်သည်။ ကျန်းလော့သည် ကျောက်တုံးနံရံများ ကွဲအက်သံကို ကြားလိုက်ရပြီး အဝတ်အစားများတွင် မည်သူမျှ မရှိသည်ကို သတိပြုမိပြီးနောက် ရုပ်တုက လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။
အမှောင်ထဲမှာ မမြင်ရသည်က အမှန်သာ။
ကျန်းလော့ ကံဆိုးပေမဲ့ အဆုံးထိ ကံမဆိုးဟု ခံစားလိုက်ရသည်။ သူသည် ယင်ယန်လက်စွပ်ကို ဖြည်းညှင်းစွာ ပွတ်သပ်လိုက်သည်။
ရွှေရောင်အဆောင်လက်ဖွဲ့သည် ကြွက်တစ်ကောင် ဖြစ်သွားပြီး အလင်းတစ်ချက်နှင့်အတူ ဆန့်ကျင်ဘက်သို့ ပြေးသွားတော့သည်။ ရုပ်တုသည် ရွှေရောင်ကြွက်နောက်သို့ ပြင်းပြင်းထန်ထန် ပြေးလိုက်သွားသည်။
မြေပြင်သည် တစ်ခဏ တုန်ခါပြီးနောက် ပြန်လည်ငြိမ်သက်သွားသည်။
ကျန်းလော့သည် နံရံနှင့်ကပ်လျက် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ့ခေါင်းမှ ချွေးစေးများ ထွက်လာသည့်တိုင် သတိရှိနေသေး၏။ ကျန်းလော့က တစ်ခဏမျှ အနားယူပြီးနောက် ဒဏ်ရာကို ချည်နှောင်ရန် အထည်တစ်စကို ဆုတ်ဖြဲကာ သူ့ဘယ်ခြေသလုံးမှ ဒဏ်ရာ သက်သာလာဖို့ စောင့်ဆိုင်းလိုက်သည်။
ဒဏ်ရာက အသားကို ထိခိုက်သွားသော်လည်း ကံကောင်းလှစွာဖြင့် အရိုးနှင့်အရွတ်ကို မထိခိုက်စေခဲ့ဘဲ။ ယခုတွင် ကျန်းလော့က စက္ကန့်ပိုင်းအတွင်း ကုသနိုင်တဲ့ စီဝမ်ကွေး၏ စွမ်းရည်ကို အမှန်ပင် မနာလိုဖြစ်မိရသည်။
သူက ရွှေရောင်ပုံရိပ်ကို ဆင့်ခေါ်ကာ ရွှေရောင်အလင်း၏ အကူအညီဖြင့် နေရာကို ကြည့်လိုက်သည်။ ဂူက အောက်က လိုဏ်ဂူတစ်ခု ဖြစ်ပြီး ကျန်းလော့သည် မြေပြင်မှ မီတာ၅၀ သို့တိုင် ရောက်ရှိနေပြီဟု သံသယ ဖြစ်မိသွားသည်။
သူသည် ယင်ယန်လက်စွပ်ကို မြောက်အရပ်သို့ ဝှေ့ယမ်းလိုက်သည်။ ကျန်းလော့က နက်ရှိုင်းသော အောက်ခြေမရှိသော မြောက်ဘက်ကို စိုက်ကြည့်လိုက်ပြီးနောက် ခက်ခက်ခဲခဲ အသက်ရှုထုတ်လိုက်ပြီး ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလိုက်သည်။
...
အခန္း-၄၃.၁ စကၠဴလူသားရဲ႕အသိုက္
ေ႐ြးခ်ယ္ခံရေသာ မိန္းကေလးအား ထိုသို႔ဆက္ဆံျခင္းက ပထမဆုံးအႀကိမ္ မျဖစ္ႏိုင္ေပ။
ယင္းက ေ႐ြးခ်ယ္ခံရျခင္းရဲ႕ တကယ့္ရည္႐ြယ္ခ်က္လား။
က်န္းေလာ့က သူ႔လက္ကို တမင္တကာ ဗလာထားလိုက္သည္။ သူက ဟန္ေဆာင္႐ုန္းကန္လိုက္ၿပီးေနာက္ ႐ြာလူႀကီးရဲ႕လက္ထဲမွာ နာနာခံခံ ခ်ည္ေႏွာင္ခံလိုက္သည္။
႐ြာလူႀကီးက သူ႔ကို မိန္းကေလးလို႔ မွတ္ထင္ထားတာေၾကာင့္ တင္းတင္းက်ပ္က်ပ္ မခ်ည္ေႏွာင္ခဲ့ေပ။ က်န္းေလာ့၏ကိုယ္ကို ႀကိဳးမ်ားျဖင့္ တုတ္ေႏွာင္ၿပီးေနာက္ ႐ြာလူႀကီးက ေျပာသည္။
"နတ္တမန္ေတာ္ က်ဳပ္ သူမကို ႀကိဳးနဲ႔ခ်ည္ၿပီးပါၿပီ"
နတ္တမန္ေတာ္က ျပန္ၾကည့္လိုက္ၿပီး သက္ျပင္းခ်လိုက္တယ္။ "႐ြာလူႀကီး ဒါက မင္း ႀကိဳးခ်ည္ထားတဲ့ နည္းလမ္းလား"
႐ြာလူႀကီးက သူ႔လက္မ်ားကို အခ်င္းခ်င္း ပြတ္သပ္လိုက္ၿပီး က်န္းေလာ့ကို ဇေဝဇဝါ ၾကည့္လာၿပီး ဘာမ်ားမွားေနသလဲဟု ေတြးဟန္ျဖင့္.. "ဒါက ခ်ည္ေႏွာင္ထားတဲ့နည္းလမ္းပါပဲ"
က်န္းေလာ့ နဖူးက်ဳံ႕သြားမိသည္။
ခ်ီယုံက သူ႔အေနာက္ကို ေရာက္လာေတာ့မည့္ ခံစားခ်က္မ်ိဳးကို သူ ခံစားလိုက္ရသည္။
မွန္ေပ၏။ နတ္ထိန္းက သူ႔ဆီကို ေလွ်ာက္လာၿပီးေတာ့ စိုစြတ္ေနတဲ့ ဝတ္႐ုံက ေျခာက္ေသြ႕သြားၿပီ ျဖစ္သည္။ လွ်ိဳ႕ဝွက္ဆန္းက်ယ္ေသာ နတ္တမန္ေတာ္က က်န္းေလာ့ေရွ႕မွာ ရပ္လာၿပီး ဆံပင္အနက္နဲ႔လူငယ္ကို စူးစိုက္ၾကည့္လိုက္သည္။ က်န္းေလာ့က သူဘာလုပ္မည္ကို ေအးစက္စက္ စိုက္ၾကည့္ေနလိုက္သည္။
အနက္ေရာင္ဝတ္႐ုံ ၿခဳံလႊမ္းထားတဲ့ သူ႔လက္ကို ေျမာက္လိုက္ေတာ့ ဝတ္႐ုံေအာက္က သူ႔လက္က ေပၚလာၿပီးေတာ့ အနက္ေရာင္ဝတ္႐ုံကေန လက္ႏွစ္လုံးစာ အဝတ္တစ္စက သူ႔လက္ေပၚကို ျဖည္းျဖည္းခ်င္း ျပဳတ္က်သြားသည္။
နတ္တမန္ေတာ္ရဲ႕ ျဖဴၿပီးေတာ့ အစိမ္းေရာင္သန္းေနေသာ လက္အသားအေရက က်လာေသာ အဝတ္စနက္ကို သိသာထင္ရွားေစသည္။
သူက သူ႔လက္ထဲမွာ အဝတ္စကို ကိုင္ထားၿပီးေတာ့.. "လူကို ခ်ည္ထား႐ုံက မလုံေလာက္ဘူး"
နတ္တမန္ေတာ္က လက္ကို ေျမႇာက္လိုက္ၿပီး က်န္းေလာ့ရဲ႕မ်က္လုံးအနားကို အနက္ေရာင္အဝတ္စ ေရာက္လာကာ မီးေတာက္ေနသလို ေတာက္ပေနတဲ့ ဆံပင္အနက္နဲ႔လူငယ္ေလးရဲ႕လွပေသာမ်က္လုံးမ်ားကို ညင္သာစြာ ဖုံးအုပ္လိုက္သည္။
"သူ႔မ်က္လုံးေတြကို ႀကိဳးခ်ည္ထားရမယ္"
ေသစမ္း..။
က်န္းေလာ့က ျမင့္ျမတ္ေသာနတ္တမန္ေတာ္၏ အသံအတြင္း ကြယ္ဝွက္ထားေသာ ရယ္ေမာသံကို ေသခ်ာေပါက္ ၾကားလိုက္ႏိုင္သည္။ (ေလွာင္ေနတာကို သိတယ္လို႔ ေျပာတာပါ)
ထင္ထားသလိုပင္ ေခြးေကာင္ခ်ီယုံက သူ႔ကို ျပႆနာအသစ္တစ္ခု ေပးလာသည္။
မ်က္လုံးမ်ားကို ဖုံးအုပ္လိုက္ၿပီးေနာက္ အျမင္အာ႐ုံက ေမွာင္အတိ က်သြားသည္။ မ်က္ႏွာမေတြ႕ရေသာ ရန္သူႏွင့္ မ်က္စိမျမင္ရျခင္းက က်န္းေလာ့ကို အမွန္ပင္ ထိတ္လန႔္သြားေစသည္။ က်န္းေလာ့က သူ႔ႏႈတ္ခမ္းေတြကို တင္းတင္းေစ့လိုက္ၿပီး ႏႈတ္ခမ္းေထာင့္မ်ားကို ေျဖာင့္တန္းေစလိုက္သည္။
ျမင့္ျမတ္ေသာနတ္တမန္ေတာ္က အနက္ေရာင္အဝတ္စကို ေခါင္းေနာက္တြင္ ညင္သာစြာ ခ်ည္ေႏွာင္ေနသည္။
မ်က္စိမျမင္ရသည့္အခါ နားသည္ အလြန္အမင္း အာ႐ုံခံႏိုင္လာသည္။ က်န္းေလာ့သည္ သူ႔အဝတ္အစားမ်ား အသံကို နားေထာင္ၿပီး အနက္ေရာင္ဝတ္႐ုံက သူ႔ပခုံးကို ထိမိသြားသည္ကိုပင္ မွန္းဆႏိုင္လုနီးပါးပင္။
သူ႔ႏွာသီးဖ်ားက နတ္တမန္ေတာ္၏ ရနံ႔ကို ဖမ္းဆုပ္ထားလိုက္ႏိုင္၏။
စႏၵကူးသားအေမႊးတိုင္ႏွင့္ ဖေယာင္းတိုင္တို႔၏ ေမႊးပ်ံ႕ေသာ ရနံ႔ျဖစ္သည္။
နတ္တမန္ေတာ္က တမင္တကာ ေႏွးေကြးစြာ လႈပ္ရွားေနသည္။ ၾကည့္ေနသူမ်ားအျမင္တြင္ နတ္တမန္ေတာ္၏ အနက္ေရာင္ဝတ္႐ုံက ဆံနက္ေကာင္ေလးကို သူ႔လက္ေမာင္းေတြထဲမွာ ဖုံးအုပ္ထားသလို ျဖစ္ေနေစၿပီး တင္းက်ပ္စြာ ပိတ္ေလွာင္ထားခ်င္သလို ျဖစ္ေနသည္။ (က်န္းေလာ့ကို အေနာက္ကေန ဝတ္႐ုံ ဝတ္ေပးလိုက္တယ္လို႔ ေျပာတာပါ)
ၾကည့္ေနသူမ်ားအနက္ ႐ြာလူႀကီးက နတ္တမန္ေတာ္၏ ထိုသို႔ေသာ အျပဳအမူကို ယခင္က တစ္ႀကိမ္မွ် မလုပ္ဖူးလို႔ အံ့အားသင့္ေနသည္။
က်န္းေလာ့၏ မ်က္ဝန္းမ်ားကို စည္းေႏွာင္ၿပီးေနာက္ နတ္တမန္ေတာ္က ေနာက္ျပန္ဆုတ္သြားကာ မ်က္လုံးေတြ စည္းခံလိုက္ရေသာ ဆံနက္လူငယ္ေလးကို တစ္ခ်က္စိုက္ၾကည့္လိုက္ၿပီး သူ၏ျဖဴေဖ်ာ့ေဖ်ာ့ ႏႈတ္ခမ္းက အၿပဳံးတစ္ပြင့္ ထြက္ေပၚလာသည္။
"လာ.. အလႉခံဖို႔ ငါနဲ႔ လိုက္ခဲ့ ႐ြာလူႀကီး.."
႐ြာလူႀကီးက ခပ္ျမန္ျမန္ တုံ႔ျပန္လိုက္ၿပီး သူတို႔ႏွစ္ဦး၏ေျခသံမ်ားက ေဝးကြာသြားသည္။
က်န္းေလာ့က ေနာက္ထပ္ စကၠန႔္(၂၀) စိတ္ရွည္စြာ ေစာင့္ဆိုင္းခဲ့ၿပီး ဤေနရာမွာ ဘယ္သူမွ မရွိေတာ့တာ ေသခ်ာမွ သူ႔လက္စြပ္ထဲက ဓားငယ္တစ္ေခ်ာင္းကို ထုတ္ယူလိုက္ၿပီး ႀကိဳးကို တိတိက်က် ျဖတ္ေတာက္လိုက္သည္။
သူ႔လက္လြတ္သြားသည္ႏွင့္ က်န္းေလာ့သည္ အနက္ေရာင္ဝတ္႐ုံကို ဆြဲဖယ္လိုက္ၿပီး မ်က္လုံးပိတ္ထားသည္ကို ျဖည္ခ်လိုက္သည္။ အနက္ေရာင္ဝတ္႐ုံကို ေျမေပၚသို႔ ပစ္ခ်လိုက္လိုေသာ္လည္း တစ္စုံတစ္ခုကို သတိရသြားၿပီး သူ႔ပခုံးေပၚသို႔ တင္လိုက္သည္။
နတ္တမန္ေတာ္အျဖစ္လည္း သူ ဟန္ေဆာာင္ႏိုင္ေသးေပသည္။
နတ္တမန္ေတာ္ႏွင့္ ႐ြာလူႀကီး ျပန္မလာမီတြင္ နတ္ကြန္းကို လွည့္ပတ္ၾကည့္ရန္ သူ အခ်ိန္ရေပသည္။ သူ ဖေယာင္းတိုင္တစ္တိုင္ကို ကိုင္ၿပီး ေက်ာက္နံရံတစ္ဖက္တစ္ခ်က္စီရွိ နံရံေပၚမွ ပန္းခ်ီမ်ားကို ၾကည့္ရႈစစ္ေဆးလိုက္သည္။
ပန္းခ်ီကားက ျမင္ကြင္းႏွစ္ခုကို ပုံေဖာ္ထားျခင္းသာ။
တစ္ခုမွာ ႐ြာသူ႐ြာသားမ်ား၏ ကိုးကြယ္ေနေသာပုံ ျဖစ္သည္။ ႐ြာသူ႐ြာသားမ်ားသည္ ေျမျပင္ေပၚတြင္ တေလးတစား ဒူးေထာက္ကာ ထာဝရအသက္ရွင္ရန္ ဆုေတာင္းေနၾကၿပီး ၎တို႔ေရွ႕တြင္ ၿပဳံးေနသည့္ အျဖဴအမည္း ဘုရား႐ုပ္တုက မ်က္လုံးဖြင့္ မ်က္ေမွာင္ၾကဳတ္လ်က္ ရွိသည္။
႐ုပ္တု၏ေဘးတြင္ အကာအကြယ္ေပးေနပုံရေသာ လူႏွစ္ေယာက္ရွိကာ တစ္ေယာက္က ဓားႀကီးတစ္လက္ကို ကိုင္ထားၿပီး ေနာက္တစ္ေယာက္က အနီေရာင္ဝတ္ထားသည္။ ႐ုပ္တု၏ေနာက္တြင္ စီးဆင္းေနေသာ ေရစီးေၾကာင္းႏွင့္ စီတန္းေနေသာ သစ္ပင္မ်ားရွိသည္။
က်န္းေလာ့၏အၾကည့္မ်ားက ဓားႀကီးကို ကိုင္ေဆာင္ထားေသာ သူေပၚတြင္ က်ေရာက္သြား၏။
သူက စီဝမ္ေကြးလား။
ဒုတိယပန္းခ်ီကားတြင္ ယဇ္ပူေဇာ္သည့္ မိန္းကေလးမ်ား၏ ျမင္ကြင္းကို ျပသထားသည္။ မိန္းကေလးမ်ားသည္ လွ်ိဳ႕ဝွက္လမ္းထဲသို႔ဝင္ရန္ တန္းစီေနၿပီး နတ္႐ုပ္တုကို ေတြ႕ရသည္။ ႐ုပ္တုေရွ႕တြင္ ဒူးေထာက္ၿပီး မ်က္လုံးမ်ားကို မွိတ္ထားၾကတယ္။
ဆိုရလွ်င္ ယင္းက ျမင့္ျမတ္ၿပီး လွပဟန္ ရွိေသာ္လည္း အနီးကပ္စစ္ေဆးလိုက္ပါက မိန္းကေလး၏ လက္ေကာက္ဝတ္မွာ ျဖတ္ရွရာ ရွိေနၿပီး ေသြးမ်ားသည္ ႐ုပ္ထု၏ ကိုယ္ဆီသို႔ စီးဆင္းသြားကာ အေရာင္မဲ့ေနရာမွာ အေရာင္ျခယ္လိုက္သလို ျဖစ္သြားေစသည္။
႐ုပ္တုက သူတို႔၏အသက္ကို ယူလိုက္ၿပီး ေက်ာက္တုံးမွ အသက္ဝင္လာသည့္ႏွယ္။
က်န္းေလာ့က ႐ုပ္တုကို ျပန္ၾကည့္လိုက္သည္။
႐ုပ္တုက ၾကင္နာေသာအၿပဳံးျဖင့္ တင္ပ်ဥ္ေခြ ထိုင္ကာ အေပၚက ပန္းခ်ီကားႏွင့္ တူညီေန၏။ က်န္းေလာ့က ႐ုပ္တုအနီးသို႔ ဖေယာင္းတိုင္ျဖင့္ ခ်ဥ္းကပ္လာသည္။
႐ုပ္တုသည္ ေျခေထာက္ကလြဲလို႔ အားလုံး ေဆးျခယ္ၿပီးလုနီးပါး ျဖစ္ေနသည္။
႐ုပ္တုေပၚက အေရာင္ေတြက ဘာကို ကိုယ္စားျပဳတာလဲ။
က်န္းေလာ့က မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး ေနာက္ကို ႏွစ္လွမ္းဆုတ္လိုက္သည္တြင္ နတ္တမန္ေတာ္ႏွင့္ ႐ြာလူႀကီးက ျပန္ေရာက္လာသည္ကို သိလိုက္သည္။
က်န္းေလာ့က ခ်က္ခ်င္း ခုန္ဆင္းလိုက္ၿပီး ႐ုပ္တု၏ ေနာက္တြင္ ဝင္ပုန္းလိုက္သည္။ (ၾကည့္ရတာ က်န္းေလာ့က ႐ုပ္တုကို ၾကည့္ဖို႔ ပလႅင္ေပၚတက္သြားတယ္ ထင္တယ္။ ေသေသခ်ာခ်ာ မေရးထားဘူးရယ္။ TN Note က အေျခအေန မေပၚလြင္မွာစိုးလို႔ ထည့္တာပါ။ မႀကိဳက္ဘူးဆိုရင္ ေျပာေပးပါေနာ္)
ကံေကာင္းစြာျဖင့္ ႐ုပ္တုသည္ ဒူးေထာက္ထိုင္ေနေသာ က်န္းေလာ့ကို ကြယ္ထားရန္ လုံေလာက္ေပသည္။ က်န္းေလာ့ ပုန္းေအာင္ၿပီးသည့္အခ်ိန္တြင္ နတ္တမန္ေတာ္ႏွင့္ ႐ြာလူႀကီးက နတ္ကြန္းအတြင္းသို႔ ေရာက္လာေတာ့သည္။
႐ြာလူႀကီး၏ ထိတ္လန႔္တုန္လႈပ္ေနေသာအသံက ထြက္ေပၚလာေတာ့သည္။
"လူေတြ ဘယ္မွာလဲ။ ဘယ္သြားလိုက္ၾကတာလဲ"
နတ္တမန္ေတာ္က တိတ္ဆိတ္ေန၏။
႐ြာလူႀကီး၏အသံက အေၾကာက္တရားတို႔ျဖင့္ က်ယ္ေလာင္လာသည္။
"နတ္တမန္ေတာ္.. ဘယ္လိုလုပ္ၾကမလဲ"
က်န္းေလာ့က သူတို႔၏စကားမ်ားကို နားစြင့္ၿပီး နားေထာင္ေနသည္။
နတ္တမန္ေတာ္က အေၾကာင္းျပခ်က္အခ်ိဳ႕ေၾကာင့္ တိတ္ေနၿပီး အတန္ၾကာမွာ ဆိုလာသည္။ "ေျမေအာက္က ဝကၤပါလိုပဲ သူ ေဝးေဝး မေရာက္ႏိုင္ဘူး"
"ဟုတ္တယ္ သူမ ေဝးေဝး မေျပးႏိုင္ဘူး" ႐ြာလူႀကီးက ပစ္ခ်ထားေသာ ႀကိဳးကို ၾကည့္လိုက္ၿပီးေနာက္။
"နတ္တမန္ေတာ္.. အျပင္ထြက္ၿပီး ျမန္ျမန္ လိုက္ရေအာင္"
က်န္းေလာ့သည္ ဓားကို တင္းက်ပ္စြာ ဆုပ္ကိုင္ထားရင္း နတ္တမန္ေတာ္၏ အေျဖကို ေစာင့္ဆိုင္းရင္း လက္မွ ေခြၽးေစးမ်ားပင္ ထြက္လာသည္။
"ဒါဆို သြားစို႔"
လူႏွစ္ဦးက တျဖည္းျဖည္း ေဝးကြာသြားသည္။
သို႔ေသာ္လည္း က်န္းေလာ့က အလ်င္စလို မလုပ္ဘဲ ႐ုပ္တု၏ ေနာက္ေက်ာကို စိုက္ၾကည့္ရင္း သူ႔စိတ္အတြင္း တစ္မိနစ္စာကို ေရတြက္လိုက္သည္။
ဘယ္သူမွ ျပန္မလာမွ သူတို႔ႏွစ္ေယာက္ သြားၿပီဟု စိတ္ခ်လိုက္သည္။
က်န္းေလာ့က အိပ္ေဆာင္ဓားကို ဖယ္လိုက္ၿပီး မဆင္းေသးဘဲ ႐ုပ္တုကို အနီးကပ္ၾကည့္ရန္သာ လုပ္ေဆာင္လိုက္သည္။
က်န္းေလာ့က သတိႀကီးႀကီးျဖင့္ ပထမဦးစြာ ဆဌမႏွစ္ေႁမြကို သူ႔ကိုယ္ေပၚတြင္ ရစ္ပတ္ေစလိုက္ၿပီး ႐ုပ္တုကို မထိေတြ႕မီ သူ႔လက္တြင္ နတ္တမန္ေတာ္ ထားခဲ့သည့္ အနက္ေရာင္ဝတ္႐ုံကို သူ႔ညာလက္တြင္ ရစ္ပတ္လိုက္သည္။
အံ့ဩဖို႔ေကာင္းသည္မွာ ႐ုပ္တု၏အသြင္အျပင္က က်န္းေလာ့ စိတ္ကူးထားသည္ထက္ မ်ားစြာ ႏူးညံ့ေပသည္။
က်န္းေလာ့၏ မ်က္ခုံးမ်ားက ျမင့္တက္သြားၿပီး လူေသေကာင္၏အေရျပားကို ထိမိလိုက္သလို ခံစားလိုက္ရသည္။
ႏူးညံ့ ေအးျမၿပီး ေက်ာက္တုံး၏ အထိအေတြ႕ႏွင့္ လုံးဝ မတူညီေခ်။
သူ႔လက္က ႐ုပ္တု၏ လည္ပင္းဆီသို႔ ျဖည္းညင္းစြာ တိုးသြားၿပီး အသက္ရွိမရွိကို စမ္းသပ္ရန္ ႀကိဳးစားလိုက္သည္။
က်န္းေလာ့၏လက္က ႐ုပ္တု၏လည္ပင္းဆီသို႔ ေရာက္လုဆဲဆဲတြင္ ေက်ာက္လက္တစ္ဖက္က သူ႔လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္သည္။
က်န္းေလာ့က အသက္ရႈမွားသြားၿပီး ခ်က္ခ်င္း ၾကည့္လိုက္မိသည္။
႐ုပ္တု၏ ဦးေခါင္းက ကိုးဆယ္ဒီကရီလိမ္သြားၿပီး သူ႔ကို ၾကင္နာေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေန၏။
ေႁမြသည္ မေကာင္းဆိုးဝါး အေငြ႕အသက္ကို ရရွိသြားၿပီး ႐ုပ္တုကို ျပင္းထန္စြာ တိုက္ခိုက္လိုက္သည္။ ႐ုပ္တု၏ အၿပဳံးက မေျပာင္းလဲသြားဘဲ က်န္းေလာ့၏ေျခသလုံးကို သူ႔ေက်ာက္တုံးလက္ျဖင့္ ဆုပ္ကိုင္လိုက္ၿပီး ေက်ာက္လက္ေခ်ာင္းျဖင့္ အသားထဲသို႔ ထိုးေဖာက္လိုက္ကာ လက္ငါးေခ်ာင္းရာ က်န္ရစ္ေစခဲ့သည္။
က်န္းေလာ့သည္ ေအာ္ဟစ္လိုက္မိၿပီး ႐ုပ္တု၏လက္ကို အေဝးသို႔ ကန္ထုတ္လိုက္၏။ ေႁမြသည္ ႐ုပ္တုကို ထပ္မံ ေဆာင့္ဆြဲခါလိုက္ၿပီး ထိုအားႏွစ္ခုကို မခံႏိုင္သျဖင့္ နတ္စင္ျမင့္သည္ ႐ုတ္တရက္ ၿပိဳက်သြားၿပီး အေပါက္ႀကီး ျဖစ္သြားေတာ့သည္။
က်န္းေလာ့သည္ ေျခလြတ္လက္လြတ္ျဖင့္ ေျမတြင္းထဲသို႔ ျပဳတ္က်သြားေတာ့သည္။ ေႁမြက သူ႔ကို လိုက္ဖမ္းရန္ သူ႔ေနာက္သို႔ လိုက္လာၿပီး ႐ုပ္တုသည္လည္း ၿပဳံးလ်က္ျဖင့္ ေရွ႕သို႔ လိမ့္ကာ တြင္းထဲသို႔ ခုန္ဆင္းလာသည္။
ေျမတြင္းက အလြန္ရွည္သည္။
ေလသည္ က်န္းေလာ့၏နား႐ြက္ကို ျဖတ္တိုက္သြားၿပီး သူ႔ေျခေထာက္ရွိ ဒဏ္ရာမွ စီးက်ေနေသာ ေသြးအမ်ားအျပားကလည္း ေလျဖင့္ အေနာက္သို႔ လြင့္စင္ေနသည္။ ဒါက သူ႔ရဲ႕ကံၾကမၼာဆိုးပဲလား။ က်န္းေလာ့ ေတြးေတာလိုက္မိသည္။
သို႔ေသာ္ သူ႔မ်က္ဝန္းမ်ားမွ အၾကည့္မ်ားက တျဖည္းျဖည္း တည္ၿငိမ္လာၿပီး စိတ္ထိန္းႏိုင္သြားသည္။ ယခင္က ဆယ့္ရွစ္ႀကိမ္ ေသခဲ့ဖူးၿပီးေနာက္ ဤဒဏ္ရာသည္ သူ႔အား သူ႔ကံတရားမွာ အရႈံးေပးၿပီး ႏႈတ္ထြက္ေစရန္ မလုံေလာက္ေပ။
သူ႔ေနာက္မွ ေႁမြက သူ႔ကို ရစ္ပတ္လိုက္ၿပီး ေျမႀကီးေပၚသို႔ ညင္သာစြာ သယ္ေဆာင္သြားသည္။ သို႔ေသာ္ က်န္းေလာ့သည္ သူ ေအာက္သို႔ ေရာက္သည္ႏွင့္ ေႁမြအား ယင္ယန္လက္စြပ္အတြင္းသို႔ ထည့္သိမ္းလိုက္ေတာ့သည္။
ေ႐ႊေရာင္ပုံရိပ္မ်ား ေပ်ာက္ကြယ္သြားၿပီးေနာက္ ဘာမွမျမင္ရေသာ အေမွာင္ထုအတြင္းသို႔ ဂူတစ္ခုလုံး က်ေရာက္သြားေတာ့သည္။ က်န္းေလာ့သည္ ေထာင့္တစ္ခုတြင္ ေနရာယူလိုက္ၿပီး ဒဏ္ရာရေနေသာ ေျခသလုံးကို ဆန႔္လိုက္ကာ ဖူလူကို အသုံးျပဳ၍ ေသြးတိတ္ေစလိုက္ၿပီး ေသြးမ်ားကို သုတ္ရန္ ဝတ္ထားသည့္ အက်ႌကို ဆုတ္ၿဖဲၿပီးေနာက္ ပစ္ခ်ထားလိုက္သည္။ မၾကာမီတြင္ က်ယ္ေလာင္ေသာ ေပါက္ကြဲသံျဖင့္ ႐ုပ္တုက ေျမတြင္းထဲသို႔ က်လာေတာ့သည္။
က်န္းေလာ့သည္ မ်က္ႏွာထား မေျပာင္းလဲသြားဘဲ ေခါင္းလွည့္ကာ အေမွာင္ထဲသို႔ စိုက္ၾကည့္လိုက္သည္။
သူ ျပဳတ္က်ခဲ့စဥ္က တစ္ခုခုကို ေတြးမိခဲ့သည္။
ေျမျပင္ေပၚရွိနတ္ဘုရားပုံႏွင့္ ေျမညီထပ္သို႔ ဆင္းသည့္ ေက်ာက္ေလွကားတြင္ မီးမထြန္းထားဘဲ စင္ျမင့္ေပၚတြင္သာ မီးထြန္းထားသည္။
႐ုပ္တုသည္ အေမွာင္ထဲတြင္ မျမင္ႏိုင္ဟု သူ ခန႔္မွန္းလိုက္သည္။
ယင္းက တစ္စုံတစ္ေယာက္သည္ ႐ုပ္တုကို ေျမျပင္မွ ထြက္ခြာၿပီး အေပၚသို႔ မေရာက္သြားေစရန္ ဤနည္းျဖင့္ ထိန္းသိမ္းထားဟန္ ရွိသည္။
မွန္၏။ ယင္းက မွန္းဆခ်က္သာ ျဖစ္ၿပီး က်န္းေလာ့အား မွန္သည္ဟု သက္ေသျပရန္ အေထာက္အထားမရွိေသာ္လည္း သူက အေလာင္းအစားတစ္ခု လုပ္လိုသည္။
သူသည္ အသက္ကို ျဖည္းညင္းစြာ ရႈလိုက္ၿပီး မလွမ္းမကမ္းမွ လႈပ္ရွားမႈကို နားေထာင္လိုက္သည္။
အေမွာင္အတြင္း ႐ုပ္တုက ရပ္သြားသည္။ သူသည္ ေက်ာက္တုံးျဖင့္ ျပဳလုပ္ထားျခင္း ျဖစ္ၿပီး ေျခလွမ္းတိုင္း၌ အင္အားအျပည့္ ပါသည္။ သူ႔အၿပဳံးမ်က္ႏွာက အေမွာင္ထုအတြင္း လွည့္ၾကည့္ေနေသာ္လည္း ယဇ္ပူေဇာ္ထားသည့္ အရိပ္အေယာင္ကိုေတာ့ မေတြ႕ရေပ။
ေခတၱမွ် တိတ္ဆိတ္သြားၿပီးေနာက္ ႐ုပ္တုသည္ ခပ္အုပ္အုပ္ ထပ္မံ ေ႐ြ႕လ်ားေတာ့သည္။
က်န္းေလာ့ရွိရာသို႔ ဦးတည္လိုက္၏။
က်န္းေလာ့က နံရံကို ကိုင္လိုက္ၿပီး မည္သည့္လႈပ္ရွားမႈမွ မျဖစ္ေစဘဲ ျဖည္းညႇင္းစြာ ေ႐ြ႕လ်ားသြားလိုက္သည္။
ယင္းအစား ႐ုပ္တုသည္ ယခင္က ေသြးစြန္းအဝတ္မ်ား ရွိရာတြင္ ရပ္တန႔္သြား၏။
ေသြးမ်ားကို အနံ႔ခံႏိုင္သည္။
က်န္းေလာ့ ေအးေဆးစြာ ေကာက္ခ်က္ခ်လိုက္သည္။
႐ုပ္တုက အဝတ္အစားမ်ားကို တိုက္ခိုက္လိုက္သည္။ က်န္းေလာ့သည္ ေက်ာက္တုံးနံရံမ်ား ကြဲအက္သံကို ၾကားလိုက္ရၿပီး အဝတ္အစားမ်ားတြင္ မည္သူမွ် မရွိသည္ကို သတိျပဳမိၿပီးေနာက္ ႐ုပ္တုက လႈပ္ရွားမႈကို ရပ္တန႔္လိုက္သည္။
အေမွာင္ထဲမွာ မျမင္ရသည္က အမွန္သာ။
က်န္းေလာ့ ကံဆိုးေပမဲ့ အဆုံးထိ ကံမဆိုးဟု ခံစားလိုက္ရသည္။ သူသည္ ယင္ယန္လက္စြပ္ကို ျဖည္းညႇင္းစြာ ပြတ္သပ္လိုက္သည္။
ေ႐ႊေရာင္အေဆာင္လက္ဖြဲ႕သည္ ႂကြက္တစ္ေကာင္ ျဖစ္သြားၿပီး အလင္းတစ္ခ်က္ႏွင့္အတူ ဆန႔္က်င္ဘက္သို႔ ေျပးသြားေတာ့သည္။ ႐ုပ္တုသည္ ေ႐ႊေရာင္ႂကြက္ေနာက္သို႔ ျပင္းျပင္းထန္ထန္ ေျပးလိုက္သြားသည္။
ေျမျပင္သည္ တစ္ခဏ တုန္ခါၿပီးေနာက္ ျပန္လည္ၿငိမ္သက္သြားသည္။
က်န္းေလာ့သည္ နံရံႏွင့္ကပ္လ်က္ ၾကမ္းျပင္ေပၚတြင္ ထိုင္ခ်လိုက္ၿပီး သူ႔ေခါင္းမွ ေခြၽးေစးမ်ား ထြက္လာသည့္တိုင္ သတိရွိေနေသး၏။ က်န္းေလာ့က တစ္ခဏမွ် အနားယူၿပီးေနာက္ ဒဏ္ရာကို ခ်ည္ေႏွာင္ရန္ အထည္တစ္စကို ဆုတ္ၿဖဲကာ သူ႔ဘယ္ေျခသလုံးမွ ဒဏ္ရာ သက္သာလာဖို႔ ေစာင့္ဆိုင္းလိုက္သည္။
ဒဏ္ရာက အသားကို ထိခိုက္သြားေသာ္လည္း ကံေကာင္းလွစြာျဖင့္ အ႐ိုးႏွင့္အ႐ြတ္ကို မထိခိုက္ေစခဲ့ဘဲ။ ယခုတြင္ က်န္းေလာ့က စကၠန႔္ပိုင္းအတြင္း ကုသႏိုင္တဲ့ စီဝမ္ေကြး၏ စြမ္းရည္ကို အမွန္ပင္ မနာလိုျဖစ္မိရသည္။
သူက ေ႐ႊေရာင္ပုံရိပ္ကို ဆင့္ေခၚကာ ေ႐ႊေရာင္အလင္း၏ အကူအညီျဖင့္ ေနရာကို ၾကည့္လိုက္သည္။ ဂူက ေအာက္က လိုဏ္ဂူတစ္ခု ျဖစ္ၿပီး က်န္းေလာ့သည္ ေျမျပင္မွ မီတာ၅၀ သို႔တိုင္ ေရာက္ရွိေနၿပီဟု သံသယ ျဖစ္မိသြားသည္။
သူသည္ ယင္ယန္လက္စြပ္ကို ေျမာက္အရပ္သို႔ ေဝွ႔ယမ္းလိုက္သည္။ က်န္းေလာ့က နက္ရႈိင္းေသာ ေအာက္ေျခမရွိေသာ ေျမာက္ဘက္ကို စိုက္ၾကည့္လိုက္ၿပီးေနာက္ ခက္ခက္ခဲခဲ အသက္ရႈထုတ္လိုက္ၿပီး ေရွ႕သို႔ ျဖည္းညင္းစြာ ေလွ်ာက္လွမ္းလိုက္သည္။
...