အခန်း ၂၉

2.8K 589 16
                                    

အခန်း ၂၉

ခယ့်ဝမ်ဝေ့ ချွေးတွေကိုသုတ်ရင်း ပြောလာခဲ့သည်။ " ပန်းချီကားထဲက ယောင်္ကျားက ကျွန်တော့်ရဲ့အချစ်ဆုံး သူငယ်ချင်းလီအာပါ ... ကျွန်တော် ကလေးဘဝကတည်းက ဆော့ဖော်ဆော့ဖက်ပေါ့။

" ကျွန်တော် မကြီးပွားခင်အချိန်တုန်းက သူနဲ့အတူ တွဲသွားတွဲလာလုပ်ခဲ့တာ" ခယ့်ဝမ်ဝေ့ ဆက်ပြောလာခဲ့၏။

" သူက ကျွန်တော့်အတွက်တော့ ညီအစ်ကိုလိုပဲ ၊ မရှိအတူ ရှိအတူ ကျော်ဖြတ်ခဲ့ကြပြီး အခက်အခဲတွေကိုလည်း ရင်ဆိုင်ခဲ့တာပေါ့ ။ ကျွန်တော်တို့ အသက်ဆယ့်ခုနှစ် ဆယ့်ရှစ်နှစ်လောက် အရွယ်မှာ ကျွန်တော့်သူငယ်ချင်းက သူချစ်ရတဲ့သူကို ရှာတွေ့သွားခဲ့ပြီး ... ကျွန်တော်တို့တွေ ဒီလုပ်ငန်းကို စလုပ်ခဲ့ကြတယ်"

လူသေတို့၏ သင်္ချိုင်းဂူကို ဖောက်ပြီး တန်ဖိုးရှိပစ္စည်းတွေကို ရှာကာ ရောင်းစားခဲ့ကြသည်။

" ဒါပေမယ့် တစ်ကြိမ်မှာတော့ ... ကျွန်တော်တို့တွေ သင်္ချိုင်းဂူထဲမှာ မတော်တဆဖြစ်ခဲ့ကြပြီး သူ ပြန်မလာနိုင်ခဲ့ဘူး" ခယ့်ဝမ်ဝေ့ မျက်ရည်တွေကို သုတ်လိုက်ပြီး "ကျွန်တော်တစ်ယောက်တည်း ပြန်ထွက်လာနိုင်ခဲ့ပြီး အဲဒီ့နောက်မှာ ကျွန်တော်လည်း ဘယ်တော့မှ သင်္ချိုင်းဂူထဲကို ထပ်မသွားတော့ဘူး။ စုဆောင်းထားတာလေးတွေကို ထုခွဲပြီးတော့ ကျွန်တော် လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့တယ် ... မျက်စိတစ်မှိတ်အတွင်းမှာ နှစ်နှစ်ဆယ်နီးပါးတောင် ရှိခဲ့ပြီပဲ"

ကြာလွန်းအားကြီး၍ ထိုစဉ်အခါက ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို သူ မေ့တောင်နေပြီဖြစ်ပြီး ပန်းချီကားထဲက နောက်ကျောကိုလည်း သူ အမှတ်မရတော့ပေ။

ဖုန်းလီ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ " ဒါပဲလား"

ခယ့်ဝမ်ဝေ့ ခေါင်းညိမ့်လိုက်သည်။

ဖုန်းလီ မေးလိုက်၏။ " ခင်ဗျား သူ့အပေါ်မှာ အမှားလုပ်မိထားတာရှိလား"

ခယ့်ဝမ်ဝေ့ တခဏလောက် တုံ့ဆိုင်းသွားပြီး အံကြိတ်ကာ ပြောလာခဲ့သည်။ " အဲဒီအချိနိတုန်းက သင်္ချိုင်းဂူထဲကနေရလာတဲ့ ပစ္စည်းတွေကို ရောင်းလို့ရတဲ့ငွေတွေကို ကျွန့်တော့်အတွက်ပဲ သုံးလိုက်ပြီး သူ့မိသားစုကို တစ်ပြားတစ်ချပ်တောင် မ‌ပေးလိုက်မိဘူး"

ဒီအပြစ်သားက ရှင်သန်လိုWhere stories live. Discover now