အခန်း ၄၄

2.9K 598 9
                                    

အခန်း-၄၄ ပျောက်ဆုံးသွားသော သတို့သမီး။

သာမန်လူတွေ နားမလည်သော အကြောင်းပြချက်ဖြင့် အရူးလုပ်ထားသည်။

ကျန်းလော့နှင့် သူ့အဖွဲ့သည် ဂူကို ဖြတ်ပြီး ငါးမိနစ် ခြောက်မိနစ် လျှောက်သွားကြပြီး လမ်းလေးခုဆုံရာသို့ ရောက်သွား၏။

လုယုံရိက မှောင်မည်းနေသော လမ်းလေးခုလုံးကို ကြည့်လိုက်ပြီးနောက် လေးနက်စွာ မေးလာသည်။ "ငါတို့ ဘယ်လမ်းကို သွားမလဲ"

ကျန်းလော့က စိတ်မှန်းဖြင့် လေးခုမြောက်လမ်းကို ရွေးလိုက်သည်။ "ဒီတစ်ခု.. ငါ့စိတ်ထင် ဒါက အန္တရာယ်အကင်းဆုံး ဖြစ်နိုင်တယ်"

လုယုံရိက တစ်ခုခု ဆိုချင်နေသည့် ရှုပ်ထွေးသော မျက်နှာဖြင့် သူ့ကို ကြည့်ပြီးနောက်။ "ကျန်းလော့ ဒါကတော့ ငါ မင်းကို မယုံနိုင်ဘူး။ ဒါပေမဲ့ မင်းအနေအထားအရ မင်းက.. ပုံမှန်အားဖြင့် ပြောရရင် မကောင်းတာပဲ ဖြစ်လိမ့်မယ် တကယ်ကောင်းမှာ မဟုတ်ဘူး"

ကျန်းလော့ "... မင်းမှန်တယ် လေးခုမြောက်လမ်းကို ဖယ်လိုက်"

စီဝမ်ကွေးက ပထမဆုံးလမ်းကို လက်ညှိုးထိုးလိုက်ပြီး။ "ငါ့စိတ်ထင် ငါတို့ ဒီလမ်းကို သွားသင့်တယ်"

ကျန်းလော့က သူ့အသိုက်ကို သူ မသိလိုက်ဘဲ ရောင်းစားလိုက်သည့်သူကို ကြည့်လိုက်မိပြီး သူ့ပခုံးကို စိတ်အားထက်သန်စွာ ပုတ်လိုက်လျက် နှုတ်ခမ်းစွန်းတို့ ကွေးတက်သွား၏။ "အာ.. တကယ်လို့ မင်းမှာ ခန့်မှန်းချက်ရှိတယ် ဆိုရင် ပြောသာပြော ငါတို့ မင်းနောက်ကို လိုက်ခဲ့မယ်"

စီဝမ်ကွေးက ဦးဆောင်ပြီး စိတ်ချရသော လမ်းကို ရွေးချယ်လိုက်သည်။ သူတို့သည် ဂူကို ဖြတ်သွားပြီးနောက် တံတားတစ်ခုဆီသို့ ရောက်ရှိသွား၏။

ချိန်းကြိုးများက ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိပြီး ပျဉ်ချပ်များက ခနော်ခနဲ ဖြစ်နေကာ ကြိုးတံတားက အန္တရာယ်ရှိဟန်ပေါ်သည်။ ကျန်းလော့သည် တံတားအောက်ခြေရှိ မြေအောက်မြစ်ကို ငုံ့ကြည့်လိုက်မိရာ ရေဝိညာဉ်များဖြင့် ပြည့်နှက်နေလေသည်။ (ရေဝိညာဉ်ဆိုတာက ရေသရဲလိုမျိုးပါ။)

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now