အခန်း၅၆ Unicode

2.6K 509 0
                                    

အပိုင်း (၅၆) ဟေးဝူချန်

သူတို့ပြောနေကြတုန်းတွင် စိုင်လောင်အာသည် အိပ်ပျော်သွားသည်။ ကျန်းလော့သည် ဒီတစ်ကြိမ်တွင် သူ့ကို မနှိုးတော့ပေ။ သူသည်တခြားသူများကိုလည်း တိတ်တိတ်ဆိတ်ဆိတ်နေကြဖို့ ပြောလိုက်ပြီး ကိုယ့်နေရာကို ပြန်ပြီး ငါးဆက်မျှားလိုက်သည်။ သုံးနာရီကြာသွားပြီးနောက် စိုင်လောင်အာသည် ပြန်နိုးလာတော့သည်။

မှောင်နေပြီဖြစ်ပြီး လသည်သစ်ပင်ထိပ်သို့ ရောက်နေပြီဖြစ်သည်။ စိုင်လောင်အာသည် ဖြည်းဖြည်းချင်းမျက်တောင်ခတ်လိုက်သည်။ သူသည်အိပ်ချင်မူးတူးဖြစ်နေတုန်းပင်။ သူနိုးလာသောအခါ ကျန်းလော့သည်ဘာမှ မပြောပေ။ ထို့နောက် ခြင်းထဲမှငါးများကို ကန်ထဲသို့ပြန်လွတ်လိုက်ပြီး

"လာလေ သွားစားရအောင်"

စိုင်လောင်အာသည် နောက်ဆုံးတွင် အားအနည်းငယ်ပြည့်သွားသည်။ သို့သော် သူသည် စားပြီးသည်နှင့် ခေါင်းငိုက်စိုက်ပြန်ဖြစ်သွားကာ ထပ်ပြီးအိပ်ပျော်တော့မလိုဖြစ်နေသည်။ ကျန်းလော့သည် ယခုအချိန်တွင် သူ့ကိုကြည့်ပြီး စိုးရိမ်လာသည်။

သူသည် သူ့နားမှလူများ၏ ထူးဆန်းမှုသည် ချီယုံ့စနက်များလားလို့ သံသယဝင်လာသည်။ ချီယုံ့အကြောင်းတွေးလိုက်သည်နှင့် ကျန်းလော့သည် ရင်တလှပ်လှပ်တုန်လာကာ နောက်တစ်ခေါက် ချီယုံ့ထောင်ချောက်ထဲကျသွားမှာ ကြောက်လာသည်။ ကျန်းလော့သည် တည့်တည့်ပဲပြောလိုက်သည်။

"စိုင်လောင်အာကတော့ ပုံမှန်မဟုတ်တော့ဘူး သူဒီညအိပ်ပျော်သွားရင် ငါတို့သူ့ဘေးမှာနေပြီး ဘာဖြစ်မလဲ စောင့်ကြည့်ရအောင်"

လူအုပ်ကြီးသည် သဘောတူလိုက်ပြီး ညရောက်သောအခါ စိုင်လောင်အာသည် သူတို့ထိုင်နေရာ ဇရပ်ထဲရှိ အိပ်ရာပေါ်တွင် လှဲလျောင်းနေပြီး သူတို့သည် စိုင်လောင်အာအိပ်နေရာကိုဝိုင်းကာ ပိုကာဒေါင်းနေကြသည်။ ရွှေအိုရောင်ဆံကောက် ကောင်လေးသည် သူတို့နှင့်အတူဆော့ချင်၍ ပြူးတူးပြဲတဲ မျက်လုံးအတင်းဖွင့်ထားပါသော်လည်း နောက်ဆုံးတွင် အိပ်မောကျသွားသည်။ ညတစ်ဝက်လောက်ထိ အားအင်အပြည့်နှင့်အုပ်စုသည် ညနှစ်နာရီထိုးပြီးနောက်ပိုင်းတွင် တိုက်ပွဲကျသွားတော့သည်။

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now